Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ခိုနှင့်တူသောလူတစ်ယောက်အတွက်ယတြာ

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းရှိရာ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ဥုမ်သဟာဗေဒင်ဟာခန်း ရှိရာသို့ အသက်အရွယ်အားဖြင့် (၂၅)နှစ်ခန့်မျှသာ ရှိသေးသော မောင်အောင်စိုးဆိုသော ကောင်လေးတစ်ဦး ရောက်ရှိ လာလေ၏။ ထိုမောင်အောင်စိုးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်လျှင်ရောက်ခြင်း အုပ်နံရံကို မှီ၍ ခြေပစ်လက်ပစ် ထိုင်လေတော့။ ရောက်လျှင်ရောက်ခြင်း ၎င်းက...

စိတ်ညစ်တယ်ဆရာရေ...။ စိတ်ညစ်လိုက်တာဟု စတင်၍ ခိုးသတ္တ၀ါများ အရှုံးပေးရလောက်အောင် စတင်၍ ငြီးတွားလေတော့၏။ ထိုအခါ ကျွန်ုပ်က ဘယ်လိုဖြစ်တာလဲ မောင်အောင်စိုးရဟု ပြန်မေးလိုက်လေရာ မောင်အောင်စိုးက...

ဒီလိုပါဆရာရဲ့။ ကျွန်တော်က အခုတလော ဘယ်လိုဖြစ်တယ်မသိပါဘူး။ ကျွန်တော့်ရင်တွေ အရမ်းပူနေတယ်။ အရာအားလုံးဟာ စိတ်ညစ်စရာတွေ။ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ပူလောင်စရာတွေနဲ့ချဉ်း ဖြစ်နေသလိုပဲ။ ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးတောင် ၀တ်နေချင်စိတ်ဖြစ်မိတယ် ဆရာရယ်။ လောကကြီးကို စိတ်ကုန်မိတယ်။ တစ်ခါတစ်လေတော့လည်း ဆရာတို့လို စိတ်အေးချမ်းသာစွာ နေထိုင်ချင် စိတ်ဖြစ်မိတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ လူ့လောကကြီးကို အပူခံ ငရဲခံများ ရောက်လာသလားမှတ်ရတယ် ဆရာရေဟု လောကကြီးကို စိတ်ကုန်နေသော လေသံဖြင့် ပြောလေတော့၏။

မောင်အောင်စိုးရဲ့။ စိတ်အေးချမ်းသာခြင်းဆိုတာ ဘုန်းကြီးကျောင်းမှာရှိတယ်လို့ မင်းက ထင်နေတာလား မောင်ရင်ရဲ့။ စိတ်ဆိုတာက ဘယ်မှာရှိတာလဲ။ ဘုန်းကြီးကျောင်းမှာ ရှိတာလား။ ကိုယ်လူရင်ထဲမှာ ရှိတာလားဟု ကျွန်ုပ်က ပြန်မေးလိုက်လေရာ မောင်အောင်စိုးက ...။

စိတ်ဆိုတဲ့အရာကတော့ ဘုန်းကြီးကျောင်းမှာ ဘယ်ရှိပါ့မတုန်း ဆရာရဲ။ ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ ရှိတော့မပေါ့ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

အေးလေကွာ။ ကိုယ့်ကိုထဲမှာရှိတဲ့ စိတ်ဆိုတဲ့အရာကို အေးငြိမ်းစေချင်တယ်ဆိုရင် ဘုန်းကြီးကျောင်းရယ်လို မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို အေးငြိမ်းအောင် လုပ်လို့ရပါတယ်ကွ။ လူတော်တော်များတော့ ဘုန်းကြီးကျောင်းမှ ၊ရိပ်သာမှ၊ ဘုရားမှ စိတ်အေးချမ်းအောင် လုပ်လို့ရတယ်လို့ ထင်တတ်ကြတာကိုး။ အဲဒီနေရာတွေကို သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ငါတို့မှာက ဃရာဝါသ ကိစ္စများမြောင်လူတို့ ဘောင်ကိုးကွ။ သားကျွေးမှု့ မယားကျွေးမှု့တွေကလဲ မဖြစ်မနေ ထမ်းဆောင်နေရတဲ့ တာဝန်တွေကလည်း ရှိသေးတယ်လေကွာ။ အဲဒီတော့ မင်းတို့ပြောတဲ့ နေရာတွေကိုတော့ အမြဲမပြတ် ဘယ်သွားနေနိုင်ပါ့မလဲဟု ပြန်ပြောလိုက်လျှင် မောင်အောင်စိုးက...

အရေးကြီးတာက စိတ်အေးချမ်းချင်တယ် ဆရာ။ စိတ်အေးချမ်းစွာ နေထိုင်နိုင်မယ့် နည်းလေးများရှိရင် မ-စ စမ်းပါ ဆရာသမားရယ်ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ရှိတာပေါ့ကွာ။ မင်းက ပြောဆိုတော့လည်း ပြောပြရတာပေါ့ကွာ။ ဒီအကြောင်းကို မပြောခင် မင်းကို ဥပမာလေးတစ်ခု အရင်ပြောပြရဦးမယ်ကွ။ မင်း ပန်းပုထုတဲ့ ဆိုင်တွေဘာတွေရောက်ဖူးလား။ မြင်ဘူး၊ တွေ့ဘူးလားဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်အောင်စိုးက..

