ပုလဲ..........
တော်ဝင်ရတနာတွေထဲမှာ ပုလဲဟာ အလွန်ပဲ ထူးခြားပါတယ်။ သူက တစ်ခြားတွင်းထွက် ကျောက်မျက်ရတနာ တွေလို မဟုတ်ဘူး။ သက်ရှိသတ္တ၀ါ မုတ်ကောင်ထဲက ရတာမို့လို့ စနစ်တကျ မွေးမြူပြီး အမြဲတမ်း ထုပ်လုပ်နေ နိုင်တာပေါ့။ မြန်မာနိုင်ငံ ပုလဲကျွန်းက ထွက်တဲ့ ပုလဲဟာ ကမ္ဘာ့ရောင်းတန်းဝင် စံချိန်မှီ ပုလဲတွေထွက်တယ်။ အဲဒီ ပုလဲရတနာ ဆင်မြန်ထားသူတွေဟာ ကျက်သရေ မင်္ဂလာ တိုးစေတယ်။ အသားအရည်ကို သန်ရှင်းစင် ကြယ်စေနိုင်ပါတယ်။ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
ဂေါ်မုတ်.........
ဂေါ်မုတ်ကျောက်ဟာ ဒီကမ္ဘာမှာ ထွက်တဲ့နိုင်ငံ နည်းတယ်လို့ပြောကြပါတယ်။ အရှေတောင်အာရှမှာ ကမ္ဘော ဒီးယားနဲ့ မြန်မာနိုင်ငံ မိုးကုတ်မြို့ကထွက်ပါတယ်။ အရောင်အဆင်းတွေကတော့ အညိုရောင်နှင့် အ၀ါရောင် သန်းတဲ့ ဂေါ်မုတ်တွေကို တွေရတတ်ပါတယ်။ အပြာရောင် ဂေါ်မုတ်ကျောက်ကတော့ ထိုင်းကနေ လာတာ ပါ။ ထိုင်းတွေက ဆေးဆိုးပြီး ပြန်ပြင်ထားတယ်လို့ ပြောပါတယ်။ အဲဒီဂေါ်မုတ်ကျောက်ကို ဆင်မြန်ထားမယ်ဆိုရင် ထင်ပေါ်ကျော်ကြားမယ်။ ပြဿနာတွေကို ငြိမ်းအေးစေပါတယ်။ ၀င်ငွေတိုးတက်ပြီး လာဘ်ရွှင်စေနိုင်တယ်။ ဘေးဆိုး ရန်ဆိုး ရောဂါဆိုးတွေက ကာကွယ်ပေးပြီး အဆိပ်မမိစေဘူး။ ခွန်အားကို တိုးပွားစေပြီး လောင်မီးနှင့် မိုးကြိုးကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ အဆိုရှိပါတယ်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter