Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ကြီးပွား ချမ်းသာ အောင်မြင်ချင်သူများအတွက်

လိုအင်ပြည့်ရာ ပဒေသာ အဓိဋ္ဌာန်ပုတီးစိပ်။

လူတိုင်း လူတိုင်းကတော့ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတာချဉ်းပဲ။ ကျွန်တော် အပါအ၀င်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် စီးပွားရေး အခြေအနေ အလုပ်အကိုင် နေ့ရပ်ဒေသသာ ကွာခြားချင် ကွာခြားမယ်။ နောက်ဆုံးမှာ လူတိုင်းရဲ့ ဦးတည်ချက်ကတော့ အောင်မြင်ဖို့ ၊ ကြီးပွားဖို့ ၊ ချမ်းသာဖို့ပါပဲ။ နောက်ဆုံး လူသားတွေရယ်လို့ ဖြစ်လာရင် တိုးတက်အောင်မြင်ဖို့ လုပ်တာကိုပင် လူသားတွေရဲ့ သမိုင်းပေး တာဝန်တစ်ခုလို့တောင် ပြောဆိုကြတယ်။

အဲဒီတော့ မချမ်းသာချင်ကြတဲ့ လူရယ်လို့ မရှိသလောက်ပါပဲ။ မအောင် မြင်ချင်ကြတဲ့ လူရယ်လို့ မရှိသလောက်ပဲ။ ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အလွှာအသီးသီးက လူတွေကို တစ်ယောက်ခြင်း တစ်ယောက်ချင်း လိုက်မေးကြည့်ပါလား။

မင်းသား မင်းသမီးတွေကော မအောင်မြင်ချင်ဘူးလား....?
စာရေးဆရာဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
အဆိုတော်တွေကော မအောင်မြင်ချင်ဘူးလား...?
ဈေးသည်တွေကော မအောင်မြင်ချင်ဘူးလား...?
ကျောင်းဆရာဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
သူဋ္ဌေးကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
သူဋ္ဌေးလေးတွေကောဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
ကန်ထရိုက်တာကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
အစိုးရ၀န်ထမ်းတွေကော မအောင်မြင်ချင်ဘူးလား...?
လယ်သမားတွေကော မအောင်မြင်ချင်ဘူးလား...?
ဆိုက်ကားသမားတွေကော မအောင်မြင်ချင်ဘူးလား...?
သူတောင်းစားတွေကော မအောင်မြင်ချင်ဘူးလား...?
ဗေဒင်ဆရာတွေကော မအောင်မြင်ချင်ဘူးလား...?
ကျောင်းသူကျောင်းသားတွေကော မအောင်မြင်ချင်ဘူးလား...?
ရဟန်းသံဃာတွေကော မအောင်မြင်ချင်ဘူးလား...?

အကုန်လုံး လိုက်မေးကြည့်လိုက်ရင် အကုန်လုံးက တူညီတဲ့ အဖြေတစ်ခုက အကုန်လုံး အောင်မြင်ချင်ကြတာပဲ။ လူချင်း မတူလို့ မူခြင်းမတူတာ လောက်ပဲ ရှိမယ်။ ခံယူချက်ခြင်း မတူလို့ အောင်မြင်ချင်တဲ့ ပုံစံခြင်း မတူတာလောက်ပဲ ရှိမယ်။ သေချာတာ တစ်ခုကတော့ လူတိုင်းနီးပါးလောက်က အောင်မြင်ချင်ကြတာပဲလေ။ ဒါကလည်း အဖြစ်သင့်ဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အောင်မြင်ခြင်းဟာ ချိုမြိန်တယ်။ ကျရှုံးခြင်းဟာ ခါးသီး တယ်လေ။ ပြည့်စုံခြင်းဟာ စိတ်ချမ်းသာမှု့ကို ဖြစ်စေပြီး ဆင်းရဲခြင်းဟာ စိတ်သောကတွေကို မွေးဖွားစေတယ်။

ဆင်းရဲခြင်းဟာ အိပ်ပျက်ညတွေကို ဖြစ်စေပြီး ချမ်းသာခြင်းကတော့ ကောင်မွန်စွာ အိပ်စက်နိုင်စေတယ်။ ချမ်းသာခြင်းက လူတွေကို ထမင်းမြိန်စေပြီး ဆင်းရဲခြင်းကတော့ အစားအသောက် ပျက်စေတယ်။ ချမ်းသာခြင်း ကအပေါင်းအသင်း အခြွေအရံတွေကို ပေါများစေပြီး ဆင်းရဲခြင်းကတော့ ဘ၀ကို အထီးကျန်စေတယ် ၊ တစ်ယောက်ထဲ အဖော်မဲ့စေတယ်။ ဆင်းးရဲခြင်းက ရောဂါတွေကို ထူပြောစေပြီး ပြည့်စုံခြင်းက ရောဂါတွေကို ကင်းဝေး ပျောက်ကင်းစေတယ်။

အဲဒီတော့ ချမ်းသာတာ၊ ပြည်စုံတာ၊ အဆင်ပြေတာဟာ အရမ်းကောင်းတယ်။ အောင်မြင်တာဟာ အရမ်းကောင်း တယ်ဆိုတာ သိရပြီဆိုရင် ကျွန်တော်တို့ ချမ်းသာခြင်းဆိုတဲ့ အကြောင်ကို နည်းနည်းလောက် သုတေသနပြုကြည့်ဖို့ လိုလိမ့်မယ်။ တစ်ချို့ကတော့ လူချမ်းသာဖို့ မလိုဘူး ၊ စိတ်ချမ်းသာဖို့ အရေးကြီးတယ်လို့ ပြောကြတယ်။ အဲဒီစကားလေး တစ်ခွန်းမှာ ကျွန်တော် သဘောပါက်လိုက်တစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အော်.. ချမ်းသာခြင်းဆိုတာ နှစ်မျိုးရှိပါလား၊ တစ်ခုကတော့ စိတ်ချမ်းသာခြင်းနဲ့ နောက်တစ်ခုက လူချမ်းသာခြင်းဆိုတာပါလားလို့ ကျွန်တော် သဘောပေါက်သွားတယ်။

ကျွန်တော်တို့တွေက ချမ်းသာအောင် ကြိုးစားတဲ့အခါမှာ လူချမ်းသာဖို့ချဉ်း ကြိုးစားနေလို့ မရဘူး။ ကျွန်တော်တို့ ရဲ့ နှလုံးသာ သို့မဟုတ် စိတ်ဓာတ် အဲဒါကို ချမ်းသာအောင် လုပ်ဖို့လဲ အရေးကြီးတယ်ပေါ့။ အဲဒီ စိတ်ချမ်းသာ အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကတော့ နောက်မှ ကျွန်တော် အေးအေးဆေးဆေး ပို့တင်ချင်ပါသေးတယ်။ အခုလောလောဆယ်တော့ လူ့ဘ၀မှာ ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် နေထိုင်သွားနိုင်မယ့် နည်းလမ်းကို ပြောချင်တာ။

ချမ်းသာတယ်ဆိုတာ ငွေတွေအများကြီး ရှိနေတဲ့ လူကို ခေါ်တယ် ထင်တာပဲ။ ငွေတွေ အများကြီး ရှိနေတဲ့ လူက စာချင်တာတွေလဲ စားလို့ရတယ်။ အိပ်ချင်တဲ့ နေရာမှာ အိပ်လို့ရတယ်။ သွားချင်တဲ့ နေရာကို အစဉ်သင့် သက်တောင့်သက်သာ သွားလို့ရတယ်။ ၀ယ်ချင်တာတွေကို မစဉ်းစားဘဲ ၀ယ်လို့ရတယ်။ လှူချင်ရင်လဲ တန်းကနဲ လှူလို့ရတယ်နော်။ ပြောရရင်တော့ များပါတယ်။ ပိုက်ဆံတွေ အများကြီးရှိတဲ့ အများကြီး ပိုင်ဆိုင်ထား တဲ့ လူကို သူဋ္ဌေးလို့ ခေါ်ကြတာပဲ။

အဲဒီတော့ သူဋ္ဌေးဆိုတဲ့ ဘ၀က ဒီလောက်ကောင်းနေရင် ခင်ဗျားတို့ရော ကျွန်တော်ရော လုပ်ရအောင်ဗျာ။ ဒီနေ့က စပြီး ကျွန်တော်တို့တွေ သူဋ္ဌေး လုပ်ရအောင်။ မကောင်းဘူးလား။ ကောင်းတာပေါ့။ ဒါပေမယ့် ဟေ့ကောင်ရ သူဋ္ဌေးဆိုတာ လူတိုင်း လုပ်ချင်တိုင်း လုပ်လို့ ရတာမဟုတ်ဘူးကွ၊ ပိုက်ဆံ များများရှိမှ သူဋ္ဌေး လုပ်လို့ ရတာ၊ မင်းမှာ ပိုက်ဆံ များများ ရှိလို့လားလို့ တစ်ယောက်က ကျွန်တော်ကို ပြန်မေးလာခဲ့ရင် ဒါဆို ကျွန်တော် ပိုက်ဆံများများ ရအောင် ရှာမယ်ဗျာ။ ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ ကျွန်တော်တို့ တတွေအတွက် အရေးကြီးနေတာက သူဋ္ဌေး ဖြစ်အောင် လုပ်ဖို့ပဲလေ။

ကျွန်တော်တို့ ရှာမယ်လို့ပြောတဲ့ ပိုက်ဆံဆိုတဲ့ အရာက လောကကြီးမှာ ရှိတဲ့ အရာလား ၊ မရှိတဲ့အရာလား ခင်ဗျား စဉ်းစားပေါ့။ လောကကြီးမှာ မရှိတဲ့ အရာဆိုရင်တော့ ခင်ဗျား လိုက်ရှာနေလို့လည်း အပိုပဲနေမှာ။ နဂိုကတည်းက ရှိမှ မရှိတာ။ လောကကြီးမှာ အရင်ကတည်းက ရှိနေတဲ့အရာဆိုရင်တော့ သေချာပေါက် တွေကို တွေ့မှာ ၊ ရကို ရမှာပါ။ အဲဒီတော့ လောကကြီးမှာ ပိုက်ဆံတွေ ဒီလောက်ပေါတာ ခင်ဗျား ရှာမယ်ဆိုရင် သေချာပေါက် ရကိုရမယ်။ ကျွန်တော် အာမခံတယ်။

မိတ်ဆွေတို့တတွေ အတွက် ကျွန်တော်က မုချ ကြီးပွားချမ်းသာစေမဲ့ နည်းလမ်းတစ်ခုလောက် ကျွန်တော်ပြောပြ ချင်တယ်။ အဲဒါက အဓိဋ္ဌာန် ၀င်တဲ့ နည်းပါ။ ဒါပေမယ့် ဒီအဓိဋ္ဌာန်က ဘာသာရေးနဲ့ မပါတ်သက်ဘူး။ ဒါကြောင့် ဒီအဓိဋ္ဌာန်ကို မည်သည့် ဘာသာဝင်မဆို ၀င်လို့ရတယ်။ နောက် ဆောင်ရန် ရှောင်ရန်တွေ ဘာမှ မလိုဘူး။ လွတ်လတ် ပေါ့ပါးတဲ့ စိတ်နဲ့ လုပ်မယ်ဆိုရင် သေချာပေါက် တစ်နေ့မှာ အောင်မြင်တဲ့ ပြည့်စုံတဲ့ ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်လာမယ်ဆိုတာကို ကြိုတင်ပြီးတော့ ပြောပြလိုက်ရပါတယ်။

လိုအင်ပြည့်ရာပဒေသာအဓိဋ္ဌာန်ပုတီးစိပ်။

ဒီအဓိဋ္ဌာန်မှာ ပုတီးစိပ်ရမယ့် အဆင့် (၉)ဆင့်ရှိပါတယ်။ ပုတီးကတော့ တစ်ရာ့ရှစ်လုံး ပုတီးနဲ့ စိပ်ရမယ်။ ပုတီးစိပ် ရမယ့် အဆင့်ကိုးဆင့်ကို အလွယ်မှတ်လို့ ရအောင် အောက်မှာ လင်္ကာလေးနဲ့ လုပ်ထားတယ်။ တစ်ချက်လောက် မှတ်ထားလိုက်ဗျာ။

အပ် ၊ ဆက် ၊ ဖြည့် ၊ ၀င် ၊ ရ ၊ ဖန် ၊ မိန့် ၊ ရှင် ၊(နှင့်) မိမိအလိုရှိရာ။

အပ်...ဆိုသည်မှာ
““ ငါဟာ စကြာဝဠာ မနောဓာတ်ကြီးထံမှာ ငါ့ကိုယ့်ငါ အပ်နှံထားလိုက်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဆက်....ဆိုသည်မှာ
“ ငါနဲ့ စကြာဝဠာ မနောဓာတ်ကြီးဟာ ဆက်သွယ်မိနေပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဖြည့်...ဆိုသည်မှာ
“ ငါ့ ခန္ဓာကိုယ်ထဲကို စကြာဝဠာ မနောဓာတ်ကြီက တန်ခိုးသိဒ္ဓိတွေ (သို့) ငါအလိုရှိတာတွေကို ဖြည့်ဆည်း ပေးနေ ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဝင်...ဆိုသည်မှာ
“ ငါ့တစ်ကိုယ်လုံးမှာ ရှိတဲ့ ကလပ်စည်းတိုင်းကို စကြာဝဠာ တန်ခိုး သိဒ္ဓိတွေ (သို့) ငါအလိုရှိတာတွေ ဖြတ်သန်းဝင် ရောက်နေပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ရ...ဆိုသည်မှာ
“ ဒါကြောင့် ငါအလိုရှိရာတွေကို ရယူနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဖန်...ဆိုသည်မှာ
“ ဒါကြောင့် ငါ အလိုရှိတာတွေကို ဖန်ဆင်းနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

မိန့်..ဆိုသည်မှာ

ရှင်...ဆိုသည်မှာ
“ ဒါကြောင့် ငါဟာ လူအပေါင်းကို ကယ်တင်နိုင်တဲ့ တန်ခိုး သိဒ္ဓိရှင် ဖြစ်ပြီ ၊ (သို့) ငါအလိုရှိတာတွေရဲ့ အရှင် သခင်ဖြစ်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

မိမိအလိုရှိရာ...ဆိုသည်မှာ
လတ်တလော အလိုရှိရာ ကိစ္စကို ရွတ်ဆို၍ ပုတီးစိပ်ရမည်။ ဥပမာ “ ငါဟာ အိမ်တစ်လုံး ရရှိနေပြီ ၊ ငါဟာ ကားတစ် စီးရရှိနေပြီ ၊ ငါ့ရဲ့ ဗေဒင် ဟောခန်းမှာ လူတွေ တန်းစီနေပြီ ၊ ငါ့ရဲ လုပ်ငန်း အရမ်းအောင်မြင်နေပြီ အစရှိသည်ဖြင့် ရွတ်ဆို၍ ပုတီးစိပ်ရပါမည်။

ကဲ... မိတ်ဆွေများခင်ဗျာ... မုချ ကြီးပွားတိုးတက် အောင်မြင်ချင်ကြပါက ယခု ဖော်ပြထာားသော အဓိဋ္ဌာန် ပုတီးစိပ်နည်းဖြင့် ကြိုးစားကြပါကုန်။ ကြိုးစား အာထုပ်၍ အောင်မြင်မှု့များ ရရှိလာ၍ ကျေးဇူးတင်ချင်သည် ဆိုခြားအံ့။ ကျွန်ုပ်ကို ကျေးဇူး မတင်ပါနှင့်။ ဤနည်းကို သင်ကြားပြသပေးခဲ့သော ဆရာဖြစ်သည့် အဘဒေါက်တာ မင်းသိင်္ခအား ကျေးဇူးတင်ကြပါကုန်...........

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
heintinzaw8@gmail.com

Sunday, November 7, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels