စိန်......
ကျောက်မျက်ရတနာတွေထဲမှာ အမာဆုံးစွမ်းရည် ရှိတာကတော့ စိန်ပါပဲ။ စိန်ကို ဆင်မြန်းသူတွေအတွက် အလှကျက်သရေတိုးသလို ကိုယ်ခန္ဓာကို ကြည်လင်စေတယ်လို့ ဆိုပါတယ်။အဆိတ်အတောက်ပါတဲ့ ဓာတ်တွေ ကို လွင်ပြယ်စေတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားတိုးတက်စေတယ်။ ဆွေမျိုးညာတကာ အလယ်မှာ တင့်တယ်စေပါတယ်။ စိန်ကို ဆောင်ထားရင် ကိုယ်ဝန်ဆောင်မိခင်တွေ မွေးဖွားရ လွယ်ကူစေပါတယ်။ ရောဂါ ဘယကင်းစေတယ်လို့ ယူဆကြပါတယ်။
ဥဿဖယား........
မိုးကုတ်မြို့က ထွက်တယ်လို့ ဆိုပါတယ်။အ၀ါရောင်နှင့် အညိုရောင်သန်းတဲ့ ဥဿဖယားတွေကိုလည်း တွေ့ရတတ်ပါတယ်။ ဘရာဇီးလှပျိုဖြူတွေ အမြတ်တနိုး ဆင်မြန်းကြတယ်တဲ့။ ထိုင်းဘက်က၀င်တဲ့ ဥဿဖယားက ပန်းရောင်ဖြစ်နေတာ တွေ့ရမယ်။ ဥဿဖယားကို အဆောင်အဖြစ် ဆင်မြန်းထားမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။စိတ်နောက်တဲ့ရောဂါ စိတ်အားငယ်တဲ့ ရောဂါတွေကို သက်သာရာ ရစေတယ်။အသိညာဏ် စွမ်းရည်တွေ စိတ်စွမ်းအင်တွေကို ထက်မျက်စေနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး သာယာတဲ့ အိမ်ထောင်ရေး သုခကိုလည်း ရရှိစေနိုင်ပါတယ်။








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter