Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အဘမင်းသိင်္ခ၏တားရောဟောနည်း (အပိုင်း-၂)

၅။ ဘုန်းကြီး

၁။ ဘုန်းကြီးတစ်ပါး အိမ်သို့ ကြွလာမည်။
၂။ မိဘ ကျန်းမာရေး ညံ့မည်။
၃။ ခေါင်းကိုက်မည်။
၎။ စိန်အပါအ၀င် အဖိုးတန်ပစ္စည်းဝင်မည်။
၅။ လာဘ် အလွန်ရွှင်မည်။
၆။ အလုပ်၌ နာမည်ကောင်းရမည်။
၇။ အောက်လက်ငယ်သား၏ အကူအညီကို ရမည်။
၈။ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ရမည်။
၉။ ရုတ်တရက် ခရီးထွက်ရလိမ့်မည်။
၁၀။ ငွေလိမ်ခံရတတ်သည်။
၁၁။ မိန်းမတစ်ဦး မိမိ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်လိမ့်မည်။
၁၂။ နေအိမ်မသန့်ပါ။ အခိုက်အညံ့ရှိနေသည်။ နေရာအနှံ အပြား ပရိတ်ရေနှင့် ဖြန်းလိုက်ပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှာ မုချအောင်မြင်မည့် ကိစ္စဖြစ်သည်။ ရဲရဲတင်းတင်းဆောင်ရွက်ပါ။

၆။ ချစ်သူနှစ်ဦး

၁။ မင်္ဂလာရက်ရွှေ့ရမည်။
၂။ အချစ်ရေးတွင် ကြားလူအနှောင့်အယှက် ပေါ်မည်။
၃။ မြေ၊ အိမ် ရတတ်သည်။
၎။ စက်တစ်ခုဝင်လာမည်။ အလွန်ကောင်းသည်။
၅။ ပညာဖြင့် လာဘ်ရမ်ည။ ၆။ ပညာထူးရရှိမည်။
၇။ ရေကြောင်းခရီးသွားရမည်။ (ပြည်ပခရီးဖြစ်နိုင်သည်)
၈။ အမှုဖြစ်လိမ့်မည်။
၉။ အလုပ်၌ စိတ်မ၀င်စားသကဲ့သို့ ရှိမည်။ အလုပ်ပြောင်း ရမည်။
၁၀။ ငွေရေးကြေးရေး အဆင်မပြေဖြစ်လိမ့်မည်။
၁၁။ မိဘ ကို ကောင်းစွာလုပ်ကျွေးရလိမ့်မည်။
၁၂။ အိမ်တွင် နားလေးသူရှိမည်။ မရှီပါက မိမိကိုယ်တိုင် နားကို ဥပဒ်ပေးတတ်သည်။

လတ်တလောကိစ္စအတွက် မေးမြန်ဝါမူ .. ထိုကိစ္စ အောင်မြင်မည်။ သို့သော အချိန်အနည်းငယ်နောက် ကျပြီးမှ အောင်မြင်တတ်သည်။

၇။ စစ်ရထား

၁။ စပ်တူရှဗယ်ယာလုပ်ငန်းတစ်ခု လုပ်ရမည်။
၂။ မိမိထက် အသက်အားဖြင့်ကြီးသူ၊ ဂုဏ်အားဖြင့်ကြီးသူ တစ်ဦးဦးက ကူညီလိမ့်မည်။
၃။ ခြေထောက်တစ်ဖက် နာလိမ့်မည်။
၎။ စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့လိမ့်မည်။ လာဘ် လာဘ လည်း အလွန်ရွှင်မည်။
၅။ သူတစ်ပါးအတွက် သက်သေလိုက်ရမည်။
၆။ အိုးသစ်အိမ်သစ် ရတတ်သည်။
၇။ မိန်းမဧည့်သည်တစ်ဦး အိမ်သို့ရောက်လာမည်။ ကောင်းသည်။
၈။ ဆွေမျိုးတစ်ဦး ကျန်းမာရေးညံ့သောသတင်းကြားရမည်။
၉။ သင်ကိုယ်တိုင်လည်း ကျန်းမာရေးညံ့တတ်သည်။
၁၀။ သူတစ်ပါးကို ထောက်ပံ့ရသောကြောင့် ငွေများထွက်တတ်သည်။
၁၁။ အောက်လက်ငယ်သားများ မင်္ဂလာပြုတတ်သည်။
၁၂။ ခန္ဓာကိုယ်တစ်ခြမ်း အောင့် သကဲ့သို့ ရောဂါရ တတ် သည်။ စိုးရိမ်စရာမလိုပါ။ အလိုလိုပျောက်ကင်းမည်
၁၃။ နောက်သုံးလကြာလျှင် စီးပွားတတ်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ ထိုကိစ္စမအောင်မြင်ပါ။ လက်လျှော့လိုက်လျှင် အကောင်းဆုံးဖြစ်သည်။

၈။ စွမ်းအားရှင်

၁။ ဆိုင်ခန်းတစ်ခု ရရှိမည်။
၂။ သူတစ်ပါးကို အာမခံမိ၍ စိတ်ညစ်ရတတ်သည်။
၃။ သူတစ်ပါးအမှု လိုက်လံဆောင်ရွက်ရတတ်သည်။
၎။ မိမိ၌လည်း အမှုပေါ်တတ်သည်။
၅။ ကိုးကွယ်မှုဆိုင်ရာပစ္စည်းများ၊ အထူးသဖြင့် ဘုရားပုံ တော်များ ရောက်လာမည်။
၆။ အစားမှားခြင်းဖြစ်လိမ့မည်။ ဆင်ခြင်ပါ။
၇။ သူတစ်ပါးက မိမိအား မတရားစွပ်စွဲပြောဆိုခြင်း ခံရ မည်။ သည်းခံပါ။
၈။ ငွေဝင်လိမ့်မည်။ ဆက်တိုက်ဝင်လိမ့်မည်။
၉။ လုပ်ငန်း၌ ရန်ပေါ်တတ်သည်။
၁၀။ အမွေအတွက် စကားပြောရတတ်သည်။ မြေနေရာကို အကြောင်းပြု၍လည်း စကားပြောရမည်။
၁၁။ ခြေလက်ခိုက်မိ၍ သွေးထွက်သံယိုဖြစ်တတ်သည်။
၁၂။ လုပ်သမျှကိုင်သမျှ အလွဲလွဲချော်ချော်ဖြစ်လိမ့်မည်။
၁၃။ သူတစ်ပါးက မိမိအား မကောင်းသော ပယောဂအတတ် ဖြင့် ပြုစားထားသကဲ့သို့ စိတ်၌ ခံစားရလိမ့်မည်။

လတ်တလောကိစ္စအတွက်မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်နိုင်ပါ။ တစ်စုံတစ်ယောက်၏ ဟန့်တားနှောင့်ယှက်မှုတွေရလိမ့်မည်။

၉။ ပုဏ္ဏားဘကွန်း

၁။ နိုင်ငံခြားခရီး၊ ရပ်ဝေးခရီး သွားရမည်။
၂။ လက်ဆောက်ပစ္စည်းများ ရောက်လာမည်။
၃။ အမိအဖမျက်စိရောဂါ ကုပေးရလိမ့်မည်။
၎။ မိမိကိုယ်တိုင်လည်း မျက်စိအားနည်း၍ မျက်မှန်တပ်ရမည်။
၅။ ဘာသာရေးကို ဖိဖိစီးစီးလုပ်ပါ။ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန် ၀င်ခြင်းများ ပြုလုပ်ပါ။ အကျိုးထူးတော့မည်။ အထက် ပုဂ္ဂိုလ် မ လိမ့်မည်။
၆။ ပညာထူးရတတ်သည်။
၇။ ဆရာသမား၊ အကြီးအကဲ မ စလိမ့်မည်။
၈။ အရေးမကြီးသောအြောင်းအရာကြောင့် စကားများ တတ်သည်။ ၉။ စက်အသစ်တစ်ခု ၀င်လိမ့်မည်။
၁၀။ အိမ်တွင်ဆွထားသော နတ်အုန်းသီး အစို့ပေါက်လိမ့်မည်။
၁၁။ ငွေရှာ၍ လွယ်သောအချိန်ဖြစ်သည်။
၁၂။ ယခုလက်ရှိလုပ်နေော အလုပ်၌ မပျော်ပိုက်ဘဲရှိလိမ့်မည်။ အမြန်းဆုံးထွက်လိုက်ပါ။
၁၃။ အနှောင့်အယှက်များ ရှိပါသည်။ သို့သော် သင့်ကို ဒုက္ခ ပေးနိုင်သော အနှောင့်အယှက်များ မဟုတ်ပါ။
၁၄။ အိမ်အနောက်ပိုင်းကို ပြင်ရလိမ့်မည်။ ပြင်ရလျှင်လည်း အလွန်ကောင်းပါသည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။ မျက်မှန်နှင့်လူ ကူညီလိမ့်မည်။ ရဲရဲသာလုပ်ပါ။

၁၀။ ကံကြမ္မာလှည်းဘီး

၁။ အပြောင်းအရွှေ့ဖြစ်မည်။ အိမ်ပြောင်း၊ အလုပ်ပြောင်းများပေါ်မည်။
၂။ ရေပိုက်များပြင်ရမည်။ ရေနှင့်ပတ်သက်၍ စိတ်ညစ်ရ တတ်သည်။
၃။ အိမ်ထောင်ဖက် ဖျားနာမည်။
၎။ ကလေးရှိက အမြင့်မှ လိမ့်ကျတတ်သည်။
၅။ ပညာရေး (သို့) မိန်းမတစ်ယောက်အတွက် သောက ရောက်ရတတ်သည်။
၆။ ထူးခြားသောဓာတ်ပုံတစ်ခု ၀င်လာမည်။ ၀င်ပြီးက လူ နှစ်ယောက် အိမ်တွင်လာရောက်တည်းခိုမည်။ ကောင်း၏
၇။ ဆေးရုံတက်၍ ရောဂါတစ်ခု ကုသရတတ်သည်။
၈။ သူတစ်ပါးကို ငွေစိုက်၍ လျော်ရမည်။ ငွေအတွက် စိတ်
၉။ အိုးသစ်အိမ်သစ်ဆောက်ရမည်။ အိမ်ပြင်ရမည်။
၁၀။ ခရီးမထွက်ချင်ဘဲ ခရီးထွက်ရမည်။
၁၁။ မျက်စိ၌ ဥပဒ်ရောက်မည်။ သူတစ်ပါးကိစ္စ မိမိဝင်ပါ ရမည်။
၁၂။ ရာထူးတက်ခြင်း၊ လာဘ်ရွှင်ခြင်းဖြစ်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ ထိုကိစ္စ အောင်မြင်ပါလိမ့်မည်။ သို့သော် အပြောင်းအလဲအနည်းငယ် ဖြစ်ပါလိမ့်မည်။

Friday, December 10, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels