Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

လှည်းဦးတိုက်လှေဦးတိုက်အတွက်

တစ်နေ့မှာ ကျွန်တော်ဆီကို ပဲခူးမြို့က ကိုအောင်မြိုင်ဆိုသူ ရောက်လာပါတယ်။ သူ အဓိကသိချင်တာက ပဲခူးမှာ အိမ်တစ်လုံးရှိတယ်။ အဲဒိအိမ်က လှည်းဦးတိုက် လှေဦးတိုက်ဖြစ်နေတယ်တဲ့။ အဲဒါ ဆရာက ဘယ်လို ကူညီပေးလို့ ရမလဲတဲ့။ ပြီးတော့ လူတွေကလည်း ပြောကြတယ်။ ဒီလိုအိမ်မျိုးက အိမ်သားတွေကို အရမ်း ခိုက်စေတယ်တဲ့။ တစ်ယောက်ပြီးတစ်ယောက် နာမကျန်းဖြစ်စေတယ်။ နောက်ပြီး စီးပွားရေးကိုလည်း ထိခိုက်စေတယ်ပေါ့။ အဲဒီတော့ ဆရာလေးရယ်။ ကျွန်တော့်ကို ကူညီပေးစေချင်ပါတယ်။ ကျွန်တော့်အိမ်ကို မခိုက်အောင်မညံ့အောင် ဘာတွေ ဆောင်ထာလို့ရလဲလို့ မေးပါတယ်။ အဲဒီတော့ ကျွန်တော်က

ဒီလိုရှိပါတယ် ကိုအောင်မြိုင်ရယ်။ ကိုအောင်မြိုင်တို့ ပြောပြောနေတဲ့ လှည်းဦးတိုက်လှေဦးတိုက်ဆိုတာ ဒီလိုပုံမျိုး မဟုတ်လားဟု ဆိုကာ ကျွန်ုပ်က အောက်ပါ ပုံလေးကို စွဲပြလိုက်လေ၏။

အမှန်ပါပဲ ဆရာရေ..။ ကျွန်တော်တို့အိမ်က အဲဒီပုံစံအတိုင်း တစ်ပုံစံထဲပဲ။ အဲဒါ မကောင်းဘူး မဟုတ်လား ဆရာဟု ပြန်မေးလေ၏။

ဟုတ်တယ် ကိုအောင်မြိုင်ရဲ့။ ကျွန်တော်တို့ မြန်မာ အယူအဆကတော့ လှည်ဦးတိုက် လှေဦးတိုက်လို့ ခေါ်တာပေါ့ဗျ။ တခြားနိုင်ငံတွေမှာလည်း အဲဒီလို အယူအဆတွေ ရှိတယ်ဗျ။ ဥပမာ နိုင်ငံခြားတွေမှာ ခေတ်စားတဲ့ ဖုန်းရွှေပညာရပ်ဆိုတာ ရှိတယ်။ ဖုန်းရွှေပညာရပ်ဆိုတာက တောတောင်ရေမြေ သဘာဝ အိမ်ယာထိုင်ခင်း အိမ်ယာ နေထိုင်မှု့တွေကို ဓာတ်ကြီးလေးပါးနဲ့ မျှတအောင် စီစဉ်ပေးတဲ့ ပညာရပ်ဆိုရင်လဲ မမှားဘူးပေါ့ ကိုအောင်မြိုင်ရာ။

ဖုန်းရွှေဆရာတေါကတော့ အဲဒီလို အိမ်မျိုးတွေရဲ့ ရှေ့မှာ ရှိတဲ့ လမ်းကို ဓားတစ်ချောင်းနဲ့ တင်စားထားတယ်ဗျ။ ပြီးတော့လည်း အဲဒီလမ်းထဲကို မောင်းဝင်လာတဲ့ ကားတွေကိုလည်း ဓားတွေတစ်ချောင်းပြီး တစ်ချောင်း ပြေးဝင်လာသလိုပဲလို့ ဆိုကြတယ်ဗျ။ အဲဒီလှည်းဦးတိုက်လှေဦးတိုက် အိမ်မှာ လုပ်မယ်ဆိုရင် တစ်ခုတော့ အရမ်းကောင်းတယ်။ ဘာလဲဆိုတော့ လူစည်ကားစေတဲ့ လုပ်ငန်းတွေ လုပ်မယ်ဆိုရင်တော့ အရမ်းကောင်းတယ်။

ဥပမာ ဈေးဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ကုန်စုံဆိုင်တို့၊ စတဲ့ လူအများလာစေတဲ့ လုပ်ငန်းမျိုးတွေအတွက် အကောင်းဆုံးနေရာပဲ။ ဒါကြောင့် လူများများလာတဲ့ လုပ်ငန်းမျိုးကိုလုပ်မယ်ဆိုရင်တော့ အဲဒီနေရာက အကောင်းဆုံးပဲ ကိုအောင်မြိုင်ရေ။ အဲဒီတော့ မြန်မာပြည်ပြန်ရင် ခင်ဗျားတို့ အိမ်ရှေ့မှာ ကုန်စုံဆိုင်၊ ဒါမှမဟုတ် စားသောက်ဆိုင် ဒါမှမဟုတ် လဘက်ရည်ဆိုင် ဖွင့်ပေတော့ဗျို့။ အဲဒါဆိုရင်တော့ လှည်းဦးတိုက် လှေဦးတိုက်အိမ်က မခိုက်မယ့်အပြင် ခင်ဗျားတို့ မိသားစုကို ပိုလို့တောင် အကျိုးပေးလိမ့်ဦးမယ်ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုအောင်မြိုင်က...အဆောင်တွေ ဘာတွေကော ဘာလုပ်လို့ရလဲဆရာဟု ပြန်မေးလေ၏။

လှည်းဦးတိုက် လှေဦးတိုက်အိမ်တွေ ခြံတွေကို မခိုက်စေချင်ဘူးဆိုရင် ဒီလိုလုပ်ထားလို့ ၇ပါတယ်။ အိမ်ရှေ့မှာ မှန်ဝိုင်း ချိပ်ထားလို့ရပါတယ်။ နောက်ပြီး အများသောက်ဖို့ ရေအိုးစင်တစ်ခု တည်ထားတာလည်း ရပါတယ်။ အဲဒါဆိုရင်တော့ မခိုက်တော့ဘူးလို့ မှတ်သားဖူးပါကြောင်း ကိုအောင်မြိုင်ရေ..ဟု ပြန်ပြောလိုက်ရ လေတော့သတည်း

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Sayaheintintzaw@gmail.com
(အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

Tuesday, December 7, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels