အင်္ဂါနံ၏ အင်္ဂ၀ိဇ္ဇာတိုင်
| ၀ | ပဉ္စပွတ်(သောကြာနံ) |
| ၄ | |
| ၁ | ဆပွတ်(စနေနံ) |
| ၃ | အင်္ဂါနံအတွက် |
| ၆ | |
| ၂ | |
| ၅ |
လေးစားရပါသော မိတ်ဆွေများခင်ဗျာ......
ကျွန်ုပ်တို့အား အဘမင်းသိင်္ခ အင်္ဂ၀ိဇ္ဇာ သင်ပြခဲ့စဉ်က မှတ်သားထားခဲ့သော နည်းလေးတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသောအခါ ၎င်း ပဉ္စပွတ်ဆပွတ်နှစ်နံပေါင်းပြီး ရိုက်ရကြောင်း ရောင်းလိုသော နံ၏ နံတူနေ့ (ဥပမာ - အင်္ဂါနံ ရောင်းလိုပါက အင်္ဂါနေ့နံနက်( ၉း၄၅)တွင် ရိုက်ပါက ပို၍ စွမ်းကြောင်း သင်ပြခဲ့ဘူးပါသည်။ ဥပမာ အင်္ဂါနံ - ဆန် ၊ ဆီ၊ ဆေး၊ ဆား၊ စက် ၊ စာအုပ်၊ စက္ကူ၊ စားသောက်ကုန်၊ စားသောက်ဆိုင် အစရှိသော အင်္ဂါနံနံ ပစ္စည်းများ ရောင်းထွက်လိုသော အခါ အင်္ဂါနေ့ နံနက် (၉း၄၅)တွင် အဂ်ါနံ၏ ပဉ္စပွတ်ဆပွတ် နှစ်နံတွဲဖြစ်သော ဒန်း(၇)ညွန့်နှင့် အုန်းညွန့် ၆- ညွန့်ဖြင့် ရိုက်ရန်ဖြစ်ပါသည်။
ထိုအင်္ဂ၀ိဇ္ဇာနည်းကို ဆက်စပ်စဉ်းစားပြီးနောက် မိမိတို့ ရောင်းလိုသောငှားလိုသော ကုန်ပစ္စည်းများ။ အရောင်းသွက် အငှားသွက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။
အင်္ဂါနံ - ဆန် ၊ ဆီ၊ ဆေး၊ ဆား၊ စက် ၊ စာအုပ်၊ စက္ကူ၊ စားသောက်ကုန်၊ စားသောက်ဆိုင် အစရှိသော အင်္ဂါနံနံ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသူတို့သည် ဒန်အိုးလေးတစ်လုံးတွင် ဒန်း(၇)ညွန့် အုန်း(၁)ညွန့် ထိုးစိုက်ထားသော ဓာတ်ပန်းချီကားကို မိမိတို့၏ဆိုင် (သို့) အလုပ်ခန်းတွင် ချိပ်ဆွဲထားနိုင်ပါတယ်။ ရောင်းလိုသော အင်္ဂါနံနံပစ္စည်းများကို အင်္ဂါနေ့နေ့နံက် (၉း၄၅) ရောက်တိုင်း ထိုပန်းချီကားဖြင့် ယပ်ခတ်ခြင်း၊ ရိုက်ပေးခြင်း ပြုလုပ်နိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
+66874150022

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter