Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အဆောင်များဆောင်ထားခြင်းကို ၀ါသနာပါသူများအတွက်

အဆောင်တွေ ယတြာတွေ ဆောထားရတာ လုပ်ရတာ ၀ါသနာပါသူတွေအတွက် အရမ်းကောင်းတဲ့ အဆောင်ပါ။ ဗောဓိပက္ခိယအင်းလို့ ခေါ်ပါတယ်။ ဘာတွေကောင်းလဲလို့ မေးရင်တော့ အကုန်ကောင်းတယ်လို့ ပြောရမယ် ထင်ပါတယ်။ ဘာကိစ္စမဆို သုံးလို့ ရပါတယ်။ အလုပ်ကိစ္စ၊ စကားပြောအောင်မြင်ဖို့ကိစ္စ၊ လမ်းခရီး အန္တရာယ်ကင်းစေဖို့ ကိစ္စ၊ ဈေးရောင်းကောင်းဖို့ ကိစ္စ၊ ရာထူးတိုးဖို့ကိစ္စ အားလုံးကို အသုံးပြုလို့ ရပါတယ်။ အောက်မှာ ဆက်လက်ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အခက်အခဲများပြေလည်စေသော လွယ်ကူသောနည်းတစ်ခု

သင်တို့လျှောက်လှမ်းသော ဘ၀ခရီးလမ်းတွင် အခက်အခဲမျိုးစုံတို့သည် စောင့်ကြိုလျှက်ရှိသည်။ ဘ၀သည် သာယာဖြောင့်ဖြူးသော ပန်းခင်းလမ်း မဟုတ်ပါ။ အပျော်ခရီးသွားစရာ ပန်းခြံမဟုတ်ပါ။ ကစားကွင်းမဟုတ်ပါ။ သို့သော် အပျော်ခရီး တစ်ခုလို သဘောထားပြီး သွားတာ အကောင်းဆုံး ဖြစ်မည်ထင်၏။ ထိုအခါ သင်၏ ဘ၀ခရီးလမ်းသည် လေးလံခြင်းများ၊ ပျင်းရိငြီးငွေ့ခြင်းများ၊ စိတ်ပျက်အားငယ်ခြင်းများ ဖြစ်မည်မထင်၊ ပျော်ရွှင်စရာ ဘ၀ခရီးလမ်းတစ်ခု အဖြစ် တွေ့မြင်ရလိမ့်မည်။

ထို့ကြောင့် သင်သည် နေ့စဉ်နေ့တိုင်းသင်၏ ဘ၀ခရီးလမ်းကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းစေချင်ပါသည်။ ပျော်လည်း တစ်ရက်ကုန်လိမ့်မည်၊ ပျက်လည်း တစ်ရက် ကုန်လိမ့်မည်။ ထို့ကြောင့် ပျော်တာပင် ကောင်းလိမ့်မည် ထင်၏။ ရီတာနဲ့ ငိုတာ ဘယ်ဟာကောင်းသနည်း။ ရီတာကောင်း၏။ ထို့ကြောင့်ပင် သင်သည် ရီရီမောမောသာ လျှောက်လှမ်းစေချင်ပါ၏။

ထိုကဲ့သို့ လူသားတို့၏ ဘ၀ခရီးလမ်းကို ပန်းခင်းသောလမ်းပမာ လျှောက်လှမ်းနိုင်ဖို့အတွက်ဆိုလျှင် သင်တို့ ပုခုံးထက်တွင် သင်တို့ကိုယ်တိုင် ထမ်းတင်ထားသော အထုပ်ကြီး နှစ်ထုပ်ကို သင်တို့ကိုယ်တိုင် ပြစ်ချလိုက်ဖို့ အရေးကြီးပါ၏။ အတိတ်ဆိုသော အထုပ်နှင့် မရောက်လာသေးသော အနာဂါတ်ဆိုသော အထုပ်နှစ်ထုပ်ပင် ဖြစ်၏။

သင်သည် အတိတ်ကာလက ဖြစ်ပျက်ခဲ့သော အကြောင်းအရာမျိုးစုံကို ထမ်းပိုးထား၏။ အနာဂါတ်တွင် မရောက်လာသေးသော။ မသေချာသော အကြောင်းအရာမျိုးစုံ ထမ်းပိုးထား၏။ ထို့အတွက်ကြောင့် သင်တို့သည် လွန်စွာလေးလံနေကြကုန်၏။ ထိုကြောင့် သင်တို့ကိုယ်တိုင် ကောင်းမွန်စွာ လွှတ်ချကြည့်လိုက်စမ်းပါ။ သင်သည် လွတ်လတ်ပေါ့ပါးခြင်း၏ ချိုမြိန်သော အရသာကို သင်ကိုယ်တိုင် ခံစား၇လိမ့်မည်။ ထိုအခါ သင်သည် ဗလာဟူသော ဝေါ၀ါရဓမ္မကို ကောင်းမွန်စွာ အလိုလို သဘောပေါက်လာလိမ့်မည်။

သင်၏ ဘ၀တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက အောက်တွင် ကျွန်ုပ်တို့၏ ဆရာသခင် အဘဒေါက်တာ မင်းသိင်္ခ ညွန်ပြပေးထားသော ယတြာနည်းဖြင့် ဆောင်ရွက်ကြည့်လိုက်ပါ။ ဒါသည်လည်း သင်တို့ ဘ၀ခရီးအတွက် ပေါ့ပါးစေသော နည်းတစ်ခု ဖြစ်လိမ့်မည် မဟုတ်ပါလား။

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ မဟာချိုင်မြို့

ရွှေငွေလက်ဝတ်ရတနာပစ္စည်းများ ပြည့်စုံချင်သူများအတွက်

ဒီတစ်ခါ ကွန်တော်မျှဝေ ပေးလိုက်တာကတော့ အမျိုးသမီးတွေနဲ့ တိုက်ရိုက်ပတ်သက်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း မိမိရဲ့ အမျိုးသမီး (သို့) သမီးကို ချစ်ခင်မြတ်နိုးကြတဲ့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်တယ်လို့လည်း ပြောလို့ရမှာပေါ့။ လောကကြီးမှာ ဆိုရိုးစကားတစ်ခွန်းတောင် ရှိတာပဲ။ ရွှေရှိမှ မျိုးတော်တယ်ဆိုတာလေ။

ဒါတွေဟာ အကာတွေပါလို့ ဘယ်လောက်ပဲ ပြောကြ၊ပြောကြ ကျွန်တော်တို့ ပုထုဇဉ်လူသားတိုင်း လိုချင်ကြတဲ့၊ လိုလားကြတဲ့ ၊ တပ်မက်ကြတဲ့ အရာတွေမဟုတ်လား။ အဲဒီတော့ ရရာရကြောင်း နည်းလမ်းကောင်းတစ်ခု အနေနဲ့ ဒီနေရာလေးကနေ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ အဆင်ပြေကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။ အခုရက်ထဲ ဟောစာတမ်းကိစ္စများနှင့် အနည်းငယ် အချိန်ပေးနေရသည့်အတွက် မိတ်ဆွေများအတွက် အကျိုးဖြစ်စေမည့် အဘဒေါက်တာမင်းသိင်္ခ၏ ဆောင်းပါးများ ယတြာများကို ပြန်လည်တင်ပေးလိုက်ရပါတယ်။

လိုရာသုံးစေ... ဒို့မိတ်ဆွေ ( မနောမယလင်ပန်း)

ခင်မင်လေးစားရပါသော မိတ်ဆွေများခင်ဗျား....

မိတ်ဆွေတို့၏ ဘ၀ခရီးလမ်းတွင် ကိစ္စအသီးသီးအလိုက် အခက်အခဲအသီးသီးအလိုက်လိုက် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက အထောက်အကူဖြစ်စေရန်အတွက် အဘဒေါက်တာမင်းသိင်္ခ၏ မနောမယလင်ဗန်း အမည်ရှိသောယတြာနည်းကို မူရင်းအတိုင်း ပြန်လည်တင်ပြပေးလိုက်ပါတယ်။

အားလုံး၏ အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ကောင်းမွန်စွာ အကြံညာဏ်ပေးလိုသည်မှာ တစ်စုံတစ်ရာ အခက်အခဲ ကြုံတွေ့ရပါက အထက်ပါနည်းအတိုင်း ဆောင်ရွက်ကြည့်လိုက်ပါ။ အောင်မြင်ပါက အဘဒေါက်တာ မင်းသိင်္ခကို ရည်မှန်း၍ ကျေးဇူးတင်ကြပါကုန်.....

မုန့်ကိုသာ ဝေစားချင်စားမယ်-အချစ်ကိုတော့ ဝေမစားနိုင်ဘူး

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၃၅)နှစ်ခန့်ရှိသော မဝေဟု အမည်ရသော အမျိုးသမီးတစ်ဦး ၀င်ရောက်လာလေ၏။ ထိုအမျိုးသမီးသည် စကားပြောလျှင် “ဝေကလေ- ဝေကလေ” ဟု ပြောဆိုလေ့ရှိ၏။ ထိုအမျိုးသမီးသည် ကျွန်ုပ်၏ အခန်းတွင်းသို့ ရောက်လျှင်ရောက်ခြင်း ကျွန်ုပ်အား ဗေဒင်ကိစ္စနှင့် လားလားမျှ မဆိုင်သော အောက်ပါမေးခွန်းအား မေးလေ၏။

ဒီမှာ ဆရာ။ ဆရာ လူတစ်ဦးတစ်ယောက်ကို နင့်နင့်သီးသီး ချစ်ဖူးလား...ဟု မဆီမဆိုင် လာမေးလေ၏။ ထိုအခါ ကျွန်ုပ်ကလည်...ဘယ်လိုဖြစ်တာလဲ မဝေရယ်။ ဗေဒင်ဆရာဆီလာတာ ဗေဒင်မမေးဘဲ ဘယ်နှယ့် အချစ်အကြောင်း အင်တာဗျူး လာမေးနေရတာလဲဟု ပြန်ပြောလိုက်လေ၏။ ထိုအခါ မဝေက ...

စိတ်မရှိပါနဲ့ ဆရာရယ်။ ခု ကျွန်မပြောမယ့် စကားတွေဟာ အချစ်အကြောင်းကို နားလည်တဲ့ လူတွေ၊ ခံစားတတ်တဲ့လူတွေ၊ ချစ်တတ်တဲ့ လူတွေကို ပြောပြမှကောင်းမယ့် ကိစ္စမို့လိုပါ။ ဆရာာလို အချစ်အကြောင်း နကန်းတစ်လုံးမှ နားမလည်တဲ့ လူကို ပြောပြရင် ကျွန်မကို ဆရာက နားလည်ပေးမှ ပေးပါ့မလားလို့ တွေးမိလို့ပါဆရာဟု ကျွန်ုပ်အား ပေါ်တင်ကြီး ဆော်လေတော့၏။ ထို့ကြောင့် ကျွန်ုပ်က...

အော် ဒီလိုလား၊ အင်းပေါ့လေ ကျွန်တော်တို့က မဝေတို့လောက်အချစ်အကြောင်း ဘယ်သိပါ့မလဲ။ ဘယ်ကျွမ်းပါ့မလဲဗျာ။ ၀န်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်သိတာ တစ်ခုတော့ရှိတယ်။ မဝေတို့ ပြောတဲ့အချစ်ဆိုတာ တော်တော်လေးတော့ ပူလောင်တယ်။ လောင်မြိုက်စေတယ်။ ဒါကြောင့် အချစ်ဆိုတာကြီး ကို မလိုချင်ဘူး။ ချစ်ခြင်း မုန်းခြင်းကင်းတဲ့ စိတ်ဓာတ်မျိုးကို ကြိုက်တယ်၊ လိုချင်တယ်။ အဲဒီလို ဖြစ်အောင်လဲ လေ့ကျင့်နေတယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် မဝေက...

မှန်တာပေါ့ ဆရာရယ်။ အချစ်ဆိုတာ လူတွေကို သိတ်ပူလောင်စေတာပေါ့။ သိတ်ပြီး လောင်မြိုက်စေတာပေါ။ အရမ်း ချစ်တတ်တဲ့ နှလုံးသားဟာ အရမ်းခံစားရတယ်ဆိုတာ အမှန်ပဲပေါ့ဆရာရယ်။ အခု ကျွန်မ ဖြစ်နေတာ အဲဒီ အချစ်ဒဏ်တွေပေါ့။ ဆရာပြောတဲ့ သဘောတရားတွေကို မဝေ သိပါတယ်ဆရာ။ ဒါပေမယ့် မဝေစိတ်ကို ဘယ်လိုမှ ပြင်ဆင်လို့ မရဘူး။ အခု ကျွန်မ ဆရာဆီကို လာပြီး အကူအညီတောင်းတယ်ဆိုတာလဲ အဲဒီ ကိစ္စပါပဲဆရာဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

ဘယ်လို ဖြစ်ရတာလဲ မဝေရယ် ကျွန်တော်ကိုလည်း အကြောင်းစုံပြောပြစမ်းပါဦးဟု ပြန်ပြောသောကြောင့် မဝေသည် သူမ၏ အဖြစ်အပျက်အား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလိုပါဆရာ။ ကျွန်မမှာ အိမ်ထောင်ရှိပါတယ်။ သူနာမည်က ကိုသက်ဦးလို့ခေါ်ပါတယ်။ သားသမီးနှစ်ယောက်ရှိပါတယ်။ အခုဆိုရင် ကျွန်မတို့ အိမ်ထောင်သက်တောင် (၈)နှစ်ထဲတောင်ရောက်နေပါပြီ ဆရာ။ အခုတလော ကိုသက်ဦးတစ်ယောက် အချိုးတွေပြောင်းနေတယ်ဆရာ။ ကျွန်မနဲ့ ကလေးနှစ်ယောက်ကို အရင်လို ဂရုမစိုက်တော့ဘူး။ မနွေးထွေးတော့ဘူး။ အဲဒါ ကျွန်မက မသင်္ကာလို့ သူနဲ့ တစ်ရုံးတည်းလုပ်တဲ့ ကျွန်မ အသိတစ်ယောက်ကို စုံစမ်းကြည့်လိုက်တော့ ကိုသက်ဦးလေဆရာ။ ကျွန်မတို့ တစ်လမ်းကျော်က မိန်းမတစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတယ် ဆရာဟု ဒေါသသံဖြင့် ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က...

ဟုတ်လို့လား မဝေရယ်။ ကိုယ်စိတ်က ထင်နေတာလဲ ဖြစ်နေပါဦးမယ်။ တစ်ခါတလေကြတော့ အဲဒီ အထင်ဆိုတာတွေက ကျွန်တော်တို့ ခင်ဗျားတို့ကို တော်တော်လေး ဒုက္ဒပေးတတ်တယ်။ အထင်ဟာ အထင်သာ ဖြစ်ပြီး အမှန်တရား မဖြစ်တဲ့အခါတွေ အများကြီးပဲ။ အထင်ဆိုတဲ့ စိတ်က သံသယတွေကို မွေးဖွားစေတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ သံသယဟာ ကြီးမားရင့်သန်လာပြီး ပြဿနာတွေကို ပိုပြီး ရှုပ်ထွေးစေတယ်။ မိသားစု ဘ၀တွေကို ပိုပြီး ပြိုကွဲစေတယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် မဝေက...

အထင်မဟုတ်ဘူး ဆရာရေ။ အမြင် အမြင်။ ကျွန်မကိုယ်တိုင် ဒီမျက်စိနဲ့ကို တပ်အပ်မြင်တာ။ အစ ပထမတုန်းကတော့ ကျွန်မလည်း ဆရာပြောသလို ငါ့စိတ်က ထင်တာပဲ ဖြစ်မှာပါလေလို့ ထင်ခဲ့တာ။ ပြီးခဲ့တဲ့ တစ်ရက်ကမှ အလုပ်ပိတ်ရက်ကြီး အိုတီရှိတယ်ဆိုပြီး အိမ်ကနေ ထွက်သွားလို့ ကျွန်မက နောက်ကနေ လိုက်ချောင်းကြည့်တာ။ အဲဒီကောင်မနဲ့ အင်းစိန်က တည်းခိုခန်းတစ်ခုကို ၀င်သွားတာ။ ကျွန်မ မျက်လုံးနဲ့ကို တပ်အပ်မြင်တာ။ မလွဲတော့ဘူး ဆရာရေ။ လုံးဝကို မလွဲနိုင်တော့ဘူးဟု ပြန်ပြောလေ၏။

ကဲဗျာ။ ဒီလောက်တောင် သေချာနေရင်တော့ ကျွန်တော် ကူညီပေးပါ့မယ်။ ဒါပေမယ့် ဒီယတြာကို လုပ်မယ်ဆို ရင်တော့ အဲဒီမိန်းကလေးရဲ့ နာမည်ကို သိရမယ်။ ဓာတ်ပုံရှိရင်တော့ ပိုကောင်းတယ်။ နေ့နံတွေဘာတွေ သိရင်လည်း ပိုပြီး ပြည်စုံတာပေါ့။ ဘာမျမရှိရင်လဲ ရတော့ရပါတယ်။ သူ့နာမည်နဲ့ လုပ်လို့ရပါတယ်ဟု ပြန်ပြောလိုက်လေရာ မဝေက...

မြန်မြန်ပြောစမ်းပါ ဆ၇ာရယ်။ ကျွန်မ သိချင်လှပြီ။ ဘယ်လို လုပ်၇မလဲဟု အလောတကြီး ပြန်မေးလေသောကြောင့် ကျွန်န်ုပ်သည်အောက်ဖော်ပြပါ ယတြာကို မဝေအား ပြောပြလိုက်လေ၏။

အိမ်ထောင်ရေးအနှောက်အယှက်ကို ပြုလုပ်သောယတြာ

နှောက်ယှက်သောနေ့သားသမီးရိုက်ရမည်အသား
တနင်္ဂနွေဇီးသား(အင်္ဂါနံအသား)
တနင်္လာလင်းလွန်းသား/၀ါး(ဗုဒ္ဓဟူးနံအသား)
အင်္ဂါပျဉ်းမ/ပိတောက်(ကြာသပတေးနံအသား)
ဗုဒ္ဓဟူးသီးသား/သီဟိုဠ်သား
ကြာသပတေး
ထိန်/ဓနိ/ဒါန်းသား
သောကြာ
အင်သား/အုန်းသား
စနေ
ကံ့ကော်/ကျွန်း/ကုက္ကို

အဲဒီတော့ ပထမဦးဆုံး ကိုယ့်လင်သို့မဟုတ် ကိုယ်မိန်းမကို နှောက်ယှက်နေတဲ့ သူရဲ့ နေ့နံကို အရင် သိအောင် လုပ်ရမယ်။ နောက်ပြီး ကဒ်ထူစက္ကူမှာ အဲဒီ မိန်းမ ဓာတ်ပုံကို ကပ်ရမယ်။ ဓာတ်ပုံမရှိရင်တော့ ကတ်ထူးပြားမှာ သူ့နာမည်ကိုရေးပေါ့။ ပြီးရင် အစောန ပြောခဲ့တဲ့ အသားနဲ့ မနှောက်ယှက်နဲ့၊ မနှောက်ယှက်နဲ့လို့ ပြောပြီး ရိုက်ပေတော့။ ဘယ်နှစ်ချက် ရိုက်ရမယ်ဆိုတာ မပါဘူး။ အားရင် အားသလိုသာ ရိုက်ပေတော့ဟု ပြောပြလိုက်လေရာ မဝေက...

ကျေးဇူးတင်ပါတယ် ဆရာ။ ဒီယတြာကို ဆက်ဆက်လုပ်ပါ့မယ်။ အခု လာတုန်းတစ်လက်စတည်း ကျွန်မယောင်္ကျားနဲ့ ကျွန်မ အိမ်ထောင်ကွဲကိန်းရှိလား တစ်လက်စတည်း မေးပါရစေ။ နည်းနည်းလောက် တွက်ပေးပါဆရာရယ်ဟု ပြောလေသောကြောင့် ကျွန်ုပ်လည်း မဝေ၏လက်ကို ရေမွှေးဆွတ်ဖြန်း၍ ဘယ်ဘက်လက်ဖြင့် တားရော့ကို တစ်ဝက်ချိုးခိုင်းလိုက်လေရာ အောက်ပါ နံပါတ်(၂၀)တားရော့ ရှင်ပြန်ထမြောက်ကဒ်ကျလာလေတော့၏။

ထို့ကြောင့် ကျွန်ုပ်လည်း မဝေအား ဘာမှ စိတ်မပူနဲ့ မဝေရေ။ ခင်ဗျားတို့ လင်မယားက ကွဲဖို့မပြောနဲ့။ အဆင်မပြေရာကနေ ပြန်လည်ပြီး အဆင်ပြေလာပါလိမ့်မယ်။ ရဲရဲကြီး အားမခံပါတယ်ဗျာဟု ပြန်လည်၍ ပြောပြလိုက်လေတော့သတည်း။

လင်မယားချစ်ခြင်းအပြစ်ကင်းကြပါစေ
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

ဥုမ်-ဆိုတာ

ကျွန်တော်၏ မိတ်ဆွေတစ်ဦးက ဥုမ်အကြောင်း မေးတယ်။ ဥုမ် ဆိုတာကို ဘယ်လိုရွတ်ဆိုရမလဲတဲ့။ ကျွန်တော်ကလည်း ဥုမ်ဆိုတာကို ဂျီတော့နဲ့ ဘယ်လို ရွတ်ပြရပါမလဲပေါ့။ နောက်ဆုံးတော့ ဥုမ်အကြောင်းနဲ့ ဥုမ်ရွတ်နေတဲ့ ဗွီဒီယို ဖိုင်တွေ ရှာတင်ပေးလိုက်ပါတယ်။ ဥုမ်ရွတ်ချင်ရင် အောက်က ဗွီဒီယိုကို ဖွင့်ကြည့်ပြီး နားထောင်ပါ။ အသံတူအောင် လိုက်ရွတ်ကြည့်ပါ။ စာဖတ်ချင်တဲ့ သူတွေကတော့ ပုံကို တစ်ချက်ကလစ်လိုက်ပြီး နောက်စာမျက်နှာမှာပေါ်တဲ့ စာမှာသွားဖတ်လိုက်ပါ။

help me......

သို့....
ဆရာဟိန်းတင့်ဇော်ခင်ဗျား...

ကျွန်တော်ဆရာ့ဆီကို အီးမေးလ်ပို့ပြီး အကူအညီတောင်းရတဲ့ ကိစ္စကတော့ ကျွန်တော်ဟာ စီးပွားရေးလုပ်ငန်း ရှင် တစ်ယောက်ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကို ပြောပြဖို့ မသင့်တဲ့ ကိစ္စဖြစ်နေတဲ့အတွက်ကြောင့် ဘာလုပ်ငန်းလုပ်တယ်ဆိုတာကို ဆရာ့ကို ပြောမပြတဲ့အတွက်ကြောင့် ခွင့်လွှတ် စေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ကျွန်တော် လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းဟာ သမ္မာအာဇီဝဖြစ်တဲ့ အသက်မွေး ၀မ်းကြောင်း အလုပ်ဆိုတာကိုတော့ ကျွန်တော်ပြောနိုင်ပါတယ်ဆရာ။

ကျွန်တော် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းက ကျွန်တော်တစ်ယောက်တည်း အရည်အချင်းနဲ့ မရပါဘူး။ အမြဲတမ်းဆိုသလို သူတစ်ပါးတွေဆီက အကူအညီ တောင်းတောင်းနေရပါတယ်။ ကျွန်တော် အကူအညီတောင်းနေတဲ့ သူတွေဆီက အကူအညီရမှ ကျွန်တော်က အဆင်ပြေတာ အောင်မြင်တာဆိုပါတော့ ဆရာ။ နေ့ရှိသလို သွားသွားပြီး အကူအညီတောင်းရတဲ့ ကိစ္စမှာ အမြဲတမ်းအဆင်ပြေအောင် ၊ ပြောရရင်တော့ ကျွန်တော်အကူအညီ သွားတောင်းတာနဲ့ “ အိုကေ” ဆိုတဲ့ စကားကို အမြဲတမ်းကြားရအောင် နည်းလမ်းတစ်ခု ယတြာတစ်ခုလောက် ညွန်ပြကူညီပေးစေချင်ပါတယ် ဆရာ။

အရာအားလုံးအတွက် ကြိုတင်ကျေးဇူးတင်လျှက်

ဝင်းသိန်း..(နေပြည်တော်)

ဒါနဲ့ ကျွန်တော်လည်း အောက်ဖော်ပြပါ မှန်ထောင်၍ အကူအညီတောင်တဲ့ နည်းလေးကို နေပြည်တော်က ကိုဝင်းသိန်းဆီကို ပေးပို့လိုက်ပါတယ်။ ပြောရရင်တော့ ကိုဝင်းသိန်းတစ်ယောက် ဒီယတြာနည်းနဲ့ တော်တော် လေး အဆင်ပြေနေပြီ ဆိုတာပါပဲ။

ကျွန်တော် မိတ်ဆွေတွေလည်း ကိုယ်က သူတစ်ပါးဆီမှာ သွားပြီး အကူအညီတောင်းစရာ ကိစ္စရှိတယ်ဆိုပါစို့။ ဘာကိစ္စပဲဖြစ်ဖြစ် အကူအညီတောင်းရမယ်ဆိုရင် ကိုယ်တောင်းတဲ့ အကူအညီကို တစ်ဖက်လူက လိုလိုချင်ချင် အကူအညီပေးစေချင်တယ်ဆိုရင် ကြိုတင်ပြီး ဆောင်ရွက် သွားလိုက်ပါ။ မရမရှိ အကူအညီရစေသော နည်း ဆိုတဲ့ အကြောင်း သင်တို့၏ အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ပြန်လည် ပြောပြလိုက်၇ပေသတည်း။

မရမရှိ အကူအညီရရှိစေသောနည်း

ဘုရားစင်ရှေ့မှာထိုင်၊ ကိုယ်ရှေ့မှာ မှန်တစ်ချပ်ထောင်ပါ။ မှန်ရှေ့မှာ အာလူးတစ်လုံးချပါ။ အာလူးမှာတော့ ကိုယ်သွားပြီး အကူအညီတောင်းမယ့် လူရဲ့ အမည်ကိုရေးပါ။ အဲဒီ အာလူးပေါ်မှာတော့ အမွှေးတိုင်တစ်တိုင် စိုက်ထွန်းပြီး ဆုတောင်းသွားပါ။

လွယ်ကူစွာရှာဖွေရန်

လာဘ်လာဘရွှင်လန်းပြီးရန်အနှောက်အယှက်များများကင်းဝေးစေမည့်ကြီးလေးကြီးစမတော်

လေးစားချစ်ခင်ရပါသော ကျွန်ုပ်၏ စာဖတ်ပုရိသတ်များနှင့်ဗေဒင်မိတ်ဆွေများအတွက်....

မြန်မာဗျည်းအက္ခရာများအနက်တွင် ကကြီး၊ဃကြီး၊ ဏကြီး၊ဠကြီးဟူသော စာလုံးများသည် “ကြီး” ထည့်၍ဆိုရ သော ထူးခြားအက္ခရာ လေးလုံးဖြစ်ပါသည်။ ထိုအက္ခရာများကို “ကြီးလေးကြီး”ဟု ခေါ်တွင်ကာ မြန်မာလောကီ ဆရာတို့သည် တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိကြပါသည်။ အပြိုင်အဆိုင်ကိစ္စများ၌ အောင်မြင်ရန်၊ ကြီးပွားတိုးတက်စေရန်၊ သူတစ်ပါးတို့ထက် သာလွန်စေရန်၊ ငွေကြေးလာဘ်လာဘ ပွင့်လန်းစေရန်၊ မကောင်းသော အတိုက်အခံတို့ကို ကာကွယ်တားစီးစေရန် စသည်စသည်တို့အတွက် အမျိုးမျိုး အသုံးပြုလေ့ရှိကြပါသည်။

ကျွန်ုပ်တို့၏ အဘဆရာကြီး မင်းသိင်္ခသည် အများပုရိသတ်အတွက် ထိုကြီးလေးကြီးစမများကို လက်ကိုင်ထား၍ စီရင်ဆောင်ရွက်ပေးလေ့ရှိသကဲ့သို့ အဘရောက်လေရာ နေရာတိုင်းတွင်လည်း ပြူတင်းတံခါးများ နံရံများတွင် ထိုကြီးလေးကြီးစမကို အကျအန စီရင်ရေးဆွဲထားလေ့ရှိ၏။ ၁၉၉၆-ခုနှစ်များဆိက အဘမင်းသိင်္ခကိုယ်တိုင် လက်ဖြင့်ရေးဆွဲ စီရင်ပေးခဲ့သော လာဘ်လာဘပွင့်လန်းပြီး ရန်အနှောက်အယှက်များ ကင်းဝေးစေမည့် ကြီးလေးကြီးစမကို ကျွန်ုပ်၏ ချစ်ခင်လေးစားရသော စာဖတ်ပရိသတ်အပေါင်းနှင့် ဗေဒင်မိတ်ဆွေများအားလုံး အတွက် လက်ဆောင်ပေးအပ်လိုက်ပါသတည်း။

အိမ်၊ ဆိုင် ၊ အလုပ်ခန်း၊ ရုံးခန်း၊ အစရှိသော မိမိတို့ ပိုင်ဆိုင်သော နေရာများ၌ မှန်ဘောင်အကျအနသွင်းကာ ချိပ်ဆွဲပြီး မကြာခဏ အမွှေးနံ့သာ ပက်ဖြန်းပေးခြင်း ၊ ပုံအသေးကို ပလတ်စတစ်ကတ်လောင်းပြီး အိပ်ထဲတွင် ဆောင်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း......

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
+66 87 415 0022

လွယ်ကူစွာရှာဖွေရန်

လာဘ်ကြီးဝင်မယ့်-ငွေကြေးစည်

ငွေကြေးစည်ဆိုတာက ငွေတွေကြေးတွေ စည်တဲ့သဘောပေါ့ဗျာ။ ပြီးတော့ ကြေးစည်ဆိုတာကြတော့ လည်ပတ်တဲ့ သဘောပေါ့။ ငွေဆိုတာကလည်း သေတ္တာထဲမှာ အိပ်နေရင် ဘာမှ အဓိပ္ပါယ်မရှိပေဘူး။ ၀င်တဲ့ ငွေက ၀င်နေဖို့လိုသလို သုံးတဲငွေကိုလည်း ကောင်းမွန်စွာ သုံးနေနိုင်ဖို့ လိုတာပေါ့။ ဒါကြောင့် ငွေကြေးဆိုတာ ကောင်းမွန်စွာ လည်ပတ်နေဖို့ လိုတာပေါ့။

အဲဒီတော့ မိတ်ဆွေတို့အတွက် ငွေကြေးတွေ လည်ပတ်အောင် စည်ပင်အောင် ငွေကြေးစည်လေးတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ဈေးဆိုင်ရှိတဲ့ မိတ်ဆွေတွေက ဈေးဆိုင်ပေါ့၊ ကုမ္ပဏီရှိတဲ့ မိတ်ဆွေတွေက ကုမ္ပဏီ၊ ဘာမှ မရှိတဲ့ လူတွေကတော့ အိမ်ဘုရားခန်းပေါ့။ အဲဒီ ငွေကြေးစည်လေးကို ပလပ်စတစ်လောင်းပြီး မိမိ၏ မွေးနေ့ နံက် (၉း၄၅)မှာ အမွှေးနံ့သာ ပက်ဖြန်းပြီး ဆုတောင်း ချိပ်ဆွဲပေတော့ဗျို့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
+66 87 415 0022

ကားသမား ကိုအောင်သိန်းဝင်းနှင့် ကျွန်ုပ်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မောင်အောင်သိန်းဝင်းဟု အမည်ရသောသူသည် ဗေဒင်မေးရန် ရောက်ရှိလာလေ၏။ သူသည် ထိုင်းနိုင်ငံတွင် ကားမောင်းနေသော ကားသမားတစ်ဦးပင်ဖြစ်လေ၏။ တစ်ချို့ လတ်မြင်သော သူဋ္ဌေးများသည် မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားများကို အမှီပြု၍ စီးပွားဖြစ်ကြ၏။ ယခု မောင်အောင်သိန်းဝင်း၏ သူဋ္ဌေးသည်လည်း ထို့အတူ ကားများကို ၀ယ်၍ မြန်မာပြည်သား ကားမောင်းတတ်သူများကို မောင်းစေ၍ အလုပ်သမားများကို အကြိုအပို့ လုပ်စေ၏။ များသောအားဖြင့် ကျွန်ုပ်တို့ မဟာချိုင်မြို့တွင် ကားမောင်းရသော ကားသမားအများစုကို သူဋ္ဌေးများက ကားအပ်ထားသောကြောင့် ကားသမားအများစုသည် သူဋ္ဌေးပေးသော လခလည်းရ၏။ မြန်မာပြည်သားများ အခန်းပြောင်းရွေ့ခြင်း၊ အလည်အပတ်သွားသောအခါ ကားငှားခြင်းကြောင့် အောက်ဆိုက်လည်း ရလေ၏။

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကားမောင်းသော အလုပ်ကို လုပ်သော မောင်အောင်သိန်းဝင်းဟု အမည်ရသောသူ သည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအတွင်းသို့ ရောက်ရှိလာလေ၏။ သူသည် ဗေဒင်မေးရန် ရောက်ရှိလာခြင်း ဖြစ်လေ၏။ သူသည် ကျွန်ုပ် ဗေဒင်ဟောသော စားပွဲရှေ့တွင်ထိုင်ကာ မြင်တာတွေ့တာ အကုန်ဟောပါဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း ၎င်း၏ နာမည်မွေးသက္ကရာဇ်တို့ကို တောင်းယူရေးမှတ်၍ တွက်ကြည့်လေတော့၏။

သူသည် မြန်မာသက္ကရာဇ် (၁၃၃၃)ခုနှစ်တွင် မွေးဖွားသော သူဖြစ်သောကြောင့် သူ၏ မွေးသက္ကရာဇ်ကို မဟာဘုတ်တွက်ကြည်လေရာ သူသည် မဟာဘုတ် (၃)ကြွင်း၊ဖြစ်၏။ သောကြာသားဖြစ်သောကြောင့် မရဏဖွားဖြစ်၏။ ထို့ကြောင့် မဟာဘုတ်(၃)ကြွင်း မရဏဖွားကို အောက်ပါအတိုင်း မြင်ရလေတော့၏။ ပြီးလျှင် သူ၏ လက်ရှိရောက်ဆဲအသက်အပိုင်းအခြားကို ကံကောင်းမကောင်းအတွက် သုံးတန်ပေါ်နိစ်ပညာဖြင့် တွက်ကြည့်လေရာ သူသည် ကြာသပတေးသက်ရောက် ဖြစ်လေ၏။

ကျွန်ုပ်သည် ကိုအောင်သိန်းဝင်း၏ မဟာဘုတ်ကို ကြည့်လေရာ သူ၏ မဟာဘုတ်တွင် သောကြာအသံသည် မရဏ( ပျက်စီးခြင်း) ဟူသောနေရာသို့ ရောက်ရှိနေ၏။ များသောအားဖြင့် မဟာဘုတ်(၃)ကြွင်း သမားများသည် အသံကြောင့် ဖားသေဆိုသကဲ့သို့ သူတို့သည် စကားအပြောအဆို မတတ်ခြင်း၊ စကားပြောကြမ်းတမ်းခြင်း၊ စသည်တို့ကြောင့် သူတို့လုပ်သော စီးပွားရေး လုပ်ငန်းဆောင်တာတို့၌ ပျက်စီးတတ်လေ့ရှိ၏။ နောက်တစ်ခုမှာ သူတို့၏ အင်္ဂါတည်းဟူသော စိတ်ပိုင်းဆိုင်ရာသည် ဘင်္ဂ(မတည်ငြိမ်)တည်းဟူသော နေရာ၌ ရှိနေသောကြောင့် သူတို့သည် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တတ်ခြင်း၊ စိတ်မြန်ခြင်း၊ စိတ်အပြောင်းအလဲများခြင်းတို့ကြောင့်လည်း ပျက်စီးမှု့များ ရင်ဆိုင်ရတတ်သည်။

ကျွန်ုပ်သည် အောင်သိန်းဝင်း ဆိုသူအား စတင်၍ အထက်ပါအတိုင်း ဟောပြောလေ၏။ ထိုအခါ အောင်သိန်းဝင်း က မှန်လိုက်တာဆရာရယ်ဟု ၀န်ခံလေ၏။ သူသည် လွန်စွာစိတ်မြန်၍ လွန်စွာမှလည်း အပေါက်ဆိုးသူ ဖြစ်လေ၏။ စိတ်ကောင်းတော့ရှိ၍ စကားအပြောအဆို မတတ်သောကြောင့် လူအများနှင့် မကြာခဏဆိုသလို ပြဿနာဖြစ်တတ်လေ၏။ ကြာသောအခါ၌ သူနှင့်တွဲ၍ မည်သူမျှ အလုပ်မလုပ်ချင်တော့ပေ။

ကိုအောင်သိန်းဝင်းသည် ခေတ္တခဏမျှ ကျွန်ုပ်ပြောဆိုသမျှသော စကားများကို စဉ်းစားနေပြီး၍ ၎င်းကဆက်လက်၍ ...ကျွန်တော်ရဲ့ ဒီနှစ်ကံဇာတာကကော ဆရာ။ ကောင်းလားညံ့လား။ လုပ်စားကိုင်စားရော အဆင်ပြေမလားဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ကိုအောင်သိန်းဝင်း၏ သုံးတန်ပေါ်နိစ်ပညာဖြင့် တွက်ကြည့်လိုက်လေရာ သူသည် ကြာသပတေးသက်ရောက် ( ရှိတာအကုန်ထုတ်) သို့ ရောက်ရှိနေကြောင်း တွေ့ရှိ၇လေ၏။ သုံးတန်ပေါ်နိစ်ပညာရပ်တွင် ကြာသပတေးသက်ရောက်သည် ငွေကြေးနှင့်ပါတ်သက်၍ အလွန်အင်မတန် အကုန်အကျများသော နှစ်ဖြစ်လေ၏။ အလိုလိုနေရင်း ငွေကြေးများ ကုန်းခမ်းသွားတတ်၏။ အိပ်ပေါက်နှင့် ဖားကောက်ဆိုသကဲ့သို့ ရှေ့က၀င်၍ နောက်က အလိုလိုထွက်သွားတတ်၏။ လောင်းကစားနှင့် ဖြတ်လမ်းစီးပွားရှာပါက ဘ၀ပျက်သည့်အထိ ဒုက္ခရောက်သွားတတ်လေ၏။ ကျွန်ုပ်သည် ထိုအကြောင်းကို အောင်သိန်းဝင်းအား ပြောပြလိုက်လေရာ အောင်သိန်းဝင်းက မှန်လိုက်တာ ဆရာရယ်။ ဘောလုံးပွဲကြောင့် ကျွန်တော့်ဘ၀ တော်တော်လေး စုတ်ပြတ်သတ်သွားတယ်ဟု ပြန်ပြောလေ၏။

ဒါဆို ဆရာရယ်။ ကျွန်တော် အရေးကြီးတာ တစ်ခုလောက်မေးချင်တယ်။ အခုလက်ရှိ သူဋ္ဌေးဆီကနေ နောက်သူဋ္ဌေးတစ်ယောက်က ခေါ်နေတယ်။ အဲဒါ ပြောင်းရင်ကောင်း မကောင်းတွက်ကြည့်ပေးပါဟု မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုသူ၏ မေးခွန်း ကောင်းမကောင်း လုပ်သင့် မလုပ်သင့် ပြန်ဖြေရန်အတွက် အောင်သိန်းဝင်အား တားရော့ချိုးခိုင်းလိုက်လေရာ တားရော(၂၂)ချပ်တွင် The Fool ဟု အမည်ရသော အောက်ပါတားရော့ကဒ်ကျလာလေ၏။

အရူးဟုအမည်ရသော ထိုတားရောကဒ်၏ အဓိပ္ပါယ်မှာ အရူးသည် ရှေ့သိုပ တစ်လှမ်းလောက်ဆက်လှမ်းလိုက် ပါက အသူရာချောက်ထဲသို့ ကျတော့မည်ဖြစ်လေ၏။ သူ့အတွက် ဒီအချိန်တွင် အရေးကြီးသည်မှာ ငြိမ်ငြိမ်လေး နေလိုက်ဖို့သာ အဓိကဖြစ်သည်။ ထိုကဒ်ကျလာသောကြောင့် ကျွန်ုပ်သည် ကို အောင်သိန်းဝင်းအား အောက်ပါအတိုင်းပြောပြလိုက်လေတော့၏။

ကိုအောင်သိန်းဝင်းရေ။ ခင်ဗျားကတော့ ဘယ်လိုတွေးထားသလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ခင်ဗျား ဘာအပြောင်းအလဲမှ မလုပ်သင့်ပါဘူး။ ငြိမ်ငြိမ်လေး နေတာဟာ ခင်ဗျားအတွက် အကောင်းဆုံးပါပဲ။ တကယ်လို့ သူဋ္ဌေးပြောင်းလိုက်မယ်ဆိုရင် ခင်ဗျားအတွက်က ကောင်းဖို့ထက် ပိုဆိုးသွားဖို့ပဲ ရှိတယ်။ နောင်တရဖို့တောင် အချိန်ရမှာ မဟုတ်ဘူး။ အဲဒီတော့ ခင်ဗျားကို အကောင်းဆုံး အကြံညာဏ်ပေးချင်တာက လက်ရှိနေရာမှာ ငြိမ်ငြိမ်လေး လုပ်နေပါ။ လောင်းကစားတွေ ဘာတွေလည်း ရှောင်ပါဟု ကျွန်ုပ်က ပြောပြလိုက်လေရာ ကိုအောင်သိန်းဝင်းက....

ဟုတ်ပါပြီ ဆရာရယ်။ ကျွန်တော်လည်း ဆရာပြောသလို ငြိမ်ငြိမ်လေး နေလိုက်ပါ့မယ်။ အဲဒီတော့ အခု လောလောဆယ်လုပ်နေတဲ့ ကားလုပ်ငန်းလေး အောင်မြင်အောင် ယတြာပေးလိုက်ပါဦးဟု ပြောသောကြောင့် ကားလုပ်ငန်းနှင့်ပါတ်သက်၍ အောင်မြင်စေသော အောက်ဖော်ပြပါ ယတြာကို ကိုအောင်သိန်းဝင်းအား ပြောပြလိုက်လေတော့သတည်း။

ကားလုပ်ငန်းနှင့်ပါတ်သက်၍ အောင်မြင်စေသောယတြာ

ဘုရားပွဲဈေးများတွင် ရောင်းလေ့ရှိသော နှစ်လက်မအရွယ် အိုးစည်သေးသေးလေး တစ်လုံးကို ကားနောက်ကြည့်မှန်တွင် ချိပ်စွဲထားလိုက်ပါ။ နောက်ပြီး ချွန်ပြီးသား ခဲတန်တစ်ချောင်းကို ကားစတီယာရင်ရှေ့ က ဒက်စ်ဘုတ်ပေါ်မှာ တင်ထားပါ။ ကားထွက်တာနဲ့ အဲဒီခဲတံနဲ့ ကားရဲ့ ဒက်စ်ဘုတ်ကို ခေါက်ပါ။

(မှတ်ချက်- အထက်ပါယတြာများကို ကားလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသောမည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ ခရီးသည်တင်လိုင်းကားပဲ ဖြစ်ဖြစ်၊ တက္ကစီကားပဲဖြစ်ဖြစ်၊ ဘုရားဖူးခရီးပို့ဆောင်ရေး ကားပဲဖြစ်ဖြစ်၊ အော်ဒါလိုက်တဲ့ ကားပဲ ဖြစ်ဖြစ်၊ ကားပိုင်ရှင်ပဲ ဖြစ်ဖြစ်၊ ယဉ်မောင်း (သို့) စပယ်ယာပဲ ဖြစ်ဖြစ် မည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ အပျက်အစီးနည်းပြီး ငွေရှာလို့ အောင်မြင်စေတဲ့ ၊ အန္တရယ်ကင်းစေတဲ့ ယတြာဖြစ်သောကြောင့် စိတ်ချလက်ချ ယုံကြည်စွာ ဆောင်ရွက်နိုင်ပါကြောင်း သင်တို့၏ အကျိုးစီးပွားကို အမှန်တကယ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် စေတနာကောင်းဖြင့် အကြံကောင်းပြု လိုက်ရပါသတည်း။)

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Ph + 6687 416 00 22
sayaheintintzaw@gmail.com

အကြွေးတောင်းရစေသောနည်းတစ်ခု

တစ်နေ့သောညနေတစ်ခု၌ ကျွန်ုပ်နှင့်မတွေ့သည်မှာ ကြာပြီဖြစ်သော ကိုသောင်းဋ္ဌေးဆိုသူသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ညီးတွားပြောဆိုလေတော့၏။

အော်.... လူတွေလူတွေ ဆရာရေ။ မကောင်းတော့ဘူး။ ခေတ်ကာလကြီးကလည်း ဆုပ်ကပ်ရောက်လာပြီဆိုတာ အမှန်ပဲဆရာရေ။ တဖြည်းဖြည်းနဲ့ လူတွေလည်း အကျင့်စာရိတ္တတွေ ပျက်လာပြီ။ ဂတိသစ္စာတွေလည်း ပျက်ပျက်လာ ကြပြီး။ တစ်ခါတစ်လေတော့လည်း လူတွေနဲ့ ဝေးရာကိုထွက်ပြေးချင်စိတ်တောင် ပေါက်နေပြီဟု ညီတွားပြောဆိုလေတော့၏။ထိုအခါ ကျွန်ုပ်က...

ဘယ်လိုက ဘယ်လို ဖြစ်လာရတာတုန်းကိုသောင်းဋ္ဌေးရဲ့။ လူတွေနဲ့ ဝေးရာကို ထွက်ပြေးချင်တယ်ဆိုလားပဲ။ လူတွေနဲ့ ဝေးရာကိုထွက်ပြေးချင်တယ်လို့ ပြောရအောင် ကိုသောင်းဋ္ဌေးနေနေတာက လူ့လောကကြီး မဟုတ်ဘူးလားဗျ။ လူတွေနေတဲ့ လူ့လောကကြီးထဲမှာနေပြီးတော့ လူတွေနဲ့ ဝေးရာကို ထွက်ပြေးချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကတော့ နည်းနည်းလေး တရားလွန်နေသလားလို့။ မဖြစ်နိုင်တာကို မပြောစမ်းပါနဲ့ ကိုသောင်းဋ္ဌေး ရာ။ လူတွေနဲ့ ဝေးတဲ့နေရာတစ်နေရာတော့ ရှိတယ် ခင်ဗျားသွားချင်တယ်ဆိုရင်တော့ ကျွန်တော် ခင်ဗျားကို လမ်းစရိပ်အခမဲ့ လိုက်ပို့ပေးမယ်။ ခင်ဗျား သွားမလားဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုသောင်းဋ္ဌေးက ဘယ်နေရာလဲ ဆရာရဲဟု ပြန်ပြေလေ၏။ ထိုအခါ ကျွန်ုပ်က အသံကျယ်ကျယ်ဖြင့်

သင်းချိုင်းကုန်း

ဟု ကျွန်ုပ်က နောက်လိုက်လေရာ ကိုသောင်းဋ္ဌေးဆိုသူက...

ဟာ ဒီဆရာကလည်း ဖွဟဲ့ လွဲပါစေ မပြောကောင်း မဆိုကောင်းဆရာရယ် ။ ဒါ နောက်ရမယ့် ကိစ္စ မဟုတ်ဘူးနော်ဟု ပြာပြာသလဲ ပြန်ပြေလေတော့၏။ ထိုအခါ ကျွန်ုပ်က

အော... ကိုသောင်းဋ္ဌေးကြီးကလည်းဗျာ။ ခင်ဗျားပဲ လူတွေနဲ့ ဝေးတဲ့နေရာကို ပြေးချင်လို့ဆို။ လူတွေနဲ့ ဝေးတဲ့နေရာဆိုတာက အဲဒီနေရာတစ်နေရာပဲ ရှိတာမဟုတ်လားဗျာ။ အမှန်တကယ်က လူတွေနဲ့ ဝေးတဲ့နေရာကို ပြေးသွားရမှာ မဟုတ်ဘူးဗျ။ လူရယ်လို့ ဖြစ်လာရင် လူတွေကြားထဲမှာပဲ ရှင်သန်နေရမှာ။ လူတွေနေသလိုပဲ နေရမှာ။ လူတွေ စားသလိုပဲ စားရမှာ။ အဲဒီလိုပဲ လူတွေတွေးသလို့ ခင်ဗျားတွေးရမှာ။ ဒါမှသာ လူ့လောကကြီးမှာ လူပီသတဲ့ လူသားတစ်ယောက် ဖြစ်တော်မပေါ့ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုသောင်းဋ္ဌေးက

ကျွန်တော်ကတော့ လူတွေကို ကြောက်ကို ကြောက်နေတာ ဆရာရေ။ ဒါကြောင့် လူတွေကိုဆို မပါတ်သက် ချင်တော့ တာဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ဒီမှာ ကိုသောင်းဋ္ဌေးရဲ့ ။ ခင်ဗျားကို ကျွန်တော် အကြောင်းအရာလေးတစ်ခု ပြောပြမယ်။ တစ်နေ့မှာ ပညာရှိကြီး ဆိုကရေးတီးနဲ့ သူတပည့်တစ်ဦးဟာ ညနေ ဆည်းဆာချိန်လေးမှာ လမ်းလျှောက်ထွက်လာကြတယ်။ အဲဒိ ဆည်းဆာချိန်လေးဟာ အရမ်းကို သယာလှပတယ်။ ကောင်းကင်မှာလည်း ဆည်းဆာချိန်ဆိုတော့ တိမ်လေးတွေကလည်း တောက်လို့။ အမျိုးအစား မတူညီတဲ့ ငှက်ကလေးတွေကလည်း ဟိုမှ ဒီမှ ပြန်သန်းလို့ပေါ့။ အဲဒီမြင်ကွင်းကို မြင်တဲ့ ဆရာကြီး ဆိုကရေးတီးရဲ့ တပည့်ဖြစ်သူက ပညာရှိကြီးကို ဘာပြောသလဲ ဆိုတော့..

ဆရာကြီးရယ် ကြည့်စမ်းပါဦး ။ အရမ်း သယာတာပဲ။ ငှက်လေးတွေကလည်း အရမ်းလျတာပဲ။ ကျွန်တော်ဖြင့် ကြည့်ရတာ အရမ်းကြည်နူးတာပဲလို့ ဆရာကြီးကို ပြောလိုက်တယ်။ အဲဒီတော့ ပညာရှိကြီး ဆိုကရေတီးက သူ့တပည့် ဖြစ်တဲ့သူကို ဘာပြန်ပြောလိုက်သလဲဆိုတော့....

ငှက်ကလေးတွေ လှတာတော့ မှန်ပါတယ်ကွာတဲ့။ ဒါပေမယ့် မင်းခေါင်းပေါ်မှာတော့ အသိုက်လာ မဆောက်စေနဲ့တဲ့။ ဒါပဲ။

ပညာရှိကြီပြောလိုက်တာက ဒီလောက်ပဲ။ ဒါပဲ ကိုသောင်းဋ္ဌေးရဲ့။ လူတွေကတော့ ပုံစံအမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ အရောင်အဆင်းအမျိုးမျိုးကိုးဗျ။ အရေးကြီးတာက ကိုသောင်းဋ္ဌေးခေါင်းပေါ် အသိုက်လာမစောက်ဖို့ အဓိကပဲဟု ကျွန်ုပ်က ပြောပြောလိုက်လေရာ ကိုသောင်းဋ္ဌေးက...

အမှန်ဆုံးပဲ ဆရာရေ။ ဒီစကားက တစ်ခွန်းဆို ဆိုသလောက်လောက် တန်ဖိုးရှိလိုက်တာ။ နောင်ဆိုရင်တော့ ကျွန်တော် ခေါင်းပေါ် ဘယ်သူ့မှ အသိုက်ဆောက်ခွင့်မပေးတော့ဘူး။ အခုလောလောဆယ်တော့ အရင်တုန်းက အသိုက်ဆောက်ထားလို့ ရှုပ်နေတာတွေ ဆရာ ပညာနဲ့ ရှင်းပေးပါဦး။ဆရာရေ။ အကြွေးတွေ တောင်းမရဘူး ဖြစ်နေတယ်။ ဒီနေ့ သွားတောင်းရင် နောက်နေ့ ယူပါလို့ပြောတယ်။ နောက်နေ့ သွားတောင်းတော့ ဒီတစ်ပါတ် ပိုက်ဆံထုပ်မှတဲ့။ အဲဒိလိုနဲ့ နေ့ရွေ့ ညရွေ့ ဖြစ်နေတယ်ဆရာရေ။ အဲဒါ အကြွေး အမြန်တောင်းရစေတဲ့ နည်းလေး ပြောပါဦးဟု ကျွန်ုပ်အား ပြေလေသောကြောင့် ကိုသောင်းဋ္ဌေးအား အောက်ပါ အကြွေးတောင်းရစေသော နည်းအား ပြန်လည်ပြောပြလိုက်လေတော့သတည်း။

အကြွေးအမြန်တောင်းရစေသောနည်း

ကောက်ညှင်းခြေထောက် သုံးချောင်းကို ဖိုခနောက်ဆိုင်ထောင်ပါ။ အပေါ်တည်တည်မှာ ဖယောင်းတိုင် ထွန်းပြီး ပေးထားသောငွေများ အမြန်ပြန်ရပါစေဟု ဆုတောင်းပါ။

ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်းချီ

ချစ်စွာသောမိတ်ဆွေများခင်ဗျား....

အကြောင်းအမျိုးမျိုးကြောင့် ပို့မတင်ဖြစ်သည့်အတွက် အားလုံးသော မိတ်ဆွေအပေါင်းတို့အား အနူးအညွတ် တောင်းပန်အပ်ပါသည်။ ရှေ့မြန်မာလူကြီးများသည် ဆုပေးသောအခါများ၌ ဆင်စီးပြီးမြင်းရံနိုင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ အစရှိသည်ဖြင့် ဆုပေးတတ်ကြသည်။ နောက်ပြီး ဆင်ရတနာမြင်းရတနာ အစရှိသည်ဖြင့် ရတနာထဲတွင် ထည့်သွင့်ဖော်ပြထားခဲ့ကြ၏။ သေသေချာချာ လေးလေးနက်နက်စဉ်းစားကြည့်ပါက ဆင်စီးပြီး မြင်းရံသည်ဟူသောစကားတွင် ရာထူးဂုဏ်ရှိန်ကြီးမားခြင်း၊ လူသူလေးပါးလေးစားကြည်ညိုခြင်း၊ အခြွေအရံ အသင်းအပင်း ပေါကြွယ်ဝခြင်း၊ စီးပွားဥစ္စာ၊ ငွေကြေးဥစ္စာဓနပေါကြွယ်ဝခြင်း အစရှိသော လေးနက်သော သဘောတရားများ ပါဝင်နေလေ၏။

ထို့ကြောင့် သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် လေးနက်စွာ တိုက်တွန်းလိုသည်မှာ ယခု ကျွန်ုပ်ပေးအပ်လိုက်သော ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်ချီပုံကို ပုံကြီးချဲ့၍ မှန်ဘောင်သွင်းကာ မိမိတို့၏ အလုပ်ခန်း ဧည့်ခန်း အစရှိသည့်နေရာများတွင် ချိပ်ဆွဲထားပါက မိမိတို့၏ စီးပွားရေး လုပ်ငန်းဆောင်တာများ စည်ပင်တိုးပွားစေခြင်း၊ ပရိသတ်ထောက်ခံမှု့ များစွာရရှိခြင်း အစရှိသော မရေမတွက် နိုင်သော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ သင့်ကို တစ်ခုပြောလိုသည်မှာ ဘာမှမလုပ်ခင် မဝေဖန်ပါနှင့်ဦး လုပ်ကြည့်လိုက်ပါ။ ထူးခြားပါက သင်၏ မိတ်ဆွေများကို တဆင့် ပြန်လည်လက်ဆောင်ပေးလိုက်ပါ။

ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်းချီကားစီရင်ပုံ

ချိပ်ရမည့်နေ့..... တနင်္ဂနွေနေ့ (၈)နာရီမှ (၁၀)မိနစ်မှာ ချိတ်ရမယ်။ ချိတ်ပြီးတာနဲ့ ဘုရားစင်မှာ စံပယ်ရှစ်ကုံး လှူရမယ်။ ဓာတ်ပန်းချီပုံမှာလည်း စံပယ်ရှစ်ကုံး ချိတ်ဆွဲရမယ်။ ဆင်စီးမြင်းရံဆိုတာမှာ ဆင်နဲ့မြင်းဆိုတာက စိန်ပန်းဓာတ်၊ အိမ်ထောင်မိတ်ဓာတ်၊ အိမ်တွင်းမိသားစု ခိုင်မာချမ်းသာစေတဲ့ ဓာတ်ရတယ်။အဲဒီတော့ ဥသာစိန်ပန်းဒါန်းလှကိုရှာ ဆိုတဲ့ အတွင်းမျတ်တွေ စုံသွားအောင် ဘုရားမှာ ထန်းလျှက်(၁၁)ခဲလည်း လှူရမယ်။ ကြံရည် (၁၀) ခွက်လည်း လှူရမယ်။ ကြံရည်အစား ကရေကရာ(၁၀)ခု ခု လှူလို့လည်း ရတယ်။ အဲဒါတွေကတော့ ဓာတ်ပန်းချီကား စတင်ချိတ်ဆွဲတဲ့နေ့မှာ လုပ်ဆောင်ရယ့် ကိစ္စတွေပါပဲ။ နောင်ရက်တွေမှာတော့ လုပ်စရာ မလိုတော့ပါဘူး။

အဲဒီဓာတ်ပန်းချီ ချိတ်ဆွဲနေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့မိသားစု ဆင်စီးပြီးမြင်းရံတဲ့ ဓာတ်တွေရပြီး စီးပွားဥစ္စာ ရာထူးဂုဏ်ရှိန်တွေ တိုးတက်ပါစေ၊ မိသားစု သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းရမယ်။ ဒါပါဘဲ။

အားလုံးသော မြင်ဘူးသောမိတ်ဆွေအပေါင်း၊ မမြင်ဘူးဘဲ နာမည်ကြားရုံသာကြားဘူးသော မိတ်ဆွေသင်္ဂဟအပေါင်း ၊ တစ်ခါတစ်ရံမှ တွေ့ဘူးမြင်ဘူးခြင်း မရှိပါဘဲ ယုံကြည်မှု့ဖြင့် ဗေဒင်မေးကြသော မိတ်ဆွေအပေါင်း အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

လိုအင်ပြည့်ရာပဒေသာ -အင်းစမတော်

ကောင်မလေးက အသက်အရွယ်အရသာ ငယ်တာ။ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေက အများသား။ သူ ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းထဲကို ရောက်လာတဲ့နေ့က တစ်ခုသော တနင်္ဂနွေနေ့ တစ်နေ့ပါ။ သူ့ကို မြင်လိုက်ရတဲ့ အခိုက်အတန်မှာ သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတွေကြောင့် သူ့ကို အမှတ်တရ ရှိနေခဲ့တာပါ။

သူ့နာမည်က အေးသီတာအောင်တဲ့။ နာမည်ကသာ အေးသီတာအောင်။ လူကတော့ တွေ့လိုက်ရတာနဲ့ ဖြစ်ချင်တာတွေ လိုချင်တာတွေ ဆန္ဒတွေ အများကြီးနဲ့။ ထုံးစံအတိုင်း စကားပြောရင် သွက်သွက်လက်လက်နဲ့။ ကိုယ်ဟန်အမူအယာက ခပ်သွယ်သွယ်လေးနဲ့။ သူ့ ကျွန်တော်ဆီ ရောက်လာတဲ့နေ့က ဗေဒင်လာမေးတာ။ သူနဲ့တွေ့တော့ ကျွန်တော် ဖြေရတာခေါင်းတွေကို မူးရော။ သူဖြစ်ချင်တာတွေက တော်တော်အများသား။ အလုပ်တွေကလည်း လုပ်ထားတာအများသား။ သူက ကျွန်တော်ဆီကို ဗေဒင်မေးတော့ ဒီလို စပြောတယ်။

ဒီလို ဆရာရေ၊ ကျွန်မက အလုပ်ရုံတွေမှာ အလုပ်သမားတွေ ရှာပေးတဲ့ အလုပ်လုပ်တယ်။ အဲဒီတော့ ကျွန်မဆီကို အလုပ်လိုချင်တဲ့လူတွေ များများ လာတာ လိုချင်တယ်။ နောက်ပြီး မြန်မာပြည်ကို ငွေလေးဘာ လေးလည်း နည်းနည်းပါးပါး လွဲတယ်ဆိုတော့ ငွေလွဲမယ့်လူတွေလည်း လိုချင်တယ်။ နောက်ပြီး မြန်မာပစ္စည်းလည်း နည်းနည်းပါးပါးရောင်းတယ်ဆိုတော့ ဈေးရောင်းကောင်းချင်တယ်။ နောက်ပြီး မင်္ဂလာဆောင်တွေကို အလှပြင်တာတွေ ဖိတ်စာရိုက်တာတွေလည်း အော်ဒါလက်ခံတယ်ဆိုတော့ ပွဲလေးတွေလည်း ရချင်တယ်။ နောက်ပြီး ငွေတိုးလေးဘာလေးလည်း နည်းနည်းပါးပါး ချထားတော့ ကျွန်မပေးထားတဲ့ ပိုက်ဆံတွေ ချောချောမောမော ပြန်တောင်းရချင်တယ်။ နောက်ပြီး ထိုင်းနိုင်ငံအနှံ့ အလည်အပတ်ခရီး ပို့ဆောင်ပေးတာလည်းလုပ်တော့ အလည်အပတ်သွားမယ့်လူတွေလည်း လာစေချင်တယ်။ နောက်ပြီး....

ထိုအခါတွင် ကျွန်ုပ်က သူ၏ စကားကို ဖြတ်လိုက်ပြီး အေးသီတာအောင်ရယ်။ ထိုင်းနိုင်ငံမှာ နင်မလုပ်တဲ့ အလုပ်ကော ဘာရှိသေးလဲဟု ကြားဖြတ်၍ နောက်လိုက်ရာ... အေးသီတာအောင်က..

လုပ်နိုင်မှ တန်ကာကျမှာ ဆရာရေ.. ဒီအသက်အရွယ်ကတည်းက ကြိုးစားထားမှ အသက်ကြီးလာရင် အေးအေးဆေးဆေး နေရမှာဟု ကျွန်ုပ်အား ပြန်ပြောလေ၏။ အမှန်မှာ အေးသီတာအောင်ဟု ဆိုသော မိန်းကလေး၏ အသက်မှာ (၂၂)ပင် မပြည့်သေးပေ။ သူသည် ပညာအရည်အချင်းလည်း (၄)တန်းတောင် အောင်အောင်မဖြေနိုင်ခဲ့သော သာမန် မိန်းကလေးတစ်ဦးပင် ဖြစ်လေ၏။ သို့သော် သူ၏ဘ၀က သင်ပေးခဲ့သော အတတ်ပညာများဖြင့် သူသည် တော်သောလုပ်နိုင်စွမ်းသော မိန်းကလေးတစ်ဦး ဖြစ်နေလေ၏။

ကျွန်ုပ်သည် သူမအား အေးသီတာအောင်ရေ... နင့်ရဲ့ ကိစ္စတွေကို တစ်ခုချင်းသာ ယတြာချေနေရမယ် ဆိုရင်တော့ နင်လဲ ဗေဒင်ဆရာအိမ်က ပြန်ရတယ်လို့ကို ရှိမှာ မဟုတ်တော့ဘူး။ အဲဒီတော့ အားလုံးကို အဆင်ပြေစေမယ်နည်းလေးတစ်ခုလောက် သင်ပေးလိုက်မယ်။ အင်းစာရွက်တစ်ရွက် လက်ဆောင်ပေး လိုက်မယ်။ အဲဒါကို ဘယ်လိုသုံးရမလဲဆိုတော့ အဲဒိ အင်းတော်ကြီးရဲ့ အလယ်မှာ လွတ်နေတဲ့ ကွက်လပ်ထဲမှာ နင့်ရဲ့ မွေးဂဏန်းကို သွင်းရမယ်။ နင်က တနင်္ဂနွေသမီးဆိုတော့ အလယ်ကွက်မှာ (၁)လို့ ရေးထည့်ရမယ်။ ပြီးရင် ဖယောင်းတိုင်မှာ ပတ်ပြီး အောက်က ကြွေပုဂံခံပြီး မီးထွန်းရမယ်။ အနည်းဆုံး(၉)ရက်ဆက်တိုက် ထွန်းရမယ်ဟု ပြောဆိုကာ အောက်ပါ လိုတရစေသောအင်းစမတော်ကို အေးသီတာအောင်အား ပေးအပ်လိုက်လေတော့သတည်း။

ဂုဏ်တော်ကိုးပါးကိုပုတီးဆယ်ပတ်ရအောင်စိပ်သောနည်း

တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်ထဲထိုင်၍ ရောက်တတ်ရာရာများကို စဉ်းစားလျှက်ရှိ၏။ များသောအားဖြင့် ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ ဟုဆိုအပ်သော အကြောင်းအရာကို များသောအားဖြင့် စဉ်းစားလေ့ရှိ၏။ ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ကို လွန်စွာလိုလား၏။ စိတ်အေးချမ်းသာစွာနှင့်သာ ဘ၀ခရီးလမ်းကို လျှောက်လှမ်းလို၏။ အချိန်များကို ပူပင်သောက ကင်းစွာဖြင့် ကုန်ဆုံးလို၏။ အလုပ်များကိုလည်း စိတ်ဖိစီးမှု့ ကင်းစွာဖြင့် လုပ်လို၏။

ထို့ကြောင့် ကျွန်ုပ်သည် တစ်ချိန်တစ်ခါက စိတ်ချမ်းသာမှု့ကို လွန်စွာ အလိုရှိသောကြောင့် လိုက်ရှာဖူးလေ၏။ တောအထပ်ထပ် တောင်အသွယ်သွယ် နေရာဒေသတော်တော် စုံစုံကိုလည်း သွားရောက်ရှာဖွေခဲ့၏။ နည်းစနစ်ပေါင်း များစွာကိုလည်း လိုက်နာကျင့်ဆောင်ခဲ့ ဘူးလေ၏။ စိတ်နှင့်ပတ်သက်သော စာအုပ်ပေါင်း များစွာကိုလည်း ဖတ်မှတ်၍ လိုက်နာလေ့ကျင့်ဖူးခဲ့၏။ သို့သော် ကျွန်ုပ်၏ ပါရမီနုနယ်သောကြောင့်လား မသိ။ မထူးခြားခဲ့ပေ။

ထိုကဲ့သို့ ရှာဖွေခဲ့ရာတွင် ကျွန်ုပ်သည် ရှာဖွေရခြင်းဆိုသော ဒုက္ခတစ်ခုသည်သာ ကျွန်ုပ်အတွက် ပိုတိုးလာခဲ့လေ၏။ ထူးခြားသည်မှာ မိမိနေရာမိမိပြန်ရောက်လာသောအခါတွင် ကျွင်္နုပ်တို့၏ ဘ၀သည် ပုံမှန် ပြန်ပြန်ဖြစ်သွားသည်ကသာ များ၏။ ထို့ကဲ့သို့ သွားရာ၌ ကျွန်ုပ်အတွက် စားရေးသောက်ရေး နေရေးထိုင်ရေးများ ပင် ပို၍ အခက်အခဲဖြစ်စေခဲ့၏။ ပူပန်မှု့များ ပိုတိုးစေခဲ့၏။

နောက်တစ်ခု ကျွန်ုပ်လိုချင်သော စိတ်အေးချမ်းသာမှု့မှာ ရိပ်သာများတွင် တရားအားထုပ်နေသော ယောဂီများကဲ့ သို့ နိဗ္ဗာန်အထိ ရှာဖွေနေလိုသော စိတ်လည်း ကျွန်ုပ်မှာမရှိပါ။ နိဗ္ဗာန်ဆိုသောစကားမှာ ကိလေသာ ကြားငြပ်နေသော ကျွန်ုပ်တို့နှင့် လွန်စွာ အလှမ်းကွာနေသကဲ့သို့ ကျွန်ုပ်၏ စိတ်တွင် ခံစားနေရလေ၏။ နောက်တစ်ခုမှာ ရိပ်သာတွင် ရှိစဉ်ကတုန်းကတော့ စိတ်အေးချမ်းသာ၍ မိမိနေရာ မိမိဌာနသို့ ပြန်ရောက်ရှိသော ခနတွင် ပြန်လည်၍ ပူပင်သောကများနေသော လူတော်တော်များကို တွေ့ဖူး၍ ကျွန်ုပ်ကိုယ်တိုင်ပင် ထိုကဲ့သို့ ဖြစ်ခဲ့လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် စိတ်အေးချမ်းသာစွာ နေထိုင်လို၏။ မိမိ၏ နေ့စဉ်လုပ်ကိုင်လျှက်ရှိသော အိမ်ထောင်ရေး စီးပွားရေး လူမှုရေး အားလုံးကိုလည်း ပုံမှန်အတိုင်း လုပ်ကိုင်နေထိုင်လို၏။ အလုပ်လုပ်ချိန်တွင် အလုပ်လုပ်မည်။ စားချိန်တွင် စားမည်။ အိပ်ချိန်တွင် အိပ်မည်။ လည်ချိန်တွင် လည်မည်။ ပတ်ချိန်တွင် ပတ်မည်။ ကောင်မလေးကို မြင်ရင် ကြိုက်ချင်ကြိုက်မည်။ လိုက်ချင်လိုက်မည်။ ချိန်းချင် ချိန်းမည်။ တစ်ခုခုကို တမ်းတချင်တမ်းတမည်။ ပိုက်ဆံလည်း ချမ်းသာချင် ချမ်းသာလိုမည်။ ရန်ဖြစ်စရာကြုံရင် ရန်ဖြစ်မည်။ ပြန်ချစ်စရာရှိရင် ပြန်ချစ်မည်။

အစရှိသည့်ကိစ္စများကတော့ ကျွန်တော်တို့ လူ့ဘ၀ကြီးတွင် ဖြတ်သန်းနေသရွေ့ မကြုံမဖြစ် နေ့စဉ်ကြုံတွေ့နေရ မည့် ကိစ္စများ ဖြစ်သည်။ မလွဲမသွေကို တွေ့ကြုံရမည်။ ကျွန်တော် ဖြစ်ချင်တာက လူ့ဘ၀ကြီးတွင် ဘာတွေပဲ ဖြစ်နေ ဖြစ်နေ ဘာတွေပဲ ကြုံတွေ့ကြုံတွေ့ ကျွန်တော် စိတ်အေးချမ်းသာစွာ နေထိုင်လိုသည်။ ပူပင်သောက ကင်းဝေးလိုသည်။

ထို့ကြောင့် ကျွန်ုသည် တစ်ယောက်ထဲရှိနေသည့် အချိန်များတွင် များသောအားဖြင့် လူ့ဘ၀တွင် စိတ်အေးချမ်းသာ စွာ နေထိုင်ရခြင်းကိုသာ ထိုင်၍ စဉ်းစားနေ၏။ ဘယ်လို လုပ်ရင် ရနိုင်မလဲ။ ဘယ်လို ကျင့်ကြံပါက ကျွန်ုပ်အလိုရှိ သော စိတ်အေးချမ်းသာမှု့ကို အမြဲတမ်းရနိုင်ပါမည်နည်းဟု စဉ်းစားတွေးတောနေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၄၅-နှစ်ခန့် ရှိသော ဦးသောင်းအေးဟု အမည်ရ သော သူသည် ၀င်ရောက်လာလေ၏။

ဆရာရေ... လာသာလာရတာ ။ဆရာ ရှိမှရှိပါ့မလားလို့တွေးပြီး စိုးရမ်လိုက်ရတာ ဆရာရဲ့ဟု ကျွန်ုပ်အား ပြောလေ၏။ထိုအခါ ကျွန်ုပ်က ဦးသောင်းအေးရယ် ကျွန်တော်က အခန်းမှာ မရှိလို့ ဘယ်သွားနေမတုန်းဗျ။ ဒါက ကျွန်တော် ဗေဒင်ဟောခန်းဖွင့်ချိန်ဆိုတော့ ကျွန်တော် ဗေဒင်ဟောခန်းထဲမှာပဲ ရှိမှာပေါ့ဗျဟု ကျွန်ုပ်က ပြန်ပြောလိုက်ရာ ဦးသောင်းအေးက မသိဘူးလေဆရာရယ်။ ဆရာက အလုပ်က ခပ်များများဆိုတော့ အခန်းမှာ မရှိမှာဆိုးလို့ပါဟု ပြန်ပြောလေ၏။

ကဲ... ဦးအေးသောင်းရေ ပြောပါဦး၊ ကျွန်တော် ဘာကူညီပေးရမလဲဟု မေးလိုက်ရာ ဦးအေးသောင်းက ဒီလိုပါဆရာ။ ကျွန်တော်လည်း လာမယ့်တပေါင်းလဆိုရင် ဘာလိုလိုနဲ့ အသက် (၄၅)နှစ်တောင် ပြည့်တော့မယ် ဆရာရေ။ ကျွန်တော့် ဘ၀မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်တယ်လို့ ပြောလို့မရသေးဘူး။ တစ်နှစ်ပြီး တစ်နှစ်သာ ကုန်ကုန်သွားတယ်။ ပိုင်ဆိုင်မှုတွေက တိုးတိုးလာတယ်လို့ကို မရှိဘူး။ တစ်နှစ်လာလည်း ဒီအတိုင်း၊ နောက်တစ်နှစ်လာလည်း ဒီအတိုင်းဆိုတော့ ကြာရင် တဖြေးဖြေး စိတ်ဓာတ်ကျလာတာပဲ အဖတ်တင်တယ် ဆရာရေ။ အလုပ်က မလုပ်ဘဲနေတာလည်း မဟုတ်ဘူး။ တနေ့မှကို မနားတာဆရာရေဟု ပြောလေ၏။

ဒါဆိုရင် ဒီလိုလုပ်ကြည့်ပါလား ဦးသောင်းအေးရဲ့။ ဂုဏ်တော်ကိုးပါးနဲ့ ပုတီးဆယ်ပတ်ရအောင် စိပ်ကြည့်ပါလားဟု ကျွန်ုပ်ကပြောလိုက်ရာ ဦးသောင်းအေးက ဘုရားဂုဏ်တော်က ကိုးပါးပဲရှိတာ။ ဘယ်လိုလုပ်ပြီး ဆယ်ပတ်ရအောင် စိပ်ရမှာလဲ ဆရာလေးရဲ့ဟု ပြန်ပြောလေသောကြောင့် ကျွန်ုပ်လည်း ဂုဏ်တော်ကိုးပါးကို ပုတီးဆယ်ပတ်ရအောင် စိပ်သော အောက်ပါနည်းကို ဦးသောင်းအေးအား ပေးလိုက်လေ၏။ ဦးသောင်းအေးသည် ကျွန်ုပ်ပေးလိုက်သော ပုတီးစိပ်နည်းကို ယူ၍ ပြန်သွားလေ၏။

(၃)လခန့်အကြာတွင် ဦးသောင်းအေးသည် ကျွန်ုပ်ထံသို့ ပြန်ရောက်လာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဆရာရေ.. ဆရာလမ်းညွန်ပေးလိုက်တဲ့ ပုတီးစိပ်နည်းက တော်တော်လေး အဆင်ပြေတယ်။ဆရာရေ။ အဲဒီနည်း အတိုင်း ပုတီးပုံမှန်စိပ်နေတာ၊ မကြာပါဘူးဆရာရေ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်၊သူက ပွဲစားလေ သူမြန်မာပြည်ကို ပြန်ခါနီး ကျွန်တော့်ကို သူ့ဖုံးကို လွဲပေးသွားတယ်။ သူငယ်ချင်းတဲ့ မင်းလည်း အသက်ကြီးပြီ ဆိုတော့ အလုပ်ရုံတွေမှာ မလုပ်နဲ့တော့တဲ့။ ဒီဖုံးလေးနဲ့ပဲ လုပ်စားပေတော့ဆိုပြီး သူ့ဖုံးကို ကျွန်တော့်ကို အပြီးပေး သွားတယ်ဆရာရေ။ အခု ကျွန်တော် သူပေးခဲ့တဲ့ ဖုံးနဲ့ တော်တော် အဆင်ပြေနေပြီဟု ဆိုကာ ကျွန်ုပ်အား ငွေများကန်တော့ကာ ပြန်သွားလေတော့သတည်း။

ဈေးဆိုင်များအတွက်လာဘ်ခေါ်တစ်ချက်ငွေဇီးကွက်

ကျွန်ုပ်၏ ချစ်ခင်လေးစားရပါသော စာဖတ်သူများအတွက် သင်တို့၏ အကျိုးကိုလိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် တိုက်တွန်း၍အကြံညာဏ်ပေးလိုသည်မှာ မိမိ၏ဈေးဆိုင်တွင်တွင် အထက်ပါ လာဘ်ခေါ်တစ်ချက်ငွေဇီးကွက် ဓာတ်ပန်ချီကားကြီးကို ပုံကြီးထုပ် မှန်ဘောင်သွင်း၍ ကောင်းမွန်သော မနသီကာရဖြင့် ချိပ်ဆွဲထားကြပါက မိမိတို့၏ ဈေးဆိုင်များတွင် ဈေးရောင်းကောင်းခြင်း၊ လူစည်ကားစေခြင်း၊ ငွေကြေးလာဘ်ရွှင်စေခြင်း၊ စီးပွားဥစ္စာတိုးတက်စေခြင်း အရောင်းအ၀ယ်ကောင်းခြင်း၊ ရောင်းပန်းဝယ်ပန်း ပွင့်လန်းခြင်းအစရှိသော ဈေးဆိုင်နှင့်ပါတ်သက်သော ပါတ်သက်သော ကိစ္စရပ်များကို အောင်မြင်စေပါသည်။ ပူပန်သောက ကင်းဝေးစေပါသည်။ ပုံပေါ်တွင် နှိပ်၍ ဒေါင်းလော့လုပ်ယူပါ။ rar ဖိုင်ဖြင့် ချုံ့၍ MediaFire မှာ တင်ထားပေးပါတယ်။

Tuesday, February 1, 2011

Monday, January 31, 2011

Friday, January 28, 2011

Wednesday, January 26, 2011

Tuesday, January 25, 2011

Monday, January 24, 2011

လာဘ်ကြီးဝင်မယ့်-ငွေကြေးစည်

ငွေကြေးစည်ဆိုတာက ငွေတွေကြေးတွေ စည်တဲ့သဘောပေါ့ဗျာ။ ပြီးတော့ ကြေးစည်ဆိုတာကြတော့ လည်ပတ်တဲ့ သဘောပေါ့။ ငွေဆိုတာကလည်း သေတ္တာထဲမှာ အိပ်နေရင် ဘာမှ အဓိပ္ပါယ်မရှိပေဘူး။ ၀င်တဲ့ ငွေက ၀င်နေဖို့လိုသလို သုံးတဲငွေကိုလည်း ကောင်းမွန်စွာ သုံးနေနိုင်ဖို့ လိုတာပေါ့။ ဒါကြောင့် ငွေကြေးဆိုတာ ကောင်းမွန်စွာ လည်ပတ်နေဖို့ လိုတာပေါ့။

အဲဒီတော့ မိတ်ဆွေတို့အတွက် ငွေကြေးတွေ လည်ပတ်အောင် စည်ပင်အောင် ငွေကြေးစည်လေးတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ဈေးဆိုင်ရှိတဲ့ မိတ်ဆွေတွေက ဈေးဆိုင်ပေါ့၊ ကုမ္ပဏီရှိတဲ့ မိတ်ဆွေတွေက ကုမ္ပဏီ၊ ဘာမှ မရှိတဲ့ လူတွေကတော့ အိမ်ဘုရားခန်းပေါ့။ အဲဒီ ငွေကြေးစည်လေးကို ပလပ်စတစ်လောင်းပြီး မိမိ၏ မွေးနေ့ နံက် (၉း၄၅)မှာ အမွှေးနံ့သာ ပက်ဖြန်းပြီး ဆုတောင်း ချိပ်ဆွဲပေတော့ဗျို့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
+66 87 415 0022

Sunday, January 23, 2011

ကားသမား ကိုအောင်သိန်းဝင်းနှင့် ကျွန်ုပ်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မောင်အောင်သိန်းဝင်းဟု အမည်ရသောသူသည် ဗေဒင်မေးရန် ရောက်ရှိလာလေ၏။ သူသည် ထိုင်းနိုင်ငံတွင် ကားမောင်းနေသော ကားသမားတစ်ဦးပင်ဖြစ်လေ၏။ တစ်ချို့ လတ်မြင်သော သူဋ္ဌေးများသည် မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားများကို အမှီပြု၍ စီးပွားဖြစ်ကြ၏။ ယခု မောင်အောင်သိန်းဝင်း၏ သူဋ္ဌေးသည်လည်း ထို့အတူ ကားများကို ၀ယ်၍ မြန်မာပြည်သား ကားမောင်းတတ်သူများကို မောင်းစေ၍ အလုပ်သမားများကို အကြိုအပို့ လုပ်စေ၏။ များသောအားဖြင့် ကျွန်ုပ်တို့ မဟာချိုင်မြို့တွင် ကားမောင်းရသော ကားသမားအများစုကို သူဋ္ဌေးများက ကားအပ်ထားသောကြောင့် ကားသမားအများစုသည် သူဋ္ဌေးပေးသော လခလည်းရ၏။ မြန်မာပြည်သားများ အခန်းပြောင်းရွေ့ခြင်း၊ အလည်အပတ်သွားသောအခါ ကားငှားခြင်းကြောင့် အောက်ဆိုက်လည်း ရလေ၏။

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကားမောင်းသော အလုပ်ကို လုပ်သော မောင်အောင်သိန်းဝင်းဟု အမည်ရသောသူ သည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအတွင်းသို့ ရောက်ရှိလာလေ၏။ သူသည် ဗေဒင်မေးရန် ရောက်ရှိလာခြင်း ဖြစ်လေ၏။ သူသည် ကျွန်ုပ် ဗေဒင်ဟောသော စားပွဲရှေ့တွင်ထိုင်ကာ မြင်တာတွေ့တာ အကုန်ဟောပါဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း ၎င်း၏ နာမည်မွေးသက္ကရာဇ်တို့ကို တောင်းယူရေးမှတ်၍ တွက်ကြည့်လေတော့၏။

သူသည် မြန်မာသက္ကရာဇ် (၁၃၃၃)ခုနှစ်တွင် မွေးဖွားသော သူဖြစ်သောကြောင့် သူ၏ မွေးသက္ကရာဇ်ကို မဟာဘုတ်တွက်ကြည်လေရာ သူသည် မဟာဘုတ် (၃)ကြွင်း၊ဖြစ်၏။ သောကြာသားဖြစ်သောကြောင့် မရဏဖွားဖြစ်၏။ ထို့ကြောင့် မဟာဘုတ်(၃)ကြွင်း မရဏဖွားကို အောက်ပါအတိုင်း မြင်ရလေတော့၏။ ပြီးလျှင် သူ၏ လက်ရှိရောက်ဆဲအသက်အပိုင်းအခြားကို ကံကောင်းမကောင်းအတွက် သုံးတန်ပေါ်နိစ်ပညာဖြင့် တွက်ကြည့်လေရာ သူသည် ကြာသပတေးသက်ရောက် ဖြစ်လေ၏။

ကျွန်ုပ်သည် ကိုအောင်သိန်းဝင်း၏ မဟာဘုတ်ကို ကြည့်လေရာ သူ၏ မဟာဘုတ်တွင် သောကြာအသံသည် မရဏ( ပျက်စီးခြင်း) ဟူသောနေရာသို့ ရောက်ရှိနေ၏။ များသောအားဖြင့် မဟာဘုတ်(၃)ကြွင်း သမားများသည် အသံကြောင့် ဖားသေဆိုသကဲ့သို့ သူတို့သည် စကားအပြောအဆို မတတ်ခြင်း၊ စကားပြောကြမ်းတမ်းခြင်း၊ စသည်တို့ကြောင့် သူတို့လုပ်သော စီးပွားရေး လုပ်ငန်းဆောင်တာတို့၌ ပျက်စီးတတ်လေ့ရှိ၏။ နောက်တစ်ခုမှာ သူတို့၏ အင်္ဂါတည်းဟူသော စိတ်ပိုင်းဆိုင်ရာသည် ဘင်္ဂ(မတည်ငြိမ်)တည်းဟူသော နေရာ၌ ရှိနေသောကြောင့် သူတို့သည် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တတ်ခြင်း၊ စိတ်မြန်ခြင်း၊ စိတ်အပြောင်းအလဲများခြင်းတို့ကြောင့်လည်း ပျက်စီးမှု့များ ရင်ဆိုင်ရတတ်သည်။

ကျွန်ုပ်သည် အောင်သိန်းဝင်း ဆိုသူအား စတင်၍ အထက်ပါအတိုင်း ဟောပြောလေ၏။ ထိုအခါ အောင်သိန်းဝင်း က မှန်လိုက်တာဆရာရယ်ဟု ၀န်ခံလေ၏။ သူသည် လွန်စွာစိတ်မြန်၍ လွန်စွာမှလည်း အပေါက်ဆိုးသူ ဖြစ်လေ၏။ စိတ်ကောင်းတော့ရှိ၍ စကားအပြောအဆို မတတ်သောကြောင့် လူအများနှင့် မကြာခဏဆိုသလို ပြဿနာဖြစ်တတ်လေ၏။ ကြာသောအခါ၌ သူနှင့်တွဲ၍ မည်သူမျှ အလုပ်မလုပ်ချင်တော့ပေ။

ကိုအောင်သိန်းဝင်းသည် ခေတ္တခဏမျှ ကျွန်ုပ်ပြောဆိုသမျှသော စကားများကို စဉ်းစားနေပြီး၍ ၎င်းကဆက်လက်၍ ...ကျွန်တော်ရဲ့ ဒီနှစ်ကံဇာတာကကော ဆရာ။ ကောင်းလားညံ့လား။ လုပ်စားကိုင်စားရော အဆင်ပြေမလားဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ကိုအောင်သိန်းဝင်း၏ သုံးတန်ပေါ်နိစ်ပညာဖြင့် တွက်ကြည့်လိုက်လေရာ သူသည် ကြာသပတေးသက်ရောက် ( ရှိတာအကုန်ထုတ်) သို့ ရောက်ရှိနေကြောင်း တွေ့ရှိ၇လေ၏။ သုံးတန်ပေါ်နိစ်ပညာရပ်တွင် ကြာသပတေးသက်ရောက်သည် ငွေကြေးနှင့်ပါတ်သက်၍ အလွန်အင်မတန် အကုန်အကျများသော နှစ်ဖြစ်လေ၏။ အလိုလိုနေရင်း ငွေကြေးများ ကုန်းခမ်းသွားတတ်၏။ အိပ်ပေါက်နှင့် ဖားကောက်ဆိုသကဲ့သို့ ရှေ့က၀င်၍ နောက်က အလိုလိုထွက်သွားတတ်၏။ လောင်းကစားနှင့် ဖြတ်လမ်းစီးပွားရှာပါက ဘ၀ပျက်သည့်အထိ ဒုက္ခရောက်သွားတတ်လေ၏။ ကျွန်ုပ်သည် ထိုအကြောင်းကို အောင်သိန်းဝင်းအား ပြောပြလိုက်လေရာ အောင်သိန်းဝင်းက မှန်လိုက်တာ ဆရာရယ်။ ဘောလုံးပွဲကြောင့် ကျွန်တော့်ဘ၀ တော်တော်လေး စုတ်ပြတ်သတ်သွားတယ်ဟု ပြန်ပြောလေ၏။

ဒါဆို ဆရာရယ်။ ကျွန်တော် အရေးကြီးတာ တစ်ခုလောက်မေးချင်တယ်။ အခုလက်ရှိ သူဋ္ဌေးဆီကနေ နောက်သူဋ္ဌေးတစ်ယောက်က ခေါ်နေတယ်။ အဲဒါ ပြောင်းရင်ကောင်း မကောင်းတွက်ကြည့်ပေးပါဟု မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုသူ၏ မေးခွန်း ကောင်းမကောင်း လုပ်သင့် မလုပ်သင့် ပြန်ဖြေရန်အတွက် အောင်သိန်းဝင်အား တားရော့ချိုးခိုင်းလိုက်လေရာ တားရော(၂၂)ချပ်တွင် The Fool ဟု အမည်ရသော အောက်ပါတားရော့ကဒ်ကျလာလေ၏။

အရူးဟုအမည်ရသော ထိုတားရောကဒ်၏ အဓိပ္ပါယ်မှာ အရူးသည် ရှေ့သိုပ တစ်လှမ်းလောက်ဆက်လှမ်းလိုက် ပါက အသူရာချောက်ထဲသို့ ကျတော့မည်ဖြစ်လေ၏။ သူ့အတွက် ဒီအချိန်တွင် အရေးကြီးသည်မှာ ငြိမ်ငြိမ်လေး နေလိုက်ဖို့သာ အဓိကဖြစ်သည်။ ထိုကဒ်ကျလာသောကြောင့် ကျွန်ုပ်သည် ကို အောင်သိန်းဝင်းအား အောက်ပါအတိုင်းပြောပြလိုက်လေတော့၏။

ကိုအောင်သိန်းဝင်းရေ။ ခင်ဗျားကတော့ ဘယ်လိုတွေးထားသလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ခင်ဗျား ဘာအပြောင်းအလဲမှ မလုပ်သင့်ပါဘူး။ ငြိမ်ငြိမ်လေး နေတာဟာ ခင်ဗျားအတွက် အကောင်းဆုံးပါပဲ။ တကယ်လို့ သူဋ္ဌေးပြောင်းလိုက်မယ်ဆိုရင် ခင်ဗျားအတွက်က ကောင်းဖို့ထက် ပိုဆိုးသွားဖို့ပဲ ရှိတယ်။ နောင်တရဖို့တောင် အချိန်ရမှာ မဟုတ်ဘူး။ အဲဒီတော့ ခင်ဗျားကို အကောင်းဆုံး အကြံညာဏ်ပေးချင်တာက လက်ရှိနေရာမှာ ငြိမ်ငြိမ်လေး လုပ်နေပါ။ လောင်းကစားတွေ ဘာတွေလည်း ရှောင်ပါဟု ကျွန်ုပ်က ပြောပြလိုက်လေရာ ကိုအောင်သိန်းဝင်းက....

ဟုတ်ပါပြီ ဆရာရယ်။ ကျွန်တော်လည်း ဆရာပြောသလို ငြိမ်ငြိမ်လေး နေလိုက်ပါ့မယ်။ အဲဒီတော့ အခု လောလောဆယ်လုပ်နေတဲ့ ကားလုပ်ငန်းလေး အောင်မြင်အောင် ယတြာပေးလိုက်ပါဦးဟု ပြောသောကြောင့် ကားလုပ်ငန်းနှင့်ပါတ်သက်၍ အောင်မြင်စေသော အောက်ဖော်ပြပါ ယတြာကို ကိုအောင်သိန်းဝင်းအား ပြောပြလိုက်လေတော့သတည်း။

ကားလုပ်ငန်းနှင့်ပါတ်သက်၍ အောင်မြင်စေသောယတြာ

ဘုရားပွဲဈေးများတွင် ရောင်းလေ့ရှိသော နှစ်လက်မအရွယ် အိုးစည်သေးသေးလေး တစ်လုံးကို ကားနောက်ကြည့်မှန်တွင် ချိပ်စွဲထားလိုက်ပါ။ နောက်ပြီး ချွန်ပြီးသား ခဲတန်တစ်ချောင်းကို ကားစတီယာရင်ရှေ့ က ဒက်စ်ဘုတ်ပေါ်မှာ တင်ထားပါ။ ကားထွက်တာနဲ့ အဲဒီခဲတံနဲ့ ကားရဲ့ ဒက်စ်ဘုတ်ကို ခေါက်ပါ။

(မှတ်ချက်- အထက်ပါယတြာများကို ကားလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသောမည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ ခရီးသည်တင်လိုင်းကားပဲ ဖြစ်ဖြစ်၊ တက္ကစီကားပဲဖြစ်ဖြစ်၊ ဘုရားဖူးခရီးပို့ဆောင်ရေး ကားပဲဖြစ်ဖြစ်၊ အော်ဒါလိုက်တဲ့ ကားပဲ ဖြစ်ဖြစ်၊ ကားပိုင်ရှင်ပဲ ဖြစ်ဖြစ်၊ ယဉ်မောင်း (သို့) စပယ်ယာပဲ ဖြစ်ဖြစ် မည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ အပျက်အစီးနည်းပြီး ငွေရှာလို့ အောင်မြင်စေတဲ့ ၊ အန္တရယ်ကင်းစေတဲ့ ယတြာဖြစ်သောကြောင့် စိတ်ချလက်ချ ယုံကြည်စွာ ဆောင်ရွက်နိုင်ပါကြောင်း သင်တို့၏ အကျိုးစီးပွားကို အမှန်တကယ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် စေတနာကောင်းဖြင့် အကြံကောင်းပြု လိုက်ရပါသတည်း။)

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Ph + 6687 416 00 22
sayaheintintzaw@gmail.com

Saturday, January 22, 2011

အကြွေးတောင်းရစေသောနည်းတစ်ခု

တစ်နေ့သောညနေတစ်ခု၌ ကျွန်ုပ်နှင့်မတွေ့သည်မှာ ကြာပြီဖြစ်သော ကိုသောင်းဋ္ဌေးဆိုသူသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ညီးတွားပြောဆိုလေတော့၏။

အော်.... လူတွေလူတွေ ဆရာရေ။ မကောင်းတော့ဘူး။ ခေတ်ကာလကြီးကလည်း ဆုပ်ကပ်ရောက်လာပြီဆိုတာ အမှန်ပဲဆရာရေ။ တဖြည်းဖြည်းနဲ့ လူတွေလည်း အကျင့်စာရိတ္တတွေ ပျက်လာပြီ။ ဂတိသစ္စာတွေလည်း ပျက်ပျက်လာ ကြပြီး။ တစ်ခါတစ်လေတော့လည်း လူတွေနဲ့ ဝေးရာကိုထွက်ပြေးချင်စိတ်တောင် ပေါက်နေပြီဟု ညီတွားပြောဆိုလေတော့၏။ထိုအခါ ကျွန်ုပ်က...

ဘယ်လိုက ဘယ်လို ဖြစ်လာရတာတုန်းကိုသောင်းဋ္ဌေးရဲ့။ လူတွေနဲ့ ဝေးရာကို ထွက်ပြေးချင်တယ်ဆိုလားပဲ။ လူတွေနဲ့ ဝေးရာကိုထွက်ပြေးချင်တယ်လို့ ပြောရအောင် ကိုသောင်းဋ္ဌေးနေနေတာက လူ့လောကကြီး မဟုတ်ဘူးလားဗျ။ လူတွေနေတဲ့ လူ့လောကကြီးထဲမှာနေပြီးတော့ လူတွေနဲ့ ဝေးရာကို ထွက်ပြေးချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကတော့ နည်းနည်းလေး တရားလွန်နေသလားလို့။ မဖြစ်နိုင်တာကို မပြောစမ်းပါနဲ့ ကိုသောင်းဋ္ဌေး ရာ။ လူတွေနဲ့ ဝေးတဲ့နေရာတစ်နေရာတော့ ရှိတယ် ခင်ဗျားသွားချင်တယ်ဆိုရင်တော့ ကျွန်တော် ခင်ဗျားကို လမ်းစရိပ်အခမဲ့ လိုက်ပို့ပေးမယ်။ ခင်ဗျား သွားမလားဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုသောင်းဋ္ဌေးက ဘယ်နေရာလဲ ဆရာရဲဟု ပြန်ပြေလေ၏။ ထိုအခါ ကျွန်ုပ်က အသံကျယ်ကျယ်ဖြင့်

သင်းချိုင်းကုန်း

ဟု ကျွန်ုပ်က နောက်လိုက်လေရာ ကိုသောင်းဋ္ဌေးဆိုသူက...

ဟာ ဒီဆရာကလည်း ဖွဟဲ့ လွဲပါစေ မပြောကောင်း မဆိုကောင်းဆရာရယ် ။ ဒါ နောက်ရမယ့် ကိစ္စ မဟုတ်ဘူးနော်ဟု ပြာပြာသလဲ ပြန်ပြေလေတော့၏။ ထိုအခါ ကျွန်ုပ်က

အော... ကိုသောင်းဋ္ဌေးကြီးကလည်းဗျာ။ ခင်ဗျားပဲ လူတွေနဲ့ ဝေးတဲ့နေရာကို ပြေးချင်လို့ဆို။ လူတွေနဲ့ ဝေးတဲ့နေရာဆိုတာက အဲဒီနေရာတစ်နေရာပဲ ရှိတာမဟုတ်လားဗျာ။ အမှန်တကယ်က လူတွေနဲ့ ဝေးတဲ့နေရာကို ပြေးသွားရမှာ မဟုတ်ဘူးဗျ။ လူရယ်လို့ ဖြစ်လာရင် လူတွေကြားထဲမှာပဲ ရှင်သန်နေရမှာ။ လူတွေနေသလိုပဲ နေရမှာ။ လူတွေ စားသလိုပဲ စားရမှာ။ အဲဒီလိုပဲ လူတွေတွေးသလို့ ခင်ဗျားတွေးရမှာ။ ဒါမှသာ လူ့လောကကြီးမှာ လူပီသတဲ့ လူသားတစ်ယောက် ဖြစ်တော်မပေါ့ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုသောင်းဋ္ဌေးက

ကျွန်တော်ကတော့ လူတွေကို ကြောက်ကို ကြောက်နေတာ ဆရာရေ။ ဒါကြောင့် လူတွေကိုဆို မပါတ်သက် ချင်တော့ တာဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ဒီမှာ ကိုသောင်းဋ္ဌေးရဲ့ ။ ခင်ဗျားကို ကျွန်တော် အကြောင်းအရာလေးတစ်ခု ပြောပြမယ်။ တစ်နေ့မှာ ပညာရှိကြီး ဆိုကရေးတီးနဲ့ သူတပည့်တစ်ဦးဟာ ညနေ ဆည်းဆာချိန်လေးမှာ လမ်းလျှောက်ထွက်လာကြတယ်။ အဲဒိ ဆည်းဆာချိန်လေးဟာ အရမ်းကို သယာလှပတယ်။ ကောင်းကင်မှာလည်း ဆည်းဆာချိန်ဆိုတော့ တိမ်လေးတွေကလည်း တောက်လို့။ အမျိုးအစား မတူညီတဲ့ ငှက်ကလေးတွေကလည်း ဟိုမှ ဒီမှ ပြန်သန်းလို့ပေါ့။ အဲဒီမြင်ကွင်းကို မြင်တဲ့ ဆရာကြီး ဆိုကရေးတီးရဲ့ တပည့်ဖြစ်သူက ပညာရှိကြီးကို ဘာပြောသလဲ ဆိုတော့..

ဆရာကြီးရယ် ကြည့်စမ်းပါဦး ။ အရမ်း သယာတာပဲ။ ငှက်လေးတွေကလည်း အရမ်းလျတာပဲ။ ကျွန်တော်ဖြင့် ကြည့်ရတာ အရမ်းကြည်နူးတာပဲလို့ ဆရာကြီးကို ပြောလိုက်တယ်။ အဲဒီတော့ ပညာရှိကြီး ဆိုကရေတီးက သူ့တပည့် ဖြစ်တဲ့သူကို ဘာပြန်ပြောလိုက်သလဲဆိုတော့....

ငှက်ကလေးတွေ လှတာတော့ မှန်ပါတယ်ကွာတဲ့။ ဒါပေမယ့် မင်းခေါင်းပေါ်မှာတော့ အသိုက်လာ မဆောက်စေနဲ့တဲ့။ ဒါပဲ။

ပညာရှိကြီပြောလိုက်တာက ဒီလောက်ပဲ။ ဒါပဲ ကိုသောင်းဋ္ဌေးရဲ့။ လူတွေကတော့ ပုံစံအမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ အရောင်အဆင်းအမျိုးမျိုးကိုးဗျ။ အရေးကြီးတာက ကိုသောင်းဋ္ဌေးခေါင်းပေါ် အသိုက်လာမစောက်ဖို့ အဓိကပဲဟု ကျွန်ုပ်က ပြောပြောလိုက်လေရာ ကိုသောင်းဋ္ဌေးက...

အမှန်ဆုံးပဲ ဆရာရေ။ ဒီစကားက တစ်ခွန်းဆို ဆိုသလောက်လောက် တန်ဖိုးရှိလိုက်တာ။ နောင်ဆိုရင်တော့ ကျွန်တော် ခေါင်းပေါ် ဘယ်သူ့မှ အသိုက်ဆောက်ခွင့်မပေးတော့ဘူး။ အခုလောလောဆယ်တော့ အရင်တုန်းက အသိုက်ဆောက်ထားလို့ ရှုပ်နေတာတွေ ဆရာ ပညာနဲ့ ရှင်းပေးပါဦး။ဆရာရေ။ အကြွေးတွေ တောင်းမရဘူး ဖြစ်နေတယ်။ ဒီနေ့ သွားတောင်းရင် နောက်နေ့ ယူပါလို့ပြောတယ်။ နောက်နေ့ သွားတောင်းတော့ ဒီတစ်ပါတ် ပိုက်ဆံထုပ်မှတဲ့။ အဲဒိလိုနဲ့ နေ့ရွေ့ ညရွေ့ ဖြစ်နေတယ်ဆရာရေ။ အဲဒါ အကြွေး အမြန်တောင်းရစေတဲ့ နည်းလေး ပြောပါဦးဟု ကျွန်ုပ်အား ပြေလေသောကြောင့် ကိုသောင်းဋ္ဌေးအား အောက်ပါ အကြွေးတောင်းရစေသော နည်းအား ပြန်လည်ပြောပြလိုက်လေတော့သတည်း။

အကြွေးအမြန်တောင်းရစေသောနည်း

ကောက်ညှင်းခြေထောက် သုံးချောင်းကို ဖိုခနောက်ဆိုင်ထောင်ပါ။ အပေါ်တည်တည်မှာ ဖယောင်းတိုင် ထွန်းပြီး ပေးထားသောငွေများ အမြန်ပြန်ရပါစေဟု ဆုတောင်းပါ။

အကြွေးတောင်းရစေသောနည်းတစ်ခု

တစ်နေ့သောညနေတစ်ခု၌ ကျွန်ုပ်နှင့်မတွေ့သည်မှာ ကြာပြီဖြစ်သော ကိုသောင်းဋ္ဌေးဆိုသူသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ညီးတွားပြောဆိုလေတော့၏။

အော်.... လူတွေလူတွေ ဆရာရေ။ မကောင်းတော့ဘူး။ ခေတ်ကာလကြီးကလည်း ဆုပ်ကပ်ရောက်လာပြီဆိုတာ အမှန်ပဲဆရာရေ။ တဖြည်းဖြည်းနဲ့ လူတွေလည်း အကျင့်စာရိတ္တတွေ ပျက်လာပြီ။ ဂတိသစ္စာတွေလည်း ပျက်ပျက်လာ ကြပြီး။ တစ်ခါတစ်လေတော့လည်း လူတွေနဲ့ ဝေးရာကိုထွက်ပြေးချင်စိတ်တောင် ပေါက်နေပြီဟု ညီတွားပြောဆိုလေတော့၏။ထိုအခါ ကျွန်ုပ်က...

ဘယ်လိုက ဘယ်လို ဖြစ်လာရတာတုန်းကိုသောင်းဋ္ဌေးရဲ့။ လူတွေနဲ့ ဝေးရာကို ထွက်ပြေးချင်တယ်ဆိုလားပဲ။ လူတွေနဲ့ ဝေးရာကိုထွက်ပြေးချင်တယ်လို့ ပြောရအောင် ကိုသောင်းဋ္ဌေးနေနေတာက လူ့လောကကြီး မဟုတ်ဘူးလားဗျ။ လူတွေနေတဲ့ လူ့လောကကြီးထဲမှာနေပြီးတော့ လူတွေနဲ့ ဝေးရာကို ထွက်ပြေးချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကတော့ နည်းနည်းလေး တရားလွန်နေသလားလို့။ မဖြစ်နိုင်တာကို မပြောစမ်းပါနဲ့ ကိုသောင်းဋ္ဌေး ရာ။ လူတွေနဲ့ ဝေးတဲ့နေရာတစ်နေရာတော့ ရှိတယ် ခင်ဗျားသွားချင်တယ်ဆိုရင်တော့ ကျွန်တော် ခင်ဗျားကို လမ်းစရိပ်အခမဲ့ လိုက်ပို့ပေးမယ်။ ခင်ဗျား သွားမလားဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုသောင်းဋ္ဌေးက ဘယ်နေရာလဲ ဆရာရဲဟု ပြန်ပြေလေ၏။ ထိုအခါ ကျွန်ုပ်က အသံကျယ်ကျယ်ဖြင့်

သင်းချိုင်းကုန်း

ဟု ကျွန်ုပ်က နောက်လိုက်လေရာ ကိုသောင်းဋ္ဌေးဆိုသူက...

ဟာ ဒီဆရာကလည်း ဖွဟဲ့ လွဲပါစေ မပြောကောင်း မဆိုကောင်းဆရာရယ် ။ ဒါ နောက်ရမယ့် ကိစ္စ မဟုတ်ဘူးနော်ဟု ပြာပြာသလဲ ပြန်ပြေလေတော့၏။ ထိုအခါ ကျွန်ုပ်က

အော... ကိုသောင်းဋ္ဌေးကြီးကလည်းဗျာ။ ခင်ဗျားပဲ လူတွေနဲ့ ဝေးတဲ့နေရာကို ပြေးချင်လို့ဆို။ လူတွေနဲ့ ဝေးတဲ့နေရာဆိုတာက အဲဒီနေရာတစ်နေရာပဲ ရှိတာမဟုတ်လားဗျာ။ အမှန်တကယ်က လူတွေနဲ့ ဝေးတဲ့နေရာကို ပြေးသွားရမှာ မဟုတ်ဘူးဗျ။ လူရယ်လို့ ဖြစ်လာရင် လူတွေကြားထဲမှာပဲ ရှင်သန်နေရမှာ။ လူတွေနေသလိုပဲ နေရမှာ။ လူတွေ စားသလိုပဲ စားရမှာ။ အဲဒီလိုပဲ လူတွေတွေးသလို့ ခင်ဗျားတွေးရမှာ။ ဒါမှသာ လူ့လောကကြီးမှာ လူပီသတဲ့ လူသားတစ်ယောက် ဖြစ်တော်မပေါ့ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုသောင်းဋ္ဌေးက

ကျွန်တော်ကတော့ လူတွေကို ကြောက်ကို ကြောက်နေတာ ဆရာရေ။ ဒါကြောင့် လူတွေကိုဆို မပါတ်သက် ချင်တော့ တာဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ဒီမှာ ကိုသောင်းဋ္ဌေးရဲ့ ။ ခင်ဗျားကို ကျွန်တော် အကြောင်းအရာလေးတစ်ခု ပြောပြမယ်။ တစ်နေ့မှာ ပညာရှိကြီး ဆိုကရေးတီးနဲ့ သူတပည့်တစ်ဦးဟာ ညနေ ဆည်းဆာချိန်လေးမှာ လမ်းလျှောက်ထွက်လာကြတယ်။ အဲဒိ ဆည်းဆာချိန်လေးဟာ အရမ်းကို သယာလှပတယ်။ ကောင်းကင်မှာလည်း ဆည်းဆာချိန်ဆိုတော့ တိမ်လေးတွေကလည်း တောက်လို့။ အမျိုးအစား မတူညီတဲ့ ငှက်ကလေးတွေကလည်း ဟိုမှ ဒီမှ ပြန်သန်းလို့ပေါ့။ အဲဒီမြင်ကွင်းကို မြင်တဲ့ ဆရာကြီး ဆိုကရေးတီးရဲ့ တပည့်ဖြစ်သူက ပညာရှိကြီးကို ဘာပြောသလဲ ဆိုတော့..

ဆရာကြီးရယ် ကြည့်စမ်းပါဦး ။ အရမ်း သယာတာပဲ။ ငှက်လေးတွေကလည်း အရမ်းလျတာပဲ။ ကျွန်တော်ဖြင့် ကြည့်ရတာ အရမ်းကြည်နူးတာပဲလို့ ဆရာကြီးကို ပြောလိုက်တယ်။ အဲဒီတော့ ပညာရှိကြီး ဆိုကရေတီးက သူ့တပည့် ဖြစ်တဲ့သူကို ဘာပြန်ပြောလိုက်သလဲဆိုတော့....

ငှက်ကလေးတွေ လှတာတော့ မှန်ပါတယ်ကွာတဲ့။ ဒါပေမယ့် မင်းခေါင်းပေါ်မှာတော့ အသိုက်လာ မဆောက်စေနဲ့တဲ့။ ဒါပဲ။

ပညာရှိကြီပြောလိုက်တာက ဒီလောက်ပဲ။ ဒါပဲ ကိုသောင်းဋ္ဌေးရဲ့။ လူတွေကတော့ ပုံစံအမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ အရောင်အဆင်းအမျိုးမျိုးကိုးဗျ။ အရေးကြီးတာက ကိုသောင်းဋ္ဌေးခေါင်းပေါ် အသိုက်လာမစောက်ဖို့ အဓိကပဲဟု ကျွန်ုပ်က ပြောပြောလိုက်လေရာ ကိုသောင်းဋ္ဌေးက...

အမှန်ဆုံးပဲ ဆရာရေ။ ဒီစကားက တစ်ခွန်းဆို ဆိုသလောက်လောက် တန်ဖိုးရှိလိုက်တာ။ နောင်ဆိုရင်တော့ ကျွန်တော် ခေါင်းပေါ် ဘယ်သူ့မှ အသိုက်ဆောက်ခွင့်မပေးတော့ဘူး။ အခုလောလောဆယ်တော့ အရင်တုန်းက အသိုက်ဆောက်ထားလို့ ရှုပ်နေတာတွေ ဆရာ ပညာနဲ့ ရှင်းပေးပါဦး။ဆရာရေ။ အကြွေးတွေ တောင်းမရဘူး ဖြစ်နေတယ်။ ဒီနေ့ သွားတောင်းရင် နောက်နေ့ ယူပါလို့ပြောတယ်။ နောက်နေ့ သွားတောင်းတော့ ဒီတစ်ပါတ် ပိုက်ဆံထုပ်မှတဲ့။ အဲဒိလိုနဲ့ နေ့ရွေ့ ညရွေ့ ဖြစ်နေတယ်ဆရာရေ။ အဲဒါ အကြွေး အမြန်တောင်းရစေတဲ့ နည်းလေး ပြောပါဦးဟု ကျွန်ုပ်အား ပြေလေသောကြောင့် ကိုသောင်းဋ္ဌေးအား အောက်ပါ အကြွေးတောင်းရစေသော နည်းအား ပြန်လည်ပြောပြလိုက်လေတော့သတည်း။

အကြွေးအမြန်တောင်းရစေသောနည်း

ကောက်ညှင်းခြေထောက် သုံးချောင်းကို ဖိုခနောက်ဆိုင်ထောင်ပါ။ အပေါ်တည်တည်မှာ ဖယောင်းတိုင် ထွန်းပြီး ပေးထားသောငွေများ အမြန်ပြန်ရပါစေဟု ဆုတောင်းပါ။

Wednesday, January 19, 2011

ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်းချီ

ချစ်စွာသောမိတ်ဆွေများခင်ဗျား....

အကြောင်းအမျိုးမျိုးကြောင့် ပို့မတင်ဖြစ်သည့်အတွက် အားလုံးသော မိတ်ဆွေအပေါင်းတို့အား အနူးအညွတ် တောင်းပန်အပ်ပါသည်။ ရှေ့မြန်မာလူကြီးများသည် ဆုပေးသောအခါများ၌ ဆင်စီးပြီးမြင်းရံနိုင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ အစရှိသည်ဖြင့် ဆုပေးတတ်ကြသည်။ နောက်ပြီး ဆင်ရတနာမြင်းရတနာ အစရှိသည်ဖြင့် ရတနာထဲတွင် ထည့်သွင့်ဖော်ပြထားခဲ့ကြ၏။ သေသေချာချာ လေးလေးနက်နက်စဉ်းစားကြည့်ပါက ဆင်စီးပြီး မြင်းရံသည်ဟူသောစကားတွင် ရာထူးဂုဏ်ရှိန်ကြီးမားခြင်း၊ လူသူလေးပါးလေးစားကြည်ညိုခြင်း၊ အခြွေအရံ အသင်းအပင်း ပေါကြွယ်ဝခြင်း၊ စီးပွားဥစ္စာ၊ ငွေကြေးဥစ္စာဓနပေါကြွယ်ဝခြင်း အစရှိသော လေးနက်သော သဘောတရားများ ပါဝင်နေလေ၏။

ထို့ကြောင့် သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် လေးနက်စွာ တိုက်တွန်းလိုသည်မှာ ယခု ကျွန်ုပ်ပေးအပ်လိုက်သော ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်ချီပုံကို ပုံကြီးချဲ့၍ မှန်ဘောင်သွင်းကာ မိမိတို့၏ အလုပ်ခန်း ဧည့်ခန်း အစရှိသည့်နေရာများတွင် ချိပ်ဆွဲထားပါက မိမိတို့၏ စီးပွားရေး လုပ်ငန်းဆောင်တာများ စည်ပင်တိုးပွားစေခြင်း၊ ပရိသတ်ထောက်ခံမှု့ များစွာရရှိခြင်း အစရှိသော မရေမတွက် နိုင်သော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ သင့်ကို တစ်ခုပြောလိုသည်မှာ ဘာမှမလုပ်ခင် မဝေဖန်ပါနှင့်ဦး လုပ်ကြည့်လိုက်ပါ။ ထူးခြားပါက သင်၏ မိတ်ဆွေများကို တဆင့် ပြန်လည်လက်ဆောင်ပေးလိုက်ပါ။

ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်းချီကားစီရင်ပုံ

ချိပ်ရမည့်နေ့..... တနင်္ဂနွေနေ့ (၈)နာရီမှ (၁၀)မိနစ်မှာ ချိတ်ရမယ်။ ချိတ်ပြီးတာနဲ့ ဘုရားစင်မှာ စံပယ်ရှစ်ကုံး လှူရမယ်။ ဓာတ်ပန်းချီပုံမှာလည်း စံပယ်ရှစ်ကုံး ချိတ်ဆွဲရမယ်။ ဆင်စီးမြင်းရံဆိုတာမှာ ဆင်နဲ့မြင်းဆိုတာက စိန်ပန်းဓာတ်၊ အိမ်ထောင်မိတ်ဓာတ်၊ အိမ်တွင်းမိသားစု ခိုင်မာချမ်းသာစေတဲ့ ဓာတ်ရတယ်။အဲဒီတော့ ဥသာစိန်ပန်းဒါန်းလှကိုရှာ ဆိုတဲ့ အတွင်းမျတ်တွေ စုံသွားအောင် ဘုရားမှာ ထန်းလျှက်(၁၁)ခဲလည်း လှူရမယ်။ ကြံရည် (၁၀) ခွက်လည်း လှူရမယ်။ ကြံရည်အစား ကရေကရာ(၁၀)ခု ခု လှူလို့လည်း ရတယ်။ အဲဒါတွေကတော့ ဓာတ်ပန်းချီကား စတင်ချိတ်ဆွဲတဲ့နေ့မှာ လုပ်ဆောင်ရယ့် ကိစ္စတွေပါပဲ။ နောင်ရက်တွေမှာတော့ လုပ်စရာ မလိုတော့ပါဘူး။

အဲဒီဓာတ်ပန်းချီ ချိတ်ဆွဲနေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့မိသားစု ဆင်စီးပြီးမြင်းရံတဲ့ ဓာတ်တွေရပြီး စီးပွားဥစ္စာ ရာထူးဂုဏ်ရှိန်တွေ တိုးတက်ပါစေ၊ မိသားစု သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းရမယ်။ ဒါပါဘဲ။

အားလုံးသော မြင်ဘူးသောမိတ်ဆွေအပေါင်း၊ မမြင်ဘူးဘဲ နာမည်ကြားရုံသာကြားဘူးသော မိတ်ဆွေသင်္ဂဟအပေါင်း ၊ တစ်ခါတစ်ရံမှ တွေ့ဘူးမြင်ဘူးခြင်း မရှိပါဘဲ ယုံကြည်မှု့ဖြင့် ဗေဒင်မေးကြသော မိတ်ဆွေအပေါင်း အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်းချီ

ချစ်စွာသောမိတ်ဆွေများခင်ဗျား....

အကြောင်းအမျိုးမျိုးကြောင့် ပို့မတင်ဖြစ်သည့်အတွက် အားလုံးသော မိတ်ဆွေအပေါင်းတို့အား အနူးအညွတ် တောင်းပန်အပ်ပါသည်။ ရှေ့မြန်မာလူကြီးများသည် ဆုပေးသောအခါများ၌ ဆင်စီးပြီးမြင်းရံနိုင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ အစရှိသည်ဖြင့် ဆုပေးတတ်ကြသည်။ နောက်ပြီး ဆင်ရတနာမြင်းရတနာ အစရှိသည်ဖြင့် ရတနာထဲတွင် ထည့်သွင့်ဖော်ပြထားခဲ့ကြ၏။ သေသေချာချာ လေးလေးနက်နက်စဉ်းစားကြည့်ပါက ဆင်စီးပြီး မြင်းရံသည်ဟူသောစကားတွင် ရာထူးဂုဏ်ရှိန်ကြီးမားခြင်း၊ လူသူလေးပါးလေးစားကြည်ညိုခြင်း၊ အခြွေအရံ အသင်းအပင်း ပေါကြွယ်ဝခြင်း၊ စီးပွားဥစ္စာ၊ ငွေကြေးဥစ္စာဓနပေါကြွယ်ဝခြင်း အစရှိသော လေးနက်သော သဘောတရားများ ပါဝင်နေလေ၏။

ထို့ကြောင့် သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် လေးနက်စွာ တိုက်တွန်းလိုသည်မှာ ယခု ကျွန်ုပ်ပေးအပ်လိုက်သော ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်ချီပုံကို ပုံကြီးချဲ့၍ မှန်ဘောင်သွင်းကာ မိမိတို့၏ အလုပ်ခန်း ဧည့်ခန်း အစရှိသည့်နေရာများတွင် ချိပ်ဆွဲထားပါက မိမိတို့၏ စီးပွားရေး လုပ်ငန်းဆောင်တာများ စည်ပင်တိုးပွားစေခြင်း၊ ပရိသတ်ထောက်ခံမှု့ များစွာရရှိခြင်း အစရှိသော မရေမတွက် နိုင်သော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ သင့်ကို တစ်ခုပြောလိုသည်မှာ ဘာမှမလုပ်ခင် မဝေဖန်ပါနှင့်ဦး လုပ်ကြည့်လိုက်ပါ။ ထူးခြားပါက သင်၏ မိတ်ဆွေများကို တဆင့် ပြန်လည်လက်ဆောင်ပေးလိုက်ပါ။

ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်းချီကားစီရင်ပုံ

ချိပ်ရမည့်နေ့..... တနင်္ဂနွေနေ့ (၈)နာရီမှ (၁၀)မိနစ်မှာ ချိတ်ရမယ်။ ချိတ်ပြီးတာနဲ့ ဘုရားစင်မှာ စံပယ်ရှစ်ကုံး လှူရမယ်။ ဓာတ်ပန်းချီပုံမှာလည်း စံပယ်ရှစ်ကုံး ချိတ်ဆွဲရမယ်။ ဆင်စီးမြင်းရံဆိုတာမှာ ဆင်နဲ့မြင်းဆိုတာက စိန်ပန်းဓာတ်၊ အိမ်ထောင်မိတ်ဓာတ်၊ အိမ်တွင်းမိသားစု ခိုင်မာချမ်းသာစေတဲ့ ဓာတ်ရတယ်။အဲဒီတော့ ဥသာစိန်ပန်းဒါန်းလှကိုရှာ ဆိုတဲ့ အတွင်းမျတ်တွေ စုံသွားအောင် ဘုရားမှာ ထန်းလျှက်(၁၁)ခဲလည်း လှူရမယ်။ ကြံရည် (၁၀) ခွက်လည်း လှူရမယ်။ ကြံရည်အစား ကရေကရာ(၁၀)ခု ခု လှူလို့လည်း ရတယ်။ အဲဒါတွေကတော့ ဓာတ်ပန်းချီကား စတင်ချိတ်ဆွဲတဲ့နေ့မှာ လုပ်ဆောင်ရယ့် ကိစ္စတွေပါပဲ။ နောင်ရက်တွေမှာတော့ လုပ်စရာ မလိုတော့ပါဘူး။

အဲဒီဓာတ်ပန်းချီ ချိတ်ဆွဲနေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့မိသားစု ဆင်စီးပြီးမြင်းရံတဲ့ ဓာတ်တွေရပြီး စီးပွားဥစ္စာ ရာထူးဂုဏ်ရှိန်တွေ တိုးတက်ပါစေ၊ မိသားစု သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းရမယ်။ ဒါပါဘဲ။

အားလုံးသော မြင်ဘူးသောမိတ်ဆွေအပေါင်း၊ မမြင်ဘူးဘဲ နာမည်ကြားရုံသာကြားဘူးသော မိတ်ဆွေသင်္ဂဟအပေါင်း ၊ တစ်ခါတစ်ရံမှ တွေ့ဘူးမြင်ဘူးခြင်း မရှိပါဘဲ ယုံကြည်မှု့ဖြင့် ဗေဒင်မေးကြသော မိတ်ဆွေအပေါင်း အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

Saturday, January 15, 2011

လိုအင်ပြည့်ရာပဒေသာ -အင်းစမတော်

ကောင်မလေးက အသက်အရွယ်အရသာ ငယ်တာ။ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေက အများသား။ သူ ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းထဲကို ရောက်လာတဲ့နေ့က တစ်ခုသော တနင်္ဂနွေနေ့ တစ်နေ့ပါ။ သူ့ကို မြင်လိုက်ရတဲ့ အခိုက်အတန်မှာ သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတွေကြောင့် သူ့ကို အမှတ်တရ ရှိနေခဲ့တာပါ။

သူ့နာမည်က အေးသီတာအောင်တဲ့။ နာမည်ကသာ အေးသီတာအောင်။ လူကတော့ တွေ့လိုက်ရတာနဲ့ ဖြစ်ချင်တာတွေ လိုချင်တာတွေ ဆန္ဒတွေ အများကြီးနဲ့။ ထုံးစံအတိုင်း စကားပြောရင် သွက်သွက်လက်လက်နဲ့။ ကိုယ်ဟန်အမူအယာက ခပ်သွယ်သွယ်လေးနဲ့။ သူ့ ကျွန်တော်ဆီ ရောက်လာတဲ့နေ့က ဗေဒင်လာမေးတာ။ သူနဲ့တွေ့တော့ ကျွန်တော် ဖြေရတာခေါင်းတွေကို မူးရော။ သူဖြစ်ချင်တာတွေက တော်တော်အများသား။ အလုပ်တွေကလည်း လုပ်ထားတာအများသား။ သူက ကျွန်တော်ဆီကို ဗေဒင်မေးတော့ ဒီလို စပြောတယ်။

ဒီလို ဆရာရေ၊ ကျွန်မက အလုပ်ရုံတွေမှာ အလုပ်သမားတွေ ရှာပေးတဲ့ အလုပ်လုပ်တယ်။ အဲဒီတော့ ကျွန်မဆီကို အလုပ်လိုချင်တဲ့လူတွေ များများ လာတာ လိုချင်တယ်။ နောက်ပြီး မြန်မာပြည်ကို ငွေလေးဘာ လေးလည်း နည်းနည်းပါးပါး လွဲတယ်ဆိုတော့ ငွေလွဲမယ့်လူတွေလည်း လိုချင်တယ်။ နောက်ပြီး မြန်မာပစ္စည်းလည်း နည်းနည်းပါးပါးရောင်းတယ်ဆိုတော့ ဈေးရောင်းကောင်းချင်တယ်။ နောက်ပြီး မင်္ဂလာဆောင်တွေကို အလှပြင်တာတွေ ဖိတ်စာရိုက်တာတွေလည်း အော်ဒါလက်ခံတယ်ဆိုတော့ ပွဲလေးတွေလည်း ရချင်တယ်။ နောက်ပြီး ငွေတိုးလေးဘာလေးလည်း နည်းနည်းပါးပါး ချထားတော့ ကျွန်မပေးထားတဲ့ ပိုက်ဆံတွေ ချောချောမောမော ပြန်တောင်းရချင်တယ်။ နောက်ပြီး ထိုင်းနိုင်ငံအနှံ့ အလည်အပတ်ခရီး ပို့ဆောင်ပေးတာလည်းလုပ်တော့ အလည်အပတ်သွားမယ့်လူတွေလည်း လာစေချင်တယ်။ နောက်ပြီး....

ထိုအခါတွင် ကျွန်ုပ်က သူ၏ စကားကို ဖြတ်လိုက်ပြီး အေးသီတာအောင်ရယ်။ ထိုင်းနိုင်ငံမှာ နင်မလုပ်တဲ့ အလုပ်ကော ဘာရှိသေးလဲဟု ကြားဖြတ်၍ နောက်လိုက်ရာ... အေးသီတာအောင်က..

လုပ်နိုင်မှ တန်ကာကျမှာ ဆရာရေ.. ဒီအသက်အရွယ်ကတည်းက ကြိုးစားထားမှ အသက်ကြီးလာရင် အေးအေးဆေးဆေး နေရမှာဟု ကျွန်ုပ်အား ပြန်ပြောလေ၏။ အမှန်မှာ အေးသီတာအောင်ဟု ဆိုသော မိန်းကလေး၏ အသက်မှာ (၂၂)ပင် မပြည့်သေးပေ။ သူသည် ပညာအရည်အချင်းလည်း (၄)တန်းတောင် အောင်အောင်မဖြေနိုင်ခဲ့သော သာမန် မိန်းကလေးတစ်ဦးပင် ဖြစ်လေ၏။ သို့သော် သူ၏ဘ၀က သင်ပေးခဲ့သော အတတ်ပညာများဖြင့် သူသည် တော်သောလုပ်နိုင်စွမ်းသော မိန်းကလေးတစ်ဦး ဖြစ်နေလေ၏။

ကျွန်ုပ်သည် သူမအား အေးသီတာအောင်ရေ... နင့်ရဲ့ ကိစ္စတွေကို တစ်ခုချင်းသာ ယတြာချေနေရမယ် ဆိုရင်တော့ နင်လဲ ဗေဒင်ဆရာအိမ်က ပြန်ရတယ်လို့ကို ရှိမှာ မဟုတ်တော့ဘူး။ အဲဒီတော့ အားလုံးကို အဆင်ပြေစေမယ်နည်းလေးတစ်ခုလောက် သင်ပေးလိုက်မယ်။ အင်းစာရွက်တစ်ရွက် လက်ဆောင်ပေး လိုက်မယ်။ အဲဒါကို ဘယ်လိုသုံးရမလဲဆိုတော့ အဲဒိ အင်းတော်ကြီးရဲ့ အလယ်မှာ လွတ်နေတဲ့ ကွက်လပ်ထဲမှာ နင့်ရဲ့ မွေးဂဏန်းကို သွင်းရမယ်။ နင်က တနင်္ဂနွေသမီးဆိုတော့ အလယ်ကွက်မှာ (၁)လို့ ရေးထည့်ရမယ်။ ပြီးရင် ဖယောင်းတိုင်မှာ ပတ်ပြီး အောက်က ကြွေပုဂံခံပြီး မီးထွန်းရမယ်။ အနည်းဆုံး(၉)ရက်ဆက်တိုက် ထွန်းရမယ်ဟု ပြောဆိုကာ အောက်ပါ လိုတရစေသောအင်းစမတော်ကို အေးသီတာအောင်အား ပေးအပ်လိုက်လေတော့သတည်း။

လိုအင်ပြည့်ရာပဒေသာ -အင်းစမတော်

ကောင်မလေးက အသက်အရွယ်အရသာ ငယ်တာ။ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေက အများသား။ သူ ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းထဲကို ရောက်လာတဲ့နေ့က တစ်ခုသော တနင်္ဂနွေနေ့ တစ်နေ့ပါ။ သူ့ကို မြင်လိုက်ရတဲ့ အခိုက်အတန်မှာ သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတွေကြောင့် သူ့ကို အမှတ်တရ ရှိနေခဲ့တာပါ။

သူ့နာမည်က အေးသီတာအောင်တဲ့။ နာမည်ကသာ အေးသီတာအောင်။ လူကတော့ တွေ့လိုက်ရတာနဲ့ ဖြစ်ချင်တာတွေ လိုချင်တာတွေ ဆန္ဒတွေ အများကြီးနဲ့။ ထုံးစံအတိုင်း စကားပြောရင် သွက်သွက်လက်လက်နဲ့။ ကိုယ်ဟန်အမူအယာက ခပ်သွယ်သွယ်လေးနဲ့။ သူ့ ကျွန်တော်ဆီ ရောက်လာတဲ့နေ့က ဗေဒင်လာမေးတာ။ သူနဲ့တွေ့တော့ ကျွန်တော် ဖြေရတာခေါင်းတွေကို မူးရော။ သူဖြစ်ချင်တာတွေက တော်တော်အများသား။ အလုပ်တွေကလည်း လုပ်ထားတာအများသား။ သူက ကျွန်တော်ဆီကို ဗေဒင်မေးတော့ ဒီလို စပြောတယ်။

ဒီလို ဆရာရေ၊ ကျွန်မက အလုပ်ရုံတွေမှာ အလုပ်သမားတွေ ရှာပေးတဲ့ အလုပ်လုပ်တယ်။ အဲဒီတော့ ကျွန်မဆီကို အလုပ်လိုချင်တဲ့လူတွေ များများ လာတာ လိုချင်တယ်။ နောက်ပြီး မြန်မာပြည်ကို ငွေလေးဘာ လေးလည်း နည်းနည်းပါးပါး လွဲတယ်ဆိုတော့ ငွေလွဲမယ့်လူတွေလည်း လိုချင်တယ်။ နောက်ပြီး မြန်မာပစ္စည်းလည်း နည်းနည်းပါးပါးရောင်းတယ်ဆိုတော့ ဈေးရောင်းကောင်းချင်တယ်။ နောက်ပြီး မင်္ဂလာဆောင်တွေကို အလှပြင်တာတွေ ဖိတ်စာရိုက်တာတွေလည်း အော်ဒါလက်ခံတယ်ဆိုတော့ ပွဲလေးတွေလည်း ရချင်တယ်။ နောက်ပြီး ငွေတိုးလေးဘာလေးလည်း နည်းနည်းပါးပါး ချထားတော့ ကျွန်မပေးထားတဲ့ ပိုက်ဆံတွေ ချောချောမောမော ပြန်တောင်းရချင်တယ်။ နောက်ပြီး ထိုင်းနိုင်ငံအနှံ့ အလည်အပတ်ခရီး ပို့ဆောင်ပေးတာလည်းလုပ်တော့ အလည်အပတ်သွားမယ့်လူတွေလည်း လာစေချင်တယ်။ နောက်ပြီး....

ထိုအခါတွင် ကျွန်ုပ်က သူ၏ စကားကို ဖြတ်လိုက်ပြီး အေးသီတာအောင်ရယ်။ ထိုင်းနိုင်ငံမှာ နင်မလုပ်တဲ့ အလုပ်ကော ဘာရှိသေးလဲဟု ကြားဖြတ်၍ နောက်လိုက်ရာ... အေးသီတာအောင်က..

လုပ်နိုင်မှ တန်ကာကျမှာ ဆရာရေ.. ဒီအသက်အရွယ်ကတည်းက ကြိုးစားထားမှ အသက်ကြီးလာရင် အေးအေးဆေးဆေး နေရမှာဟု ကျွန်ုပ်အား ပြန်ပြောလေ၏။ အမှန်မှာ အေးသီတာအောင်ဟု ဆိုသော မိန်းကလေး၏ အသက်မှာ (၂၂)ပင် မပြည့်သေးပေ။ သူသည် ပညာအရည်အချင်းလည်း (၄)တန်းတောင် အောင်အောင်မဖြေနိုင်ခဲ့သော သာမန် မိန်းကလေးတစ်ဦးပင် ဖြစ်လေ၏။ သို့သော် သူ၏ဘ၀က သင်ပေးခဲ့သော အတတ်ပညာများဖြင့် သူသည် တော်သောလုပ်နိုင်စွမ်းသော မိန်းကလေးတစ်ဦး ဖြစ်နေလေ၏။

ကျွန်ုပ်သည် သူမအား အေးသီတာအောင်ရေ... နင့်ရဲ့ ကိစ္စတွေကို တစ်ခုချင်းသာ ယတြာချေနေရမယ် ဆိုရင်တော့ နင်လဲ ဗေဒင်ဆရာအိမ်က ပြန်ရတယ်လို့ကို ရှိမှာ မဟုတ်တော့ဘူး။ အဲဒီတော့ အားလုံးကို အဆင်ပြေစေမယ်နည်းလေးတစ်ခုလောက် သင်ပေးလိုက်မယ်။ အင်းစာရွက်တစ်ရွက် လက်ဆောင်ပေး လိုက်မယ်။ အဲဒါကို ဘယ်လိုသုံးရမလဲဆိုတော့ အဲဒိ အင်းတော်ကြီးရဲ့ အလယ်မှာ လွတ်နေတဲ့ ကွက်လပ်ထဲမှာ နင့်ရဲ့ မွေးဂဏန်းကို သွင်းရမယ်။ နင်က တနင်္ဂနွေသမီးဆိုတော့ အလယ်ကွက်မှာ (၁)လို့ ရေးထည့်ရမယ်။ ပြီးရင် ဖယောင်းတိုင်မှာ ပတ်ပြီး အောက်က ကြွေပုဂံခံပြီး မီးထွန်းရမယ်။ အနည်းဆုံး(၉)ရက်ဆက်တိုက် ထွန်းရမယ်ဟု ပြောဆိုကာ အောက်ပါ လိုတရစေသောအင်းစမတော်ကို အေးသီတာအောင်အား ပေးအပ်လိုက်လေတော့သတည်း။

Friday, January 14, 2011

ဂုဏ်တော်ကိုးပါးကိုပုတီးဆယ်ပတ်ရအောင်စိပ်သောနည်း

တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်ထဲထိုင်၍ ရောက်တတ်ရာရာများကို စဉ်းစားလျှက်ရှိ၏။ များသောအားဖြင့် ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ ဟုဆိုအပ်သော အကြောင်းအရာကို များသောအားဖြင့် စဉ်းစားလေ့ရှိ၏။ ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ကို လွန်စွာလိုလား၏။ စိတ်အေးချမ်းသာစွာနှင့်သာ ဘ၀ခရီးလမ်းကို လျှောက်လှမ်းလို၏။ အချိန်များကို ပူပင်သောက ကင်းစွာဖြင့် ကုန်ဆုံးလို၏။ အလုပ်များကိုလည်း စိတ်ဖိစီးမှု့ ကင်းစွာဖြင့် လုပ်လို၏။

ထို့ကြောင့် ကျွန်ုပ်သည် တစ်ချိန်တစ်ခါက စိတ်ချမ်းသာမှု့ကို လွန်စွာ အလိုရှိသောကြောင့် လိုက်ရှာဖူးလေ၏။ တောအထပ်ထပ် တောင်အသွယ်သွယ် နေရာဒေသတော်တော် စုံစုံကိုလည်း သွားရောက်ရှာဖွေခဲ့၏။ နည်းစနစ်ပေါင်း များစွာကိုလည်း လိုက်နာကျင့်ဆောင်ခဲ့ ဘူးလေ၏။ စိတ်နှင့်ပတ်သက်သော စာအုပ်ပေါင်း များစွာကိုလည်း ဖတ်မှတ်၍ လိုက်နာလေ့ကျင့်ဖူးခဲ့၏။ သို့သော် ကျွန်ုပ်၏ ပါရမီနုနယ်သောကြောင့်လား မသိ။ မထူးခြားခဲ့ပေ။

ထိုကဲ့သို့ ရှာဖွေခဲ့ရာတွင် ကျွန်ုပ်သည် ရှာဖွေရခြင်းဆိုသော ဒုက္ခတစ်ခုသည်သာ ကျွန်ုပ်အတွက် ပိုတိုးလာခဲ့လေ၏။ ထူးခြားသည်မှာ မိမိနေရာမိမိပြန်ရောက်လာသောအခါတွင် ကျွင်္နုပ်တို့၏ ဘ၀သည် ပုံမှန် ပြန်ပြန်ဖြစ်သွားသည်ကသာ များ၏။ ထို့ကဲ့သို့ သွားရာ၌ ကျွန်ုပ်အတွက် စားရေးသောက်ရေး နေရေးထိုင်ရေးများ ပင် ပို၍ အခက်အခဲဖြစ်စေခဲ့၏။ ပူပန်မှု့များ ပိုတိုးစေခဲ့၏။

နောက်တစ်ခု ကျွန်ုပ်လိုချင်သော စိတ်အေးချမ်းသာမှု့မှာ ရိပ်သာများတွင် တရားအားထုပ်နေသော ယောဂီများကဲ့ သို့ နိဗ္ဗာန်အထိ ရှာဖွေနေလိုသော စိတ်လည်း ကျွန်ုပ်မှာမရှိပါ။ နိဗ္ဗာန်ဆိုသောစကားမှာ ကိလေသာ ကြားငြပ်နေသော ကျွန်ုပ်တို့နှင့် လွန်စွာ အလှမ်းကွာနေသကဲ့သို့ ကျွန်ုပ်၏ စိတ်တွင် ခံစားနေရလေ၏။ နောက်တစ်ခုမှာ ရိပ်သာတွင် ရှိစဉ်ကတုန်းကတော့ စိတ်အေးချမ်းသာ၍ မိမိနေရာ မိမိဌာနသို့ ပြန်ရောက်ရှိသော ခနတွင် ပြန်လည်၍ ပူပင်သောကများနေသော လူတော်တော်များကို တွေ့ဖူး၍ ကျွန်ုပ်ကိုယ်တိုင်ပင် ထိုကဲ့သို့ ဖြစ်ခဲ့လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် စိတ်အေးချမ်းသာစွာ နေထိုင်လို၏။ မိမိ၏ နေ့စဉ်လုပ်ကိုင်လျှက်ရှိသော အိမ်ထောင်ရေး စီးပွားရေး လူမှုရေး အားလုံးကိုလည်း ပုံမှန်အတိုင်း လုပ်ကိုင်နေထိုင်လို၏။ အလုပ်လုပ်ချိန်တွင် အလုပ်လုပ်မည်။ စားချိန်တွင် စားမည်။ အိပ်ချိန်တွင် အိပ်မည်။ လည်ချိန်တွင် လည်မည်။ ပတ်ချိန်တွင် ပတ်မည်။ ကောင်မလေးကို မြင်ရင် ကြိုက်ချင်ကြိုက်မည်။ လိုက်ချင်လိုက်မည်။ ချိန်းချင် ချိန်းမည်။ တစ်ခုခုကို တမ်းတချင်တမ်းတမည်။ ပိုက်ဆံလည်း ချမ်းသာချင် ချမ်းသာလိုမည်။ ရန်ဖြစ်စရာကြုံရင် ရန်ဖြစ်မည်။ ပြန်ချစ်စရာရှိရင် ပြန်ချစ်မည်။

အစရှိသည့်ကိစ္စများကတော့ ကျွန်တော်တို့ လူ့ဘ၀ကြီးတွင် ဖြတ်သန်းနေသရွေ့ မကြုံမဖြစ် နေ့စဉ်ကြုံတွေ့နေရ မည့် ကိစ္စများ ဖြစ်သည်။ မလွဲမသွေကို တွေ့ကြုံရမည်။ ကျွန်တော် ဖြစ်ချင်တာက လူ့ဘ၀ကြီးတွင် ဘာတွေပဲ ဖြစ်နေ ဖြစ်နေ ဘာတွေပဲ ကြုံတွေ့ကြုံတွေ့ ကျွန်တော် စိတ်အေးချမ်းသာစွာ နေထိုင်လိုသည်။ ပူပင်သောက ကင်းဝေးလိုသည်။

ထို့ကြောင့် ကျွန်ုသည် တစ်ယောက်ထဲရှိနေသည့် အချိန်များတွင် များသောအားဖြင့် လူ့ဘ၀တွင် စိတ်အေးချမ်းသာ စွာ နေထိုင်ရခြင်းကိုသာ ထိုင်၍ စဉ်းစားနေ၏။ ဘယ်လို လုပ်ရင် ရနိုင်မလဲ။ ဘယ်လို ကျင့်ကြံပါက ကျွန်ုပ်အလိုရှိ သော စိတ်အေးချမ်းသာမှု့ကို အမြဲတမ်းရနိုင်ပါမည်နည်းဟု စဉ်းစားတွေးတောနေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၄၅-နှစ်ခန့် ရှိသော ဦးသောင်းအေးဟု အမည်ရ သော သူသည် ၀င်ရောက်လာလေ၏။

ဆရာရေ... လာသာလာရတာ ။ဆရာ ရှိမှရှိပါ့မလားလို့တွေးပြီး စိုးရမ်လိုက်ရတာ ဆရာရဲ့ဟု ကျွန်ုပ်အား ပြောလေ၏။ထိုအခါ ကျွန်ုပ်က ဦးသောင်းအေးရယ် ကျွန်တော်က အခန်းမှာ မရှိလို့ ဘယ်သွားနေမတုန်းဗျ။ ဒါက ကျွန်တော် ဗေဒင်ဟောခန်းဖွင့်ချိန်ဆိုတော့ ကျွန်တော် ဗေဒင်ဟောခန်းထဲမှာပဲ ရှိမှာပေါ့ဗျဟု ကျွန်ုပ်က ပြန်ပြောလိုက်ရာ ဦးသောင်းအေးက မသိဘူးလေဆရာရယ်။ ဆရာက အလုပ်က ခပ်များများဆိုတော့ အခန်းမှာ မရှိမှာဆိုးလို့ပါဟု ပြန်ပြောလေ၏။

ကဲ... ဦးအေးသောင်းရေ ပြောပါဦး၊ ကျွန်တော် ဘာကူညီပေးရမလဲဟု မေးလိုက်ရာ ဦးအေးသောင်းက ဒီလိုပါဆရာ။ ကျွန်တော်လည်း လာမယ့်တပေါင်းလဆိုရင် ဘာလိုလိုနဲ့ အသက် (၄၅)နှစ်တောင် ပြည့်တော့မယ် ဆရာရေ။ ကျွန်တော့် ဘ၀မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်တယ်လို့ ပြောလို့မရသေးဘူး။ တစ်နှစ်ပြီး တစ်နှစ်သာ ကုန်ကုန်သွားတယ်။ ပိုင်ဆိုင်မှုတွေက တိုးတိုးလာတယ်လို့ကို မရှိဘူး။ တစ်နှစ်လာလည်း ဒီအတိုင်း၊ နောက်တစ်နှစ်လာလည်း ဒီအတိုင်းဆိုတော့ ကြာရင် တဖြေးဖြေး စိတ်ဓာတ်ကျလာတာပဲ အဖတ်တင်တယ် ဆရာရေ။ အလုပ်က မလုပ်ဘဲနေတာလည်း မဟုတ်ဘူး။ တနေ့မှကို မနားတာဆရာရေဟု ပြောလေ၏။

ဒါဆိုရင် ဒီလိုလုပ်ကြည့်ပါလား ဦးသောင်းအေးရဲ့။ ဂုဏ်တော်ကိုးပါးနဲ့ ပုတီးဆယ်ပတ်ရအောင် စိပ်ကြည့်ပါလားဟု ကျွန်ုပ်ကပြောလိုက်ရာ ဦးသောင်းအေးက ဘုရားဂုဏ်တော်က ကိုးပါးပဲရှိတာ။ ဘယ်လိုလုပ်ပြီး ဆယ်ပတ်ရအောင် စိပ်ရမှာလဲ ဆရာလေးရဲ့ဟု ပြန်ပြောလေသောကြောင့် ကျွန်ုပ်လည်း ဂုဏ်တော်ကိုးပါးကို ပုတီးဆယ်ပတ်ရအောင် စိပ်သော အောက်ပါနည်းကို ဦးသောင်းအေးအား ပေးလိုက်လေ၏။ ဦးသောင်းအေးသည် ကျွန်ုပ်ပေးလိုက်သော ပုတီးစိပ်နည်းကို ယူ၍ ပြန်သွားလေ၏။

(၃)လခန့်အကြာတွင် ဦးသောင်းအေးသည် ကျွန်ုပ်ထံသို့ ပြန်ရောက်လာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဆရာရေ.. ဆရာလမ်းညွန်ပေးလိုက်တဲ့ ပုတီးစိပ်နည်းက တော်တော်လေး အဆင်ပြေတယ်။ဆရာရေ။ အဲဒီနည်း အတိုင်း ပုတီးပုံမှန်စိပ်နေတာ၊ မကြာပါဘူးဆရာရေ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်၊သူက ပွဲစားလေ သူမြန်မာပြည်ကို ပြန်ခါနီး ကျွန်တော့်ကို သူ့ဖုံးကို လွဲပေးသွားတယ်။ သူငယ်ချင်းတဲ့ မင်းလည်း အသက်ကြီးပြီ ဆိုတော့ အလုပ်ရုံတွေမှာ မလုပ်နဲ့တော့တဲ့။ ဒီဖုံးလေးနဲ့ပဲ လုပ်စားပေတော့ဆိုပြီး သူ့ဖုံးကို ကျွန်တော့်ကို အပြီးပေး သွားတယ်ဆရာရေ။ အခု ကျွန်တော် သူပေးခဲ့တဲ့ ဖုံးနဲ့ တော်တော် အဆင်ပြေနေပြီဟု ဆိုကာ ကျွန်ုပ်အား ငွေများကန်တော့ကာ ပြန်သွားလေတော့သတည်း။

ဂုဏ်တော်ကိုးပါးကိုပုတီးဆယ်ပတ်ရအောင်စိပ်သောနည်း

တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်ထဲထိုင်၍ ရောက်တတ်ရာရာများကို စဉ်းစားလျှက်ရှိ၏။ များသောအားဖြင့် ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ ဟုဆိုအပ်သော အကြောင်းအရာကို များသောအားဖြင့် စဉ်းစားလေ့ရှိ၏။ ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ကို လွန်စွာလိုလား၏။ စိတ်အေးချမ်းသာစွာနှင့်သာ ဘ၀ခရီးလမ်းကို လျှောက်လှမ်းလို၏။ အချိန်များကို ပူပင်သောက ကင်းစွာဖြင့် ကုန်ဆုံးလို၏။ အလုပ်များကိုလည်း စိတ်ဖိစီးမှု့ ကင်းစွာဖြင့် လုပ်လို၏။

ထို့ကြောင့် ကျွန်ုပ်သည် တစ်ချိန်တစ်ခါက စိတ်ချမ်းသာမှု့ကို လွန်စွာ အလိုရှိသောကြောင့် လိုက်ရှာဖူးလေ၏။ တောအထပ်ထပ် တောင်အသွယ်သွယ် နေရာဒေသတော်တော် စုံစုံကိုလည်း သွားရောက်ရှာဖွေခဲ့၏။ နည်းစနစ်ပေါင်း များစွာကိုလည်း လိုက်နာကျင့်ဆောင်ခဲ့ ဘူးလေ၏။ စိတ်နှင့်ပတ်သက်သော စာအုပ်ပေါင်း များစွာကိုလည်း ဖတ်မှတ်၍ လိုက်နာလေ့ကျင့်ဖူးခဲ့၏။ သို့သော် ကျွန်ုပ်၏ ပါရမီနုနယ်သောကြောင့်လား မသိ။ မထူးခြားခဲ့ပေ။

ထိုကဲ့သို့ ရှာဖွေခဲ့ရာတွင် ကျွန်ုပ်သည် ရှာဖွေရခြင်းဆိုသော ဒုက္ခတစ်ခုသည်သာ ကျွန်ုပ်အတွက် ပိုတိုးလာခဲ့လေ၏။ ထူးခြားသည်မှာ မိမိနေရာမိမိပြန်ရောက်လာသောအခါတွင် ကျွင်္နုပ်တို့၏ ဘ၀သည် ပုံမှန် ပြန်ပြန်ဖြစ်သွားသည်ကသာ များ၏။ ထို့ကဲ့သို့ သွားရာ၌ ကျွန်ုပ်အတွက် စားရေးသောက်ရေး နေရေးထိုင်ရေးများ ပင် ပို၍ အခက်အခဲဖြစ်စေခဲ့၏။ ပူပန်မှု့များ ပိုတိုးစေခဲ့၏။

နောက်တစ်ခု ကျွန်ုပ်လိုချင်သော စိတ်အေးချမ်းသာမှု့မှာ ရိပ်သာများတွင် တရားအားထုပ်နေသော ယောဂီများကဲ့ သို့ နိဗ္ဗာန်အထိ ရှာဖွေနေလိုသော စိတ်လည်း ကျွန်ုပ်မှာမရှိပါ။ နိဗ္ဗာန်ဆိုသောစကားမှာ ကိလေသာ ကြားငြပ်နေသော ကျွန်ုပ်တို့နှင့် လွန်စွာ အလှမ်းကွာနေသကဲ့သို့ ကျွန်ုပ်၏ စိတ်တွင် ခံစားနေရလေ၏။ နောက်တစ်ခုမှာ ရိပ်သာတွင် ရှိစဉ်ကတုန်းကတော့ စိတ်အေးချမ်းသာ၍ မိမိနေရာ မိမိဌာနသို့ ပြန်ရောက်ရှိသော ခနတွင် ပြန်လည်၍ ပူပင်သောကများနေသော လူတော်တော်များကို တွေ့ဖူး၍ ကျွန်ုပ်ကိုယ်တိုင်ပင် ထိုကဲ့သို့ ဖြစ်ခဲ့လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် စိတ်အေးချမ်းသာစွာ နေထိုင်လို၏။ မိမိ၏ နေ့စဉ်လုပ်ကိုင်လျှက်ရှိသော အိမ်ထောင်ရေး စီးပွားရေး လူမှုရေး အားလုံးကိုလည်း ပုံမှန်အတိုင်း လုပ်ကိုင်နေထိုင်လို၏။ အလုပ်လုပ်ချိန်တွင် အလုပ်လုပ်မည်။ စားချိန်တွင် စားမည်။ အိပ်ချိန်တွင် အိပ်မည်။ လည်ချိန်တွင် လည်မည်။ ပတ်ချိန်တွင် ပတ်မည်။ ကောင်မလေးကို မြင်ရင် ကြိုက်ချင်ကြိုက်မည်။ လိုက်ချင်လိုက်မည်။ ချိန်းချင် ချိန်းမည်။ တစ်ခုခုကို တမ်းတချင်တမ်းတမည်။ ပိုက်ဆံလည်း ချမ်းသာချင် ချမ်းသာလိုမည်။ ရန်ဖြစ်စရာကြုံရင် ရန်ဖြစ်မည်။ ပြန်ချစ်စရာရှိရင် ပြန်ချစ်မည်။

အစရှိသည့်ကိစ္စများကတော့ ကျွန်တော်တို့ လူ့ဘ၀ကြီးတွင် ဖြတ်သန်းနေသရွေ့ မကြုံမဖြစ် နေ့စဉ်ကြုံတွေ့နေရ မည့် ကိစ္စများ ဖြစ်သည်။ မလွဲမသွေကို တွေ့ကြုံရမည်။ ကျွန်တော် ဖြစ်ချင်တာက လူ့ဘ၀ကြီးတွင် ဘာတွေပဲ ဖြစ်နေ ဖြစ်နေ ဘာတွေပဲ ကြုံတွေ့ကြုံတွေ့ ကျွန်တော် စိတ်အေးချမ်းသာစွာ နေထိုင်လိုသည်။ ပူပင်သောက ကင်းဝေးလိုသည်။

ထို့ကြောင့် ကျွန်ုသည် တစ်ယောက်ထဲရှိနေသည့် အချိန်များတွင် များသောအားဖြင့် လူ့ဘ၀တွင် စိတ်အေးချမ်းသာ စွာ နေထိုင်ရခြင်းကိုသာ ထိုင်၍ စဉ်းစားနေ၏။ ဘယ်လို လုပ်ရင် ရနိုင်မလဲ။ ဘယ်လို ကျင့်ကြံပါက ကျွန်ုပ်အလိုရှိ သော စိတ်အေးချမ်းသာမှု့ကို အမြဲတမ်းရနိုင်ပါမည်နည်းဟု စဉ်းစားတွေးတောနေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၄၅-နှစ်ခန့် ရှိသော ဦးသောင်းအေးဟု အမည်ရ သော သူသည် ၀င်ရောက်လာလေ၏။

ဆရာရေ... လာသာလာရတာ ။ဆရာ ရှိမှရှိပါ့မလားလို့တွေးပြီး စိုးရမ်လိုက်ရတာ ဆရာရဲ့ဟု ကျွန်ုပ်အား ပြောလေ၏။ထိုအခါ ကျွန်ုပ်က ဦးသောင်းအေးရယ် ကျွန်တော်က အခန်းမှာ မရှိလို့ ဘယ်သွားနေမတုန်းဗျ။ ဒါက ကျွန်တော် ဗေဒင်ဟောခန်းဖွင့်ချိန်ဆိုတော့ ကျွန်တော် ဗေဒင်ဟောခန်းထဲမှာပဲ ရှိမှာပေါ့ဗျဟု ကျွန်ုပ်က ပြန်ပြောလိုက်ရာ ဦးသောင်းအေးက မသိဘူးလေဆရာရယ်။ ဆရာက အလုပ်က ခပ်များများဆိုတော့ အခန်းမှာ မရှိမှာဆိုးလို့ပါဟု ပြန်ပြောလေ၏။

ကဲ... ဦးအေးသောင်းရေ ပြောပါဦး၊ ကျွန်တော် ဘာကူညီပေးရမလဲဟု မေးလိုက်ရာ ဦးအေးသောင်းက ဒီလိုပါဆရာ။ ကျွန်တော်လည်း လာမယ့်တပေါင်းလဆိုရင် ဘာလိုလိုနဲ့ အသက် (၄၅)နှစ်တောင် ပြည့်တော့မယ် ဆရာရေ။ ကျွန်တော့် ဘ၀မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်တယ်လို့ ပြောလို့မရသေးဘူး။ တစ်နှစ်ပြီး တစ်နှစ်သာ ကုန်ကုန်သွားတယ်။ ပိုင်ဆိုင်မှုတွေက တိုးတိုးလာတယ်လို့ကို မရှိဘူး။ တစ်နှစ်လာလည်း ဒီအတိုင်း၊ နောက်တစ်နှစ်လာလည်း ဒီအတိုင်းဆိုတော့ ကြာရင် တဖြေးဖြေး စိတ်ဓာတ်ကျလာတာပဲ အဖတ်တင်တယ် ဆရာရေ။ အလုပ်က မလုပ်ဘဲနေတာလည်း မဟုတ်ဘူး။ တနေ့မှကို မနားတာဆရာရေဟု ပြောလေ၏။

ဒါဆိုရင် ဒီလိုလုပ်ကြည့်ပါလား ဦးသောင်းအေးရဲ့။ ဂုဏ်တော်ကိုးပါးနဲ့ ပုတီးဆယ်ပတ်ရအောင် စိပ်ကြည့်ပါလားဟု ကျွန်ုပ်ကပြောလိုက်ရာ ဦးသောင်းအေးက ဘုရားဂုဏ်တော်က ကိုးပါးပဲရှိတာ။ ဘယ်လိုလုပ်ပြီး ဆယ်ပတ်ရအောင် စိပ်ရမှာလဲ ဆရာလေးရဲ့ဟု ပြန်ပြောလေသောကြောင့် ကျွန်ုပ်လည်း ဂုဏ်တော်ကိုးပါးကို ပုတီးဆယ်ပတ်ရအောင် စိပ်သော အောက်ပါနည်းကို ဦးသောင်းအေးအား ပေးလိုက်လေ၏။ ဦးသောင်းအေးသည် ကျွန်ုပ်ပေးလိုက်သော ပုတီးစိပ်နည်းကို ယူ၍ ပြန်သွားလေ၏။

(၃)လခန့်အကြာတွင် ဦးသောင်းအေးသည် ကျွန်ုပ်ထံသို့ ပြန်ရောက်လာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဆရာရေ.. ဆရာလမ်းညွန်ပေးလိုက်တဲ့ ပုတီးစိပ်နည်းက တော်တော်လေး အဆင်ပြေတယ်။ဆရာရေ။ အဲဒီနည်း အတိုင်း ပုတီးပုံမှန်စိပ်နေတာ၊ မကြာပါဘူးဆရာရေ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်၊သူက ပွဲစားလေ သူမြန်မာပြည်ကို ပြန်ခါနီး ကျွန်တော့်ကို သူ့ဖုံးကို လွဲပေးသွားတယ်။ သူငယ်ချင်းတဲ့ မင်းလည်း အသက်ကြီးပြီ ဆိုတော့ အလုပ်ရုံတွေမှာ မလုပ်နဲ့တော့တဲ့။ ဒီဖုံးလေးနဲ့ပဲ လုပ်စားပေတော့ဆိုပြီး သူ့ဖုံးကို ကျွန်တော့်ကို အပြီးပေး သွားတယ်ဆရာရေ။ အခု ကျွန်တော် သူပေးခဲ့တဲ့ ဖုံးနဲ့ တော်တော် အဆင်ပြေနေပြီဟု ဆိုကာ ကျွန်ုပ်အား ငွေများကန်တော့ကာ ပြန်သွားလေတော့သတည်း။

Wednesday, January 12, 2011

ဈေးဆိုင်များအတွက်လာဘ်ခေါ်တစ်ချက်ငွေဇီးကွက်

ကျွန်ုပ်၏ ချစ်ခင်လေးစားရပါသော စာဖတ်သူများအတွက် သင်တို့၏ အကျိုးကိုလိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် တိုက်တွန်း၍အကြံညာဏ်ပေးလိုသည်မှာ မိမိ၏ဈေးဆိုင်တွင်တွင် အထက်ပါ လာဘ်ခေါ်တစ်ချက်ငွေဇီးကွက် ဓာတ်ပန်ချီကားကြီးကို ပုံကြီးထုပ် မှန်ဘောင်သွင်း၍ ကောင်းမွန်သော မနသီကာရဖြင့် ချိပ်ဆွဲထားကြပါက မိမိတို့၏ ဈေးဆိုင်များတွင် ဈေးရောင်းကောင်းခြင်း၊ လူစည်ကားစေခြင်း၊ ငွေကြေးလာဘ်ရွှင်စေခြင်း၊ စီးပွားဥစ္စာတိုးတက်စေခြင်း အရောင်းအ၀ယ်ကောင်းခြင်း၊ ရောင်းပန်းဝယ်ပန်း ပွင့်လန်းခြင်းအစရှိသော ဈေးဆိုင်နှင့်ပါတ်သက်သော ပါတ်သက်သော ကိစ္စရပ်များကို အောင်မြင်စေပါသည်။ ပူပန်သောက ကင်းဝေးစေပါသည်။ ပုံပေါ်တွင် နှိပ်၍ ဒေါင်းလော့လုပ်ယူပါ။ rar ဖိုင်ဖြင့် ချုံ့၍ MediaFire မှာ တင်ထားပေးပါတယ်။

ဈေးဆိုင်များအတွက်လာဘ်ခေါ်တစ်ချက်ငွေဇီးကွက်

ကျွန်ုပ်၏ ချစ်ခင်လေးစားရပါသော စာဖတ်သူများအတွက် သင်တို့၏ အကျိုးကိုလိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် တိုက်တွန်း၍အကြံညာဏ်ပေးလိုသည်မှာ မိမိ၏ဈေးဆိုင်တွင်တွင် အထက်ပါ လာဘ်ခေါ်တစ်ချက်ငွေဇီးကွက် ဓာတ်ပန်ချီကားကြီးကို ပုံကြီးထုပ် မှန်ဘောင်သွင်း၍ ကောင်းမွန်သော မနသီကာရဖြင့် ချိပ်ဆွဲထားကြပါက မိမိတို့၏ ဈေးဆိုင်များတွင် ဈေးရောင်းကောင်းခြင်း၊ လူစည်ကားစေခြင်း၊ ငွေကြေးလာဘ်ရွှင်စေခြင်း၊ စီးပွားဥစ္စာတိုးတက်စေခြင်း အရောင်းအ၀ယ်ကောင်းခြင်း၊ ရောင်းပန်းဝယ်ပန်း ပွင့်လန်းခြင်းအစရှိသော ဈေးဆိုင်နှင့်ပါတ်သက်သော ပါတ်သက်သော ကိစ္စရပ်များကို အောင်မြင်စေပါသည်။ ပူပန်သောက ကင်းဝေးစေပါသည်။ ပုံပေါ်တွင် နှိပ်၍ ဒေါင်းလော့လုပ်ယူပါ။ rar ဖိုင်ဖြင့် ချုံ့၍ MediaFire မှာ တင်ထားပေးပါတယ်။

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels