သင်တို့၏ဘ၀တွင် တစ်ခါတရံ လွန်စွာ အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ကြုံတွေ့ရတတ်ပါတယ်။
ဘာကိစ္စပဲဖြစ်ဖြစ်ပါ။ အိမ်ထောင်ရေး ၊ ကျန်မာရေး ၊ အလုပ်ကိစ္စ ၊ငွေကြေးကိစ္စ ၊ ဘာကိစ္စပဲဖြစ်ဖြစ် အရေးတကြီးကြုံလာခဲ့မယ်ဆိုရင် ဒီယတြာကို ဆောင်ရွက်ပေးလိုက်ပါ။
အဲဒါကတော့ တလက်မနဲ့ အရှည်တစ်ပေလောက်ရှိတဲ့ စာရွက်အဖြူတစ်ရွက်မှာ သင်အရေးတစ်ကြီး ဖြစ်စေချင် တာတွေကို ရေးပါ။ ထို့နောက် မိုးပျံဗူဘောင်းတွင် ချိပ်ဆွဲ၍ လွှတ်တင်ပါ။ ည(၁၂း၀၀)တွင် လွှတ်ပါ။ ယုံယုံကြည် ကြည်နှင့် ဆောင်ရွက်လိုက်ပါ။ ဒီယတြာကတော့ အရမ်း အကျိုးပေး မြန်ပါတယ် ခင်ဗျာ.........
အဆင်ပြေမယ်ဆိုရင်တော့ မိုးပျံပူပေါင်း အသုံးပြုရာမှာ အရောင်လေးတွေ သီးသန့်ခွဲခြားပြီး ဆောင်ရွက်မယ် ဆိုရင်တော့ ပိုပြီး ထိရောက် ကောင်းမွန်ပါလိမ့်မည်
အနီရောင်.............ရဲစွမ်းသတ္တိ၊ တန်ခိုးစွမ်းအင်နှင့်ဆိုင်တဲ့ ကိစ္စတွေအတွက် သုံးပါတယ်။
အစိမ်းရောင်..........ငွေကံကောင်းဖို့။ လာဘ်ရွှင်ဖို့၊
ပန်းရောင်.............ပီယကိစ္စ ။ မိတ်ဆွေအပေါင်းအသင်းကိစ္စတွေ အတွက် သုံးပါတယ်။
အပြာရောင်...........ငြိမ်းချမ်းမှု့ရဘို့အတွက် သုံးပါတယ်။
လိမ္မော်ရောင်.........ဆွဲဆောင်မှု့ရှိဘို့အတွက် သုံးပါတယ်။
မဲနယ်ရောင်...........အကာအကွယ်ရဘို့အတွက် သုံးပါတယ်။
အ၀ါရောင် ............ရောင်းချင်တာ ၊ ၀ယ်ချင်တာတွေအတွက် သုံးပါတယ်။
အဖြူရောင်............မမြင်ရတဲ့အကူအညီတွေ ရရှိဘို့အတွက် သုံးပါတယ်။

သင်တို့၏အကျိုးကို အမှန်တကယ်လိုလားသော
ဆရာဟိန်းတင့်ဇော်

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter