Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အဘမင်းသိင်္ခ၏ နာမည်ကို ဂဏန်းဗေဒင်နှင့် ဆန်းစစ်ခြင်း

တစ်နေ့တွင် သူသည် ကျွန်ုပ်အား တဲအတွင်း၌ ထိုင်စေပြီး A.B.C.D (၂၆) လုံး၏ တန်ဖိုး အဓိပ္ပာယ်တို့ကို ပြောလေ၏။ “ ဒီလို လူကလေးရဲ့ မင်းကို နျူမရော်လော်ဂျီလို့ ခေါ်တဲ့ ဂဏန်းဗေဒင်ကို ဆက်ပြီး အခြေခံရအောင် သင်ပေးရမယ်၊ အဲဒီမှာ A,B,C,D, နဲ့ ဂဏန်းဗေဒင် ဆက်သွယ်ပုံအကြောင်းကိုလည်း သိအောင် ပြောရဦးမယ်” ဟု ဖခင်က ဆိုလေ၏။

ထို့ကြောင့် ကျွန်ုပ်က . . . . . “ပြောပါအဖေ၊ ကျွန်တော် ကောင်းကောင်းကြီး မှတ်ထားပါမယ် ကျွန်တော် အဲဒီပညာကိုလည်း ၀ါသနာ ပါ,ပါတယ်” ဟု ပြောလိုက်လျှင် . . . . “ ဒီလိုကွ၊ မင်းလည်း သိပြီးသားပဲ၊ A,B,C,D, (၂၆) လုံးထဲမှာ ဗာဝက်လို့ခေါ်တဲ့ သရ (၅) လုံး ပါနေတယ် မဟုတ်လား ” ဟု အဖေက ပြောလေ၏။

“ ဟုတ်ပါတယ် အဖေ ၊ A,E,I,O,U (၅) လုံးဟာ သရတွေပါပဲ” ဟု ကျွန်ုပ်က ပြန်၍ ဖြေလျှင်

ကျွန်ုပ်၏ ဖခင်က . . . “ ဂဏန်းဗေဒင်မှာတော့ Y ကိုပါ သရထဲ ထည့်ယူရတယ်၊ A,E,I,O,U,Y, ပေါ့ကွာ၊ အဲဒီ သရ (၆) လုံးရဲ့ အဓိပ္ပါယ်ကို လူလေးကို ပြောပြမယ်” ဟု ဆိုကာ အောက်ပါအတိုင်း ပြောပြလေ၏။

  • A ဆိုတာက တီထွင်တဲ့သဘော၊ ပင်ကိုယ်ဉာဏ်ကောင်းတဲ့သဘော၊ ကြိုးစားတတ်တဲ့သဘော၊ အဆုတ်မှာ ရောဂါဖြစ်စေတတ်တဲ့ သဘောတွေကို ဖော်ပြတယ်။
  • E ဆိုတာက စိတ်မခိုင်တဲ့သဘော၊ အတတ်ပညာသင်တဲ့အခါမှာ သင်လွယ် တတ်လွယ်တဲ့သဘော၊ အပြောင်းလဲမြန်တဲ့ သဘောကိုဖော်ပြတယ် ပြီးတော့ ဆီးရောဂါ ဖြစ်တတ်တဲ့သဘော၊ ငွေကြေးလာဘ်ရွှင်တဲ့ သဘောကိုလည်း ဖော်ပြတယ်။
  • I ဆိုတာ က တစ်ကိုယ်ရေ တစ်ကာယ နေရမှုကို ဖော်ပြတယ်။ စိတ်လွတ် လက်လွတ် နေတတ်မှုကို ဖော်ပြတယ်၊ နှလုံးသား ခံစားမှုကို ဦးစားပေးတတ်တယ်၊ ၀မ်းဗိုက်နဲ့ ရင်ဘက်မှာ ဥပါဒ်ပေးတတ်တယ်။
  • O ဆိုတာက ဝေ့လည်ကြောင်ပတ် လုပ်တတ်တဲ့သဘောကို ဖော်ပြတယ်။ စကားပြော ကောင်းတတ်တယ်။ ဘာကိုပဲလုပ်လုပ် စေ့စေ့စပ်စပ်လုပ်တတ်တယ်၊ အိမ်ထောင်ရေးမှာ တစ်နည်းမဟုတ် တစ်နည်း စိတ်ညစ်စရာတွေ ကြုံတတ်တယ်။ နှလုံးနဲ့ ပတ်သက်တဲ့ဝေဒနာတွေ ခံစားရတတ်တယ်။
  • U ဆိုတာ အစဉ်သဖြင့်စိတ်ဟာ ဒွိဟဖြစ်တတ်တယ်။ အတွေ့အကြုံများတဲ့ သဘောကိုဖော်ပြတယ်။ မတော်တဆ ထိခိုက်မှုကိုလည်း ဖော်ပြတယ်။ လည်ချောင်းမှာ ရောဂါရတတ်တယ်။
  • Y ဆိုတာက ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားတတ်တယ်။ ဥပမာ ဂန္ဓရီပညာတွေ လောကီပညာတွေ စတာတွေ ကို စိတ်ဝင်စားတတ်တယ်။ အစဉ်သဖြင့် လုပ်ငန်းနှစ်မျိုး ၀င်ငွေနှစ်မျိုး ဖြစ်နေတတ်တယ်။ စိတ်ဝေဒနာ ခံစားရတတ်တယ်။

အဲဒါတွေဟာ အက္ခရာ (၂၆)လုံးထဲက သရ(၆)လုံး သီးခြားအဓိပ္ပာယ်ပဲ။ အဲဒီတော့ နာမည်မှာသာ ဒီသရမျိုးတွေပါရင် အဲဒီသဘာဝတွေ ထည့်သွင်းစဉ်းစားရတယ်။ ရောဂါဝေဒနာကတော့ ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တဲ့အတွက် ပြောရတာကျိန်းသေကြီး ဖြစ်မယ်လို့တော့မဟုတ်ပါဘူး၊ အဲဒီတော့ လူကလေးရဲ့ နာမည်ကိုတွက် ကြည့်ရအောင်” ဟု ဆိုကာ အောက်ပါအတိုင်း ကျွန်ုပ်နာမည်ကို မြေပြင်ပေါ်၌ တုတ်ချောင်းနှင့်ပင် ရေးလိုက်လေ၏ ။

THET PYIN “ အဲဒီတော့ မင်းရဲ့နာမည်မှာ သရ(၃) မျိုးပါတယ်၊ သရ(၃)မျိုးစလုံးကို စုပေါင်းပြီး စဉ်းစားရမယ်။ E သရအတွက် ပြောရမယ်ဆိုရင် စိတ်မဆိုးဘူးလို့ ဆိုထားတယ်၊ အပြောင်းအလဲမြန်တဲ့ သဘောကိုလည်း ဖော်ပြထားတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ဆီးရောဂါကို ဂရုစိုက်ရမယ်။

Y သရအတွက် မင်းဟာ ထူးထူး ဆန်းဆန်းတွေကို စိတ်ဝင်စားမယ်၊ ဂမ္ဘီရပညာ၊ လောကီပညာ ဆိုရင်တော့ မင်းအခုသင်တဲ့ ပညာတွေပေါ့ကွာ၊ ပြီးတော့ လုပ်ငန်းနှစ်မျိုးတစ်ပြိုက်နက်တည်း လုပ်ရလိမ့်မယ်၊ ၀င်ငွေနှစ်မျိုး ၀င်လိမ်မယ်ကွ ဒီသရရဲ့ ဆိုးကျိုးကတော့ စိတ်ရောဂါ ဖြစ်တတ်တယ်ဆိုပဲ။ ဒါလည်းမဖြစ်ဘူးလို့ မပြောနိုင်ဘူးကွ၊ မင်းရဲ့စိတ်မှာ နာကျည်းစရာကိစ္စတွေက ရှိခဲ့ဖူးတာကိုး၊

I သရအတွက် မင်းဟာ တစ်ကိုယ်ရေတစ်ကာယ နေရတတ်တယ်။ တစ်ကောင်ကြွက် ဖြစ်တတ်တယ်ပေါ့ကွာ၊ ပြီးတော့ စိတ်လွတ်ကိုယ်လွတ် နေတတ်တယ်ပေါ့ကွာ၊ နှလုံးသား ခံစားမှုတွေကို အလေးအနက် ထားတတ်တယ်။ ပြီးတော့ ဒဟီသရဟာ မင်းဝမ်းဗိုက်နဲ့ရင်ဘတ်ကို ဂရုစိုက်ပါလို့ သတိပေးထားတယ်ကွ၊ နောက်တစ်ခု လူလေး နားလည်ရမှာက သရဂဏန်းတွေဟာ ပင်ကိုစိတ်သဘာဝကို အတော်လေး နီးနီးစပ်စပ် အကဲခတ် နိုင်အောင် ဖော်ပြလေ့ရှိတယ်၊

ကဲ . . . . လူလေး မောင်သက်ပြင်း မင်းနာမည်ကို ဖော်ပြနေတဲ့ သရ၃ လုံးရဲ့ သဘာဝတွေနဲ့ မင်းနဲ့မကိုက်ညီတာ ဘယ်နှစ်ချက် ပါသလဲ ” မေးလိုက်ရာ ကျွန်ုပ်သည် ဖခင်၏ မေးခွန်းကို နားထောင်ပြီးနောက် “ ကျွန်တော်မှာ ရောဂါတွေ မဖြစ်သေးလေတော့ ရောဂါနဲ့ပတ်သက်ရင်တော့ မှန်တယ် မှားတယ် အဖြေမပေးနိုင်ပါဘူး၊ ဒါပေမဲ့ ကျန်တဲ့ အချက်တွေကတော့ လွဲတဲ့ အချက်တော့ မပါပါဘူး အဖေ ” ပြေလိုက်၏။

ထိုအခါ၌ ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ်အား …….. “ အဲဒီတော့ နာမည်ကို ကြားလိုက်တာနဲ့ အင်္ဂလိပ်စာလုံးပေါင်းပြီး သရ (၆) လုံးကို ထုတ်ရမယ်။ အဲဒီလို ထုတ်ပြီးတဲ့အခါမှာ သရ (၆) လုံးရဲ့ အဲဒီလူရဲ့ စရိုက်လဏ္ခဏာကို အကဲခတ်ရမယ် လူကလေး ” ကျွန်ုပ်အား ပြောပြလေ၏ ။

ကျွန်ုပ်သည် ကျွန်ုပ်၏ ဖခင် အာနန်ဒါအောက်ပါအတိုင်း တွက်ကြည့်လိုက်လေ၏။ A N A N D A R ကျွန်ုပ်၏ အမည်တွင် သရ (၃)လုံး ပါ၏။ ထိုသရ (၃) လုံးမှာ A ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်က ဖခင်အား …….. “ အဖေရယ်၊ အဖေ့နာမည်မှာက သရ (၃) လုံးပါတယ်၊ အဲဒါတွေကလည်း A ချည်းပဲ ဖြစ်နေတယ်။ A တစ်လုံးဆိုရင်တော့ ကျွန်တော်ယူဆတတ်ပါတယ်။ A သုံးလုံး ဆိုတော့ ဘယ်လို ယူဆရမလဲ မသိဘူး အဖေ ” ကျွန်ုပ်က ပြောလိုက်ရာ ကျွန်ုပ်ဖခင်က . . . . .

“ ဒီလိုလုပ်ကွာ၊ အဓိပ္ပာယ်ကို၊ ၃ နဲ့ မြှောက်လိုက်ပေါ့၊ A ရဲ့ပထမအဓိပ္ပာယ်က တီထွင်တတ်တယ်ပေါ့ကွာ၊ ၃ ဆတိုးရင် အရမ်း အရမ်းကို တီထွင်တတ်တယ်ပေါ့ကွာ ” ဟုပြောလျှင် ကျွန်ုပ်က . . . . “ ကျွန်တော် သဘောပေါက်ပြီး အဖေ၊ ကျွန်တော် သဘောက်ပေါက်ပြီး ကျွန်တော် ပြောကြည့်မယ်၊ ဟုတ် မဟုတ် အဖေ နားထောင်၊

ဒီလိုလေ အဖေရဲ့၊ အဖေဟာ အလွန့်အလွန် တီထွင်တတ်တဲ့ ဉာဏ်ရှိတဲ့လူပဲ၊ ပြီးတော့ အဖေဟာ ပင်ကိုယ်ဉာဏ်လည်း အလွန့်အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ နောက်အဖေဟာ အတော့်ကိုဝီရိယ ထုတ်ပြီးကြိုးစားတတ်တဲ့ သူပဲ၊ တစ်ခုတော့ ရှိတယ်။ အဖေ့ဆီ အဆုတ် ရောဂါလာရင်တော့ ပြင်းပြင်းထန်ထန် ကြီးလာလိမ့်မယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ ဖခင် သို့မဟုတ် ဆရာသခင် ကျေးဇူးရှင်သည် ကျွန်ုပ်အား ပြုံးပြုံးကြီး ကြည့်ပြီးလျှင် . . . . “ လူကလေး၊ မင်း ကောင်းကောင်းကြီး တတ်သွားပြီး ” ဟု ပြောဆိုကာ ကျွန်ုပ်၏ ခေါင်းကို လက်ဖြင့် ပွတ်လိုက်လေတော့သတည်း။

အဘမင်းသိင်္ခ

Tuesday, December 14, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels