ကျွန်ုပ်တို့သည် လူ့လောက အတွင်း၌ တစ်ခု မဟုတ်လျှင် တစ်ခု ဆိုသလို လိုအပ်မှု့များ ရှိနေတတ်၏။ အိမ်ပိုင် မရှိသေးသူသည် အိမ်ပိုင် တစ်လုံး လိုချင်နေ၏။ မော်တော်ကား မရှိသောသူသည် မော်တော်ကား တစ်စီး လိုအပ်နေ၏။ တယ်လီဖုန်း မရှိသောသူသည် တယ်လီဖုန်းတစ်လုံး လိုအပ်နေ၏။၎င်း လိုအပ်ချက်များကို ဂမ္ဘီရ သဘောနှင့် ဖြေရှင်းရန်နည်းမှာ ငှက်ပျောသီး ပျော်ပျော် ဆယ်လုံးကို ကြွေပန်းကန်ပြားတွင် အခွံနွာ၍ ထည့်ရ၏။ ထိုငှက်ပျောသီး များကို သကြား အုပ်သွားအောင် ဖြူးရ၏။ ငှက်ပျောသီး ဆယ်လုံးကို သကြားအုပ်အောင် ဖြူးမည်ဆိုလျှင် သကြား (၁၅) ကျပ်သား လို၏။
ပြီးလျှင် ဖယောင်းတိုင် အဖြူတစ်တိုင်တွင် ဘေးတွင် ဖော်ပြထားသော သကြားစမကို ကပ်၍ ပူဇော်ရမည်။ ထိုသို့ ပူဇော်ရာတွင် တနင်္ဂနွေနေ့နှင့် သောကြာနေ့ နံက် (၅)နာရီတွင် ပူဇော်ရ၏။ ဤနည်းကို ရှေ့အခါက "သိကြားပွဲ" ခေါ်ဝေါ်ကြ၏။ ရှေ့အခါက ဆိုလျှင် နံ့သာဖု ငှက်ပျောသီး ပျော်ပျော်ဖြင့် ပြုလုပ်ကြ၏။ ယခု ခေတ်၌မူ ဖီးကြမ်း ငှက်ပျောသီး ပျော်ပျော်ဖြင့် ပြုလုပ်လျှင် ရ၏။ (မူရင်း- အဘမင်းသိင်္ခ)




























Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter