ဗုဒ္ဓဟူးနံ၏ အင်္ဂ၀ိဇ္ဇာတိုင်
| အောင် | ၁ | ပဉ္စပွတ်(တနင်္ဂနွေနံ) |
| ပွဲ | ၅ | |
| ကြီး | ၂ | ဆပွတ်(တနင်္လာနံ) |
| လံ | ၄ | ဗုဒ္ဓဟူးနံအတွက် |
| ထူ | ၀ | |
| စစ် | ၃ | |
| သူ | ၆ |
လေးစားရပါသော မိတ်ဆွေများခင်ဗျာ......
ကျွန်ုပ်တို့အား အဘမင်းသိင်္ခ အင်္ဂ၀ိဇ္ဇာ သင်ပြခဲ့စဉ်က မှတ်သားထားခဲ့သော နည်းလေးတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသောအခါ ၎င်း ပဉ္စပွတ်ဆပွတ်နှစ်နံပေါင်းပြီး ရိုက်ရကြောင်း ရောင်းလိုသော နံ၏ နံတူနေ့ (ဥပမာ - ဗုဒ္ဓဟူးနံ ရောင်းလိုပါက ဗုဒ္ဓဟူးနေ့နံနက်( ၉း၄၅)တွင် ရိုက်ပါက ပို၍ စွမ်းကြောင်း သင်ပြခဲ့ဘူးပါသည်။ ဥပမာ ဗုဒ္ဓဟူးနံ - ရွှေ၊ ရေ၊ အလှကုန်၊ ၀ါး၊ လယ်၊ အစရှိသော ဗုဒ္ဓဟူးနံ ပစ္စည်းများ ရောင်းထွက်လိုသော အခါ ဗုဒ္ဓဟူးနေ့ နံနက် (၉း၄၅)တွင် အဂ်ါနံ၏ ပဉ္စပွတ်ဆပွတ် နှစ်နံတွဲဖြစ်သော အုန်း(၁) ညွန့် ၊ကံ့ကော် (၂)ညွန့် ဖြင့် ရိုက်ရန်ဖြစ်ပါသည်။
ထိုအင်္ဂ၀ိဇ္ဇာနည်းကို ဆက်စပ်စဉ်းစားပြီးနောက် မိမိတို့ ရောင်းလိုသောငှားလိုသော ကုန်ပစ္စည်းများ။ အရောင်းသွက် အငှားသွက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓဟူးနံ - ရွှေ၊ ရေ၊ အလှကုန်၊ ၀ါး၊ လယ်၊ အစရှိသော ဗုဒ္ဓဟူးနံ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသူတို့သည် အုန်းမှုတ်ခွက်ထဲ၌ အုန်း(၁) ကံ့ကော် (၂)ညွန့်ထိုးစိုက်ထားသော ဓာတ်ပန်းချီကားကို မိမိတို့၏ဆိုင် (သို့) အလုပ်ခန်းတွင် ချိပ်ဆွဲထားနိုင်ပါတယ်။ ရောင်းလိုသော ဗုဒ္ဓဟူးနံပစ္စည်းများကို ဗုဒ္ဓဟူးနေ့ နေ့နံက် (၉း၄၅) ရောက်တိုင်း ထိုပန်းချီကားဖြင့် ယပ်ခတ်ခြင်း၊ ရိုက်ပေးခြင်း ပြုလုပ်နိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
+66874150022

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter