Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဆန္ဒပြည့်ဝစေဖို့ ကောင်းမှုယတြာပြုကြစို့.....

မိုးဥတု၏ တစ်ခုသော မိုးဖွဲဖွဲလေး ရွာသွန်းနေသော နေ့လေးတစ်နေ့၌ ကျွန်ုပ်သည် ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းတွင် တစ်ယောက်တည်း ဟောစာတမ်းများကို ပရင့်ထုပ်ပြီးနောက် စာအုပ်ချုပ် နေ၏။ ထိုအချိန်တွင် လွန်ခဲ့သော လအနည်းငယ်က ဗေဒင်မေး ယတြာချေဘူးသော ကိုမောင်မောင်ဆိုသူသည် အခန်းအတွင်းသို့ ၀င်ရောက်လာလေ၏။ ကိုမောင်မောင်သည် အခန်းအတွင်းသို့ ရောက်လာပြီးလျှင် ဘုရားဝတ်ပြုပြီးနောက် ဆရာသမား ဘာတွေ အလုပ်ရှုပ်နေတာလဲဟု ကျွန်ုပ်အား နှုတ်ဆက်ရင်း ကျွန်ုပ်အနားသို့ လာထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က

ဟောစာတမ်းစာအုပ်တွေ လုပ်နေတာပါဗျာ။ ရက်ချိန်အတိုင်း သူတို့ကို အချိန်မီ လုပ်ပေးရမယ်ဟု ပြန်ပြောလိုက်လေ၏။ ထို့နောက် ကိုမောင်မောင်က ဒါတွေက ဆရာကိုယ်တိုင် လုပ်နေတာလား။ ကျွန်တော်က ဆရာ့ ဆိုင်မှာ သွားလုပ်ယူတယ် မှတ်လို့။ ဟိုတလောတုန်းက ကျွန်တော့် အခန်းဘေးကပ်ရက်က ကောင်မလေး ကို ဆရာ ဘ၀တစ်သက်စာ ဟောစာတမ်း လုပ်ပေးလိုက်တာ ကျွန်တော့်ကို ပြတယ်။ ဆရာ ရေးထားတာ တော်တော်လေး စုံနေတာပဲ။ ကျွန်တော်ကြည့်လိုက်တာ စာမျက်နှာ (၅၀) ကျော်မယ်ထင်တယ်။ ကျွန်တော်ထင်တာက ဆရာက စာအုပ်ချုပ်တဲ့ဆိုင်မှာ သွားလုပ်တာ ထင်နေတာဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က... ဆိုင်ကို မသွားပါဘူးဗျာ။ ကိုယ်တိုင်ပဲ လုပ်ယူပါတယ်။ ပြီးတော့ သူတို့ ပြန်ပြီး ပူဇော်တဲ့ ပညာပူဇော်ခလေး သုံးလေးရာလောက်ကို ကျွန်တော်က ဆိုင်မှာသွားလုပ်ရင် ဆိုင်ကို ပေးလိုက်ရလို့ ကျွန်တော် မသုံးလိုက်ရပဲ ဖြစ်သွားမှာပေါ့။ ဒါကြောင့် ကျွန်တော် ဟိုတလောက Brother အမျိုးအစား ပရင့်တာလေး တစ်လုံးကို သွားဝယ်လာခဲ့တယ်။ ပြီးတော့ အဲဒါလေးနဲ့ ကြိုးစားပြီး ကိုယ့်ဘာသာ ထုပ်တာပေါ့ဗျာ။ တစ်နေ့ကို အများကြီးလည်း ထုပ်လို့လည်း မရဘူးကိုးဗျ။ ပရင့်တာလေးက သေးသေးလေးဆိုတော့ ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုမောင်မောင်က....

အဲဒီလို ကိုယ်တိုင် လုပ်နေရတော့ ဆရာပင်ပန်းတာပေါ့ ဆရာရဲ့။ တစ်နေ့တစ်နေ့ ဆရာ့ကို ကြည့်လိုက်ရင် ကိုယ့်အခန်းကို လာပြီး ဗေဒင်မေးတဲ့ လူတွေကိုလည်း ဟောပေးရတယ်။ ကျွန်တော့်စိတ်ထင် တစ်နေ့ကို အနည်းဆုံး ဆယ့်ငါးယောက်လောက်တောင် ရှိမယ်တော့ ထင်တယ်။ နောက်ပြီး အခက်အခဲရှိတဲ့ လူတွေ ယတြာလာချေရင်လည်း အနည်းဆုံးတစ်ယောက်ကို တစ်နာရီလောက် အချိန်ယူပြီး ယတြာလုပ်ပေးရသေး တယ်နော်။ နောက်ပြီး အင်တာနက်ကနေလည်း ဗေဒင်ဟောစာတမ်းမှာတဲ့ လူတွေကိုလည်း ၅-ရက်နဲ့ အပြီး ပို့ပေးရသေးတယ်။ နောက်ပြီး ဗေဒင်ပညာ ၀ါသနာပါတဲ့ ကလေးတွေကိုလည်း သူတို့အားရက်တွေလာရင် ဗေဒင် သင်ပေးရသေးတယ်ဆိုတော့ ဆရာ့မှာ အားချိန်နားချိန်ရယ်လို့ကော ရှိသေးရဲ့လား ဆရာရယ်ဟု ပြန်ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ကိုမောင်မောင်အား ဒီလိုရှိပါတယ် ကိုမောင်မောင်ရယ်။ ကျွန်တော်တို့ အသက်အရွယ်အရ ဆိုရင်တော့ အားချိန်နားချိန်ဆိုတဲ့ စကားကို သိပ်ပြီးပြောလို့ မကောင်းပါဘူး။ ကျွန်တော်တို့ရဲ့ ဆရာသခင်ဖြစ်တဲ့ အဘမင်းသိင်္ခဟာဆိုရင် တစ်နေ့မှာ နှစ်နာရီလောက်ပဲ အိပ်ပြီး နောက်ဆုံးအချိန်တွေအထိ အလုပ်တွေ လုပ်သွားခဲ့တာ။ အဘမင်းသိင်္ခ အားတဲ့အချိန် နားတဲ့အချိန်ဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် အဘမင်းသိင်္ခလို အေးအေးဆေးဆေး နားနားနေနေ နေလို့ရတဲ့ ပုဂ္ဂိုလ်ကြီးတောင် မနားမနေ အလုပ်လုပ်ခဲ့သေးရင် ကျွန်တော်တို့လို သုညဘ၀ကူတွေက ပိုလို့တောင် အလုပ်လုပ်ရဥိးမယ် မဟုတ်လားဗျာ။ မြန်မာ စကားပုံတစ်ခုတောင် ရှိတာပဲ။ ဘာတဲ့ ရင်လောက်တင်မှ ခါးလောက်ကျဆိုတာလေဟု ကျွန်ုပ်က ကိုမောင်မောင်အား ပြန်ပြောလိုက်လေလျှင် ကိုမောင်မောင်က....

ဒါနဲ့ ဆရာဆောင်ရွက်ပေးတဲ့ ဟောစာတမ်းစာအုပ်က တော်တော် စုံတယ်နော်။ စာမျက်နှာ (၅၀) ကျော်တောင် ပါတယ်ဆိုတော့။ အဲဒီဟောစာတမ်းကြီးကိုလည်း ဘယ်နည်းနဲ့ လုပ်ပေးတာလဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က....

ဒီဟောစာတမ်းကလည်း ကျွန်တော်တို့ရဲ့ အဘမင်းသိင်္ခရဲ့ မူနဲ့ပဲ လုပ်ပေးတာပါ။ အဘမင်းသိင်္ခရှိစဉ်တုန်းက အဲဒီလို ဟောစာတမ်းမျိုးကို လိုချင်တဲ့ လူတွေက မရမ်းတလင်းယတြာမြေကို တကူးတက သွားပြီး လုပ်ကြရတာ။ တစ်လတောင် အချိန်ပေးရတယ်။ ပထမတစ်ခေါက်က အပ်ခဲ့ရတာ။ နောက်တစ်လကြာတော့ မှ သွားပြီး ယူရတာဗျ။ အဘက တပည့်တွေကို အဲဒီမူတွေကို ပေးထားခဲ့တာ။ အခု ကျွန်တော် လုပ်ပေးနေတာလည်း အဲဒီမူနဲ့ လုပ်ပေးနေတာပါဗျ။ ဒါပေမယ့် ကျွန်တော် အခုလုပ်ပေးတဲ့ ဟောစာတမ်းကြိး ကြတော့ နောက်ပိုင်းမှာ ယတြာတွေ ထည့်ပေးလိုက်တာဗျ။ ဒါကြောင့် ဟောစာတမ်း စာအုပ်က အဲဒီလောက် ထူသွားခဲ့တာဟု ကျွန်ုပ်က ပြေန်ပြောလိုက်လေ၏။

ဘယ်လို ပညာရပ်တွေနဲ့ လုပ်ပေးတာလဲဆရာသမားဟု ကိုမောင်မောင်က မေးပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က ဘယ်လိုပညရပ်တွေ အသုံးပြုသလဲဆိုတော့ ကျွန်တော်တို့ မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာရယ်၊ နာမက္ခရတိုင်ရယ်၊ ဆန်းဗေဒင်ရယ်၊ နျူမရော်လော်ဂျီလို့ ခေါ်တဲ့ ဂဏန်းဗေဒင်ပညာရယ်၊ တာရော့ပညာတွေ ရယ်၊ သုံးတန်ပေါ်နိစ်ဗေဒင်ပညာရယ်၊ နောက် ယတြာပညာရပ်တွေရယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ရေးရတာပေါ့။ ရေးတဲ့အခါမှာဆိုရင် မေးတဲ့သူအတွက် ပြည့်စုံအောင် ကောင်းမွန်အောင် စေတနာအရင်းခံပြီး ရေးရတာပေါ့။ လိုအပ်ချက်တွေ တပ်နိုင်သလောက် နည်းအောင် ရေးပေးရတာပေါ့ဗျာ။ နောက်ပြီး သူတို့ရဲ့ ဘ၀အစကနေ အဆုံးအထိ အိမ်ထောင်ရေး ကျန်းမာရေး စီးပွားရေး ဆောင်ရန်ရှောင်ရန်တွေကို အကုန်ထည့်ရေးပေးရတာပေါ့ ဗျ။ တော်တော်များများကလည်း သဘောကျကျပါတယ်ဗျာဟု ပြန်ပြောလိုက်လေ၏။

မသိလို့ မေးတာဆရာသမားရဲ့။ အင်တာနက်ကနေ ဗေဒင်မေးတဲ့ လူတွေကိုကော ဒိလို ဟောစာတမ်းမျိုး လုပ်ပေးတာပဲလားဟု မေးပြန်လေ၏။ ဟာ လုပ်ပေးတာပေါ့ဗျာ။ အင်တာနက်က မေးတဲ့ လူတွေကြတော့ နှစ်ပိုင်းခွဲပြီး လုပ်ပေးရတာ။ တစ်ပိုင်းကျတော့ ဟောစာတမ်းပိုင်းပေါ့။ ဟောစာတမ်းကိုကျတော့ အစောနပြော ခဲ့သလို ပြည့်ပြည့်စုံစုံ လုပ်ပေးတာပါပဲ။ နောက်တစ်ပိုင်းကြတော့ လတ်တလော အခက်အခဲကြုံတွေ့ နေရတဲ့ ကိစ္စတစ်ခု ပိုလာတာပေါ့ကွာ။ အိမ်ထောင်ရေး စီးပွားရေး လူမှု့ေ၇း အစစအရာရာ သိချင်တဲ့ ကိစ္စတွေကို မေးထားတာတွေကိုလည်း သိးသန့်တစ်ပါတည်း ပြန်ဖြေပေးရတာလည်း ရှိတာပေါ့ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

ထိုအခါ ကိုမောင်မောင်က ဒါနဲ့ ဆရာ အင်တာနက်က ဗေဒင်မေးတဲ့ လူတွေဆီကရော ဆရာ့ရဲ့ ပညာပူဇော်ခကို ပေးကြရဲ့လားဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က ဟာ... ပေးတာပေါ့ကွ။ အားလုံးနည်းပါးကို ပေးကြတယ်။ နည်းလမ်းပေါင်းစုံနဲ့ ကို ပို့ပေးကြတယ်ကွ။ ရပါတယ်ဗျာ။ အေးအေးဆေးဆေးပေါ့လို့ ငါက ပြောတာတောင် မရဘူးကွ။ သူတို့က ပြောတယ်။ ဆရာရယ်တဲ့ ။ဆရာက ဗေဒင်ပညာတစ်ခုတည်းနဲ့ ချို့ချို့တဲ့တဲ့ ရပ်တည်နေ၇တဲ့ ဆိုပြီး ငါ့ကို သနားလို့နဲ့ တူပါတယ်ကွာ။ အားလုံးက အဆင်ပြေသလို ပို့ပေးကြပါတယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုမောင်မောင်က...

ကောင်းပါတယ်ဆရာရယ်။ နောက်မှ ကျွန်တော်တို့ မိသားစုအတွက်လည်း ဟောစာတမ်းလာလုပ်ပါဦးမယ်။ အခုလောလောဆယ်တော့ ကံဇာတာကောင်းမွန်စေတဲ့ ယတြာတစ်ခုလောက် လမ်းညွန်လိုက်ပါဦး ဆရာ။ အခုတလော ဘာပဲလုပ်လုပ် နည်းနည်းလေး ကသိကအောက်ဖြစ်နေတယ်။ ဒါကြောင့် ဆရာ့ဆီကို ရောက်လာခဲ့တာပါဟု ပြန်ပြောလေသောကြောင့် ကျွန်ုပ်လည်း အောက်ဖော်ပြပါ ယတြာကို ကိုမောင်မောင်ဆို သူအား ညွန်ပြပေးလိုက်လေတော့၏။

အခုငါပြောတဲ့ ယတြာကတော့ ကောင်းမှု့ယတြာပေါ့ကွာ။ အတိဒုက္ခ ရောက်နေတဲ့အချိန်တွေ၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲ၊ လုပ်သမျှအဆင်မပြေ ၊ ဘာလုပ်လုပ် အခက်အခဲ ကြုံတွေ့နေရတဲ့ အချိန်တွေမှာ အင်္ဂ၀ိဇ္ဇာ အတတ်ပညာမှာ လာတဲ့ နည်းနဲ့ ကုသိုလ်ကောင်းမှုယတြာ လုပ်တဲ့အတွက် မကောင်းတဲ့ အညံ့အဆိုးတွေ ပြေပျောက်သွားတယ်။ လွတ်မြောက်သွားတယ်။ မိမိဘ၀ ။ မိမိမိသားစု တိုးတက်အောင်မြင်သွားတယ်။ ကံဇာတာမြင့်မားစေတယ်ကွ။ ပညာရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ နေ့သားတစ်ဦးတစ်ယောက်ဟာ မိမိရဲ့ တြိရန်းနေ့မှာ စတုရန်းအရပ်၌ မိတ်နံကိုဆောင်၍ သတ်မှတ်ထားတဲ့ အလှူဒါနကို ဆောင်ရွက်ရမယ်လို့ ဆိုထားတယ်။

ဒီယတြာနည်းမှာ အသုံးပြုတဲ့ မိတ်နံဆိုတာက “ ဥသာ စိန်ပန်း ဒါန်းလှကိုရှာ ” ဆိုတဲ့ မိတ်ဓာတ်သဘာဝကို အသုံးပြုထားတာ။ အဲဒီ မိတ်ဓာတ်တွေရဲ့ ဂြိုဟ်သက်ကို ပေါင်းကြည့်လိုက်ရင်လည်း ၂၇-ရတယ်။ သတ္တဗီဇ ကျေတဲ့အတွက် မကောင်းတဲ့ အညံ့အဆိုးတွေကနေ ကကျော်လွှားလွတ်မြောက်စေတဲ့ ယတြာအမျိုးအစား ဖြစ်တာပေါ့။ ကဲ... (၇)ရက်သားသမီး အားလုံးအတွက် အသုံးပြုလို့ရအောင် အာလုံးအတွက် ရေးပေးလိုက် တယ်ကိုမောင်မောင်ရေဟု ဆိုကာ ဆန္ဒပြည့်ကောင်းမှု့ယတြာဟု အမည်ပေးထားသော အောက်ဖော်ပြပါ ယတြာကို အားလုံးအတွက် ပြည့်စုံစွာရေးသားပေးလိုက်ရပေသတည်း။

တနင်္ဂနွေသားသမီးများအတွက်...
အင်္ဂါနေ့တွင် သီဟိုဠ်ညွန့် တစ်ညွန့်ကို ဆောင်၍ မိမိနေအိမ်၏ တောင်အရပ်ရှိ ညောင်ပင်အား မိမိအသက်စေ့ ရေသွန်းလောင်းပါ။

တနင်္လာသားသမီးများအတွက်....
ဗုဒ္ဓဟူးနေ့တွင် ရှောက်ညွန့်တစ်ညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အနောက်အရပ်တွင်ရှိသော ဘုရားတစ်ဆူဆူ၏ မွေးနံဒေါင့်တွင် ဆွမ်းကပ်လှူပါ။

အင်္ဂါသားသမီးများအတွက်.......
ကြာသပတေးနေ့တွင် သပြေညွန့်ကိုဆောင်၍ မိမိနေအိမ်၏ မြောက်အရပ်တွင်ရှိသော ညောင်ပင်တပင်အား သက်စေ့ရသွန်းလောင်းပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်......
သောကြာနေ့တွင် နှင်းဆီပန်းကို ဆောင်၍ မိမိနေအိမ်၏ အနောက်တောင်အရပ်တွင်ရှိသော ညောင်ပင်တပင်အား သက်စေရေ့သွန်းလောင်းပါ။

ကြာသပတေးနေ့သားသမီးများအတွက်.......
စနေနေ့တွင် ဇီးညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အရှေ့မြောက်အရပ်တွင်ရှိသော ဘုရားစေတီတစ်ဆူဆူ၏ မွေးနံဒေါင့်တွင် ဆီမီး သက်စေ့ ထွန်းညှိပူဇော်ပါ။

သောကြာနေ့သားသမီးများအတွက်......
တနင်္ဂနွေနေ့တွင် အုန်းညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အရှေ့အရပ်တွင်ရှိသော ဘုရားစေတီ တစ်ဆူဆူ၏ မွေးနံဒေါင့်တွင် အုန်းသီးစိပ်လှူပေးပါ။

စနေသားသမီးများအတွက် .....
တနင်္လာနေ့တွင် ရွက်လှညွန့်ကိုဆောင်၍ မိမိနေအိမ်၏ အရှေ့တောင်အရပ်တွင်ရှိသော ဘုရားစေတီတစ်ဆူ ဆူ၏ မွေးနံဒေါင့်တွင် ခရေပန်းကပ်လှူပါ။

အထက်ပါ ကုသိုလ်ကောင်းမှု့ ပြုသောအခါတွင် သတ်မှတ်ထားသော နေ့ရက်များ၏ မိမိတို့ အဆင်ပြေသော မည့်သည့်အချိန်တွင်မဆို ဆောင်ရွက်နိုင်ပါသည်။ အထူးကံမြင့်မားသော အချိန်နှင့် တိုက်ဆိုင်ဆောင်ရွက်ပါက ပိုမိုလျှင်မြန်စွာ ထိရောက်ခြင်းရှိပါသည်။ နေ့သားအလိုက် ကံမြင့် ကံကောာင်းစေသော အချိန်များကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။

နေ့သား.......... အချိန်.

တနင်္ဂနွေ---------- အင်္ဂါနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။
တနင်္လာ-----------ဗုဒ္ဓဟူးနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။
အင်္ဂါ---------------ကြာသပတေးနေ့ နံက် ၆း၀၀ မှ ၇း၃၀ ကြား။
ဗုဒ္ဓဟူး-------------သောကြာနေ့ နံက် ၁၀း၃၀ မှ ၁၂း၀၀ ကြား။
ကြာသပတေး------စနေနေ့ ညနေ ၆း၀၀ မှ ၇း၃၀ ကြား။
သောကြာ---------တနင်္ဂနွေနေ့ နံက် ၆း၀၀ မှ ၇း၃၀ ကြား။
စနေ--------------တနင်္လာနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။

အားလုံးအဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အုန်းသီးထဲကို ကြက်သားထည့်၍ ဖွဲမီးဖြင့်ဖုတ်သော ဟင်းတစ်မျိုး

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်း ရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်းမရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်တို့ ငယ်စဉ်က တစ်ရပ်တည်းနေခဲ့ဖူးသော ကိုပီတာဆိုသော လူကြီးတစ်ဦး ရောက်လာလေ၏။ ထိုလူကြီးသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ကို တွေ့လျှင် တွေ့ချင်း ထိုလူကြီးက .. “ ဟေ့… အောင်ထွန်း၊ဂွတ်ဒ်မော နင်း၊ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လိုက်လေ၏။ “ကိုပီကြီးကတော့ လုပ်ပြီး ဂွတ်ဒ်မောနင်းဆိုလည်း ဂွတ်ဒ်မော နင်းပေါ့မောနင်းပေါံ၊ ဂွတ်ဒ်နိုက်ဆိုလည်း ဂွတ်နိုက်ပေါ့ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက.. “ မနေ့ညက တည်းက ကိုယ့်လူဆီလာဖို့ စိတ်ရောက်နေတာ၊ အဲဒါကြောင့် ဂွတ်ဒ်နိုက်လို့ပြောတာ၊ ရောက်လာတာက ခုမှ ရောက်လာတာ၊ အဲဒါကြောင့် ဂွတ်ဒ်မောနင်းလို့ နှုတ်ဆက်တာ၊ နားရှင်းအောင် နားထောင်စမ်းပါ ကိုယ့်လူရာ” ဟု ကျွန်ုပ်အား အပြစ်တင်သောလေသံဖြင့် ပြောလိုက်လေ၏။

ထို့ကြောင့် ကျွန်ုပ်က.. “ကဲပါ.. ကိုပီတာကြီး ရယ်၊ ဘာဟင်းနဲ့စားမလဲ ပြောစမ်းပါ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “ငါဘဝမှာလ ကကွာ သူ များကျွေးမှ စားရတဲ့ဘဝပါ၊ အဲဒီတော့ ဖွယ်ဖွယ်ရာရာလည်း မစားတတ်ပါဘူး၊ ကတ်သီးကတ်သပ်လည်း မစားတတ်ပါဘူး၊ အဲဒီတော့ ဒီလိုလုပ်ကွာ အုန်းသီးရင့်ရင့်တစ်လုံးကိုအဝလှပ်၊ ခုနှစ်ဆယ်သားလောက်ရှိတဲ့ ကြက်ကိုခုတ်ထစ်ပြီး ငရုတ်သီး၊ ကြက်သွန်၊ဆား၊ အဲဒါတွေနဲ့ နယ်ပေါ့ကွာ၊ ပြီးတော့ အဲဒီအုန်းသီးထဲ ပြန် ထည့်အဖုံးပြန်ဖုံး၊ ရွံ့နဲပမံကွာ၊ အဲဒီအုန်းသီးကို ဖွဲနှစ်တင်းလောက်နဲ့ မီးဖုတ်ကွာ၊ အုန်းသီးအပြင်က အကုန် လံးကျွမ်းကုန်လိမ့်မယ်၊ ပြီးတော့ အဲဒီအုန်းသီးထဲက ကြက်သားတွေက အုးသီးနှစ်တွေနဲ့ ကျက်နေလိမ့်မယ်၊ ပြီးတော့ ဇလုံကြီးထဲလောင်းချ ထမင်းပူပူနဲ့ စားမယ်ကွာ..” ဟု ပြောလေ၏

“ ဒါလောက် အုန်းသီးတွေများ တာဗျာ၊ သွေးတိုးလိမ့်မယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီး.. “ကိုရင်လည်း သိသားပဲ၊ ငါ့ကို ရပ် ကွက်တစ်ခုလုံးက အရူးစာရင်းထဲမှာ သွင်းထားကြတာ၊ အရူးပီတာလို့တောင် ခေါ်ကြတာ၊ တစ်ခု မင်းစဉ်းစား ကြည့်၊ သွေးတိုးပြီးသေတဲ့ အရူး မင်းတွေ့ဖူးလား၊ အရူးက ဘာစားစား သွေးမိုးဘူးကွ၊ သူများတွေယင်ကောင် နားတဲ့ အစားအသောက်ကို စားရင်ဝမ်းရောဂါဖြစ်တယ် မဟုတ်လား၊ ငါ့တို့ အရူးတွေက မဖြစ်ဘူးကွ၊

အရူးရောဂါတစ်ခု ရပြီကတည်းက သွေးတိုးလည်းမဖြစ်ဘူး၊ ဝမ်းရောဂါလားမဖြစ်ဘူး၊ ကျောက်ကပ်လည်းမဖြစ်ဘူး၊ နှလုံး ရောဂါလည်းမဖြစ်ဘူး၊ နှလုံးရောဂါနဲ့သေတဲ့ အရူးမင်းတွေ့ဖူးလို့လား၊ ဒီလိုကွ .. အရူးလက်မှတ်ရပြီးကတည်း က ကျန်တဲ့ရောဂါတွေ ပြီးသွားပြီးထင်တယ်၊ အဲဒီတော့ ငါပြောတဲ့အတိုင်းသာ ချက်ကျွေးစမ်းပါကွာ..” ဟု ရှည် လျားစွာ ပြောလိုက်လေ၏။ ကျွန်ုပ်လည်း ၎င်းပြောသည့်အတိုင်း ကြက်သားနှင့်အုန်းသီးကို စီမံရလေ၏။ အလုံး စုံပြီးသောအခါ၌ ဟင်းများကို ဇလုံကြီးထဲတင်ထည့်၍ ကိုပီတာကြီးကို ကျွေးရလေ၏။ ကိုပီတာကြီးသည် မြိန် ရှက်စွာ စားသောက်နေ၏။

ထိုသို့စားသောက်နေစဉ်တွင် ကျွန်ုပ်က ဟင်းအရသာနှင့်ပတ်သက်၍ စကားပြော လိုသောကြောင့်.. “ဒီလို ကိုပီတာကြီးရဲ့ အရသာက ခြောက်ပါး ရှိတယ်လေဗျာ” ဟု စကားစလိုက်လျှင် “ဘယ်ကသာ ခြောက်ပါးရမလဲ ကိုယ့်လူရာသူများက ခြောက်ပါးဆိုတာနဲ့ ခြောက်ပါးလိုက်ပြီးပြောနေတာကိုး၊ ကိုယ်ပိုင်ဥာဏ်နဲပမှ မစဉ်းစားဘဲ” ဟု ကျွန်ုပ်အားပြောရာ ကျွန်ုပ်က.. “ဘယ်နှပါလဲဗျာ..” ဟု မေးလိုက်လေ၏

“ ဒီလိုငါ့လူရ၊ မင်းပြောတဲ့ အရသားခြောက်ပါးက အချိုရယ်၊ အချဉ်ရယ်၊ အစပ်ရယ်၊ အငံရယ်၊ အခါးရယ်၊ အ ဖန်ရယ်၊ အဲဒါကိုပြောတာမို့လား၊ အဲဒီတော့ မင်းကို ငါတစ်ခုမေးမယ်၊ လက်ဖက်ရည်အချိုကို အေးစက်နေတုန်း သောက်တာနဲ့ ပူပူနွေးနွေးသောက်တာနဲ့ အရသာချင်းတူသလား၊ ရိုးရိုးသားသားဝန်ခံကွာ၊ အဲဒီတော့ အပူ၊ အအေး၊ကိုလည်း အရသာထဲ ထည့်ရမှာပဲကွ၊ ပြီးတော့ထမင်းကတော့ ထမင်းပေါ့ကွာ၊ ထမင်းပျော့အရသားနဲ့ အမာအရသာနဲပ အရသာမှာကွာလိမ့်မယ် ကိုယ့်လူရေ၊ အဲဒါကိုလည်း ဝန်ခံကွာ၊ အဲဒါဆိုရင်တော့ အမာ၊ အပျော့ ကလည်းအရသားနှစ်ပါးပေါ့ကွာ၊ အဲဒီတော့ စောစောက ပြောတဲ့ အရသာခြောက်ပါးရယ်၊ ငါထပ်ပြီးတိုး တဲ့၊ လေးပါရယ် အရသာဆယ်ပါးဖြစ်နေပြီ၊

ပြီးတော့ မင်းသိထားရမှာ စောစောက အရသာဆယ်ပါးထဲမှာ ဆိမ့်တယ်ဆိုတာ မပါးဘူးကွာ၊ အဲဒါပါထည့်လိုက်ရင် အရသာ ဆယ့်တစ်ပါးဖြစ်သွားလိမ့်မယ်၊ အခု ငါပြောတဲ့စကားကို လက်ခံပြီဆိုရင်တော့ မင်းစကားကို ဆက်ပြောခွင့်ရှိတယ်၊ လက်မခံဘူးဆိုရင့် ငါနဲ့ဆက်ပြီးငြင်းမှာ” ဟု ကိုပီတာကြီးက အကျပ်ကိုင်လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ဆက်၍လည်းမပြော၊ ၎င်းနှင့်လည်း ငြင်းခုံခြင်းမပြုဘဲ ဆိတ်ဆိတ် နေလိုက်ရလေတော့၏။ ကျွန်ုပ်သည် ကိုပီတာကြီး၏စကားကို မကျေနပ်သောကြောင့် သုန်သုန်မှုန် မှုန်ကြီးဖြစ်နေ၏။ ကျွန်ုပ်၏မျက်နှာကိုကြည့်၍လည်း ကိုပီတာကြီးက .. “ ကိုယ့်လူရဲ့မျက်နှာကလည်း သုန်သုန် မှုန်မှုန်ကြီးနဲ့ စိတ်ပျက်ဖို့ကောင်းလိုကတာ၊ ရယ်ရယ်မောမောနေစမ်းပါ ကိုယ့်လူရဲ့” ဟု ဆိုကာ ၎င်းကစ၍ တဟားဟားရယ်လေ၏။ ကျွန်ုပ်၏ မျက်နှာကိုကြည့်၍ လည်းရယ်နေလေ၏။

ကျွန်ုပ်လည်း၎င်း၏ ရယ်ရွှင်မြူး ထူးပုံကိုမြင်သဖြင့် စိတ်ဆိုးပြေကာ ပြုံးလာမိလေ၏။ ထိုမှတဆင့် ရယ်မိလေတော့၏။ ထိုအခါ ကိုပီတာကြီးက “ ကိုယ့်လူကို ပြောပြရဦးမယ်၊ တစ်ခါတုန်းက တရုတ်ပြည်မှာ ထူးခြားတဲ့ သူတော်စင်သုံးဦး ရှိခဲ့ဖူးတယ်၊ အဲဒီ သုံးဦးဟာ အတူနေတယ်၊ အတူစားတယ်၊ အတူသွားတယ်၊ ဘယ်တော့ပဲကြည့်ကြည့် အကြောင်းတစ်ခုနဲ့ မဟုတ် တစ်ခုနဲ့ ဟက်ဟက်ပက်ပက် ရယ်နေတတ်ကြတယ်၊ သူတို့တွေဟာ ဈေးရှိတဲ့နေရာတွေကို သွားတယ် ပြီးဈေးဝမှာ သုံးယောက်သား မျက်နှာချင်းဆိုပြီး ဗိုက်သားကြွတက် လှုပ်ယမ်းလာတဲ့အထိ ရယ်ကြတော့တာပဲ ဈေးကိုလာတဲ့လူတွေဟာ သူတို့ သုံးယောက်ကို ကြည့်ပြီး အူရွှင်လာတတ်ကြတယ်၊ ပြီးတော့ ရယ်ချင်စိတ်တွေ ပေါ်လာပြီး ရယ်ကြတော့တာပဲ၊

ရယ်လိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ လေးလံနေတာတွေ ပေါ့သွားတော့တာပေါ့၊ လောကသစ်၊ အမြင်သစ်ကို ဝင်ရောက်ခွင့်ရသွားတော့တာပေါ့၊ ဟက်ဟက်ပက်ပက် ရယ်လိုက်တဲ့အခါမှာ ညစ်နွမ်းနေတဲ့စိတ်ဟာ ပုံပြောင်းသွားတယ်၊ အဲဒီအရယ်သန်တဲ့ သူတောစင်သုံးဦးဟာ တရုတ်ပြည် တစ်ပြည်လုံးကို လှည့်လည် သွားလာခဲ့ပြီး လူတွေကို ရယ်မောစေခဲ့တယ်၊ ဒေသထွက်နေတဲ့ လူတွေကို ဒေါသပြေငြိမ်းစေခဲ့တယ်၊ လောဘတက်နေတဲ့လူတွေကို လောဘနည်းစေခဲ့တယ်၊ မနာလိုဝန်တိုမှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ လူတွေကို မုဒိတာ ပွားတတ်အောင် လုပ်ပေးခဲ့တယ်၊

ဘယ်လိုလုပ်ပေးသလဲဆိုတော့ သူတို့နဲ့ရောနှောပြီး ရယ်ပစ်လိုက် တာပါပဲ၊ သူတို့ကို လူတိုင်းလိုလိုက သိကြပါတယ်၊ တစ်နေ့မှာ ရွာတစ်ရွာအရောက်မှာ သူတို့ထဲက တစ်ယောက်ဟာ သေပါလေရော၊ အဲဒီတော့ ရွာသူရွာသားတွေက ကျန်တဲ့နှစ်ယောက်ဟာ ရယ်နိုင်ပါမလားလို့ စောင့်ကြည့်ခဲ့တယ်၊ ဒါမေမဲံ ရယ်နေကြတာပါပဲ၊ အဲဒီတော့ ရွာသူရွာသားတွေက “တစ်ယောက်သေတာတောင် ကျန်တဲ့နှစ်ယောက်က ရယ်နိုင်သေးတယ်” လို့ပြောတယ်၊

ကျန်တဲ့နှစ်ယောက်က ဘာပြန်ပြောသလဲဆိုတော့ “ တို့သုံးယောက်ဟာ ပြိုင်ပွဲလုပ်ထားတာ ပထမသေတဲ့လူက အနိုင်လို့လုပ်ထားတာ၊ ခု သူနိုင်သွားပြီလေ၊ ဒါကြောင့် သူ့စား ဝမ်းသာလို့ရယ်တာဟေ့..” လို့ ပြန်ပြောပြီး ဟက်ဟက်ပက်ပက် ရယ်ကြပြန်လေ၏။ အဲဒီတော့ ရွာသူရွာသားတွေက “ကောင်းပါပြီလေ၊ သေတဲ့လူကို မီးသင်္ဂြိုလ်မယ်၊ ထုံးစံအတိုင်း သေတဲ့လူကို မီးမသင်္ဂြိုလ်ခင်မှာ ရေချိုးပြီး အဝတ်အစားလဲပေးရမယ်” လို့ ပြောတယ်၊ အဲဒီတော့ ကျန်တဲ့နှစ်ယောက် “မလုပ်ပါနဲ့၊ မသေခင်မှာ သူက မှာသွားတယ်၊ သူသေရင် ရေမချိုးပါနဲ့တဲ့၊ အဝတ်အစားလည်း မလဲပါနဲ့တဲ့ မီးသာရှို့လိုက်ပါတဲ့” အဲဒီတော့ ရွာသူရွာသားတွေက ပြောတဲ့အတိုင်း လုပ်ကြရတာပေါ့၊

သေတဲ့လူရဲ့အလောင်းကြီးကို ထင်းပုံပေါ် တင်ပြီး အောက်လည်း မီးရှို့လိုက်ရော သေတဲ့ လူရဲ့အင်္ကျီးအတွင်းမှ ဝှက်ပြီးထည့်ထားတဲ့ မီးရှုးမီးပန်းတွေဟာ ထပြီးပေါက်တော့တာပဲ၊ အဲဒီလို မီးရှုမီးပန်းတွေ ထပေါက်တဲ့အခါမှာ ကျန်တဲ့နှစ်ယောက်က ဟက်ဟက်ပက်ပက်ရယ်ပြီး ကကြတော့တာပဲ၊ အဲဒီမှာ ရွာသားတွေလည်း မနေနိုင်ဘူး၊ ရယ်ကြ၊ မောကြ၊ ကခုန်ကြ လုပ်ကုန်တော့တာပါပဲ၊ အဲဒီတော့ မသာဟာ မသာနဲ့မတူတော့ဘူး၊ ပျော်ပွဲရွှင်ပွဲလိုဖြစ်သွားတယ်၊ နှစ်သစ်ကူးပွဲတော်ကြီး လိုဖြစ်သွားတယ်၊

သေသွားတဲ့လူဟာလည်း သေသွားတာနဲ့ မတူတော့ဘူး၊ ဘဝသစ်တစ်ခုမှာ ပြန်လည်ရှင်သန် လာသလိုဖြစ်သွားတယ်၊ အဲဒါ လုပ်ကြံပြီးပြောတာ မဟုတ်ဘူးနော်၊ နှစ်ပေါင်းများစွာတုန်းက တရုတ်ပြည်မှာတ ကယ်ရှိခဲ့ ဖြစ်ခဲ့တာ၊

အဲဒီတော့ စိတ်ညစ်နေသလား၊ ဗိုက်သားတွေလှုပ်အောင် အားရပါးရရယ်ပစ်လိုက်ပါ၊ ထွက် ပေါက်ပိတ်ပြီး အကြံရခက်နေသလား၊ မျက်ရည်ထွက်အောင် တအားရယ်ပစ်လိုက်ပါ၊ ဘယ်လိုအခက်အခဲတွေ တွေ့နေ တွေ့နေအဲဒီအခက်အခဲတွေကို ပုံပြောင်းသွားဖို့နည်းဟာ တအားရယ်ပစ်တဲ့နည်းပဲရှိတယ်၊ အဲဒီလိုရယ် ဖြစ်ဖို့လည်း ဘာပစ္စည်းမှ မလိုဘူး၊ ဘယ်သူ့အကူအညီမှလည်း မလိုဘူး၊ ရယ်ခင်တဲ့ အချိန်မှာ အားရပါးရရယ် နိုင်တဲ့ အခွင့်အရေး လူတိုင်းမှာရှိတယ်၊ ကဲ.. မောင်အောင်ထွန်း ငါသွားမယ် ရယ်လိုက်စမ်းပါ၊ ဟား..ဟား..ဟား.. ဟား..” ဟု ရယ်မောပြောဆိုကာ ဦးပီတာကြီးသည် ကျွန်ုပ်၏ ကျောကုန်းကို လက်သီးဖြင့် ဘုန်းကနဲ ထု၍ ထွက် သွားလေတော့သတည်း။

လိုအင်ပြည့်ရာ ပဒေသာ ဂန္ဓာရီအဓိဋ္ဌာန် အဆက်

့"ဆရာဟိန်း။ လိုအင်ပြည့်ရာပဒေသာ အဓိဋ္ဌာန် ပုတီးစိပ်နည်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်ပါသည် ရှင်းပြပေးပါ" လို့ ကိုမျိုးသန့်က ကျွန်တော့်ရဲ့ စိဘောက်ထဲမှာ မေးထားလို့ ကျွန်တော် ဒိပို့လေးကို အနည်းငယ် ဖြည့်စွက်ပြီး ပြန်တင်လိုက်တာပါ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေက စာနဲ့ ရေးပြလို့ ထင်သလောက် မလွယ်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ တစ်ခုလောက်ပြောချင်တာက ကိုယ်တိုင် တကယ်လုပ်ကြည့် စေချင်တယ်။ လုပ်ကြည့်ရင်း လုပ်ကြည့်ရင်းနဲ့ စိတ်ထဲမှာ အလိုလိုနေရင်း ကျင့်နေရင်း သဘောပေါက်လာမယ်။ အဲဒါက ရှင်းပြတာထက်စာရင် ပိုပြီးတော့ လက်တွေကျတယ်။

နောက် အခု ဒီအဓိဋ္ဌာန်ကျင့်စဉ်ကြီးက ဂန္ဓာရီ ကျင့်စဉ်ပါ။ စိတ်နဲ့ဆိုင်တဲ့ ကျင့်စဉ်ဆိုပါတော့။ အဲဒိတော့ မိတ်ဆွေတို့ဟာ ဒီကျင့်စဉ်ကြီးကို လေ့ကျင့်တော့မယ်ဆိုရင် အရင်ဆုံးဦးဆုံး မိတ်ဆွေတို့ရဲ့ စိတ်ကို (ဗလာ) ဖြစ်အောင် ထားထားဖို့လိုပါတယ်။ ဒါလည်း အရမ်းကြီးတော့ မခက်ခဲပါဘူး။ ခနလောက်ကလေး ငြိမ်ငြိမ်သက် သက်လေး ၊ အေးအေးချမ်းချမ်းလေး ထိုင်နေလိုက်ရုံပါပဲ။ ထိုင်တယ်ဆိုတဲ့ နေရာမှ ချောင်ချောင်ချိချိ အ၀တ်အစားလေး ၀တ်၊ ပြီးရင် အနှောက်အယှက်ကင်းတဲ့ နေရာလေးမှာ ကိုယ့်စိတ်ကို တင်းတင်းကြီး မထားပဲ သက်တောင်သက်သာလေး ထိုင်ရမယ်။ ပြီးရင် အသက်ကို မှန်မှန်လေး ရှုရမယ်။

ပထမဦးဆုံး အသက်ကို ဖြေးဖြေးချင်း အဆုံးအထိ ရှုသွင်းလိုက်ရမယ်။ ဖြေးဖြေးချင်း ရှုသွင်းရမယ်နော်။ အမြန်မဟုတ်ဘူး။ အဆုတ်ထဲမှာ လေတွေ ပြည့်ဖောင်းသွားတဲ့အထိ ရှုသွင်းရမယ်။ ဟုတ်ပြီနော်။ အဲဒီလို လေတွေကို ရှုသွင်းပြီးသွားရင် ချက်ချင်း ပြန်မထုပ်ရဘူး။ ခနလောက် အောင့်ထားရမယ်။ ဘယ်လောက်ကြာ ကြာအောင့်ထားရမလဲဆိုတော့ စိတ်ထဲကနေ နံပတ်စဉ်ရေတွက်ထားလိုက်။ တစ်ကနေ တစ်ဆယ်အထိ။ ဖြေးဖြေးမှန်မှန် ရီနေလိုက်။ တစ်ဆယ်ကို ရောက်ပြီဆိုတာနဲ့ ရှုသွင်းထားတဲ့ လေတွေကို ဖြေးဖြေးချင်း ပြန်ထုပ်လိုက်။ လေတွေကို ကုန်အောင် ပြန်ထုပ်ရမယ်နော်။ ဗိုက်ထဲက လေတေါ ကုန်သွားလို့ ဗိုက်ကြီး ပြားချပ်သွားတဲ့အထိ ရှုထုပ်ရမယ်။ အဲဒီလို ဘယ်နှစ်ကြိမ် လုပ်ရမလဲဆိုတော့ (၁၀) ကြိမ်လောက်ပဲ လုပ်ရမယ်။ ပိုမလုပ်နဲ့။ ဒိလောက်ဆို ရပြီ။ အရေးကြီးတာက အဲဒီလို လေတွေကို ရှုသွင်းရှုထုပ် လုပ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်က ငါ့ရဲ့ စိတ်တွေဟာ တည်ငြိမ်သွားပြီ။ ရောက်ယက် မခတ်တော့ဘူး။ အေးချမ်း သွားပြီ။ စိတ်ထဲမှာ ရှိတဲ့ ညစ်ထွေးနေတဲ့ နောက်ကျိနေတဲ့ စိတ်တွေဟာ ၇ှင်းလင်းသွားပြီလို့ တွေးထင်နေရမယ်။ အသက်တစ်ခါ ရှုသွင်းတိုင်း ရှုထုပ်တိုင်း တွေးထင်နေရမယ်။

လုပ်ကြည့်လိုက်ပါ။ အဲဒီလို အသက်ရှုလေ့ကျင့်ခန်းကို ဆယ်ကြိမ်လောက်လေး လုပ်လိုက်တာနဲ့ မိတ်ဆွေရဲ့ စိတ်ဟာ ဘယ်လောက်တောင် အေးချမ်းသွားမယ်၊ ပေါ့ပါးသွားမယ်၊ လန်းဆန်းသွားမယ်ဆိုတာ လုပ်ကြည့်လိုက်တာနဲ့ သိပါပြီ။

အိုကေ ... ဆက်မယ်နော်။ နောက်တဆင့် သွားမယ်နော်။ အဲဒီလို မိတ်ဆွေရဲ့ စိတ်လေးဟာ ပကတိ အေးချမ်းသွားပြီ တည်ငြိမ်သွားပြီ လွတ်လပ်ပေါ့ပါးသွားပြီ ဆိုတာနဲ့ မိတ်ဆွေရဲ့ မျက်လုံးကို အသာကလေး မှိတ်လိုက်ပါ။ ပြီးရင် ဒီစကြာဝဠာကြီးထဲက ဟိုး.... ကောင်းကင်ကို အာရုံပြုလိုက်။ ကောင်းကင်မှာ ရေကန်ကြီး တစ်ကန်ရှိတယ်လို့ အာရုံပြုရမယ်နော်။ အဲဒီရေကန်ကြီးဟာ အင်မတန် ကျယ်ပြောတဲ့ ရေကန်ကြီးပေါ့။ အဲဒီရေကန်ကြီးထဲက ရေတွေဟာ ရိုးရိုးရေတွေမဟုတ်ဘူးနော်။ ရွှေရောင်အဆင်းရှိတဲ့ ရေတွေ။ ရွှေရေတွေပေါ့။ အဲဒီရွှေရောင်အရည်တွေဟာ အဲဒီရေကန်ကြီးထဲကနေ မိတ်ဆွေရဲ့ ခေါင်းပေါ်ကို စီးဆင်းကျ လာမယ်။ နောက် မိတ်ဆွေရဲ့ ခေါင်းပေါ်ကနေတစ်ဆင့် ခန္ဓာကိုတစ်ခုလုံးကို စိမ့်ဝင်သွားပြီလို့ အာရုံပြုရမယ်။ ပြီးရင် အောက်က ပုတီးစိပ်အတိုင်း တစ်ဆင့်ချင်းဆက်ပြီး စိတ်သွားရုံပဲပေါ့။ မခက်ပါဘူး။ ဖြေးဖြေးချင်း ပုတီးတစ်လုံးချင်း စိပ်သွားလိုက်ရုံပဲပေါ့။

လိုအင်ပြည့်ရာပဒေသာအဓိဋ္ဌာန်ပုတီးစိပ်။

ဒီအဓိဋ္ဌာန်မှာ ပုတီးစိပ်ရမယ့် အဆင့် (၉)ဆင့်ရှိပါတယ်။ ပုတီးကတော့ တစ်ရာ့ရှစ်လုံးပုတီးနဲ့ စိပ်ရမယ်။ ပုတီးစိပ် ရမယ့် အဆင့်ကိုးဆင့်ကို အလွယ်မှတ်လို့ရအောင် အောက်မှာ လင်္ကာလေးနဲ့ လုပ်ထားတယ်။ တစ်ချက်လောက် မှတ်ထားလိုက်ဗျာ။

အပ် ၊ ဆက် ၊ ဖြည့် ၊ ၀င် ၊ ရ ၊ ဖန် ၊ မိန့် ၊ ရှင် ၊(နှင့်) မိမိအလိုရှိရာ။

အပ်...ဆိုသည်မှာ
““ ငါဟာ စကြာဝဠာ မနောဓာတ်ကြီးထံမှာ ငါ့ကိုယ့်ငါ အပ်နှံထားလိုက်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဆက်....ဆိုသည်မှာ
“ ငါနဲ့ စကြာဝဠာ မနောဓာတ်ကြီးဟာ ဆက်သွယ်မိနေပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဖြည့်...ဆိုသည်မှာ
“ ငါ့ ခန္ဓာကိုယ်ထဲကို စကြာဝဠာ မနောဓာတ်ကြီက တန်ခိုးသိဒ္ဓိတွေ (သို့) ငါအလိုရှိတာတွေကို ဖြည့်ဆည်း ပေးနေ ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဝင်...ဆိုသည်မှာ
“ ငါ့တစ်ကိုယ်လုံးမှာ ရှိတဲ့ ကလပ်စည်းတိုင်းကို စကြာဝဠာ တန်ခိုး သိဒ္ဓိတွေ (သို့) ငါအလိုရှိတာတွေ ဖြတ်သန်းဝင် ရောက်နေပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ရ...ဆိုသည်မှာ
“ ဒါကြောင့် ငါအလိုရှိရာတွေကို ရယူနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဖန်...ဆိုသည်မှာ
“ ဒါကြောင့် ငါ အလိုရှိတာတွေကို ဖန်ဆင်းနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

မိန့်..ဆိုသည်မှာ

ရှင်...ဆိုသည်မှာ
“ ဒါကြောင့် ငါဟာ လူအပေါင်းကို ကယ်တင်နိုင်တဲ့ တန်ခိုး သိဒ္ဓိရှင် ဖြစ်ပြီ ၊ (သို့) ငါအလိုရှိတာတွေရဲ့ အရှင် သခင်ဖြစ်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

မိမိအလိုရှိရာ...ဆိုသည်မှာ
လတ်တလော အလိုရှိရာ ကိစ္စကို ရွတ်ဆို၍ ပုတီးစိပ်ရမည်။ ဥပမာ “ ငါဟာ အိမ်တစ်လုံး ရရှိနေပြီ ၊ ငါဟာ ကားတစ် စီးရရှိနေပြီ ၊ ငါ့ရဲ့ ဗေဒင် ဟောခန်းမှာ လူတွေတန်းစီနေပြီ ၊ ငါ့ရဲလုပ်ငန်း အရမ်းအောင်မြင်နေပြီ အစရှိသည်ဖြင့် ရွတ်ဆို၍ ပုတီးစိပ်ရပါမည်။

လူတိုင်း လူတိုင်းကတော့ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတာချဉ်းပဲ။ ကျွန်တော် အပါအ၀င်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် စီးပွားရေး အခြေအနေ အလုပ်အကိုင် နေ့ရပ်ဒေသသာ ကွာခြားချင် ကွာခြားမယ်။ နောက်ဆုံးမှာ လူတိုင်းရဲ့ ဦးတည်ချက်ကတော့ အောင်မြင်ဖို့ ၊ ကြီးပွားဖို့ ၊ ချမ်းသာဖို့ပါပဲ။ နောက်ဆုံး လူသားတွေရယ်လို့ ဖြစ်လာရင် တိုးတက်အောင်မြင်ဖို့ လုပ်တာကိုပင် လူသားတွေရဲ့ သမိုင်းပေး တာဝန်တစ်ခုလို့တောင် ပြောဆိုကြတယ်။

အဲဒီတော့ မချမ်းသာချင်ကြတဲ့ လူရယ်လို့ မရှိသလောက်ပါပဲ။ မအောင် မြင်ချင်ကြတဲ့ လူရယ်လို့ မရှိသလောက်ပဲ။ ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အလွှာအသီးသီးက လူတွေကို တစ်ယောက်ခြင်း တစ်ယောက်ချင်း လိုက်မေးကြည့်ပါလား။

မင်းသား မင်းသမီးတွေကော မအောင်မြင်ချင်ဘူးလား....?
စာရေးဆရာဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
အဆိုတော်တွေကော မအောင်မြင်ချင်ဘူးလား...?
ဈေးသည်တွေကော မအောင်မြင်ချင်ဘူးလား...?
ကျောင်းဆရာဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
သူဋ္ဌေးကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
သူဋ္ဌေးလေးတွေကောဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
ကန်ထရိုက်တာကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
အစိုးရ၀န်ထမ်းတွေကော မအောင်မြင်ချင်ဘူးလား...?
လယ်သမားတွေကော မအောင်မြင်ချင်ဘူးလား...?
ဆိုက်ကားသမားတွေကော မအောင်မြင်ချင်ဘူးလား...?
သူတောင်းစားတွေကော မအောင်မြင်ချင်ဘူးလား...?
ဗေဒင်ဆရာတွေကော မအောင်မြင်ချင်ဘူးလား...?
ကျောင်းသူကျောင်းသားတွေကော မအောင်မြင်ချင်ဘူးလား...?
ရဟန်းသံဃာတွေကော မအောင်မြင်ချင်ဘူးလား...?

အကုန်လုံး လိုက်မေးကြည့်လိုက်ရင် အကုန်လုံးက တူညီတဲ့အဖြေတစ်ခုက အကုန်လုံး အောင်မြင်ချင်ကြတာပဲ။ လူချင်းမတူလို့ မူခြင်းမတူတာလောက်ပဲ ရှိမယ်။ ခံယူချက်ခြင်း မတူလို့ အောင်မြင်ချင်တဲ့ ပုံစံခြင်း မတူတာလောက်ပဲ ရှိမယ်။ သေချာတာ တစ်ခုကတော့ လူတိုင်းနီးပါးလောက်က အောင်မြင်ချင်ကြတာပဲလေ။ ဒါကလည်း အဖြစ်သင့်ဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အောင်မြင်ခြင်းဟာ ချိုမြိန်တယ်။ ကျရှုံးခြင်းဟာ ခါးသီးတယ်လေ။ ပြည့်စုံခြင်းဟာ စိတ်ချမ်းသာမှု့ကို ဖြစ်စေပြီး ဆင်းရဲခြင်းဟာ စိတ်သောကတွေကို မွေးဖွားစေတယ်။

ဆင်းရဲခြင်းဟာ အိပ်ပျက်ညတွေကို ဖြစ်စေပြီး ချမ်းသာခြင်းကတော့ ကောင်မွန်စွာ အိပ်စက်နိုင်စေတယ်။ ချမ်းသာခြင်းက လူတွေကို ထမင်းမြိန်စေပြီး ဆင်းရဲခြင်းကတော့ အစားအသောက် ပျက်စေတယ်။ ချမ်းသာခြင်း ကအပေါင်းအသင်း အခြွေအရံတွေကို ပေါများစေပြီး ဆင်းရဲခြင်းကတော့ ဘ၀ကို အထီးကျန်စေတယ် ၊ တစ်ယောက်ထဲ အဖော်မဲ့စေတယ်။ ဆင်းးရဲခြင်းက ရောဂါတွေကို ထူပြောစေပြီး ပြည့်စုံခြင်းက ရောဂါတွေကို ကင်းဝေးပျောက်ကင်းစေတယ်။

အဲဒီတော့ ချမ်းသာတာ၊ ပြည်စုံတာ၊ အဆင်ပြေတာဟာ အရမ်းကောင်းတယ်။ အောင်မြင်တာဟာ အရမ်းကောင်း တယ်ဆိုတာ သိရပြီဆိုရင် ကျွန်တော်တို့ ချမ်းသာခြင်းဆိုတဲ့ အကြောင်ကို နည်းနည်းလောက် သုတေသနပြုကြည့်ဖို့ လိုလိမ့်မယ်။ တစ်ချို့ကတော့ လူချမ်းသာဖို့ မလိုဘူး ၊ စိတ်ချမ်းသာဖို့ အရေးကြီးတယ်လို့ ပြောကြတယ်။ အဲဒီစကားလေး တစ်ခွန်းမှာ ကျွန်တော် သဘောပါက်လိုက်တစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အော်.. ချမ်းသာခြင်းဆိုတာ နှစ်မျိုးရှိပါလား၊ တစ်ခုကတော့ စိတ်ချမ်းသာခြင်းနဲ့ နောက်တစ်ခုက လူချမ်းသာခြင်းဆိုတာပါလားလို့ ကျွန်တော် သဘောပေါက်သွားတယ်။

ကျွန်တော်တို့တွေက ချမ်းသာအောင် ကြိုးစားတဲ့အခါမှာ လူချမ်းသာဖို့ချဉ်း ကြိုးစားနေလို့ မရဘူး။ ကျွန်တော်တို့ ရဲ့ နှလုံးသာ သို့မဟုတ် စိတ်ဓာတ် အဲဒါကို ချမ်းသာအောင် လုပ်ဖို့လဲ အရေးကြီးတယ်ပေါ့။ အဲဒီ စိတ်ချမ်းသာ အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကတော့ နောက်မှ ကျွန်တော် အေးအေးဆေးဆေး ပို့တင်ချင်ပါသေးတယ်။ အခုလောလောဆယ်တော့ လူ့ဘ၀မှာ ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် နေထိုင်သွားနိုင်မယ့် နည်းလမ်းကို ပြောချင်တာ။

ချမ်းသာတယ်ဆိုတာ ငွေတွေအများကြီး ရှိနေတဲ့လူကို ခေါ်တယ်ထင်တာပဲ။ ငွေတွေ အများကြီး ရှိနေတဲ့ လူက စာချင်တာတွေလဲ စားလို့ရတယ်။ အိပ်ချင်တဲ့နေရာမှာ အိပ်လို့ရတယ်။ သွားချင်တဲ့နေရာကို အစဉ်သင့် သက်တောင့်သက်သာ သွားလို့ရတယ်။ ၀ယ်ချင်တာတွေကို မစဉ်းစားဘဲ ၀ယ်လို့ရတယ်။ လှူချင်ရင်လဲ တန်းကနဲ လှူလို့ရတယ်နော်။ ပြောရရင်တော့ များပါတယ်။ ပိုက်ဆံတွေ အများကြီးရှိတဲ့ အများကြီး ပိုင်ဆိုင်ထား တဲ့ လူကို သူဋ္ဌေးလို့ခေါ်ကြတာပဲ။

အဲဒီတော့ သူဋ္ဌေးဆိုတဲ့ ဘ၀က ဒီလောက်ကောင်းနေရင် ခင်ဗျားတို့ရော ကျွန်တော်ရော လုပ်ရအောင်ဗျာ။ ဒီနေ့ကစပြီး ကျွန်တော်တို့တွေ သူဋ္ဌေးလုပ်ရအောင်။ မကောင်းဘူးလား။ ကောင်းတာပေါ့။ ဒါပေမယ့် ဟေ့ကောင်ရ သူဋ္ဌေးဆိုတာ လူတိုင်းလုပ်ချင်တိုင်း လုပ်လို့ရတာမဟုတ်ဘူးကွ၊ ပိုက်ဆံများများရှိမှ သူဋ္ဌေး လုပ်လို့ရတာ၊ မင်းမှာ ပိုက်ဆံများများ ရှိလို့လားလို့ တစ်ယောက်ကကျွန်တော်ကို ပြန်မေးလာခဲ့ရင် ဒါဆို ကျွန်တော် ပိုက်ဆံများများရအောင် ရှာမယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ ကျွန်တော်တို့ တတွေအတွက် အရေးကြီးနေတာက သူဋ္ဌေး ဖြစ်အောင်လုပ်ဖို့ပဲလေ။

ကျွန်တော်တို့ ရှာမယ်လို့ပြောတဲ့ ပိုက်ဆံဆိုတဲ့အရာက လောကကြီးမှာ ရှိတဲ့အရာလား ၊ မရှိတဲ့အရာလား ခင်ဗျားစဉ်းစားပေါ့။ လောကကြီးမှာ မရှိတဲ့ အရာဆိုရင်တော့ ခင်ဗျား လိုက်ရှာနေလို့လည်း အပိုပဲနေမှာ။ နဂိုကတည်းက ရှိမှမရှိတာ။ လောကကြီးမှာ အရင်ကတည်းက ရှိနေတဲ့အရာဆိုရင်တော့ သေချာပေါက် တွေကိုတွေ့မှာ ၊ ရကို ရမှာပါ။ အဲဒီတော့ လောကကြီးမှာ ပိုက်ဆံတွေ ဒီလောက်ပေါတာ ခင်ဗျား ရှာမယ်ဆိုရင် သေချာပေါက် ရကိုရမယ်။ ကျွန်တော် အာမခံတယ်။

မိတ်ဆွေတို့တတွေအတွက် ကျွန်တော်က မုချကြီးပွားချမ်းသာစေမဲ့ နည်းလမ်းတစ်ခုလောက် ကျွန်တော်ပြောပြချင်တယ်။ အဲဒါက အဓိဋ္ဌာန်ဝင်တဲ့နည်းပါ။ ဒါပေမယ့် ဒီအဓိဋ္ဌာန်က ဘာသာရေးနဲ့ မပါတ်သက်ဘူး။ ဒါကြောင့် ဒီအဓိဋ္ဌာန်ကို မည်သည့်ဘာသာဝင်မဆို ၀င်လို့ရတယ်။ နောက် ဆောင်ရန် ရှောင်ရန်တွေ ဘာမှမလိုဘူး။ လွတ်လတ်ပေါ့ပါးတဲ့ စိတ်နဲ့ လုပ်မယ်ဆိုရင် သေချာပေါက် တစ်နေ့မှာ အောင်မြင်တဲ့ ပြည့်စုံတဲ့ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လာမယ်ဆိုတာကို ကြိုတင်ပြီးတော့ ပြောပြလိုက်ရပါတယ်။

ကဲ... မိတ်ဆွေများခင်ဗျာ... မုချ ကြီးပွားတိုးတက် အောင်မြင်ချင်ကြပါက ယခု ဖော်ပြထာားသော အဓိဋ္ဌာန် ပုတီးစိပ်နည်းဖြင့် ကြိုးစားကြပါကုန်။ ကြိုးစား အာထုပ်၍ အောင်မြင်မှု့များ ရရှိလာ၍ ကျေးဇူးတင်ချင်သည် ဆိုခြားအံ့။ ကျွန်ုပ်ကို ကျေးဇူးမတင်ပါနှင့်။ ဤနည်းကို သင်ကြားပြသပေးခဲ့သော ဆရာဖြစ်သည့် အဘဒေါက်တာ မင်းသိင်္ခအား ကျေးဇူးတင်ကြပါကုန်...........

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ထောပတ်ထမင်း ကြက်သားဟင်းနှင့် ပဲနီလေးဟင်းချို

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်၏ မိတ်ဆွေရင်း ကိုပီတာဆိုသူ ရောက်ရှိလာပြန်၏။ ကိုပီတာသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒါမောနင်း..ကွတ်ဒ်နိုက်” ဟု နုတ်ဆက်လေ၏။ ကျွန်ုပ်က ၎င်းအား.. “ ဘာဟင်းနဲ့ ထမင်းစားမလဲ၊ ဈေးသွားမလို့..” ဟု ပြောရာ ၎င်းက.. “

ဝက်သားကို သိပ်ကြိုက်ပေမဲ့ ကျုပ်ဗိုက်က လက်မခံဘူး၊ စားမိတာနဲ့ အောင့်လို့ပါ၊ ကိုရင့်ရဲ့စေတနာကိုတော့ ကျေးဇူးတင်ပါတယ်၊ နိုးဂွတ်ဒ်.” ဟု ပြောလေ၏။ “ ဒီလိုဆို ဘာချက်ရမလဲဗျာ.. ပြောစမ်းပါ၊ ခင်ဗျားကလည်း ဆန့်ကျင်ဘက်တွေချည်း ပြော နေတော့တာပဲ” ဟု ကျွန်ုပ်ကညည်းညူလိုက်ရာ ကိုပီတာကြီးက.. “စိတ်မဆိုးပါနဲ့ ဖိုးအောင်ထွန်းရယ်.. ကိုယ့် လူချက်ပြီး ကျွေးချင်တာ ကျွေးပါ၊ ကျုပ်က စားရမှာပေါ့ ကျုပ်က သူများကျွေးမှစားရတဲ့ဘဝပဲဗျာ..သနားဖို့မ ကောင်းပါဘူး…” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ကိုပီတာကြီးစားရန်အတွက် ထောပတ်ထမင်း၊ ကြက်သားဟ်းနျင့် ပဲနီလေးဟင်းချိုတို့ကို စီမံကာ ကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် မြိန်ရှက်စွာစားရင်း… “သိပ်ပြီးစားလို့ကောင်းတာပဲ၊ နိုးဂွတ်ဒ်..” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က.. “စားလို့ကောင်းရင် ဂွတ်ဒ်လို့ ပြောပေါ့ဗျာ၊ ဘယ်လိုကြောင့် နိုးဂွတ်ဒ်လို့ပြောရတာလဲ” ဟု ပြောရာ ၎င်းက.. “ ဒီလိုကောင်းတဲ့ အစားစာကို နေ့တိုင်းမစားနိုင်လို့ နိုးဂွတ်ဒ်လို့ပြောတာပါ ကိုယ့်လူရာ..” ဟု ပြန်၍ချေပလေ၏။ ကျွန်ုပ်သည် ၎င်းအား စလောင်းမှ ချင်နယ်တစ်ခုကို ဖွင့်ပြပြီးလျှင် ရှင်းပြလေ၏။ ကိုပီတာကြီးက ခေါင်းကို တဆတ်ဆတ်ညိတ်၏။ ထို့နောက် အခြားချင်နယ်တစ်ခုကိုဖွင့်ပြ၍ ထိုချင်နယ်တွင်ပြသော ဗဟုသုတများအကြောင်းကို ပြောပြလေ၏။

ထို့နောက် ၎င်းနှင့်အတူ အိန္ဒိယနိုင်ငံမှ မြို့များ၊ အကြောင်းအရာများကို ၎င်းအား ပြောပြပြန်လေ၏။ “ နေစမ်းပါ ဦး ဖိုးအောင်ထွန်း.. ဗုဒ္ဓဂယာကို ဘုရားဖူးခရီးထွက်ပြီးတဲ့ နောက်ပိုင်းမှာ အိန္ဒိယကို နောက်ထပ်တစ်ခေါက် ထပ် ထွက်တာ ဘာသဘောလဲ” ဟု ၎င်းက မေးလေ၏။ “ ဘာသဘောလဲဆိုတော့ သိချင်တာလေးတွေသိရအောင် အပြင်ထွက်ပြီး လေ့လာတာပါဗျာ၊ ဒါပေမဲ့လည်း ဘာမှတော့ မယ်မယ်ရရ မသိခဲ့ရပါဘူး၊ အခုလာမယ့် နွေမှာ လည်း တိဗက်ကို သွားဦးမလို့ဗျ၊ အဲဒါအတွက် နည်းနည်းတော့ ကြိုးပမ်းနေတယ်၊ ကြိုးပမ်းနေတယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ ငွေဟု ကျွန်ုပ်ကပြောလိုက်လျှင်..

“အဲဒီမှာက သိပ်ပြီးအေးတယ်ဆိုပဲ၊ ဘာဖြစ်လို့ သွားမှာတုံး” ဟု ကိုပီတာကြီးက မေးပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ သိချင်တာလေးတွေ သိရအောင် သွားကြည့်မလို့ပေါ့ဗျာ၊ လားမားဘုန်းကြီးတွေ အကြောင်း၊ ပြီးတော့ တိဗက်ရဲ့ လောကီပညာအကြောင်း ရနိုင်သလောက် သွားပြီးလေ့လာမလို့ဗျို့…” ဟု ပြန်၍ဖြေလိုက်ရာ ကိုပီတာကြီးက ခေါင်းကို တဆတ်ဆတ်ညိတ်လေ၏။

ထိုအချိန်၌မှာပင် ကျွန်ုပ်၏မိတ်ဆွေတစ်ဦး ထပ်၍ရောက်လာပြန်၏။ ထိုမိတ်ဆွေက ကျွန်ုပ်အား.. “ဆရာသ မားရေ… တန်ခိုးသိဒ္ဓိနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အသေးစိတ် ရှင်းပြနိုင်တဲ့ ရသေ့ကြီးတစ်ပါးတော့ တွေ့ခဲ့တယ်ဗျ အဲဒီရသေ့ကြီးကိုလည်း စိတ်ဝင်စားရင် ခေါ်ခဲ့ပါလို့ပြောပါတယ်၊ အဲဒီတော့ ဗုဒ္ဓဟူးနေ့ တစ်နေ့လောက် ခင်ဗျား အလုပ်ပိတ်တဲ့အခါ ခင်ဗျားနဲ့ ကျုပ်နဲ့သွားကြတာပေါ့” ဟု ပြောလေ၏။

ကျွန်ုပ်တို့ စကားစ ဖြတ်လိုက်သောအခါ၌ ကိုပီတာကြီးက.. “ ဖိုးအောင်ထွန်းကို ကိုယ့်မိတ်ဆွေမစ္စတာရပ်ရှ် ပြောပြတဲ့ အကြောင်းအရာ လေးပြောပြချင်တယ်” ဟု စကားစလေ၏။ “ပြောပါ ကိုပီတာကြီး၊ နားထောင့်ပါမယ်ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက .. “အဲဒီ မစ္စတာရပ်ရှ်ဆိုတာက အိန္ဒိယကပဲ၊ ကိုယ်သွင်းကုန်ထုတ်ကုန် လုပ်တုန်းက သူနဲ့ပတ် သက်ခဲ့တာ၊ သူက စကားပြော အတော်ကောင်းတယ်၊ ဘာသာရေးသမားတစ်ယောက်လည်း ဖြစ်တယ်၊ သူရဲ့ အိမ်နီးနားချင်းတွေကလည်း သူ့ကို အတော်ခင်ကြတယ်၊ အဲဒီအိမ်နီးနားချင် အတော်များများကလည်း ဘာသာ ရေးသမားတွေပါပဲ၊ တစ်ဦးနဲ့တစ်ဦးလည်း ချစ်ချစ်ခင်ခင် ရှိကြပါတယ်၊

သူတို့နားမှာ မုဆိုးမအဘွားကြီးတစ် ယောက် ရှိတယ်ဆိုပဲ၊ အဲဒီအဘွားကြီးရဲ့နာမည်က ရာဗီယာတဲ့၊ အဲဒီရာဗီယာကြီးဟာ တစ်ညမှာ သူ့အခန်းရှေ့ လမ်းပေါ်က မီးတိုင်အောက်မှာ ကုန်းကုန်း ကုန်းကုန်းနဲ့ တစ်စုံတစ်ခုကို ရှာနေတယ်၊ အဲဒီမှာ မစ္စတာရပ်ရှ်ကော အခြားအိမ်နီးနားချင်း တွေပါ ထွက်လာပြီး အဘွားကြီး ဘာပျောက်နေသလဲ မသိဘူး၊ ဝိုင်းပြီး ရှာပေးဦးမှဆိုပြီး ရာဗီယာနားကို သွားကြတယ်၊ အနားရောက်တော့ ကိုယ့်ရဲ့မိတ်ဆွေ မစ္စတာရပ်ရှ်က အဘွားကြီးကို “ အမေကြီး…ဘာပျောက်တာလဲ” လို့မေးတယ်၊ အဲဒီမှာ ရာဗီယာကြီးက “ကြီးကြီးမားမား မဟုတ်ဘူး၊ လက်ချုပ် အပ်ကလေး တစ်ချောင်းကျသွားလို့ ရှာနေတာ” လို့ပြောလိုက်တယ်၊

အဲဒီတော့ မစ္စတာရပ်ရှ်ကော အိမ်နီးနား ချင်းတွေပါ ဝိုင်းပြီးရှာပေးကြတယ်၊ ဒါပေမဲ့ ရှာလို့မတွေ့ပါဘူး၊ အဲဒီတော့ မစ္စတာရပ်ရှ်က “အမေကြီး ရာဗီယာ.. ကျွန်တော်တို့လည် ရှာတာပဲ၊ အမေကြီးရဲ့အပ်က မတွေ့ပါဘူး၊ ဘယ်နားမှာ ကျတာလဲ၊ သေချာပြောစမ်းပါ” လို့ မေးလိုက်တယ်၊ အဲဒီတော့မှ ရာဗီယာဆိုတဲ့အဘွားကြီးက “ ငါနေတဲ့အခန်းထဲမှာ ကျတာဟဲ့.. ” လို့ ပြောတယ်၊ အဲဒီလိုလည်း ပြောလိုက်ရော အိမ်နီးနားချင်းတစ်ဦးက

“သြော်.. အပ်ကျတာက အိမ်ထဲမှာ၊ ရှာတာက လမ်းမှာထွက်ပြီး ရှာတာကိုး.. ဘယ်လိုလုပ်ပြီး တွေ့မှာလဲ” လို့ မေးလိုက်တယ်၊ အဲဒီတော့ မစ္စတာရပ်ရှ်က “ အမေကြီး ရာဗီယာရယ်.. စိတ်မှနှံ့သေးရဲ့လား၊ ကျတာက အမေကြီးရဲ့ အိမ်ထဲမှာ၊ရှာတာက လမ်းပေါ်မှာ၊ ဘယ်လိုလုပ်တွေ့မှာ လဲအမေကြီးရယ်” လို့ ပြောလိုက်တယ်၊

အဲဒီတော့ ရာဗီယာဆိုတဲ့ အဘွားကြီးက “တကယ်ကျတဲ့နေရာက မီးမှောင်နေတာဟဲ့၊ ဒီနေရာမှာက မီးက ထိန်ထိန်လင်းနေတာ၊ ဒါကြောင့် ဒီမှာရှာတာ” လို့ ပြန်ပြီးပြောတယ်၊ အဲဒီတော့ မစ္စတာရပ်ရှ်ကအတော့်ကို စိတ်ဆိုးသွားတယ်၊ “အမေကြီးနှယ်ဗျာ.. အလင်း ရောင် ရှိတာ၊ မရှိတာနဲ့ မဆိုပါဘူး၊ အပ်ကျသွားတဲ့နေရာမှာပဲ ရှာရမှာပေါ့၊ ဒီလောက်တော့ သိဖို့ကောင်းပါတယ် ဗျာ.. အခုအမေကြီး လုပ်ပုံက အတော့်ကို မသိသားဆိုးဝါးတာပဲ” လို့ အပြစ်တင်လိုက်တယ်၊

အဲဒီအခါမှာ ရာဗီယာဆိုတဲ့ အဘွားကြီးက မစ္စတာရပ်ရှ်ရဲ့ကျောကုန်းကို လက်နဲ့ပုတ်ပြီး “ နင်ဟာ တော်တော့်ကို တတ်သိ နားလည်တဲ့ကောင်ပဲ၊ ပစ္စည်းပျောက်ရှာတဲ့ အခါမှာ အလင်းရောင်ရှိတဲ့နေရာ ဟာ အရေးမကြီးဘူး၊ တကယ်ကျ ပျောက်တဲ့နေရာ မှာရှာရမယ်ဆိုတာ နင်သိသားပဲ၊ ဒါပေမဲ့ အမှန်တရားကို ရှာတဲ့နေရာမှာတော့ နင်ဟာဒီ သဘောကိုမယူဘူး၊ အလင်းရောင်နဲ့ တူတဲ့ ဆရာတွေနောက်ကို လိုက်နေတယ်၊ တကယ်နင်ရှာရမှာက နင့်ခန္ဓာအတွင်း အမှောင်ထဲမှာပဲ တွေ့အောင်စူးစိုက်ပြီး ရှာရမယ်ဆိုတာ နင့်အနေနဲ့ မသိသားဆိုးဝါးလှချည်လားရပ်ရှ် ရေ.. ”လို့ ပြောပြီး သူ့အိမ်ခန်းထဲကို ပြန်ဝင်သွားတယ်ဆိုပဲ၊

ကဲ.. ဖိုးအောင်ထွန်းရေ.. မောင်ရင်ရော ဘယ်အလင်းရောင်နောက်ကို လိုက်ဦးမလို့တုံး၊ သွားမယ်နော်” ဟု ဆိုကာ ကျွန်ုပ်၏ကျောကို လက်ဖြင့် ဘုန်းကနဲ့ပုတ်၍ ထွက်သွားလေတော့၏။ ကျွန်ုပ်လည်း ကိုပီတာကြီး ထွက်သွားသည်ကို နောက်မှ လှမ်းမျှော်ကြည့်ရူရင်း လက်အုပ်ချီလိုက်မိလေ၏။ ထို့နောက်တွင်မှ.. “ကိုပီတာကြီးရေ..လာခဲ့ဦးနော်..” ဟု လှမ်း၍ အော်ပြောလိုက်ရာ ကိုပီတာကြီးက.. “ နိုး..လာခဲ့မယ်” ဟု ထူးဆန်းစွာ ပြန်၍ ဖြေသွားလေတော့သတည်း။

လုပ်ငန်းရှင်များအတွက် အောင်မြင်စေသော အဆောင်

တစ်နေ့သ၌ ထိုင်းနိုင်ငံ- မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်း အတွင်းသို့ မောင်အောင်အောင် ဆိုသော အသက်၃၄နှစ်ခန့် အမျိုးသား တစ်ဦးသည် လေးလံသော ခြေလှမ်းများစွာဖြင့် ရောက်ရှိ လာလေတော့ ၏။ သူသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ၀င်ရောက်လာပြီးလျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဦးမချချင်- ချချင်ဖြင့် ဖြစ်သလို ပြီးပြီးရောဦးချလေ၏။ ထို့နောက် ကျွန်ုပ်၏ ဗေဒင်ဟောသော စားပွဲရှေ့တွင် ၀င်၍ မထိုင်ချင် - ထိုင်ချင်ဖြင့် ထိုင်ပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း စကားကို မပြောချင်- ပြောချင်ဖြင့် ပြောလေတော့၏။

ခေတ်ကြီးက မကောင်းတော့ဘူး။ ဘာလုပ်လုပ် အဆင်ပြေတယ်ဆိုတာလဲ မရှိတော့ဘူး။ လုပ်သမျှ တလွဲတွေချဉ်းပဲ။ ဒါကြောင့် လုပ်ချင်စိတ် ကိုင်ချင်စိတ်လည်း မရှိတော့ဘူး။ အမှန်အတိုင်း ၀န်ခံရရင်တော့ ဆရာ့ကို ဘာမျှကို မပြောချင်တော့ဘူးဟု အင်မတန် ပျင်းရိငြီးငွေ့ဘွယ် ကောင်းသော လေသံဖြင့် ကျွန်ုပ်အား ပြောလေတော့၏။

ကျွန်ုပ်သည်လည်း အမှန်အတိုင်း ၀န်ခံရပါမူ ဤသူကို မြင်စကတည်းက လုံးဝကို ကြည့်ချင်စိတ် မရှိပါ။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ၎င်းအား မကြည့်ချင် ကြည့်ချင်ဖြင့် ဟန်လုပ်၍ ကြည့်နေရလေ၏။ သူပြောဆိုသော စကားများကိုလည်း နားထောင်ချင်စိတ် လုံးဝမရှိပါ။ ထို့ကြောင့် မနည်းဟန်လုပ်၍ နားထောင်ချင်ယောင် ဆောင်နေရလေ၏။ သူပြောဆိုသော စကားများကိုလည်း ကျွန်ုပ်၏ နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေတော့၏။ သူသည် သံလိုက်ဓာတ် ပျက်စီးနေသော လူတစ်ယောက် ဖြစ်နေ၏။ သို့သော် သူ့အား ခင်ဗျား သံလိုက်ဓာတ်တွေ ပျက်စီးနေတယ်ဟု လုံးဝမပြောပါ။ ကျွန်ုပ်က ပြောမည်ဆိုပါကလည်း ၎င်းသည် လုံးဝ နားလည်းလိမ့်မည် မဟုတ်ပါ။ ၎င်းကို သံလိုက်ဓာတ်အကြောင်းကို ပြောဆိုပါက ကျွဲပါးစောင်းတီးသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

(သံလိုက်ဓာတ်အကြောင်းကို သိချင်ပါက ဒီနေရာလေးတွင် သွားရောက်ဖတ်နိုင်ပါကြောင်း)

ကျွန်ုပ်သည် ၎င်း၏ မျက်နှာကို ကြည့်၍ အလိုလိုနေရင်း ဒေါသဖြစ်နေမိ၏။ ကြည်လင်နေသော ကျွန်ုပ်၏ ဟိတ်အစဉ်သည် နောက်ကြည့်လျှက်ရှိ၏။ ဗေဒင်ဆရာသက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော စိတ်ခံစား ချက်များသည် အင်မတန်ထူးဆန်းသော စိတ်ခံစားချက်ဖြစ်လေ၏။ ကျွန်ုပ်သည် ဗေဒင်မဟောမီ ၁-မိနစ်ခန့် ငြိမ်သက်နေမိ၏။ ဗေဒင်လာမေးသော သူများကကျွန်ုပ်အား အာရုံယူနေသည်၊ အကြားအမြင်နှင့် ကြည့်နေသည်ဟု ထင်ကြ၏။ အမှန်အတိုင်း ၀န်ခံရလျှင် အာရုံယူတာလည်း မဟုတ်။ အကြားအမြင်လည်း မဟုတ်ပေ။ ကျွန်ုပ်၏ စိတ်ခံစားချက်ကို ပြန်၍ ခေတ္တခနမျှ ပြန်ကြည့်နေခြင်းသာ ဖြစ်လေ၏။ ထိုစိတ်ခံစားချက်သည် ဗေဒင်ဆရာ ဖြစ်ကာစတုန်းက မသိသာလှပေ။ လုံးဝကို မသိသာလှပေ။ ဗေဒင်ဟောသောနှစ် တော်တော်လေးကြာပြီးသည့် နောက်ပိုင်းရောက်မှ အလိုလိုဖြစ်ပေါ်လာသော စိတ်ခံစားချက်သာ ဖြစ်လေ၏။ နှစ်ကြာသော ဗေဒင်ဆရာတိုင်း ဖြစ်သည်ဟု ကြားဖူးပါသည်။

ဝမ်းနည်းခြင်း ၊ ၀မ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ သတိယခြင်း၊ လွမ်းဆွတ်ခြင်း၊ နာကျင်ခြင်း၊ တက်ကြွခြင်း၊ စိတ်ကျခြင်း အစရှိသော စိတ်ခံစားချက်များသည် အလိုလို ပေါ်ပေါက်လာခြင်းပင် ဖြစ်လေ၏။ ထိုခံစားချက်များသည် ဒေင်မေးသူများနှင့် တစ်နည်းနည်း ပါတ်သက်နေလေ့ရှိ၏။ ယခုလည်း ကိုအောင်အောင်ဆိုသော သူကို မြင်စကတည်းက ကျွန်ုပ်၏စိတ်အစဉ်သည် အလိုလိုနေရင်း ညှိုးနွမ်းသွား လေတော့၏။

ကိုအောင်အောင်သည် ကျွန်ုပ်အား အထက်ပါကဲ့သို့ စကားအား ကပေါက်တိ ကပေါက်ချာဖြင့် စတင်၍ ပြောလေ၏။ အနည်းငယ် ကြာလာသောအခါတွင် ကျွန်ုပ်သည် ၎င်းကိုအောင်အောင်ဆိုသူအား သနားပင် သနားမိလေတော့၏။ အဘယ်ကြောင့်ဆိုသော သူသည် လုပ်သမျှကိုင်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေ၍ အားကိုးရာ ကောက်ရိုးတစ်မျှင် အနေနှင့် ကျွန်ုပ်ထံသို့ ရောက်ရှိလာခဲခြင်းပင် ဖြစ်လေသည် မဟုတ်ပါလား။ ထို့ကြောင့် လွင့်ပျံ့နေသော ကျွန်ုပ်၏ စိတ်အာရုံများကို စုစည်းလိုက်ကာ ကိုအောင်အောင်အား အောက်ပါအတိုင်း ပြန်ပြောလိုက်လေတော့၏။

ကဲ... ကိုအောင်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ။ ဘာကူညီပေးရမလဲ။ ဘာတွက်ပေးရမလဲဟု ကျွန်ုပ်က မေးလိုက်လေရာ ကိုအောင်အောင်က ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေ၏။

ဒီလိုပါဆရာ ကျွန်တော်က ငယ်ငယ်လေးကတည်းက သူများအလုပ်တွေဘာတွေဆိုရင် သိပ်ပြီး စိတ်ဝင်စားလှတာ မဟုတ်ပါဘူး။ အခု အသက်ကြီးလာတော့လည်း ကိုယ်တတ်နိုင်သလောက် ကိုယ်ပိုင် လုပ်ငန်းလေးတွေကိုပဲ လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ အခုလက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ကို ဆက်လုပ်သင့် မလုပ်သင့် ဆိုတာရယ်။ အကျိုးပေးမပေးဆိုတာရယ် အဲဒါကို တွက်ပေးစေချင်တယ်။ နောက်တစ်ခုက ကျွန်တော့် အနာဂါတ်ကို သိချင်တယ်။ တိတိကျကျ မသိရရင်တောင်မှ အနည်းဆုံး လာမယ့်နှစ်မှာ အောင်မြင်မလား ကျရှုံးမလား ၊ တိုးချဲ့သင့်လား၊ ငြိမ်နေသင့်လား ဆိုတာလောက်တော့ သိချင်တယ်။ နောက်တစ်ခုက ဆုံရှုံးနစ်မြုတ်နေတဲ့ ငွေတွေတော်တော်များများ ရှိတယ်။ အဲဒါတွေ ပြန်ရမလား ပြန်မရဘူးလား သိချင်တယ်။ မရရင်လည်း ရေစက်ချလိုက်တော့မယ်။ နောက်တစ်ခု အဆောင်လေး ဘာလေး လိုချင်တယ်။ ဒါပါပဲဟု သူသိချင်သောကိစ္စများကို တန်းစီ၍ ပြောလေတော့၏။

ထိုအခါ ကျွန်ုပ်လည်း သူ၏ ပထမဦးဆုံး မေးသော မေးခွန်းအား ဖြေဆိုရန်အတွက် မြန်မာရိုးရာ ဗေဒင်ပညာလာ နာမက္ခရတိုင်ဖြင့် သူ၏ စီးပွားရေးလုပ်ငန်းကို ချိန်ထိုးကြည့်လိုက်ရာ သူလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း (ပွဲစားလုပ်ငန်းသည်) ကြိုးစားအားထုပ်ပါက မုချအောင်မြင်နိုင်သော လုပ်ငန်း အမျိုးအစားထဲတွင် ပါလေ၏။ ထို့ကြောင့် ကိုအောင်အောင်အား ခင်ဗျား လက်ရှိလုပ်ကိုင်နေတဲ့ ပွဲစားလုပ်ငန်းနဲ့ သေချာပေါက် အောင်မြင်နိုင်တယ်။ သေချာပေါက် အကျိုးပေးတယ်ဟု ပြန်ဖြေလိုက်လေရာ ကိုအောင်အောင်က အိုကေဆရာ ဒါဆို ကျွန်တော် ဒီလုပ်ငန်းကို ဘ၀တစ်သက်စာအတွက် ရွေးချယ်လိုက်တော့မယ်။ နောက်တစ်ခု ပြောပါဦးဟု မေးပြန်လေ၏။

အိုကေ ခင်ဗျားရဲ့ ဒုတိယမေးခွန်းကို ဖြေမယ်။ အဲဒါက ခင်ဗျားရဲ့ အနာဂါတ်ကိုပြောမယ်။ ခင်ဗျား ပြောသလို ကျွန်တော် တိတိကျကျ ကြီးမပြောနိုင်ဘူး။ ဒါပေမယ့် ခင်ဗျားအတွက် စိတ်ကျေနပ်စေမယ့် အဖြေတစ်ခု ဖြစ်စေရမယ်။ ခင်ဗျားရဲ့အသက်က အခု (၃၄)နှစ် ဗုဒ္ဓဟူးသားဆိုတော့ ကြာသပတေးသက်ရောက်က လွတ်သွားပြီ။ အခုရာဟုသက်ေ၇ာက်ကို စတင်ပြီး ၀င်တယ်။ သုခဘုံသို့ အ၀င်လို့ခေါ်တယ်။ လုပ်သမျှ ဒုက္ခ၊ ရှိတာ အကုန်ထုပ်ဆိုတဲ့ ကိန်းထဲက လုံးဝ လွတ်မြောက်သွားပြီ။ အခု ခင်ဗျားက ကောင်းစားတော့မယ်။ အောင်မြင်တော့မယ်။ အချိန်ကျပြီ။ ပျော်ပျော်ရွှင်ရွှင်သာ ဆက်လုပ်ပေတော့။ တက်တက်ကြွကြွသာ ခရီးဆက်ပေတော့ ။ သေချာပေါက်အောင်မြင်နိုင်တယ်။ ဒါခင်ဗျားရဲ့ အနာဂါတ်ပဲဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုအောင်အောင်က အိုကေ ဒီတစ်ချက်လည်း ကျွန်တော် ကျေနပ်တယ်။ ဒါ ကျွန်တော့်အ တွက် ပွိုင့်ပဲ။ ဆရာက မကောင်းသေးဘူးလို့ ပြောရင် ကျွန်တော်စဉ်းစားမယ်။ ကောင်းပြီလို့ပြောရင် ကျွန်တော် ဆက်လုပ်မယ်။ အဲဒီလို ကျွန်တော် စဉ်းစားလာတာ။ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခု ဆက်ပြောပါဦးလို့ ကိုအောင်အောင်က ဆက်မေးတယ်။

ဟုတ်ပြီ။ ခင်ဗျားမနှစ်က ကြာသပတေးသက်ရောက်မှာ ရှိတာအကုန်ထုတ်ဆိုတဲ့ ကိန်းမှာကျခဲ့လို့ ငွေတော်တော်များများ ထွက်သွားခဲ့တယ်။ သူတစ်ပါးတွေဆီမှာ သွားပြီး နစ်မြုတ်သွားခဲ့တယ်။ အဲဒါတွေ ပြန်ရမရ သိချင်တာမဟုတ်လား။ အိုကေ ကျွန်တော်အဲဒီအတွက် အဖြေပြန်ပေးမယ်။ ခင်ဗျားရဲ့ ဘယ်ဘက်လက်နဲ့ ပိုက်ဆံတွေ ပြန်ရမရလို့ စိတ်ထဲမှာအာရုံပြုပြီး တားရော့ကိုတစ်ဝက်ချိုးလိုက်ဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုအောင်အောင်က သူ၏ ဘယ်ဘက်လက်ဖမိုးကို သူ၏နဖူးနှင့် ခေတ္တထိကပ် ဆုတောင်း၍ ပါးစပ်မှ ပွစိပွစိဖြင့် ပြောဆိုကာ တားရော့ကိုတစ်ဝက် ချိုးလိုက်လေ၏။ ထိုအခါ အောက်ပါတားရောကဒ် ကျလေတော့၏။

ဒီမှာ ကိုအောင်အောင် ခင်ဗျားကို ကျွန်တော်ပြောမယ်။ တားရော့ကဒ်က နံပါတ် (၁၃) သေမင်းကဒ်ကျတယ်။ သေမင်းဆိုတော့ လုံးဝ မမျှော်လင့်နဲ့တော့ပေါ့ဗျာ။ သေသွားပြီ။ ခင်ဗျားငွေတွေ သေသွားပြီ။ သေပြီဆိုမှဖြင့် ပြန်ရှင်လာဖို့ လုံးဝ မရှိတော့ဘူးပေါ့ဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုအောင်အောင်က ထင်သားပဲ စောက်မျိုးတွေ။ ကောင်းကျိုးနည်းနည်းမှကို မပေးဘူးဟု ဒေါသဖြင့် ပြန်ပြောပြီးလျှင် ဟုတ်ပါပြီဆရာရယ်။ လုံးဝ ပြန်မရနိုင်တော့ဘူး ဆိုတာကို သိလိုက်ရတဲ့ အတွက်လည်း တစ်မျိုးကောင်းတာပါပဲ။ ရတော့မလား ရတော့မလားဆိုပြီး ပြန်မျှော်လင့်နေရတာနဲ့ ဆိုရင် အဲဒီလို သိလိုက်ရတာလည်း တစ်မျိုးကောင်းတာပါပဲ။ ဗေဒင်မေးတာ အကောင်းတွေကိုချဉ်း မျှော်လင့်နေလို့တော့ မရဘူးပေါ့ဆရာရယ်။ ကဲ နောက်ဆုံး ကျွန်တော် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်စေမယ့် အဆောင်လေး ယတြာလေး ပေးလိုက်ပါဦး။ ကောင်းတယ်ဆိုတော့ ဆက်လုပ်ရအောင်ဟု ပြောလေသောကြောင့် ကျွန်ုပ်လည်း သူ၏လုပ်ငန်းများကို အောင်မြင်စေသော တိုးတက်စေသော အဆင်ပြေစေသော အောက်ဖော်ပြပါ ယတြာကို ကိုအောင်အောင်အား ညွန်ပြလိုက်လေ၏။

လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံး ယတြာကတော့ ဟောလစ်ပုလင်းထဲ ပေါက်ပေါက်ထည့်ပြီး ထီးစိုက်ထားတာဟာ အကောင်းဆုံးအဆောင်ပဲဟု ပြောလိုက်လျှင် ကိုအောင်အောင်က ဘယ်လို အဓိပ္ပါယ်လဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်ကလည်း ကိုအောင်အောင် နားလည်သဘောပေါက်စေရန် စာရွက်ဖြူတစ်ရွက် တွင် အောက်ပါအတိုင်း ရေးပြပြီးလျှင်...

ဟောလစ်ပေါက်ပေါက် ဓာတ်ယတြာဟာ ရုပ်မှာအန္တော၊ နာမ်မှာစရေ ၊ ပူပြင်းသွက်လက်တဲ့သဘောပေါ့။ ပြီးတော့ ဟောလစ်ဆိုတဲ့ အသံထွက်ဟာ ဒလဟောလစ်သွားတယ်။ထွက်သွားတယ်လို့ ယူဆရတာပေါ့။ ပေါက်ပေါက်ကတော့ အပိတ်အပင် အတားအဆီးမရှိ ပေါက်သွားတယ်လို့ အဓိပ္ပါယ် ကောက်ရမှာပေါ့ ပြီးတော့ ထီးစိုက်က ပေါင်းလိုက်ရင် (၁၀) ၇တယ်။ အန္တောဓာတ်ပေါ့။ ထီးရဲ့ြ၈ိုဟ်သက်က (၁၀) စိုက်ရဲ့ ဂြိုဟ်သက်က (၈)။ ပေါင်းလိုက်ရင် (၁၈) ရတယ်။ ထပ်ပေါင်းတော့ (၉) န၀င်းရတယ်။ အန္တောစရေဓာတ်ကို အန္တောနာမ် န၀င်းအုပ်ပြီး စီမံထားတာပေါ့ ဟု ရှင်းပြလိုက်ရင်း...လုပ်ဖြစ်အောင် လုပ်ထားလိုက်စမ်းပါ ကိုအောင်အောင်ရာ ထူးကို ထူးခြား လာပါလိမ့်မယ်ဟု ပြောလိုက်လေ တော့သတည်း။

အိမ်ထောင်ရေးအတွက် - ရတက်မပွေရအောင်

ကျွန်တော့်ကို အီးမေးလ်ကနေ အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာ လှမ်း၍ အကူအညီ တောင်းထားသဖြင့် ပို့အဟောင်းလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ မဇီဇ၀ါရေ ဒါလေး လုပ်ဖြစ်အောင် လုပ်ကြည့်လိုက်ပါ။ ထူးခြားပါလိမ့်မယ်။

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ ကျွန်ုပ်နှင့် ညီအကိုမောင်နှမ အရင်းအခြာ များပမာ လွန်စွာရင်းနှီးခင်မင်သော လင်မယားနှစ်ယောက် ရောက်ရှိလာကြလေ၏။ ယောက်ျားလုပ်သူ၏ အမည်မှာ မောင်အောင်ကိုမင်းဟူ၍ ဖြစ်၏။ မိန်မလုပ်သူ၏ အမည်မှာ မအေးအေးသင်း ဟူ၍ဖြစ်၏။ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦး အိမ်ထောင်ကျသည်မှာ ငါးလလောက်ပဲ ရှိသေး၏။ ကျွန်ုပ်နှင့် မတွေ့သည်မှာလဲ ငါးလလောက် ရှိပြီ ဖြစ်၏။ ထို့ကြောင့် မလာတာကြာပြီဖြစ်သော အောင်ကိုမင်းတို့ လင်မယားနှစ်ဦးအား....

ထိုင်ကြဟေ့....။ မင်းတို့နှစ်ယောက်လဲ ပျောက်ချက်သား တယ်ကောင်းနေပါလား... မင်္ဂလာဆောင်ပြီး ကတည်းကကို ပေါ်မလာကြတာ မှတ်မှတ်ရရ ငါးလလောက်တောင် ရှိပြီ...။ ဘယ်လိုလဲ အဆင်ပြေကြတယ် မဟုတ်လား..။ နင်တို့ လင်မယားလဲ အိမ်ထောင်ကျပြီကတည်းက အပြင်တွေဘာတွေတောင် သွားတာ လာတာ မရှိတော့ပါလား။ အိမ်တွင်းပုန်းပြီး ဘာတွေလုပ်နေကြတာလဲ... ပြောစမ်းပါဦး...ဟုကျွန်ုပ်က ပြောလိုက်၏။

ထိုအခါ ဇနီးဖြစ်သူ မအေးအေးသင်းက..“ ပြော မပြောချင်ပါဘူး ဆရာရေ.. ဆရာ့ တပည့်သာ မေးကြည့်ပေတော့ ” ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်လည်း ဟောက်ျားဖြစ်သူ အောင်ကိုမင်းဘက်ကို လှည့် ကြည့်လိုက်ရာ..“ အောင်ကိုမင်းက ကျွန်တော်ကို လှည့်မကြည့်နဲ့ ဆရာသမားရေ... ကျွန်တော်လည်း ပြောချင်စိတ်ကို မရှိဘူး..ဟု ပြောပြန်လေ၏။

ထိုအခါ ကျွန်ုပ်လည်း အတော်ပင် အံ့သြ သွားမိလေ၏။ အရင် အိမ်ထောင်ကျကာစတုန်းက ဒီလင်မယားနှစ်ဦး ပုံက ဒီလိုပုံ မျိုးမဟုတ်။ တစ်ဦးကိုတစ်ဦး လွန်စွာချစ်ခင် မြတ်နိုးကြလေ၏။ နားလည်မှု့ အပြည့်အ၀ ရှိကြ၏။ တစ်ဦးကိုတစ်ဦး မျက်စိအောက်က အပျောက်မခံ နိုင်လောက်အောင် သံယောဇဉ် ကြီးမားကြ၏။ ထမင်းစားလဲ အတူတူ ဈေးသွားလည်းအတူတူ ၊ အလုပ်သွားလည်း အတူတူ ဖြစ်၏။

ဘယ်အချိန်ကြည်ကြည့် အမြဲ တတွဲတွဲ ဖြစ်သောကြောင့် ကျွန်ုပ်၏ စိတ်ထဲမှာပင် အတော်ချစ်နိုင်တဲ့ လင်မယားပဲဟု မှတ်ချက်ချခဲ့ဘူးလေ၏။ အခုတော့ ဘယ်လိုဖြစ်သည်မသိ။ အိမ်ထောင်ကျတာမှ ငါးလကျော်ကျော်ပဲ ရှိသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတည့်ချင်ကြတော့ဘူးဟု စိတ်ထဲမှတွေးရင်း “ ကဲ ပြောကြစမ်းပါဦး။ နင်တို့ လင်မယားရဲ့ အခြေအနေကို အမှန်အတိုင်း ” ဟု ပြောလိုက်လေ၏။

ထိုအခါ အေးအေးသင်းက “ ရန်ဖြစ်တာ ဆရာရေ ... ရန်ဖြစ်တာ ။ လုံးဝကို မတည့်ဘူး ။ ယုံမလားတော့ မသိဘူး။ နေ့တိုင်းကို ရန်ဖြစ်နေတာ တစ်ရက်တစ်လေတောင် မနားရဘူး။ မျက်နှာချင်းဆိုင်လို့ကို မရဘူး။ တစ်ယောက်ကိုတစ်ယောက် ကြည့်လို့ကိုမရဘူး။ အိမ်ထောင်ကျပြီး သိပ်မကြာခင်ကတည်းက အဲဒီလို ဖြစ်နေတာ။ ဆရာ့ဆီလဲ လာမယ်လာမယ်နဲ့ ရန်ဖြစ်နေရတာနဲ့ မအားလို့ မလာဖြစ်ဘူးဆရာရေ ”ဟု ပြောလေ၏။

ထို့နောက် အောင်ကိုမင်းက “ အဲဒါ ကျွန်တော်တို့ လင်မယားကို တစ်ချို့ ဟိုဘက်ဒီဘက် လူကြီးတွေက နင်တို့ (၂)ယောက်က နက္ခတ်မကိုက်ဘူး။ အဲဒါကြောင့် မတည့်ကြတာတဲ့.။ ကျွန်တော်က အဲဒါဆို ဘယ်လို လုပ်ရမလဲလို့ ပြန်မေးလိုက်တော့ ဒါတော့ ငါ ဘယ်သိပါ့မလဲတဲ့။ တစ်ချို့ လူကြီးတွေကတော့ “ အဲဒါ နင်တို့ လင်မယားကို သူများဖျက်ထားတာ ” တဲ။့ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် လုံးဝ ကြည့်မရတာတဲ့။ ကြာရင် အသက်အန္တရာယ် တောင်ရှိတယ်။ အဲဒီလို သူများက ဖျက်ထားရင် နင်တို့ လင်မယားနှစ်ဦး သေကွဲ မကွဲ ၊ ရှင်ကွဲ ကွဲနိုင်တယ် ”တဲ့။

အဲဒါဆို ကျွန်တော်က “ ဘယ်သူ ဖျက်ထားတာလဲ ”လို့ ပြန်မေးလိုက်တော့ “ ဟ... ဒါတော့ ငါ ဘယ်သိပါ့မလဲ ” တဲ့။ စိတ်ညစ်ပါ တယ်ဆရာရယ်။ လင်မယား မတည့်တာကတစ်ကြောင်း ၊ အဲဒီလို ဟိုလူကတစ်မျိုး ၊ ဒီလူက တစ်မျိုးနဲ့။ ကြာလာရင် ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး ရူးလိမ့်မယ်ဆရာရေ.။ အဲဒါ ဆရာ ကူညီပေးပါဦး...ဟု ပြောလေ၏ ။

ထိုအခါ ကျွန်ုပ်က “ အဓိကက နင်တို့ လင်မယားနှစ်ယောက် ရန်မဖြစ်ချင်ကြဘူး။ ဒါပဲ မဟုတ်လား ” ဟု ကျွန်ုပ် ကမေးလိုက်လေ၏။ ထိုအခါ ၎င်းတို့က “ ဟုတ်ပါတယ် ဆရာ။ ရန်မဖြစ်ချင်ဘူး။ ချစ်သူ ဘ၀တုန်းကလို အေးအေးချမ်းချမ်း နေချင်တယ်။ ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ကိုတစ်ယောက် အားပေးရင်းနဲ့ ဘ၀ခရီးကို သွား ချင်တယ်။ ဖြစ်နိုင်ရင် ကျွန်တော့်အတွက်နဲ့ အသဲကိုလည်း စိတ်မဆင်းရဲစေချင်တော့ဘူး ” ဟု ပြောလိုက်ရာ...

သူ့မိန်းမ အေးအေးသင်းက “ အဲဒီလိုတော့ မပြောပါနဲ့မောင်ရယ်။ အသဲလည်း မောင့်အပေါ် အနိုင်ယူခဲ့တာတွေ များပါတယ်...။ ဆိုးခဲ့တာတွေ များပါတယ်။ အသဲ မကောင်းတာတွေလဲ ရှိပါတယ် ” ဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က “ ကဲကဲ... အခုမှ အသက်တွေ အသဲတွေ နှလုံးတွေ ကျောက်ကပ်တွေ လုပ်မနေနဲ့တော့..။ အိမ်ထောင်ရေးဆိုတာ အဆောင်တွေ ယတြာတွေ တစ်ခုထဲကိုပဲ အားကိုးနေလို့ မရဘူး။ လင်မယားနှစ် ယောက်လုံးကလည်း အတတ်နိုင်ဆုံး ကြိုးစားရတယ်။ လိုအပ်ချက်တွေ မရှိအောင် တတ်နိုင်သလောက် ကြိုးစားရမယ်။ မဟုတ်ဘူးလား။ ယတြာတွေအဆောင်တွေ လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ထိုင်ဆဲနေကြည့်ပါလား။ အဲဒီ အဆောင်တွေ ယတြာတွေ စွမ်းပါဦးမလား။ အဆင်ပြေပါဦးမလားလို့...

တစ်ချို့လူတွေက လင်မယားမတည့်ဘူးဆိုရင် ဗေဒင်ဆရာဆီသွားပြီး ယတြာချေခိုင်းတော့တာပဲ။ ကိုယ်တွေရဲ့ မကောင်းတဲ့ အကျင့်တွေကိုတော့ မပြုပြင်ချင်ကြဘူး။ ပြီးတော့ အဆင်မပြေရင် ဗေဒင်ဆရာ မကောင်းဘူး... ယတြာမစွမ်းဘူး... ပြောချင်ကြတယ်။ အဲဒီလို လူမျိုးတွေအတွက်ကတော့ ဗေဒင်ဆရာမပြောနဲ့... ဘိုးတော်တွေ သိကြားမင်းတွေဆင်းပြီး ယတြာတွေအဆောင်တွေ လုပ်ပေးရင်တောင် အဆင်ပြေမှာ မဟုတ်ဘူး..ဟု ပြောလိုက်လေ၏။

ထိုအခါ အေးအေးသင်းက “ ဆရာပြောတဲ့ ဇနီးမောင်နှံကြား လိုအပ်ချက်များဆိုတာ ဘာတွေလဲ..ဟုမေးလေ၏။ ထိုအခါ အိမ်ထောင်ရေးအကြောင်း နကန်းတစ်လုံးမှ နားမလည်သော ကျွန်ုပ်က ဆရာကြီးလေသံမျိုးဖြင့်.

အိမ်ထောင်ရေးမှာ ပျော်ရွှင်ချမ်းမြေ့ သာယာချင်တယ်ဆိုရင် အခြေခံအကျဆုံး အချက်(၇)ချက်ကို လိုက်နာရ မယ်။ အဲဒါဆိုရင် အိမ်ထောင်ရေးမှာ သာယာချမ်းမြေ့လာမယ်ဆိုတာ ငါ ရဲရဲ ကြီး အာမခံတယ်..။

  1. လင်မယားနှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် နားပူနားဆာ လုံးဝ မလုပ်ရဘူးတဲ့။
  2. လင်မယား နှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့အောင် မလုပ်ရဘူးတဲ့။
  3. လင်မယား နှစ်ယောက်စလုံးဟာ တစ်ဦးကိုတစ်ဦး ဆူပူကြိမ်းမောင်းခြင်း မပြုရဘူးတဲ့။
  4. လင်မယားနှစ်ဦးလုံးဟာ တစ်ဦးကိုတစ်ဦး စေတနာဖြင့် ချီးကျူးဖို့ မေ့မနေရဘူးတဲ့။
  5. လင်မယားနှယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် ကြင်နာယုယဖို့ မေ့မနေရဘူးတဲ့။
  6. လင်ယား နှစ်ယောက်စလုံးဟာ တစ်ဦးကိုတစ်ဦး အမြဲတမ်း အပြန်အလှန် ရိုသေ လေးစားစွာ ဆက်ဆံရ မယ်တဲ့။
  7. လင်မယား နှစ်ယောက်စလုံးဟာ တစ်ဦးကို တစ်ဦး စိတ်ကျေနပ်မှု့ ရှိအောင် ဆက်ဆံရမယ် တဲ့ ..
အဲဒီ အချက်(၇)ချက်နဲ့ ပြည်စုံရင် အိမ်ထောင်ရေးသာယာမယ်။ တစ်ချက်ချက် လိုအပ်ရင် အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်...ဒါပဲ..ဟု ကွန်ုပ်သည် ရှည်လျားစွာ ပြောလိုက်လေ၏။

ထိုအခါ အေးအေးသင်းက “ ဟုတ်တယ်ဟုတ်တယ် ။ဆရာပြောတာ အကုန်မှန်တာပဲ။ တစ်ခုမှကို မမှားဘူး.”ဟု ထောက်ခံလေ၏။

ထိုအခါ အောင်ကိုမင်းက “ ဟုတ်ပါပြီ အသက်ရယ်.. ဒီနေ့က စပြီး မောင်အသက်ပေါ်မှာ...
  • အချိန်မရှိ အခါမရှိ ပူညံ ပူညံ မလုပ်တော့ပါဘူး
  • ကိုယ်ဝါသနာ ပါတာတွေကို ရှေးတန်းတင်ပြီး အသက်ကို ဥပေက္ခာ ပြုထားလို့ အသက်တစ်ယောက် အား လပ်ရက်တွေကို ပျင်းရိ ငြီးငွေ့စွာနဲ့ ဖြတ်သန်းနေရအောင် မောင် မလုပ်တော့ပါဘူး။
  • နောက်ပြီး အသက်ကို ချစ်သူဘ၀တုန်းကထက် ပိုပြီး ကြင်နာယုယ ဂရုစိုက်သွားပါမယ်..ဟု
နွေးထွေးသော မျက်လုံးများနှင့် ကြည့်၍ ပြောလေ၏။

ထိုအခါ အေးအေးသင်းကလည်း...“ ကျေးဇူးတင်ပါတယ် မောင်ရယ်.. ကျွန်မလည်း မောင့်ကို ဟိုလူနဲ့သ၀န်တို ဒီလူနဲ့သ၀န်တို .. တကယ်တော့လည်း ဟုတ်တာလည်း မဟုတ်ပဲနဲ့ .. အမြဲတမ်း မောင်စိတ်ညစ်အောင် လုပ်ခဲ့ တာတွေကို တောင်းပန်ပါတယ်... နောင်ကို အတတ်နိုင်ဆုံး မောင့်ကို လေးလေးစားစား တန်ဖိုးထား ဆက်ဆံပြီးတော့ အနာဂါတ်ဘ၀ခရီးလမ်းမှာ မောင့်ရဲ့ ပါရမီ ဖြည့်ဖက်တစ်ဦးအဖြစ် သက်ဆုံးတိုင် အတူရှိနေစေရမယ်လို့ အသက် ဂတိပေးပါတယ်” ဟု အားကျမခံ ပြန်ပြောလေ၏။

ထိုအခါ အောင်ကိုမင်းက ကျွန်ုပ်ဖက်သို့ လှည့်ကာ “ ကဲ... ဆရာရေ ဆရာရဲ့ အိမ်ထောင်ရေး တရားလည်း ပြီး အောင် နာပြီးသွားပြီ။ ကျွန်တော်နဲ့ အသက်လည်း နားလည်မှု့ ရသွားပြီ.. အခု ဆရာက အိမ်ထောင်ရေးတွေမှာ ကံဇာတာ နိမ့်နေလို့ပဲ ဖြစ်ဖြစ် ၊ နက္ခတ်မကိုက်လို့ပဲ ဖြစ်ဖြစ် ၊ နေ့နံမသင့်လိုပဲ ဖြစ်ဖြစ် ၊ အိမ်ထောင်ရေး အဆင်မပြေ ကမောက်ကမ ဖြစ်လာတဲ့အခါ ဆောင်ရွက်လို့ရမယ့် ယတြာတွေ ပေးလိုက်ပါဦး ဆရာရေ.”..ဟု ပြောသောကြောင့်....

အိမ်ထောင်ရေး အဆောင်တွေ ယတြာတွေကတော့ အများကြီးရှိပါတယ်။ သူ့နည်းနဲ့ သူ အကုန်လုံး ကောင်းပါ တယ်။ လွယ်ကူတဲ့ နည်းတွေ ပေးလိုက်မယ်...

  1. ပထမ ယတြာက လင်မယားနှစ်ယောက်ရဲ့ ဓါတ်ပုံ(၂)ပုံကို မျက်နှာချင်းဆိုင် ကပ်ရမယ်။ ပြီးတော့ ဓါတ်ဗူး အသစ် အလွတ်ထဲမှာထည့်ရမယ်။ အဲဒီ ဓါတ်ဗူးထဲမှာ သံလိုက်တုံးထည့်ရမယ်။ ပြီးရင် ဓါတ်ဗူးကို လုံအောင် ပိတ်လိုက်။ လင်မယားနှစ်ယောက် အိပ်တဲ့ အိပ်ယာခေါင်းရင်းမှာထားပြီး ဓါတ်ဗူး ဖုံးပေါ်မှာ ဖ ယေင်းတိုင် မီးထွန်းပြီး ဆုတောင်းမယ်ဆိုရင်ရက်ပိုင်းအတွင်း ထူးခြားမယ်။
  2. နောက်တစ်ခုက အခု အောက်မှာ ဖော်ပြပေးထားတဲ့ ချစ်သူနှစ်ဦး အင်းစမတော်ကို ဖယောင်တိုင်မှာပတ် မီးထွန်း ဆုတောင်းလိုက်မယ် ဆိုရင်လည်း ရက်ပိုင်းအတွင်း ထူးခြားမယ်..ဟု ပြောဆိုကာ အောက်တွင် ဖော်ပြထားသော စမတော်ကို ပေးလိုက်လေတော့သတည်း....

ငါးသလောက်အချဉ်ဆီပြန်ဟင်းနှင့် ကြက်သွန်ဖြူစိမ်ထားသော ဒိန်ချဉ်တစ်ခွက်

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာနှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်းရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာသဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ၏ ရှေ့သို့ ထော်လာဂျီတစ်စီးလာ၍ ရပ်လေ၏။ လူတစ်ယောက်သည် နောက်မှီလွန်စွာမြင့်သော ရှေးဟောင်းကုလား ထိုင်အနက်ကြီးတစ်လုံးကို ကျောတွင်ပိုးလျက် ၎င်းထော်လာဂျီပေါ်မှ ဆင်းလာ၏။ လက်တစ်ဘက်တွင်လည်း အနက်ရောက်လက်ကိုင်တုတ်ကြီးတစ်ချောင်း ကိုင်ထားလေ၏။ ကျွန်ုပ်သည် ထိုသူအား မည်သူမည်ဝါဖြစ် သည်ဟု မပြောနိုင်ပါ။

ထိုသူသည် ကုလားထိုင်ကြီးကို ထမ်းလျက် ကျွန်ုပ်၏ အနီးသို့ လျှောက်လာပြီးလျှင် ကုလားထိုင်ကြီးကို ချလိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို သေချာစွာကြည့်နေမိလေ၏။ ထိုကုလားထိုင်ကိုချ ပြီးလျှင် ထိုသူသည် ကုလားထိုင်ပေါ်၌ အကျအနထိုင်လိုက်လေ၏။ ထိုလူ၏ အပြုအမူမှာ အနည်းငယ်ဆန်ုး သကဲ့သို့ဖြစ်နေ၍ ကျွန်ုပ်လည်း ဂရုစိုက်၍ ကြည့်နေမိလေ၏။ ထိုသူသည် ကိုင်ထားသောလက်ကိုင်တုတ်ကို အခြားသောလက်တစ်ဖက်သို့ ပြောင်း၍ကိုင်လိုက်ပြီးနောက် . . “ မောင်အောင်ထွန်း. . ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက် . .” ဟု ကိုးရိုးကားယား နှုတ်ဆက်လိုက်လေ၏။

ထိုအခါကျမှပင် ကျွန်ုပ်သည် ထိုသူကို ကောင်း စွာ မှတ်မိသွားလေ၏။ “ အလို . . ကိုပီတာကြီးပါလား . .” ဟု ကျွန်ုပ်က ဝမ်းသာအားရပြန်၍နှုတ်ဆက် လိုက်လျှင် ၎င်းကိုပီတာကြီးက . . “ဟုတ်ပါတယ်၊ မဟုတ်ပါဘူး” ဟု ပြန်၍ပြောပြေန်လေ၏။ ၎င်းကိုပီတာကြီး မှာ ကျွန်ုပ်ကို လွန်စွာခင်မင်၏။ သို့ရာတွင် သူသည် လူကောင်းတစ်ဦးမဟုတ်ပေ။ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်၏။ မည်သို့ဖြစ်သည်မသိ၊ စကားပြောလျှင် ဆန့်ကျင်ဘက်နှစ်ခုကို အမြဲတွဲစပ်၍ ပြောတတ်၏။

“ ကိုပီတာကြီ ကို မနက်စားကျွေးရမယ်၊ ဘာဟင်းနဲ့စားမလဲ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းက ရယ်ဟော၍ . . “ ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘက်ဒ် . . ” ဟု ပြောပြန်လေ၏။ ထို့နောက် ၎င်းကပင် . . “ ငါးသလောက် အချဉ်ဆီပြန် မယ်ဇလီဖူးဟင်းချို၊ ချဉ်ဖတ်အစုံကို နှမ်းဖြူပြီးသုပ်မယ်၊ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဒိန်ချဉ်နဲ့စိမ်မယ်၊ ဗာလာ ချောင်ကြော်တစ်ခွက်လည်းပါရမယ်၊ အဲဒါဆို တော်လောက်ပါပြီ” ဟု ဆိုလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ၎င်းစားချင်သည့်အရာများကို စီမံပေးရလေ၏။

“ နေစမ်းပါဦး ကိုပီတာရယ်. . . ဒီလောက်အဝေးကြီးကို ဒီ ကုလားထိုင်ကြီးကို ဘာပြုလို့ ယူလာရတာလဲ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက . . “ ဒီကုလားထိုင် ကြီးက ကိုယ့်ရဲဘကြီး ကျန်ခဲ့တဲ့အမွေပါ၊ ဒီလက်ကိုင်တုတ်ကြီးကလည်း သူ့ဟာပဲ၊ နာမည်တော့ မပြောတော့ ပါဘူး၊ အဲဒီဘကြီး ဟာ ဟိုးရှေးခေတ်တုန်းက မြို့ပိုင်ဖြစ်ခဲ့ဖူးတယ်၊ အဲဒီပစ္စည်းနှစ်ခုကတော့ နောက်ဆုံးကျန် ခဲ့တဲ့ပစ္စည်းပဲ၊ ကိုယ်တို့အမျိုးထဲမှာတော့ ဒီလူကြီးဟာ အတော့်ကိုကြိုးစားတဲ့လူကြီး၊ ဘွဲ့ရအောင်လည်း ဆင်း ဆင်းရဲရဲနဲ့ ကြိုးစာခဲ့ရရှာတယ်၊ အလုပ်လုပ်တဲ့အခှါာလည်း အတော့်ကို ကြိုးစားလုပ်ပါတယ်၊ ဒါကြောင့်လည်း ကိုယ်တို့အမျိုးထဲမှာ သူဟာ ရာထူးဌာနန္တရ အကြီးဆုံးရခဲ့တဲ့လူပဲ” ဟု ပြောလေ၏။

“ ထားပါတော့ဗျာ၊ အဲဒါ ကြီးကို ဘာပြုလို့ ယူလာရတာတုံး ဟု ကျွန်ုပ်က မေးလိုက်ရာ . . “ကိုယ်က အိမ်ရှိတာ မဟုတ်ဘူးလေ၊ ဟို ဓမ္မာရုံမှာ နေရ၊ ဒီမီးကင်းမှာနေရနဲ့ အဲဒီလို နေ နေရတာ၊ ဒီပစ္စည်းနှစ်ခုက ကျောက်မြောင်းက အသိအိမ်မှာ အပ်ထားရတာ၊ အဲဒီအိမ်က ကလေးတွေကလည်း ဒီကုလားထိုင်ကြီးကို ရှေးဟောင်းပစ္စည်းဆိုပြီရောင်းစားဖို့ မျက်စောင်းထိုးနေကြတယ်၊ ဒါကြောင့် ဒီကိုယူလာပြီး မောင်အောင်ထွန်းကို ပေးတာပါ” ဟု ကိုပီတာကြီးက ပြန်ပြောလေ၏။

“ မလုပ်ပါနဲ့ ကိုပီတာကြီးရယ်၊ ကျုပ် မယူပါရစေနဲ့ ထိုင်လည်း မထိုင်ရဲပါဘူး၊ ကျုပ်နဲ့လည်း မတန်ပါဘူး၊ နောက်တစ်ခုက ကျုပ်ဟာ ကုလားထိုင်တွေ ဘာတွေနဲ့ မထိုတတ်ဘူးဗျ၊ ခင်ဗျားသိတဲ့အတိုင်းပဲ ကျုပ်က ဖျာကလေးခင်းပြီး ကြမ်းပြင်ပေါ်မှာ ထိုင်လေ့ရှိတယ်၊ လမ်းလျှောက်တဲ့ လက်ကိုင်တုတ်လည်း ကျုပ် အတွက် မလိုပါဘူးဗျာ၊ ပြီးတော့ ဒိလိုကြီးမားတဲ့ ပုဂ္ဂိုလ်သုံးခဲ့တဲ့ပစ္စည်းကိုလည်း ကျုပ်အနေနဲ့ မသုံးရဲပါဘူး၊ အကောင်းဆုံးကတော့ ဘုန်းကြီးကျောင်းကို လှူလိုက်ပါ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်းကိုပီတာကြီးက “ မထိုင်ရဲဘူး၊ ဟုတ်လား၊ ဘာပြုလို့ မထိုင်ရဲတာလဲ၊ အလကားရတာပဲ ထိုင်ပေါ့၊ အတော်ကြောက်တတ်တဲ့လူ ပဲ၊ ဒါကြောင့်လည်း ထင်မိထင်ရာ စွတ်လုပ်တ်ာပေါ့” ဟု ပြောလေ၏။

ထို့နောက်တွက်ကား ကျွန်ုပ်လည်း ၎င်း အား ငါးသလောက်အချဉ်ဆီပြန်ဟင်း၊ မယ်ဇလီဖူးဟင်းချို စသည်တို့ကို ချက်ပြုတ်စီမံ၍ နံနက်စာကိုကျွေးရ လေ၏။ ကိုပီတာကြီးသည် ထမင်းကို ထည့်ပြီးရင်းထည့်၍ စားနေလေ၏။ ထို့သို့စားရင်း . . “ အတော့်ကို မြိန် တာပဲ၊ ဒါပေမယ့် စားလို့မကောင်းဘူး . .” ဟု ပြောသဖြင့် ကျွန်ုပ်က . . “ မြိန်တယ်ဆိုတာ စားလို့ကောင်းတာ ကို ပြောမဟုတ်လား . .” ဟု ပြောလိုက်၇ာ “ မြိန်တယ်လေ၊ ဒါပေမယ့် အလကားစားရတယ်ဆိုပြီး ထမင်း တွေ ထပ်ထပ်ပြီးထည့်လို့တော့ ဘယ်ကောင်းမလဲ၊ အဲဒါကြောင့် စားလို့မကောင်းဘူးလို့ပြောတာ၊ ကိုယ့်အိမ် မှာကိုယ်စားတာ မဟုတ်ဘူးလေ၊ သူများအိမ်မှာဆိုတော့ လူမြင်ကောင်းအောင်စားရတာပေါ့၊ ဒါကြောင့် မြိန်တော့ မြိန်တယ်၊စားလို့မကောင်းဘူးလို့ ပြောတာပေါ့” ဟု ရှင်းပြလေ၏။

ထမင်းစားပြီးသောအခါ၌ ကိုပီတာ ကြီးက .. “ကောင်းပြီလ၊ မောင်အောင်ထွန်းက လက်မခံတော့လည်း ကျောက်မြောင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းကို လှူလိုက်ပါ့မယ်၊ အဲဒါပိုပြီးကောင်းပါတယ်” ဟု ပြောလေ၏။ ကျွန်ုပ်လည်း ၎င်းအားလက်ဖက် ရည်၊ မုန့်များ ထပ်မံတိုက်ကျွေးပြန်လေ၏။ ထိုသို့တိုက်ကျွေးရာ၌ ကျွန်ုပ်၏တပည့် ဗေဒင်ဆရာမတစ်ဦးက လက်ဖက်ရည်များ၊ မုန့်များစီမံကာ လာ၍ပို့ရလေ၏။ ကိုပီတာကြီးသည် ထိုဗေဒင်ဆရာမကို သေချာစွာကြည့် ပြီးလျှင် .. “ ဆရာမကို မြင်ဖူးသလိုလိုပဲ၊ အတော်ချောတာပဲ၊ ကြည့်လို့မကောင်းဘူး” ဟု ပြောသဖြင့် ထိုဆရာမလည်း ရှုံ့မဲ့၍ အနီးမှ ထွက်သွားလေ၏။

“ဘယ်လိုပြောလိုက်တာလဲ ကိုပီတာကြီးရယ်၊ ချောတယ် လည်း ပြောသေးတယ်၊ ကြည့်လို့လည်း မကောင်းဘူးလို့ ပြောတယ်၊ ဟုတ်နိုင်ပါမလား” ဟု ကျွန်ုပ်ကပြန်၍ မေးလိုက်ရာ ကိုပီတာကြီးက .. “ဟုတ်ပါတယ်၊ ချောတယ်ဆိုတာက လူရဲ့ ပင်ကိုရုပ်ရည်ကိုပြောတာပါ၊ ကြည့်မကောင်းဘူးဆိုတာက လူ့ရဲ့အပြင်အဆင်ကိုပြောတာပါ၊ ကိုယ်ကစကားပြောရင် ရှင်းအောင်ပြော တယ်၊ ကိုယ့်လူက ရှုပ်အောင် မလုပ်ပါနဲ့” ဟု ပြောလိုက်သောကြောင့် ကျွန်ုပ်မှာ ရယ်ရသေးတော့၏။

ထို့နောက်ကျွန်ုပ်က .. ”ကိုပီတာကြီးရဲ့အဘကြီးက ဘယ်အချိန်တုန်းက သေတာလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ ၎င်းက .. “ကြာပါပြီ၊ အလုပ်ကအနားယူပြီး အကြာကြီးနေမှ သေတာပါ၊ အတော့်ကို ဆင်းရဲသွားရှာတယ်၊ မသေခင်မှာ မယားငယ်တွေ ဘာတွေ ယူသွားသေးတာ၊ ရန်ကုန်မြစ်ဝအထွက် ရွာသာကြီးတို့၊ တိုးကြောင်လေးတို့ဘက်မှာရှိတဲ့ ရွာကလေးတစ်ရွာမှာပါပဲ၊ အဲဒီမှာ တဲကလေးနဲ့ နေသွားရတယ်၊ သူ့မိန်းမကြီးကလည်း ပစ္စည်းတွေအားလုံး ယူထားလိုက်တယ်၊ သေတော့လည်း အဲဒီမှာပဲ သေတာပါပဲ၊ အလုပ်က နားသွားတဲ့အခါမှာ အသက်က သိပ်မကြီးသေးပါဘူး၊

ဒါပေမယ့် ငယ်ငယ်က ကြိုးစားသလောက်အဲဒီအချိန်မှာ ဘာမှမကြိုးစား တော့ဘူး၊ မယားငယ်ဆီမှာ အလဟဿ အချိန်တွေဖြုန်းပြီး သေသွားရှာတယ်၊ ကိုယ်က ဒါကြောင့် အချိန်ဖြုန်း တဲ့ကိုယ့်ဘကြီးကို မသေခင်ကတည်းက သေစာရင်းသွင်းထားလိုက်တာ”ဟု ကိုပီတာကြီးက ပြောလေ၏။ “ဘာဖြစ်လို့ ခင်ဗျားက သေစာရင်းသွင်းထားရတာလဲ” ဟု ကျွန်ုပ်က အားမလိုအားမရ မေးလိုက်လေ၏၊။ ထိုအခါ ကိုပီတာကြီးက .. “မောင်အောင်ထွန်း တစ်ခုစဉ်းစားကြည့်လေ၊ မင်းတို့ ငါတို့ တစ်ယောက်နဲ့တစ် ယောက် တွေ့တဲ့အခါမှာ အသက်ဘယ်လောက်ရှိပြီလဲလို့ မေးကြတယ်ဆိုပါစို့၊ အဲဒီမှာ အသက် ဘယ်နှနှစ် ရှိပါပြီလို့ပြန်ဖြေတယ် မဟုတ်လား၊ အဲဒီ့နှစ်တွေဟာ အချိန်တွေကို ပြောတာပဲလေကွာ၊ ဒါကြောင့် အသက်နဲ့ အချိန်ဟာ တစ်ထပ်တည်းပဲလို့တောင် ယူဆရမယ်၊ အဲဒီတော့ အချိန်ဖြုန်းတယ်ဆိုတာ အသက်ကို ဖြုန်းတာ ပဲမဟုတ်လား၊

ကိုယ့်ဘကြီးဟာ တောက မယားငယ်လေး တစ်ယောက်နဲ့ အသက်တွေ ဖြုန်းခဲ့တယ်ကွ၊ ဒါမှမဟုတ် အချိန်တွေ ဖြုန်းခဲ့တယ်ကွ၊ ဒါကြောင့် သူ့ကိုငါက မသေခင်ကတည်းက သေစာရင်း သွင်းထားလိုက်တာ၊ မောင်အောင်ထွန်းလည်း မှတ်ထားကွ၊ အချိန်ကို မဖြုန်းနဲ့ကွ၊ “ Time Waste is Life Waste ” အချိန်ဖြုန်း တာဟာ အသက်ဖြုန်းတာပဲ” လို့ မြဲမြဲမှတ်ထားကွ၊ ငါသွားမယ်“ ဟု ဆိုကာ ကုလားထိုင်ဟောင်းကြီးကို ထမ်းပိုး၍ ခြံတွင်းမှ ထွက်သွားလေ၏။ ကျွန်ုပ်သည် ကိုပီတာကြီးအား .. “ကုလားထိုင်ကြီးနဲ့ လက်ကိုင်တုတ်ကြီးကို ဘုန်းကြီးကျောင်းကို လှူပစ်မယ်ပေါ့” ဟု လှမ်း၍ မေးလိုက်ရာ ကိုပီတာကြီးက ခေါင်းကို တွင်တွင်ရမ်းပြလေ၏။ “ဒီလောက်ညံ့တဲ့ လူကြီးရဲ့ပစ္စည်းကို ဘုန်းကြီးကို မလှူတော့ပါ ဘူး မောင်အောင်ထွန်းရယ်၊ ဒီလူကြီးရဲ့ သင်္ချိုင်းအုတ်ဂူက ရွာသာကြီး ဘက်မှာရှိတယ်၊ သူ့ဂူမှာပဲ သွားထားလိုက်မယ်၊ ယူချင်တဲ့လူ ယူပါစေ၊ ဆွေချင်းဆွေပါစေ၊ ငါနဲ့ မဆိုင်တော့ပါဘူး၊ ငါ့ဘကြီးဟာ ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘက်ဒ်ပဲကွ၊ ကဲ .. ပြန်မယ် မောင်အောင်ထွန်းရေ .. ” ဟု ပြောဆိုကာ ထော်လာဂျီ တစ်စင်းပေါ်သို့ တက်သွားလေတော့သတည်း။

စိတ်ညစ်နေရတဲ့ညလေး

ဆရာမနှင်းအိမ်ဝေ၏ အခန်းဆက်ယတြာများ အပိုင်း (၂)

ညလေးနဲ့ကိုမိုးညို ချစ်သူတွေဖြစ်သွားကြပြီးနောက် ပတ်ဝန်းကျင်က ကိုယ့်ထ မင်းကိုယ်စား မျက်စိနောက် ပေးကြတယ်။ ကိုမိုးညိုက မနက်မိုးလင်းတာနဲ့ ညလေးတို့ လမ်းထိပ်ကိုရောက်လာကာ မုန့်စား၊ လက်ဖက်ရည် ဆိုင်လေးထိုင်၊ လက်လေးဆွဲ တပူးတွဲတွဲ ဟိုသွားဒီသွား၊ ညဘက်ဆိုလည်း ၉နာရီ ၁၀နာရီထိ ဖုန်းတွေပြောကြ ဤကဲ့သို့ချစ်နေကြသည်ကို ပတ်ဝန်းကျင်ကမနာလိုသည်လား ဒါမှမဟုတ် . . . ညလေးမသိတော့ပါ။

အထူးသဖြင့် ညလေးတို့အိမ်ရှေ့က ညလေးနှင့်ရွယ်တူအမွှာညီ အစ်မနှစ်ယောာက်ကပိုဆိုး ကိုမိုးညိုနှင့် ညလေးကို မတူဘူး မတန်ဘူးဟု မကြားတစ် ကြားပြောတတ်သေးသည်။ ကိုမိုးညိုက အသားညိုညို အရပ်ရှည်ရှည် မျက်နှာလေးက အရမ်းရှင်းသန့်သည်။ ဟုတ်တော့လည်း ဟုတ်ပါသည် ညလေးနှင့်သိပ်မလိုက် ဖက် ညလေးက နည်းနည်းရုပ်ဆိုးသည်ဟုထင်ပါသည်။

ညလေးရဲ့ချစ်သူကတော့ ညလေးက အရမ်းချစ်ဖို့ ကောင်းတဲ့သူလို့ အမြဲပြောပါသည်။ ဘယ်လိုဘဲဖြစ်ဖြစ်လေ ညလေး အကြောင်းတွေကို မဟုတ်တာ အဟုတ်လုပ် အမွှာညီအစ်မ အစုပ်ပလုပ်တွေက ရပ်ကွက်ထဲမှာ အတင်းတွေ လျှောက်တုပ်နေတော့ ညလေးသိပ်စိတ်ညစ်ရတာပေါ့ အဲ့ဒီ့တော့ ညလေးရဲ့ အားကိုးအားထားစရာ ``အစ်ကိုဆရာရေ´´ဆိုကာ ဇာတ်စုံခင်း ရလေတော့သည်။

``အစ်ကို့ညီမရယ် ဒါလေးများ လွယ်တာမှသိပ်လွယ်´´ ကြက်သွန်နီ တစ်လုံးကိုယူ လမ်းမပေါ်ကိုထွက် နင့်မကောင်းကြောင်း ငါဘာမှမပြောဘူး ငါ့ မကောင်းကြောင်းလည်း နင်ဘာမှမပြောနဲ့ ငါဘယ်သူ့ကိုမှ ပြဿနာမရှာဘူး နင်လည်း ငါ့ကိုပြဿနာမရှာနဲ့လို့ ပါးစပ်ကပြောပြီး အဲ့ဒီ့ကြက်သွန်နီကို ဖနောင့်နဲ့ ပေါက်ရတယ်။ ကိုယ့်ကို အလကားနေရင်း ရန်ထောင်တာ မလိုတမာ ပြောတာတွေရှိနေရင် ဒီယတြာ သာလုပ် အားလုံးငြိမ်းချမ်းသွားမယ်။

အစ်ကိုဆရာပြောတဲ့ ယတြာကိုခြေပြီး ငါးရက်မြောက်သောနေ့တွင် အတင်းတုပ် သောအမွှာညီအစ်မ နှစ်ယောက် ညလေးနှင့် ကိုမိုးညို မုန့်ဟင်းခါး စားနေသောဆိုင်ထဲ တွင်ဆုံမိကြရာ ``ဟောဒီနှစ်ယောက် စောစောစီးစီးပါလား စားပြီးကြပြီလား နင်တို့ နှစ်ယောက်ကတော့လေ သိပ်အားကျစရာ ကောင်းတဲ့ စုံတွဲပဲ အရမ်းလဲလိုက်ဖက်တယ် အားလုံးက နင်တို့နှစ်ယောက်ကို ကြည့်ပြီး အားကျနေတာနော်´´တဲ့ ကဲဘယ့်နှယ့် ရှိစ အဘပညာနဲ့ အစ်ကိုဆရာဟိန်းတင့်ဇော်ကို အထူးကျေးဇူး တင်ပါတယ်ဟုသာ စိတ်ထဲမှ ပြောလိုက်မိပါတော့သည်။

နှင်းအိမ်ဝေ
ဆက်လက်ရေးသားပါဦးမည်။

ကင်ပွန်းချဉ်ရွက်ဟင်းနှင့် ငါးနုသန်းရေချို

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်းရေးသားပေးသော လွန်စွာ ခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင် တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ မိန်းမ ကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ထိုမိန်းမကြီးမှာ ၎င်း၏လင်ယောကျာ်းရှိစဉ်က အခြေနှင့်အနေနှင့် အကျအန နေထိုင်ခဲ့သော်လည်း ၎င်း၏ယောကျာ်းဆုံးပြီ တစ်နှစ်အတွင်း၌ပင် စီးပွားဥစ္စာများ ပျက်စီးသွားရ ရှာလေ၏။ ထိုမိန်းမကြီးသည် အသက်အားဖြင့် ကျွန်ုပ်ထက် နှစ်နှစ်ခန့်ငယ်သည်။ သူ၏အမည်မှာ ဒေါ်သြဟူ၍ဖြစ်၏။ သူသည်ငယ်စဉ်က ကျွန်ုပ်နှင့် ကျောင်းနေဖက်လည်း ဖြစ်ခဲ့ဖူး၏။ ၎င်းဒေါ်သြသည် မည်သည့်အရာကိုမျှ နှစ်နှစ်ကာကာ ယုံကြည်သည်ဟူ၍ မရှိပေ။ လူတော်တော်များများ ယုံလေ့ရှိသော နတ်များ၊ ဘိုးတော်များကို သူမယုံပေ။ ထို့အတူ ငယ်စဉ်အခါက ကလေးဘာဝ သရဲအကြောင်း ပြောလျှင်လည်း မည်သည့်အခါမျှ နားထောင်လေ့မရှိပေ။ ထိုအရာများကိုလည်း မယုံပေ။ ထိုအရာများကို ယုံကြည်လေ့ရှိသော ကျွန်ုပ်နှင့် မတွေ့ သည်မှာ နှစ်အတန် ကြာပြီဖြစ်၏။ ယခု ကျွန်ုပ်ထံသို့ အလည်ရောက်လာခဲ့လေ၏။

ထို့ကြောင့် ကျွန်ုပ်က . . “ အလို . . ဘယ်သူများလဲ အောက်မေ့တယ်၊ တီချာသြကိုး . . ကျွန်တော်လည်း ခုနှစ်ဆယ်နား ကပ်နေပါပြီ ဘာများ သင်ကြား ပေးမလို့လဲ”ဟု ခပ်ငေါ့ငေါလေး နှုတ်ဆက်လိုက်ရာ . “ ဒီလို လုပ်ရအောင်ပါ၊ ဆရာကြီး သမားကြီး ဂိုက်မဖမ်းစမ်းပါနဲ့၊ ဟိုး အရင်ကလိုပဲ နင်နဲ့ ငါနဲ့ ပြောခွင့်ရှိတယ် ဆိုရင်တော့ ဆက်ပြီး စကားပြောတာပေါ့၊ ဒီလိုမဟုတ်ဘဲနဲ့ ရှင့်ကို ကျွန်မက ဆရာကြီးတို့၊ အဘတို့ ခေါ်ရမယ်ဆိုရင် ပြန်တာကောင်း မယ်ထင်တယ်” ဟု သူ၏အလိုကို ကြေညာလေ၏။ “ရပါတယ် လေဒီသြရယ် ခေါ်ချင်သလို ခေါ်ပါ။ အရင်အတိုင်း ပြောချင်သလို ပြောပါ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်း ဒေါ်သြက . . “ အဲဒါ တော်တော်ကောင်းတဲ့ အချက်ပဲ၊ နင်ဟာ အရင်က အတိုင်းပါပဲ ဘယ်တော့မဆို နှိမ့်နှိမ့်ချချရှိပါတယ်၊ ဘဲရီးဂွတ်ဒ်” ဟု ပြောလေတော့၏။

“ ကဲ. . လုပ်စမ်းပါဦး လေဒီသြရဲ့၊ ကျုပ်က မနက်စာကျွေးရမယ်ဆိုတော့ ဘာတွေနဲ့များ စားချင်ပါသလဲ” ဟု ပြောလိုက်လျှင် ၎င်းက . . “နင်ရေးတဲ့ဟင်းတွေ ငါ ဖတ်ရပါတယ်ဟယ်၊ ထောပတ်တွေ၊ အုန်းနို့တွေ အမြဲပါ တယ်၊ အဲဒါတွေသာ စားရရင် အမြန်ဆုံး သွေးတိုးပြီး သေချင်သေ၊ ဒါမှမဟုတ်ရင် နှလုံးသွေးကြောပိတ်ပြီး သေ လိမ့်မယ်၊ အဲဒီတော့ ငါးနုသန်းကလေးကို အရည်နဲ့ချက်ဟယ်၊ ကင်ပွန်းချဉ်ရွက် ချဉ်ရည်လေးလည် ချက်၊ တို့စရာကတော့ဟယ် ငါးပိရည်ကောင်းကောင်းနဲ့ ကြက်သွန်ဖြူတို့မယ်” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် စီမံရလေတော့၏။ ကျွန်ုပ်အနေနှင့် ထမင်းဟင်းများ စီမံနေစဉ်အတွင်း ၎င်းဒေါ်သြသည် ကျွန်ုပ်၏ခြံတွင်းသို့ လှည့်ပတ်ကြည့်ရှုလေ၏။ နှံ့အောင်ကြည့်ရှုပြီးနောက် ကျွန်ုပ်ထံသို့ ပြန်လာပြီးလျှင် . . “ ခြံထဲမှာလည်း အရုပ်တွေက များလှချည်လား၊ ဒါဟာ ဘာမှမဟုတ်ဘူး၊ နင့်အနေနဲ့ လူတွေကို အယုံသွင်းနေတာ၊ ဘိုးတော်ပုံတွေ မယ်တော်ပုံတွေတော့ ထားပါတော့၊ နင့်ဝတ္ထုထဲက ဇာလိုက်ပုံတွေလည်း ထုထားတယ်၊ ဒါတွေကို တို့က ဘယ်လို သဘောထားရမှာလဲ၊ နင့်ပုံလည်း ထုထားတယ်၊ ဘာသဘောလဲ” ဟု မေးလေတော့၏။

“ ဒီလို လေဒီသြရဲ့ ဒါတွေက လေဒီသြတို့ ယုံဖို့လုပ်တာ မဟုတ်ဘူး၊ ကျုပ်ဟာကျုပ် သဘောကျပြီး၊ ကျုပ်ဟာ ကျုပ်ယုံလို့ ထုထားတာ၊ ပြီးတော့ဗျာ . . . အလွန်ခေါင်တဲ့ တောကြီးထဲက ကျုပ်ပိုင်တဲ့ ခြံထဲမှာ ကျုပ်ထုချင်တဲ့ အရုပ်ထုမှာပေါ့၊ လေဒီသြရုပ်ကို ထုရမလား“ ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက. . “ အမယ်လေး မလုပ်ပါနဲ့တော်၊ ကျုပ်ရုပ်တော့ မထုပါနဲ့ ဟိုဘက်က မနုစာရီမယ်တော်တို့ ဘာတို့နဲ့ ရောသွားပါဦးမယ်” ဟု ပြောလိုက်လေ၏။

ထို့နောက်တွင်ကား ကျွန်ုပ်သည် ဒေါ်သြအား နံနက်စာ တည်ခင်းကျွေးမွေးလေ၏။ ဒေါ်သြလည်း မြိန်ရှက်စွာ စား၏။ ထမင်းစားရင်းနှင့်လည်း စား၍ကောင်းကြောင်း ချီးကျူးလေ၏။ ထို့သို့ ချီးကျူးရုံမျှမက. . “ဒါမျိုးလေး တွေ လူတွေကို လူတွေကို ချက်ကျွေးစမ်းပါ၊ နင့်ဥစ္စာက အန္တရာယ်များမယ့် အစားအစာတွေကိုပဲ ချက်ကျွေးနေ တာ၊ အုန်းနို့တို့ ဘာတို့ဆိုတာ သွေးတိုးရှိတဲ့လူဆိုရင် တစ်ခါတည်း ပြီးသွားနိုင်တယ်ဟဲ့၊ အစားတစ်လုပ်နဲ့ ဇီဝိန် ပြုန်အောင်မလုပ်စမ်းပါနဲ့၊ လူဆိုတာ အသက်ရှင်တုန်း လူလို့ခေါ်တာဟဲ့၊ သေသွားရင် မသာလို့ခေါ်တယ် မဟုတ်လား၊ အဲဒီတော့ အသက်ရှင်ဖို့အရေးကြီးတယ်” ဟု ပြောလေ၏။

“ ကောင်းပါပြီ လေဒီသြရယ်” ဟု ကျွန်ုပ်က ပြောလေ၏။ ထို့နောက် ကျွန်ုပ်နှင့် ဒေါ်သြတို့သည် ရှေးဟောင်းနှောင်းဖြစ်များ ထိုင်၍ ပြောဖြစ်ကြလေ၏။ ထိုသို့ ပြောရင်း . . “ ကျောင်းနေကတည်းက ကြည့်လာတာ လေဒီသြက ဘာမျှမယုံဘူးနော်၊ ယုံကြည်မှု အတော်နည်း တယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ. . “ အဲဒီလိုလည်း ဇွတ်ကြီးမပြောပါနဲ့ဟယ်၊ ယုံစရာရှိတော့လည်း ငါကယုံပါတယ်၊ ဘလိုင်းကြီး ဟိုဟာမယုံ၊ ဒီဟာမယုံ ဆိုတာမျိုးတော့ မဟုတ်ပါဘူး” ဟု ဒေါ်သြက ပြန်၍ပြောလေ၏။

“အဲ ဒီလိုဆိုမေးမယ်ဗျာ၊ ယုံတယ်ဆိုတာနဲ့ ပတ်သက်လို့ လေဒီသြဘဝမှာ ဘယ်လို အမှတ်သညာများ ရှိပါသလဲ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကျွန်ုပ်၏ သူငယ်ချင်း ဒေါ်သြသည် မျက်စိပေါက်များ ပိတ်သွားသည် အထိ ရယ်မောလေ၏။ ကျေနပ်အောင်ရယ်ပြီးနောက် . .

ဒီလိုဟဲ့ . . ငါ့အကြောင်း မပြောတော့ဘူး၊ တိဗက်က လောကီပညာရှင် အချွန်အမွန်ကြီး တစ်ဦးရှိခဲ့ဖူးတယ်၊ ဆရာကြီး ဂုရုကြီးပေါ့ဟယ်၊ သူ့နာမည်က မိလာရေပလို့ခေါ်တယ်၊ တိဗက်မှာ နာမည်ကြီးခဲ့တဲ့ ဂါလဝံတို့၊ ဓူလဝံတို့နဲ့ တစ်တန်းထဲလောက်ပါပဲ၊ အဲဒီလို ဆရာကြီးမဖြစ်ခင်မှာ သူဟာ ဆရာတစ်ယောက်ဆီမှာ တပည့်ခံရတယ်၊ သူ့ရဲ့ဆရာက အမှန်ကတော့ ဘာမှ တန်ခိုးသိဒ္ဓိမရှိဘူး၊ သူက ရှိတယ်ထင်ပြီး တ ပည့်ခံနေတဲ့ တပည့်တွေက အများကြီးပဲကွယ့်၊ သူက အဲဒီတပည့်တွေထဲမှာ ဆရာပေါ်မှာ အယုံကြည်ဆုံး တပည့်တစ်ယောက်ပေါ့ကွယ်၊ ဆရာ့ရဲ့ ဝေယျာဝစ္စလည်း အလုပ်ဆုံးတပည့်ပဲ၊

အဲဒီတော့ ကျန်တဲ့တပည့်တွေက သူ့အပေါ်မှာ မျက်စိနောက်လာတယ်၊ အဲဒီတော့ ကျန်တဲ့တပည့်တွေက မိလာရေပကို ချောက်တွန်းကြတာပေါကွယ်၊ တစ်နေ့မှာတပည့်အုပ်စုဟာ တောင်စောင်းတစ်ခုကို ဖြတ်ပြီးခရီးသွားကြတယ်၊ အဲဒီအုပ်စုထဲမှာ မိလာရေပလည်း ပါတယ်ကွယ့်၊ တောင်ချောက်တစ်ခုလည်း ရောက်ရော တပည့်တစ်ယောက်က မိလာရေပကို “ ဟေ့. . . မိလာရေပ၊ မင်းဟာ ဆရာပေါ်မှာ သိပ်ပြီးယုံကြည်တဲ့သူပဲ၊ ဘာပြုလို့ အပင်ပန်းခံပြီးတောင်ကြောအတိုင်း လျှောက်နေမှာလဲ၊ ဆရာ့ကိုတ ပြီး ခုန်ချလိုက်ပေါ့၊ တို့ဆရာဟာ တန်ခိုးသိဒ္ဓိနဲ့ပြည့်ဝတဲ့ဆရာဆိုတာ မင်း ယုံတယ် မို့လား၊ ခုန်ချလိုက်လေကွာ” လို့ ပြောတယ်၊

အဲဒီအခါမှာ မိလာရေပက စဉ်းစားမနေတော့ဘဲ “ ဆရာသခင် ကယ် ပါ” လို့ တ ပြီး ချောက်ထဲကို ခုန်ချလိုက်တယ်၊ အမြင့်ကြီးနော်၊ အဲဒီမှာ ကျန်တဲ့တပည့်တွေက မိလာရေပအရူး တော့ အရိုးတခြား အသားတခြားဖြစ်သွားပါပြီ၊ ဆင်းကြည့်ဦးမှဆိုပြီး ချောက်ထဲကိုဆင်းကြည့်ကြတယ်၊ အဲဒီလို ဆင်းကြည့်တော့ မိလာရေပဟာ ဘာမှမဖြစ်ဘူး၊ တင်ပလ္လင်ခွေထိုင်နေတယ်၊ ကျန်တဲ့တပည့်တွေကို သူကတွေ့တော့ ပျော်ပျော်ရွှင်ရွှင်တောင် လှမ်းနှုတ်ဆက်လိုက်သေးတယ်။ “ ကျုပ်တို့ဆရာဟာ တကယ့်ကို အစွမ်းသိဒ္ဓိနဲ့ ပြည့်စုံတဲ့ဆရာ” လို့တောင် သူက ပြောလိုက်သေးတယ်၊

အဲဒီလိုနဲ့ပဲ နေလာလိုက်တာ တစ်နေ့မှာအိမ်တစ်လုံးကို မီးလောင်းတယ်၊ အဲဒီမှာ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်ဟာ ပိတ်မိနေတယ်၊ ဘယ်သူမှဝင်ပြီး မကယ်ရဲဘူး၊ ကယ်ရင်လည်း သေမှာပါပဲ၊ အဲဒီမှာ တပည့်တစ်ယောက်က “မိလာရေပရေ . . ဆရာကိုတပြီး မီးထဲဝင်ပြီး ဟိုသားအမိကို ကယ်ပါတော့” လို့ပြောတယ်၊ မိလာရေပကလည်း မဆိုင်းမကွတဲ “ဆရာကယ်ပါ” လို့ပြောပြီး မီးထဲ ပြေးဝင်သွားတယ်၊ သားအမိနှစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်၊ သူဟာ ဘာမှမဖြစ်ဘူး၊ မီးပွားလေး တစ်ပွားတောင် သူ့ကိုယ်ပေါ်ကို မကျခဲ့ဘူး၊

အဲဒီမှာ မိလာရေပက ကျန်တဲ့တပည့်တွေကို “တို့ဆရာကြီးက တကယ်စွမ်း တာပါ” လို့ ပြောတယ်၊ အဲဒီလိုနဲ့ နေလာလိုက်တာ တပည့်အပေါင်းဟာ မြစ်ကြီးတစ်ခုကို ဖြတ်ကူးဖို့ အကြောင်းပေါ်လာတယ်၊ အဲဒီ့အထဲမှာ တပည့်တွေတင် မဟုတ်ဘူး၊ ဆရာကိုယ်တိုင် ပါနေတယ်၊ အဲဒီမှာ တပည့်တစ်ယောက်က မိလာရေပနားကို ကပ်ပြီးတော့ တိုးတိုးလေးပြောလိုက်တယ်၊ “လှေက သိပ်ကျပ်နေပြီကွာ၊ မင်းအနေနဲ့ မစီးပါနဲ့ တစ်ယောက်စာ ချောင်သွားရင်လည်း မနည်းဘူးပေါ့ကွာ၊ ဆရာ့ကိုတပြီး ရေပေါ် လမ်းလျှောက်သွားကွာ” လို့ ပြောတယ်၊ အဲဒီမှာ မိလာရေပက “ကောင်းပြီ၊ အဲဒီလိုပဲ လုပ်ရမှာပေါ့” လို့ ပြောပြီး ဆရာကိုတပြီး ရေပေါ်ကို လမ်းလျှောက်သွားတယ်၊ လှေပေါ်က လူတွေလည်း တအံ့တသြ ကြည့်နေကြတယ်၊ အဲဒီအထဲမှာ ဆရာကိုယ်တိုင်လည်းပါတယ်၊

အဲဒီအခါမှာ ဆရာလုပ်တဲ့လူက စိတ်ကြီးဝင်တော့တာပဲ၊ ဒီလောက် ရူးပေါပေါနိုင်လှတဲ့ မိလာရေပလိုကောင်တောင် ငါ့ကိုတပြီး ရေပေါ် လမ်းလျှောက်နိုင်ရင် ငါကိုယ်တိုင်က ဘာပြုလို့ ရေပေါ်လမ်းမလျှောက် နိုင်ရမှာလဲလို့ အတွေးပေါက်တာပဲ၊ အဲဒီလို အတွေးပေါက်တာနဲ့ တစ်ပြိုင်တည်း ဆရာဟာ ရေပေါ်လမ်းလျှောက်မယ် ဆိုပြီး လှေပေါ်ကနေ မြစ်ထဲကို ဆင်းတယ်ဟေ့၊ တစ်ခါတည်း စုန်းစုန်းမြုပ်သွားတော့တာပဲ၊ ပေါ်ကိုမလာတော့ဘူး၊

တိဗက်လောကီပညာ သမိုင်းမှာလည်း အဲဒီဆရာအကြောင်း ပြောသံမကြားတော့ပါဘူး၊ တကယ်ပြော နေကြတာ ကတော ဆရာကြီးမိလာရေပအ ကြောင်းပဲ၊ အဲဒီဆရာကြီး မိလာရေပကလည်း ဘာကိုပဲ ထူးထူးဆန်းဆန်းလုပ်လုပ် သူ့လောက်အစွမ်းသိဒ္ဓိမရှိလို့ ရေနစ်ပြီး မြစ်အောက်ကျသွားတဲ့ သူ့ဆရာကိုတ တပြီးလုပ်တော့တာပဲ၊ တစ်သက်လုံးဆိုပါတော့ကွယ်၊ မင်းမေးတဲ့ ယုံကြည်မှု ဆိုတာနဲ့ပတ်သက် လို့ ယုံကြည်မှုဆိုတာ ဒါပါပဲ၊ မင်းဘာသာ မင်းနားလည်ချင်သလို နားလည်နိုင်ခွင့်ရှိပါတယ်၊ ထမင်းကျွေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ပြန်ဦးမယ်ဟေ့. . ” ဟု ဆိုကာ ကျွန်ုပ်၏ စူထွက်နေသော ဝမ်းဗိုက်ကြီးကို လိမ်ဆွဲ၍ ထွက်သွားလေတော့ သတည်း။

သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး

တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ၀ပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ၀ပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။

ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။

ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ဆရာ တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မ၀ါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။

ဆရာ ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မ၀ါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြင်သွားရင် အထင်လွဲနေပါ့ဦးမယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ မ၀ါက ဆရာရယ် အခု ပါတ်သက်တဲ့လူလည်း မရှိတော့ပါဘူး။ ဟိုတလောကမှ သူ အိမ်ပေါ်က ဆင်းသွားတာလေ။ ကျွန်မလည်း ယောက်ျားတွေကို စိတ်နာလို့ ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။ အဲဒီတော့ ကျွန်မကလည်း တစ်ယောက်တည်းသမား ဆရာကလည်း တစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘ၀တစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က...

မ၀ါရယ် ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့ အခု လင်ယူတာ ဘယ်နှစ်ယောက် တောင်၇ှိပြီလဲဟု မေးလိုက်လေရာ မ၀ါက အာ...ဆရာကလည်း အခုမှ လေးယောက်ပဲ ရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ ကျွန်ုသည် ယောက်ျားတစ်ယောက်ပြီး တစ်ယောက် အပစ်ခံရသော ထိုမိန်းကလေးအား အပစ်မမြင်ရက်ပေ။ မကောင်းသော မိန်းကလေးဟုလည်း မထင်ရက်ပေ။ ဘ၀ကို ပေါ့ပေါ့တန်တန် ထားသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ဦးဟုလည်း မသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုမ၀ါဆိုသော မိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကို အလွန်းရိုသေ တတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။

သူမသည် မကြာခဏဆိုသလို ကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကို လာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ၀င်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။ တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရား ရက်ရက်ရောရောဖြင့် အလှူဒါနကို ပြုသူဖြစ်၏။ သာရေးနာရေး များတွင်လည်း တစ်ညလုံး အိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်း ဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မ၀ါဆိုသော အမျိုးသမီးတွင် အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံးအောက်ရှိ မှဲ့နက်ကြီးတစ်လုံးနှင့် ယူသမျှ ယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။

ထို့နောက် မ၀ါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း သူများမိသားစုတွေလို စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေချင်တာပေါ့။ ဒါပေမယ့်ဆရာရယ် ။ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။ နောက်ပြီး ကျွန်မစိတ်ထင် ကျွန်မရဲ့ မျက်ရည်ခံမှဲ့ကြောင့် ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။

ကျွန်ုပ်လည်း ဆေးလိပ်တစ်လိပ်ကို ထုပ်ယူမီးညှိ့ ရှိုက်ဖွာလို်က်ရင်း ဒီလို မ၀ါရဲ့။ မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။ အဓိက မှဲ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....

  • ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
  • ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
  • မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
  • မျက်ရည်ခံမှဲ့ (ညာရယ်)
  • နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
  • ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
  • စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။

အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ်တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ၇တနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ ၊ ပတ္တမြား၊ စိန် ၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ၀တ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘ၀တွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ ကတည်းက ကြမန်းတမ်းတဲ့ ဘ၀ခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ၀တ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူဒလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ၀တ်ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ၀တ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ၀န်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

ကျွန်ုပ်သည် အထက်ပါအတိုင်း မ၀ါအား အမျိုးသမီးများတွင် ထင်ရှားသော မှဲ့(၇)မျိုး အကြောင်းကို ပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မ၀ါက ဒါဆိုရင် ကျွန်မယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့် ဖြစ်မယ်ဟု သူမ၏အထင်ကို ပြန်ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဒါဆိုရင် မ၀ါရယ် အဲဒီမှဲ့ကြီးကို ကိုးရီးဟားနည်းပညာနဲ့ သွားပြီး ရှင်းပစ်လိုက်ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မ၀ါက...

မလုပ်ပါနဲ့ ဆရာရယ်။ သဘာဝဟာသဘာဝပဲ ကောင်းပါတယ်။ သဘာဝကို ပြန်လည်ပြင်ဆင်တာ မကောင်းဘူးထင်ပါတယ်။ အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်း သဘာဝအတိုင်း လူလွတ်ချင်း တစ်အိုးတစ်အိမ် ထူထောင်လိုက်ရင် မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က သဘာဝတရားကြီးကို ဒီအတိုင်းထားတာ ကောင်းပေမယ့် နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ် ထူထောင်တာတော့ မပါဘူးဟာ။ အဲဒီတော့ သဘာဝအတိုင်း အချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်း မဟာချိုင်နေ၀စ်ရှိ ၀ပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။

ညလေးနှင့်မိုးညိုတွေ့ဆုံခြင်းအစ

စကားပလ္လင်

စကားပလ္လင်ဟု စတင်ရခြင်းမှာ ကျွန်မသည် စာရေးဆရာမ တစ်ယောက်မဟုတ်ပါ သောကြောင့် စာဖတ်သူများ ပျင်းရိငြီးငွေ့ဖြစ်မည်မှာ သေချာပါသည် သို့သော်လည်း ကျွန်မနှင့် ကိုမိုးညို စတင်ဆုံစည်းခြင်းမှစ၍ ယခုလက်ရှိ ခြေအနေထိကို အတတ်နိုင်ဆုံး ပျင်းရိငြီးငွေ့ ဖွယ်နည်းနိုင်သမျှ နည်းအောင်ရေးသားပါမည်။ ထိုအကြောင်းအရာများသည် ကျွန်မဘ၀တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ဖြစ်ကြောင်းကို လဲဝန်ခံပါသည်။ ထို့ကြောင့် ဆရာဟိန်းတင့်ဇော် www.heintintzaw. comသို့ ဤစာမူကိုပို့တော့ မည်ဆိုတော့ ဆရာ့အား ဇာတ်ကောင်များကို နာမည်များမှ အစပြောင်း လဲခြင်း မပြုပါရန် ကတိအတန်တန် တောင်းခဲ့ရပါသည်။ ကျွန်မရင်ထဲတွင် ဤဇာတ်လေးကို အနည်းငယ်လေးမှ ဖျက်စီးမခံနိုင်။ အဘယ့်ကြောင့် ဆိုသော် ကျွန်မ၏ အမှန်တကယ် ရင်တွင်းခံစားချက်များ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

ဆရာဟိန်းတင့်ဇော်နှင့် ကျွန်မသည် ဆရာတူတပည့် ဖြစ်ခဲ့ဘူးသော်လည်း ဆရာပြောသလို ပညာတူတပည့် အဆင့်တော့မဟုတ်ပါ ဆရာသည် ကျွန်မထက် အများကြီးမှ အများကြီးကို သာပါသည်၊ တော်ပါသည်။ အဘမင်းသိင်္ခနှင့်လည်း သားရင်း၊ တပည့်ရင်းလို နေခဲ့ရပြီး အဘမင်းသိင်္ခ၏ ပညာရပ်များကိုလည်း နေ့ညမပြတ် သင်ယူ စည်းပူးခွင့်ရရှိခဲ့သူဖြစ်ပါသည်။ ယခုလည်း ကျွန်မနှင့် ကျွန်မအရမ်းချစ်ရပါသော ကျွန်မချစ်သူ ကိုမိုးညိုတို့၏ အကောင်းအဆိုး အားလုံးအစစအရာရာ အကြောင်းစုံကို အဘသင်ပေးခဲ့သော ပညာများဖြင့် ဖြေရှင်း အောင်မြင်ခဲ့ရပါသည်။ အချို့သောကိစ္စများကိုလည်း ဆရာဟိန်းတင့်ဇော်နှင့် တိုင်ပင် ဆွေးနွေးပြုလုပ်ခဲ့ရပါသည်။ ယုံကြည်မှု ကြောင့် အောင်မြင်မှုလည်း ရခဲ့ပါသည်။

ထိုအစစအရာရာ အကြောင်းစုံကို ၀တ္ထုလေးတစ်ပုဒ်သဖွယ် ဖတ်စေချင်လွန်း၍ ကြိုးစားရေးသားလိုက်ပါသည်။ ကျွန်မ၏ အရေးအသား ညံ့ဖျဉ်းမှုကြောင့် စာဖတ်သူများ ပျဉ်းရိငြီးငွေ့ပါမူ အဘမင်းသိင်္ခ သင်ပေးခဲ့သော ပညာရပ်များကိုသာ အဓိကထားဖတ်ရှုကြပါ။ ကျွန်မ၏ အခက်အခဲများ အောင်မြင်ခဲ့သလို စာဖတ်သူများ၏ အခက်အခဲများကိုလည်း အောင်မြင်စေချင်ပါသည် အခက်အခဲများပြေပျောက်စေချင်ပါသည်၊ သောက များကင်းဝေးစေချင်ပါသည်။ အဘမင်းသိင်္ခ၏ ပညာရပ်များကို ယုံကြည်စွာဖြင့် သင့် အခက်အခဲများကို ဖြေရှင်းနိုင်ကြပါစေ ကျွန်မ၏ စာအရေးအသား မည်မျှပင် ညံ့စေကာမူ အဘမင်းသိင်္ခ၏ ယတြာများကတော့ဖြင့် သင့်အတွက် အလွန်တရာမှ အစွမ်းထက် အသုံးဝင်မည်ဖြစ်ကြောင်း စကားပလ္လင်ခံလိုက်ရပါတော့သည်။

www.heintintzaw.comတွင် ဖေါ်ပြခွင့်ရသည့်အတွက်
အကိုဆရာ့အားကျေးဇူးတင်ပါသည်။

နှင်းအိမ်ဝေ

ညလေးနှင့်မိုးညိုတွေ့ဆုံခြင်းအစ

ညကလေးတစ်ည ထိုညလေးက ရန်ကုန်မေလလယ် မိုးတွေက ရွာနေတာ ၀ုန်းဒိုင်းကျဲ၊ မိုးခြိမ်းသံတွေကညံ လျှပ်စီးတွေကလက် အိမ်တွင် တစ်ယောက်တည်း ဖြစ်နေသည့်ကျွန်မ အားငယ်ကြောက်ရွံ့လာသည်။ ကျွန်မနှင့် မခွဲအတူရှိသည့် ကျွန်မ၏အဖေါ် ဖုန်းကလေးနှင့် နံပါတ်တွေ တန်းစီနှိပ်လိုက်သည် တစ်ဖက်မှ ``ဟယ်လို´´အသံက မမ၏အသံမဟုတ်တာ သေချာသည်။ မြန်မာပြည်၏ ထုံးစံအတိုင်း ဖုန်းမှားဝင်သွားပြီ တစ်ဖက်လူ၏အသံက အလွန်နူးညံ့သိမ်မွေ့သည်။ သို့သော် မာန်အပြည့်ရှိနေသည့် အသံ ``မိုးတွေ အရမ်းရွာနေလို့ ညီမလေး မမကို ဖုန်းဆက်လိုက်တာ ဖုန်းမှားဝင်သွားတာ ဆောရီးပါနော်´´ လို့ပြောပြီး ဖုန်းချလိုက်ရသည်။

ဒါပေမယ့် ကျွန်မဖုန်း၏ ရင်ခုန်သံလေးက ပြန်မြည်လာသည် ``ဟယ်လို´´လို့ဆိုလိုက်တော့ ``ညလေးမိုးတွေရွာလို့ ကြောက်နေရင် ကိုနဲ့စကားပြောလေ´´ ကျွန်မရင်ထဲ နွေးထွေးသွားစေသော အသံလှိုင်းလေးပါ။ ``ဟုတ်ကဲ့´´ဟုဆိုကာ စကားတွေ တစ်နာကျော် ကြာအောင်ပြောဖြစ်ကြသည်။

``သြော် . . . မေ့လို့ အဲ့ဒီ့အသံရှင် နာမည်က ကိုမိုးညိုတဲ့´´ကျွန်မကိုတော့ သူက ``ညလေး´´ဟုခေါ်ပါသည်။ ဘာလို့လဲလို့မေးတော့ ကျွန်မက ``ညီမလေးလို့ ပြောတာကို သူက “ညလေး”ဟုသာ ကြားသည်တဲ့ ညလေးမှာ စတင်သိခဲ့ကြလို့ ``ညလေး´´လို့ခေါ်တာတဲ့လေ။

ညလေးနဲ့ မိုညိုတွေ့ခဲ့တာ ၃လကျော် ၄လလောက်ရှိခဲ့ပြီ အမှန်ကို ၀န်ခံရပါလျှင် ကျွန်မမိုးညိုအပေါ်ကို လုံးဝမရိုးသားတော့ပါ။ သူကတော့ ရိုးသားဆဲ။ ဒါပေမယ့်လည်း မိန်းကလေးကျွန်မက သူ့ကိုချစ်တယ်လို့ ဘယ်လိုမှ စပြော၍မရနိုင်ပေ (ယခင်မြန်မာ့ဓလေ့ထုံးစံ) အဲ့ဒီ့မှာ အစ်ကိုဆရာ့ကို အပူကပ်ရတာပေါ့ ``အစ်ကိုရေ ဘာလုပ်ရမလဲ ညီမလေးတော့ ကြိတ်ပိုးလေးဖြစ်နေပြီ ။

အစ်ကို့ညီမရယ် လွယ်လိုက်တဲ့ဖြစ်ခြင်း ``ပရုပ်လုံးမှာ ကိုယ့်ချစ်သူ နာမည်နဲ့ ကိုယ့်နာမည်ကိုရေး ပုလင်းတစ်လုံးထဲထည့်။ နံနက်စောစော အိမ်ရှေ့ကိုထွက် ပြီးရင်နေ၀င်တဲ့ အနောက်အရပ်ကို မျက်နှာလှည့်ပြီး တင်ပါးကိုလှုပ်ရင်း ပုလင်းကိုနင်းရမယ်´´ အဲ့လိုလေးသာ လုပ်လိုက် တစ်ပတ်တောင် မပြည့်စေရဘူး ကိုမိုးညိုက ညလေးကို ချစ်တယ်လို့ ဖွင့်ပြောလာစေရမယ် စိတ်ချ။

(ကောင်မလေးက ကောင်လေးကို ကြိတ်ပိုးတာပဲဖြစ်စေ ကောင်လေးက ကောင်မလေးကို ကြိတ်ပိုးတာပဲဖြစ်ဖြစ် ဘယ်သူမဆို လုပ်လို့ရတယ်) ကျွန်မကိုယ်တိုင်ကလည်း ယုံကြည်စွာ လုပ်ခဲ့ပါတယ်။ မှတ်မှတ်ရရ (၃)ရက်မြောက်သောနေ့ ကိုမိုးညိုက ကျွန်မကို အင်းယားမှာ သွားထိုင်ရအောင်ဟုဆိုကာ စတင်ကမ်းလှမ်း လာပါတော့တယ်။ ကျွန်မကလည်း နဂိုက မျှော်လင့်ထားမိသူဆိုတော့ မငြင်းဖြစ်ခဲ့ပါဘူး အင်းယား ကန်ဘောင်ပေါ် ထိုင်နေကြရင်း သူကျွန်မနားကပ်ကာ တိုးတိုးလေး ပြောလာပါတယ်။

``ညလေးကို အရမ်းချစ်တယ်´´ တဲ့ ဟီ ဟိ ။ ကျွန်မဘယ်လို ပြန်ဖြေမယ်လို့ ထင်ပါသလဲ ``စဉ်းစားပါရစေအုံး (သို့မဟုတ်) ညလေးလဲ ချစ်ပါတယ်´´ အဲ့ဒီ့လို တွေးမိတယ် ဆိုရင်တော့ စာဖတ်သူတို့ အတွေးလုံးဝမှား သွားပါလိမ့်မယ်။ တကယ်တော့ ၀မ်းသာလွန်း၍ ဘာစကားမှ ထွက်မလာ ကိုမိုးညိုရဲ့ ဘယ်ဘက် ပုခုံးလေးပေါ်သို့ ကျွန်မခေါင်းလေး မှီလိုက်ပြီး ငြိမ်ငြိမ်လေး ဆက်ထိုင်နေခဲ့ ခြင်းသာ ကျွန်မ ဟန်မဆောင်တတ် ရင်ထဲက အရမ်းချစ်နေတော့ ဆက်၍လည်း မူမနေချင် ထို့ကြောင့် ဤသို့သာ . . .

အဘပညာနှင့် အစ်ကိုဆရာဟိန်းတင့်ဇော်ကိုကျေးဇူးတင်လျှက်

နှင်းအိမ်ဝေ ဆက်လက်ရေးသားပါအုံးမည်

အပျိုလေး အပျိုကြီးတွေအတွက် ဘ၀လက်တွဲဖော်

ရန်ကုန်က ပညာသင် မောင်နှမတစ်ယောက်ဖြစ်သူ ဆရာမနှင်းအိမ်ဝေက မေးလ်ပို့ပေးလိုက်တာ။ အားလုံးအတွက် ကျွန်တော်က ပြန်လည် မျှဝေပေးလိုက်ပါတယ်။

မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်... ရင်ခုန်ရတာ တဖက် ၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ် ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်.

အဆင့်(၁)
ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့သင်္ချာ ဂဏန်းတွဲပြထားပါတယ်၊ ဗျည်းကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ - ၁
က ခ ဂ ဃ င -၂
စ ဆ ဇ စ် ည - ၃
ယ ရ လ ၀ - ၄
ပ ဖ ဗ ဘ မ - ၅
သ ဟ - ၆
ထ တ ဒ ဓ န - ၇

ဥပမာ ကို အောင် ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။

အောင်ကျော်ဌေး= အ +က+ ဌ
၁ + ၂+ ၇=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူ အသက်=၂၅
ချစ်ရေးဆိုခံရသူ၏ မွေးနေ့ သင်္ချာနံ =ကြာသပတေး= ၅
အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ်ဂဏန်းနဲ့ စားပါ

အကြွင်းကိုကြည့်...။
အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။

အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့ အထိတော့ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လဲ အပေါ်ယံပြောတာ။ တကယ် လက်ထပ်နိုင်တဲ့ အခြေအနေ လတ်တလောသူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာ မိဘအသိုင်းအ၀ိုင်း ကြားထဲက ချစ်နေရတာ။ ချစ်သူဘ၀နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့တော့ ကောင်းပါတယ်။ ဒါပေမယ့်အိမ်ထောင်ဖက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကိုသတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကို့ ကိုချစ်နေတာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘ၀သူ့အချစ် သူ့မေတ္တာအားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေ အနေများရှိရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူကတကယ် လက်ထပ်မှာလို့ပဲပြောတာ။ ကိုက မစဉ်းစားသေးဘူး ဆိုလည်းသူက နောက်ဆုတ်သွားမှာပါ..။ အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲ လို့မေးလိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကို့ကိုသဘောကျ တွဲချင်တာပဲရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့ အနေအထားတော့ မဟုတ်ဘူးနော်။ လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလား တောင်မသိ။ ကိုယ်ကလက်ခံမိရင် ကို့အပြင် သူနောက်ထပ် တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေတာတို့ လုပ်အုံးမှာ။ အသည်းကွဲ ကာကွယ်ဆေး ထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေး မပေါ်သေးဘူးနော်..။ မိတ်ဆွေလောက်နဲ့ပဲ ထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကို့ကို မြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ ကို့အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကား ပြောဖို့တောင် တော်တော်အရှိန်ယူရပုံပဲ။ ကို့အပေါ် သူတတ်အား သလောက် တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။ သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင် အသိုင်းအ၀န်း။ သူ့အနေအထားတွေကို မိန်းကလေးပီပီ ထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့ အမှတ်ပြည့် တကယ်ပေးထားတယ်။ ကို့သဘော ကို့အလို တကယ်လိုက်ပြီး ကို့မျက်နှာ အညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ. လက်ခံလို့ရတယ်။ သူဘက်က လက်ထပ်ဖို့ သေချာပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့..။

အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတလေ ကို့ကိုချစ်လိုက်။ တစ်ခါတလေ ကို့ကို မေ့ထားလိုက်လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။ တခါလောက်ပြောပြီး ကိုက မူပြီး အချိန်ဆွဲထားရင် ကြားထဲမှာထပ်အဖြေ တောင်းတော့မှာ မဟုတ်ဘူး။ သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား..။ ဆိုတာကို လေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။ တွေးကြည့်ပေါ့။ ငြင်းစရာ မှိလောက်အောင် ပြည့်စုံလို့ လက်ခံမယ် ကိုကချစ်သာနေပြီး မဆွတ်ခင်ကညွတ် ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူ ဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန် တည်ငြိမ်ပါတယ်။ ကိုယ့်မှတပါး နောက်တယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ။ အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေ ကြားထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ်။ တကယ်လက်ထပ် သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ ရေရှည်တည်မြဲပါတယ်။ ကို့မိဘ ကို့အသိုင်းအ၀ိုင်း သူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ကိုယ့်နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ် ထုတ်ထဲကို့ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကားနဲ့ပြောတာ မှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။ သူ ချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်း တစ်မျိုးနှင့် မလည်မ၀ယ် မိန်းကလေးများဆိုရင်တော့. .တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များ သွားမတွဲနဲ့ ယူလို့လဲ မကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက် ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။ ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ ချစ်သူရှိပြီးသား လူတွေနဲ့ ပတ်သတ်ပြီး တွက်ကြည့် ချင်ရင်တစ်ဖက်လူကို့ ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်း ဘယ် အသက်မှာ ဘယ်နာမည်မျိုးနဲက လူကအချစ်စစ် ကမ်းလှမ်း လာမယ်ဆိုတာ ဥာဏ်ကစားပြီး တွက်ကြည့်ပေါ့နော့်..။

အဘမင်းသိင်္ခ၏တပည့်
ဆရာမ နှင်းအိမ်ဝေ(ရန်ကုန်) အီးမေးလ်ပို့၍ မျှဝေပါသည်။

ငါးပုတ်ခြောက်ဆီဆမ်းနှင့် ပဲနီလေးဟင်းချို

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာနှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ကိုပီတာဝတ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်းရေးသားပေးသော လွန်စွာခင်မင်ဖွယ်ကောင်းသော လွန်စွာသဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင် အား ကျေးဇူးအထူးပင် တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော် မင်္ဂလာခြံအတွင်းသို့ လူတစ်ယောက် ရောက်ရှိလာလေ၏။ ထိုသူသည်ကျွန်ုပ်နှင့် သက်တူရွယ်တူခန့်ရှိ၏။ ဗြုန်းကနဲ့ တွေ့လျှင်တွေ့ချင်း ကျွန်ုပ်သည် ထိုသူအား ကောင်းစွာမမှတ်မိပေ။ သို့ရာတွင်ထိုသူက ကျွန်ုပ်အား “ဂွတ်ဒ်မောနင်း . ဂွတ်ဒ်နိုက် မောင်အောင်ထွန်း”ဟု ကိုးရိုးကားယားနိုင်လှသော နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်လိုက်သောကြောင့် “ အလို . . ဘယ်သူများလဲ မှတ်တယ်။ ကိုပီတာကြီးကိုး ဟု ကျွန်ုပ်က ရေရွတ်လိုက်မိလေ၏။ ထိုအခါ ကိုပီတာကြီးသည် ကျွန်ုပ်အား “ဟုတ်ပါ့ ကိုအောင်ထွန်းရေ အခုလိုမှတ်မိတာ ကိုယ့်လူ အတော့်ကိုတော်ပြီး အတော့်ကိုညံ့တာပဲ”ဟု ကိုးရိုးကားယားပြောပြန်လေ၏။

ကျွန်ုပ်သည် ရယ်ရပြန်၏။ “ကိုပီတာ ခင်ဗျားကတော့ အရင်အတိုင်းပဲ” ဟု ကျွန်ုပ်ကပြောပြန်ရာ ၎င်းက. . “ အားလုံးပြောင်းလဲကုန်ပြီ၊ မပြောင်းလဲတာကတော့ ပီတာတစ်ယောက်ပဲရှိတယ်၊ အရင်အတိုင်းပါပဲ၊ ဟဲ ဟဲ ကိုယ့်လူကို နှိမ်တာမဟုတ်ဘူးနော်၊ မှတ်မိတာလေးပြောပြတာ၊ ကိုယ့်လူကဟိုတုန်းက လွယ်အိတ်လေး တစ်လုံးလွယ်ပြီး ဆေးပေါ့လိပ်လေးပါစပ်မှာခဲလို့ အလုပ်လည်းမရှိဘူး၊ ဝင်ငွေလည်းမရှိဘူး၊ ဟိုအိမ် ကပ်စားလိုက်၊ ဒီအိမ်ကပ်စားလိုက်နဲ့၊ အခုဆေးပေါ့လိပ်လေး မခဲတော့ဘူး၊ ငါးသုံးလုံးလေးခဲထားပြီ၊ ကပ်စားတဲ့အလုပ်လည်း မလုပ်တော့ဘူး၊ ကိုယ့်လူကတောင် ပြန်ကျွေးနေပြီ၊ အဲဒါကြောင့် ပီတာကြီး လာခဲ့တာ၊ နံပါတ်တစ်ထမင်းစားမယ်၊ နံပါတ်နှစ်အဝတ်အစား အသုံးအဆောင်တောင်းမယ်၊ နံပါတ်သုံး ပိုက်ဆံတောင်းမယ်၊ နံပါတ်လေးပြန်မယ် ”ဟု ပြောလေ၏။

အမှန်စင်စင် ကိုပီတာကြီးသည် ကျွန်ုပ်နှင့်တစ်ရပ်ကွက်တည်း နေထိုင်ခဲ့ကြသူများဖြစ်၏။ စိတ်လည်းကောင်း ကောင်းမနှံ့ရှာပေ။ မိုးရွာနေပူမရှောင် သွားချင်ရာသွား၍ ပြောချင်ရာပြောနေတတ်သူဖြစ်၏။ အချို့သူများက ခပ်ရိုင်းရိုင်းပင် “အရူးပီတာ”ဟုခေါ်ကြကုန်၏။ သို့ရာတွင်ကျွန်ုပ်ကမူ ထိုသို့မခေါ်ခဲ့ပေ။ ကျွန်ုပ်ကိုတွေ့လျှင်လည်း မည်သည့်အချိန်တွေ့တွေ့ ဝမ်းသာအားရ “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်”ဟူ၍ နှုတ်ဆက်တတ်၏။ “ ကဲပါ ကိုပီတာရယ်. . . ဘာဟင်းနဲ့များစားမလဲဗျာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းက “ ပဲနီလေးဟင်းချို တစ်ခွက်တော့ပါရမယ်၊ ငါးပုတ်ခြောက် ဆီဆမ်းတာပါရမယ်၊ သရက်သီးသနပ်ပါရမယ်၊ ဒီလောက်ပါပဲ”ဟု ပြောလိုက်လျှင် ကျွန်ုပ်က... “ ငါးပုတ်ခြောက်ကလည်း ကြိုက်တုံးပဲလား”ဟု ပြောလိုက်ရာ ကိုပီတာကြီးက “အားလုံးပြောင်းကုန်ပြီ၊ ပီတာကြီးကဒီအတိုင်းပါပဲ၊ ငါးပုတ်ခြောက်မစားရရင် ထမင်းစားရတယ်တောင် မထင်ဘူး”ဟုဆိုသဖြင့် ကျွန်ုပ်လည်း၎င်းအား ၎င်းစားချင်သည်ဆိုသော ပဲနီလေးဟင်းချို၊ ငါးပုတ်ခြောက်၊ သရက်သီးသနပ်တို့ဖြင့် ကောင်းစွာတည်ခင်းကျွေးမွေးခဲ့လေ၏။

ကိုပီတာကြီးအား ထမင်းကျွေးထားစဉ်၌ပင် ကျွန်ုပ်သည်ကျွန်ုပ်ထံတွင် ဗေဒင်သင်ကြားနေသော တပည့်များအား ဗေဒင်သင်ပေးနေ၏။ ထို့သို့သင်ပေးပြီးသောအခါ၌ ကိုပီတာထံသို့လာကာ ကိုပီတာအား လက်ဖက်ရည်အချို၊ ကိတ်မုန့်ခြောက်တို့ဖြင့် ဧည့်ခံကျွေးမွေးပြန်၏။ ကိုပီတာသည် လက်ဖက်ရည်သောက်ရင်း “ကိုယ့်လူက အသင်အပြ အတော်ကောင်းတာပဲ၊ ဗေဒင်ကျောင်းဆရာ လုပ်ဖို့ကောင်းတယ်”ဟု ပြောပြန်လေ၏။ “ မလုပ်ပါနဲ့ ကိုပီတာရယ်၊ ကျုပ်လည်း၆၀ကို တော်တော်ကျော်လာပါပြီ၊ အခုမှတော့ အလုပ်မပြောင်းပါရစေနဲ့တော့ ” ဟု ကျွန်ုပ်ကပြောလိုက်၏။

ကျွန်ုပ်သည် ကိုပီတာနှင့် စကားပြောနေစဉ် ထိပ်ကွာနေသောသားရေဖိနပ်ကို အပ်ဖြင့်ချုပ်နေလေ၏။ ချုပ် ပြီးသောအခါ၌ ခြေတွင်စွပ်၍စီးကြည့်နေ၏။ ထိုအခါ ကိုပီတာကြီးက “ ကိုယ့်လူ ဖိနပ်ဟောင်းချုပ်စားရင် ပိုပြီးအဆင်ပြေမယ်ထင်တယ်”ဟု ပြောပြန်လေ၏။ “ မလုပ်ပါနဲ့ကိုပီတာရယ်၊ အသက်လည်းကြီးပါပြီ အုလပ်မပြောင်းပါရစေနဲ့”ဟု ကျွန်ုပ်ကပြောရလေ၏။ ထိုအချိန်၌မှာပင် ခြံနေသန္ဓေတပည့် လေးနှစ်ဦး ရန်ဖြစ်သည်ဆိုကာ မောင်ကျော်ပြောင်က ကျွန်ုပ်ထံလာ၍ပို့၏။ ထို့ကြောင့်ကျွန်ုပ်လည်း ဝါးခြမ်းပြားဖြင့် ၈ ချက်စီ ရိုက်နှက်ရလေ၏။

ထိုအချိန်၌မှာပင် မီးစက်ကိုအရမ်းမြှင့်လိုက်၍ မီးချောင်းများကျွမ်းသွားသည်ဟုဆိုကာ မီးစက်ကိုင်သော တပည့်လေးကို ခေါ်လာပြန်၏။ ကျွန်ုပ်လည်း အကြိမ်ကြိမ်ပေါ့လျော့တတ်သော ထိုတပည့်အား ကုန်းခိုင်းပြီးလျှင် ၃-ချက်ခန့် ထုထောင်းလိုက်လေ၏။ ထို့နောက် မီးဖိုမှဆီထည့်ထားသော စဥ့်အိုးကို တိုက်၍ခွဲပစ်လိုက်သည်ဆိုသော တပည့်တစ်ဦးအား ခြံကိုပတ်၍ပြေးခိုင်းရပြန်၏။ ကိုပီတာကြီးသည် ကျွန်ုပ်လုပ်သမျှကို ကြည့်၍သဘောကျနေ၏။ ထို့နောက် ကျွန်ုပ်အား “ကိုအောင်ထွန်း ခင်ဗျားလုပ်တာတွေက ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်ပဲ” ဟု ကိုးရိုးကားယားပြောပြန်လေ၏။ ကျွန်ုပ်လည်း စိတ်ဆိုးပြေ၍ ရယ်ရပြန်လေ၏။

ကိုပီတာကြီးသည် ဤသို့လျှင် စကားပြောသောအခါ၌ အမြဲလိုလို နှစ်ခွပြောတတ်လေ၏။ တွေ့လျှင်တွေ့ချင်း ”ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်”ဟူ၍လည်းကောင်း၊ ချီးမွမ်းသည့်အခါများ၌ “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟူ၍လည်းကောင်း၊ စိတ်ဆိုးလျှင်လည်း “မင်းကို ငါ စိတ်ဆိုးတယ်၊ ကျေးဇူးတင်တယ်” ဟူ၍လည်းကောင်း၊ ပျော်သောအခါ၌လည်း “ပျော်စရာကောင်းလိုက်တာ၊ ငိုချင်တယ်”ဟူ၍လည်းကောင်း၊ ဈေးဝယ်သောအခါ၌လည်း ဈေးသည်အား “ဈေးသိပ်ကြီးတယ်၊မလျှော့ပါနဲ့“ စသည့်ဖြင့် ဆန့်ကျင် ဘက်စကားနှစ်လုံးကို တွဲစပ်၍ ပြောတတ်လေ၏။ “ ကိုပီတာရေ . . ဒီခြံမှာက ဘယ်လောက်ပဲကျုပ်က ကြိုးစားကြိုးစား ပြည့်စုံတယ်မရှိဘူးဗျို့။ သူများပေးစားကမ်းစာလေးတွေလည်း မစားရပါဘူးဗျာ၊ ခြံထဲပဲ ထည့်နေရတာပဲ မီးကိစ္စပြည့်စုံသွားရင်ရေကိစ္စ ဒုက္ခရောက်ပြန်ရော၊ ရေကိစ္စအဆင်ပြေသွားရင် မီးဖိုက ဒုက္ခပေးပြန်ရော၊ မီးဖိုကိစ္စအဆင်ပြေအောင် လုပ်လိုက်ရင် ဂမုန်းခြံက ပြဿနာဖြစ်ပြန်ရော ။ တစ်ခုမဟုတ် တစ်ခု ဒုက္ခအမြဲတမ်းတွေနေတယ်” ဟု ကျွန်ုပ်က လေးလေးနက်နက်ပြောလိုက်ရာ ၎င်းက...

ဝမ်းနည်းစရာ အတော်ကောင်းတာပဲ၊ ရယ်တောင်ရယ်ချင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါကိုဒုက္ခရောက်တယ်လို့ မယူဆပါနဲ့၊ ကိုရင့်ခြံကြီးက ကိုရင့်ကိုချဲလင့်လုပ်နေတာ၊ ချဲလင့်လုပ်နေတယ်ဆိုတာ စိန်ခေါ်နေတာ၊ ကိုရင့်ကို ယှဉ်ပြိုင်နေတာ၊ ဒါကြောင့် အသက်မရှိတဲ့ ကိုရင်ခြံကြီးဟာ အသက်ဝင်နေတာ၊ ဒုက္ခမဟုတ်ဘူး၊ ချဲလင့် ” ဟု ပြောလေ၏။ “မဟုတ်တာပဲကိုပီတာရယ်၊ ခင်ဗျားပြောတာတွေ ဘာတွေလဲ၊ ကျုပ်ဖြင့် နားမလည်ပေါင်ဗျာ၊ ခင်ဗျားနဲ့ ကြာကြာဆက်ပြီး နေရရင်တော့ ကိုပီတာရေ. . . ကျပ်ပါ ရူးလိမ့်မယ်ထင်တယ်” ဟု ကျွန်ုပ်က ရယ်ရယ်မောမောနှင့် ပြောလိုက်လေ၏။

ထိုအခါ ကိုပီတာကြီးက “ကိုယ်ပြောတဲ့စကားကို ကိုယ့်လူနားလည်အောင် ပုံလေးတစ်ပုံပြောပြမယ်၊ တစ်ခါတုန်းက တရုတ်ပြည်မှာ ဂျုံစိုက်တဲ့လယ်သမား တစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်။ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ်။ “ခင်ဗျားတို့ တန်ခိုးရှင်ဟာ တန်ခိုးတော့ရှိချင်ရှိမယ်၊ ဂျုံတော့ မစိုက်တတ်ဘူးထင်တယ်၊ တကယ်လို့များ ခင်ဗျားရဲ့တန်ခိုးနဲ့ ကျုပ်ရဲ့ ဂျုံစိုက်တဲ့အလုပ်ကို ကူညီမယ်ဆိုရင် အများကြီးအကျိုးရှိမယ်” လို့ပြောလိုက်တယ်၊

အဲဒီအခါမှာ တန်ခိုးရှက်က “ ကူညီပါ့မယ်၊ ဘာတွေကူညီရမလဲ” လို့ပြောတယ်။ အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို သူ့ဘေး ဂျုံကွင်းဘေးက တဲ့ကလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်၊ မိုးလေးနည်းနည်းရွာတာနဲ့ “ကဲ....တန်ခိုးရှင်၊ မိုးရွာရင် ဂျုံခင်းတွေပျက်ကုန်မယ်၊ မရွာအောင်လုပ်လိုက်” လို့ ခိုင်းတယ်၊ တန်ခိုးရှင်ကလည်း လုပ်ပေးတယ်၊ လေတွေတိုက်လာရင်လည်း၊ “ဂျုံပင်တွေ တအားလှုပ်ယမ်းကုန်မယ်၊ လေမတိုက်အောင် လုပ်ပေးပါလို့ ပြောပြန်တယ်၊

တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကိုတားပစ်လိုက်တယ်။ မိုးကြိုးတွေပစ်ရင်လည်း “ အဲဒီအသံဟာ အသီးတွေ ဆုတ်ယုတ်စေတယ်” ဆိုပြီးတားခိုင်းတယ်၊ နေသိပ်ပူလာရင်လည်း “ဂျုံပင်တွေ ညှိုးကုန်မယ်” ဆိုပြီး မိုးအုံ့ခိုင်းတယ်၊ ရေလိုတဲ့အခါမှာတော့ ရေရအောင်လုပ်ခိုင်းတယ်၊ ဂျုံခင်းထဲကို စာကလေးတွေ လာတဲ့အခါမှာလည် မလာအောင်လုပ်ခိုင်းတယ်၊ တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်၊ အဲဒီတော့ ဂျုံပင်တွေဟာအတော့်ကို ဖြစ်ထွန်းတယ်၊ အပင်ကြီးတွေလည်း အမြင့်ကြီးတက်တယ်၊ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို “ကဲ . . မြင်ပြီမို့လား၊ ကျုပ်ရဲ့ဂျုံခင်းကြီးကို ခင်ဗျားရဲ့တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက်တွေကင်းအောင် လုပ်လိုက်တဲ့အခါမှာ အပင်ကြီးတွေကြည့်စမ်း၊ ဘယ်လောက်ဖွံဖြိုးသလဲ” လို့ အားရဝမ်းသာပြောရှာတယ်၊

ဒါပေမယ့် တကယ်ရိတ်သိမ်းတဲ့အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး၊ ဟောင်းလောင်းကြီးဖြစ်နေတယ်၊ ဂျုံဆိုလို့ လုံးဝကို မရတော့ဘူး၊ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ကို “ ဘယ်လိုဖြစ်တာလဲ” လိုမေးတယ်၊ အဲဒီတော့ တန်ခိုးရှင်က “ဒီလို ငါ့လူရဲ့၊ မိုးတွေအားရွာတာတို့၊ လေတွေတိုက်တာတို့၊ နေတွေပူတာတို့၊ မိုးကြိုးတွေပစ်တာတို့၊ မိုးချိမ်းတာတို့၊ စာကလေးတွေ လာစားတာတို့ဟာ ဗြုန်းကနဲ့ကြည့်လိုက်ရင် ဂျုံခင်းကို အနှောင့်အယှက်ပေးတယ်လို့ ထင်ရမှာပါပဲ၊ ဒါပေမဲ့တကယ်က နှောင့်ယှက်တာမဟုတ်ဘူး။ ချဲလင့် (Challenge)လုပ်တာ စိန်ခေါ်တာ၊

အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေဟာ မြေကြီးထဲက သြဇာဓာတ်တွေကို ဂျုံစေ့ထဲရောက်အောင် လုပ်ပေးနေတာ၊ ဂျုံပင်တွေဟာ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ၊ အဲဒီ ချဲလင့် (Challenge) ကို အံတုရတာကိုက ဂျုံပင်ရဲ့အလုပ်လေ၊ အဲဒီအံတုမှုတွေမရှိဘဲ ငြိမ်ငြိမ်ကလေးနဲ့ နေလိုက်တဲ့အခါမှာ သူဟာလေဖြတ်တဲ့လူတစ်ယောက်လို ဖြစ်သွားတာ၊ အားကုန်သွားတာ၊ ခွန်အားတွေ ယုတ်လျော့သွားတာ၊ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေမပါတော့တာ၊

လောကကြီးမှာ အဖြူနဲ့အမည်းရယ်လို့ ရှိတယ်ဆိုပါစို့၊ အဖြူဟာကောင်းတယ်၊ အမည်းဟာမကောင်းဘူးလို့ ဆိုကြပါစို့ရဲ့၊ မြေဖြူခဲနဲ့စာရေးရမယ့်ကိစ္စမျိုးမှာ သင်ပုန်းအမည်းမှ ဖြစ်မယ်နော်၊ နံရံအဖြူမှာ မြေဖြူခဲနဲ့ ရေးလို့မရဘူး၊ စာလည်း ထင်မှာမဟုတ်ဘူး၊ မြေဖြူခဲ အဖြူတောင့်ကို သင်ပုန်းအမည်းက ချဲလင့်လုပ်နေတာ၊ ဒါကြောင့် စာတွေထင်တာ၊ သူ့လိုပဲ လိုက်ပြီးဖြူလိုက်တဲ့ နံရံအဖြူဟာ ချဲလင့်မရှိဘူးလေ၊ ဒါကြောင့် ဘာမှမထင်ဘူး” လို့ ပြောပြီးတန်ခိုးရှင်က လယ်သမားကိုနှုတ်ဆက်ပြီး ထွက်သွားတယ်။ မောင်အောင်ထွန်းရေ. . . ၊

အခုလည်း ကိုယ့်လူရဲ့ခြံကြီးမှာ မပြည့်စုံဘူးဆိုတာတာ ကိုယ့်လူကို ချဲလင့်လုပ်နေတာ၊ ဆန့်ကျင်ဘက် သဘောနဲ့ အကျိုးပြုနေတာ၊ ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်တယ် ကိုယ့်လူ၊ ဆန်ကျင့်ဘက်တွေ့တိုင်း “ငါ့ကို ကူညီဖို့ရောက်လာပြီ”ဆိုပြီး အရိုအသေပေးတတ်အောင် လေ့ကျင့်ထားစမ်းပါ။

အဲဒီလိုမလုပ်တတ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင် ကိုယ့်လူ ရူးသွားလိမ့်မယ်” ဟု ပြောလိုက်လျှင် ကျွန်ုပ်က ၎င်းပြောနေကျအတိုင်း “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးသည် ကျွန်ုပ်၏ကျောကုန်းကို ဘုန်းကနဲ့ထုလိုက်ပြီးလျှင် ကျွန်ုပ်ထံ၌ ပိုက်ဆံနှင့် ပုဆိုးတောင်းကာ“ ကျုပ်ပြန်မယ်၊ ကျုပ်သွားမယ်၊ ပြီးတော့လာမယ်” ဟု ဆိုကာ နှုတ်ဆက်၍ ပြန်သွားလေတော့သတည်း။

Sunday, June 12, 2011

Friday, June 10, 2011

Thursday, June 9, 2011

Monday, June 6, 2011

Saturday, June 4, 2011

Friday, June 3, 2011

Wednesday, June 1, 2011

Tuesday, May 31, 2011

Monday, May 30, 2011

Saturday, May 28, 2011

Friday, May 27, 2011

Thursday, May 26, 2011

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels