Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မိမိလုပ်ငန်းစည်ကားစေသောယတြာနည်းတစ်ခု

ကျွန်ုပ်သည် မြန်အောင်မှတစ်ဆင့် မီးရထားဖြင့် ဟင်္သာတသို့ ဆက်လက်ထွက် ခွါခဲ့လေ၏။ နေ့လည်(၁)နာရီ ကြံခင်းမြို့မှ ထွက်လာမည့် အမြန်ရထားကို ထိုင်စောင့်နေ၏။ ကျွန်ုပ်သည် အမြန်ရထား လက်မှတ်တစ်စောင်ကို အထက်တန်းလက်မှတ် တစ်စောင်ကိုလည်း ဖြတ်ထားလိုက်၏။ မြန်အောင် ဘူတာထဲတွင် ကျွန်ုပ်ကဲ့သို့ ဟင်္သာတ ပုသိမ်ဘက်သို့ လိုက်ပါကြမည့် ခရီးသည်များလည်း ဟိုတစ်စု ဒီတစ်စု ထိုင်သူက ထိုင်နေ၏။ စာဖတ်သူက ဖတ်နေ၏။ ထိုင်ခုံများပေါ်တွင် အိပ်သူက အိပ်စက်နေလေ၏။ ကျွန်ုပ်လည်း မီးရထား စောင့်နေရင်း ပျင်းပျင်းရှိသဖြင့် အနီးအနားမှ ကာတွန့်စာအုပ်ငှားသော ကုလားမထံမှ စုတ်ပြတ်သတ်နေသော ကာတွန့်စာအုပ်တစ်အုပ်ကို ငှား၍ အပျင်းပြေဖတ်နေလေ၏။

မကြာမီတွင် ကြံခင်းဘက်မှ ထွက်လာသော အမြန်ရထားသည် မြန်အောင်ဘူတာသို့ ဆိုက်ရောက်လာလေ၏။ ကျွန်ုပ်လည်း အထက်တန်းတွဲကို လိုက်ရှာရ၏။ မီးရထား အထက်တန်းတွဲကို တွေ့သောအခါတွင် ကျွန်ုပ်သည် ရထားပေါ်သို့ တက်၍ ကျွန်ုပ်၏ ထိုင်ခုံနံပါတ်(၁၇)ကို ရှာရလေ၏။ နောက်ဆုံးတွင် ထိုင်ခုံနံပတ် (၁၇) ကိုတွေ့ ၏။ ကျွန်ုပ်၏ ခုံသည် အရှေ့ဘက်ခြမ်းတွင် ရှိ၍ ထိုင်ခုံလေးလုံး မျက်နှာချင်းဆိုင်ရှိလေ၏။ ကျွန်ုပ်၏ ထိုင်ခုံသည် မီးရထား ပြူတင်းပေါက်ဘေးတွင်ရှိ၏။ ကျွန်ုပ်၏ ရှေ့တည့်တည့်တွင် အသက် (၂၅)နှစ်ခန့်ရှိသော ဦးဇင်းလေးတစ်ပါးထိုင်၏။ ကျွန်ုပ်၏ ဘေးတွင် သက် (၃၀)ခန့် ရှိသော အမျိုးသမီးတစ်ဦးထိုင်နေ၍ ဦးဇင်း၏ ဘေးတွင်မူ အသက် ၅၀-ခန့် အမျိုးသားကြီးတစ်ဦးထိုင်နေ၏။

မီးရထားသည် မြန်အောင်မြို့မှ ထွက်ခွါခဲ့၍ ဟင်္သာတပုသိမ်ဘက်သို့ ဆက်လက်ထွက်ခွါခဲ့လေ၏။ လမ်းခရီးတွင် ကျွန်ုပ်နှင့် ဦးဇင်းလေးက စကားလက်ဆုံကျလာခဲ့လေ၏။ ကျွန်ုပ်ထိုင်ခုံဘေးမှ အမျိုးသမီးနှင့် ဦးဇင်းလေးဘေးမှ ဦးလေးကြီးတို့သည်လည်း စကားလက်ဆုံ ကျလျှက်ရှိ၏။ သိရသည်မှာ ဦးဇင်းလေး၏ ဘွဲ့အမည်မှာ ဦးဝဏ္ဏသီရိဟု အမည်ရလေ၏။ ထိုဦးဇင်းလေးသည် သူ၏ ဘွဲ့အမည်နှိင့် လိုက်လျှောညီစွာ ဦးဇင်းလေး၏ ဥပဓိရုပ်မှာ လွန်စွာ ကြည်ညိုဖွယ်ကောင်း၏။ အသားအရည်မှာ ၀င်စိုနေ၏။ မျက်ခုံးမျက်လုံး ကောင်း၏။ အရပ်မှာလည်း အနေတော်ပင် ဖြစ်၏။ ဦးဇင်းလေး၏ နုတ်ခမ်းများမှာ သပြေသီးကဲ့သို့ နုတ်ခမ်းနီ ဆိုးစရာမလိုပဲ နီရဲနေလေတော့၏။

ဦးဇင်းလေး၏ ဘေးမှ ဦးလေးကြီးသည် ကျွန်ုပ်ဘေးမှ အမျိုးသမီးကို မကြာမကြာ လှမ်းလှမ်းကြည့်လေ၏။ ထိုအတူ ကျွန်ုပ်ဘေးမှ အမျိုးသမီးသည်လည်း ဦးဇင်းလေးအား လှမ်းလှမ်း၍ ကြည့်နေလေ၏။ ဦးဇင်းလေးကမူ ကျွန်ုပ်နှင့် စကားလက်ဆုံကျနေလေရာ ဦးလေးကြီးက အမျိုးသမီးကိုခဏခဏ ကြည့်နေသည်ကို၎င်း ၊ အမျိုးသမီးက ဦးဇင်းလေးအား ခဏခဏ လှမ်းလှမ်းကြည့်နေသိကို၎င်း လုံးဝ မသိချေ။ ကျွန်ုပ်ကသာ မျက်လုံး ကျီးကန်းတောင်မှောက် ဖြစ်သောကြောင့် အကုန်လုံးကို တွေ့ရှိရခြင်း ဖြစ်လေ၏။

ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော မီးရထားကြီးသည် ပုံမှန် ပြေးသွားလျှက်ရှိလေ၏။ လမ်းတွင်လည်း ဘူတာတစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့လေ၏။ ထို့သို့လာခဲ့ရာ ထူးကြီးဟူသော ဘူတာကို ကျော်လွန်လာ၏။ ရှေ့တွင် မဲဇလီကုန်းဘူတာ ရှိ၏။ ထူးကြီးနှင့် မဲဇလီကုန်းဟူသော ဘူတာကြားတွင် ဗိုလ်အောင်ကျော် လွမ်းစေတီ ဆိုသည်ကိုတွေ့ရလေ၏။ မီးရထားလမ်း၏ အနောက်ဘက်တွင် ရှိလေ၏။ ဦးဇင်းလေးက ဗိုလ်အောင်ကျော် လွမ်းစေတီအကြောင်းကို ကျွန်ုပ်အား ပြောပြ၏။ ထို့အတူ ကျွန်ုပ်၏ ဘေးမှ အမျိုးသမီးအား ဦးလေးကြီးက မလေးရှာ စင်္ကာပူနိုင်ငံများအကြောင်းကို အသေးစိပ် ပြောပြနေလေ၏။

ကျွန်ုပ်တို့ မီးရထားကြီးသည် မဲဇလီကုန်းဆိုသော ဘူတာကို ကျော်လွန်လာပြီးနောက် အင်္ဂပူဆိုသော ဘူတာကို ရောက်ရှိလာလေ၏။ အင်္ဂပူဆိုသော ဘူတာမှ ထွက်ခွါလာပြီးနောက် ဦးဇင်းလေးဘေးမှ ဦးလေးကြီး က ကျွန်ုပ်အား ဒီမှာ ညီလေးရဲ့။ မင်းနဲ့ ဦးဇင်းလေးလည်း စကားပြောအဆင်ပြေအောင် အကိုတို့လည်း စကားပြောရတာ အဆင်ပြေအောင် ညီလေးနဲ့ အကိုနဲ့ နေရာချင်းလဲထိုင်ရအောင်ဟု ပြောလေ၏။ ကျွန်ုပ်လဲ ရပါတယ်ဗျာဟု ပြေန်ပြောလိုက်ရင်း နေရာလဲပေးလိုက်လေ၏။ ကျွန်ုပ်တို့ လေးယောက်မှာ ဦးဇင်းလေးနဲ့ ကျွန်ုပ်က ထိုင်ခုံတစ်လုံး ဦးလေးကြီးနဲ့ အမျိုးသမီးက ထိုင်ခုံတစ်လုံး ဖြစ်သွားလေတော့၏။ ဦးဇင်းလေးနှင့် ကျွန်ုပ်သည်လည်း ဆက်လက်၍ စကားလက်ဆုံကျလာလေ၏။ ဦးလေးကြီးနှင့် အမျိုးသမီးသည်လည်း ဆက်လက်၍ စကားလက်ဆုံကျလာလေ၏။

ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော မီးရထားကြီးသည် မြို့ကွင်းဆိုသော ဘူတာသို့ ကျော်လွန်လာပြီးသည့် နောက်ပိုင်းတွင် ရုတ်တရက် ထိုးရပ်သွားလေ၏။ ရထားပေါ်တွင် လိုက်လံ ဈေးရောင်းသူများ၏ ပြောပြချက်အရ ရထားပျက်သွားလို့ ရပ်သွားတာ ဖြစ်တယ်။ ဘယ်အချိန် ပြန်ထွက်မလဲတော့ သေချာပေါက် မပြောနိုင်သေးဘူးဟု ပြောပြလေတော့၏။

ကျွန်ုပ်နှင့် ဦးဇင်းလေးလည်း အညောင်းပြေ အညာပြေ လမ်းဆင်းလျှောက်လေ၏။ ထိုအတူ ဦးလေးကြီးနှင့် ကျွန်ုပ်ဘေးမှ အမျိုးသမီးသည်လည်း လမ်းဆင်းလျှောက်လေ၏။ သူတို့နှစ်ယောက်သည် ရထားအောက်ဘက်သို့ ဆင်း၍ လမ်းဆင်းလျှောက်၏။ လယ်ကွင်းဘေးတွင် နှစ်ယောက်အတူထိုင်၏။ ကောင်မလေးထိုင်ဖို့အတွက် ဦးလေးကြီးက သူ၏ အောကတ္တီပါဖိနပ်ကိုချွတ်၍ ထိုင်ရန်ချပေး၏။ ကောင်မလေးက ထိုဖိနပ်ပေါ်တွင် ထိုင်၏။ ဦးလေးကြီးက ကောင်မလေးအား ပီကေကို အခွံချွတ်၍ ပေး၏။ ကောင်မလေးက အလိုက်သင့် ယူစားလေ၏။ ဦးလေးကြီးက ကောင်မကလေးကို ရွန်းရွှန်းစားစား ကြည့်နေ၏။ ကောင်မလေးက မျက်နှာကိုအောက်သို့ ငုံ့ထားလေ၏။ ထို့နောက် ကောင်မကလေးနှင့် ဦးလေးကြီးတို့သည် ရထားလမ်းပေါ်တွင် တစ်ယောက်လက်ကို တစ်ယောက်ကိုင်၍ လမ်းလျှောက်နေကြလေ၏။

ထိုကဲသို့ ရထားပျက်နေရာ ည(၈)နာရီလောက်ကျမှ ကျွန်ုပ်တို့၏ရထားကြီးသည် ပြန်လည်စက်နှိုးလို့ ရလေ၏။ ရထားစက်နှိုး၍ ရထားထွက်သောအခါတွင်မှ ဦးလေးကြီးနျင့် ကောင်မလေးတို့သည် ပြာတိပြာယာဖြင့် တက်လာလေတော့၏။ ညနေ(၆)နာရီလောက်ကစပြီး ည(၈)နာရီလေက်အထိ ဘယ်ပျောက်နေသည်ကို ကျွန်ုပ်ရော ဦးဇင်လေးကို မသိချေ။ ည(၈)နာရီတွင် ကျွန်ုပ်တို့၏ မီးရထားကြီးသည် ဟင်္သာတ ပုသိမ်ဘက်သို့ ဆက်လက်သွားနေလေ၏။ ကျွန်ုပ်တို့ မီးရထားတွဲတွင် လျှပ်စစ်မီး မရှိသောကြောင့် ရထားတွဲ တစ်ခုလုံး မှောင်မဲနေလေတော့၏။

ကျွန်ုပ်သည် ကျွန်ုပ်၏ ရှေ့တည့်တည့်တွင်ရှိသော ဦးလေးကြီးနှင့် ကောင်မလေးတို့နှစ်ယောက်ကို မသိမသာ အကဲခတ်၍ ကြည်လိုက်ရာ မှောင်မှောင်မဲမဲဖြစ်နေသောကြောင့် သဲသဲကွဲကွဲ မမြင်ရချေ။ ကျွန်ုပ်၏ စိတ်ထင် ဦးလေးကြီးအပေါ်တွင် ကောင်မလေးက ပုခုံးမှီ၍ အိပ်နေသည်ထင်၏။ တကယ်အိပ်ပျော်နေသည်လား အိပ်မပျော်ဘူးလား ဆိုသည်ကား ကျွန်ုပ်အမှန်တကယ် မသိချေ။

ထိုကဲ့သို့ဖြင့် လာလိုက်ရာ ည(၁၀)ခွဲလောက်တွင် ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော အမြန် မီးရထားကြီးသည် ဟင်္သာဘူတာသို့ ဆိုက်ရောက်လေ၏။ ဟင်္သာတဘူတာသို့ ရောက်သောအခါ ဦးဇင်းလေးသည် ရထားပေါ်မှ ဆင်းရန် ပြင်၏။ ကျွန်ုပ်က ဦးဇင်းလေး၏ လက်ဆွဲအိပ်ကို ကူဆွဲပေး၏။ ကျွန်ုပ်အား ဦးဇင်းလေးက ဒီည ဒကာ ဦးဇင်းကျောင်းလိုက်အိပ်လေ၊ မနက်မိုလင်းမှ ဒကာ ရန်ကုန်ဆက်သွားမယ်ဆို သွားပေါ့ဟု ပြောသဖြင့် ကျွန်ုပ် သည် ဦးဇင်းလေး၏ ကျောင်းသို့ လိုက်ပါသွားရန် ဖြစ်လေ၏။

ထို့ကြောင့် ဦးဇင်းလေးလည်း ဟင်္သာတဘူတာတွင် ဆင်း၏။ ကျွန်ုပ်လည်း ဦးဇင်းလေးနှင့်အတူ လိုက်ဆင်း၏။ ဦးဇင်းလေးက ရှေ့မှဆင်း၏။ ကျွန်ုပ်က ဦးဇင်းလေး၏ နောက်မှ လိုက်ဆင်းလေ၏။ ကျွန်ုပ်၏ နောက်တွင် ဦးလေးကြီးသည် သူ၏ အိပ်ကြီးကို မနိုင်မနင်းဆွဲလျှက် လိုက်ပါဆင်းလေ၏။ ဦးလေးကြီး၏ ပုခုံထက်တွင် မှီအိပ်သော။ ရထားလမ်းပေါ်တွင် လက်ချင်းချိတ်၍ လမ်းအတူ လျှောက်သော အမျိုးသမီးမှာမူ ရထားပေးမှ မဆင်းပေ။ ကြည့်ရသည်မှာ ပုသိမ်ဘက်သို့ ဆက်လက်လိုက်ပါသွားမည် ထင်၏။

ကျွန်ုပ်တို့(၃)ဦးသည် မီးရထားဘူတာထဲမှ ထွက်လာလေ၏။ ကျွန်ုပ်က တက္ကစီသမားအား လှမ်း၍ လက်ပြကာ ခေါ်လိုက်လေ၏။ ဦးလေးကြီးကလည်း ပုသိမ်ဘက်သို့ ထွက်ခွါသွားသော ရထားပေးမှ အမျိုးသမီး အားလှမ်း၍ လက်ပြနှုတ်ဆက်လေ၏။ မီးရထားဘူတာအပြင်ဘက်သို့ ရောက်သောအခါတွင် ကျွန်ုပ်တို့သုံးဦးသည်စု၍ တက္ကစီငှားရလေ၏။ ကျွန်ုပ်နှင့် ဦးဇင်းလေးက မိုးကောင်းကျောင်းသို့ သွားမည်ဖြစ်၍ ဦးလေးကြီးက မူ ငါးမျက်နှာဘုရားလမ်းရှိ တည်းခိုခန်းတစ်ခုကို အတူလိုက်မည်ဖြစ်လေ၏။ တည်းခိုခန်းတွင် ဦးလေးကြီးကို ချထားပေးပြီး ကျွန်ုပ်နှင့်ဦးဇင်းလေးအား မိုးကောင်ကျောင်းကို လိုက်ပို့မည်ဟု ကားသမားကကျွန်ုပ်တို့ကို လှည့်၍ ပြောပြလေ၏။

တည်းခိုခန်းရှေ့သို့ရောက်သောအခါတွင် ဦးလေးကြီးသည် ကားခပေးရန်အတွက် သူ၏အိပ်ကြီး၏ ဇစ်ကို ဆွဲဖွင့်၍ ပိုက်ဆံအိပ်ကို နှိုက်ယူလေ၏။ ပထမ ဘေးအိပ်ကိုဖွင့်ကြည့်၏။ သူ အံ့သြသလို ဖြစ်သွား၏။ ထို့နောက် အလယ်အိပ်ကို ဖွင်ပြန်၏။ ကြည့်၏။ မတွေ့။ ထို့နောက် ဘေးအိပ်ကို ပြန်ဖွင့်ကြည့်ပြန်၏။ ထို့နောက် စိတ်မရှည်တော့သလို ပုံစံမျိုးဖြင့် အိပ်တစ်ခုလုံးကို ကားပေါ်တွင် သွန်ချ၍ ကြည်ပြန်၏။ မတွေ့။ သူ၏ ပိုက်ဆံအိပ်ကို မတွေ့ပေ။ သူသည် တစ်စုံတစ်ရာကို ဖြတ်ခနဲ့ သတိယသွားပုံရလေသည်။ ပြီးနောက် သူသည် တောက်ဟု တက်တစ်ချက်ကို ပြင်းပြင်းထန်ထန်ခေါက်၍ ကျွန်ုပ်ကိုကြည်ကာ ငိုမဲ့မဲ့ကြီး ဖြစ်လျှက် မရှိတော့ဘူး၊ ပါသွားပြီ၊ ဟိုရထားပေါ်မှာတွေ့တဲ့ ကောင်မယူသွားပြီဟု ပြောလေတော့၏။

အမှန်အတိုင်းပြောရပါမူ မီးရထားပေါ်တွင် တွေ့ရသော ကောင်မလေးသည် ထိုဦးလေး၏ အိပ်ထဲတွင် ရှိသော ပိုက်ဆံအိပ်ရော ပစ္စည်းထည့်တဲ့ အိပ်ရော အကုန်လုံးကို မသွားခြင်းဖြစ်၏။ မှတ်ပုံတင်တွေကော ငွေတွေကော အကုန်ပါသွားတော့၏။ နောက်ဆုံးတွင် မှတ်ပုံတင်မရှိသောကြောင့် တည်းခိုခန်းကလည်း လက်မခံသောကြောင့် ဦးဇင်းလေး၏မိုးကောင်းကျောင်းသို့ ကျွန်ုပ်တို့နှင့် အတူတည်းခိုရန် လိုက်ပါ လာလေတော့၏။

ကျွန်ုပ်နှင့် ဦးလေးကြီးသည် ရန်ကုန်သို့ ဆက်လက်၍ မသွားသေးပဲ ဟင်္သာတမြို့ မိုးကောင်ကျောင်းတွင် တစ်ရက် နှစ်ရက်လောက် ဆက်လက်တည်းခိုနေ၍ ဟင်္သာမြို့လေးအာ လျှောက်လည်၏။ ထိုနှစ်ရက်တွင် ကျွန်ုပ်သည် ထိုဦးလေးကြီး၏ အကြောင်းကို သိရသည်မှာ သူသည် ရန်ကုန်မြို့ အင်းစိန်တွင် စတိုးဆိုင် ဆစ်ဆိုင်ဖွင့်ထားသည်ဟု သိရလေ၏။ ငယ်ငယ်တုန်းကတော့ မလေးရှား၊ စင်္ကာပူစသော နိုင်ငံများတွင် သွားရောက်၍ အလုပ်လုပ်နေရသည်ကများ၏။ အခုအခါတွင် အင်းစိန်တွင် စတိုးဆိုင်တစ်ဆိုင်ဖွင့်၍ နေတယ်ဟု သိရလေ၏။

ကျွန်ုပ်သည် ဦးလေးကြီးအား အင်းစိန်သို့ ရောက်အောင် ကားလက်မှတ် ခရီးစရိပ်ကူညီပေးရလေ၏။ လမ်းတွင် သုံးရန်အတွက်လည်း ခရီးစရိပ်များကိုလည်း ကူညီပေးရလေ၏။ ကျွန်ုပ်နှင့် ဦးလေးကြီးတို့သည် မိုးကောင်းကျောင်းမှ ဦးဇင်းလေးအား ရှစ်ခိုးကန်တော့ နှုတ်ဆက်၍ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွါလာခဲ့ လေရာ လမ်းတွင် ဦးလေးကြီးက ဒီမှာ ညီလေး ။ ညီလေးက ဗေဒင်ဆရာဆိုတော့ အကိုက အကူအညီ တစ်ခု တောင်းရဦးမယ်။ အကို စတိုးဆိုင်ကို ရောင်ကောင်းအောင် ယတြာလေးတစ်ခုလောက် လက်ဆောင်ပေးခဲ့ပါဟု ပြောသဖြင့် ကျွန်ုပ်သည် ဈေးဆိုင် စတိုးဆိုင် ကုန်စုံဆိုင်စသည်တို့တွင် ဈေးရောင်းကောင်းရန် လူစည်ကားရန် ဓာတ်ဆင်သော အောက်ပါယတြာနည်းကို ဦးလေးကြီးအား ပြောပြခဲ့လေတော့သတည်။

လူစည်ကားသော ဈေးတစ်ခုအနီးက မြေကြီးသန့်သန့်ရယ်၊ သင်္ဘောဆိတ်က မြေကြီးသန့်သန့်ရယ် ။ မီးရထားဘူတာရုံအနီးက မြေကြီးသန့်သန့်ရယ်ကို ပန်းအိုးအစိမ်းရောင်တစ်ခုထဲမှာ ရောမွေပြီး ထည့်လိုက်။ ပြီးရင် အဲဒီပန်းအိုးကို ကိုဆိုင်ရှေ့မှာ ထားဗျာ။ နေ့တိုင်း ဆိုင်ဖွင့်ရင် အဲဒီပန်အိုးထဲကို အမွှေးတိုင် ထွန်းပြီး ဆုတောင်းပေတော့ဗျို့ဟု ပြောဆိုကာ အမှတ်မထင် ဆုံတွေ့ခဲ့ရသော ဦးလေးကြီးအား လက်ပြနှုတ်ဆက်ကာ ခွဲခွါခဲ့လေတော့သတည်း။

သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့
(Ph.+6687 415 0022)

Thursday, December 2, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels