Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စကားပြောအောင်မြင်စေဖို့ အဆောင်ပေးပါ

တစ်နေ့မှာ ကျွန်တော်ဆီကို မောင်အောင်အောင်ဆိုသည် ကောင်လေးတစ်ဦး ရောက်ရှိလာလေ၏။ မောင်အောင်အောင်သည် မွန်ပြည်နယ် မော်လမြိုင်ဘက်မှ လူငယ်တစ်ဦး ဖြစ်လေ၏။ စကားပြောလျှင်လည်း ကြီးကြီးကျယ်ကျယ် ပြောတတ်လေ၏။ ပါဠိစာပေများကို လွန်စွာ ၀ါသနာပါသူလည်း ဖြစ်လေသောကြောင့် စကားပြောလျှင် ပါဠိတို့ နိပါတ်တော်တို့ လောကနီတိတို့ ကျမ်းကိုးကျမ်းကားဖြင့် စကားပြောလေ့ရှိလေ၏။ နောက် သူတစ်ပါး စကားပြောလျှင်လည်း သူသင်ယူထားသော စာပေကျမ်းဂန်များနှင့် မကိုက်ညီလျှင် ဒါဟာ အဓိပ္ပါယ် လုံးဝမရှိဘူး။ မဖြစ်နိုင်ဘူး အစရှိသည်ဖြင့်လည်း လွန်စွာအညင်းသန်သောသူ ဖြစ်လေ၏။ ထို့ကြောင့် သူ၏ ပုံစံကို ကြည့်၍ တစ်ချို့ကလည်း လူညစ်ဟုမှတ်ချက်ပေး၍ တစ်ချို့ကမူထော်လော်ကန့်လန်ဟု သတ်မှတ် ကြလေ၏။

တစ်နေ့သ၌ တစ်ရပ်ကွက်လုံး အောကြောလန်နေသော ထိုမောင်အောင်ဆိုသော သူသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ကြီးကြီးကျယ်ကျယ် ပြောလေတော့၏။

အော်... လူတွေလူတွေ တော်တော်ခက်တယ်ဆရာရယ်။ ကျွန်တော်ပြောတာ အမှန်တွေပဲ ပြောတာပဲ။ ဒါပေမယ့် တစ်ယောက်မှ သဘောပေါက်လက်ခံသွားတာ မရှိဘူး။ အကုန်လုံးကျွန်တော် ပြောသမျှတွေဟာ သူတို့အတွက် ကျွဲပါးစောင်းတီးသလို ဖြစ်နေတာပေါ့။ အင်း ပါရမီလဲ မပါရှာဘူးထင်ပါတယ်။ ဒါကြောင့် မင်္ဂလသုတ်မှာ ဘုရားဟောထားတာပေါ့။ ပုဗ္ဗေစ ကတပုညတာဆိုတာ ရှေ့က ပြုဘူးတဲ့ ကောင်းမှု့ ပါရမီ ရှိရမယ်ဆိုတာ။ အခုတော့ ကျွန်တော်ပြောပြတာက ကောင်းကောင်းပါပဲ။ ဒါပေမယ့် သူတို့ကကို သဘောမပေါက်ကြဘူး။ သဘောမပေါက်ရုံတင်မဟုတ်ဘူး ဆရာရေ။ နောက်တော့ ကျွန်တော့်ကိုတောင် အမြင်စောင်းလာကြတယ်ဗျာဟု ပြောလေ၏။ ထို့နောက်၎င်းကဆက်လက်၍..

တစ်ခါတုန်းကလည်း ကျွန်တော်တို့တွေ ၀ိုင်းထိုင်ပြီး လဘက်ရည်သောက်နေကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ စားပွဲဝိုင်းဘေးက မိန်းကလေးတစ်ယောက် ဖြတ်လျှောက်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ၀ိုင်းထဲက တစ်ကောင်က ဟ... ဒီစော်လေးမိုက်တယ် ရေဆင်းငါးလေးအတိုင်းပဲတဲ့။ အဲဒီတော့ ကျွန်တော်က မမိုက်ပါဘူးကွာ။ ဘုရားဟောအတိုင်းဆို (၃၂)ကောဋ္ဌာသ အစုအဝေးကြီးပါကွာ။ တစ်ကိုယ်လုံး ၃၂ကောဋ္ဌာသတွေကို ခွဲစိတ်ဖြတ်တောက်ပြီး ပုံးထားကြည့်ပါလား။ ဘယ်သူက မိုက်တယ်လို့ ပြောဦးမှာလဲလို့ ကျွန်တော်က ပြောလိုက်တယ်။ အဲဒါ ကျွန်တော်မှာလားဆရာရယ်။ ကျွန်တော်ပြောတာ ဘုရားဟောနဲ့ အညီပဲ ပြောတာပဲဆရာရယ်။

တစ်ခါတုန်းကလည်း ပြောပြရဦးမယ်ဆရာ။ ကျွန်တော် သူငယ်ချင်းတွေ စုပြီး ဘုရားဖူး သွားကြမလို့တဲ့။ အဲဒါ ကျွန်တော်ကို အလည်းခေါ်တယ်။ အဲဒီတော့ ကျွန်တော်က ဟေ့ကောင်တွေ ဘုရားပဲကွာ အိမ်မှာလဲ ဘုရားရှိတာပဲ။ လျှောက်သွားပြီး ဖူးမှ ရတာမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာကိုယ် ဘုရားကို ဆီမီးဖယောင်းတိုင် အမွှေးတိုင်ထွန်း သောက်တော်ရေတွေကပ်၊ ဘုရားပန်းလှူပြီး အမျှဝေရင်းလဲ ကုသိုလ်ရတာပါပဲကွာ။ မင်းတို့ဟာက ဘုရားဖူးသါားမှာလား၊ ဘုရားအကြောင်းပြုပြီး အလည်အပတ်သွားတာ မဟုတ်ဘူးလားလို့ ကျွန်တော်က ပြောလိုက်တယ်။ အဲဒါ ဒီကောင်တွေက ကျွန်တော်ကို စိတ်ဆိုးကြတယ် ဆရာရယ်။ အခု ကျွန်တာ် ပြောတာမှားလို့လား။

ပြောရရင်တော့ အများကြီးပါပဲ ဆရာရယ်။ အခုလည်း ဆရာ့ဆီက ယတြာလာတောင်းတာ။ ကျွန်တော် အလုပ်အင်တာဗျူး သွားဖြေမလို့။ စကားပြောအောင်မြင်အောင် အဆောင်လေးတစ်ခုလောက် လုပ်ပေးစမ်းပါ ဆရာရယ်။ ဒါပေမယ့် အဆောင်ဆိုလို့ ပြောရဦးမယ် ဆရာလေးရေ။ ကျွန်တော်က ဘာသာရေးကို ၀ါသနာပါတော့ အဆောင်ပေးရင်လဲ ဘာသာရေးနှင့်ပါတ်သက်ပြီး လုပ်လို့ရတဲ့ အဆောင်လေးသာ ပေးပါဆရာရယ်။ အကောင်းဆုံးက ကျွန်တော်ကိုယ်တိုင် ရွတ်ရဖတ်ရတဲ့ အဆောင်ဆိုရင် ပိုကောင်းတာပေါ့။ အတ္တာဟိအတ္တနောလို့ ဆိုထားတယ်မဟုတ်လား။ မိမိကိုယ်ကိုသာ အားကိုးရာတဲ့ ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ပါဠိစာတတ် မောင်အောင်အောင်အား အောက်ပါအတိုင်း စကားပြော အောင်မြင်စေတဲ့ ယတြာကို အောက်ပါအတိုင်း ပြောပြလိုက်လေတော့သတည်း။

ကျောက်စရစ်ခဲသန့်သန့်လေးတစ်လုံးကို ရေစင်ကြယ်အောင်ဆေးပါ။ ရေမွှေးတွေ ဘာတွေဆွတ်ဖြန်းပါ။ ထို့နောက် ညာဘက်လက်နဲ့ ကိုင်၍ လောက၀ိဒူ ဂုဏ်တော်ကို တစ်ရာ့ရှစ်လုံး ပုတီးနဲ့ (၁၆)ပတ်ရအောင် စိပ်ပါ။ ပြီးရင် အဲဒီ ကျောက်စရစ်ခဲလေးကို ဆောင်သွားလိုက်ပါ။ စကားပြောဆိုရမယ့် ကိစ္စမှန်သမျှ ဆောင်သွားပေတော့ဟု ပြောလိုက်လေရာ ....မောင်အောင်အောင်က...

ဒါမှ ယတြာအစစ်ကွဟု အော်၍ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းမှ စောင့်ကြွားကြွား ခြေလှမ်းများဖြင့် ပြန်ထွက်သွားလေတော့သတည်း။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Sunday, December 5, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels