Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ချမ်းသာကြွယ်ဝချင်သူများအတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၁)

ခရာဇ်တော်ကို အကြောင်းပြု၍ ရေးထိုးတဲ့ ၁၉၉၉ ခု၊ ဧပရာယ်လ ၃ ရက်နေ့၊ ဧပြီလဟာ ထူးခြားတဲ့ လပါပဲ။ မြန်မာ လူမျိုးတွေအဖို့ သင်္ကြန်ပွဲ တော်ကြီးနဲ့ ကြုံကြိုက်နေပါတယ်။ ဥရောပတိုက်မှာတော့ ဧပရာယ်လဆန်း (၁)ရက်နေ့မှာ ဧပရာယ်ဖူးလ်လို့ ခေါ်တဲ့ ဧပြီ အရူးလုပ်တဲ့ လပါပဲ။ သစ်ကိုင်းတွေကနေ သစ်ရွက်တွေ ကြွေပြီးတော့ ကိုင်းခြောက်မဲမဲ ကြီးတွေ ဘ၀ကို ဧပရာယ်လမှာ တွေ့ရပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ မေလထဲကို ၀င်ပြီးတော့ မိုးရိပ်ညိုညို မိုးသားမည်းမည်းတွေက ဤမြေကမ္ဘာကို မိုးစက်မိုးပေါက်တွေ လက်ဆောင်ပေးပါတယ်။ အဲဒီအခါမှာ ခမ်းခြောက်နေတဲ့ အိုင်တွေ၊ ချောင်းတွေ၊ မြစ်တွေ၊ ရေတဖွေးဖွေးနဲ့ သဘာဝတရားကြီးက လှပတင့်တယ်အောင် ဖန်ဆင်းလုပ်ဆောင်တော့မယ့် အချိန်ကာလရဲ့ အကူး အချိန်ပါပဲ။ ဒီအချိန်မှာ အခုပြောမယ့်စကားဟာ အပြင် အများပရိသတ်ကို ပြောမယ့်စကား မဟုတ်ပါဘူး။

ကျုပ်ရဲ့တပည့် အပေါင်းကို သိဒ္ဓိနဲ့ ပတ်သက်တဲ့ စကား ပြောချင်လို့ စီစဉ်ရတာပါပဲ။ သိဒ္ဓိလို့ ပြောလိုက်တာနဲ့ ဘယ်လိုနားလည်သလဲဆိုရင် တစ်စုံတစ်ယောက်ထံကနေ တောင်းယူရမယ်လို့ နားလည်ကြတယ်။ သိဒ္ဓိဆိုတဲ့ စကားနဲ့ အတူ နောက်က တောင်း...ဆိုတာပါတယ်။

ဥပမာဆိုပါတော့။ အိန္ဒြိယပြည်က ဆိုင်းဘာဘာလို သိဒ္ဓိပေါက်ပြီးသား ပုဂ္ဂိုလ်ဆီကနေတော့ တောင်းရမယ် ထင်မှတ်ပြီး ဆိုင်းဘာဘာပုံတွေ ပြာတွေ ခေါင်းရင်းမှာထားပြီး ဘာဘာကြီးပေးပါဆိုပြီး တောင်းတယ်။ အဲ... အဘဘိုးမင်းခေါင်ဆီက တောင်းရမယ်။ ဘိုးဘိုးအောင်ဆီက တောင်းရမယ်။ ယက်ကန်းစင်တောင် ဆရာတော်ဆီက တောင်းရမယ်။ ဗားမဲ့ဆရာတော် ဘုရားကြီးဆီက တောင်းရမယ်စသည်ဖြင့် သိဒ္ဓိလို့ ပြောလိုက် တာနဲ့ တောင်း တောင်း တောင်းဆိုတာတွေ ပါနေတယ်။

အခုပြောမယ့် စကားမှာ တောင်းတာတစ်ခုမှ မပါပါဘူး။ အခုပြန်ပြီး စဉ်းစားကြည့်စမ်းပါ။ အဲဒီ ဆိုင်းဘာဘာပဲ ဖြစ်ဖြစ် ၊ အဘဘိုးမင်းခေါင်ပဲ ဖြစ်ဖြစ်၊ ဘိုးဘိုးအောင်ပဲ ဖြစ်ဖြစ် ၊ ယက်ကန်းစင်တောင်ပဲ ဖြစ်ဖြစ် ၊ ဗားမဲ့ ဆရာတော်ဘုရားကြီးပဲ ဖြစ်ဖြစ် သူတို့မှာ သိဒ္ဓိတွေ မဟိဒ္ဓိတွေ ရှိတယ်ဆိုပါစို့။ သူတို့ ဘယ်သူ့ဆီက တောင်းထား တာလဲလို့ ပြန်ပြီးစဉ်းစားရင် တောင်းတဲ့ပစ္စည်းတွေ မဟုတ်ပါဘူး။ ကိုယ်တိုင် လုပ်ထားတာတွေပါ။

သူတို့လည်း ကိုယ်တိုင် လုပ်ထားတာ။ ကိုယ့်အလှည့်ကျမှ သူတို့ဆိက တောင်းရမယ်ဆိုတာ သဘာဝကျပါ့မလား။ မဖြစ်နိုင်ပါဘူး။ အဲဒိတော့ သိဒ္ဓိဆိုတဲ့ အရာဟာ တစ်စုံတစ်ယောက် ဆီကနေ တောင်းယူရမယ်။ တစ်စုံတစ်ဦး သော ပဂ္ဂိုလ်ဆီကနေ တောင်းယူရမယ့် ပစ္စည်းမျိုး မဟုတ်ပါဘူး။ ကိုယ့်ဟာကို လုပ်ရမယ့် အလုပ်၊ ကိုယ်တိုင် ရနိုင်တဲ့ အခွင့်အရေး တစ်ခုဆိုတာ နားလည်ပါ။ အဲဒီတော့ သိဒ္ဓိ ရရာရကြောင်း နည်းလမ်းတွေ ဘယ်လိုရှိသလဲလို့ တပည့်အပေါင်း သိချင်တယ် အဲဒါကြောင့်မို့လို့ ဒီနေရာကနေ ရှင်းပြမှာပါ။

သိဒ္ဓိဆိုတဲ့ အရာဟာ ကိုယ်တိုင်လုပ်ယူရမယ်။ဘယ်နားမှာ လုပ်ယုရမှာလဲ။ သဒ္ဓိအလုပ်က ဘာအလုပ်လဲ။ ရုပ်အလုပ်လား၊ စိတ်အလုပ်လားလို့ မေးရင် စိတ်အလုပ်လို့ နားလည် ကြမှာပါပဲ။ ကဲ.... စိတ်လို့ ဆိုလိုက်တာနဲ့ ကိုယ့်ရဲ့ ဆံဖြားကနေ ခြေဖျားအထိ အသာလေး မျက်စိမှိတ်ပြီး ကြည့်လိုက်စမ်းပါ။ စိတ်ဆိုတာ ဘယ်နားရှိလဲ ရှာလို့ မရဘူး။ လုံးဝ ရှာလို့ ရမှာ မဟုတ်ပါဘူး။ သဘောနဲ့သာ သိနိုင်တာပါ။ သိတယ်ဆိုတဲ့ သဘောလေးကိုပဲ စိတ်လို့ ပြောတာ။ အဲဒီတော့ ထင်ရှားသလားဆိုတော့ စိတ်ဟာ ထင်ရှားတဲ့ အရာမဟုတ်ပြန်ဘူး။

ဒါပေမယ့် အလုပ်လုပ်ရမှာလည်း စိတ်နဲ့ လုပ်ရမယ်။ စိတ်ဆိုတာလည်း သိတဲ့ သဘောလေးပဲဆိုတော့ ခက်နေ တာပေါ့။ အဲဒိတော့ သိဒ္ဓိဓာတ်ရဲ့ တည်နေရာကို ပြောတဲ့အခါမှာ အဲဒိစိတ်ဆိုတဲ့ စကားလုံးမပါရင် မရဘူး။ အဲဒိ တော့ ဘယ်လိုရှာမလဲ...။

ပထမဦးဆုံး သိရမှာက အာရုံ။ အာရုံဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အမြင်အာရုံ။ နားနဲ့ ကြားရတဲ့ အကြား အာရုံ ။ နှခေါင်းနဲ့ နံသိတဲ့ အာရုံ ၊ လျှာနဲ့ အရသာခံတဲ့ အာရုံ ၊ အသွေး အသား အထိအတွေ့နဲ့သာ သိရတဲ့ အာရုံ ၊ စိတ်နဲ့သာ ကြံဆပြီး သိရတဲ့ အာရုံ၊ စိတ်အာရုံ ခြောက်ခုရှိတယ်။ ဒါ ဘာသာရေး စာပေ ကျမ်းဂန်တွေမှာလည်း ပဲ ဒီအာရုံ ခြောက်ပါးကို မကြာခဏတွေ့မှာပါ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ စကားပြောတဲ့ အခါမှာလည်း ဒီအာရုံခြောက်ပါးဟာ မကြာခဏ ကြားနေရတာဆိုတော့ ရင်းနှီးနေမှာပါ။ ဒါပေမယ့် အခုပြောမယ့် အကြောင်း အရာက ဘာသာရေး အကြောင်း မဟုတ်ပါဘူး။ လောကီစိတ်ပညာ အကြောင်းသက်သက်ပါ။

အဲဒီတော့ အဲဒီအာရုံဟာ မျက်စိနဲ့ မြင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် အမြင်ချင်း မတူဘူး။ တစ်ယောက်က ဒီအရာကို နှစ်သက်တယ်။ တစ်ယောက်က ဒီအရာကို မနှစ်သက်ဘူး။ နားနဲ့ကြားတဲ့ အသံတစ်ခုကိုလည်း တစ်ယောက်က နှစ်သက်တယ်။ နောက်တစ်ယောက်က မနှစ်သက်ဘူး။ တစ်ခါ နှခေါင်းနဲ့ သိတဲ့အနံ့ကိုလည်း ကြိုက်တယ် မကြိုက်ဘူး။ နှစ်သက်တယ် မနှစ်သက်ဘူး။ အဲဒီလို တစ်စုံဖြစ်နေမှာပေါ့။ ဥပမာ ဒူးရင်းသီး ဆိုရင် တချို့က ဒီအနံ့ကို သိပ်ကြိုက်တယ် ၊ တစ်ချို့က ဒီအနံ့ကို ခံလို့ကို မရဘူး။ အနံ့ကတော့ တစ်မျိုးတည်းပဲ။

အဲဒီမှာ အာရုံပြုတာနဲ့ ဆက်ပြီလာတာ ကြိုက်မကြိုက်။ အဲဒီ ကြိုက်မကြိုက်ဆိုတဲ့ စကားကို တခြားစကားနဲ့ ပြောမယ်ဆိုရင် ခံစားမှု့ပဲ။ ကြိုက်တယ် နှစ်သက်တယ်ဆိုတဲ့ ခံစားမှု့ မကြိုက်ဘူး မနှစ်သက်ဘူးဆိုတဲ့ ခံစားမှု့ ။ အဲဒီ ခံစားမှု့ကို ပါဠိစာလုံးတစ်လုံး သုံးထားတယ်။ ဝေဒနာတဲ့။ အဲဒီ ဝေဒနာရယ်လို့ ဖြစ်လာရင်တော့ ထင်ရှားလာတယ်။ အဲဒီ ဝေဒနာဆိုတာကို တခြားစကားလုံးနဲ့ ပြောမယ်ဆိုရင် သူဟာ စိတ်ရဲ့ ကိုယ်စာလှယ် တစ်ခုပဲ။ စိတ်ရှိ ခံစားချက်တစ်ခုပဲ။ အဲဒီတော့ သိဒ္ဓိဓာတ်တည်တာ ဘယ်နားမှာ တည်လဲဆိုရင်အဲဒီ ဝေဒနာမှာ တည်ပါတယ်။ အဲဒီတော့ ဝေဒနာနားမှာ အလုပ်လုပ်ရမှာပဲ။ အဲဒီ ဝေဒနာမှာ အလုပ်လုပ်ရမယ်ဆိုတော့ ဘာအလုပ်ွေ လုပ်ရမှာလဲတဲ့။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။

Monday, November 8, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels