Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

တော်ဝင်ရတနာအဆောင်များ(၂)

ပုလဲ..........
တော်ဝင်ရတနာတွေထဲမှာ ပုလဲဟာ အလွန်ပဲ ထူးခြားပါတယ်။ သူက တစ်ခြားတွင်းထွက် ကျောက်မျက်ရတနာ တွေလို မဟုတ်ဘူး။ သက်ရှိသတ္တ၀ါ မုတ်ကောင်ထဲက ရတာမို့လို့ စနစ်တကျ မွေးမြူပြီး အမြဲတမ်း ထုပ်လုပ်နေ နိုင်တာပေါ့။ မြန်မာနိုင်ငံ ပုလဲကျွန်းက ထွက်တဲ့ ပုလဲဟာ ကမ္ဘာ့ရောင်းတန်းဝင် စံချိန်မှီ ပုလဲတွေထွက်တယ်။ အဲဒီ ပုလဲရတနာ ဆင်မြန်ထားသူတွေဟာ ကျက်သရေ မင်္ဂလာ တိုးစေတယ်။ အသားအရည်ကို သန်ရှင်းစင် ကြယ်စေနိုင်ပါတယ်။ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ဂေါ်မုတ်.........
ဂေါ်မုတ်ကျောက်ဟာ ဒီကမ္ဘာမှာ ထွက်တဲ့နိုင်ငံ နည်းတယ်လို့ပြောကြပါတယ်။ အရှေတောင်အာရှမှာ ကမ္ဘော ဒီးယားနဲ့ မြန်မာနိုင်ငံ မိုးကုတ်မြို့ကထွက်ပါတယ်။ အရောင်အဆင်းတွေကတော့ အညိုရောင်နှင့် အ၀ါရောင် သန်းတဲ့ ဂေါ်မုတ်တွေကို တွေရတတ်ပါတယ်။ အပြာရောင် ဂေါ်မုတ်ကျောက်ကတော့ ထိုင်းကနေ လာတာ ပါ။ ထိုင်းတွေက ဆေးဆိုးပြီး ပြန်ပြင်ထားတယ်လို့ ပြောပါတယ်။ အဲဒီဂေါ်မုတ်ကျောက်ကို ဆင်မြန်ထားမယ်ဆိုရင် ထင်ပေါ်ကျော်ကြားမယ်။ ပြဿနာတွေကို ငြိမ်းအေးစေပါတယ်။ ၀င်ငွေတိုးတက်ပြီး လာဘ်ရွှင်စေနိုင်တယ်။ ဘေးဆိုး ရန်ဆိုး ရောဂါဆိုးတွေက ကာကွယ်ပေးပြီး အဆိပ်မမိစေဘူး။ ခွန်အားကို တိုးပွားစေပြီး လောင်မီးနှင့် မိုးကြိုးကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ အဆိုရှိပါတယ်။

သင့်ဘ၀အဖော်မွန်အကြောင်း(၄)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၁ ၊ ၁၂၇၈ ၊၁၂၈၅ ၊၁၂၉၂ ၊၁၂၉၉ ၊၁၃၀၆ ၊၁၃၁၃ ၊၁၃၂၀ ၊ ၁၃၂၇ ၊ ၁၃၃၄ ၊ ၁၃၄၁ ၊ ၁၃၄၈ ၊ ၁၃၅၅ ၊ ၁၃၆၂ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....

စိတ်ပိုင်းဆိုင်ရာ =
မခံချင်စိတ်ကြောင့် လောဘကြီးဟန်ဖြစ်ခြင်း ၊ ဖြတ်လမ်းသဘောလုပ်ငန်းလုပ်လိုခြင်း ၊ မခံချင်စိတ်ဖြစ်လွယ် ခြင်း ၊ စိတ်ကျေနပ်ရောင့်ရဲမှူ့ နည်း၍ အပြောင်းအလဲမြန်ခြင်း ၊အယုံလွယ်ခြင်း ။

ရုပ်ပိုင်းဆိုင်းရာ =
ဟန်- မာန်-အကြွား သဘောဆောင်ခြင်း ၊ လုပ်ငန်းများလုပ်ရာတွင် မသေသပ်ခြင်း ၊ ဂဏာမငြိမ်သော အမူအ ရာဖြစ်ခြင်း ၊ ဘုမသိဘမသိ သဘောနှင့် အိမ်ထောင်ပြုရတတ်ခြင်း ။

စီးပွားရေး ၊ လူမှုရေးဆိုင်ရာ=
အတိုက်အခံ ရန်ပေါများခြင်း ၊ လုပ်ငန်းများ အမျိုးမျိုးပြောင်းလဲခြင်း ၊ လက်တွေ့ ဆန်ခြင်း ၊ စီးပွားရေးလော ဘကြီးသောကြောင့် ရုတ်တရက် ပျက်စီးတတ်ခြင်း ၊ ဧည့်ဝတ် မကျေပွန်တတ်ခြင်း ။

ကျန်းမာရေးဆိုင်ရာ =
သွေးနှင့်ပတ်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း ၊ ခွဲစိတ်ဖြတ်တောက် ရောဂါများ ကြုံလွယ်ခြင်း ၊ ရုတ်တရက် ဘေးဥပါဒ်ကြုံခြင်း ၊ သွေးတိုး ၊ အကြောပြတ် ၊ သွေးသွန် ၊ သားပျက်ဖြစ်လွယ်ခြင်၏ ။

လိုက်နာကျင့်ဆောင်ရန် =
ဖြတ်လမ်းသဘောပါသော စီးပွားရေးများမလုပ်ခြင်း ၊မခံချင်စိတ် လောဘစိတ် ၊ထိန်းသိမ်းနိုင်ခြင်း ၊ လုပ်ငန်း အမျိုးမျိုးမပြောင်းလဲခြင်း ၊ တစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းပြုပါ ။

သင့်ဘ၀အဖော်မွန်အကြောင်း(၃)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၀ ၊ ၁၂၇၇ ၊၁၂၈၄ ၊၁၂၉၁ ၊၁၂၉၈ ၊၁၃၀၅ ၊၁၃၁၂ ၊၁၃၁၉ ၊ ၁၃၁၉ ၊ ၁၃၂၆ ၊ ၁၃၃၃ ၁၃၄၀ ၊ ၁၃၄၇ ၊ ၁၃၅၄ ၊ ၁၃၆၁ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက................

စိတ်ပိုင်းဆိုင်ရာ=
စိတ်တိုခြင်း ၊ စိတ်မြန်ခြင်း ၊ နှုတ်ထွက်စကားဆိုးခြင်း ၊ ကြမ်းခြင်း ၊ ဘုဘောက်ဆက်ဆံခြင်း ၊ အတိုက်အခံစိတ်ကြီးမားခြင်း ၊မမျိုသိပ်ထားနိုင်းခြင်း ။

ရုပ်ပိုင်းဆိုင်ရာ=
လှုပ်ရှားပြောင်းလဲမှုများခြင်း ၊သွေးသားအုပ်စုနှင့်မတည့်ခြင်း ၊မွေးရပ်မြေမှ လွင့်ပါးနေရခြင်း ၊ အိမ်ထောင်ရေးရုတ်တရက်ကျခြင်း ၊ပျက်စီးလွယ်ခြင်း ၊မွေးချင်းမိဘနှင့် ခွဲခွါရတတ်ခြင်း ။

စီးပွားရေး ၊ လူမှူ့ ရေးဆိုင်ရာ=
မခံချင်စိတ်ကြောင့် ပျက်စီးလွယ်ခြင်း ၊ စကားများများပြောက အတိုက်အခံကြုံရခြင်း ၊ ခရီးများများသွားက ရန်များခြင်း ၊ ကျန်းမားရေးညံ့ခြင်း ၊ သွားလေရာ အိမ်ထောင်ကျလွယ်ခြင်း ၊ အိမ်ထောင်ဆက်များခြင်း ။

ကျန်းမားရေးဆိုင်ရာ=
ခံတွင်းနှင့်သွား ပျက်စီးလွယ်ခြင်း ၊ လေအောင့် ရင်အောင့် ရောဂါရလွယ်ခြင်း ၊ ခြေထောက် ထိခိုက်ပျက်စီးခြင်း ၊ ခွဲစိပ်ရောဂါများ ဖြစ်ပွါးလွယ်ခြင်း ၊လေဖြတ်တတ်ခြင်း ။

လိုက်နာကျင့်ဆောင်ရန်=
စကားပြောသိမ်မွေ့ ပါ ၊ အတိုက်အခံသဘောရှောင် ၊ ခရီးသွားလာမှူ့  များခြင်းကိုရှောင်ကျဉ်ခြင်း ၊ စိတ်ပိုင်း ရုပ်ပိုင်းတည်ငြိမ်စွာနေခြင်း ၊ရုတ်တရက် တဇွတ်ထိုးစကားမပြောရ ။

သင့်ဘ၀အဖော်မွန်အကြောင်း(၂)

အကယ်၍သင်၏ ဘ၀အဖော်မွန်သည် ၁၂၆၉ ၊ ၁၂၇၆ ၊ ၁၂၈၃ ၊ ၁၂၉၀ ၊ ၁၂၉၇ ၊ ၁၃၀၄ ၊ ၁၃၁၁ ၊ ၁၃၁၈ ၊ ၁၃၂၅ ၊ ၁၃၃၂ ၊ ၁၃၃၉ ၊ ၁၃၄၆ ၊၁၃၅၃ ၊ ၁၃၆၀ စသော မြန်မာသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက

စိတ်ပိုင်းဆိုင်ရာ=
သူဟာ တစ်ဖက်သတ်တစ်ယူသန်ဆန်တယ်။ တရားတစ်ဖက် ဓားတစ်ဖက် ပြုကျင့်လွယ်တယ်။ သူ့ကို အုပ်ချုပ် မှုကကို အလွန်ဆန်ကျင်တတ်တယ်။ အယူအဆအစွဲအလမ်း ကြီးမားတတ်တယ်။ ဘာသာတရားနဲ့ နတ်ကိုယုံကြည်တတ်တယ်။
ရုပ်ပိုင်းဆိုင်ရာ=
အကြောများသန်စွမ်းမာကြောခြင်း၊ အနေအထိုင် သတ်ရပ်သိမ်မွေ့ဟန်ရှိခြင်း၊ အပေါင်းအသင်းနှင့် ပူးတွဲနေထိုင်ပျော်ပါးခြင်း။ ဟန်ဆောင်ကောင်းတယ်။ လက်တွေ့ဆန်လွန်းတယ်။
စီးပွားရေး၊လူမှု့ရေးဆိုင်ရာ=
မိမိသဘောအတိုင်း စွန့်စားလုပ်ကိုင်မယ်ဆိုရင် အမှားများမယ်။ ပျက်စီးမယ်။ ပူးတွဲပေါင်းစပ် အုပ်ချုပ်မှု့ အာက်မှာ လုပ်ကိုင်မယ်ဆိုရင် ကြီးပွားလွယ်တယ်။ အပေါင်းအသင်းကြောင့် ပျက်စီးလွယ်ခြင်း။ အုပ်ချုပ်မှု့ကို သီးမခံနိုင်တဲ့အတွက် သူ့မှာ အတိုက်အခံတွေ များမယ်။ စိတ်ဆင်းရဲရမယ်။

ကျန်းမာရေးဆိုင်ရာ=
ဦးနှောက်အာရုံကြောတွေ ပျက်စီးလွယ်တယ်။ နှလုံးရောဂါလည်း ဖြစ်ပွားလွယ်တယ်။ မျက်စေ့၊နား။ အာရုံခံစားမှုများ ပျက်စီးလွယ်တယ်။ သည်းခြေပျက် မှတ်ညာဏ်ပျက်ခြင်းများ ဖြစ်တတ်တယ်။

လိုက်နာကျင့်ဆောင်ရန်=
မိမိသဘောနဲ့ စိတ်ထင်ရာ မလုပ်နဲ့။ မိဘ ဆရာ အုပ်ထိမ်းသူတို့၏ သဘောကို လိုက်နာရမယ်။ အရမ်းကြီး လွတ်လွတ်လတ်လတ် မနေရဘူး။ ရုတ်တရက် စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ ဒါဆိုသေချာပေါက် အောင်မြင်မယ်။

တော်ဝင်ရတနာအဆောင်များ(၁)

စိန်......
ကျောက်မျက်ရတနာတွေထဲမှာ အမာဆုံးစွမ်းရည် ရှိတာကတော့ စိန်ပါပဲ။ စိန်ကို ဆင်မြန်းသူတွေအတွက် အလှကျက်သရေတိုးသလို ကိုယ်ခန္ဓာကို ကြည်လင်စေတယ်လို့ ဆိုပါတယ်။အဆိတ်အတောက်ပါတဲ့ ဓာတ်တွေ ကို လွင်ပြယ်စေတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားတိုးတက်စေတယ်။  ဆွေမျိုးညာတကာ အလယ်မှာ တင့်တယ်စေပါတယ်။ စိန်ကို ဆောင်ထားရင် ကိုယ်ဝန်ဆောင်မိခင်တွေ မွေးဖွားရ လွယ်ကူစေပါတယ်။ ရောဂါ ဘယကင်းစေတယ်လို့ ယူဆကြပါတယ်။

ဥဿဖယား........
မိုးကုတ်မြို့က ထွက်တယ်လို့ ဆိုပါတယ်။အ၀ါရောင်နှင့် အညိုရောင်သန်းတဲ့ ဥဿဖယားတွေကိုလည်း တွေ့ရတတ်ပါတယ်။ ဘရာဇီးလှပျိုဖြူတွေ အမြတ်တနိုး ဆင်မြန်းကြတယ်တဲ့။ ထိုင်းဘက်က၀င်တဲ့ ဥဿဖယားက ပန်းရောင်ဖြစ်နေတာ တွေ့ရမယ်။ ဥဿဖယားကို အဆောင်အဖြစ် ဆင်မြန်းထားမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။စိတ်နောက်တဲ့ရောဂါ စိတ်အားငယ်တဲ့ ရောဂါတွေကို သက်သာရာ ရစေတယ်။အသိညာဏ် စွမ်းရည်တွေ စိတ်စွမ်းအင်တွေကို ထက်မျက်စေနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး သာယာတဲ့ အိမ်ထောင်ရေး သုခကိုလည်း ရရှိစေနိုင်ပါတယ်။

တတိယမျက်လုံး အဆောင်အကြောင်း

အီဂျစ်က အရုပ်စာတွေမှာ မကြာခဏ ဆိုသလို တွေ့ရတတ်ပါတယ်။ ဒါကို တတိယ မျက်လုံးလို့လည်း ခေါ်ကြပါတယ်။ အဲဒီ တတိယမျက်လုံးကို ဆောင်ထားရင် ဘာတွေ ကောင်းသလဲဆိုတော့ ညာဏ်စွမ်းရည်တွေ တိုးတက်ဖွံ့ဖြိုးပြီး တတိယမျက်လုံး ပွင့်စေ ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ပြီးတော့ အကြားအမြင်ပေါက်တဲ့ ဘက်ကို ဦးစားပေး ပါတယ်။ အာရုံပြုလိုက်တာနဲ့ လူတစ်ယောက်ရဲ့ အနာဂါတ်ကို လှမ်းကြည့်လိုက်သလို မြင်လာစေတယ်။ မှတ်ညာဏ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ကျောင်းသား၊ကျောင်းသူတွေ အတွက် ဆိုရင် သင့်တော်မယ်ထင်ပါတယ်။

key-သော့အဆောင်လေးအကြောင်း

သော့ကိုစောင့်တဲ့နတ်ကို “ဂျေနု” လို့ခေါ်ပါတယ်။ သော့ဟာ ထိမ်းချုပ်နိုင်တဲ့ စွမ်းရည် အမြင့်ဆုံးပါပဲ။ နောက်တစ်ခုက သော့ဆိုတာ ဖွင့်လို့ရတဲ့ ပစ္စည်းတစ် ခုပါပဲ။ ဒါကြောင့် ပိတ်ဆို့နေတဲ့ အရာတွေ ပွင်ဆိုတဲ့အရာတွေ ပွင့်သွားစေဖို့ ညာဏ်တွေ ပွင့်သွားစေဖို့ သော့ကို ဆောင်သင့်ပါတယ်။
ဂမ္ဘီရ သမားတွေဟာ ရွှေ ၊ ငွေ ၊ ကြေး တစ်ခုခုနဲ့ သော့ကလေးတွေ လုပ်ပြီး ဆောင်ထားတတ်ပါသည်။ ထိပ်လန့်အားငယ်တတ်သူတွေ ၊ ၀က်ရူးပြန်တတ်သူ တွေ ဆိုရင် ကြေးသော့လေးတွေ ဆောင်ထားရတယ်။ ကလေးငယ်တွေကို သော့လေးတွေ ခမဲပေးထားတာလဲ ဒီသဘော သက် ရောက်ပါတယ်။

အမှန်တကယ်အရေးကြီးနေပြီလား

 မိတ်ဆွေများခင်ဗျား..........
သင်တို့၏ဘ၀တွင် တစ်ခါတရံ လွန်စွာ အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ကြုံတွေ့ရတတ်ပါတယ်။
ဘာကိစ္စပဲဖြစ်ဖြစ်ပါ။ အိမ်ထောင်ရေး ၊ ကျန်မာရေး ၊ အလုပ်ကိစ္စ ၊ငွေကြေးကိစ္စ ၊ ဘာကိစ္စပဲဖြစ်ဖြစ် အရေးတကြီးကြုံလာခဲ့မယ်ဆိုရင် ဒီယတြာကို ဆောင်ရွက်ပေးလိုက်ပါ။
အဲဒါကတော့ တလက်မနဲ့ အရှည်တစ်ပေလောက်ရှိတဲ့ စာရွက်အဖြူတစ်ရွက်မှာ သင်အရေးတစ်ကြီး ဖြစ်စေချင် တာတွေကို ရေးပါ။ ထို့နောက် မိုးပျံဗူဘောင်းတွင် ချိပ်ဆွဲ၍ လွှတ်တင်ပါ။ ည(၁၂း၀၀)တွင် လွှတ်ပါ။ ယုံယုံကြည် ကြည်နှင့် ဆောင်ရွက်လိုက်ပါ။ ဒီယတြာကတော့ အရမ်း အကျိုးပေး မြန်ပါတယ် ခင်ဗျာ.........
 အဆင်ပြေမယ်ဆိုရင်တော့ မိုးပျံပူပေါင်း အသုံးပြုရာမှာ အရောင်လေးတွေ သီးသန့်ခွဲခြားပြီး ဆောင်ရွက်မယ် ဆိုရင်တော့ ပိုပြီး ထိရောက် ကောင်းမွန်ပါလိမ့်မည်

အနီရောင်.............ရဲစွမ်းသတ္တိ၊ တန်ခိုးစွမ်းအင်နှင့်ဆိုင်တဲ့ ကိစ္စတွေအတွက် သုံးပါတယ်။
အစိမ်းရောင်..........ငွေကံကောင်းဖို့။ လာဘ်ရွှင်ဖို့၊ 
ပန်းရောင်.............ပီယကိစ္စ ။ မိတ်ဆွေအပေါင်းအသင်းကိစ္စတွေ အတွက် သုံးပါတယ်။
အပြာရောင်...........ငြိမ်းချမ်းမှု့ရဘို့အတွက် သုံးပါတယ်။
လိမ္မော်ရောင်.........ဆွဲဆောင်မှု့ရှိဘို့အတွက် သုံးပါတယ်။
မဲနယ်ရောင်...........အကာအကွယ်ရဘို့အတွက် သုံးပါတယ်။
အ၀ါရောင် ............ရောင်းချင်တာ ၊ ၀ယ်ချင်တာတွေအတွက် သုံးပါတယ်။
အဖြူရောင်............မမြင်ရတဲ့အကူအညီတွေ ရရှိဘို့အတွက် သုံးပါတယ်။

သင်တို့၏အကျိုးကို အမှန်တကယ်လိုလားသော
ဆရာဟိန်းတင့်ဇော်

သင့်ဘ၀အဖော်မွန်အကြောင်း(၁)

အကယ်၍သင်၏ဘ၀အဖော်မွန်သည် ၁၂၈၂ ၊ ၁၂၈၉ ၊ ၁၂၉၆ ၊ ၁၃၀၃ ။ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ၊ ၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊ ၁၃၅၂ ၊ ၁၃၅၉ စသော မြန်မာမွေးသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက....
သူ၏စိတ်ပိုင်းဆိုင်ရာ=
သူသည် လူဖြောင့်စိတ်တိုဖြစ်၏။ နေရာတကာတွင် ဦးဆောင်လိုသောသူဖြစ်၏။ စိတ်လည်း အလွန်မြန်သူ ဖြစ်၏။ သည်းခံလိုသော စိတ်လည်း မရှိ။ မည်သည့်အရာကိုမျှ အားမနာတတ်ပေ။ သူသည် ခက်ထန်၏။ မခံချင် စိတ်လည်း အလွန်ကြီးမားသူဖြစ်လေသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာ=
သူ့ကိုကြည့်လျှင် အစဉ်အမြဲ ဖြတ်လတ်နေ၏။ ဘာကိုပဲလုပ်လုပ် လျင်လျင်မြန်မြန် ဆောင်ရွက်လေ့ရှိ၏။ သူ၏ ကိုယ်ခန္ဓာသည် မာကျော၍ ကျစ်လစ်နေ၏။ အရပ်အနည်းငယ် ပုဟန်ရှိ၏။ ဟန်ဆောင်ကောင်း၏။ ရဲရင့်၏။ သူ၏အသံသည် အစဉ်ကျယ်၏။ သူသည် ပိန်ပါက ရောဂါမကင်းချေ။

သူ၏စီပွားရေး၊လူမှု့ရေးဆိုင်ရာ=
ဈေးသည်၊ ကုန်သည်လုပ်ငန်း အကျိုးမပြုခြင်း ။ လူအများနှင့် ပူးတွဲပေါင်းစပ် အကျိုးမခံစားရခြင်း ၊ သူတစ်ပါး ကို အားကိုးယုံကြည်လျှင် ဒုက္ခဖြစ်လွယ်ခြင်း ၊ ကိုယ်ဒူး ကိုယ်ချွန်မှ အကျိုးခံစားရခြင်း ၊ မိဘ ၊ ဆွေမျိုး ၊အိမ်ထောင်ဖက် ၊ ဆရာတပည့်များ၏ အကျိုး မခံစားရခြင်း။

ကျန်မာရေးဆိုင်ရာ=
သူသည် လေရောဂါ ၊ လိပ်ခေါင်းရောဂါ ၊ ဒူလာရောဂါ ၊ မီးယပ်ရောဂါ ၊ ၀မ်းကိုက်ရောဂါ ၊ ရင်ခေါင်းစသည် တို့တွင် ဖြစ်တတ်တဲ့ ရောဂါများ။ အစာအိမ်ရောဂါ။ သည်းခြေရောဂါ။ ရေချိုးမှားခြင်း။ အဆုတ်ရေ၀င်ခြင်း စသောရောဂါများ ဖြစ်တတ်ပါတယ်။

လိုက်နာကျင့်ဆောင်ဖွယ်။
လူအောက်ကြို့ပေါင်းရမယ်တဲ့။ သူတစ်ပါးတွေကို လုံးဝ အားမကိုးရဘူး။ ကိုယ်ပေါင်း စိတ်ခွါပေါင်းသင်း ဆက်ဆံရမယ်။ လူတွေနဲ့ စိတ်ရှည် သီခံတတ်မယ်ဆိုရင် သင်၏ ဘ၀ကြင်ဖော်သည် မုချ အောင်မြင်သော ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မည်။

ကိုယ်တိုင်ယတြာပြုလုပ်မယ်ဆိုရင်

ယတြာအစီအရင်များပြုလုပ်ဆောင်ရွက်ရန်အချိန်ကာလ

သင့်မှာ ကိစ္စတစ်ခု ဒါမှမဟုတ် အခက်အခဲ တစ်စုံတစ်ရာကြောင့် ကိုယ်တိုင် ယတြာပြုလုပ်မယ်။ အင်းစမတွေ စီရင်ပြီး မီးထွန်းမယ်ဆိုရင် အချိန်အခါကို ရွေးတတ်ရမယ်လို့ ဆိုတယ်။ နက္ခတ်တွေ ခါးပါဒ်တွေ အ၀င် အထွက် သဘောတွေ တီထိတွေကို အသင့်တော်ဆုံး ရွေးတတ်ရမယ်တဲ့။ အခါကောင်းကို စောင့်ရမယ်တဲ့။ ကိုယ်ပြုလုပ် မယ့် အဆောင်ကိစ္စတွေဟာ ၀င်စေဘို့အတွက်ဆိုရင် အ၀င်နက္ခတ်နဲ့ တိုက်ဆိုင်ကြုံကြိုက်အောင် ရွေးချယ်ပြီး ဆောင်ရွက်ရမယ်။ (ဥပမာ ထွက်သွားသူ ပြန်လာစေဖို့) ။ ကုန်ရောင်းရန် ကားရောင်းရန် အိမ်ရောင်းထွက်ရန် စတဲ့ ထွက်စေချင်တဲ့ ကိစ္စတွေမှာ အထွက်နက္ခတ်နှင့် ယှဉ်ပြီး ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

တော်တော်လေးခက်ပါတယ်။ ဒါတွေကို စနစ်တကျ ရွေးချယ်တတ်ဖို့ ကျွမ်းကျင်ဖို့ ဆိုတာ တော်တော်လေး မလွယ်ကူတဲ့ကိစ္စပါ။ တော်ရုံတန်ရုံ ဗေဒင်အခြေခံ တတ်ကျွမ်းထားတဲ့လူတောင် မလွယ်ကူတာ သာမန် လုံးဝဗေဒင်မတတ်တဲ့လူတွေဆိုရင်တော့ ပိုဆိုးတာပေါ့။ အဲဒီအတွက် စိတ်မပူပါနဲ့။ အောက်မှာ နေ့သိရုံနဲ့တင် ဆောင်ရွက်လို့ ရအောင် ရွေးချယ်ပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့---ဗလောင်ဆူနေတဲ့စိတ်ကို ငြိမ်သက်သွားစေဖို့ ပြုလုပ်တဲ့အဆောင်တွေကို ပြုလုပ်ပါ။
တနင်္လာနေ့-- အတိတ်နိမိတ်ကောင်းစေဖို့ ၊ အိပ်မက်ကောင်းများမက်စေဖို့ အစီအရင်တွေကို ပြုလုပ်ပါ။
အင်္ဂါနေ့.... ရန်သူကင်းဝေအောင် လုပ်တဲ့ အကာအကွယ် အစီအရင်တွေ ပြုလုပ်ပါ။
ဗုဒ္ဓဟူးနေ့... စာမေးပွဲဖြေဖို့ကိစ္စ ၊ အင်တာဗျူးဖြေဖို့ကိစ္စ စသောကစ္စများအတွက် ပြုလုပ်ပါ။
ကြာသပတေးနေ့.... ဓနဥစ္စာ ကြွယ်ဝချမ်းသာအောင်လုပ်တဲ့ အစီအရင်တွေကို ပြုလုပ်ပါ။
သောကြာနေ့.... ပီယအဆောင်တွေကို ဆောင်ရွက်နိုင်ပါတယ်။
စနေနေ့.....  မိမိအိုးအိမ်နှင့် မိမိလုပ်ငန်းကို သူတစ်ပါးမထိပါးအောင် ကာကွယ်တဲ့ အစီအရင်တွေကို ပြုလုပ်ပါ။

Tuesday, April 13, 2010

Sunday, April 11, 2010

Thursday, April 8, 2010

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels