Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

လောင်ကစားလုပ်ရင်း ဘ၀ပျက်သွားလို့ ယတြာပေးပါ။

သို့.....

ဆရာဟိန်းတင့်ဇော်..

ကျွန်တော် ရိုသေလေးစားစွာ စာရေးလိုက်ပါတယ်။ ကျွန်တော်က လောင်းကစားသမားတစ်ဦးပါ။ နှလုံးရော သုံးလုံးရော ဘောလုံးပွဲရော အကုန်လုပ်ပါတယ်။ မနှစ်က တော်တော်လေး ရလိုက်ပါတယ်။ ဒီနှစ်မှာ တော်တော်လေး ဆုံးရှုံးသွားပါတယ်။ ကံကြမ္မာတစ်ဖက်စောင်းပြီး ဘ၀ပါ ပြောင်းသွားပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီလုပ်ငန်းကို ရပ်ပစ်လိုက်လို့ မရဘူးဆရာ။ ဒါကြောင့် မဖြစ်မနေ ဆက်လုပ်နေရဦးမယ်။ အဲဒီတော့ ဆရာရယ် ကျွန်တော် ဒီလုပ်ငန်းကို ဆက်လုပ်ရင် အောင်မြင်မလား မအောင်မြင်ဘူးလား တွက်ကြည့်ပေးဖို့ ရယ် တောင်းသင့်မတောင်းသင့်တော့ မသိဘူး။ ကျွန်တော် ဆုံးရှုံးထားတဲ့ ငွေတွေ ပြန်ဝင်လာစေမယ့် ယတြာ ရယ် ညွန်ပြပေးဖို့ တောင်းပန်ပါတယ်။ အမှားပါရင် ခွင့်လွှတ်ပေးပါ။ နားလည်ပေးပါဆရာ။ အဆင်ပြေနေတဲ့ အချိန်မှာ ဗေဒင်မေးဖို့ လုံးဝ စိတ်ကူးမရှိခဲ့ပါဘူး။ အခု ဘာဆက်လုပ်ရမယ်မှန်း မသိလို့ ကောက်ရိုးတစ်မျှင် အနေနဲ့ ဆရာ့ကို ဖမ်းဆုပ်လိုက်တာပါ။ ကျွန်တော်က သောကြာသား အသက် ၃၆-နှစ်ပါဆရာ။

လေးစားခင်မင်အားကိုးစွာဖြင့်
ဟန်ထွန်း-ရန်ကုန်တိုင်းဒေသကြီး

ကျွန်တော် သူ့ရဲ့ သက်ရောက် ကံကြမ္မာကို တွက်စစ်ကြည့်လိုက်တော့ အင်္ဂါသက်ရောက်၊ တနင်္လာနံတွေ အရမ်း နိမ့်နေတယ်။ သောကြာသားက ပြမိနေတယ်။ ပြောရမှာ စိတ်မကောင်းပေမယ့် လောင်းကစား ဖြတ်လမ်းစီးပွားရေး မကောင်းကြောင်း စာပြန်ပေးလိုက်တယ်။ အင်္ဂါသက်ရောက် ရဲ့ အခြေအနေလေးကို အောက်ပါအတိုင်း စာပြန်ပေးလိုက်ပါတယ်။ သူပြောသလို မဖြစ်မနေ ဆက်လုပ်နေရမယ်ဆိုတော့ ဆုံးရှုံးထား သော ငွေများပြန်ရစေမယ့် အောက်ဖ်ာပြပါ ယတြာကိုလည်း ယုံယုံကြည်ကြည် အမြဲတမ်းလုပ်ဖို့ တိုက်တွန်း ပေးလိုက်တယ်။ လောင်းကစားသမားတစ်ဦးကို ယတြာပေးသင့်လား မပေးသင့်ဘူးလားဆိုတာတော့ ကျွန်တော် ကောင်းကောင်း မသိပါဘူး။ သူတောင်းတဲ့အတွက် ဒီယတြာကို ပေးလိုက်ပါတယ်။ ဘယ်လိုပဲဖြစ် ဖြစ် လောဘကို ထိမ်းသိမ်းရင်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ကိုဟန်ထွန်းရေ.......

ကိုဟန်ထွန်းရဲ့ အင်္ဂါသက်ရောက်ကံကြမ္မာ

  • * လုပ်သမျှ အပျက်အစီးများမည်
  • * စီးပွား ပျက်တော့မလိုလိုနှင့် တက်တက်ပြောင်သွားတတ်သည်။
  • * သင့်ထက် မြင့်သူ နိမ့်သူ နှစ်ဦးစလုံးက ဒုက္ခပေးမည်။
  • * လက်ရှိ အလုပ်နေရာက ပြောင်းရွေ့ လိုစိတ်ပေါ်မည်။ပြောင်းက ပိုဆိုးသွားမည်။
  • * အစာ အဆိပ် ဖြစ်တတ်သည်။
  • * အမှု့ မဖြစ်အောင်နေပါ။ ဖြစ်က ကြာမည်။ ငွေဖြင့်လိုက်က ရှုံးမည်။
  • * မည်သည့် ပစ္စည်းမှ မငှားပါနှင့် ။ဆုံးတတ်သည်။
  • * လူမျိုးခြား၊ ဘာသာခြား မစမည်။
  • * အဖော်ခရီး ထွက်ရတတ်သည်။
  • * သွားနာဖြင်း၊ သွားကိုက်ခြင်း ဖြစ်တတ်သည်။
  • * အိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်သည်။
  • * ပညာရေးနှင့် ပါတ်သက်သောကိစ္စများ အောင်မြင်မည်။
  • * မမျှော်လင့်ပဲ မိတ်ကောင်း ဆွေကောင်းတွေ့ရတတ်သည်။
  • * မြေ၀င်တတ်သည်။
  • * ရွှေဝင်ခြင်း၊ ရှင်သီဝလိဝင်ခြင်း၊ ဘုရားစသည် ၀င်ခြင်း ဖြစ်မည်။
  • * ရေတွင်း ၊ ရေကန် တူးရခြင်း ဖြစ်မည်။
  • * မိမိ အောက်လက်ငယ်သားများ ထွက်ပြေးသွားတတ်သည်။
  • * အင်္ဂါ ချို့ယွင်းသူ ၊ စကားထစ်သူ အိမ်သို့ ရောက်လာတတ်သည်။
  • * ငွေ ပျောက်ခြင်း ၊ အကြွေးတင်ခြင်း။ ခြေထောက်နာခြင်း ဖြစ်တတ်သည်။
  • * အလှူ မင်္ဂလာရက်ရွှေ့ရတတ်သည်။
  • * အကျော မကောင်းခြင်း ဖြစ်တတ်သည်။
  • * အထက် လူကြီးကြောင့် စိတ်ညစ်ရခြင်းများ ဖြစ်တတ်သည်။
  • * အိမ်ထောင်ရေး ကံဇာတာညံတတ်သည်။
ဒါကတော့ ဆုံးရှုံးနေသော ပစ္စည်းဥစ္စာများ ပြန်ဝင်စေသောယတြာ

သင်သည် အလုပ်ကို ကြိုးစား၍ လုပ်ကိုင်၏။ သို့ရာတွင် သင်၏ အလုပ်သည် အောင်မြင်မှု့မရှိပဲ ဆုံးရှုံးမှု့ များနှင့် ကြုံတွေ့နေရ၏။ သင်၏ စီးပွားရေး လုပ်ငန်းသည် ဦးမော့မလာပဲ နစ်မြုတ်နေ၏။ အလွယ်ပြောရပါမူ သင်သည် လှော်ရင်းနစ်နေ၏။ ထိုအခါ မျိုးတွင် သင်၏အသက်ကို (၄)နှင့်မြှောက်ပါ။ ရသော အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှ မုန့်လုံးရေပေါ် (၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်ဘုရားတွင် လှူပါ။

သင်၏အသက်ကို (၇) ဖြင့်စားပါ...

(၁)-ကြွင်းလျှင်.............တနင်္ဂနွေနေ့တွင်ပြုလုပ်ပါ။
(၂)-ကြွင်းလျှင်............တနင်္လာနေ့တွင် ပြုလုပ်ပါ။
(၃)-ကြွင်းလျှင်............အင်္ဂါနေ့တွင်ပြုလုပ်ပါ။
(၄)-ကြွင်းလျှင်............ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
(၅)-ကြွင်းလျှင်............ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
(၆)-ကြွင်းလျှင်............သောကြာနေ့တွင် ပြုလုပ်ပါ။
အကြွင်းမရှိပဲ ပြတ်သွားလျှင် စနေနေ့တွင် ပြုလုပ်ပါ။

(၁၀)-လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန့်လုံးများကို အိမ်နီးနားချင်းများအား ဝေလိုက်ပါ။ ဤယတြာသည် ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။ ထိုယတြာ လုပ်ပြီးသည်နှင့် နစ်မြုတ်နေသော သင်၏ စီးပွားရေးလုပ်ငန်းသည် ဦးမော့လာပေလိမ့်မည်။ အလွန် ထူးခြားသော ယတြာဖြစ်သည်။ စီးပွားရေး လှော်ရင်း နစ်နေသူများ ပြုလုပ်သင့်ပါသည်။

ရက်ကိုးဆယ်အတွင်း လာဘ်ရွှင်စေသောနည်း

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ဥုမ်သဟာ ဗေဒင်ဟောခန်း အတွင်းသို့ အသက်အားဖြင့် (၂၈)နှစ်ခန့်ရှိ သော စောနန်းနွယ်ဟု အမည်ရှိသော အမျိုးသမီးတစ်ဦး ရောက်ရှိလာလေ၏။ သူမသည် ဘွဲ့ရပညာတတ် အမျိုးသမီးတစ်ဦးဖြစ်လေ၏။ ဘ၀အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းအလုပ်သ မား တစ်ဦးအဖြစ်နှင့် ရောက်ရှိနေပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူမသည် မုချအောင်မြင်ရမည်ဟု ရည်ရွယ်ချက်ရည်မှန်းချက် ကြီးကြီးမားမား ထားရှိသူလည်း ဖြစ်လေသည်။ သူမသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ရောက်ရှိလာပြီးလျှင် သူမ၏အခက်အခဲအား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလိုပါဆရာရယ်။ ကျွန်မက အခြအနေအရ ထိုင်းနိုင်ငံကို ရောက်ရှိနေပေမယ့် ဒီလိုဘ၀ကိုတော့ တင်းတိမ် ရောင့်ရဲမနေနိုင်ပါဘူး။ အမြဲတမ်းကိုယ့်ဘ၀ကို တိုးတက်အောင်မြင်စေမယ့် နည်းလမ်းတွေကို အမြဲတမ်း ကြိုးစားရှာဖွေနေပါတယ်။ ဒါပေမယ့် လူ့ဘ၀ကြီးကမရေရာဘူး မဟုတ်လား။ နောက်ပြီး ကြိုးစားနေတဲ့ လူတွေအတွက် အချိန်က အမြဲတမ်းနည်းနေတာပဲ မဟုတ်ဘူးလားဆရာ။ အဲဒီတော့ မရေရာတဲ့ လောကကြီးမှာ သေချာတာတစ်ခုလောက်တော့ ရှိချင်တယ်။

နောက်ပြီး ဘ၀မှာစမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းနေရတဲ့ နေ့ရက်တွေကလည်း အတော်များခဲ့တာ။ ကျွန်မအသက် ၂၈နှစ် အတွင်းမှာ နေရာမျိုးစုံ၊အလုပ်မျိုးစုံကို စမ်းတ၀ါးဝါးနဲ့ လုပ်နေခဲ့ရတယ်။ ကျွန်မက အဲဒါကို မကြိုက်ဘူး။ အဲဒီတော့ ဒီအသက်အပိုင်းအခြားရဲ့ နောက်ပိုင်းမှာ အလုပ်တွေကိုလည်း သွေးတိုးစမ်းသလို ဟိုပြောင်းဒီပြောင်း မလုပ်ချင်တော့ဘူး။ တစ်ခုခုကိုဆုံးဖြတ်ချက်ချပြီး ရေရှည်လုပ်ငန်းအဖြစ် လုပ်ကိုင်သွားချင်တယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ လုပ်ငန်းအမျိုးအစားကလည်း ဘ၀မှာ ကျွန်မအတွက် မုချတိုးတက် အောင်မြင် ကြီးပွားစေမယ့်အလုပ်မျိုး ဖြစ်ရမယ်ပေါ့ဆရာ။

အရေးကြီးတာက သေချာချင်တယ်နော်။ နှစ်ပေါင်းများစွာ ကိုယ်ရွေးချယ် လုပ်ကိုင်လိုက်တဲ့ အလုပ်က မုချ ကိုယ်နဲ့အကျိုးပေးတဲ့ လုပ်ငန်းမျိုးဖြစ်ဖို့လိုတယ်။ နှစ်ပေါင်းများစွာ လုပ်ကြည့်ပြီးမှ မအောင်မြင်တာတို့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတာတို့ဖြစ်လို့မရဘူး။ ပေးဆပ်လိုက်ရမယ့် အချိန်တွေက အရမ်းနှမြောစရာ ကောင်းနေလိမ့်မယ်။ ဒါကြောင့် ဒီနေ့ကျွန်မဆရာဆီက တစ်ခုခုအရမ်းသိချင်တယ်။ သေချာတဲ့အဖြေတစ်ခုတော့ ရချင်တယ်။ အဲဒါကဘာလဲဆိုတော့ ကျွန်မဘ၀မှာ ကျွန်မအတွက် မုချတိုးတက်ကြီးပွားချမ်းသာစေမည့် လုပ်ငန်းအမျိုးအစားကို သိချင်တယ်။ အဲဒါကို ဆရာက ရွေးချယ်ပေးဖို့ပါပဲဟု ကျွန်ုပ်အား သူမ၏ဘ၀တစ်သက်လုံးနှင့် ပါတ်သက်သော အင်မတန်ကြီးလေးသော တာဝန်ကြီးတစ်ခုကို ကျွန်ုပ်အားပေးအပ်လိုက်လေသည်။ ထိုအခါ ကျွန်ုပ်က ...

ဒီလိုရှိတယ် စောနန်နွယ်ရဲ့။ ငါတို့ရဲ့ ဆရာသခင်ဖြစ်တဲ့ အဘဒေါက်တာ မင်းသိင်္ခဟာ ဗေဒင်ပညာကို စတင်လိုက်စားစဉ် အချိန်ကတည်းက ကြာသပတေးနံ၊ ကြာသပတေးဂြိုလ်ဟာ သူ့ရဲ့ဘဝမှာ သေချာပေါက် ကြီးပွားတိုးတက် အောင်မြင်ချမ်းသာမယ့်နံ၊ ဂြိုလ်ဆိုတာ သိထားခဲ့ပါတယ်။ ကြာသပတေးနံဆိုတာ( ပ၊ ဖ၊ ဗ၊ ဘ၊ မ )ပေါ့ဟာ။ ။ စာရေးဆရာလုပ်တဲ့ အခါမှာလည်း ဝတ္ထုစာအုပ်တွေရဲ့ ရှေ့ဆုံးစာလုံးတွေမှာ ဆိုရင် ကြာသပတေးနံကိုပဲ အားပြုပြီးအမည်ပေးသုံးစွဲခဲ့ပါတယ်။ အဘမင်းသိင်္ခရေးခဲ့တဲ့ ဝတ္ထုစာအမည်တွေရဲ့ အမည်ဟာ များသောအားဖြင့် ကြာသပတေးနံတွေနဲ့ စပြီး ပေးထားတယ်။

ဒါကြောင့်လည်း အဘရဲ့စာအုပ်တွေကို စာဖတ်ပရိတ်သတ်တွေ စွဲလန်း နှစ်ခြိုက်ကြခြင်းလည်း ဖြစ်ပါတယ်။ စာပေလောကမှာလည်း “မင်းသိင်္ခ ဟာ နောက်ဆုံးအချိန်အထိ စာပေလောကမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဘမင်းသိင်္ခကို သေချာပေါက် ကြီးပွားချမ်းသာစေမယ့် ကြာသပတေးနံလုပ်ငန်းတွေကပဲ အောင်ြမင်တဲ့ လူသားတစ်ယောက်ဖြစ်စေခဲ့တာပါ…။

ဗေဒင်ဆရာအလုပ်ဟာလည်း ပညာကိုအသုံးချရတဲ့ “ကြာသပတေးနံ” လုပ်ငန်းအမျိုးအစား ဖြစ်တဲ့အတွက် ဗေဒင်လောကမှာလည်း အောင်မြင်ခဲ့ပါတယ်။ နောက်ပြီး စာရေးဆရာ အလုပ်ဟာလည်း “ ကြာသပတေးနံ” လုပ်ငန်းအမျိုးအစား ဖြစ်တဲ့အတွက် စာရေးဆရာ အဖြစ်လည်း လူသိများခဲ့ပါတယ်။ ကြာသပတေးနံပါတဲ့ - မှော်ဘီ၊ မရမ်းတလင်း၊ ပဲခူး၊ ပုပ္ပါး စတဲ့မြို့တွေမှာ နေထိုင်ပြီး အဓိဋ္ဌာန်များကို ကျင်ကြံအားထုတ်ခဲ့ပါတယ်။

လက်ဝှေ့ကလပ်ကိုလည်း ကြာသပတေးနံပါတဲ့ “မြန်မာပြည်သား”၊ ဂျာနယ်ကိုလည်း“ မနော မယဂျာနယ်ဆိုပြီး ထုတ်ဝေခဲ့ပါတယ်။ ပြောချင်တာကတော့ “မင်းသိင်္ခ”ဆိုပြီး ဖြစ်လာတာဟာ ကြာသပတေးနံကို မှီတွယ်၊ဖက်တွယ်ပြီး ကောင်းစွာအသုံးချခဲ့လို့ ဖြစ်လာတာပေါ့။ ဒါကြောင့် ရှေ့တုန်းက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးက လက်တွေသုံးပြသွားတဲ့ နည်းစနစ်တစ်ခုရှိတယ်။ အဲဒီအတိုင်း လိုက်သုံးလိုက်ရုံပဲပေါ့ဟု ကျွန်ုပ်က ပြောပြလိုက်လေလျှင် စောနန်နွယ်က...

ဟုတ်ပြီ။ ဒီလိုမျိုး အထောက်အထားနဲ ပြောတာဆိုရင်တော့ ကျွန်မလက်ခံတယ်။ ဆရာမင်းသိင်္ခဆိုတာလည်း ကျွန်မတို့လေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဥိးပါပဲ။ ကိုယ်လေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက လက်တွေလုပ်ခဲ့တဲ့ နည်းဆိုတော့ ကျွန်မ လိုက်လုပ်မယ်။ အဲဒီတော့ အဲဒီနည်းနဲ့ကျွန်မကို တွက်ပေးပါ။ တော်တော်လေး ခက်ခက်ခဲခဲတွက်ရမှာလား။ ဘယ်နှစ်ရက်လောက်စောင့်ရမှာလဲဟု ပြန်မေးလေ၏။ ခက်ခက်ခဲခဲ မတွက်ရပါဘူး။ အခုတစ်ထိုင်တည်း တွက်ပေးလိုက်လို့ရပါတယ်။ မဟာဘုတ်ဗေဒင်ပညာမှာ လာတဲ့ နည်းတစ်ခုပဲ။ မဟာဘုတ်ဆိုတာကို နားလည်ရင်ရပြီပဲဟု ပြောလိုက်ပြီးလျှင် စောနန်နွယ်အား အောက်ပါအတိုင်း ပြောပြလိုက်လေတော့၏။

မဟာဘုတ်တွက်နည်းကဒီမှာပါ။

တွက်ကြည့်လိုက်နော်။ ပြီးရင် အထွန်းဆိုတဲ့နေရာမှာ နေ့နံမှာရှိတြဲ့၈ိုဟ်ဟာ မိတ်ဆွေတို့ရဲ့ ဘ၀အတွက် အထူး တိုးတက်အောင်မြင်စေစမယ့် နံဂြိုဟ်ဖြစ်ပါတယ်။ အဲဒီနည်းလေးကိုသိပြီဆိုရင် ကိုယ့်ဘ၀ကို ဒီနေ့နေစပြီး တစ်စုံတစ်ခုကို ရွေးချယ်ပြီး စတင်ကြိုးစားတည်ဆောက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အဲဒါနဲ့ စောနန်နွယ်ကဆက်လက်ပြီး ဟုတ်ပြီဆရာ ဒါဆိုရင်ကျွန်မက မဟာဘုတ်(၅)ကြွင်းတယ်။ အထွန်းနေရာမှာ (၄) ရှိနေတယ်ဆိုတော့ ဗုဒ္ဓဟူးနံပေါ့။ ဆရာပြောသလိုဆိုရင် အနုပညာအလှပညာပေါ့။ အင်း ကျွန်မရုပ်နဲ့ မင်းသမီးမဖြစ်တာကတော့ သေချာနေပြီ။ အဲဒီတော့ အလှပညာအလုပ်ဆိုရင်တော့ မဆိုးဘူး။ အလှပြင်ဆိုင်တို့ ဘာတို့ လုပ်လို့ရတယ်မဟုတ်လားဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ရတာပေါ့ စောနန်းနွယ်ရဲ့။ အလှပြင်ဆိုင်ဖွင့်ရင် သေချာပေါက် ကြီးပွားချမ်းသာမယ်၊ အောင်မြင်မယ်ပေါ့။ နောက်ပြီး နာမည်ပေးရင်လည်း အဲဒီ ဗုဒ္ဓဟူးနံ အက္ခရာတွေနဲ့ပဲ (ယ-ရ-လ-၀) ပေးလို့ ရတာပေါ့ဟုကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် စောနန်းနွယ်က အိုကေ ဆရာ ကျွန်မ အလှပြင်သင်တန်း တက်ဖို့ ပြင်ဆင်တော့မယ်။ နာမည်ကတော့နောက်မှ ဆရာဆီ လာတောင်းတော့မယ်။ အခုလောလောဆယ်တော့ ဆရာဆီကိုလာတုန်း ယတြာတစ်ခုလောက် တောင်းချင်တယ်။ ငွေကြေးလာဘရွှင်တဲ့ ယတြာတစ်ခုလောက် ပေးပါဦး။ အခုတလော လာဘ်ပိတ်နေသလိုပဲဟု ပြောသောကြောင့် ကျွန်ုပ်လည်း ငွေကြေးလာဘ်လာဘရွှင်လန်းတိုးတက်စေသော အောက်ဖော်ပြပါ ယတြာကို စောနန်းနွယ်အား ပြောပြလိုက်လေတော့သတည်း။

လာဘ်လာဘပွင့်လန်းစေတဲ့ယတြာ

လုပ်အားကြောင့်ငွေဝင်တာရယ်၊ ကိုယ့်လုပ်ငန်းက ပုံမှန်ဝင်ငွေကောင်းနေတာရယ်၊ အရောင်းအ၀ယ်ကိစ္စများ အောင်မြင်လို့ ငွေဝင်တာတွေကို လူတွေက သိပ်ပြီး မရောင့်ရဲ မတင်းတိမ်နိုင်ကြဘူး။ များသောအားဖြင့် ကံတရားကြောင့် ငွေအစုလိုက်အပြုံလိုက် ၀င်တာကိုလည်း လိုလားတောင့်တာကြတယ်။ ဥပမာအားဖြင့် အခွင့်အရေးကောင်းကြုံလို့ ဖြစ်စေ၊ ထီပေါက်ချဲပေါက် ကောက်ရလို့ဖြစ်စေ ဒါမှမဟုတ် လုံးဝပြန်မရနိုင် တော့ဘူးလို့ ထင်ထားတဲ့ငွေတွေ ပြန်ဝင်လာခြင်းကြောင့်ဖြစ်စေ အဲဒီလို ၀င်လာတဲ့ငွေကြေးတွေကို ကျွန်တ်ာအပါအ၀င် လူသားတိုင်းကိ မျှော်လင့်ကြတယ်။

ဒါကြောင့် ကျွန်တော်တို့ ဗေဒင်ဟောခန်းကို ရောက်လာတဲ့ လူတိုင်းက မေးတတ်ကြတယ်။ ငွေအစုလိုက်အပြုံလိုက် ၀င်ကိန်းရှိလားတို့၊ ထီပေါက်ကိန်း ချဲပေါက်ကိန်း မြင်လားတို့ပေါ့။ နောက် ဘယ်လို ယတြာတွေအဆောင်တွေလုပ်ရင် ငွေကြေးလာဘ်လာဘတွေ ပွင့်လန်းနိုင်င်သလဲ စသည်ဖြင့် မေးတတ်ကြတယ်။

လုပ်ရမှာကတော့ လွယ်ပါတယ်။ အောက်မှာ ဇယားလေးတစ်ခု ဖော်ပြပေးလိုက်ပါတယ်။ မိမိနေ့သားအလိုက် တစ်ပတ်လျှင်တစ်ကြိမ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အချိန်တွေ နေ့တွေတော့ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အရမ်းလွယ်လို့ အဆင်ပြေပါ့မလားလို့တော့ မတွေးစေချင်ပါဘူး။ လုပ်ကြည့်ပါ။ ရှေ့ဘုန်းရှေ့ကံအရ ၀င်ငွေနည်းခြင်း၊ ၀င်ငွေများခြင်းသာ ကွာခြားတာပါ။ အောင်မြင်တဲ့ လူတွေ များပါတယ်။ ရက်ပေါင်းကိုးဆယ်အတွင်း ထူးခြားပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှိတဲ့လူတွေကလည်း အဲဒီယတြာ ကိုဆောင်ရွက်တဲ့အတွက် ပိုပြီးတော့ ၀င်ငွေတိုးပွာခြင်းနှင့် အဆင်ပြေစေပါတယ်။ လုပ်ရမှာက မိမိနေ့အလိုက် ဆန်သုံးဆုပ်ကြဲပက်ကာ ကြက်ငှက် သတ္တ၀တို့အား ကျွေးမွေးဆုတောင်းပါ။

ဥပမာ တနင်္လာသားဖြစ်သော ကျွန်တော်က ဗုဒ္ဓဟူးနေ့ နံက် (၆း၄၅) မိနစ်မှာ ရေမိုးချိုးကိုယ်လက်သန့်စင်ပြီး မြေပြောင်ပြောင်မှာ အနောက်အရပ်ကို မျက်နှာမူပြီး ဆန်သုံးဆုပ်ကြဲပက်ကာ ကြက်တို့ ငှက်တို့ အစရှိသော သတ္တ၀ါများကို ကျွေးမွေးရင်း ဆုတောင်းရမှာပါ။ ကျွန်တော်ကတော့ တစ်ပါတ်တစ်ကြိမ် လုပ်နေကြပေါ့။ အဆင်ပြေမှန်း ကောင်းကောင်း သိနေပြီလေ.... မိတ်ဆွေတို့လည်း လုပ်ကြည့်ပါလား။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အပျိုကြီးလူပျိုကြီးတို့အတွက် အဆောင်

တစ်နေ့မှာ ကျွန်တော်ထံသို့ ကိုအောင်အောင်ဆိုသော လူပျိုကြီးတစ်ယောက်သည် ရောက်ရှိလာပြီးလျှင် သူ၏ဇာတာအား တွက်ကြည့်ပြီးပေးပါရန်နှင့် ဒီဘ၀ အိမ်ထောင်ကျကိန်းရှိမရှိ ဟောပေးပါဟုပြောလေ၏။ ထိုအခါ ကျွန်ုပ်က ဒီမှာကိုအောင်အောင်ရဲ့ အိမ်ထောင်ကျကိန်းရှိမရှိဆိုတာ ဗေဒင်တွက်ကြည့်နေစရာ မလိုပါဘူးဗျာ။ မိန်းမတစ်ယောက်ကို အခု ကောက်ယူလိုက်ရင် အခု ခင်ဗျား အိမ်ထောင်ကျကိန်း ရှိသွားတာပေါ့။ မယူဘူးဆိုရင်တော့ ခင်ဗျား အိမ်ထောင်ကျကိန်း မရှိဘူးပေါ့ဗျာ။ ပြီးတော့ ခင်ဗျားရုပ်နဲ့ဆိုရင် ကြိုက်တဲ့ မိန်းကလေးကို အချိန်မရွေး ကောက်ယူလို့ ရတာပဲဗျာဟု ပြန်ပြောလိုက်လေလျှင်..

ကိုအောင်အောင်ဆိုသော လူပျိုကြီးက ဟာဆရာကလည်း ဒီကိစ္စက စန်းနဲ့လည်း ဆိုင်တယ်ဆရာရဲ့။ ဘလိုင်းကြီး ယူချင်တိုင်းယူလို့ မရဘူး။ စန်းရှိမှ ဆရာရဲ့ စန်းရှိမှဟု ပြန်ပြောလိုက်လေလျှင် ကျွန်ုပ်၏အထံတွင် ပညာသင်နေသော အစန်းဆိုသော မိန်းမကြီးက အမလေးတော် ကိုယ့်ဘာသာ အရည်အချင်းမရှိလို့ မိန်းမမရတာကို အစန်းကို ဘာမဆိုင်ညာမဆိုင် ဆွဲထည့်နေတယ်ဟု ဘုမသိဘမသိ ၀င်ပြောလိုက်လေလျှင် ကိုအောင်အောင်က ဒီအဒေါ်ကြီးကလည်း ဘုမသိဘမသိ ၀င်ပြောနေတယ်။ နဂိုကတည်းက မိန်းမမရလို့ စိတ်တိုနေတာနော်။ မရတဲ့အဆုံး မရရတာယူလိုက်မယ်ဆိုပြီး ဒေါ်အစန်းကို ယူလိုက်ရမလားဟု ပြန်ပြောလိုက်လျှင် ဒေါ်စန်းကလည်း အမလေးတော် ငါ့အရည်အချင်းက နင့်ထက်တော့ တော်ပါသေးတယ်။ မရ-ရတဲ့အဆုံးကို ယူမယ့်လူနဲ့တွေမှ ငါက ယောက်ျားရတော့မယ်လို့တော်ဟု အားကျမခံ ပြန်လည်ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း သူတို့နှစ်ဦး စကားနိုင်လုနေသည်ကို နားထောင်၍ တခစ်ခစ် သဘောကျမိသေး၏။ ထို့နောက် ကိုအောင်အောင်က လုပ်ပါဆရာသမားရယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း အသက်ကလည်း ၄၀ ကျော်လာပြီဆိုတော့ အမှန်အတိုင်း ၀န်ခံရရင် မိန်းမ တကယ်လိုချင်နေပါတယ်။ အဲဒါ မရရတာလဲ မယူချင်ပါဘူး။ ကောင်းကောင်းမွန်မွန်လေးနဲ့ ဖူးစာဆုံအောင် ယတြာလေး အဆောင်လေး လုပ်ပေးစမ်းပါ ဆရာသမားရယ်။ ကျွန်တော်ပြောသလို မိန်းမရရင် ဆရာသမားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဘိတ်သိပ်မြှောက်ခိုင်းပါ့မယ်ဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ဒီမှာ ကိုအောင်အောင် ဗေဒင်ဆရာကိုချဉ်း အားကိုးနေလို့ မရဘူးနော်။ ကိုယ်တိုင်ကလည်း မိန်းမတွေ ကြိုက်အောင် ချစ်အောင် နေတတ်ရတယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ကိုအောင်အောင်က မိန်းမတွေကြိုက်အောင် ဘယ်လိုနေရမလဲဟု ရုတ်တရက်ကောက်ကာငင်ကာ မေးလိုက်လေသောကြောင့် ကျွန်ုပ်လည်း ဘာပြန်ပြောရမှန်းမသိအောင် ကြောင်တောင်တောင် ဖြစ်သွားရ၏။ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားတော့၏။ ထို့ကြောင့် ကျွန်ုပ်က အာ... ကိုအောင်အောင်ကလည်း မိန်းမတွေကြိုက်အောင် ဘယ်လိုနေရလဲဆိုတော့ အင်း... ဟိုဗျာ..... ဒီလို.... အင်း.... မိန်းမတွေကြိုက်အောင် နေရတာပေါ့ဟု ကြောင်တောင်တောင် ပြန်ဖြေလိုက်သောကြောင့် လူပျိုကြီး ကိုအောင်အောင်ရော အစန်းရော တဟားဟား ရီကြလေတော့၏။

ကဲပါ ကိုအောင်အောင်ရာ။ ခင်ဗျား မိန်းကလေးကြိုက်တဲ့ အဆောင်လိုချင်တာမို့လား။ ဒါဆိုရင် ကျွန်တော် နည်းစနစ်ပေးလိုက်ပါ့မယ်။ အဲဒီအဆောင်က ယောက်ျားလေးရော မိန်းကလေးရော လုပ်လို့ရတယ်။ စန်းပွင့်တဲ့ ယတြာနော်။ အရမ်းမျက်နှာပွင့်တယ်။ လူချစ်လူခင် အရမ်းများစေတယ်။ အထူးကောင်းစေတာက အပျိုကြီး လူပျိုကြီးတွေအတွက်ဆို ပိုကောင်းတယ်နော်။ ဂေါ်မစွန်တဲ့ လူတွေနော် ချက်ချင်းတောင် စွန်သွားဦးမယ်ဟု ကျွန်ုပ်က ပိုပိုလေးပြောလိုက်လေရာ ကိုအောင်အောင်ဆိုသော ဂေါ်မစွန်လူပျိုကြီးသည် လွန်စွာ အားတက်သွားသော ပုံမျိုးဖြင့် ဟုတ်လားဆရာ။ အခုပေးလေဟု တောင်းနေလေရာ... မစန်းက ဟင်းနော်ဆရာ ကိုအောင်အောင်ကိုချဉ်း ပေးဖို့ မစဉ်းစားနဲ့။ ကျွန်မကိုလည်း ပေးရမယ်နော်ဟု ၀င်ပြောလေ၏။ ကဲကဲ ပေးမယ် ၊ ပေးမယ်၊ လူပျိုကြီးကိုလည်း ပေးမယ်။ အပျိုကြီးကိုလည်းပေးမယ်ဟု ပြန်ပြောလိုက်ပြီးလျှင် အောက်ပါအတိုင်း လူချစ်လူခင်များစေသော လွန်စွာမျက်နှာပွင့်လန်းစေသော လွယ်ကူစွာပြုလုပ်နိုင်သော အောက်ဖော်ပြပါ ယတြာနည်းကို ပေးလိုက်လေတော့သတည်း။

တနင်္ဂနွေသားသမီးများသည် တနင်္ဂနွေနေ့ နံက် (၉း၀၀)တိတိတွင် မိမိ၏ ပတ်စပို့ ဓာတ်ပုံနောက်ကျောတွင် မှင်အနီဖြင့် (အ) အက္ခရာကို ရေးပါ။ ထို့နောက် ပိုက်ဆံအိပ်တွင်ထည့်၍ လူနှင့်အတူ ဆောင်ပါ။

တနင်္လာသားသမီးများသည် တနင်္လာနေ့ နံက် (၉း၀၀)တိတိတွင် မိမိ၏ ပတ်စပို့ ဓာတ်ပုံနောက်ကျောတွင် မှင်အစိမ်းဖြင့် (က) အက္ခရာကို ရေးပါ။ ထို့နောက် ပိုက်ဆံအိပ်တွင်ထည့်၍ လူနှင့်အတူ ဆောင်ပါ။

အင်္ဂါသားသမီးများသည် အင်္ဂါနေ့နေ့ နံက် (၉း၀၀)တိတိတွင် မိမိ၏ ပတ်စပို့ ဓာတ်ပုံနောက်ကျောတွင် မှင်အနီဖြင့် (စ) အက္ခရာကို ရေးပါ။ ထို့နောက် ပိုက်ဆံအိပ်တွင်ထည့်၍ လူနှင့်အတူ ဆောင်ပါ။

ဗုဒ္ဓဟူးသားသမီးများသည် ဗုဒ္ဒဟူးနေ့ နံက် (၉း၀၀)တိတိတွင် မိမိ၏ ပတ်စပို့ ဓာတ်ပုံနောက်ကျောတွင် မှင်အစိမ်းဖြင့် (ယ) အက္ခရာကို ရေးပါ။ ထို့နောက် ပိုက်ဆံအိပ်တွင်ထည့်၍ လူနှင့်အတူ ဆောင်ပါ။

ရာဟုသားသမီးများသည် ဗုဒ္ဓဟူးနေ့ ည(၉း၀၀)တိတိတွင် မိမိ၏ ပတ်စပို့ ဓာတ်ပုံနောက်ကျောတွင် မှင်အနက်ဖြင့် (ရ) အက္ခရာကို ရေးပါ။ ထို့နောက် ပိုက်ဆံအိပ်တွင်ထည့်၍ လူနှင့်အတူ ဆောင်ပါ။

ကြာသပတေးသားသမီးများသည် ကြာသပတေးနေ့ နံက်(၉း၀၀)တိတိတွင် မိမိ၏ ပတ်စပို့ ဓာတ်ပုံနောက်ကျောတွင် မှင်အပြာဖြင့် (မ) အက္ခရာကို ရေးပါ။ ထို့နောက် ပိုက်ဆံအိပ်တွင်ထည့်၍ လူနှင့်အတူ ဆောင်ပါ။

သောကြာသားသမီးများသည် သောကြာနေ့ နံက်(၉း၀၀)တိတိတွင် မိမိ၏ ပတ်စပို့ ဓာတ်ပုံနောက်ကျောတွင် မှင်နီဖြင့် (သ) အက္ခရာကို ရေးပါ။ ထို့နောက် ပိုက်ဆံအိပ်တွင်ထည့်၍ လူနှင့်အတူ ဆောင်ပါ။

စနေသားသမီးများသည် စနေနေ့ နံက်(၉း၀၀)တိတိတွင် မိမိ၏ ပတ်စပို့ ဓာတ်ပုံနောက်ကျောတွင် မှင်အနက်ဖြင့် (တ) အက္ခရာကို ရေးပါ။ ထို့နောက် ပိုက်ဆံအိပ်တွင်ထည့်၍ လူနှင့်အတူဆောင်ပါ။

(အထက်ပါနည်းတွင် ဓာတ်ပုံဆိုသည်မှာ စနေနံကြာသပတေးနံ နှစ်ခုကို ပူးတွဲ၍ ခေါ်ဆိုသောပညတ် အခေါ်အဝေါ် ဖြစ်ပါသည်။ ပါပဂြိုဟ်လေးခုတွင် အမြင့်မားဆုံးသော ပါပဂြိုဟ်သည် စနေဂြိုဟ်ဖြစ်သည်။ အဓိပါပဟူ၍ သတ်မှတ်သည်။ သောမဂြိုဟ်တို့တွင် အမြင့်မားဆုံးသောဂြိုဟ်သည် ကြာသပတေးဂြိုဟ် ဖြစ်သည်။ အဓိသောမဟုခေါ်သည်။ အကောင်းဆုံးနှင့် အဆိုးဆုံးကို ယှဉ်တွဲ၍ ပဋိပက္ခနှစ်ခု အညမည ဖြစ်စေခြင်းဖြင့် ထူးခြားသောစွမ်းအားတစ်ခု ပေါ်ထွန်းသည်။ ဗေဒင်ပညာတွင် ဓာတ်ပုံဟူသော ပညတ်ကို အသုံးချ၍ ဆောင်ရွက်သော နည်းပညာ များစွာရှိ၏။ စနေသည် ဂြိုဟ်သက်(၁၀)နှစ်၊ ကြာသပတေးသည် ဂြိုဟ်သက်(၁၉)နှစ် ရှိသည်။ ဂြိုဟ်သက်နှစ်ခု ပေါင်းစပ်သောအခါ ၂၉ ရသည်။ တနင်္လာဂြိုဟ် ၂-နှင့် ကိတ်ဂြိုဟ် ၉-ကို ကိုယ်စားပြု၍ ပေါင်းလိုက်သောအခါ ၁၁ ရသည်။ အပူ ၁၁- မီးငြိမ်းသော ဓာတ်ရှိသည်။ ပေါင်းလိုက်သောအခါ ၂-ဖြစ်၍ စန်းဓာတ်ကောင်းခြင်းရှိသည်။ ထို့ကြောင့် ဂြိုဟ်သက်ကို ပေါင်းစည်းကြည့်၍ အထူးမြင့်မားသော စွမ်းအားကို ရရှိစေသည်)

ကိုလူပျိုတို့အတွက် ဇနီးလောင်း

ဒါကတော့ ကျွန်တော် ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ မောင်နှမအရင်းအချာ တစ်ယောက်လိုခင်တဲ့ ပညာတူမောင်နှမတစ်ယောက်က မေးလ်ပို့ပေးလိုက်တာပါ။ အဲဒါလေးကို ပြန်တင်ပေး လိုက်ပါတယ်။

အိမ်ထောင်မကျသေးတဲ့ လူတိုင်း ကိုယ့်အိမ်ထောင်ဘက်က ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုတာကို သိချင်ကြပါတယ်။ အဲဒီမှာ မိန်းကလေးထက် ယောင်္ကျားလေးတွေက ပိုစိတ်ဝင်စားတက်ကြပါတယ်။ အိမ်ထောင်တခုမှာ အိမ်ဦးနတ်ကအရေးကြီးဆုံးလို့ ပြောကြတယ်နော်။ တကယ်တော့ အိမ်ဦးနတ်ဆိုတာသူချည်းနေလို့တော့ ရာထူးတက်မလာပါဘူး။ ရာထူးပေးမဲ့ အိမ်ရှင်မ ရှိလို့ဖြစ်လာတာပါ။ အဲတော့ ကိုယ့်ကို ရာထူးပေးမဲ့ အိမ်ရှင်မက ဘယ်သူဖြစ်မလဲ မသိချင်ကြဘူးလား။ ဒီအတွက်တော့ ပူပါနဲ့ အလိမ္မာ အိမ်ပါလေးများဖြစ်မလား။ သွက်လက်ထက်မြတ်တဲ့ သူများလား။ မဟာဆန်သူလေးလား။ ကိုယ့်စိတ်ကြိုက်ပုံစံမှဖြစ်ရဲ့လား။ အသွင်တူတဲ့ ကြင်သူမှဖြစ်ပါ့မလား၊ အပျိုလား အအိုလား၊ မမလား ညီမလေးလား အန်တီကြီးနဲ့ ညားမှာလား စသဖြင့်စသဖြင့် ရီးစားသာ မရသေးရင်နေမယ် ဘယ်လိုမိန်းမယူရင်ကောင်းမလဲဆိုပြီး စိတ်ကူးနဲ့ဖဲရိုက်နေတဲ့ ကိုကိုတွေအတွက် ပျိုမေက ကူညီလို့အဖြေရှာပေးမယ်နော်…(စံဇာဏီဘို၏ဘယ်လိုမိန်းမရမှာလဲမှကောက်နုတ်ထားတာပါ…:D)

တွက်နည်းလေးက အလွယ်လေးပါ။ မိမိမွေးသက္ကရာဇ်သိရုံနဲ့ တွက်လို့ရပြီ။ မြန်မာသက္ကရာဇ်တော့ ဖြစ်ရမယ်နော်။ မိမိရဲ့မွေးသက္ကရာဇ်ကိုတည် ၄ နဲ့မြောက်ရလာတဲ့အဖြေကို ၇ နဲ့စားပြီး (အကြွင်း)ရှာရမှာ ဖြစ်ပါတယ်။

ဥပမာ - ၁၃၄၀ ခုနှစ်မှာမွေးတဲ့ အမျိုးသားကို တွက်ပါမယ်။

၁၃၄၀ X ၄ = ၅၃၆၀ ရပါတယ်။

၅၃၆၀ ကို ၇ နဲ့စားတော့ အကြွင်း ၅ ရပါတယ်။

သူငယ်ချင်းတို့လည်း တွက်ကြည့်ပြီး အကြွင်းရှာကြည့်နော်။ ရလာတဲ့အကြွင်းကိုမှတ်ပြီး အောက်မှာ အဖြေရှာကြည့်လိုက်ပါဦး။

အကြွင်း (1) ရခဲ့ရင်တော့ လက်မ ထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။ ကိုယ်ရမဲ့ မိန်းကလေးက အပြစ်ကင်းသူလေးပါ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။ အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ။ ရီးစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ။ အလုပ်တဖက် ပညာတစ်ဖက်နဲ့ ဘ၀သမားလေးပါ။ ကိုယ်ပိုင်အစွမ်းအစနဲ့ နေနိုင်တဲ့သူ၊ ဥာဏ်ထက်မြက်တဲ့သူလေးပါ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့ တည်တည်ကြည်ကြည်နဲ့ နေထိုင်တက်သူဖြစ်မယ်။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ်။ ခေတ်မီပေမဲ့ ခေတ်မဆန်ဘူး။ သ၀န်လေးတော့ ကြောင်တက်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့ ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မောသွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့ ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင်မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော်။

အကြွင်း(2) ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့။ ကိုယ့်ကတော့ အချစ်သူရဲကောင်းကြီးပါ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွတ်ကြင်နာတက်တဲ့သူပေါ့။ ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲဝေဒနာခံစားနေရသူလေးပါ။ သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ။ သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။ အလွန်သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ။ အချောအလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော်။ အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအ၀ိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင် အထင်ခံရလိမ့်မယ်နော်။

အကြွင်း(3)ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ…:D တမျိုးမတွေးနဲ့ ဦးဆွေကြီးမျိုးကြီး မာနကြီး စိတ်ကြီး ဒေါသကြီး စတဲ့ကြီးတွေကို ပိုင်ထားတဲ့ မမကြီးရှင့်။ ပကာသနအ သိုင်းကြားကလာလို့ နှလုံးသားလှပေမဲ့ ဘုကျကျဆက်ဆံတက်တဲ့သူမျိုးပါ။ တော်ရုံကို အဖက်မလုပ်တက်တဲ့သူမျိုး၊ ပညာတက်ပြီး ကိုယ်ပိုင အရည်အချင်းနဲ့ ရပ်တည်နိုင်တဲ့သူ၊ ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ၀င်လာမဲ့သူမျိုး မဟုတ်ဘူး၊ ကိုယ်ကပဲ သူ့အသိုင်းဝိုင်းထဲဝင်ရလိမ့်မယ်။ အနိုင်ကျင့်တဲ့ ၀ါသနာတော့ရှိတယ်။ ကိုယ်အပေါင်းအသင်းတောင် အကောင်းစားလေးတွေမှ ပေါင်းသင်းဆက်ဆံလိမ့်မယ်။ ခပ်ညံညံအပေါင်းအသင်း မျိုးဆို အိမ်လာလည်တာတောင် လက်သင့်ခံမှာ မဟုတ်ဘူး။ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်။ သူ့ကြောင့်ပဲ တိုးတက်မှုတွေရလာလိမ့်မယ်။အောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်နောက်မှာ ထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့။

အကြွင်း(4)ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။ အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီး ကိုယ့်ဘ၀ထဲ ရောက်လာမဲ့သူလေးပါ။ လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။ ဘ၀အတွေ့အကြုံနည်းပြီး ဘ၀ကိုအေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံနဲ့နေထိုင်ခဲ့တဲ့သူပါ။ သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့ သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ်။ အလွန်သီးခံတက်၊ ခွင့်လွတ်တက်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကိုပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။ မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ်။ အပေးကမ်းလည်း ရက်ရောတယ်။ အရာရာကိုယ့်သဘောပါ။ အဲ နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားပဲနော်။ သဘောထားကြိးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တက်ဘူး၊ အပြင်အလုပ် ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။ မိန်းမရကံကောင်းပါတယ်။

အကြွင်း(5)ရခဲ့ရင်တော့ ဆိုရှယ်မမပဲ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ၊ေ ဟာ့ရှော့လို့ပြောရမလား၊ အလန်းဇယားလို့ပြောရမလား (ရုပ်ရှင်ကြေငြာဝင်တာမဟုတ်ပါ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။ ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင်လားငါလား၊ ရီးစားများတာလား လာမပြောနဲ့ ရှင့်တောင်သနားလို့ ယူထားတာနော်။ လွတ်လပ်မှုကို မြတ်နိုးပြိး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ၊ သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ်။ သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်။ ပညာတော်သင်တော့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ၊ ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ၊ အစားအသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ်။ သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေတောင် မမှတ်မိဖြစ်နေလိမ့်မယ်။

အကြွင်း(6)ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်း လို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ။ သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရီးစားရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ။ မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက် မှာ အေးအေးချမ်းချမ်းနေရမှာပါ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ်လိမ့်မယ်။သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။ နားလည်မှုရှိပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။ အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ၀ိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။ သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ။ သင့်ကို သူငယ်ချင်းတွေ ၀ိုင်းပြီးအားကျနေလိမ့်မယ်။

အကြွင်း(0)ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ကိုယ့်ထက် တစ်ခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။ အသက်တို့ ပညာတို့ ဂုဏ်တို့ ကိုပြောတာနော်…:D။ ဘာသာမတူတာမျိုးလည်း ဖြစ်တက်တယ်။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ်။ အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ်တက်တယ်။ သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ၊ ကိုယ့်အပေါ်မှာ မိခင်မေတ္တာမျိုးနဲ့ ချစ်လိမ့်မယ်။ ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။ ဘ၀မှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ။ ခေတ်ပညာတက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။

မြန်မာသက္ကရာဇ်မသိတဲ့ သူငယ်ချင်းတွေအတွက် တွက်နည်းတစ်ခုသင်ပေးလိုက်မယ်။

အင်္ဂလိပ် သက္ကရာဇ်ထဲက 638 ( ဒေ၀ီ လို့အလွယ်မှတ်ထားနော်) ကို နှုတ်လိုက်ပါ။

ဥပမာ - 1982 မွေးတဲ့သူဆို 638 နှုတ်လိုက်ရင် ၁၃၄၄ မြန်မာသက္ကရာဇ်ရပါတယ်။

တခုမှတ်ထားရမှာက မြန်မာသက္ကရာဇ်ကို တန်ခူးလက စတာမို့လို့ ၁လ၊ ၂လ၊ ၃လပိုင်းနဲ့ ၄လပိုင်း သင်္ကြန်မတိုင်ခင်မွေးတဲ့သူများကတော့ ရတဲ့အဖြေကို ၁တိုးယူပါ။ ၁၃၄၄ ဆို ၁၃၄၃ ပေါ့။ နားလည်မယ်ထင်ပါတယ်။ စိတ်ကူးနဲ့ဖဲရိုက်နေတဲ့ ကိုကိုတွေ အမှန်လေးနဲ့တွေပါစေ……………:)

ကားလုပ်ငန်း အောင်မြင်စေရန်ယတြာ

ဆရာရှင့်

တက္ကစီကားသမားများအတွက် အောင်မြင်စေသောယတြာမှာ ပန်အိုးတစ်လုံးနှင့် ကားခေါင်းခန်းတွင် ဂန္ဓမာပန်းအိုးလေး တစ်လုံးကို အမြဲထိုးထားပါ။ အဲ့ဒီ ယတြာမှာလေ ကားပေါ်မှာတင်ဖို့အတွက် ဂန္မာပန်းခြောက် အလှပန်းဆိုရင်ကော ရပါသလားဆရာ။ နောက်ပြီး အိုးထဲမှာ ရေမထည့်ပဲနဲ့ အလှပန်းအိုးလေးနဲ့ ထားမယ်ဆိုရင်ကော ဖြစ်မလား သိချင်ပါတယ်ရှင့်။ ကားမောင်းရင်းနဲ့ တိမ်းစောင်းပြီး အိုးပြုတ်ကျ ရေမှောက် ဖြစ်ကုန်မလား တွေးမိလို့ပါဆရာ။ သမီးပြောတာ မှားသွားရင် ခွင့်လွှတ်ပါနော်... မသိနားမလည်လို့ သေချာအောင် မေးကြည့်တာပါ ဆရာ။ ဘယ်သူမဆို လုပ်လို့ရပါသလားရှင် ။

ကျေးဇူးတင်စွာဖြင့်

ကျွန်တော် မစဉ်းစားမိလိုက်တာကို သူစဉ်းစားတယ်။ အဲဒီတော့ ကျွန်တာ် ပြန်စဉ်းစားကြည့်လိုက်တယ်။ အလှပန်းဆိုရင် ရမလားတဲ့။ ကျွန်တော်ကတော့ ပန်းအစစ်ကိုပဲ လုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပန်းအစစ်ကမှသာလျှင် မိုးနှင့်မြေမှ သဘာဝကျကျ ပေါက်ဖွားလာတာ ကြောင့်ပါ။ သဘာဝတရားကြီးထဲမှာ ဓာတ်လေးပါးနဲ့ တဖြေးဖြေးချင်း ကြီးပွားရင့်သန် ရှင်သန်လာတဲ့ ပန်းဆိုရင်တော့ ပိုကောင်းတယ်လို့ ထင်ပါတယ်။ မရတဲ့ အဆုံးကြတော့လည်း ရရာနဲ့ လုပ်ရမှာပဲပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။

အခု ကားနဲ့ ပါတ်သက်တဲ့ ယတြာအဆောင်နည်း တစ်ခုလောက် ပေးချင်တယ်။ ကားလုပ်ငန်းနဲ့ ပါတ်သက်လာရင် လုပ်လို့ ရပါတယ်။ ကိုယ်ပိုင်ကားသမားတွေရော၊ အငှားကားမောင်းသမားတွေရော၊ ဘုရာဖူးကားတွေရော။ ပြောရရင်တော့ ကားနဲ့ ပါတ်သက်လာရင် အဲဒီအတိုင်းသာ ဆောင်ရွက်ပါ။ ကားအပျက်အစီး နည်းစေတယ်။ လာဘ်လာဘ ပွင့်လန်းစေတယ်။ နောက်ပြီး အန္တရာယ်ကင်းစေတယ်။ နောက် လုပ်ငန်း စည်ကားစေတယ်ပေါ့။

ကျွန်တော် ပြီးခဲ့တဲ့လပိုင်း မြန်မာပြည်ကို ခနပြန်ခဲ့တယ်။ ရန်ကုန်ကို ပြန်ရောက်တော့ များသောအားဖြင့် တက္ကစီပဲ ငှားစီးဖြစ်တယ်။ ကျွန်တော်က စပ်စုကြည့်တော့ ကားသမားတွေဟာ တစ်နေ့ကို အုံနာခက တစ်သောင်းခွဲ ရှာရမယ်။ နောက် ဆီဖိုးက ၃၀၀၀ လောက်။ နောက် ထမင်းဖိုးကွမ်းဖိုးနဲ့ အားလုံးပေါင်းလိုက်ရင် တစ်နေ့ကို အနည်းဆုံး နှစ်သောင်းလောက် ရမှ အဆင်ပြေမယ်လို့ ပြောတယ်။ မိုးလင်းကတည်းက သူ့ခေါင်းထဲမှာ ၀င်နေတာက ငွေနှစ်သောင်းပဲ။ ပိုတာမှ သူမိသားစု အတွက်လေ။ နေ့စဉ်နှင့်အမျှ အဲဒီ စိတ်ခံစားချက်ကြီးကို ခေါင်းထဲမှာ ထည့်ထားရတာ။ ဘယ်လောက် ပင်ပန်းမလဲ။

ရန်ကုန်ရောက်တုန်းက အတွေ့အကြုံလေး တစ်ခုလောက် ပြောချင်တယ်။ ကျွန်တော်က ကြည်မြင်တိုင်ဘက်က အသိတစ်ယောက်အိမ်ကို သွားလည်တယ်။ ပြန်တော့ ကျွန်တော်က ဆေးလိပ်သောက်ချင်လို့ တောင်းတော့ အသိ အဒေါ်ကြီးက မောင်ဟိန်းတင့်ဇော်ရယ်တဲ့ အဖြူတွေ ဘာတွေတော့ မရှိပါဘူး။ အဲဒီမှာ မင်းဦးလေးသောက်တဲ့ ဆေးပေါ့လိပ်တော့ ရှိတယ်။ သောက်ချင် ယူသောက်သွားလို့ ပြောတာနဲ့ ကျွန်တော်လည်း ဦးလေးသောက်တဲ့ ဆေးပေါ့လိပ် (ရွှေပတ်ထင်တယ်) အဲဒါ တစ်လိပ်ကို မီးညှိ့ပြီး နှုတ်ဆက်ပြန်ခဲ့တယ်။ အိမ်ရှေ့ရောက်တော့ တက္ကစီတစ်စီး ငှားလိုက်တယ်။ ကျွန်တော်နဲ့ ကျွန်တော့ယောက်ဖနဲ့ နှစ်ယောက် ကားနောက်ခန်းမှာ အဒေါ်အိမ်က ယူလာတဲ့ ဖက်ကြမ်းဆေးလိပ်ကို တစ်ယောက်တလှည့် သောက်ကြတယ်။ အဲဒါကို ကားသမားက ကွက်ကြည့်ကွက်ကြည့်နဲ့။

မြေနီကုန်းမီးပွိုင်လဲ ရောက်ရော ကိုရွှေကားသမားက မနေနိုင်တော့ဘူး ထင်ပါတယ်။ အကိုတဲ့ ကျွန်တော့်ကိုလည်း အတိုလေး ပေးပါဦးဗျာတဲ့။ အဲဒီတော့ ကျွန်တော်က ရော့ဗျာ သောက်ပေါ့လို့ဆိုပြီး ကျွန်တော့်လက်ထဲက ဆေးပေါ့လိပ်ကို သူ့လက်ထဲကို ထည့်ပေးလိုက်တယ်။ အဲဒီမှာ ငတိက ဘာလုပ်တယ် ထင်လဲ။ ကျွန်တော်ပေးလိုက်တဲ့ ဖက်ကြမ်းဆေးလိပ်ကို တစ်ချက်လောက် အားရပါးရ ရှိုက်ဖွာလိုက်ရင်း ဆေးလိပ်ကို သေသေချာချာ လှည့်ပတ်ပြီး နမ်းကြည့်တယ်။ ပြီးတော့မှ ဒါ သာကေတ ပစ္စည်းဖြစ်ရမယ်တဲ့။ အနံ့နည်းနည်း စိမ်းတယ်လို့ ပြောလိုက်တယ်။

ကျွန်တော်ကတော့ အံ့သြသွားတယ်။ ဒါပေမယ့် ကျွန်တော့်ယောက်ဖ အောင်နိုင်က ဟုတ်တယ် ဘာညာဆိုပြီး တော်ကီ ပြန်ပွားတယ်။ ကျွန်တော်ကတော့ နောက်မှ သဘောပေါက်တယ်။ ဒီကောင်က ဆေးသမားလေ..။ ကျွန်တော်တို့ သောက်တဲ့ ဆေးပေါ့လိပ်ကို ဆေးထည့်ထားတဲ့ ဆေးလိပ်မှတ်လို့ ။ ကျွန်တော်တို့ တည်းတဲ့နေရာ လည်းရောက်ရော ကားသမားက ဘာပြောတယ် မှတ်လဲ။ အကိုရာတဲ့ ကားခ ၁၅၀၀လည်း မပေးပါနဲ့တော့တဲ့. အကို့လက်ထဲက အတိုလေးသာ ပေးလိုက်ပါလို့ ပြောတာနဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း တစ်ယာက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း အဒေါ်အိမ်က ယူလာတဲ့ ရွှေပတ်ဆေးပေါ့လိပ်အတိုလေးကို ကားသမားကောင်လေးကို ပေးလိုက်ရင်း ကားခပေးမလို့ ထုပ်ထားတဲ့ ပိုက်ဆံ ၁၅၀၀ကို ပိုက်ဆံအိပ်ထဲ ပြန်ထည့်လိုက်တယ်။ ကားသမားကောင်လေးက ကျေးဇူးတင်ပါတယ် အကိုလို့ ပြောရင် ကားကို မောင်းထွက်သွားတယ်။ အော် ရန်ကုန် - ရန်ကုန်။

ကားလုပ်ငန်းအောင်မြင်စေတဲ့ယတြာ

သြဇာသားကို နဂါးရုံဘုရားပုံ ထု၍ ကားခေါင်းခန်းတွင် ပူဇော်ထားပါ။ သုံးလက်မလောက်ဆို ရပါတယ်။ ပြီးရင် သြဇာသားကိုပဲ ခြင်္သေ့ရုပ်ထု နှစ်ခုထုပြီး ဘုရားရဲ့ လက်ဝဲဘက်တွင် တစ်ရုပ်၊ လက်ယျာဘက်တွင် တစ်ရုပ် ရံထားပေးလိုက်ပါ။ ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ကားနဲ့ ပါတ်သက်တဲ့ လုပ်ငန်းကိုင်ငန်းများ သေချာပေါက် အောင်မြင်လာပါလိမ့်မယ်။ အန္တရာယ်ကင်းပါလိမ့်မယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ထွက်သွားသူ ပြန်လာစေသောနည်းတစ်ခု

အခုတလော ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေအမျိုးသမီး တော်တော်များများ မိမိတို့၏ အမျိုးသားများ မိမိတို့နေအိမ်မှ ထွက်သွားသဖြင့် အတော်လေး ပူပင်သောက ရောက်နေကြသည်။ ကျွန်ုပ်သည်လည်း ထိုကိစ္စအတွက် နေ့စဉ်အချိန်နှင့်အမျှ စိတ်မကောင်းဖြစ်နေမိ၏။ မြန်မြန်ပြန်လာစေချင်တော့၏။ ယတြာအနေနှင့် တစ်နည်းမဟုတ် တစ်နည်း ပြုလုပ်ပေးချင်မိ၏။ သို့သော် စဉ်းစားစရာ တစ်ခု ရှိနေသည်မှာ အားလုံးသော သူများသည် မြန်မာပြည်မှာ မဟုတ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ရောက်ရှိနေကြ၏။ နိုင်ငံခြားတိုင်းပြည် ဆိုသည်မှာ ယတြာ လုပ်ရသည်မှာ ခက်ခဲလေ၏။

သို့သော် ကျွန်ုပ်၏ မူရင်းစိတ်အမှန်ကို ပြောရပါမူ ထွက်သွားသော သူတို့၏ ဘ၀အဖော်များကို အမြန်ဆုံး ပြန်လာစေချင်လွန်းလှတော့၏။ အခါတိုင်း နှစ်ယောက်အတူ နေထိုင်ခဲ့သော အိမ်လေးတစ်လုံးတွင် အခုတော့ တစ်ယောက်တည်း အထီးကျန်စွာ ရှင်သန်နေရ၏။ မည်မျှလောက် ချောက်သွေ့နေလေမလဲ။ အခါတိုင်းတွင် စကားသံများ၊ စတဲ့ နောက်တဲ့ အသံများနှင့် လွင့်ပျံ့နေသော ဤအခန်းလေးထဲတွင် မည်မျှလောက် တိတ်ဆိတ်နေမည်လဲ။

အခါတိုင်း စားအတူသွားအတူ လာအတူနှင့် ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းလာခဲ့ရာမှ ရုတ်တရက် ကောက်ကာငင်ကာ ဆိုသလို တစ်ယောက်သောသူက အိမ်ကနေ ထွက်ခွါသွားခဲ့သည်.။ ကျန်နေခဲ့သော သူသည် မည်မျှလောက် လွမ်းဆွေးနေမည်နည်း။ ကျွန်ုပ်သည် ထိုအကြောင်းများကို တစ်ယောက်တည်း ညဘက်တွင် ထိုင်၍ မအိပ်နိုင်ပဲ စဉ်းစားနေခဲ့၏။ ကျန်နေခဲ့သော ကာယကံရှင်များ၏ စိတ်တွင်းသို့ ၀င်ရောက်ကာ ခံစားမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ စိတ်နှလုံးသည် ချက်ချင်းဆိုသလို နွမ်းလျသွားရတော့၏။ ညှိုးနွမ်းသွားတော့၏။

ထွက်သွားသောသူဘက်ကို ကြည့်လျှင်လည်း သူသည် ထွက်သွားရမည့် အကြောင်းတစ်စုံတစ်ရာ မရှိပါပဲလျှက်တော့ အိမ်ကနေ ထွက်ခွါသွားမည် မဟုတ်။ အိမ်ကနေ ထွက်ခွါသွား၇လောက်အောင် အကြောင်းတစ်စုံတစ်ရာ ရှိနေသောကြောင့်သာ သူသည် အိမ်ကနေ ထွက်ခွါသွားခြင်း ဖြစ်လိမ့်မည်။ သို့သော် အိမ်တွင် ကျန်နေခဲ့သော သူသည်၎င်း အိမ်ကနေ ထွက်ခွါ သွားသူသည်၎င်း ထိုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ဝေးကွာနေယုံမျှဖြင့် နှစ်ဦးကြားက ပြဿနာသည် ပြေလည်သွားမည် မထင်။ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး၍ အပြန်အလှန် နားလည်ကာ ခွင့်လွှတ်ကာ၊ သာယာသော မနက်ဖြန်များအတွက် ရှေ့ဆက်ကြခြင်းသည်သာလျှင် အကောင်းဆုံး အစစ်မှန်ဆုံး နည်းလမ်းများပင် ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်ကြပါစေဟုလည်း ဆုတောင်းလိုက်ပါ၏။

ထို့ကြောင့် ကျွန်ုပ်သည် မည်သည့်နိုင်ငံတွင် မဆို လုပ်ရလွယ်ကူသော ထွက်သွားသူ ပြန်လာစေသော အောက်ဖော်ပြပါ ယတြာနည်းကို ထပ်မံ၍ ဖော်ပြပေးလိုက်ရပါသည်။ အဆင်ပြေကြပါစေဟုသာ တိုးတိတ်ငြင်သာစွာ တစ်ယောက်တည်း ဆုတောင်းပေးလိုက်ပါသတည်း။

တနင်္ဂနွေသားသမီး အိမ်အမြန်ပြန်လာစေရန်....
ကြာသပတေးနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း မြောက်အရပ်ကို မျက်နှာမူကာ သောကြာနံအစားအစာ အစ်ခုခုကို (ဥပမာ-သီးသီး၊ သစ်တော်သီးစသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

တနင်္လာသားသမီး အိမ်အမြန်ပြန်လာစေရန်....
သောကြာနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်တောင် အရပ်ကို မျက်နှာမူကာ စနေနံအစားအစာ တစ်ခုခုကို (ဥပမာ-နွားနို့၊ ထန်းလျှက်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

အင်္ဂါသားသမီး အိမ်အမြန်ပြန်လာစေရန်....
စနေနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အရှေ့မြောက်အရပ်ကို မျက်နှာမူကာ တနင်္ဂနွေနံ အစားအစာ တစ်ခုခုကို (ဥပမာ-အုန်းသီး- အုန်းရည်စသည်) စားရင်း ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

ဗုဒ္ဓဟူးသားသမီး အိမ်အမြန်ပြန်လာစေရန်....
တနင်္ဂနွေနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အရှေ့ အရပ်ကို မျက်နှာမူကာ တနင်္လာနံအစားအစာ တစ်ခုခုကို (ဥပမာ-ကြံ၊ ၊ ကော်ဖီ၊ ကိတ်မုန့် စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

ကြာသပတေးသားသမီး အိမ်အမြန်ပြန်လာစေရန်....
တနင်္လာနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်တောင် အရပ်ကို မျက်နှာမူကာ အင်္ဂါနံအစားအစာ တစ်ခုခုကို (ဥပမာ-ဇီးသီး၊ ဇီးယိုစသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

သောကြာသားသမီး အိမ်အမြန်ပြန်လာစေရန်....
အင်္ဂါနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း တောင်အရပ်ကို မျက်နှာမူကာ ဗုဒ္ဓဟူးနံ အစားအစာ တစ်ခုခုကို (ဥပမာ-လဘက် ၊ လဘက်ရည်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

စနေသားသမီး အိမ်အမြန်ပြန်လာစေရန်....
ဗုဒ္ဓဟူးနေ့တွင် နံက်(၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်အရပ်ကို မျက်နှာမူကာ ကြာသပတေးနံ အစားအစာ တစ်ခုခုကို (ဥပမာ- ပေါင်မုန့်- ပဲပြုတ်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

နှစ်ဘက်မိဘ - အလိုကျ

ကျွန်တော်က မြန်မာပြည်သား ပီသစွာနဲ့ ကိုရိးယားကားတွေကို တော်တော်လေး နှစ်သက်စွဲလန်းပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်။ တစ်ချို့တွေကတော့ ကိုရီးယားကားတွေကို ကြိုက်တာကို မကောင်းမြင် အဖြစ်ပြောကြပါတယ်။ ဘယ်သူတွေ ဘယ်လို ပြောပြော ကျွန်တော်ကတော့ ကြိုက်မြဲ ကြည့်မြဲ နျစ်သက်မြဲပါ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်တို့ ကော့သောင်းမှာ ပတ်စပို့ သွား ရိုက်ဖြစ်တယ်။ ပြန်လာတော့ ကျွန်တော် ဘာတွေ ၀ယ်လာဖြစ်တယ် ထင်လဲ။ ကိုရီးယား မြန်မာစာတမ်းထိုး ဇာတ်လမ်းတွေ တော်တော်များများ ၀ယ်လာဖြစ်ပါတယ်။ ဒီဗီဒီအခွေတွေပါ။ မှတ်မှတ်ရရ အနှိုင်းမဲ့ သစ္စာရှင်တို့၊ ဂျူမုံတို့၊ နတ်သမီးနဲ့ လူလိမ်တို့၊ သမားတော်တို့ တော်တော်လေးများပါတယ်။

အခုနောက်ပိုင်းကျတော့ အွန်းလိုင်းမှာ ကြည့်ဖြစ်တယ်။ ဒီဆိုက်လေးကတော့ ကျွန်တော် သွားနေကျ ဆိုက်ကလေးပါ။ အဲဒီဆိုက်မှာ ကျွန်တော်အရမ်းကြိုက်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ တော်တော်လေး များပါတယ်။ ကျွန်တော် အရမ်းကြိုက်မိတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။ အိုင်းရစ်ပါ။ တောင်မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ ထောက်လှမ်းရေးကားပါ။ တော်တော်လေးလည်း ကြည့်ယူလိုက်ရတယ်။ တော်တော်လေးလည်း ကောင်းပါတယ်။

ဟိုတစ်နေ့ကတော့ King of baking (ကိုရီးယား မြန်မာစာတန်းထိုး) ဆိုတဲ့ မြန်မာစာတမ်းထိုး ဇာတ်ကားလေးတစ်ပုဒ်ကို အေးအေးဆေးဆေး ကြည့်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အရမ်းကောင်းတယ်။ အောင်မြင်အောင် ကြိုးစားကြတဲ့ လူငယ်တွေ အကြောင်းပါ။ လမ်းမှန်ကနေ ကြိုးစားတဲ့ လူငယ်နဲ့ လမ်းမှားကနေ ဖြတ်လန်းနည်းနဲ့ ကြိုးစားတဲ့ လူငယ်တစ်ယောက်အကြောင်း နောက်ဆုံးမှာ လမ်းမှန်နဲ့ အေးအေးဆေးအေး ကြိုးစားခြင်းသည်သာ မှန်ကန်တဲ့ အောင်မြင်မှု့တစ်ခု ဖြစ်စေနိုင်တယ်ဆိုတာကို တင်ပြပေးထားတယ်။ ဒါပေမယ့် ဇာတ်သိမ်းလေးကလည်း မဆိုးပါဘူး။ အားလုံးပြန်ပြီး ပြုပြင်နိုင်ကြတယ်။ အဲဒီလို အဆုံးသတ်ပေးလိုက်တယ်။ ဇာတ်သိမ်းလေးကို ကြည့်လိုက်ပြီး ရင်ထဲမှာ ပြည့်စုံသွားတယ်။ ဟာတာတာရသတော့ မခံစားလိုက်ရပါဘူး။

အဲဒီဇာတ်လမ်းထဲမှာ ဒုတိယမင်းသားရဲ့အမေက သိပ်ပြိး မာန်မာနကြီးတာ။ သူက သူ့သားကိုလည်း အရမ်း အောင်မြင်စေချင်တာ။ ဒါကြောင့် သူ့ရဲ့ သားကို တော် ရုံတန်ရုံ ဘယ်မိန်းကလေးနဲ့မှ သဘောမတူဘူး။ သူ့သားရဲ့ ချစ်သူ ကောင်မလေးကို နည်းလမ်းပေါင်းစုံနဲ့ ဖျက်တယ်။ ပညာပေးတယ်။ မောင်းထုပ်တယ်။ ဇာတ်လမ်းလေးကို ကြည့်နေရင်း အဲဒီမိန်းမကြီးကို တစိမ့်စိမ့်ကြည့်ရင်း ကျွန်တော့်ဆီကို ရောက်လာတဲ့ မေးလ်တစ်ဆောင်ကို သွားပြီး သတိယမိတယ်။.....

ဆရာရှင့်.....

သမီးနံမည် နီနီအောင်လို့ခေါ်ပါတယ် ...
သမီးချစ်သူ ကောင်လေးက မြင့်ကျော်အောင်ပါ။
နှစ်ယောက်လုံးက ဗုဒ္ဓဘာသာ မြန်မာလူမျိုးပါဆရာ။
သမီးတို့နောက်နှစ်ထဲမှာလက်ထပ်ဖို့လုပ်ထားတာပါ။
နှစ်ဖက်မိဘတွေကိုဖွင့်ပြောတဲ့အချိန်မှာ သမီးအမေဘက်က ခါးခါးသီးသီး ငြင်းဆန်နေပါတယ်ဆရာ။
တော်တော်ကို ပြဿနာရှာနေတာပါဆရာ။
သမီးတို့ နှစ်ယောက် လက်ထပ်ဖြစ်မလား။ ဘယ်တော့လက်ထပ်ရင်ကောင်းမလဲဆိုတာနဲ့။
အမေ သဘောတူအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆရာကူညီပေးပါ။
အားကိုးတကြီးနဲ့ အကူအညီတောင်းတာပါဆရာ။

အင်း ... အဲဒီစာလေးကို ဖတ်ကြည့်ပြီး နှစ်ဘက်မိဘ သဘောကျအောင် ယတြာတစ်ခု တင်ပေးလိုက်ပါတယ်။

နှစ်ဘက်မိဘ သဘောကျစေသောယတြာ

နှစ်ဘက်သော မိဘများကို တိုင်ကပ်နာရီတစ်လုံးစီ ၀ယ်ပြီး လက်ဆောင်ပေးလိုက်ပါ။ နောက်တစ်ခုကတော့ ၀သုနြေ္ဒနတ်မင်းကို တနင်္လာနေ့ နံက် (၉း၀၀) ထိုးကနေ စပြီး (၉) ရက်ဆက်တိုက် ဖယောင်းတိုင် (၉)တိုင် နှင့် အမွှေးတိုင်း (၉)တိုင် လှူပြီး နှစ်ဘက်မိဘ သဘောကျကြည်ဖြူအောင် ဆုတောင်းပေးလိုက်ပါ။

မိမိပြောစကားဆိုစကားနားထောင်အောင်..

ဒီယတြာကို အစတုန်းကတော့ မိမိတို့၏ သားသမီးကို ဆုံးမလွယ်ကူစေအောင် ဆောင်ရွက်တဲ့ ယတြာနည်းစနစ် တစ်ခုပ်။ နောက်ပိုင်း ဗေဒင်ဆရာဘ၀ အတွေ့အကြုံများအရ ကိုယ်စကားပြော အောင်မြင်စေချင်တဲ့ ကိစ္စတော်တော်များများကို အသုံးပြုကြည့်တော့ အောင်မြင်တာကို တွေ့ရတယ်။ ဒါကြောင့် အားလုံးအတွက် ပြန်လည် တင်ပြပေးလိုက်တာပါ။ ဒါပေမယ့် ဒီနေရာမှာ ကိုယ်ပြောတဲ့ စကားတွေဟာ တစ်ဘက်လူ အကျိုးယုတ်စေမယ့် စကားတွေတော့ မဖြစ်ရဘူးပေါ့နော်။

ကောင်းသောစကား ၊ လိမ္မာစေမယ့်စကား ၊ အောင်မြင်စေမယ့် စကားမျိုးဆိုရင် ကောင်းတာပေါ့။ ကိုယ်က စကားတစ်ခွန်း ပြောလိုက်လို့ တစ်ဘက်လူက ဆိုးနေရာကနေ ကောင်းသွားမယ်။ လိမ္မာသွားမယ်၊ တော်လာမယ်၊ ကြိုးစားလာမယ်ဆိုရင် ကိုယ်အပင်ပန်းခံပြီး ပြောရတာ အကျိုးရှိတာပေါ့နော။ ကိုယ်ကတော့ တတွတ်တွတ် ပြောနေမယ်။ တစ်ဘက်လူကတော့ ခွေးမြီးကောက်ကို ကျဉ်တောက်စွတ်သလို ပြန်မပြော နားမထောင်ဆိုရင် ပြောတဲ့လူအတွက်က ပိုပြီးတော့တောင် ဒေါသထွက်လာဦးမယ်။ ဒါကြောင့် ကိုယ့်သားသမီး ၊ ကိုယ့်ညီကိုမောင်နှမ၊ မိသားစုတွေ ကိုယ်ပြောတဲ့ စကားကို နားမထောင်ဘူး၊ နားမ၀င်ဘူး၊ ပြန်မပြော နားမထောင်လုပ်နေတယ်ဆိုရင် အခုပြောတဲ့ ယတြာနည်းအတိုင်း ဆောင်ရွက်ကြည့်လိုက်ပါ။

အောက်မှာ နေ့သားအလိုက် ဖော်ပြပေးလိုက်ရပါတယ်။ စမ်းကြည့်ကြပါကုန်....

  • တနင်္ဂနွေသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် မေမြို့ပန်း (သို့) ပျဉ်းမညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ သကြားလုံးစားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • တနင်္လာသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် သပြေပန်း (သို့) သဇင် (သို့) သစ်ခွပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ နွားနို့သောက်ရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • အင်္ဂါသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် နှင်းဆီပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ အာလူးကျော်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • ဗုဒ္ဓဟူးသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် အုန်းညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ကိတ်မုန့်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • ကြာသပတေးသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် ကံ့ကော်(သို့) ခရေညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ဇီးသီးစားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။
  • သောကြာသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် စံပယ်ပန်းကို ပန်ဆင်ကာ (သို့) ဆောင်ကာ လဘက်ရည်သောက်ရင်း (သို့) လဘက်စားရင်း ဆုံးမပါ။ပြောဆိုပါ။ တိုင်ပင်ပါ။
  • စနေသားသမီးများကို ပြောစကားဆိုစကားအောင်မြင်စေရန် မိမိစကား နားဝင်စေရန်အတွက် ရွက်လှပန်း (သို့) ၀ါးညွန့်ကို ပန်ဆင်ကာ (သို့) ဆောင်ကာ ပေါင်မုန့်စားရင်း ဆုံးမပါ။ ပြောဆိုပါ။ တိုင်ပင်ပါ။

မေးလ်ကနေ ပို့တင်ဖို့ စမ်းကြည့်တာပါ။

လုလင်တစ်ဦးအတွေးပုံရိပ်ဆိုက်ကနေ ကူးယူပြီး ဒီပို့လေးကိုလည်း မေးလ်ကနေ စမ်းတင်ကြည့်လိုက်တာပါ။

ဒီနည်း ကလေးကတော့ လွယ်လည်း လွယ်ပါတယ် ... blog တစ်ခုကို တည်ပြီးတော့ နောက်ထပ် blog ရေး ဖို့ အတွက် blogger ကို ပိတ်ထားတယ် ဆိုရင် တော်တော် အသုံးဝင်ပါတယ် ... ဒါမှ မဟုတ် ကိုယ် က ပိုစ့် တစ်ခုကို တင်ချင်တယ် ဒါပေမယ့် blogger မှာဝင်ပြီးတော့ တကူး မက မတင်ချင်တော့ဘူး .. တစ်ခါထဲ ကိုယ့် ရဲ့ မေးလ် ထဲကနေပြီးတော့ တင်လိုက်မယ် ဆိုရင်လည်း အဆင်ပြေသွားပါတယ် ... လုပ်ရမယ့် အချက်တွေ ကလည်း မများပါဘူး .... ကဲ စလုပ်ကြည့်လိုက်ရအောင် ....

၁ ။ blogger ကို ၀င်လိုက်ပါ ။
၂ ။ ၀င်ပြီးပြီဆိုရင် settings ဆိုတာကလေးကို နှိပ်လိုက်ပါ ...
၃ ။ နှိပ်ပြီသွားပြီဆိုရင်တော့ settings ထဲက tabs ကလေးတွေ ထဲမှာ Emails&mobile ဆိုတာကလေးကို
နှိပ်လိုက်ပါ ....
၎ ။ နှိပ်ပြီးသွားပြီဆိုရင်တော့ Posting Options ဆိုတာရဲ့ အောက်က Email Posting Address ဆိုတာကလေးမှာ ဘေးမှာ အကွက်ကလေး တွေ့ရမှာပါ ..
၅ ။ အဲဒီ့ အကွက်ကလေးထဲမှာ secret word ကို ရိုက်ရပါ့မယ် ... အနည်းဆုံး ၄ လုံးထည့်ရပါ့မယ် ... အဲဒီ့ ဂဏန်း ကလေးကို မှတ်ထားပါ ... ကိုယ် ဖြည့်လိုက်ပြီဆိုရင်တော့ .. ( ဥပမာ mglhulin.3424@blogger.com ) ဆိုပြီးတော့ ဖြစ်သွားပါ့မယ် ...
၆ ။ အောက်က သုံးခုမှာတော့ Publish emails immediately ဆိုတာကလေးကို ရွေး ထားလိုက် ပါ .

ပြီးရင်တော့ save ထားလိုက်ပါ . အခု ကျွန်တော် တို့ တော်တော်များများ သုံးနေကျ ဖြစ်တဲ့ ဂျီမေးလ် ကနေပြီးတော့ ပိုစ့် တင်ကြည့်ရအောင်ပါ.....

ဂျီမေးလ် မှာ မေးလ် ပို့ဖို့ အတွက် လုပ်လိုက်ပါ... ပြီးရင် ပို့မဲ့ လိပ်စာမှာ စောစော က ဖြည့်ခဲ့ တဲ့ address ကလေးကို ထည့်လိုက်ပါ ... ( mglhulin.3424@blogger.com ) ဆိုတာလေးမျိုးပါ ... ထည့်ပြီးသွားရင်
ပိုစ့် ခေါင်းစဉ်အတွက် ကတော့ subject မှာ ရေးလိုက်ပါ ...
ပြီးရင် စာကိုယ် ကတော့ body ထဲမှာ ရေးလိုက်ပါ .. ပြီးရင် send ပေးလိုက် တော့ ... အိုကေမှာ စိုပြေပဲ ...
ကိုယ် တင်လိုက်တဲ့ ပိုစ့် ကလေး ကိုယ့် blog ထဲကို ရောက်သွားပါပြီ .... အဆင်မပြေ တာကလေးတွေ ရှိခဲ့  ရင်လည်း မန့် ခဲ့ ပါဦးခင်ဗျာ .......ကျေးဇူးတင်ပါတယ် ....
လုလင်တစ်ဦးအတွေးပုံရိပ်ဆိုက်ကနေ ကူးယူပြီး ဒီပို့လေးကိုလည်း မေးလ်ကနေ စမ်းတင်ကြည့်လိုက်တာပါ။ ရတယ်ဗျ.. အဆင်ပြေတယ်။ မြန်မာပြည်က မိတ်ဆွေတွေအတွက် တော်တော် အဆင်ပြေတယ်။

တကယ်ချစ်လို့လား၊ အပျော်တွဲမှာလားတဲ့...

ဒါကတော့ ကျွန်တော် ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ မောင်နှမအရင်းအချာ တစ်ယောက်လိုခင်တဲ့ ပညာတူမောင်နှမတစ်ယောက်က မေးလ်ပို့ပေးလိုက်တာပါ။ အဲဒါလေးကို ပြန်တင်ပေးလိုက်ပါတယ်။

လူတစ်ယောက်က ကိုယ့်ကို ချစ်ခွင့်ပန်လာပြီဆို ဒီလူ ငါ့ကိုတကယ်ချစ်လို့လား၊ အပျော်တွဲမှာလား၊ စဉ်းစားပေးရင်ကောင်းမလား၊ ပြန်ချစ်သင့်လား၊ ပြန်မချစ်သင့်ဘူးလား၊ သူကဘယ်လိုလူမျိုးလဲ စသဖြင့် မိန်းကလေးတိုင်း တွေဝေတက်ကြပါတယ်။ ချစ်မိလို့ ရွေးခြယ်မိပြီဆိုလဲ ဒီလူငါ့ကို တကယ်မှ ချစ်ရဲ့လား။ ငါချစ်သလောက်ပြန်ချစ်ရဲ့လား စတဲ့အတွေးလေးတွေနဲ့ ရတက်မအေးတက်ကြပါဘူး။ ဒီအတွက် ပျိုမေက ကူညီပြီးဒီဗေဒင်လေးကို ကောက်နုတ်တင်ပြလိုက်တယ်နော်။အလွယ်လေးပါပဲ။ ပထမအဆင့်အနေနဲ့ ကိုယ့်ကို ချစ်စကားပြောလာတဲ့သူရဲ့ နာမည်ကိုဗျည်းတစ်ခုစီရဲ့ နေ့နံဂဏန်းပြောင်းလိုက်ပါ။
နေ့နံ ဂဏန်းကို တော့သိမယ်ထင်တယ်နော်။

ဥပမာ - အောင် ဆိုရင် (အ) တနင်္ဂနွေ၊ ဂဏန်းက 1 ပေါ့။ မင်းဆိုရင် (မ)ကြာသပတေး ၊ ဂဏန်းက 5 ပေါ့။ ထွန်းဆိုရင် (ထ) စနေ၊ ဂဏန်းက 7 ပေါ့ လွယ်ပါတယ်။ နေ့တိုင်းအတိတ်စိမ်းတွေနဲ့ ဂဏန်းတွက်နေကြပဲဟာ ပျိုမေသိတာပေါ့ :P။ အဲဒီအတိုင်း နာမည် တစ်လုံးချင်းစီကို ဂဏန်းဖြစ်အောင် ပြောင်းပြီး ကိန်းဂဏန်းတခုတည်းဖြစ်အောင်ပေါင်းလိုက်ပါ။
ဥပမာ - ကျော်မျိုးမြင့် ဆိုပါတော့၊

(တခုတော့ သတိထားပါ ။ရှေ့က ဦး/ ကို / မောင် ဆိုတာတွေကို ထည့်မတွက် ပါဘူး။)
= ကျော် + မျိုး + မြင့်
= 2 + 5 + 5
= 12 ရပါတယ်။

ပြီးရင် ဒုတိယအဆင့် လာပြီ။ အဲဒါက ကိုယ်ရောက်နေတဲ့ အသက် နဲ့ မိမိမွေးနံဂဏန်းကို ပေါင်းရမှာပါ။
မှတ်ချက်။ (ဒီနေရာမှာ တခုသတိထားရမှာက အဖြေပေးဖို့စဉ်းစားနေတဲ့သူများအတွက်သာ ခုလက်ရှိအသက်ကို ယူရမှာဖြစ်ပြီးချစ်သူရှိပြီးသူများကတော့ အဖြေပေးခဲ့တဲ့ အချိန်က အသက်နဲ့ တွက်ရမှာနော်…သဘောမပေါက်ဘူးဆိုရင်တော့ လက်ရှိအသက်ထဲက ချစ်သူသက်တမ်းကို
နှုတ်လိုက် ရတဲ့ အဖြေကို ယူလိုက်ပေါ့ …:D) ဥပမာ ပြောပြီနော်.
လက်ရှိအသက်က…………29 (28 ပြည့်ပြီးရင် 29 လို့ယူမယ်နော်…ရောက်နေတဲ့
အသက်လို့ပြောထားတာကိုး) မိမိရဲ့မွေးနံက တနင်္ဂနွေဆိုတော့………1
အဲဒီတော့ …………..29 + 1 =30 ရပါတယ်။ နားလည်မယ်ထင်ပါတယ်။

တတိယအဆင့်ကတော့
ပထမအဆင့်ကရတဲ့ အဖြေနဲ့ ဒုတိယအဆင့်က ရတဲ့အဖြေကို ပေါင်းပေးရမှာဖြစ်ပါတယ်။
ပထမအဆင့် အဖြေက …..12
ဒုတိယအဆင့် အဖြေက…30 နှစ်ခုပေါင်းတော့ 42 ရတယ်။ ရလာတဲ့ အဖြေကို 7 နဲ့စားပါ။ ကျန်တဲ့ (အကြွင်း)ကို မှတ်ပြီး အောက်ပါအဖြေများကို
ရပါလိမ့်မယ်ရှင်

အကြွင်း (1) ဆိုရင်တော့ သူတကယ်ပြောတာပါ။ ချစ်တာကတော့အမှန်ပါ၊ ဒါပေမဲ့ လက်ထပ်ဖို့တော့ မတွေးသေးဘူး။ လက်ထပ်မယ်လို့ပြောလာရင်လည်း အပေါ်ယံလေးပါ၊ လက်ထပ်နိုင်လောက်အောင် အခြေအနေမပေးသေးပါဘူး။ မဖြေရှင်းနိုင်တဲ့ မိသားစု အသိုင်းအ၀ိုင်းကြားကနေ ရင်ဆိုင်ပြီး ချစ်နေရတာပါ။ ချစ်သူဘ၀နဲ့တွဲသွားတွဲလာ အဖေါ်အဖြစ်တော့ ကောင်းပေမဲ့ အိမ်ထောင်ဖက်တော့ဖြစ်မလာနိုင်ပါဘူး။ ချစ်တိုင်းလည်း မညားတဲ့စကားလိုပါပဲ။

အကြွင်း(2) ဆိုရင်တော့ တကယ်ကောင်းတာပဲ။ သူ့အချစ်က စံတင်လောက်တယ်နော်။ သူတကယ်ကိုချစ်နေတာပါ။ သနားဖို့ကောင်းတဲ့လူပေါ့။ သူ့မေတ္တာ၊ သူ့သစ္စာ၊ သူ့ဘ၀ တစ်ခုလုံးကို ပုံအောပြီးချစ်နေတာပါ။ ပြန်ချစ်ဖို့ အသင့်တော်ဆုံးလူပေါ့။ ကိုယ်ကို တကယ်ချစ်၊ တကယ်လက်ထပ်မှာဆိုပေမဲ့ ကိုယ်က ပြန်မချစ်ရင်လည်း နောက်ဆုတ်ပေးဖို့အသင့်ပါ။ အနှောင့်အယှက်မပေးပါဘူး။ အဲ့လောက်ကို မြတ်မြတ်နိုးနိုးချစ်တာနော်။

အကြွင်း(3) ဆိုရင်တော့ ဒဿမင်းပါပဲ၊ အတော်မျက်နှာများတဲ့သူပေါ့။ ကိုယ့်ကိုသဘောကျလို့ တွဲချင်တာပါ။ အလေးအနက်မထားပါဘူး။ လက်ထပ်ဖို့နေနေသာသာ ရေရှည်ချစ်ပ့ါမလားတောင်မသိဘူးနော်။ ကိုယ်က လက်ခံပြီးရင် သူကနောက်တစ်ယောက်တွဲမယ်။ ပစ်ထားလိုက် ပြန်လာလိုက်နဲ့ ချစ်တမ်းကစားမဲ့သူပဲ၊ အသည်းကွဲတာ ခံနိုင်ရေ ရှိမှ စဉ်းစားနော်။ မစဉ်းစားတာအကောင်းဆုံးပါ။ သူငယ်ချင်းအဆင့်မှာပဲ ထားလိုက်ပါ။

အကြွင်း(4) ဆိုရင်တော့ အတည်ပြောတာပါ။ တကယ်ချစ်တာပါ။ ချစ်သူအတွက်ဆိုဓါးတောင်ကို ကျော်ရမလား၊ မီးပင်လယ်ကိုဖြတ်ရမလား ရင်ဆိုင်ဖို့အသင့်၊ အဲလိုသဲသဲလှုပ်ချစ်တာပေါ့နော်။သူက စကားနည်းတယ်။ ဒီစကားလေးတစ်ခွန်းပြောဖို့ကိုတော်တော်အချိန်ယူပြီး ပြောရတာပါ။ ကိုယ့်ကို တင့်တောင်းတင့်တယ် လက်ထပ်မဲ့သူပါ။ တစ်သက်လုံး မြတ်မြတ်နိုးနိုးနဲ့ ကိုယ်လက်ကို တွဲထားမဲ့သူပါ။ စဉ်းစားပေးလိုက်ပါနော်။

အကြွင်း(5) ဆိုရင်တော့ ချစ်ခွင့်ပန်ပြီး သူပဲမဟုတ်သလို။ သူကိုယ်သူတောင် ပြောမိလားမပြောမိလား သူကိုယ်တိုင်တောင်မမှတ်မိတဲ့ သူမျိုးပါ ချစ်လိုက်မချစ်လိုက်၊ သတိရလိုက်မရလိုက် လူမျိုးပေါ့။ ချစ်ခွင့်ပန်ပြီးအဖြေတောင် တောင်းမသွားတဲ့သူမျိုးလေ။ သူ့မှာ အချစ်ကောရှိရဲ့လား၊ အသည်းနှလုံးကောပါရဲ့လားလို့ ပြန်မေးရမဲ့သဘောရှိတယ်။ ချစ်မိလို့ လက်ခံလိုက်တယ်ဆိုရင်တော့ လက်ထပ်ဖို့ကို အချိန်ယူပြီး စဉ်းစားဖို့အကြံလေးပေးပါရစေ။

အကြွင်း(6) ဆိုရင်တော့ ကောင်းပါတယ်။ ကိုယ့်အပြင် နောက်ထပ်မရှိတဲ့။ သူ့မေတ္တာက အမှန်ပါ။ အတိတ်က ဇာတ်လမ်းတွေရှိခဲ့ရင်လည်းကိုယ်နဲ့တွေပြီးနောက်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ တွဲတဲ့လက်မြဲအောင်ကြိုးစားမှာပါ။ မတူညီတဲ့ အသိုင်းအ၀ိုင်း အတားအဆီးတွေကြားကနေ ချစ်တဲ့သူပါ။ တကယ်ချစ်၊ တကယ်အလိုလိုက်မဲ့ အချစ်စစ်ပိုင်ရှင်ပါ။ ရေရှည် တည်မြဲတဲ့အချစ်ပါ။ True Love နော် မယုံမရှိနဲ့။

အကြွင်း(0) ဆိုရင်တော့ NO လို့သာ ပြောလိုက်ပါ။ သူ့အချစ်နဲ့ ကိုယ်အချစ်မတန်ပါဘူး။ မရှင်းမရှင်းနဲ့ အရှုတ်ထုတ်တွေကြား ကိုယ်ပါ ဗျာများနေရမယ်။သူ့ကိုယ်များကြိုက်မိလို့ကတော့ Tissueနဲ့မျက်ရည်သုတ်ရလိမ့်မယ်။ပညာသားပါပါ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့တောင်မတွဲမိစေနဲ့၊ လက်ထပ်ဖို့လည်းမကောင်း၊ မယူပြန်ရင်လည်း လိုက်နှောင့်ယှက်မဲ့သူမျိုးနော်။ ငြင်းမယ်ဆိုတောင် အလိမ္မာလေးနဲ့ငြင်းပါ။ ပြန်အရှက်ခွဲမဲ့ လူမျိုးမို့သတိလေးထားပါလို့။

ဗေဒင်ဆိုတာကလဲ ဗေဒင်ပေါ့။ ပုံသေကြီးတော့ သတ်မှတ်လို့မရပါဘူး။ ဖူးစာဆိုတာ သတ်မှတ်ပြီးသားပါ။ ကံ ကံ၏ အကျိုးတဲ့။ ကိုယ်က အကောင်းဆုံးကိုမှလိုချင်သလို ကိုယ်ကလည်း ကိုယ့်ချစ်သူအတွက် အကောင်းဆုံးဖြစ်ရဲ့လားလို့ပြန်လည်သုံးသပ်ရင်း……မဖြစ်သေးဘူးဆိုကြိုးစားပါလို့ပျိုမေအကြံပေးချင်တယ်။ ဆရာလုပ်တာမဟုတ်ပါဘူး၊ တခါတရံ ကိုယ်ရဲ့စိတ်၊ကိုယ်ရဲ့လုပ်ရပ်ကြောင့် လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

ချစ်သူကောင်းနဲ့ ဆုံဆည်းနိုင်ကြပါစေလို့ ပျိုမေဆုတောင်းပေးလိုက်ပါတယ်။

စီးပွားပွင့်-လာဘ်ပွင့်စေရန်

ဒီနည်းလေးကတော့ ဈေးဆိုင်များ - ကုမ္ပဏီများ ၊ မင်းသား ၊ မင်းသမီး ၊ အဆိုတော်များ၊ အစရှိသော လူအများနှင့် ပူးတွဲ ပေါင်းစပ် လုပ်ကိုင်ရသော လုပ်ငန်းများအတွက် အထူးပင် သင့်တော်ပါသည်။ လူများစု ထောက်ခံသော လုပ်ငန်းများဆိုလျှင် ပို၍ပင် ကောင်းမွန် ပြုလုပ်သင့်ပါသည်။ ပြီးတော့ လုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။ ငွေကုန်ကြေးကျလည်း အရမ်းမများပါဘူး။ ဒါကြာင့် လုပ်ဖို့ပဲ လိုပါတယ်။

နောက်တစ်ခု ပြောချင်တာက မိမိတို့ ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာခဲ့ရင် ဒါမှမဟုတ် မိမိတို့ လုပ်သော အလုပ်အကိုင် စီးပွားရေးများ မအောင်မမြင် ဖြစ်နေတယ်ဆိုရင် ဒီဆိုက်လေးထဲမှာ တင်ပေးထားတဲ့ ယတြာတွေထဲက တစ်နည်းနည်းလောက်ကို လုပ်ကြည့်စေချင်ပါတယ်။ ဘာမှမလုပ်ပဲနဲ့ ဒုက္ခခံနေမယ်၊ ညည်းငြူနေမယ့်အစား တစ်ခုခု လုပ်ပြီး အခက်အခဲတွေက လွတ်မြောက်အောင် ကြိုးစားစေချင်ပါတယ်။

နောက်တစ်ခုက ယတြာတစ်ခုကို ကိုယ်က ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ကြည့်ပါ။ ပြီးရင် အခြေအနေ တစ်ခုအနေနဲ့ စောင့်ကြည့်ရမယ်။ ကိုယ်ဆောင်ရွက်လိုက်တဲ့ ယတြာက အနည်းဆုံး (၉) ရက်ကနေ (၄၅)ရက်အတွင်း အကျိုးပေးပါတယ်။ (၄၅)ရက် ပြည့်လို့မှ အဆင်မပြေသေးဘူးဆိုရင် နောက်တစ်နည်းနဲ့ ပြောင်းလုပ်ကြည့်ပါ။ အခုတော့ လူတော်တော်များများက ဒီနေ့ ယတြာဆောင်ရွက်တယ်။ နောက်နေ့ မကောင်းဘူးဆိုရင် နောက်ထပ်ယတြာတစ်ခု ထပ်လုပ်တယ်။ အဲလို ဖြစ်နေတယ်။

အခု ကျွန်တော်ပြေပြတဲ့ ယတြာအစီအရင်ကို လုပ်မယ်ဆိုရင် လာဘ်လာဘရွှင်မယ်။ စီးပွားရေးပွင့်လန်းမယ်။ တိုးတက်အောင်မြင်မယ်။ သူတစ်ပါးတို့ရဲ့ အနှောက်အယှက် အတိုက်အခိုက် ကင်းမယ်။ လုပ်ရမှာက မြေအိုးလေးတစ်လုံးနဲ့ ဆောင်ရွက်ရမယ်။ ကျွန်တော်တို့ အတာအိုးလေးဆိုရင် ရပါတယ်။ အဲဒီမြေအိုးလေးထဲ မှာ ကျောက်ရောင်စုံ (၇)မျိုး၊ သံလိုက်တုံးလေးတစ်တုံး၊ ကြေးနီပိုက်ဆံ တစ်ပြားထည့်ရမယ်။ ပြီးရင် နေ့သားအလိုက် အောက်မှာ ဖော်ပြထားတဲ့ နေ့သားအလိုက် ပန်းအိုးထိုးတဲ့ နည်းလေးအတိုင်း ပန်းအိးထိုးရုံပါပဲ။ လွယ်ပါတယ်။ ဒါပေမယ့် ။ လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

.....တနင်္ဂနွေသားသမီးများအတွက်.....
အနောက်တောင်အရက်ကို မျက်နှာ်မူ၍ အုန်းညွန့် (၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....တနင်္လာသားသမီးများအတွက်.....
အနောက်အရပ်ကို မျက်နှာမူ၍ ကံ့ကော်(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....အင်္ဂါသားသမီးများအတွက်.....
အနောက်မြောက်အရပ်ကို မျက်နှာမူ၍ နှင်းဆီ (၁)ပွင့် ။ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....ဗုဒ္ဒဟူးသားသမီးများအတွက်.....
မြောက်အရပ်ကို မျက်နှာမူ၍ ရွက်လှ(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....ရာဟုသားသမီးများအတွက်.....
အရှေ့တော်အရပ်ကို မျက်နှာမူ၍ ခရေ(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....ကြာသပတေးသားသမီးများအတွက်.....
အရှေ့အရပ်ကို မျက်နှာမူ၍ ပိန်းပန်း(၁)ပွင့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....သောကြာသားသမီးများအတွက်.....
တောင်အရပ်ကို မျက်နှာမူ၍ သီဟိုဠ်(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....စနေသားသမီးများအတွက်.....
အရှ့မြောက်အရပ်ကို မျက်နှာမူ၍ ဒန်း(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

ကလေးသူငယ်များအတွက် ခမည်းပေးသည်ဆိုရာဝယ်...

ခမည်းပေးသည် ဆိုသောဝေါဟာရသည် မြို့ကြီးပြကြီးတွင် နည်းပါးလွန်းသော်လည်း ကျေးလက်ဒေသတွင်မူ ယနေ့တိုင်အောင် ခေတ်စားသော လူသိများသော အကြောင်းအရာ တစ်ခုပင် ဖြစ်လေ၏။ ကလေးများ နေထိုင်မကောင်း ဖြစ်သောအခါတွင်ဖြစ်စေ တငိုငိုနှင့် တအီအီ ဖြစ်နေသောအခါများတွင် ဖြစ်စေ ညဘက်တွင် တညလုံး မအိပ်ပဲ လန့်လန့်နေသော အခါများတွင်ဖြစ်စေ ကလေး၏ မိဘများသည် ထိုကလေးအား ကျန်းမာရေး ကောင်းဖို့ရန်အတွက် ဆရာတော်သံဃာတော်များ၊ သက်ကြီးရွယ်ကြီး ပုဂ္ဂိုလ်များ၊ သီလသမာဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များထံတွင် ချဉ်းကပ်၍ ရောင်းချ၍ ကလေး၏ ကျန်းမာရေး ကောင်းရန် ဆောင်ရွက်တတ်ကြသည်။

ထိုအယူအဆသည် ယနေ့မျက်မှောက်ခေတ်အထိ လူကြီးသူမများ အသုံးပြုလေ့ရှိ၏။ ထိုအယူအဆနှင့် ပူးတွဲ၍ ခမည်းပေးသည်ဆိုသော ဝေါဟာရသည် တည်ရျိနေလေသည်။

ယခုအခါတွင် ကျွန်ုပ်သည် မြန်မာ့ရိုးရာ ရှေ့ရိုးအယူအဆ တစ်ခုဖြစ်သော ခမည်းပေးခြင်းနှင့် ပါတ်သက်သော အကြောင်းအရာတစ်ခုကို တင်ပြချင်ပါတယ်။

ကလေး၏ မြန်မာမွေးသက္ကရာဇ်ကိုတည်ပါ။ မွေးနံဂြိုလ်သက်နှင့် ပေါင်းပါ။ (၇)နှင့်စားပါ။ ရရှိသော အကြွင်းအလိုက် ကလေးအား ခခမည်းပေးခြင်းပင် ဖြစ်လေ၏။

ထိုနေရာ၌ မွေးနံဂြိုဟ်သက်ကိုမူ ပုံသေအတိုင်းမှတ်ထားအပ်လေ၏။

တနင်္ဂနွေ-(၈)
တနင်္လာ-(၁၅)
အင်္ဂါ-(၈)
ဗုဒ္ဓဟူး-(၁၇)
ရာဟု-(၁၂)
ကြာသပတေး-(၁၉)
သောကြာ-(၂၁)
စနေ-(၁၀)

ဥပမာအားဖြင့် ၁၃၇၂-ခုနှစ် မွေးဖွားသော တနင်္လာသားသမီး ကလေးတစ်ဦးကို နမူနာ တွက်ကြည်ကြပါစို့...

မွေးသက္ကရာဇ် ၁၃၃၇+တနင်္လာနေ့မွေးနံဂြိုဟ်သက် ၁၅ ၊ ပေါင်းလိုက်ပါက ၁၃၅၂ ရပါတယ်။ ရရှိထားသော ၁၃၅၂-ကို (၇)နှင့်စား၍ ရရှိလာသော အကြွင်းအတိုင်း ကလေးကို ခမည်းပေးရပါမည်။

အကြွင်း (၁) ရသော်....
ဖခင်ဖြစ်သူက ကလေးအား အနီရောင်အ၀တ်အစား ၀တ်စားဆင်ယင်ပေးရမည်။

အကြွင်း (၂) ရသော်....
ဖခင်ဖြစ်သူက ကလေးအား အစိမ်းရောင် အ၀တ်အစား ခမည်းပေးရမည်။

အကြွင်း (၃) ရသော်....
အကိုဖြစ်သူမှ အနီရောင်အ၀တ်အစားအား ခမည်းပေးရမည်။

အကြွင်း (၄) ရသော်....
ကိုးကွယ်သော ရဟန်းသံဃာတစ်ပါးမှ အဖြူရောင် အ၀တ်အစားကို ခမဲပေးရမည်။

အကြွင်း (၅)ရသော်....
ဘထွေးတော်စပ်သူမှ ရွှေဝါရောင်အ၀တ်အစားကို ခမည်းအဖြစ်ပေးရမည်။

အကြွင်း (၆) ရသော်....
ဦးလေးဖြစ်သူမှ အဖြူရောင် အ၀တ်အစားကို ၀တ်ဆင်ပေးရမည်။

အကြွင်း (၀) ရသော်.....
အဘိုးအဘွာ တော်စပ်သူမှ အနက်ရောင် အ၀တ်အစားကို ခမည်းအဖြစ်ပေးရမည်။

ထို့နောက် ခမည်းပေးရာ၌ အချိန်ကာလ နှင့် ထိုနေ့တွင် လှူဒါန်းရမည့် အလှူဒါနကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားသေး၏။

တနင်္ဂနွေနေ့ ............ နံက် ၉း၀၀ မှ ၁၀း၃၀..........ကြံရည်
တနင်္လာနေ့ ..............နံက် ၉း၀၀ မှ ၁၀း၃၀.........ဆိပ်သာဟင်း
အင်္ဂါနေ့....................နေ့ ၁၂း၀၀ မှ ၁း၃၀............ရွှေသင်္ကန်း
ဗုဒ္ဓဟူးနေ့.................နံက် ၉း၀၀ မှ ၁၀း၃၀..........ပေါင်မုန့်
ရာဟု...................... နေ့ ၁၂း၀၀ မှ ၁း၃၀...........ရွှေထီး
ကြာသပတေးနေ့...... နံက် ၉း၀၀ မှ ၁၀း၃၀.........သစ်သီး
သောကြာနေ့.... ...... ညနေ ၃း၀၀ မှ ၄း၃၀.........ရွှေသင်္ကန်း
စနေနေ့...................နံက် ၉း၀၀ မှ ၁၀း၃၀ ........ပဋ္ဌာန်းရေအိုး

ကလေးနေ့သားအလိုက် သက်ဆိုင်ရာ အလှူဒါနများကိုလည်း ကလေး၏အမည်ဖြင့် လှူရမည်။ ဘုရားစေတီး ကျောင်းကန်များတွင် လှူဒါန်းနိုင်ပါသည်။ ထိုကဲ့သို့ ကလေးအား ခမည်းပေးခြင်းဖြင့် မိမိတို့၏ သားသမီး ရင်သွေးရတနြာ့ဖစ်သူသည် အန္တရာယ်ကင်းစေခြင်း၊ ကျန်းမာရေး ကောင်းစေခြင့်၊ စိတ်ရွှင်လန်းစေခြင်း ဖြစ်စေပါကြောင်း စေတနာကောင်းဖြင့် တင်ပြပေးလိုက်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော..
ဟိန်းတင့်ဇော်

ကျွန်ုပ်နှင့် ထူးဆန်းသော ရှေ့ဟောင်း ဗေဒင်ကျမ်းပုရပိုက်

တစ်ခုသောလ၌ ကျွန်ုပ်သည် မြန်မာနိုင်ငံ၏ နယ်စပ်မြို့ကလေး တစ်မြို့သို့ အလွန်သိချင်နေသော ကိစ္စတစ်ခု၏ သဲလွန်စကို ရသဖြင့် ခရီးထွက်ခဲ့လေ၏။ ထိုသဲလွန်စမှာ နယ်စပ်မြို့ရှိ တောရကျောင်း တစ်ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးထံတွင် လွန်စွာရှေ့ကျ၍ လွန်စွာမှလည်း တန်ဖိုးရှိသော ရှားပါးသော ရှေ့ပုရပိုက်မူ ဗေဒင်ကျမ်းတစ်ကျမ်း ရှိသည်ဟူ၍ သဲလွန်စ ရရှိလေသောကြောင့် ထိုခရီးအား ထွက်ခွါလာခဲ့ခြင်း ဖြစ်လေ၏။ ထိုပုရပိုက်သည် နှစ်ပေါင်းအားဖြင့် (၁၀၀) ကျော် ပြီးဖြစ်လေ၏။

ထိုနယ်စပ်မြို့ကလေးသို့ ရောက်ရှိနေစဉ်တွင် ကျွန်ုပ်နှင့် သိကျွမ်းခင်မင်သော ကိုပုနှင့် မတင်လှဟု အမည်ရသောသူတို့၏ အိမ်တွင် ခွင့်တောင်း၍ တည်းခိုရလေ၏။ ထိုနေ့ညတွင် ကျွန်ုပ်သည် ထိုမြို့ကလေးသို့ ရောက်ရှိကာစဖြစ်သောကြောင့် ဘာမျှ မယ်မယ်ရရ မစုံစမ်းသေးဘဲ မြို့လယ်ဘုရားကြီးဘေးရှိ မဘဲဥ မြန်မာထမင်းဆိုင်တွင် ထမင်းစားရလေ၏။

နောက်တစ်နေ့ မနက်စောစောတွင် ကျွန်ုပ်သည် စောစီးစွာဖြင့် အိပ်ယာမှထကာ ရေချိုး၍ ကိုယ်လက်သန့်စင်ကာ ဘုရားရှိခိုး၏။ မြတ်ဘုရားအား အလင်းတိုင် အမွှေးတိုင်များကို ပူဇော်၏။ ဆရာသခင်အားလည်း အမွှေးတိုင်များဖြင့် ပူဇော်ကာ ရှေ့ဟောင်းပုရပိုက်နောက်သို့ လိုက်နေသော ဤခရီးစဉ်သည် ချောမောပါစေသတည်း။ အောင်မြင်ပါစေသတည်းဟု ဆုတောင်း အဓိဋ္ဌာန်မိလေ၏။

ထို့နောက် ကျွန်ုပ်သည် ဘုရားဝတ်ပြုသော ၀တ်စုံကို ချွတ်၍ အ၀တ်တန်းတွင် အင်္ကျီချိပ်ဖြင့် ချိတ်ကာ ကျွန်ုပ်၏ ခရီးဆောင်အိပ်အတွင်းမှ ဂျင်းဘောင်းဘီတစ်ထည်ကို လှဲယ် ၀တ်ဆင်၏။ ထိုပနောက် အပေါ်အင်္ကျီကိုမူ ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်ကို ၀တ်ဆင်၏။ ထို့နောက် ကျွန်ုပ်၏ ခ၇ီးဆောင် ကျောပိုးအိပ် သေးသေးလေးအတွင်း၌ ပုတီး ၊ တားရော့၊ နှင့် ကင်မရာ၊ လက်ပတော့ကွန်ပြူတာ အစရှိသော ကျွန်ုပ်၏ အသုံးအဆောင် ပစ္စည်းများကို ထည့်ရလေ၏။ ထို့နောက် ကျွန်ုပ်၏ ပိုက်ဆံအိပ်ကို တစ်ချက်မျှ စစ်ဆေး၍ ဘောင်းဘီအိပ်ထဲကို ထိုးထည့်ရင်း ကျောပိုးအိပ်ကို ကျောတွင်ပိုး၍ အိမ်ရှင် ကိုပုနှင့် မတင်လှကိ နှုတ်ဆက်ကာ ထွက်လာခဲ့လေ၏။

ကျွန်ုပ်သည် ကိုပုတို့ အိမ်မှ ထွက်လာကာ လမ်းထိပ်လဘက်ရည်ဆိုင်သို့ ခေတ္တ ၀င်ထိုင်ကာ လဘက်ရည်တစ်ခွက်ကို မှာယူရင်း လွတ်နေသော စားပွဲတစ်လုံးတွင် ၀င်ထိုင်ကာ ပတ်ဝန်းကျင်သို့ အကဲခတ် ကြည့်ရင်း မသိမသာ အကဲခတ်နေမိ၏။ လဘက်ရည်ဆိုင်တွင်း၇ှိ လူအများစုသည် မနေ့က ထွက်သွားသော နှလုံးဂဏန်း အကြောင်းကို ပြန်လည်၍ ဟောင်ဖွာဟောင်ဖွာနှင့် ပြောဆိုနေကြလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နံဘေးလဘက်ရည်ဝိုင်းတွင် ဆိုင်ကယ်တက္ကစီ အင်္ကျီ ၀တ်ထားသော လူသုံးယောက်တို့၏ စကားဝိုင်းကို ကျွန်ုပ်သည် နားစွန့်ကြည့်လိုက်၏။

ထိုသူသုံးယောကထဲတွင် ဗလကောင်းကောင်း ဆိုင်ကယ်တက္ကစီသမား ပြောနေသာ အသံကို အောက်ပါအတိုင်း ကြားလိုက်ရလေ၏။ မနေ့တုန်းက ငါသွား၇တဲ့ ခရီးကတော့ တော်တော်လေးကြမ်းတယ်။ တောတွေကို ဖြတ်၇တယ်။ တောင်တွေကို ကျော်ရတယ်။ ရေချောင်းလေးတွေကိုလည်း ဖြတ်ခဲ့ရတယ်။ လမ်းမှာ ဆိုင်ကယ်မောင်းလို့ မရလို့ ဆင်းတွန်းရတဲ့ နေရာတွေလည်း ရှိတယ်။ ဒါတောင် လမ်းတစ်ဝက်မှာ လမ်းက ဆုံးသွားလို့ တောင်ပေါ်ရောက်အောင် လမ်းဆင်းလျှောက်ပြီး ကုန်းပေါ်ရောက်အောင် လိုက်ပို့ပေးလိုက်ရတယ်။

ထိုအခါ အခြားတက္ကစီသမားတစ်ဦးက မင်းကို ဘယ်သူက ခေါ်သွားတာလဲ။ နောက်ပြီး အဲဒီလမ်းက ဘယ်ဘက်မှာ ရှိတာလဲဟု မေးလိုက်လေရာ ထိုဗလကောင်းကာင်း လူက... ငါ့ကို ခေါ်သွားတာ လူမဟုတ်ဘူးကွ။ ဘုန်းတော်ကြီးတစ်ပါးပဲ။ အဲဒီ ဘုန်းတော်ကြီးက တောင်ပေါ်မှာ တစ်ပါးတည်း သီတင်းသုံးနေတာကွ။ ငါဒီမှာနေနေတာ ငါ့တစ်သက် အဲဒီဘက်မှာ လမ်းရှိတယ်လို့တောင် မကြားမိဘူး။ လမ်းလို့သာ ပြောလိုက်၇တာပါကွာ အမှန်က လမ်း မဟုတ်ပါဘူး။ တောထဲက တစ်ယောက်သွား လူသွားလမ်းလေးပါ။ ဒါကလည်း လမ်းတစ်ဝက်ကိုပဲ ရောက်တာပါ။ ကျန်တဲ့ (၇)မိုင်လောက် ခရီးကို လမ်းဆက်လျှောက်ရတာဟု ထိုဆိုင်ကယ်သမားက ပြောပြလေ၏။

ထို့နောက် ထိုဆိုင်ကယ်သမားက ဆက်လက်၍ အဲဒီဘုန်းတော်ကြီးက ကြည့်လိုက်ရင် အရိုးပေါ် အရည်တင်နေတာ။ အသားပိုဆိုလို့ နည်းနည်းလေးတောင် မရှိဘူး။ ထူးဆန်းတာက အဲဒီဘုန်းတော်ကြီးဆီ ကျောင်းကို ရောက်ပြိးတဲ့နောက် ဘုန်းကြီးဆီက ဆိုင်ကယ်ခတောင် လုံးဝ မလိုချင်တော့ဘူး။ လှူချင်စိတ်တန်းချင်စိတ်တွေ တဖွားဖွားပေါ်လာလို့ ဆိုင်ကယ်ခတောင် လုံးဝမတောင်းတော့ဘူး။ လှူလိုက်တယ်။

နောက်တစ်ခု ရှိသေးတယ်။ အဲဒီတောင်က အပေါ်ကို ရောက်ကာနီးလေ ပိုမတ်လေပဲ။ တောင်ပေါ်မှာ အုပ်ခဲတွေ သဲတွေ ပုံထားတာတွေ့တယ်။ အဲဒါ ဆရာတော်ကို ဒါတွေက ဘာလုပ်ဖို့လည်း ဘုရား နောက်ပြီး ဒီလောက်မြင့်တဲ့ တောင်ပေါ်ကို ဘယ်သူတွေ ဘယ်သူတွေ လာပို့ထားတာလဲဘုရားလို့ ငါက လျှောက်တော့
ဆရာတော်က ဘုရားတည်မလို့၊ ငါကိုယ်တိုင် နည်းနည်းချင်း ထမ်းတင်ထားတာလို့ ခပ်တိုးတိုး ဖြေတယ်။

အဲဒီမှာ ငါလည်း အရမ်း အံ့သြသွားတယ်။ အဲဒါနဲ့ ဆရာတော်ဘုရား ဘာအလိုရှိလဲ ဘုရားလို့ ငါက လျှောက်တော့ ဒကာတဲ့ ငါ ဘုန်းကြီး သူတောင်းစား မဟုတ်ဘူးတဲ့။ ငါ့မှာကွာ ဘုန်းကြီးက အဲလိုပြောလိုက်တာကို စိတ်မဆိုးမယ့်အပြင် အဲဒီဘုန်းကြီးကို ကြည်ညိုလွန်းလို့ ထိုင်ပြီး ဦးချလိုက်မိတာ ဘယ်နှစ်ကြိမ်မှန်းတောင် မမှတ်မိဘူးဟု ပြောလိုက်သံကို ကြားလိုက်မိလေ၏။

ကျွန်ုပ်လည်း ထိုဆိုင်ကယ်သမားပြောလိုက်သော အသံကို ကြားလိုက်မိသောခန၌ ကျွန်ုပ်၏ စိတ်၌ မည်သို့ ဖြစ်သည်မသိ။ ထိုတောင်နျင့် ထိုဘုန်းတော်ကြီးကို လွန်စွာ စိတ်ဝင်စားမိလေတော့၏။ ထို့နောက် ထိုဆရာတော်အား သွားရောက်ဖူးမြင်လိုသော စိတ်များလည်း တဖွားဖွားပေါ်ပေါက်လာသောကြောင့် ကျွန်ုပ်သည် ထို ဆိုင်ကယ်သမားများဝိုင်းသို့ ကူးသွားကာ ဆိုင်ကယ်သမားအား အောက်ပါအတိုင်း ပြောဆိုလိုက်လေတော့၏။

ဒီမှာ မိတ်ဆွေကြီး ကျွန်တော် အဲဒီ ဘုန်းတော်ကြီးကျောင်းကို သွားချင်တယ်။ ဆိုင်ကယ်ခကတော့ မိတ်ဆွေကြီး ကြိုက်သလောက်ယူနိုင်ပါတယ်။ လိုက်ပို့နိုင်မလားဟု ပြောလိုက်လေရာ ထိုဆိုင်ကယ်သမားသည် ကျွ။န်ုပ်အား အံ့သြသော မျက်လုံးဖြင့် ကြည့်လိုက်ပြီးလျှင် ဒီမှာ မောင်ရင် မင်းအဲဒီ ဘုန်းတော်ကြီးကျောင်းကို သွားချင်ရင်တော့ သွားပါ။ လိုက်ပို့ပေးပါ့မယ်။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူးဟု ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ပ်လည်း လွန်စွာ ၀မ်းသာသွားသောကြောင့် ထိုသူများ၏ လဘက်ရည်ဖိုးကျသင့်ငွေကို စားပွဲထိုးလေးအား ခေါ်၍ ရှင်းပေးလိုက်လေတော့သတည်း။

ရှားပါးသော နှစ်ပေါင်းတစ်ရာကျော် ပုရပိုက်၏ ပထမဦဆုံး စာမျက်နှာအား ဓာတ်ပုံရိုက်၍ ယူလာခဲ့စဉ်...

ဒုတိယပိုင်းအား အလျဉ်းသင့်သလို ဆက်လက်ရေးသားသွားပါမည်....

အားမတန်ပေမယ့် မာန်မလျှော့စေချင်.....

ကျွန်ုပ်သည် သိတတ်စအရွယ်မှစ၍ ယနေ့ထိတိုင်အောင် ရက်ပေါင်းများစွာ ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ လောကကြီးထဲတွင် တစ်ယောက်တည်း အားကိုးရာမဲ့ဘ၀ဖြင့် ကျင်လည်ဖြတ်သန်းခဲ့ဘူး၏။ လောကကြီး၏ အတွေ့အထိများစွာသည် ရသစုံလင်လှသည်ဟု ပြောဆိုကြလင့်ကစား ကျွန်ုပ်၏ ဘ၀တွင်မူ ခါးသီးသော အတွေ့အကြုံသည်သာ များလှပေ၏။ ထို့အကြောင်းများကို ကျွန်ုပ်သည် ပြန်လည်၍ တွေးလည်မတွေးချင်။ ပြန်လည်၍ တသသ အမှတ်ရစရာ ကောင်းလောက်အောင်လည်း မချိုမြိန်လှပေ။

များသောအားဖြင့် ကျွန်ုပ်၏ ငယ်ဘ၀သည် လွန်စွာကြမ်းတမ်း၍ လွန်စွာမှလည်း ဆင်းရဲလှ၏။ မိဘရင်ခွင်တွင် နေထိုင်ရမည့် အချိန်ကာလတစ်ခုတွင် ကျွန်ုပ်သည် မိဘများအိမ်မှ စောစီးစွာ ထွက်ခွါလာရပြီ ဖြစ်၏။ အသက်အားဖြင့် ၁၂-ဆိုသော အရွယ်တွင်ပင် အိမ်မှ ထွက်ခွါလာရပေ၏။ ဘ၀မျိုးစုံ အရောင်အသွေးမျိုးစုံ တို့ဖြင့် လူ့လောကကြီးတွင် ခက်ခဲပင်ပန်းစွာ ရှင်သန်နိုင်အောင် ကြိုးစားခဲ့ရပေသည်။ ထမင်းနပ်မှန်အောင် စားနိုင်ဖို့နှင့် ရန်ကုန်မြို့တွင် နေစရာကျောတနေရာစာ ရရှိဖို့အတွက် မိမိ၏ မာန်မာနအားလုံးကို စတေးခဲ့ရလေ၏။ မကြာခနဆိုသလို ကျွန်ုပ်သည် လွန်စွာ ၀မ်းနည်းခဲ့ရသလို လွန်စွာမှလည်း နာကျင်ခဲ့ရလေ၏။

မကြာခနဆိုသလို ကျွန်ုပ်၏ဘ၀တွင် တွေ့ကြုံရသော အခက်အခဲတစ်ခုမှာ အနိုင်ကျင့်ခံရခြင်းပင် ဖြစ်လေ၏။ ကိုယ့်ထက် ရာထူးဖြစ်စေ. အာဏာဖြစ်စေ ..အသပြာဖြစ်စေ မြင့်မားသောသူတစ်ချို့သည် ကျွန်ုပ်အား အနိုင်ကျင့်တတ်ကြ၏။ ထိုသို့ အနိုင်ကျင့်သည်ကိုလည်း ကျွန်ုပ်သည် မိမိအား အနိုင်ကျင့်နေမှန်း သိသိကြီးနှင့်ပင် ခေါင်းငုံ့ခံခဲ့ရသော အခြေအနေများစွာ အဖြစ်အပျက်များစွာ ရှိခဲ့၏။

ကျွန်ုပ်ကို အနိုင်ကျင့်သည် ဆိုသည်ကို သိပင်သိလင့်ကစား ခေါင်းငုံ့ခံခဲ့ရလေ၏။ မိမိဘက်တွင် နောက်ခံ background-ဟူသည်မှာ သေးစားထားသော ထရံအစုပ် တစ်ချပ်တောင် မရှိဖြစ်ခဲ့ရ၏။ ထို့ကြောင့် နောက်ခံ background မရှိသောကြောင့် ကျွန်ုပ်သည် မိမိအား အနိုင်ကျင့်သည်ကို အနိုင်ကျင့်မှန်း သိသိကြီးနှင့်ပင် ငြိမ်ခံခဲ့ရလေသည်။ မှားနေမှန်း သိသိကြီးနှင့်ပင် ပြန်လည်၍ မပြောဆိုရဲခဲ့ပဲ ကြိတ်မှိတ် မြိုသိပ်နေခဲ့ရလေ၏။ ရေငုံနှုတ်ပိတ် နေခဲ့ရလေ၏။ တစ်ခါတစ်လေတွင်မူ အမှန်တရားကို ဖုံးကွယ်၍ လိမ်ညာခဲ့ရလေ၏။

ထို့ကြောင့် ကျွန်ုပ်၏ စိတ်တွင် လက်စားချေလိုသော စိတ်ဓာတ်များသည် အစဉ်သဖြင့် ကိန်းအောင်နေလေ့ရှိ၏။ လက်စားချေလိုစိတ် ၇ှိပင်ရှိလင့်လင့်ကစား လက်စားမချေရဲခဲ့ပေ။ ကျွန်ုပ်၏ ဘ၀အား ပျက်စီးအောင် ပြုသောသူ၏ ဘ၀ကို ကျွန်ုပ်သည် ပြန်လည်၍ ဖျက်စီးပစ်ချင်၏။ ကျွန်ုပ်အား နာကျင်အောင်ပြုလုပ်သော သူအား ပြန်လည်၍ နာကျင်အောင် ပြုလုပ်ပစ်လိုက်ချင်၏။ ကျွန်ုပ်အား ရက်စက်စွာ အနိုင်ကျင့်ခဲ့သူကို ကျွန်ုပ်သည် ပြန်လည်၍ ရက်စက်ပစ်လိုက်ချင်၏။ သို့သော် ကျွန်ုပ်သည် တစ်ခါဘူးမျှ ပြန်လည်၍ လက်တုန့်ပြန်ခွင့် မရခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ကျွန်ုပ်ဘက်က မားမားမတ်မတ် ရပ်တည်ပေးမည့် background မရှိသောကြောင့်ပင် ဖြစ်လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် God Father ဇတ်လမ်းများကို ကြည့်၍ လွန်စွာနှစ်သက်စွဲလန်း ခဲ့ရ၏။ လွန်စွာမှလည်း ရူးသွတ်ခဲ့ရ၏။ ထိုဇာတ်လမ်းများသည်လည်း လွန်စွာမှ စိတ်ဝင်စားစရာ ကောင်းလှသကဲ့သို့ လွန်စွာမှလည်း လက်ခုပ်လက်ဝါးတီး၍ အားပေးချင်လောက်အောင်ပင် ကျွန်ုပ်၏ စိတ်မှ ကြိုက်နှစ်သက်ခဲ့လေ၏။

ယခုအခါ ကျွန်ုပ်သည် ဗေဒင်ပညာရပ်ဖြင့် အသက်မွေးသော ဗေဒင်ဆရာတစ်ဦးဖြစ်နေ၏။ ဗေဒင်ဆရာ ဘ၀တွင် အသက် ၂၄-နှစ်တွင် ဆရာကြီးမင်းသိင်္ခထံသို့ ရောက်ရှိခဲ့၍ အသက် ၂၉-နှစ်အထိ နေထိုင်ပညာသင်ကြားခဲ့၏။ အသက် (၂၉)တွင် မ၇မ်းတလင်း အယူတော်မင်္ဂလာခြံမှ ထွက်ခွါပြီးနောက် အပြင်လောကတွင် တစ်မြို့ဝင် တစ်မြို့ထွက် ကျင်လည်ရင်း မိမိတတ်သော ဗေဒင်ပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်အောင် ကြိုးစားအားထုပ်ရလေ၏။ ရပ်တည်နိုင်အောင် အးထုပ်ရလေ၏။ စိတ်ညစ်စရာများ၊ စိတ်ဓာတ်ကျစရာများနှင့် ကြုံတွေ့ရလေတိုင်း ဆရာသခင် အဘမင်းသိင်္ခ၏ စကားများကို ပြန်လည်ကြားယောင်ရင်း ကိုယ့်ကိုကို အားတင်းကား ခရီးးဆက်ခဲ့ရလေ၏။

ထိုနေ့ရက်များတွင်လည်း ကျွန်ုပ်နှင့်တွေ့ကြုံရသော လူများထဲတွင် တစ်ချို့လူတို့သည် သူတို့၏ ပါဝါ အာဏာများကို အသုံးပြု၍ ကျွန်ုပ်အား အနိုင်ကျင့်ဖို့ ကြိုးစားကြလေတော့၏။ ထိုအခါများတွင် ကျွန်ုပ်သည် အရေးကြုံလျှင် သက်လုံကောင်းသည် ဆိုသကဲ့သို့ အရင်တုန်းကလို ငြိမ်မခံနေတော့ပေ။ မိမိအား အနိုင်ကျင့် စော်ကားနေမှန်း သိသိကြီးနှင့်ပင် ခေါင်းငုံခံမနေတော့ပေ။

ဦးချိုရှိသော သတ္တ၀ါသည် ဦးချိုကို အားကိုးသကဲ့သို့ ကျွန်ုပ်သည်လည်း ကျွန်ုပ်တတ်ကျွမ်းသော ဗေဒင်ပညာရပ်ဖြင့် လက်တုန့်ပြန်လေ့ရှိ၏။ ထိုသူတို့သည် ကျွန်ုပ်၏ အကြောင်းကို တစ်နည်းတစ်ဖုံဖြင့် သိသွားကြ၏။ ထို့ကြောင့် ကျွန်ုပ်အား သူတို့သည် နောင်သောအခါတွင် အလွယ်တကူ မစော်ကားရဲတော့ချေ။ တစ်ချို့ဆိုလျှင် လာ၍ပင် တောင်းပန်ကြသည် အထိရှိလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် များစွာ စိတ်ပျော်ရွှင်ရလေတော့၏။

ထို့ကြောင့် ကျွန်ုပ်ကဲ့သို့ သူတစ်ပါးတို့၏ အကြောင်းမဲ့ စော်ကားအနိုင်ကျင့်ခြင်းကို အလိုမရှိကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများ အတွက် ဤဓာတ်ရိုက်ဓာတ်ဆင် ပညာရပ်ကို မချွင်းမချန် ပြန်လည် ဖော်ပြပေးလိုက်ရပေသတည်း။ မိမိ၏မိသားစု ၊ အသက် ၊အိုးအိမ် ၊ စီးစိမ်တို့ကို အကြောင်းမဲ့ စော်ကားမော်ကား အနိုင်ကျင့်လို့ကတော့ ဒီနည်းအတိုင်းသာ လုပ်ကြည့်လိုက်စမ်းပါ။ ကိုယ့်ဘက်က မှန်နေလို့ကတော့ သင့်ကို စော်ကား အနိုင်ကျင့်တဲ့လူ ဘာဖြစ်သွားမယ်ဆိုတာ စဉ်းစားနေစရာ မလိုပါဘူးလို့။

တနင်္ဂနွေသားသမီးတစ်ဦးဦးက စော်ကားအနိုင်ကျင့်လာပါက သီဟိုဠ်သားဖြင့် ပူးရုပ်ထုပါ။ တောင်အရပ်တွင် မြေမြှုပ်ပါ။ ထိုအရုပ် မြှုပ်ထားသော မြေပုံအား တနင်္ဂနွေသားသမီးတစ်ဦးဦးကို ၀ါးဖြင့် (၁၇)ချက် ရိုက်ခိုင်းပါ။ နေ့တိုင်း ကိစ္စမအောင်မမြင်မချင်း ရိုက်ပါ။ မိမိဖြစ်စေချင်တာကို ပြော၍ ရိုက်ခိုင်းပါ။

တနင်္လာသားသမီးတစ်ဦးဦးက စော်ကားအနိုင်ကျင့် လုပ်လာပါက ထိန်သားဖြင့် နဂါးရုပ်ထုပါ။ အနောက်တောင်အရပ်တွင် မြေမြှုပ်ပါ။ ထိုအရုပ် မြှုပ်ထားသော မြေပုံအား တနင်္လာသားသမီးတစ်ဦးဦးကို ထန်းလက်ဖြင့် (၁၀) ချက် ရိုက်ခိုင်းပါ။ နေ့တိုင်း ကိစ္စမအောင်မမြင်မချင်း ရိုက်ပါ။ မိမိဖြစ်စေချင်တာကို ပြော၍ ရိုက်ခိုင်းပါ။

အင်္ဂါသားသမီးတစ်ဦးဦးက စော်ကားအနိုင်ကျင့် လုပ်လာပါက အင်သားဖြင့် ဂဠုန်ရုပ်ထုပါ။ အနောက်အရပ်တွင် မြေမြှုပ်ပါ။ ထိုအရုပ် မြှုပ်ထားသော မြေပုံအား အင်္ဂါသားသမီးတစ်ဦးဦးကို ပျဉ်းမကိုင်းဖြင့် (၁၉) ချက် ရိုက်ခိုင်းပါ။ နေ့တိုင်း ကိစ္စမအောင်မမြင်မချင်း ရိုက်ပါ။ မိမိဖြစ်စေချင်တာကို ပြော၍ ရိုက်ခိုင်းပါ။

ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးက စော်ကားအနိုင်ကျင့် လုပ်လာပါက ကံ့ကော်သားဖြင့် ကျားရုပ်ထုပါ။ အနောက်မြောက် အရပ်တွင် မြေမြှုပ်ပါ။ ထိုအရုပ် မြှုပ်ထားသော မြေပုံအား ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးကို ၀ါးဖြင့် (၁၇) ချက် ရိုက်ခိုင်းပါ။ နေ့တိုင်း ကိစ္စမအောင်မမြင်မချင်း ရိုက်ပါ။ မိမိဖြစ်စေချင်တာကို ပြော၍ ရိုက်ခိုင်းပါ။

ကြာသပတေးသားသမီးတစ်ဦးဦးက စော်ကားအနိုင်ကျင့် လုပ်လာပါက ဇီးသားဖြင့် ခြင်္သေ့ရုပ်ထုပါ။ အရှေ့မြောက်အရပ်တွင် မြေမြှုပ်ပါ။ ထိုအရုပ် မြှုပ်ထားသော မြေပုံအား ကြာသပတေးသားသမီးတစ်ဦးဦးကို အုန်းသားဖြင့် (၆) ချက် ရိုက်ခိုင်းပါ။ နေ့တိုင်း ကိစ္စမအောင်မမြင်မချင်း ရိုက်ပါ။ မိမိဖြစ်စေချင်တာကို ပြော၍ ရိုက်ခိုင်းပါ။

သောကြာသားသမီးတစ်ဦးဦးက စော်ကားအနိုင်ကျင့် လုပ်လာပါက လင်းလွန်းသားဖြင့် ဆင်ရုပ်ထုပါ။ အရှေ့တောင်အရပ်တွင် မြေမြှုပ်ပါ။ ထိုအရုပ် မြှုပ်ထားသော မြေပုံအား သောကြာသားသမီးတစ်ဦးဦးကို ဇီးသားဖြင့် (၈) ချက် ရိုက်ခိုင်းပါ။ နေ့တိုင်း ကိစ္စမအောင်မမြင်မချင်း ရိုက်ခိုင်းပါ။ မိမိဖြစ်စေချင်တာကို ပြော၍ ရိုက်ခိုင်းပါ။

စနေသားသမီးတစ်ဦးဦးက စော်ကားအနိုင်ကျင့် လုပ်လာပါက ပျဉ်းမသားဖြင့် ကြွက်ရုပ်ထုပါ။ မြောက်အရပ်တွင် မြေမြှုပ်ပါ။ ထိုအရုပ် မြှုပ်ထားသော မြေပုံအား စနေသားသမီးတစ်ဦးဦးကို သီဟိုဠ်ဖြင့် (၂၁) ချက် ရိုက်ခိုင်းပါ။ နေ့တိုင်း ကိစ္စမအောင်မမြင်မချင်း ရိုက်ပါ။ မိမိဖြစ်စေချင်တာကို ပြော၍ ရိုက်ခိုင်းပါ။

အကောင်းဆုံးပြောဆိုရမည့်စကားကတော့ (အမည်) အမြစ်ကကျွတ်လဲစေ...လို့ ပြောဆို၍ ရိုက်ပါ။

နိုင်ငံခြားခရီးစသောခရီးကိစ္စ ထစ်ငေါ့ကြန့်ကြာနေသူများ အတွက်

အခုတလော အီးမေးလ်ပို့၍ ဗေဒင်မေးကြသူများ ထဲတွင် အများစုသည် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားသို့ သွားရောက်ကြမည့်သူများ အများစုပါ၏။ အိမ်ထောင်ရေး အချစ်ရေး အဆင်မပြေကြသူများ ပါ၏။ ရက်ပိုင်းအတွင်း အလုပ်တစ်ခု မရရအောင် အလုပ်ရှာနေသူများလည်းပါ၏။

ကျွန်ုပ်လည်း သူတို့အားလုံးအတွက် တားရောပညာ သုံးတန်ပေါ်နိစ်ပညာ မဟာဘုတ်ဗေဒင်ပညာ ၊ နာမက္ခရတိုင် ၊ နောက်ဆုံး နျူမရော်လော်ဂျီ စသော ပညာရပ်များဖြင့် သေသေချာချာ စနစ်တကျ တွက်ချက်၍ ဟောစာတမ်းရေးကာ ပြန်လည်ပေးပို့ ရလေ၏။ ကျွန်ုပ်ရေးသားပေးပို့သော ဟောစာတမ်းများသည် စာမျက်နှာအားဖြင့် ၂၀ -ကျော်ရှိလေရာ အနည်းဆုံး (၅)ရက် အချိန်ယူရလေသည်။

တစ်ချို့ကိစ္စများသည် ယတြာလုပ်ဖို့ အခက်အခဲရှိလေရာ ကျွန်ုပ်မှ စာတိုက်မှ အမြန်ချောပို့နှင့် အင်းဖယောင်းတိုင်များ ၊ အဆောင်များ စီရင်၍ ပေးပို့ရလေ၏။ ထိုသို့ပို့ပေးရာတွင် အမြန်ချောပို့နှင့် ပို့ဆောင်ပေးသည်ဖြစ်ရာ ရက်အားဖြင့် (၅)ရက်မှ(၁၀)ရက်အတွင်း လမ်းတွင် ကြာတတ်လေ၏။ ထိုသို့ စတင်၍ ပို့ဆောင်စဉ်က မရောက်မှာတို့ ၊ လမ်းတွင် ပျက်စီးမှာတို့ကို အနည်းငယ် စိတ်ပူမိသေး၏။

ယခုအခါတွင် ထိုကဲ့သို့ ပို့ဆောင်ပေးသည့် နိုင်ငံပေါင်း တော်တော်များခြင်း အကြိမ်ရည် တော်တော်များများ ပေးပို့မိသည့် နောက်ပိုင်းတွင် အဆင်ပြေချောမောကြောင်းကို တွေ့ရသောကြောင့် အရင်ကလောက် စိတ်မပူမိတော့ပေ။ ကျွန်ုပ်သည် ထိုကဲ့သို့ ယတြာအဆောင်များကို စီရင်၍ ပေးပို့ရာ၌ မည်သူအထံကမျှ ယတြာကြေး အဖြစ် တစ်ပြားတစ်ချပ်မှ မတောင်းဘူးပေ။ သူတို့အထံမှ စာတိုက်ကပို့ပေးသည့် ကုန်ကျစရိတ် အနည်းငယ်နှင့် ယတြာများအဆောင်များ ၊ အင်းဖယောင်းတိုင်များ စီရင်သောအခါတွင် ကုန်ကျသော ကုန်ကျစရိပ်များ အနည်းငယ်ကိုသာ ကျခံစေပါသည်။ ဤကား မှန်ကန်သော စကားပင်ဖြစ်၏။ ဤသစ္စာစကားကြောင့် ကျွန်ုပ်ပေးပို့လိုက်သော ယတြာများ၊ အဆောင်များ အားလုံး အစွမ်းထက်ပါစေသတည်း။

နိုင်ငံခြားခရီးကိစ္စ ထစ်ငေါ့နေသော ကြန့်ကြာနေသော သူများအတွက် အထောက်အကူဖြစ်စေသော အောက်ဖော်ပြပါ ဂါထာသုံးပုဒ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မည်သည့် ခရီးကိစ္စမဆို ထစ်ငေါ့နေခြင်း၊ ကြန့်ကြာနေခြင်း ဖြစ်နေပါက နေ့စဉ်အာစိဏ္ဏကံ ရွတ်ဖတ်ပွားခြင်း ၊ အဓိဋ္ဌာန်ဝင်ပေးခြင်း ၊ ပုတီးအဓိဋ္ဌာန် စိပ်ပေးခြင်း ဆောင်ရွက်ပေးခြင်း စသည်ဖြင့် မိမိတို့၏ ထစ်ငေါ့နေသော ကြန့်ကြာနေခြင်း ခရီးစဉ်များ အမြန်ဆုံး ချောမောနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါကြောင်း........

ခရီးသွားအောင်ကြောင်းအဆောင်ကောင်းဂါထာ

ဘ၀သောတိ ဟဝေဗုဒ္ဓေါ။
တိဏ္ဏောလောကန္တ ဂူဝိဒူ။
ဧတေန သစ္စ ၀ဇ္ဇေန၊
ဂမနံမေ (တေ) သမိဇ္ဈတု။
(တေ-သူတပါးအတွက်)

ယဒိဿန္တိ ဂမော မဂ္ဂေါ။
မောက္ခော အစ္စန္တိကံ သုခံ။
ဧတေန သစ္စ ၀ဇ္ဇေန၊
ဂမနံမေ (တေ) သမိဇ္ဈတု။

သံဃော ဝေ တိဏ္ဏကန္တာရော။
ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စ ၀ဇ္ဇေန၊
ဂမနံမေ (တေ) သမိဇ္ဈတု။

မှတ်ချက်။ အထက်ပါဂါထာတော်များကို အချို့စာအုပ်များ၌ ဆင်ဖြူတောင်ဆရာတော်မှ ချီးမြင့်သည်ဟု ဆို၏။ အချို့ စာအုပ်များတွင် မင်းကွန်းတိပိဋကဓရ ဆရာတော် ဘုရားကြီး၏ အန္တရာယ်မရောက် ခရီးပေါက် ဂါထာတော်ဟု ဖော်ပြထားသည်။ ဘာသာရေးနှင့် ပါတ်သက်၍ ဗဟုသုတ ပြည့်စုံသူများ ပိုမို၍ သိကြလိမ့်မည်ထင်၏။ မည်သို့ပင် ဖြစ်စေ အားလုံးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

န၀ရတ်လက်စွပ်စီရင်နည်း

န၀ရတ်ကိုးပါးဆိုသည်မှာ ကျောက်မျက်ရတနာကိုးမျိုးကို ခေါ်ဆိုပါသည်။ န၀ရတ်ဟူသည် န၀ရတန ဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ န၀ရတ်ကိုးပါး ချယ်ထားသော လက်စွပ်ကို န၀ရတ်လက်စွပ် ဟုခေါ်သည်။ က၀ိလက္ခဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ်အမွန်းတင် ဟုတွေ့ရသည်။ လူတို့သည် န၀ရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိသည်။ ရှေးပဝေဏသီကပင် ကျောက်မျက်များ၏ ထူးခြားသော တန်ခိုးများရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ န၀ရတ်တွင် အပါအ၀င် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုးအာနိသင်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆကြသည်။

ပတ္တမြား ဘုန်တောက်၊ မြ ကျောက် အေးချမ်း

စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ

မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား

ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ

ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်

ကိုးထွေ န၀ရတ် စွမ်းရည်တည်း။

န၀ရတ်လက်စွပ်သည် မြန်မာ လက်ထပ်ထိမ်းမြားခြင်းတွင် ရွှေခွက်(သို့)ငွေခွက်ထဲတွင် န၀ရတ်ကိုးပါး၊ နံသာမျိုး ငါးပါးသွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ် ထိမ်းမြားခြင်းကို ပြုလုပ်လေ့ရှိသည်။

ပတ္တမြား
မြ
စိန်
ကြောင်
နီလာ
သန္တာ
ဥဿဖယား
ဂေါ်မိတ်
ပုလဲ

န၀ရတ်ကိုးပါးမှာ-

1. ပတ္တမြား (Ruby)
2. မြ (Emerald)
3. စိန် (Diamond)
4. ကြောင် (Cats eye)
5. နီလာ (Sapphire)
6. ဂေါ်မိတ် (Zircon)
7. ဥဿဖယား (Topaz)
8. သန္တာ (Coral)
9. ပုလဲ (Pearl) ဖြစ်သည်။

စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုခေါ်သည်။ ကျောက်မျက်အမျိုးပေါင်း ၁၂၀ခန့် ရှိသည့်အနက် စိန်သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။

ယင်းတို့အနက် စိန်၊ ပတ္တမြား၊ မြနှင့် နီလာတို့သည် အဖိုးအတန်ဆုံး ဖြစ်သည်။ နီလာနှင့် ပတ္တမြားသည် ကျောက်မျက်အမာ တစ်မျိုးထည်းပင် ဖြစ်သည်။ အရောင်အသွေးသာ ကွဲပြားသွားသည်။ ပတ္တမြားသည် သွေးကဲ့သို့သော အနီရောင်ရှိပြီး နီလာသည် တောက်ပသော အပြာရောင်ရှိသည်။

ပုလဲနှင့် သန္တာသည် တွင်းထွက်ကျောက်များ မဟုတ်ကြပေ။ ပုလဲကို ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရရှိသည်။ ကြောင်ကို ကြောင်၏ မျက်လုံးနှင့် တူ၍ ကြောင်မျက်ရွဲ ဟုလည်း ခေါ်ကြသည်။ မြတွင်ကြည်လင် စိမ်းမြသော အရောင်ရှိသည်။ သို့သော် စိန်၊ နီလာ၊ ဥဿဖယားတို့လောက် မမာချေ။ ဂေါ်မိတ်သည် ကျောက်သလင်းနှင့် ရော၍ တွေ့ရတတ်သော ကျောက်မျိုးဖြစ်သည်။

မဏိသျှတ္တရ ရတနာကျမ်းလာ န၀ရတ်လက်စွပ်ပြုလုပ်နည်း။

န၀ရတ်လက်စွပ် ပြုလုပ်နည်း၌လည်း ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး မြောက်စားချီးမြင့်ခြင်းကို ခံတော်မူရသော အဂ္ဂမဟာသေနာပတိ ၀န်ရှင်တော် အရာရှိ ယောမြို့စား ဦးဘိုးလှိုင် ပြုစုရေးသားစီရင်တော်မူ သော ဥတုဘောဇနသင်္ဂဟကျမှ်းင့် လောကဟိတရာသီ ကျမ်းတို့တွင်တစ်မျိုး ၊ မဏိသျှတ္တရခေါ် ရတနာကျမ်းတွင် တစ်ဖုံ နှစ်မျိုးကွဲနေသည်ကို တွေ့ရပေသည်။

ဥတုဘောဇနကျမ်းနျင့် လောကဟိတရာသီကျမ်း၌ န၀ရတ်လက်စွတ်ပြုလုပ်နည်းမှာ “ ပတ္တမြား ၊ စိန် ၊ ပုလဲ ၊ သန္တာ၊ ဂေါ်မုတ်၊ နီလာ၊ ကြောင်၊ ဥဿဖယား၊ မြစသည့် ကျောက်မျက်ရတနာ ကိုးပါးကို ပတ္တမြားအလယ် ၊ စိန်အရှေ့ အစဉ်အတိုင်းထား၍ လက်ယျာရစ်လှည့်ပြီးလျှင် လုပ်ရမည်။ ပြီးလျှင် သမ္မာဒေ၀ နတ်အပေါင်းတို့အား ပန်းပေါက်ပေါက်တို့ဖြင့် ပူဇော်ပသပြီးမှ ၀တ်ဆင်သော် ခပ်သိမ်းသော အပြစ်တို့ ကင်းကွာ၍ ၍မင်္ဂလာကျက်သရေ အပေါင်းနှင့် ပြည့်စုံပြိး ကောင်းချီးချမ်းသာ ရအံ့ဟု ဆိုလေသည်။

မဏိသျှတ္တရခေါ် ရတနာကျမ်းတွင် န၀ရတ်လက်စွပ် ပြုလုပ်နည်းမှာ တနင်္ဂနွေဒေါင့်မှာ သန္တာ ၊ အရှေ့တနင်္လာဒေါင့်မှာ စိန်၊ အရှေ့တောင်အင်္ဂါဒေါင့်မှာပုလဲ၊ တောင်ဗုဒ္ဓဟူးထောင့်မှာ ကြောင်၊ အနောက်တောင် စနေထောင့်မှာ ဂေါ်မုတ်၊ အနောက်ကြာသပတေးဒေါင့်မှာ မြ၊ အနောက်မြောက် ရာဟုထောင့်မှာ ဥဿဖယား၊ မြောက် သောကြာထောင်မှာ နီလာ၊ တိမ်တောင်အရပ် (၀ါ) အလယ်ဗဟိုတွင် ကိတ်ဂြိုဟ်အမှတ် ပတ္တမြားကို မြှုတ်၇မည်ဟု ဆိုပေသည်။

ဥတုဘောဇန သင်္ဂဟကျမ်းနှင့် လောကဟိတရာသီကျမ်းလာ န၀ရတ်လက်စွပ် ပြုလုပ်နည်း

န၀ရတ်လက်စွပ်ကို ဆင်မြန်းဝတ်ဆင်သော အခါ၌လည်း ရက်မြတ်ရာဇာ မင်္ဂလာအခါရွေး၍ ရတနာသုံးပါး မိဘဆရာသမား အထက်နတ်မင်းကြီးများ ၊ အထက်ပုဂ္ဂိုလ်များ နှင့် ကိတ်ဂြိုဟ်ပါ ဂြိုဟ်ကြီးကိုးလုံးကို ရှိခိုးပူဇော်ကန်တော့ပြီးမှ မြကို အတွင်းဘက် ၊ စိန်ကို အပြင်ဘက်ထား၍ ၀တ်ဆင်ရမည်။ ရက်ကောင်းရက်မြတ် မင်္ဂလာအခါမှာ ပန်းထိမ်ဆရာထံ အပ်နှံရမည်။ ပန်းထိမ်ဆရာကလည်း ရက်ကောင်းရက်မြတ် မင်္ဂလာအခါရွေး၍ မိမိကိုယ်ကို သန့်စင်အောင်ပြုပြီး ၀တ်ကောင်းစားလှများကို ၀တ်ဆင်ကာ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များကို ကန်တော့ပေး၍ ပြုလုပ်သည်ဟု ဆိုသည်။

လက်စွပ်ပြုလုပ်ရန် စီစဉ်သောအခါ ပိတ်ဖြူ (သို့) သန့်ရှင်းသော နေရာပေါ်တွင် ကျောက်မြက်ကိုးပါးကို ခင်း၍ အစီအစဉ်အတိုင်း ဆီမီးအတိုင်းထားကာဆီမီးဖယောင်းတိုင် တစ်တိုင်ကျစီ ပူဇော်ထားရမည်ဟု မဏိသျှတ္တရ ကျမ်းတွင် ညွန်းဆိုထားပေသည်။

ထို့ပြင် ကျောက်မျက်ကိုးပါးကို ခင်းကျင်းရာ၌လည်း အောက်ပါခံရမည့်ပစ္စည်းများကို ဤသို့ ဖော်ပြထားပြန်သည်။

၁။ ပတ္တမြားအောက်တွင် ကတိုးနှင့် ကြာနီပွင့်ကို အောက်ခံထားရမည်။
၂။ စိန် အောက်တွင် ငွေနှင့် ဇာတိပ္ဖိုလ်ကို ထားရမည်။
၃။ ပုလဲ အောက်တွင် ဖုမ္မသိမ်နှင့် ခရုသင်းမှုန့် အောက်ခံထားရမည်။
၎။ ကြောင် အောက်တွင် ကြက်မောက်နီပွင့် အောက်ခံထားရမည်။
၅။ ဂေါ်မုတ် အောက်တွင် မာလာပွင့်ကို ထားရမည်။
၆။ မြ အောက်တွင် ကတိုးပွင့်နှင့် လေးညှင်းထားရမည်။
၇။ ဥဿဖယား အောက်တွင် ကရမက်နျင့် အကျော်ကို ထားရမည်။
၈။ နီလာအောက်တွင် ပန်းရင်းကိုထားရမည်။
၉။ သန္တာအောက်တွင် ကတိုး ကြာနီပွင့်၊ စန္ဒကူးကို ထားရမည်။

န၀ရတ်လက်စွပ် လုပ်နည်းနှစ်နည်း ရှိသည့်အနက် မဏိသျှတ္တရခေါ် ရတနာကျမ်း လက်စွပ်လုပ်နည်းကိုသာ အများအပြား လုပ်ကိုင် ၀တ်ဆင်နေကြသည်ကို တွေ့ရသည်။

န၀ရတ်လက်စွပ် ၀တ်ဆင်ထားလျှင် မသန့်သောနေရာများကို မကိုင်တွယ်မိစေရန်နျင့် တရော်၊ ကင်ပွန်းနှင့် မကြာခဏ ဆေးကြောပေး၍ အမွေးနံ့သာများ ဖြန်းပေးရန် ဖြစ်သည်။ အမျိုးသမီးများသည် လက်ယျာလက်က ၀တ်ဆင်ရမည်။ အမျိုးသမီးများ ကိုယ်လက်အင်္ဂါမသန့်သော အခါမ၀တ်ဆင်ရန်ကိုလည်း မဏိသျှတ္တရကျမ်းက ညွန်းဆိုထားပေသည်။

ကျောက်မျက်ရတနာ ကိုးပါးစီချယ်ပြုလုပ်ထားသော န၀ရပ်လက်စွပ် ၀တ်ဆင်ထားခြင်းဖြင့် အသက်ရှည်ခြင်း၊ မင်္ဂလာရှိခြင်း၊ ကျက်သရေရှိခြင်း၊ စုန်းပယောဂ ဘေးရန်ကို ဖျက်စီးနိုင်သည့်အပြင် အနုပီယဆေးဖြစ်၍ လူနတ်ချစ်ခင်သည်ဟု ရတနာကျမ်းများတွင် ဖွင့်ဆိုထားပေသည်။

ချစ်စွာသော မိတ်ဆွေများခင်ဗျာ.......

ဂမ္ဘီရဆန်သော ဤန၀ရတ်လက်စွပ် စီးရင်နည်းကို သိသလောက် ကြားဖူးနားဝရှိသလောက် ၊ ဖတ်ဘူးမှတ်ဘူး လေ့လာဖူးသလောက် ပြန်လည် တင်ပြပေးလိုက်ပါတယ်။ ဒီထက်မက တိတိကျကျ ဃဃနန သိလိုကြပါက ရှေ့မီနောက်မီ နီးစပ်ရာ ရွှေပန်းထိမ်ဆရာကြီးများထံတွင် အနီးကပ်လေ့လာကြပါက ပိုမို၍ ပြည့်စုံနိုင်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြပေးလိုက်ပါသည်။ ပိုက်ဆံများ ရှိလာလို့ကတော့ န၀ရတ်လက်စွတ် တစ်ကွင်းလောက် ၀ယ်ဝတ်လိုက်ဦးမယ်ဟူ၍ ကြုံးဝါးရင်း.........

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

သြဇာအာဏာတည်တန့်ခိုင်မြဲစေသောအဆောင်

ကျွန်တော်က ပြီးခဲ့တဲ့ တစ်လလောက်က မြန်မာပြည်ကို ပြန်တုန်း ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်က ပန်းပုဆိုင်တစ်ဆိုင်မှာ ကျွန်တော့်အတွက် အဆောင်တစ်ခု သွားလုပ်ခဲ့တယ်။ အဲဒီအဆောင်ကို ကျွန်တော်က အရမ်းနှစ်သက်တယ်။ အရင်တုန်းကတော့ လုပ်ထားတာ ရှိတယ်။ ဒါပေမယ့် သေးသေးလေးပဲ လုပ်ထားတာ။ အခု ဒီတစ်ခေါက် ပြန်တဲ့အခါကြတော့ အဲဒီအဆောင်ကိုပဲ ခပ်ကြီးကြီးလေး လုပ်ထားချင်တာနဲ့ ရွှေတိဂုံဘုရားကို ၀င်ပြီး လုပ်လိုက်တာ။

ကျွန်တော်က အဲဒီအဆောင်ကို အရမ်းသဘောကျတာနဲ့ အဘမင်းသိင်္ခခြံကို ရောက်စကတည်းက လုပ်ပြီး ဆောင်ထားတာ။ တော်တော်လည်း စွမ်းတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရဆိုရင်တော့ အဖြစ်အပျက်တွေ အများကြီးပဲ။ ထူးခြားတာက ဒီအဆောင်က စကားပြောဆိုတဲ့ ကိစ္စတွေ - တစ်စုံတစ်ယောက်ကို အမိန့်ပေး၇တဲ့ အခြေအနေတွေ- တစ်စုံတစ်ယောက်နဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး လုပ်ရမယ့် ကိစ္စတွေဆိုရင် အရမ်းကောင်းတာ။

ကျွန်တော်နဲ့ ရင်းနှီးတဲ့ ခင်မင်တဲ့ ပါတ်သက်တဲ့ လူတွေတော်တော်များများက ကျွန်တော့်ဆီမှာ အဆောင်တွေ ဘာတွေ တောင်လို့ကတော့ ဘာမှကို မပြောတော့ဘူး။ ဒီအဆောင်ကို လုပ်ပြီးပေးလိုက်တာ။ သူတို့ကလည်း နောက်ပိုင်း ကျွန်တော့်ကို ပြန်ပြောကြပါတယ်။ အစတုန်းကတော့ ဒီအဆောင်ကို ဘယ်လို သုံးရမှန်းမသိဘူးတဲ့။ နောက်ပိုင်းကြတော့ ဟာ အရမ်းမိုက်တာပဲ၊ အရမ်းကောင်းတာပဲ။ သူတို့ ကျွန်တော့်ကို ကျေးဇူးတင်ကြတယ်။ အဲဒီအဆောင်နဲ့ ပါတ်သက်လို့ အဖြစ်အပျက်လေးတစ်ခုလောက် ပြောပြချင်သေးတယ်။

တစ်ခါတုန်းက ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့ နှစ်ပေါင်းများစွာ ကွဲကွာနေကြရာကနေ မထင်မှတ်ပဲ ပြန်တွေ့တယ်။ သူငယ်ချင်းက အိမ်လိုက်လည်ဖို့ ခေါ်တာနဲ့ သူ့အိမ်ကို လိုက်သွားလိုက်မိတယ်။ အဲဒီ ပြန်တွေ့တဲ့ အချိန်မှာ သူငယ်ချင်းက ရန်ကုန်က မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ကျနေတာလေ။ အဲဒါ သူ့အိမ်ကို ရောက်ပြီလည်းဆိုရော သူ့မိန်းမက ဘာမပြောညာမပြောနဲ့ သူ့ကို အော်တော့ ငေါက်တော့တာပဲ။ သူငယ်ချင်းတွေ ရှေ့မှာတောင် ခနလောက် သီးခံမနေဘူး။ အဲဒီ မိန်းမက တော်တော်လေးကို ရင်ရင့်သီးသီး ကြီး ပြောတာ။ ကျွန်တော့် သူငယ်ချင်းကတော့ ဘာမှ ပြန်မပြောဘူး။ ငြိမ်ပြီး ခေါင်းကြီး ငုံနေတယ်။

ကျွန်တော်လည်း ကြာကြာမနေချင်တော့တာနဲ့ ခနပဲနေတယ်။ ထပြီး ပြန်မယ်လုပ်တော့ သူငယ်ချင်းက ကျွန်တော့်ကို မတားပါဘူး။ အေးကွာ ငါလိုက်ပို့ပေးမယ်လို့ ပြောပြီး ကားမှတ်တိုင်ကို ပြန်လိုက်ပို့ပေးတယ်။ လမ်းမှာ ကျွန်တော်က သူငယ်ချင်း၇ယ် မင်း... အဆင်ပြေရဲ့လားလို့ မေးလိုက်တယ်။ ပြေပါတယ်ကွာ ဘာဖြစ်လို့လည်းလို့ သူက ပြန်ပြောရင်းနဲ့ ကျွန်တော့်ကို လှမ်းကြည့်လိုက်တယ်။ သူ အံကြိတ်နေတယ်ဆိုတာ ကျွန်တော့်ကလည်း မြင်ဖြစ်အောင် မြင်လိုက်တယ်။ ဒီကောင့် အိမ်ထောင်ရေးက သိပ်ပြီး အဆင်မပြေဘူး ဆိုတာကို ဒီကောင်မပြောဘဲ ကျွန်တော် သိလိုက်ရတယ်။

မင်း... မိန်းမကလည်းကွာလို့........ ကျွန်တော်က စကားစလိုက်တော့.....သူငယ်ချင်းက....
ငါက ချစ်တာကိုးလို့ ... ခပ်တိုးတိုး ပြန်ပြောတယ်။ ကျွန်တော်ကတော့ ရင်ထဲကနေ မင်းကြောက်တာပါကွာလို့ ပြန်ပြောနေမိတယ်။ ထားပါတော့ ဒါက သူ့ အိမ်ထောင်ရေး။ ကျွန်တော်မှ နားမလည်တာ။ ကြောက်တာပဲ ဖြစ်ဖြစ် ၊ ချစ်တာပဲ ဖြစ်ဖြစ်။ ဒီကိစ္စက ကျွန်တော် မကြွမ်းဘူးလေ.....

ကားမှတ်တိုင်ရောက်တော့ သူငယ်ချင်းဖြစ်သူက ကျွန်တော့်ကို မသိမသာ အကဲခတ်လိုက်တယ်။ ပြီးတော့ မ၀ံ့မရဲနဲ့ အချိန်ရမလား သူငယ်ချင်းတဲ့။ ကျွန်တော်က လာကွာ လဘက်ရည်ဆိုင် ထိုင်ရအောင်လို့ သူ့ကို ပြောပြီး ကားမှတ်တိုင်ဘေးက လဘက်ရည်ဆိုင်ကို ဆွဲခေါ်လာတယ်။ ကျစိမ့်နှစ်ခွက်လို့ စာပွဲထိုးလေးကို သူက လှမ်းမှာလိုက်တော့ ကျွန်တော့စိတ်ထဲမှာ ဒီကောင် ငယ်ငယ်တုန်းက အကြောင်းတွေ မမေ့သေးပဲကိုးလို့ တွေးလိုက်မိရင် ကျွန်တော် ပြုံးလိုက်မိတယ်။

မင်းနဲ့ ဆုံတုန်း ငါ့ကို အဆောင်လေးတစ်ခုလောက် လုပ်ပေးခဲ့စမ်းပါတဲ့။ ကျွန်တော်က ဘာအဆောင်လည်း ဆိုတော့ သြဇာအာဏာ ရှိတဲ့၊ စကားပြောရင်ပြီးတဲ့ အဆောင်လို့ ဒီကောင်က ခပ်တိုးတိုး ပြန်ပြောတယ်။ ပြီးတော့မှ လမ်းဘေး ပလက်ဖောင်းပေါ်မှာ လျှောက်သွားနေကြတဲ့ လူတွေကို အဓိပ္ပါယ်မဲ့ လိုက်ငေးကြည့်နေတယ်။

ကျွန်တော့် သူ့ကို သနားသွားတယ်။ သူက ဘာမှ သိပ်နားလည်တာ မဟုတ်ဘူး။ သူ့မှာ ဘာဗျူဟာမှ ကျွမ်းကျင်တာ မဟုတ်ဘူး။ ဒါကြာင့် ဒီကောင် ကျရှုံးနေတာ။ ဒါပေမယ့် အဲဒါကိုလည်း သူ ကျေနပ်ပုံမရဘူး။ စိတ်ထဲမှာ အမြဲတမ်း အစာမကျေ ဖြစ်နေမှာ။ မနေနိုင်ရင် ဆင်းသွားပေါ့ ဆိုတဲ့ သူ့မိန်းမပြောနေကြ စကားကို သူ ကျွန်တော့်ကို ပြန်ပြောပြတော့ ကျွန်တော် ဘာမဆိုင် ညာမဆိုင်နဲ့ တောက် တစ်ချက်ခေါက်မိတယ်။

လာကွာ သွားရအောင်လို့ သူ့ကို ရွှေတိဂုံဘု၇ားတောင်ဘက်မုဒ်က ပန်းပုဆိုင်တစ်ဆိုင်ကို ခေါ်သွားပြီး ကျွန်တော် အဆောင်တစ်ခု လုပ်ပေးလိုက်တယ်။ မင်းအတွက် အရမ်း အကြိုးရှိမှာပါလို့ သူငယ်ချင်းလက်ကို ခပ်တင်းတင်းဆုပ်ကိုင် အးပေးရင်း ကျွန်တော် လမ်းခွဲ ထွက်လာခဲ့တယ်။ နောက်တစ်ကြိမ် ပြန်တွေ့တဲ့ အချိန်မှာ မင်းကို ငါ ဒီလို မတွေ့ပါရစေနဲ့လို့ ရင်ထဲမှာ ခပ်တိုးတိုးလေး ဆုတောင်းမိလိုက်တယ်။ သူငယ်ချင်းကတော့ ကျွန်တာ် ပေးလိုက်တဲ့ အဆောင်လေးကို လက်ထဲမှာ ဆုပ်ကိုင်ရင်း ကျန်ခဲ့တယ်။

နောက်တစ်ချိန်ဆုံတော့ ကျွန်တာ့် သူငယ်ချင်းကြီးက တကယ့် အိမ်ထောင်ဦးစီးကြီး ဖြစ်နေတယ်။ စကားတွေကလည်း ဖောင်လို့။ ခေါင်းကြီးကလည်း မော်လို့။ ကျွန်တာ့်ကို သူတို့အိမ်မှာ အိပ်သွားဦးဆိုလို့ ကျွန်တ်ာတော် (၃)ရက်လောက် တည်းခဲ့သေးတယ်။ ကျွန်တော့် သူငယ်ချင်းရဲ့ မိန်းမ မီးဖိုချောင်ထဲကို ထမင်းခူးဝင်သွားတော့ ကျွန်တော်က သူ့ကို လှမ်းကြည့်လိုက်တယ်။ အဲဒီမှာ ဒီကောင်ကြီး လည်ပင်းမှာ ဆောင်ထားတဲ့ ကျွန်တော် လုပ်ပေးလိုက်တဲ့ အဆောင်လေးကို မသိမသာ လှစ်ပြလိုက်တယ်။ ပြီးတော့ ဒီကောင်က ကျွန်တော့်ကို မျက်လုံးတောင်း မှိတ်ပြလိုက်သေးတယ်။ ကျွန်တော် သိလိုက်တာက ဒီအဆောင်ကို ဆောင်ထားရင် မိန်းမ မကြောက်ရတော့ဘူးလို့။

ပြောရရင်တော့ အများကြီးပဲ။ ဒီအဆောင်ကို ကျွန်တော် လုပ်ပေးခဲ့တဲ့ လူတွေအများကြီးပဲ။ ဘုန်းကြီးတွေလည်း ပါတယ်။ လူကြီးတွေလည်း ပါတယ်။ ကောင်လေးတွေလည်း ပါတယ်။ ကောင်မလေးတွေ ပါတယ်။ အပျိုကြိးတွေလည်း ပါတယ်။ အပျိုလေးတွေလည်း ပါတယ်။ အရာရှိကြီးတွေလည်း ပါတယ်။ အနုပညာသမားတွေလည်း ပါတယ်။ ကျောင်းဆရာတွေလည်း ပါတယ်။ သူဌေးတွေလည်း ပါတယ်။ ဆင်းရဲသားတွေလည်း ပါတယ်။ ဆိုက်ကားသမားလည်း ပါတယ်။ အစုံပါပဲ။

သူတို့ အားလုံးက တူညီတဲ့ စကားတစ်ခွန်း ပြန်ပြောကြတာ ဆရာမင်းသိင်္ခတပည့် ပီသတယ်။ ယတြာတွေ အဆောင်တွေ စွမ်းတယ်တဲ့။ ဒီစကားကြောင့် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ကြီး - ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိတယ်။ ဒီလောက်ပြန်ရရင် ကျွန်တော် ကျေနပ်ပြီ။ အခု ဒီနည်းလေးကို ကျွန်တော့်ရဲ့ ခင်မင်လေးစားရတဲ့ မိတ်ဆွေတွေကို ပြန်ပြောပြချင်လို့နော်။ လွယ်လည်း လွယ်ကူတယ်။ လုပ်ဖြစ်အောင် လုပ်ထားနော်။ ဆောင်ဖြစ်အောင် ဆောင်ထားပေါ့။ အရေးကြုံရင်တော့ သက်လုံကောင်းပါလိမ့်မယ်လို့........

ရာဇဓာတ်ရစေသောအဆောင်

မဟာဘုတ်ဗေဒင်ပညာတွင် လာရှိသောနည်းပင်ဖြစ်၏။ ရာဇတည်းဟူသော ဌာနတွင်ရှိသော နေ့နံအသားကို သန်လျှက်ပုံလုပ်၍ ဆောင်ထားလျှင် လွန်စွာ စကားပြောအောင်မြင်၏။ အမိန့်ပေး၍ ရ၏။ တန်ခိုး သြဇာအာဏာ ထက်မြက်လေ၏။ မိမိ စကားတစ်ဘက်လူ၌ တည်၏။ တစ်ဘက်လူ ခေါင်းညိတ်ရ၏။ လျှာစက်အာစက် လွန်စွာကောင်းလေ၏။ စကားပြောခြင်းနှင့် အသက်မွေးရသော အလုပ်လုပ်သော သူများ ဆောင်ထားလျှင် ပိုကောင်း၏။ မိန်းမကြောက်ရသော ယောက်ျားများအတွက် အထူးပင် သင့်တော်လေ၏။

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်ပါ။ (၇)နှင့် စားပါ။

(၁) ကြွင်းပါက သပြေသား (သို့) သီဟိုဠ်သား

(၂) ကြွင်းပါက ထိန်သား

(၃) ကြွင်းပါက အင်သား

(၄) ကြွင်းပါက ကံ့ကော်သား

(၅) ကြွင်းပါက ဇီးသား

(၆) ကြွင်းပါက လင်းလွန်းသား

(၇) ကြွင်းပါက ပျဉ်းမသား

နဲ့ လုပ်ရမယ်။ သံလျှက်ပုံ ထုလုပ်ရမယ်။ ပြီးရင် ရွှေသုံးထပ်ချပြီး ဂုဏ်တော်ကိုးပါးနဲ့ ၄၇-ခေါက် ရွတ်ပြီး အမွှေးနံ့သာဆွတ်ဖြန်းပြီး ဆောင်ထားပါ။ ဒီလောက်ပါပဲ...

အားလုံးကို ကျေးဇူးတင်ပါတယ်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ဥုမ်သဟာ-အွန်လိုင်းစာကြည့်တိုက်

အခုဆိုရင် အင်တာနက်ပေါ်မှာ (၁ - ၁ - ၂၀၁၀) နေ့ကစတင်ပြီး ဗေဒင်ပညာရယ်-ဗလာရယ်ဆိုတဲ့ ဆိုက်လေးကို စတင်ရေးသားခဲ့ပါတယ်။ အခုဆိုရင် (၁ - ၁ -၂၀၁၀)နေ့နေ (၁ - ၅ -၂၀၁၁) နေ့အထိ တစ်နှစ်ကျော်လာပါပြီ။ အွန်လိုင်းမှာ ဗေဒင်နဲ့ ပါတ်သက်တဲ့ ဆိုက်ကိုရေးတဲ့ ဗေဒင်ဆရာတစ်ဦးဆိုတာကို သိလာကြတော့ ကျွန်တော့်ဆီမှာ ဗေဒင်မေးကြတယ်။ နောက်တော့ ဟောစာတမ်းတွေ မှာလာကြတယ်။ အခကြေးငွေကို အဓိကထားတဲ့ ဗေဒင်ဆရာတစ်ယောက် မဟုတ်ပေမယ့် လူတော်တော်များများကတော့ ကျွန်တော့်ရဲ့ ပညာပူဇော်ခကို နည်းလမ်းပေါင်းဆုံနဲ့ ပို့ပေးကြပါတယ်။ ကျွန်တော်က ရပါတယ်ဗျာ။ အေးအေးဆေးဆေး လုပ်ပါ။ အဆင်ပြေမှ လုပ်ပါဗျာလို့ ပြောတာတောင် မနေနိုင်ကြဘူး။

နိုင်ငံတကာကနေ ဘဏ်ကနေ လွဲကြတယ်။ နောက် ငွေပို့တဲ့ ဌာနတွေကနေ ပို့ပေးကြတယ်။ နောက်ဆုံး လုံးဝ အဆင်မပြေတဲ့ လူတွေကြတော့ စာအိပ်ထဲကို ပိုက်ဆံထည့်ပြီး စာတိုက်ကနေ ပို့ပေးကြတယ်။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ဗေဒင်ပညာတစ်ခုတည်းနဲ့ အသက်မွေး ၀မ်းကြောင်း ပြုတဲ့ ဗေဒင်ဆရာတစ်ဦး ဖြစ်သည့်အတွက် သူတို့ထံက ပြန်လည်တုန့်ပြန်လာတဲ့ ပညာပူဇော်ခကိုတော့ ပြန်လည် မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူတောင်းစားတစ်ယောက်လို အတင်းအကြပ် တောင်းရမယ်ဆိုရင်တော့ လုပ်ဖြစ်မယ် မထင်ပါဘူး။

အဲဒါနဲ့ အခုနောက်ပိုင်း စီးပွားရေးလေးလည်း အဆင်ပြေလာတော့ ကျွန်တော့်ကို အကျိုးပြုတဲ့ အွန်လိုင်းက နိုင်ငံတကာ မိတ်ဆွေတွေအတွက် ကျွန်တော်ကလည်း တစ်ခုခု ပြန်လည်ပေးဆပ်ချင်တယ်။ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာ တော်တော်လေးတောင်ကြာနေပါပြီ။ နောက်ဆုံးတော့ ကျွန်တော်က ဥုမ်သဟာ အွန်လိုင်းစာကြည့်တိုက် တစ်ခုလောက် တည်ဆောက်ချင်တယ်။ ကျွန်တော် အရမ်းကြိုက်တဲ့ စကားဝါမြေအွန်လိုင်းစာကြည့် ပိုင်ရှင်ကို ကျွန်တော် အီးမေးလ်ပို့ပြီး အကူအညီတောင်းလိုက်တယ်။ ကျွန်တော် စာကြည့်တိုက်တစ်ခုလောက် လုပ်ချင်တယ်လို့။ သူကလည်း ချက်ချင်းဆိုသလို အီးမေးလ်ပြန်ပို့လာတယ်။ လုပ်ချင်တာ လုပ်ပါတဲ့။ သူလည်း လိုအပ်တာ ကူညီပါ့မယ်လို့ ပြောတယ်။

အဲဒီမှာ နောက်ပိုင်း ကျွန်တော် တော်တော်လေး အလုပ်တွေ များနေတာနဲ့ ဘာမှ မလုပ်ဖြစ်သေးဘူး။ ပြီးခဲ့တဲ့ တစ်လလေက်တုန်းက ကျွန်တော် မြန်မာပြည်ကို ခနပြန်ဖြစ်တယ်။ အဲဒီမှာ မိတ်ဆွေကြီး ကိုဒေါင်းမင်းနဲ့ ကျွန်တော်တို့ ဆုံဖြစ်တယ်။ ကိုဒေါင်းမင်းက အိုင်တီမှာ အရမ်းကျွမ်းတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို အကူအညီတောင်းလိုက်တယ်။ ကျွန်တော်က ဘလော့စပေါ့ကို ဒေါ့ကွန်းပြောင်းချင်တာ။ အဲဒီလောက်တောင် ကျွန်တော့်က မလုပ်တတ်ဘူး။ နောက်ဆုံးတော့ ကိုဒေါင်းမင်းက ကူညီပေးလိုက်တာနဲ့ www.heintintzaw-library.com/ ဆိုပြီး ဖြစ်သွားတယ်။ အခုဆိုရင် မြန်မာပြည်က ခင်မင်တဲ့ မိတ်ဆွေများလည်း ၀င်လို့ ၇သွားပါပြီ။ အဲဒီအတွက် ၀မ်းသာပါတယ်။

နောက်တစ်ခုက စာအုပ်ကိစ္စကိုပါ။ ဒီမှာ ကျွန်တော်အဓိက တင်ချင်တဲ့ စာအုပ်တွေက ဗေဒင်ပညာ ၊ဂမ္ဘီရပညာ၊ စိတ်တန်ခိုးနှင့်ပါတ်သက်တဲ့ စာအုပ်တွေကို အဓိက ထားပြီးတင်ချင်တာပါ။ အွန်လိုင်းမှာက စေတနာရှင်များရဲ့ ၀ဘ်ဆိုက်တွေမှာအခမဲ့ဖတ်လို့ရတဲ့ စာအုပ်တွေ အများကြိးရှိတယ်။ ဒါပေမယ့် ဗေဒင်ပညာနဲ့ ပါတ်သက်တဲ့ စာအုပ်တွေ နည်းနေသေးတယ်။ ဒါကြောင့် ကျွန်တော် အဲဒီစာအုပ်တွေ ပြန်ဝယ်ပြီး တင်ပေးချင်တာပါ။ အွန်လိုင်းက စာအုပ်ရောင်းပေးတဲ့ ဆိုက်တွေနဲ့လည်း ကျွန်တော် ဆက်သွယ်ထားပါတယ်။ နောက်အွန်လိုင်းမှာ မျှဝေထားတဲ့ စာအုပ်တွေကိုလည်း တဖြေးဖြေးချင်း ပြန်တင်ပေးသွားမှာပါ။

နောက်တစ်ခု ရည်ရွယ်တာက ဟောက်စတင်ကိစ္စပါ။ ကျွန်တော်တို့ စာအုပ်တွေကို ဟောက်စတင် တင်တဲ့အခါမှာ ဖရီးဆိုက်တွေကို သုံးကြရပါတယ်။ ကျွန်တော်လည်း သိပ်တော့ နားမလည်ပါဘူး။ အလကား တင်ထားတဲ့အတွက် အချိန်မရွေး ဒေါင်းလော့လင့်တွေ သေနိုင်ပါတယ်။ ဒါကြောင့် စာအုပ်တွေ ပုံတွေတင်ဖို့ အဆင်ပြေမယ့် ဟောက်စတင်ဆိုက်တစ်ခုလောက်လည်း ၀ယ်ယူဖို့ လုပ်နေပါတယ်။ အခုလောလော ဆယ်တော့ ထုံးစံအတိုင်း ဖရီးဆိုက်တွေကိုပဲ ယာယီသုံးရမှာပဲပေါ့။

ဘာပဲဖြစ်ဖြစ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
တကယ်လို့ အဆင်ပြေမယ်ဆိုရင် ဆရာသခင် အဘမင်းသိင်္ခရဲ့ စာအုပ်တွေအကုန်လုံးကိုရော။ ဗေဒင်လက္ခဏာနှင့် ပါတ်သက်သော စာအုပ်တွေကိုရော ကြိုးစားပြီး တင်ပေးနိုင်အောင် ကြိုးစားပါဦးမယ်။ တစ်ခုလောက်တော့ အားလုံးကိုတောင်းပန်ချင်တာက စာကြည့်တိုက်နှင့်ပါတ်သက်၍ မည်သူထံကမျှ အလှူငွေ မကောက်ခံပါဘူးခင်ဗျာ။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ပီယ ၊ ကိုယ်လုံ ၊ လာဘ်ခေါ်အင်းစမတော်များ

စမတော်ရေးဆွဲပုံ အဆင့်ဆင့်
  • နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿကို နှုတ်မှ ပူဇော်၍ “မ” အက္ခရာကို အရင်ဆုံးရေးပါ။
  • “၀ရ ဗုဒ္ဓေါ ၀ရ ဓမ္မော ၀ရ သံဃော” ဟု နှုတ်မှ ပူဇော်၍ ထိုမအက္ခရာပေါ်မှ “၀” ကို ဆက်ရေးပါ။
  • “သုဂတော” ဟု ရွတ်ဆို၍ “၀” အက္ခရာ၏ အပေါ်မှ “ကာ”နှင့် “၀” ၏ အောက်မှ “ယ” အက္ခရာကို ရေးဆွဲပါ။
  • “ပီယ၀ါယေ ပီယေမမ န၀မကာယ”ဟု ရွတ်ဆို၍ ပုံပါအတိုင်း “၀”၏ လက်ဝဲ၊ လက်ယျာတွင် နငယ်ကို ရေးဆွဲပါ။
  • ထို့နောက် စမတော်များနှင့် သက်ဆိုင်ရာ သိဒ္ဓိတင် ဂါထာတော်များနှင့် သိဒ္ဓိတင်ရပါမည်။
  • “မ”တစ်လုံး ကာယအရံအတား စမတော်အား သရဏဂုံသုံးပါး (၁၀၈)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • “မ”နှစ်လုံးဆင့် လာဘ်ခေါ် စမပုံတော်အား ဘုရားဂုဏ်တော် ကိုးပါး (၁၀၈)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • “မ” သုံးလုံးဆင့် လူချစ်နတ်ချစ် ပီယစမအား မေတ္တာသုတ် ပရိတ်တော် (၂၇)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • ထို့နောက် ကိုယ်နှင့် မကွာဆောင်ထားခြင်း၊ ဈေးဆိုင် ၊ ကုမ္ပဏီစသော မြင့်မြတ်သောနေရာများတွင် ဆောင်ထားခြင်း၊ ဖယောင်းတိုင်တွင် ပတ်၍ မီးထွန်းဆုတောင်းခြင်းပြုလုပ်ပါက ထူးခြားသော အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါကြောင်း...
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ဓာတ်တူနံတူငွေကိုယူ

အထက်ပါ အဆောင်ကို ပရင့်ထုပ်ယူ၍ ပလပ်စတစ်လောင်းကာ မိမိအိမ် ဘုရားခန်း၊ ဈေးဆိုင် ၊ ကုမ္ပဏီရုံးခန်း စသည်တို့တွင် ရိုသေသက်ဝင်စွာ ဆောင်ထားပါက လာဘ်လာဘ ရွှင်လန်းခြင်း၊ အောင်မြင်ခြင်း၊ တိုးတက်ခြင်း စသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

Wednesday, May 25, 2011

Monday, May 23, 2011

Sunday, May 22, 2011

Thursday, May 19, 2011

Tuesday, May 17, 2011

Monday, May 16, 2011

Saturday, May 14, 2011

Friday, May 13, 2011

Thursday, May 12, 2011

Wednesday, May 11, 2011

Tuesday, May 10, 2011

Monday, May 9, 2011

Friday, May 6, 2011

Wednesday, May 4, 2011

Sunday, May 1, 2011

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels