သင့်မှာ ကိစ္စတစ်ခု ဒါမှမဟုတ် အခက်အခဲ တစ်စုံတစ်ရာကြောင့် ကိုယ်တိုင် ယတြာပြုလုပ်မယ်။ အင်းစမတွေ စီရင်ပြီး မီးထွန်းမယ်ဆိုရင် အချိန်အခါကို ရွေးတတ်ရမယ်လို့ ဆိုတယ်။ နက္ခတ်တွေ ခါးပါဒ်တွေ အ၀င် အထွက် သဘောတွေ တီထိတွေကို အသင့်တော်ဆုံး ရွေးတတ်ရမယ်တဲ့။ အခါကောင်းကို စောင့်ရမယ်တဲ့။ ကိုယ်ပြုလုပ် မယ့် အဆောင်ကိစ္စတွေဟာ ၀င်စေဘို့အတွက်ဆိုရင် အ၀င်နက္ခတ်နဲ့ တိုက်ဆိုင်ကြုံကြိုက်အောင် ရွေးချယ်ပြီး ဆောင်ရွက်ရမယ်။ (ဥပမာ ထွက်သွားသူ ပြန်လာစေဖို့) ။ ကုန်ရောင်းရန် ကားရောင်းရန် အိမ်ရောင်းထွက်ရန် စတဲ့ ထွက်စေချင်တဲ့ ကိစ္စတွေမှာ အထွက်နက္ခတ်နှင့် ယှဉ်ပြီး ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
တော်တော်လေးခက်ပါတယ်။ ဒါတွေကို စနစ်တကျ ရွေးချယ်တတ်ဖို့ ကျွမ်းကျင်ဖို့ ဆိုတာ တော်တော်လေး မလွယ်ကူတဲ့ကိစ္စပါ။ တော်ရုံတန်ရုံ ဗေဒင်အခြေခံ တတ်ကျွမ်းထားတဲ့လူတောင် မလွယ်ကူတာ သာမန် လုံးဝဗေဒင်မတတ်တဲ့လူတွေဆိုရင်တော့ ပိုဆိုးတာပေါ့။ အဲဒီအတွက် စိတ်မပူပါနဲ့။ အောက်မှာ နေ့သိရုံနဲ့တင် ဆောင်ရွက်လို့ ရအောင် ရွေးချယ်ပေးလိုက်ပါတယ်။
တနင်္ဂနွေနေ့---ဗလောင်ဆူနေတဲ့စိတ်ကို ငြိမ်သက်သွားစေဖို့ ပြုလုပ်တဲ့အဆောင်တွေကို ပြုလုပ်ပါ။
တနင်္လာနေ့-- အတိတ်နိမိတ်ကောင်းစေဖို့ ၊ အိပ်မက်ကောင်းများမက်စေဖို့ အစီအရင်တွေကို ပြုလုပ်ပါ။
အင်္ဂါနေ့.... ရန်သူကင်းဝေအောင် လုပ်တဲ့ အကာအကွယ် အစီအရင်တွေ ပြုလုပ်ပါ။
ဗုဒ္ဓဟူးနေ့... စာမေးပွဲဖြေဖို့ကိစ္စ ၊ အင်တာဗျူးဖြေဖို့ကိစ္စ စသောကစ္စများအတွက် ပြုလုပ်ပါ။
ကြာသပတေးနေ့.... ဓနဥစ္စာ ကြွယ်ဝချမ်းသာအောင်လုပ်တဲ့ အစီအရင်တွေကို ပြုလုပ်ပါ။
သောကြာနေ့.... ပီယအဆောင်တွေကို ဆောင်ရွက်နိုင်ပါတယ်။
စနေနေ့..... မိမိအိုးအိမ်နှင့် မိမိလုပ်ငန်းကို သူတစ်ပါးမထိပါးအောင် ကာကွယ်တဲ့ အစီအရင်တွေကို ပြုလုပ်ပါ။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter