၁၁။ မနုစာရီ
၁။ လုပ်ငန်းကြီးများပေါ်မည်။
၂။ တစ်စုံတစ်ယောက်နှင့် တရားဆိုင်ရတတ်သည်။
၃။ ရန်ပွဲတစ်ပွဲ ကြုံရမည်။
၎။ အခက်အခဲများရှိသော်လည်း အားလုံးပြေပျောက်သွားမည်။
၅။ မယ်တော်မနုစရီက မစလိမ့်မည်။
၆။ လူချီးမွမ်းခံရမည်။ ထီပေါက်မည်။ ကျိန်းသေသလောက် ရှိသည်။ ထီထိုးဖြစ်အောင်ထိုးပါ။
၇။ နေရာပြောင်းရွှေ့ရတတ်သည်။ ခရီးဝေးသွားရမည်။
၈။ မိတ်ဆွေရင်းတစ်ဦး မိမိကို မကောင်းကြံတတ်သည်။ ဂရုစိုက်ပါ။
၉။ လူလိခံရကိန်းရှိသည်။ အိမ်တွင်းရေး၌လည်း အဆင်မပြေဖြစ်တတ်ပါသည်။
၁၀။ အစိုးရ၏ ချီးမြှောက်ခြင်းခံရမည်။
၁၁။ မသွားတော့လိုလိုနှင့် ခရီးတစ်ခုသွားရမည်။
၁၂။ ငွေအလုံးအရင်းနှင့် ၀င်တတ်သည်။
၁၃။ အလှူအတန်းတစ်ခု မုချလုပ်ရမည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်ပါလိမ့်မည်။ သင့်ဘက်က မှန်ကန်ဖို့ အရေးကြီးပါသည်။
၁၂။ တွဲလောင်းဆွဲခံရသူ
၁။ လုပ်သမျှ ကိစ္စအားလုံး တိုးလိုးတန်းလန်းဖြစ်နေမည်။၂။ ငွေများဝင်သော်လည်း အဖတ်မ၀င် ဖြစ်မည်။
၃။ နေအိမ်အနီး၌ နာရေးပေါ်မည်။ သွားရောက်ခြင်းမပြုပါနှင့်။
၎။ အငြိမ်နေရသည်မရှိဘဲ လှုပ်ရှားနေရမည်။
၅။ ကျန်းမာရေး တစ်ခုပြီးတစ်ခု ညံ့မည်။ သွေးထွက်သံယို ဖြစ်မည်။
၆။ မြေအတွက်၊ အမွေအတွက် စကားအကြီးအကျယ် ပြောရမည်။
၇။ ငွေများ တရစပ်ဝင်မည်။ ၀င်သော် ဗုဒ္ဓဟူးနံကို အကြောင်းပြုဝင်မည်။
၈။ သူတစ်ပါး၏အကြောင်းမဲ့ စွပ်စွဲပြောဆိုခြင်းခံရမည်။
၉။ အလှူတစ်ခုလုပ်ရမည်။
၁၀။ မကြာမီ၌ စီးပွားသစ်၊ လုပ်ငန်းသစ် ဖြစ်ဖွယ်ရာရှိသည်။
၁၁။ ဟိုဟာလုပ်ရ ကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးနှင့် အချိန်ကုန်သွားတတ်သည်။
၁၂။ ပစ္စည်းများ ထုခွဲရောင်းချ၍ လုပ်ငန်းသစ်လုပ်လိုစိတ်ပေါ်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်ပါ။ တိုးလို့တန်းလန်းဖြစ်လိမ့်မည်။
၁၃။ သေမင်း
၁။ လုပ်ငန်းအကြံအစည်အသစ်ပေါ်မည်။
၂။ မြေ၀င်မည်။ ၃။ ရင်းနှီးသောသူ ဆေးရုံတက်ရမည်။ သွား၍မေးရမည်။
၎။ ဆွေးမျိုးသားချင်းတစ်ဦး ရပ်ဝေး၌ ဆုံးပါသော သတင်းကို ကြားရမည်။
၅။ အမှု အခင်းဖြစ်ပွား၍ အချုပ်အနှောင်ခံရမည်။
၆။ အလုပ်၌ စိတ်မ၀င်စားသကဲသို့ ဖြစ်မည်။ အလုပ်ထွက်ချင်စိတ် ပေါ်မည်။
၇။ ငွေရှာဖွေ၍ လွယ်မည်။ ငွေများလည်းဝင်မည်။
၈။ စက်တစ်လုံးဝင်မည်။ ထိုစက်ဝင်ပြီးနောက် ထီပင်ပေါက်တတ်သည်။
၉။ တစ်စုံတစ်ယောက်နှင့် စကားများလိမ့်မည်။ စကားများ သောသူ မိမိထက်ကြီးလိမ့်မည်။
၁၀။ ပညာထူးရမည်။ မိတ်ဆွေ၊ ဆရာသမား၊ မ စလိမ့်မည်။
၁၁။ ဤအချိန်အတွက် ကိုယ်ကျင့်တရား အလွန်အရေးကြီးသည်။ ကိုယ်ကျင့်တရားပျက်လျှင် ရေရှည်ဒုက္ခ ရောက်သွားလိမ့်မည်။
၁၂။ အမှုဖြစ်နေသူကို ငွေချေးခြင်း၊ အာမခံလိုက်ခြင်း၊ မလုပ်ပါနှင့် လုပ်မိသော် မိမိပါ ဒုက္ခရောက်တတ်သည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါကမူ . . ထိုကိစ္စ လုံးဝမအောင်မြင်ပါ။ အပြီးအပိုင် ရပ်ဆိုင်းသွားဖို့ရှိသည်။
၁၄။ ရေခွက်နှစ်ခွက်
၁။ အလုပ်နေရာ၊ အိမ်နေရာ၊ ပြောင်းရွှေ့ရမည်။
၂။ အိမ်ပြင်၊ အိမ်ဆောက် ပြုလုပ်ရမည်။
၃။ ရေလမ်း ခရီးမှ ဧည့်သည်လာမည်။
၎။ ကားသစ်ဝင်မည်။
၅။ အလုပ်နေရာ၊ အိမ်နေရာ၊ အရွှေ့အပြောင်းဖြစ်သည်။
၆။ မကြာခဏ ခရီးထွက်ရမည်။
၇။ ရုတ်တရက် ရာထူးတိုးခြင်း၊ စီးပွားတိုးတက်ခြင်းဖြစ်မည်။
၈။ မိတ်ဆွေ တစ်ယောက်အတွက် စိတ်သောကရောက်ရတတ်သည်။
၉။ သမီးရှိသော် အိမ်မှထွက်သွားတတ်သည်။
၁၀။ သိမ်တစ်လုံးထဲတွက် မိသားစုနှစ်စု ပူးပေါင်းနေထိုင်ရမည်။ မကြာမီ အိမ်ပိုင် (သို့) မိမိတိတ်တိုင်းကျ အိမ် ရမည်။
၁၁။ ရင်ဘတ်အောင့်သောရောဂါရမည်။ သားသမီးအတွက် စိတ်သောကရောက်မည်။ ယားနာဖြစ် မည်။ ဆေးမရှာပါနှင့် အလိုလိုပျောက်မည်။
၁၂။ ငွေအစုလိုက်အပုံလိုက်ရမည်။ (၂၄)ရက်အတွင်း ၀င်လာ မည်။
၁၃။ မိမိသုံးသောစက် ပျက်မည်။ ရောင်းမပစ်ပါနှင့်၊ ပြင်၍သုံးပါ။ အကျိုးရှိလိမ်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။
၁၅။ တစ္ဆေ
၁။ အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာပေါ်တတ်သည်။
၂။ လေထိုးလေအောင့်ဖြစ်မည်။
၃။ စကားများ ကိန်းရှိသည်။
၎။ ယခုနေသောနေရာ၌ မြေမသန့်ပါ။ အိမ်နှင့်မလှမ်းမကမ်းနေရာ၌ တစ္ဆေသရဲရှိသည်။
၅။ ထူးခြားသော ရုပ်ထုတစ်ခု ရောက်လာတတ်သည်။ ရောက်လာပြီးနောက် စနေသားတစ်ဦးထံမှ လာဘ် လာဘရမည်။
၆။ မမျှော်လင့်ဘဲ မိတ်ဆွေကောင်းတစ်ဦး ရရှိလိမ့်မည်။ ထို့အတူ ဘ၀တစ်ခုလုံးအတွက် အသုံးဝင်သော ပညာလည်းရမည်။
၇။ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။
၈။ မျက်စိနာမည်။ ၉။ ပစ္စည်းပျောက်မည်။ ခရီးထွက်ရမည်။
၁၀။ ဆေးဖိုးဝါးခအဖြစ်လည်းကောင်း၊ သူတစ်ပါးကို ကူညီရန် အတွက်လည်းကောင်း ငွေထွက်မည်။
၁၁။ တိုးတက်မှုများ ကြုံတတ်ပါသည်။ မည်သည့်ကိစ္စ၌မဆို နှုတ်ဆိတ်နေရန် အရေးကြီးပါသည်။
၁၂။ အလုပ်ထွက်ရန်၊ ပြောင်းရန် အကြောင်းပေါ်လာမည်။
လတ်တလောကိစ္စအတွက် မေးမြန်းပါမူ . . ထိုကိစ္စ ပျက်သွားပါလိမ့်မည်။ မအောင်မြင်နိုင်ပါ ။
- သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
- ဟိန်းတင့်ဇော်
- ထိုင်းနိုင်ငံ-မဟာချိုင်မြို့
- Sayaheintintzaw@gmail.com
- Ph.+66874150022
- (အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)