တွေ့ဘူးယုံတင် ဘယ်ကမလဲ ဆရာသမားရဲ့။ ကျွန်တော်တို့ မျိုးရိုးကိုက ပန်းပုမျိုးရိုးပဲ။ ပန်းပုအကြောင်း ကျွန်တော်ကောင်းကောင်းသိတာပေါ့။ ကျွန်တော် အဖေလည်း ပန်းပုဆရာ။ ကျွန်တော် အဘိုးလည်း ပန်းပုဆရာ။ မမြင်လိုက်ရတဲ့ ကျွန်တော့်အဘိုးရဲ့ အဖေလည်း ပန်းပုပညာရှင်ပဲ။ ကျွန်တော်တို့ အကိုတွေအမတွေလည်း ပန်းပုဆိုင်နဲ့ စီးပွားရှာနေကြတာ။ ကျွန်တော်သာ စောစောစီးစီး အိမ်ထောင်ကျပြီး ထိုင်းနိုင်ငံရောက်နေတာဟု ပြန်ပြောလေ၏။

မင်းက သစ်သားတုံးတစ်တုံး ယူသွား။ ပြီးရင် ပန်းပုထုတတ်တဲ့ လူကို ယုန်ရုပ်တစ်ရုပ်ထုခိုင်းကွာ။ ပြီးတော့ အဲဒီပန်းပုဆရာက ယုန်ရုပ်ထုနေတာကို မင်းက ဘေးကနေ သေသေချာချာ ကြည့်နေ။ အဲဒီမှာ ပန်းပုဆရာက ယုန်ရုပ်ထုလိမ့်မယ်ကွ။

အမှန်က ပန်းပုဆရာက ယုန်ရုပ်ထုနေတာ မဟုတ်ဘူးကွ။ ယုန်ရုပ်မဖြစ်မယ့် အသားတွေကို ဖဲ့ချနေတာ မဟုတ်လား။ ဆောက်နဲ့ လက်ရိုက်နဲ့ ဖဲ့ချနေတာ။ အဲဒီလို မလိုတာတွေ ပိုနေတာတွေကို ဖဲ့ချနေရင်းကနေ တဖြေးဖြေးနဲ့ မင်းအလိုရှိတဲ့ ယုန်ရုပ်က ပေါ်လာတာမဟုတ်လား။

အဲဒိလိုပဲ ကိုယ်လူရေ...။ မင်းက စိတ်အေးချမ်းသာစွာ နေထိုင်ချင်တယ်ဆိုရင် စိတ်အေးချမ်းသာခြင်းကို တကူးတက အပင်ပန်းခံပြီး ရှာဖွေနေစရာ မလိုဘူးကွ။ စိတ်ပူပန်စရာတွေကို တဖြေးဖြေးခြင်း ဖဲ့ထုပ်ပစ်ရမှာ။ အဲဒီမှာ မင်းအလိုရှိနေတဲ့ စိတ်အေးချမ်းသာခြင်းက အလိုလိုပေါ်လာမှာပေါ့။ အဲဒီတော့ မင်းရဲ့ စိတ်ကို ပူလောင်စေတဲ့ လောင်မြိုက်စေတဲ့ အရာတွေကို တဖြေးဖြေးခြင်း ဖဲ့ထုပ်ပစ်လိုက်စမ်းပါ မောင်အောင်စိုးရယ်။ စိတ်အးချမ်းသာခြင်းကို အပြင်မှာ ရှိမယ်ထင်ပြီး လိုက်မရှာနဲ့ကွ။ လိုက်ရှာနေရင်တော့ ရှာဖွေခြင်းဆိုတဲ့ ဒုက္ခတစ်ခု တိုးလာတာပဲ အဖတ်တင်မယ်ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်အောင်စိုးက..

သဘောပေါက်ပြီဆရာရေ။ ကျွန်တော် ဒီနေ့ကစပြီး ကျွန်တော်ရင်ထဲမှာရှိနေတဲ့ ကိန်းအောင်းနေတဲ့ ကျွန်တော်စိတ်ကို ပူလောင်စေတဲ့ လောင်မြိုက်စေတဲ့ အရာတွေကိုတဖြေးဖြေးခြင်းနဲ့ ဖဲ့ထုပ်ပစ်မယ်ဆရာရေ။ မဝေးတဲ့တစ်နေ့ကျရင် ကျွန်တော် အလိုရှိနေတဲ့ စိတ်အေးချမ်းသာမှု့ဟာ ကျွန်တော်ရင်ထဲကို အလိုလိုနေရင်း ရောက်လာမှာဆိုတာ ကျွန်တော်ကောင်းကောင်း သဘောပေါက်သွားပြီ။ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ စကားမစပ် ယတြာကောမရှိဘူးလား ဆရာရယ်။ ယတြာရှိရင် ယတြာလည်း ချေချင်ပါတယ်ဟု အထွန့်တက်လေသောကြောင့် ကျွန်ုပ်သည် ဘ၀၏ မီးတောက်မီးလျှံများကို ထိမ်းချုပ်စေသော အောက်ပါ အင်းစမတော်ကို မောင်အောင်စိုးအား ပေးလိုက်လေတော့သတည်း။

(ကျွန်ုပ်၏ ချစ်လှစွာသော စာဖတ်သူများခင်ဗျား။ သင်၏ စိတ်များသည် လွန်စွာ ပူလောင်လောင်မြိုက်နေပါက အထက်ပါ အင်းစမတော်ကို ဖယောင်းတိုင်မှာ ပတ်၍ မီးထွန်းဆုတောင်းပါလေ။ ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင် ပူလောင်နေသော သူများကို အထက်ပါ စမတော်ဖြင့် အင်းဖယောင်းတိုင်လုပ်၍ မီးထွန်းပေးဖူးသော အကြိမ်များလှပြီ။ အေးချမ်းသွားသည်ကို သင်ကိုယ်တိုင် ကြုံတွေ့ရပါမှ ကျွန်ုပ်အား ကျေးဇူးတင်ပါလေ။)

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Sayaheintintzaw@gmail.com(အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

Tuesday, December 7, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels