Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အတိတ်နိမိတ်ကောင်းများနှင့် နေထိုင်ခြင်း

တစ်နေ့မှာ ကျွန်တော့်ရဲ့ အီးမေးလ်ထဲကို မယဉ်ကျေးမေဆိုသည့် မိန်းကလေးတစ်ဦးက အီးမေးလ်တစ် စောင် ပို့လာခဲ့ပါတယ်။ သူ့ရဲ့ စာအတိုင်း ပြန်လည် ဖော်ပြပေးရရင်

လေးစားရပါသောဆရာရှင့်...........

ကျွန်မနာမည် ယဉ်ကျေးမေလို့ ခေါ်ပါတယ်။ ကျွန်မဟာ ဆရာ့ဘလော့ရဲ့ စာဖတ်ပရိသတ် တစ်ယောက်ပါ။ အခုလို ဂမ္ဘီရနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဆရာစားမချန် ပြန်လည် ဝေမျှပေးတဲ့အတွက်လည်း စာဖတ်ပရိသတ်အားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်စကား ပြောပါရစေ။

ကျွန်မဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀အရွယ်ကတည်းက ဗေဒင်တွေဘာတွေကိုဆိုရင် အရမ်းဝါသနာ ပါပါတယ်။ တတ်နိုင်သလောက်လည်း လေ့လာပါတယ်ဆရာ။ ကျွန်မက အိမ်မှာဆိုရင် အမြဲတမ်း အတိတ်နဲ့ နိမိတ်နဲ့ ပြည့်စုံအောင် နေထိုင်ပါတယ်။ နောက်ပြီး ကျွန်မက နည်းနည်းတော့ အယူသီးတယ်ဆရာရဲ့။ ဒါကြောင့် မို့လား မသိဘူး။ အိမ်ကလူတွေနဲ့ ကျမနဲ့က နည်းနည်းတော့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။

ကျွန်မတို့ မိသားစုတွေက အားလုံးပေါင်း (၅)ယောက်ရှိပါတယ်ဆရာ။ ကျွန်မကတော့ နို့ညှာပေါ့။ နို့ညှာဆိုတာ ကျွန်မအောက်မှာ တစ်ယောက်ပဲ ရှိတော့တာကို ပြောတာပါ။ ဒါကြောင့် ကျွန်မက လေးယောက်မြောက်ပေါ့ ဆရာရယ်။ ကျွန်မတျု့ မိသားစု ဖေဖေရယ်၊မေမေရယ်၊ အမနှစ်ယောက်ရယ် အကိုတစ်ယောက်ရယ်၊ မောင်လေး တစ်ယောက်ရယ်။ ကျွန်မရယ် အားလုံးပေါင်းလိုက်ရင် စုစုပေါင်း (၅)ယောက်ပါ။ ကျွန်မရဲ့ မိခင်ဖြစ်သူက အရမ်း ငြီးတတ်တယ်ဆရာ။ ခိုက အရှုံးပေးရလောက်အောင် ငြီးတာ။ တစ်ခုခု အဆင်မပြေဘူးဆို၇င် တစ်နေ့ကုန်ကို ထိုင်ငြီးနေတော့တာပါပဲ ဆရာရယ်။

ငါတော့ သေချင်တော့တာပါပဲ။ ငါ့ကို ကူကယ်မယ့်လူလည်း ရှိတော့မှာ မဟုတ်ဘူး။ ဒီလိုဖြစ်မယ်မှန်း သိရင် မလုပ်ခဲ့ပါဘူး။ ငါတော့ စိတ်ညစ်လို့ သေသာသေလိုက်ချင်တော့တာပဲ။ ဒုက္ခပါပဲ။ ဒီတစ်သက်ကတော့ ငါနေချင်တဲ့ အဆင့်အတန်းတွေ နေရမှာလဲ မဟုတ်တော့ပါဘူး။ ဒီဘ၀ကြီးကတော့ ၀ဋ်ခံနေရတာ သက်သက်ပါပဲ။ နောင်ဘ၀များ လူမဖြစ်ပါရစေနဲ့ စသည်ဖြင့် အစုံပေါ့ဆရာရယ်။ အရမ်း ငြီးတတ်တယ်။ ကျွန်မကလည်း အဲဒီလို ငြီးတာကို မကြိုက်ဘူးဆရာ။

ဇမ္ဗူဒိတ်တောင်ကျွန်း လက်ယာနိမ်ထွန်းတယ်လို့ ဆိုတယ် မဟုတ်လားဆရာ။ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ အသံ၊ ကောင်းတဲ့ အတွေးတွေနဲ့ ကိုယ်အိမ်တစ်ခုလုံး ပြန့်နှံနေမှ ကိုယ်အိမ်က မင်္ဂလာရှိမယ်။ စီးပွားတက်မယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။ အဲဒါကို ပြောပြတော့ အမေက ကျွန်မကို မျက်စောင်းထိုးပြီး ငါမွေးလို့ လူဖြစ်လာရတဲ့ သူကများ ငါ့ကို ဆရာပြန်လုပ်နေသေးတယ်လို့တောင် အပြောခံရပါသေးတယ် ဆရာ။

နောက် အမတစ်ယောက်ကတော့ အရမ်းကျိန်တတ်တယ်ဆရာ။ ဘယ်ကနေ ဘယ်လို တတ်လာလဲတော့ မသိပါဘူးဆရာရယ်။ အဲဒိအမတစ်ယောက်ကြပြန်တော့ တစ်ခုခု စိတ်တိုင်းမကျ ဖြစ်တာနဲ့ ကျိန်တော့တာပဲ။ ပါးစပ်က မကြားတကြားရော ကြားရအောင်ရော ကျိန်တယ်။ ကိုယ်ကိုကိုလည်း ကျိန်တယ်ဆရာ။ နောက်သူများတွေကိုလည်း ကျိန်တာပဲ။ အဲဒါကို ကျွန်မ မကျိန်ကောင်းဘူး။ မင်္ဂလာမရှိဘူးလို့ ပြေရင် အမကလဲ မကြိုက်ဘူးဆရာ။ အငယ်က အငယ်လို မနေဘူးတဲ့။ အဲဒီတော့ ဆရာရယ် အိမ်မှာက ကျွန်မနဲ့ အိမ်က လူတွေနဲ့က နည်းနည်းတော့ ကသိကအောက် ဖြစ်ရပါတယ်။

အခု ကျွန်မ ဆရာ့ဆီ စာရေးပြီးမေးချင်တာက ကျွန်မတို့ လူ့လောကကြီးမှာ အမြဲတမ်း ပြောဆိုနေတဲ့ စကားလုံး လေးတွေထဲက အဲဒီ အတိတ်တို့ ၊နိမိတ်တို့နဲ့ ပတ်သက်ပြီး ဆရာသိသလောက် နည်းနည်းလေး ရှင်းပြပေးစေ ချင်ပါတယ်ဆရာ။

ကြိုတင်ကျေးဇူးတင်စွာဖြင့်
ယဉ်ကျေးမေ

အဲဒီစာကလေး ကျွန်တော်ဆီကို ရောက်လာခဲ့တာ။ ကျွန်တော်ကလည်း အီးမေးလ်ကနေ ပြန်ရေးပေးရင် ရပါတယ်။ ဒါပေမယ့် ဘလော့မှာလဲ တင်ချင်တာနဲ့ ဘလော့ပို့အဖြစ်နဲ့ပဲ ပြန်ရေးပေးလိုက်တာပါ။

ကျွန်တော်နဲ့ ယဉ်ကျေးမေနဲ့က တော်တော်လေး စရိုက်တူတယ်လို့ ပြေရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း အဲဒိ အတိတ်ကောင်း နိမိတ်ကောင်းတွေကို အယူသည်းတယ်။ ကိုယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အတိတ်ကောင်းတွေ နိမိတ်ကောင်းတွေ ဖြစ်အောင် အမြဲတမ်းကြိုးစားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချမ်းသာချင်တာကိုး။ ချမ်းသာတာမှ တော်တော်ကြီးကို ချမ်းသာချင်တာ။ ဒါကြောင့် ကျွန်တော်က ကိုယ်ကိုကို အမြဲတမ်း ဂရုစိုက်တယ်။ အကုန်လုံး ဂရုစိုက်တယ်။

နံပါတ် (၁) ကောင်းကောင်းဝတ်တယ်ဗျာ။ (အဖိုးတန်ကြီးတွေ ဖြစ်ဖို့ မလိုပါဘူး) သန့်ရှင်း သပ်ရပ်နေအောင် ကြိုးစားတယ်။ တစ်စုံတစ်ယောက်က ကျွန်တော်ကို ခပ်လှမ်းလှမ်းကနေ မြင်လိုက်တာနဲ့ ကျွန်တော်ကို အဆင်ပြေနေတဲ့ လူသားတစ်ယောက်အဖြစ် မြင်ရအောင် ကျွန်တော် ကြိုးစားတယ်။ ကျွန်တော့်ကို ကြည့်လိုက်ရင် အရောင်မှိန်မနေဘူး။ အိုကေ..။ သူ ကျွန်တော့်ကို မြင်သွားပြီ။ သူနှုတ်ဆက်တယ်။ ဟကောင်ကြီး မတွေ့တာကြာလို့ လှ-လို့ ပ-လို့ပါလားကွ။ မင်းကြည့်ရတာ အဆင်တော်တော် ပြေနေတယ် ထင်တယ်။ အဲဒီလို သူ ကျွန်တော်ကို နှုတ်ဆက်တယ်။

အိုကေ...။ ဒါ ကျွန်တော် လိုချင်တဲ့ နိမိတ်။ ကျွန်တော် ကြားလိုက်တယ်။ ကျွန်တော် ပျော်သွားတယ်။ သူ့ပြောတဲ့ စကားသံလေးဟာ ကျွန်တော်ရဲ့ ရင်ထဲကို အေးမြစွာ စီးဆင်းသွားတယ်။ တဆက်တည်း ကျွန်တော်ရင်ထဲမှာ ဆက်လက်ဖြစ်တည်သွားတဲ့ ကျွန်တော်ရဲ့ စိတ်လေးက ဘယ်လိုဆက်ဖြစ်သွားလဲဆိုတော့ အင်း သေချာပါတယ်။ ငါဟာ သူတို့ပြောသလို သေချာပေါက် ကြီးပွားချမ်းသာမဲ့ ကောင်ပဲ။ အဲဒီလို စိတ်ထဲ ဖြစ်သွားတယ်။ ခိုင်မာသွားတယ်။

နောက်ပြီး ကျွန်တော်က တွေးရင်လဲ ကျွန်တော့်အတွေးထဲမှာ ကျွန်တော်က သူဋ္ဌေးကြီးနော်။ အင်မတန် ကြွယ်ဝ ချမ်းသာနေတဲ့ သူဋ္ဌေးကြီးနော်။ ကားကြီးအကောင်းစားကြီးကို စီးလို့ ၊ ပိုက်ဆံအိပ်ကြီး အကြီးကြီးကိုလည်း ကျွန်တော် ချိုင်းကြားမှာ ညှပ်ထားတာ။ ကျွန်တော် တစ်ကိုယ်လုံးမှာလဲ တန်ဖိုးကြီးတဲ့ အဆင်တန်စာတွေက အပြည့်။ နောက်ပြီး ကျွန်တော်ဆီကို မရှိဆင်းရဲတဲ့ ဆွေမျိုးသားချင်းတွေ ၊ အသိမိတ်ဆွေတွေကလည်း ကျွန်တော်ဆီမှာ လာပြီး အကူအညီတောင်းကြတယ်။ ကျွန်တော်ကလည်း သူတို့ တောင်းတဲ့ အကူအညီတွေကို ရက်ရက်ရောရော ပေးနေတာဗျ။ ဒါက အတွေးနိမိတ်ပါ။

နောက်တစ်ခု ကျွန်တော်က စကားပြောရင်လဲ ကောင်းတာတွေပဲ ပြောဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်ညစ်တယ် ဆိုတဲ့စကားမျိုးတွေ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားတွေ ၊ စိတ်မကောင်းတဲ့စကားတွေ သိမ်ငယ်တဲ့ စကားတွေ မပြောဖြစ်အောင် ကြိုးစားပါတယ်။ ကြာလာတော့လည်း တကူးတက သီးသန့်ကြိုးစားစရာရယ်လို့ မလိုတော့ပါဘူး။ အလိုလို အကျင့်ပါသွားပါတယ်။ အဲဒါတွေ အမြင်၊ အကြား၊ အတွေးဆိုတဲ့ အတိတ်နိမိတ်တွေနဲ့ ပြည့်စုံမယ်ဆိုရင် ပိုပြီးတော့ ကောင်းပါတယ်။

ဒါကြောင့် ဘ၀အောင်မြင်ရေး ခရီးကို လျှောက်လှမ်းနေကြသော အမျိုးကောင်းသားအမျိုးကောင်း သမီးများအတွက် ကျွန်တော် သိသလောက် ပြန်လည် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ.....

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ

Monday, December 20, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels