Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အိမ်ရစေသောအဓိဋ္ဌာန်

အခုပြောမယ့် အဓိဋ္ဌာန်ကို (၆၄)-ရက်လုပ်ရမယ်။ တနင်္ဂနွေနေ့ကစပြီး လုပ်ရမယ်။ ညနာရီပြန်(၂)ချက်ထိုးမှ ထပြီးလုပ်ရမယ်။ ပထမဦးဆုံး လုပ်ရမှာကတော့ ဘုရားရှိခိုးပေါ့ဗျာ။ ဘယ်လိုရှိခိုးရမယ်လို့ မညွန်ကြားပါဘူး။ ကိုယ်ရှိခိုးတတ်သလို ရှိခိုးပါ။ ပြီးတော့ ကိုယ့်အိမ်ကလေးထဲမှာပဲ သန့်ရှင်းပြီး အနှောက်အယှက်ကင်းတဲ့ နေရာကလေးတစ်နေရာကို ရွေးချယ်ပြီး စားပွဲခုံလေးတစ်ခုံချ။ ထမင်းစားစားပွဲဝိုင်းကလေးလောက် ရှိရင်ကို လုံလောက်ပါပြီ။ အဲဒီ စားပွဲပေါ်မှာ ဖယောင်းတိုင်စိုက်ပြီးထွန်းဖို့ ခွက်ကလေးတစ်ခွက် အသင့်ထား။ အဖြူရောင် ဖယောင်းတိုင် တစ်တိုင် အသင့်စိုက်ထားပါ။ ဘုရားကို မီးပူဇော်တာ မဟုတ်ဘူးနော်။ ကိုယ်လုပ်မယ့် အလုပ်ကို လေးစားသောအားဖြင့် ထွန်းရမယ့် ဖယောင်းတိုင်.........

စိတ်စွမ်းအင်နဲ့ ပတ်သက်တဲ့အလုပ်မှာပဲ ဖြစ်ဖြစ် ၊ ဂမ္ဘီရသဘောပါတဲ့ အလုပ်မှာပဲ ဖြစ်ဖြစ် တစ်ကယ်လုပ်ရ မယ့် အလုပ်က နှစ်မျိုးပဲ ရှိတယ်ဗျ။ အဲဒီနှစ်မျိုးက ဘာလဲဆိုရင် ကိုယ်လိုချင်တဲ့အရာကိုရဖို့ အာရုံပြုချင်ပြု။ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့အရာဟာ မုချ ရတော့မယ်လို့ ပါးစပ်ကရွတ်ဆိုပြီး အတည်ပြုချင်ပြု။ အဲဒီအလုပ်ပဲ ရှိတယ်ဗျာ။ စိတ်ကျင့်စဉ် ။ ဂမ္ဘီရကျင့်စဉ်တွေမှာ ဘယ်လောက်ပဲ ကျယ်ဝန်း ကျယ်ဝန်း သုံးခွက် တစ်ခွက်တင် ကျိုချလိုက်ရင် အဲဒီနှစ်ချက်ပဲ တွေ့မယ်။ အနောက်တိုင်းက ဆရာတွေကတော့ ကျုပ်တို့ ပြောတဲ့ အာရုံပြု တယ်ဆိုတဲ့ စကားကို ဗစ်ဇူရယ်လိုက်ဖေးရှင်း (VISUALIZATION) လို့ သုံးလေ့ရှိတယ်။ ပြီးတော့ ကျုပ်တို့ အတည်ပြုတယ်ဆိုတဲ့ စကားကို အဖန်မေးရှင်း (AFIRMATION) လို့ သုံးလေ့ရျိတယ်ဗျ။ အခု အိမ်ရမယ့် အဓိဋ္ဌာန်မှာ လုပ်ရမှာက အာရုံပြုတာရော ၊ အတည်ပြုတာရော လုပ်ရမှာ။

ကဲ စမယ်ဗျာ..။ ဒီအဓိဋ္ဌာန်ကို တနင်္ဂနွေနေ့မှာစပြီး အဓိဋ္ဌာန်ယူရမယ်ဗျာ။  ၇က်ပေါင်း (၆၄) ရက်တိတိ လုပ် ရမယ်။ သီလအနေနဲ့ ဆောက်တည်ဖို့ စဉ်စားရင်တော့ များများစားစား မလုပ်ပါနဲ့ ဗျာ၊ တစ်ပါးပဲ လုပ်ပါဦး၊ အဲဒီတစ်ပါးကလည်း လုံရမယ်နော်၊ ပါဏတိပါတာ -တစ်ပါးအသက်ကို သတ်ခြင်းမှရှောင်ကြဉ်၏” ဆိုတာ ကိုပဲ လုပ်ပါဗျာ၊ အဲဒီမှာ အာရုံယူရမှာက ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးဗျ၊ မျက်စိမှိတ်ပြီး ထိုင်လိုက်တာနဲ့ ကောင်းကင်ကြီးကို အာရုံထဲမှာမြင်နေရမယ်နော်၊ အဲဒီ ကောင်းကြီး အာရုမြဲလာပြီဆိုရင်အဲဒီ ကောင်းကင်ကြီးကနေ ရွှေရောင်အရည်တွေ၊ ရွှေရောက်အမှုန်တွေ ခင်ဗျားခေါင်းပေါ်ကို သွန်ချနေတယ်လို့ အာရုံပြုရမယ်၊ အဲဒီအာရုံကတော့ စွဲထင်နေအောင် လုပ်ရမယ်” 
 အာရုံပြုတဲ့အခါမှာ အတည်ပြုတဲ့စာကိုရွတ်ရမယ်ဗျ၊ ဘယ်လောက် ရွတ်ရမလဲဆိုတော့ ပုတီး တစ်ပတ်ပြည့်အောင် ရွတ်ရမယ်၊

“အဲဒီ အတည်ပြုစာကို ပုတီးတစ်ပတ် စိပ်ရမယ်၊ မေ့သွားမှာ၊ ထစ်သွားမှာစိုးရင် အဲဒါကိုရေးပြီး အဓိဋ္ဌာန်စားပွဲ နားကနံရံမှာကပ်ထားရမယ်၊ စပြီးရွတ်တဲ့အချိန်မှာတော့ စားပွဲပေါ်က ဖယောင်းတိုင်ကို မီးထွန်း ထားရမှာပေါ့ဗျာ၊ အဲဒါ(၆၄) ရက်လုပ်ရမှာ၊ အတည်ပြုစာကို ရွတ်ပြီးတဲ့အခါမှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး ခင်ဗျားဟာ လှပတဲ့အိမ်ကလေးတစ်လုံး ပိုင်ဆိုင်သွားပြီ၊ အဲဒီအိမ်ကလေးမှာ ခင်ဗျားနေနေတယ်လို့ စိတ်ကူးရမယ်

စိတ်အလုပ်ကိုးဗျ၊ စိတ်ကူးကောင်းဖို့ ၊ စိတ်ကူးငြိမ်ဖို့ ၊အာရုံထားတတ်ဖို့ အရေကြီးတာပေါ့ဗျာ၊ ပထမ (၈) ရက်အထိ အတည်ပြုစာကို ပုတီးတစ်ပတ်စာ ရွတ်ဆိုရမှာနော်၊ (၉)ရက်မြောက်တဲ့နေ့ မှာတော့ ပုတီးနှစ်ပတ်စာဖြစ်သွားပြီ၊ အဲဒီလိုပဲ (၈) ရက် ပြည့်ပြီးတိုင်း ပုတီးက တစ်ပတ်တစ်ပတ် တိုးသွားမယ်နော်၊ နောက်ဆုံးတော့ ပုတီး (၈) ပတ်စာအထိရောက်သွားမယ်”       

အိမ်ရစေသော မနောမယအဓိဋ္ဌာန်
“ငါဟာ ငါ့ကိုယ်ငါ အဆုံးအစမရှိတဲ့ ကောင်းကင်ကြီးရဲ့ 
မနောမယဓာတ်ကြီးမှာ အပ်နှံပြီးပြီ၊
မနောမယဓာတ်ကြီးနဲ့  ငါနဲ့ ဟာ အဆက်အသွယ်ရပြီ၊
ဒါကြောင့် ကောင်းကင်က ငါအလိုရှိတဲ့  အရာတွေကို
ရွှေရောင်အရည်တွေဖြစ်၊ ရွှေရောင်အမှုန်တွေအဖြစ်
ငါ့ ကိုယ်ပေါ်ကို သွန်းလောင်းချနေပြီ၊ အဲဒီရွှေရည်ရွှေမှုန်တွေဟာ
ငါရဲ့  ခန္ဓာကိုယ်အတွင်းမှာရော၊ အပြင်ပိုင်းမှာပါ၊ ပြည့်လျှံနေပြီ၊ စိမ့်ဝင်နေပြီ၊
ဘေးကိုတောင် လျှံကျနေပြီ၊ ဒါကြောင့် ငါအလိုရှိနေတဲ့ အလွန်လှပခိုင်ခန့် တဲ့
အိမ်ကလေးတစ်လုံးကို ငါရပြီ၊ ငါဟာ ကောင်းကင်ကသွန်ချတဲ့
ရွှေရောင်ရွှေရည်တွေကို ငါကြိုက်သလို ဖန်တီးခြယ်လှယ်နိုင်ပြီ၊
အဲဒီရွှေရောင်စွမ်းရည်သတ္တိတွေဟာ ငါအမိန့် ပေးတဲ့အတိုင်း
မဖြစ်မနေလုပ်ပေးနေပြီ၊ ငါဟာ
ကောင်းကင်က မနောမယဓာတ်ကြီးကသွန်ချတဲ့
ရွှေရောင်စွမ်းရည်ထူးတွေကို အမှန်တကယ် ပိုင်ဆိုင်သူဖြစ်ပြီ”

Saturday, April 24, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels