လူဆိုတာ မှားတတ်တဲ့ သတ္တ၀ါ ဖြစ်သည်။ ဒါကြောင့် ခဲတန်မှာ ခဲဖျက် ပါလာတာ ပေါ့တဲ့။ ဆိုလိုတာ ကတော့ ဘယ်သူမှ အမှား မကင်းဘူး။ ကျွန်တော်တို့တွေ ဟာလည်း မကြာခဏ အမှားတွေ တွေ့ကြုံလေ့ ရှိပါတယ်။ တစ်ခါက ကျွန်တော်ဆီကို လူတစ်ယောက် ရောက်လာ ပါတယ်။ သူက ထိုင်းမှာ ရောက်နေတာ ။ မြန်မာပြည်က သူ့ရဲ့ အိမ်နဲ့ ခြံကို ရောင်းချင်တာ။ အဲဒါ အိမ်ရောင်းမယ်ပေါ့။ ဘယ်လောက်နဲ့ ရောင်းမလဲ ဆိုတော့ သိန်း(၅၀) ရရင် ရောင်း မယ်လို့ ပြော လိုက်တယ်တဲ့။ အဲဒီတော့ ၀ယ်မယ့်လူကလည်း ၀ယ်မယ်တဲ။ နောက်မှ သူသိရတာက သူအိမ်က သိန်း(၁၀၀)လောက် တန်နေတယ်လေ။ သူက ထိုင်းကို ရောက်နေတာ (၃)နှစ်လောက် ရှိနေပြီ။ (၃)နှစ်အတွင်း သူ့အိမ်က အဲဒီလောက် ဈေးတန်နေမယ် ဆိုတာ သူက မသိဘူးလေ။ သူဝယ်တုန်းကမှ (၆) သိန်းပဲ ပေးခဲ့ရတာ။ အစတုန်း ကတော့ သိန်း(၂၀)နဲ့ ရောင်းရင် တော်တော် မြတ်နေပြီလေ။
နောက် သူ့အသိတစ်ယောက်ကို ပြောပြတော့ “ဟေ့ကောင် မင်းရူးနေလားတဲ့ ။ မင်းအိမ်က အနည်းဆုံး ၁၀၀- တော့ ခေါင်းခေါက် ရောင်းလို့ ရတယ် ” လို့လဲ ပြောရော ကျွန်တော်ဆီ ရောက်လာတော့တာပဲ။
ဆရာ ကူညီပါအုံးတဲ့။ ကျွန်တော်တော့ အမှားကြီး မှားသွားပြီတဲ့။ ပြန်ပြောလို့ ရပါဦး မလားမသိဘူး။ ဆိုတော့ ကျွန်တော်က အောက်မှာဖော်ပြ ထားတဲ့ ယတြာ လုပ်ခိုင်း လိုက်တယ်။ သူကတော့ အဆင်ပြေသွား ပါတယ်။ မိတ်ဆွေတို့ရဲ့ ဘ၀မှာလည်း အဲဒီလို အပြောမှား ၊ အရေးမှား ၊ လက်မှတ်ရေးထိုးမှား စသော အမှားများကို နောက်မှ ပြန်ပြင်ချင် တယ်ဆိုရင် အောက်က ယတြာကို ဆောင်ရွက်လိုက်ပါ။ အဆင်ပြေသွား ပါလိမ့်မည်။
အမှားဖြေယတြာ
ကြွေပုဂံ တစ်ချပ်ထဲမှာ ဂျင်းတစ်ဒက် ထည့်ပါ။ ထိုဂျင်းပေါ်တွင် ဖယောင်းတိုင် မီးထွန်း ဆုတောင်းပါ။ နေ့ခင်းဘက် တစ်တိုင်ထွန်းပါ။ ညနေ နေ၀င်ချိန် တစ်တိုင် ထွန်းပါ။ (၇)-ရက် ဆက်တိုက် ထွန်းပါ။ အဆင်ပြေ အောင်မြင်သွားပါလိမ့်မည်။
စေတနာများစွာဖြင့်
ဟိန်းတင့်ဇော်








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter