Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

သင့်၏ ဘ၀ခရီးလမ်းအတွက် ထူးဆန်းသောစကား(၂၆)ခွန်း

၁။ အချစ်ရေးကိစ္စ အဆင်မပြေဘူးဆိုရင်- လိုလာ ဆိုတဲ့ စကားကို (၁၂)ခွန်းရွတ်ဆိုပါ။

၂။ ငွေရေးကြေးရေး အဆင်မပြေဘူးဆိုရင်- တြင်ကာ ဆိုတဲ့ စကားကို(၅)ခွန်းရွတ်ဆိုပါ။

၃။ စကားငြင်းခုန်ရမယ့် ကိစ္စအတွက်ဆိုရင် အနိုင်ရဖို့အတွက် ဆိုရင်- အွန်ရာ ဆိုတဲ့ စကားကို(၃)ခွန်းရွတ်ဆိုပါ။

၎။ ပစ္စည်းပျောက်တဲ့အခါမှာ ဆိုရင်- ယာနို ဆိုတဲ့ စကားကို(၁၀၁)ခွန်းရွတ်ဆိုပါ။

၅။ တစ်စုံတစ်ခုကို မေ့နေခဲ့တယ်ဆိုရင်- မိုအင်ဒု ဆိုတဲ့ စကားကို(၁၄)ခွန်းရွတ်ဆိုပါ။

၆။ အကြောင်းအရာ တစ်ခုကို မေ့နေခဲ့တာဆိုရင် - ဇင်းဒါး ဆိုတဲ့ စကားကို(၁၂)ခွန်းရွတ်ဆိုပါ။

၇။ စကားဝှက်တွေ ဘာတွေ ဖြေဆိုဖို့ ဆိုရင်တော့ - လနစ် ဆိုတဲ့ စကားကို(၁၉)ခွန်းရွတ်ဆိုပါ။

၈။ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေ တွေ့တယ်ဆိုရင်တော့ - အော့်တဝေး ဆိုတဲ့ စကားကို(၂၀)ခွန်းရွတ်ဆိုပါ။

၉။ လွတ်မြောက်ဖို့ ကိစ္စအတွက် ဆိုရင်တော့ - အရွန် အရွန် လောက်စ် ဆိုတဲ့ စကားကို(၄၁)ခွန်းရွတ်ဆိုပါ။

၁၀။ အကူအညီ လိုအပ်တဲ့အ ခါမျိုးတွေ ဆိုရင်တော့ - အရွန် အရွန် ဆိုတဲ့ စကားကို(၄၁)ခွန်းရွတ်ဆိုပါ။

၁၁။ ကစားပွဲတွေ ဘာတွေ နိုင်ဖို့ဆိုရင်တော့ - တာဗားနိုး ဆိုတဲ့ စကားကို(၃၁) ခွန်းရွတ်ဆိုပါ။

၁၂။ နာကျင်တဲ့အခါမျိုးမှာ အနာသက်သာစေဖို့ ဆိုရင်တော့ - ဆွာဆွန် ဆိုတဲ့ စကားကို(၈)ခွန်းရွတ်ဆိုပါ။

၁၃။ မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အော်မား လို့(၇)ခွန်းရွတ်ဆိုပါ။

၁၄။ ပညာဥာဏ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အိုဝါယီး လို့(၂၂)ခွန်းရွတ်ဆိုပါ။

၁၅။ အချိန်ဆွဲလိုတဲ့ ကိစ္စတွေမှာ ဟစ်(စ်) လို့(၄၉)ခွန်းရွတ်ဆိုပါ။

၁၆။ ရိုသေခန့်ညားမှု အတွက်ဆိုရင် လင်(န်)ရားမ လို့(၇၁)ခွန်းရွတ်ဆိုပါ။

၁၇။ ကျန်းမာရေးကောင်းဖို့ အတွက်ဆိုရင် ဗရီးမား လို့(၁၆)ခွန်းရွတ်ဆိုပါ။

၁၈။ တန်ခိုးသိဒ္ဓိတွေ နားလည်ဖို့ကိစ္စတွေမှာ အော်ကွန်ဒေါ လို့(၆၃)ခွန်းရွတ်ဆိုပါ။

၁၉။ တန်ခိုးသိဒ္ဓိတွေကို ထိန်းချုပ်ဖို့ကိစ္စတွေမှာဆိုရင် အွန်ရာမား လို့(၉)ခွန်းရွတ်ဆိုပါ။

၂၀။ လွမ်းဆွတ်တမောဖွယ်ရာ တွေအတွက်ဆိုရင် လျှိုရတ်(စ်) လို့(၂)ခွန်းရွတ်ဆိုပါ။

၂၁။ အိမ်ထောင်ရေး အဆင်ပြေဖို့အတွက်ဆိုရင် တာဂျူရယ် ဆိုပြီး (၁၅)ခွန်းရွတ်ဆိုပါ။

၂၂။ ခွန်အားသစ်တွေ ရဖို့အတွက်ဆိုရင် အတုံ၊ အတုံ ဆိုတဲ့စကားကို(၄၅)ခွန်းဆိုပါ။

၂၃။ တင်းကျပ်မှုတွေကို ဖြေလျှော့ဖို့အတွက်ဆိုရင် ဆွာ၊ဆွာ၊ဆွန် ကို(၃၄)ခွန်းရွတ်ဆိုပါ။

၂၄။ တစ်ဦးနှင့်တစ်ဦး အကြိတ်အခဲတွေ ပြေပျောက်သွားဖို့ဆိုရင် အော်လတ် လို့(၉၂)ခွန်းရွတ်ဆိုပါ။

၂၅။ လူငယ်လူရွယ်တွေနဲ့ ပတ်သတ်တဲ့ ကိစ္စတွေပြေလည်ဖို့ဆိုရင် လိုအာမတ် ကို(၂၁)ခွန်းရွတ်ဆိုပါ။

၂၆။ ကျန်းမာရေးအတွက်ဆိုရင် ဗရီမာ ဆိုတဲ့စကားကို(၁၁)ခွန်းဆိုပါ။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

Wednesday, November 3, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels