Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

သူရဿတီဂါထာ

ရသေ့ကြီးဦးခန္တီသည် မြန်မာပြည်အရပ်ရပ်ရှိ ဘုရားများတွင် သံတန်ဆောင်းကြီးများ ၊သံဇရပ်ကြီးများ လှူဒါန်းခဲ့ လေ၏။ ထိုသို ဆောက်ရာတွင်အင်ဂျင်နီယာများ ခေါ်လာပြီးလျှင် တွက်ချက်စေ၍ လိုအပ်သော သံထည်ပစ္စည်း များကို ရန်ကုန်မြို့ ပြည်လမ်းရှိ ကလပ်အင်ဂရိ ဗြိတိသျ ကုမ္ပဏီတွင် ကြွေးစနစ်ဖြင့် ၀ယ်ယူလေသည်။

ထိုသို့ ၀ယ်ယူပြီးလျှင် ရသေ့ကြီးသည် ၎င်းဆောင်းသော ဒေါက်ချာကို ချွတ်၍ ၎င်းသုံးနေကျ သူရဿတီ ဂါထာကို (၉)ခေါက်ရွတ်လေသည်။ ထိုသို့ ရွတ်ပြီးလျှင် ထိုဒေါက်ချာကြီးကို သူ၏တပည့် ကျောင်းသားတစ်ဦး အား မန္တလေး ဈေးချိုထဲတွင် လှည့်ရန်ခိုင်းလေ၏။ ဈေးချိုမှ လူများသည် ထိုဒေါက်ချာကြီးကိုမြင်လျှင် ဦးခန္တီ၏ ဒေါက်ချာကြီးမှန်း သိကြလေ၏။ ထိုအခါ ငွေများ ထည့်ကြ၏။ အချို့ မိန်းမများသည် နား၌ ပန်ထားသော နားကပ်ကိုပင် ချွတ်၍ ဒေါက်ချာအတွင်းသို့ ထည့်လေ၏။

ရသေ့ကြီး၏ သူရဿတီ ဂါထာသည် လွန်စွာမှ အစွမ်းထက်လေ၏။ ထိုအချိန်က ရသေ့ကြီးထံတွင် (၈)နှစ်သား အရွယ် ကိုရင်ကလေးတစ်ပါး ရှိလေ၏။ ထိုကိုရင်ကလေးသည် နောင်အခါတွင် ရွှေဥဒေါင်း တောင်ဆရာတော်ကြီး ဖြစ်လာလေ၏။ ဆရာတော်ကြီးသည် တရားပွဲတိုင်း၌ ထိုဂါထာကို ရွတ်တော်မူလေ့ ရှိ၏။ ထိုဂွထာကို ရေတွင်မန်း၍ ဆိုင်ရှေ့တွင် ပက်ဖြန်ထားသော် ထိုဆိုင်သည် လွန်စွာ လူစည်ကားမည် ဖြစ်၏။ထိုဂါထာကို ရေတွင်မန်း၍ မျက်နှာသစ်၍သွားသော် ကျွေးမည့် မွေးမည့်လူများ ပေါ်ပေါက်လာမည် ဖြစ်၏။ ထိုထူးခြားသော ဂါထာကို ကျွန်ုပ်၏ ချစ်လှစွာသော ဧည်သည့်တော်များ ရရှိစေလိုသော စေတနာ ဖြင့် ဖော်ပြလိုက်ရပေသတည်း။

လျှို့ဝှက်ရှားပါးသော သူရဿတီဂါထာတော်

ဥုမ်...... ဥသျောင် ပါးနား နှုတ်လျာဖျားက စောင်ထ သူရဿတီ။
အညီမကွာ ပညာညာဏ်ဖြင့် ၊ အကြံပေးတတ် ၊ ကိုယ်စောင့်နတ်လည်း ၊လာဘ်နှင့်မကွာ ၊ လိုရာတတိုင်း ရစေသော်ဝ်။
ငါ၏အသံ ၊ တစ်ရံကြားက ၊ သားနှင့်ညီနှင့်အမျှ ၊ နှမအလား ၊ ချစ်တွေပွား၍ ၊ စီးပွားချမ်းသာ ၊ တည်စေသော်ဝ်။
ဥုမ်.....တာရာသိဒ္ဓိ ၊ ၀န္ဒာမိ-လေးကျွန်းမျက်နှာ ၊ နေကအဖ ၊ လကအမိ ၊ 
သွားလေရာရာ ၊ မဟာဂီရိ ၊ နတ်မင်းကြီးသမီး ၊ ငါ့ကို မစေသော်ဝ်။
စီးပွားချမ်းသာ ၊ တည်စေသော်ဝ်။
အသက်တစ်ရာ ၊ ရှည်စေသော်ဝ်။
ဥုမ်....တုဋ္ဌေဟိ ၊ မမတုဋ္ဌေဟိ ၊ ပိယေဟိ ။မမ ပိယေဟိ 
သန္နေဟံ မမ သိန္နေဟံ ။ တုယျံ တုယျံ ခိပ္ပ သိဒ္ဓိ ခိပ္ပ သိဒ္ဓိ။
ဓာရေယျ ဓာရေယျ။ ၀ါရေယျ ၀ါရေယျ။
ဘဒ္ဒန္တ ဘဒ္ဒန္တ ဒူရေ ဒူရေ။
သွာ ဟုံဟုံ။

သင်တို့၏အကျိုးကို အမှန်တကယ် လိုလားသော
ဆရာဟိန်းတင့်ဇော်

Friday, April 23, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels