Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဝင်ငွေကောင်းစေသောအဆောင်လေးတစ်ခု

ကျွန်ုပ်သည် မြန်အောင်မြို့တွင် (၄၉) ရက် အဓိဋ္ဌာန်ကို ပြီးစီးအောင်မြင်အောင် ၀င်ပြီးနောက် စိတ်လက်ပေါ့ပါး လျှက်ရှိလေ၏။ ထိုအဓိဋ္ဌာန်၏ နောက်ဆုံးရက်တွင် ကျွန်ုပ်ဘ၀တွက် ထူးခြားဆန်းကျယ်မှု့များနှင့်လဲ ကြုံတွေ့ခဲ့ရလေ၏။ ထိုညတွင်ကျွန်ုပ်သည် (၄၉)ရက်အဓိဋ္ဌာန်ကြီးကို ပြီးစီးအောင်မြင်အောင် ၀င်နိုင်ခဲ့လေ၏။ ည (၁၀)နာရီခန့်တွင် ဘုရားဝန်းတစ်ခုလုံး တိပ်ဆိပ်ငြိမ်သက်လျှက် ရှိလေ၏။ ကျွန်ုပ်နှင့် ဘုရားစောင့် ကိုသောင်းနှစ်ဦးသာ ရှိလေ၏။

ရင်ပြင်တော်၏ အနောက်ဘက် ကြာသပတေးဒေါင့်တွင် ကျွန်ုပ်နှင့် ကိုသောင်းသည် ထိုင်၍ အေးအေးလူလူ စကားပြောဆိုလျှက် ရှိ၏။ များသောအားဖြင့် ကျွန်ုပ်ကသာစကားပြောခြင်းဖြစ်၍ ကိုသောင်းမှာမူ ရေနွေးကြမ်းကို တစ်ခွက်ပြီး တစ်ခွက်သောက်လိုက် ဆင်မင်းဆေးပေါ့လိပ်ကို ဖွာလိုက်ဖြင့် ကျွန်ုပ်ပြောသမျှကို စိတ်ပါဝင်စားစွာ နားထောင်လျှက် ရှိလေတော့၏။

ည(၁)နာရီခန့်တွင် ကျွန်ုပ်သည် ကိုသောင်အား နှုတ်ဆက်၍ ပြန်လာလေ၏။ ကျွန်ုပ်၏ ဦးလေးအိမ်ကို ရောက်အောင် ၁၀မိနစ်ခန့်လမ်းလျှာက်ရလေ၏။ ကိုသောင်းက ကျွန်ုပ်အား လိုက်ပို့မည်ဟုပြောသော်လည်း ကျွန်ုပ်က ရပါတယ်ဟုပြောကာ တစ်ယောက်တည်းလမ်းလျှောက်ပြန်လာခြင်း ဖြစ်လေ၏။

ကျွန်ုပ်သည် တန်ဆောင်းမြောက်ဖက်မုဒ်မှ ထွက်ကာ ရွှေဘုံသာလမ်းအတိုင်း လျှောက်ပြန်မည်ဖြစ်ရာ ဘုရား မုဒ်ပေါက်အထွက်တွင် လမ်းမီး မှိန်မှိန်လေး ဖြစ်နေလေ၏။ မြောက်လေတိုက်သောကြောင့် သစ်ပင်များပင် လှုပ်ခတ်သွားလေ၏။ ကျွန်ုပ်သည် မုဒ်ဦးအထွက်တွင် လမ်းလျှောက်နေရင်းမှ ကြက်သီးဖြန်းခနဲ့ ထသွားလေ၏။ ကျွန်ုပ်၏ စိတ်ထဲတွင်လဲ မသိုးမသန့်ဖြစ်သွားလေ၏။ ကျွန်ုပ်၏နောက်သို့ တစ်စုံတစ်ယောက်သည် လိုက်လာသကဲ့သို့လည်း ခံစားရလေသောကြောင့် ကျွန်ုပ်သည်နောက်သို့ ချာကနဲ လှည့်ကြည်လိုက်လေရာ...

ဘုရားမုဒ်ပေါက် ဇရပ်ပေါ်တွင် လူငါးယောက် ခြေထောက်တွဲလောင်းချထိုင်နေပြီးလျှင် ကျွန်ုပ်အား လက်ပြနေသည်ကို တွေ့ရလေ၏။ ထိုအချိန်တွင် ကျွန်ုပ်နှင့်ဇရပ်မှာ ဓာတ်မီးတိုင်တစ်ဝက်မျှလောက်သာ ဝေး၏။ ကျွန်ုပ်လည်း ရောရောင်၍လက်ပြကာ လမ်းဆက်လျှောက်၍ ပြန်လာလေတော့၏။ လမ်းလျှောက်နေရင်းနှင့် ကျွန်ုပ်၏ စိတ်ထဲတွင် စဉ်းစားမိသည်က ခုနတုန်းက ကျွန်ုပ်သည်ဇရပ်ရှေ့မှ ဖြတ်ရှောက်လာခဲ့တုန်းက ဇရပ်ပေါ်မှာ ဘယ်သူမှမရှိပါဘူး။ ငါ့ကို လက်ပြတာ ဘယ်သူတွေပါလိမ့်ဟု အတွေးဝင်လာသောအခါ ကျွန်ုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ကြက်သီး တဖြန်းဖြန်း ထသွားလေတော့၏။

ထိုညတွင် ကျွန်ုပ်သည် အိပ်မက်တစ်ခုကို မြင်မက်လေ၏။ အိပ်မက်ထဲတွင် ဇရပ်ပေါ်တွင် လူ(၅)ယောက် စုထိုင်နေ၏။ ထို လူငါးယောက်ထဲတွင် အသက်ငါးဆယ်ခန့်ရှိသော လူကြီးမှ ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။ ဘယ်လိုလည်း ဗေဒင်ဆရာလေးရဲ့ အဓိဋ္ဌာန်ပြီးတော့ ပြန်တော့မလား။ ဆရာလေး မပြန်ခင် ကျွန်တော်တို့ အကူအညီ တစ်ခုလောက် တောင်းပါရစေ။ ကျွန်တော်တို့အတွက် ကုသိုလ်ကောင်းမှု့လုပ်ပြီး အမျှအတန်းပေးဝေခဲ့ပေးပါဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်မှာ နေတာလဲဟု ပြန်မေးလိုက်လေရာ.. ထိုလူကြီးက ..

ကျွန်တော်တို့က ရွှေဘုံသာဘုရားမှာ နေတာပါ။ မကျွတ်မလွတ်သေးတဲ့ သရဲတွေပါ။ ဘယ်နှစ်ယောက်လဲ တော့ မမေးနဲ့။ အများကြီးပဲ။ အဲဒါ ဆရာလေးမပြန်ခင် ကျွန်တော်တို့အတွက် ကုသိုလ်ကောင်းမှု့လေးလုပ်ပြီး အမျှအတန်းပေးဝေစေချင်ပါတယ်။ ညတုန်းကဇရပ်ပေါ်မှာ ဆရာလေးကိုလက်ပြတာ ကျွန်တော်တို့ပဲ။ ဆက်ဆက်လုပ်ပေးပါ ဆရာလေး။ ဆရာလေးကို ကျွန်တော်တို့ ကျေဇူးပြန်ဆပ်ပါ့မယ်ဟု ပြောဆိုကာ ပျောက်သွားလေတော့၏။ ကျွန်ုပ်လည်း အိပ်ယာမှလန့်နိုးသွားလေရာ နာရီကို ကြည့်လိုက်ရာ နံက် (၄)နာရီခန့် ဖြစ်၏။

နောက်တစ်နေ့တွင် ကျွန်ုပ်သည် ဘုရားစောင့် ကိုသောင်းနှင့် ဘုရားဂေါပကများကို တိုင်ပင်၍ ဘုန်းကြီး ဆွမ်းကျွေးရန် စီစဉ်ရလေ၏။ အိပ်မက်အကြောင်းကိုတော့ မယုံကြည်မှာစိုးသောကြောင့် မပြောပြတော့ပါ။ ကိုသောင်းနှင့် ဘုရားဂေါပကများမှလည်း ကျွန်ုပ်အား ကူညီကြလေ၏။ ဘုရားနှင့် မလှမ်းမကမ်း မျက်စောင်း ထိုးတွင်ရှိသော ၀ဲပျံဘုန်းကြီးကျောင်းမှ တိုက်အုပ်ဘုန်းကြီးနှင့် သံဃာတော် (၅)ပါးကို ဆွမ်းစားပင့်၍ ဆွမ်းရော သင်္ကန်းရော ဆေးရော အားလုံးပြည့်ပြည့်စုံ လှူဒါန်းလေ၏။

ထို့နောက် တိုက်အုပ်ဘုန်းတော်ကြီးက ကဲ.. ဒကာကြီး အလှူက ဘာအတွက်လှူတာလဲ တကာရဲ့ဟု ကျွန်ုပ်အားမေးလေရာ တပည့်တော် ဒီဘုရားထဲမှာရှိတဲ့ မကျွတ်မလွတ်သေးတဲ့ ပုဂ္ဂိုလ်တွေကို ၇ည်စူးပြီး လှူတဲ့ အလှူပါဘုရာ။ ပြီးရင် အရှင်ဘုရားတို့ကလည်း သူတို့တွေအတွက် မေတ္တာပို့ အမျှပေးဝေပေးပါဘုရား ဟု ပြန်လျှောက်လိုက်လေရာ ထိုတိုက်အုပ်ဆရာတော်သည် အံ့သြသွားလေတော့၏။ ထို့နောက် ကျွန်ုပ်အား နေပါဦး ဒကာကြီးရဲ့ ၊ ဒကာကြီးက ဒီမှာရှိတယ်ဆိုတာ ဘယ်လိုသိတာတုန်း၊ မြင်ရလို့လားဟု ပြန်မေးလေရာ ကျွန်ုပ်ကလည်း ညတုန်းက အဖြစ်အပျက်ကို ပြန်၍ ပြောပြလေတော့၏။ ထိုအခါ တိုက်အုပ် ဘုန်းတော်ကြီးက

အေးလ ရှိတာတော့ တကယ်ရှိမှာပေါ့။ ၈၈-အရေးအခင်းတုန်းက ဒီဘုရားထဲမှာ သေထားကြတဲ့ လူတွေကလည်း ဘယ်ကျွတ်ပါ့မလဲ။ ကောင်းပါတယ်လေ။ အခုလို လုပ်ပေးတာဟု ပြောဆိုကာ တရားဟောပေးခြင်း၊ ပရိပ်ရွတ်ပေးခြင်းများ ပြုလုပ်ပေး၏။ ထို့နောက် ကျွန်ုပ်အား ကဲ... ဒကာကြီးက အမျှဝေ ဟု ပြောသောကြောင့် ကျွန်ုပ်လည်း အောက်ပါအတိုင်း အမျှပေးဝေလိုက်လေ၏။

ဒီရွှေဘုံသာ စေတီဝန်းအတွင်း ရှိကြသော မကျွတ်မလွတ်သေးသော ပုဂ္ဂိုလ်အပေါင်းတို့ အတွက် ရည်စူးပြီး ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှု့ အဖို့ဘာဂကို အားလုံးတို့အား အမျှအတန်း ပေးဝေပါသည်။ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေသတည်း။

နေ့လည်းတစ်နာရီခန့်တွင် ကျွန်ုပ်လည်း ဘုရားစောင့် ကိုသောင်းအား ပြန်တော့မယ် ကိုသောင်းရေ..၊ ကံမကုန်သေးရင်တော့ ပြန်ဆုံကြသေးတာပေါ့ဟု နှုတ်ဆက်လိုက်လေရာ ကိုသောင်းက ပြန်ဆုံတာ မဆုံတာက မသေချာဘူး ဆရာလေးရဲ့။ မပြန်ခင် ကျွန်တော်ကို ငွေကြေးလာဘ်ရွှင်စေမယ့် အဆောင်လေး တစ်ခုလောက်မစခဲ့စမ်းပါ ဆရာလေးရယ်ဟု ပြောလေသောကြောင့် ကျွန်ုပ်သည် ကိုသောင်းအား ငွေကြေးလာဘ်ရွှင်ရန် ဆောင်ထား၍ရသော တားရော နံပါတ် ၂ မယ်တော်ကြီးကဒ်အား လက်ဆောင် ပေးခဲ့လေတော့သတည်း။ ထိုတားရော့ကဒ်ကလေးကို စီးပွားရေးကြပ်တည်းနေသူများအား ပေးဆောင်လိုက်ပါက ငွေကြေး ချောင်လည်သွားမည် ဖြစ်လေ၏။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Wednesday, December 1, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels