Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

help me......

သို့....
ဆရာဟိန်းတင့်ဇော်ခင်ဗျား...

ကျွန်တော်ဆရာ့ဆီကို အီးမေးလ်ပို့ပြီး အကူအညီတောင်းရတဲ့ ကိစ္စကတော့ ကျွန်တော်ဟာ စီးပွားရေးလုပ်ငန်း ရှင် တစ်ယောက်ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကို ပြောပြဖို့ မသင့်တဲ့ ကိစ္စဖြစ်နေတဲ့အတွက်ကြောင့် ဘာလုပ်ငန်းလုပ်တယ်ဆိုတာကို ဆရာ့ကို ပြောမပြတဲ့အတွက်ကြောင့် ခွင့်လွှတ် စေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ကျွန်တော် လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းဟာ သမ္မာအာဇီဝဖြစ်တဲ့ အသက်မွေး ၀မ်းကြောင်း အလုပ်ဆိုတာကိုတော့ ကျွန်တော်ပြောနိုင်ပါတယ်ဆရာ။

ကျွန်တော် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းက ကျွန်တော်တစ်ယောက်တည်း အရည်အချင်းနဲ့ မရပါဘူး။ အမြဲတမ်းဆိုသလို သူတစ်ပါးတွေဆီက အကူအညီ တောင်းတောင်းနေရပါတယ်။ ကျွန်တော် အကူအညီတောင်းနေတဲ့ သူတွေဆီက အကူအညီရမှ ကျွန်တော်က အဆင်ပြေတာ အောင်မြင်တာဆိုပါတော့ ဆရာ။ နေ့ရှိသလို သွားသွားပြီး အကူအညီတောင်းရတဲ့ ကိစ္စမှာ အမြဲတမ်းအဆင်ပြေအောင် ၊ ပြောရရင်တော့ ကျွန်တော်အကူအညီ သွားတောင်းတာနဲ့ “ အိုကေ” ဆိုတဲ့ စကားကို အမြဲတမ်းကြားရအောင် နည်းလမ်းတစ်ခု ယတြာတစ်ခုလောက် ညွန်ပြကူညီပေးစေချင်ပါတယ် ဆရာ။

အရာအားလုံးအတွက် ကြိုတင်ကျေးဇူးတင်လျှက်

ဝင်းသိန်း..(နေပြည်တော်)

ဒါနဲ့ ကျွန်တော်လည်း အောက်ဖော်ပြပါ မှန်ထောင်၍ အကူအညီတောင်တဲ့ နည်းလေးကို နေပြည်တော်က ကိုဝင်းသိန်းဆီကို ပေးပို့လိုက်ပါတယ်။ ပြောရရင်တော့ ကိုဝင်းသိန်းတစ်ယောက် ဒီယတြာနည်းနဲ့ တော်တော် လေး အဆင်ပြေနေပြီ ဆိုတာပါပဲ။

ကျွန်တော် မိတ်ဆွေတွေလည်း ကိုယ်က သူတစ်ပါးဆီမှာ သွားပြီး အကူအညီတောင်းစရာ ကိစ္စရှိတယ်ဆိုပါစို့။ ဘာကိစ္စပဲဖြစ်ဖြစ် အကူအညီတောင်းရမယ်ဆိုရင် ကိုယ်တောင်းတဲ့ အကူအညီကို တစ်ဖက်လူက လိုလိုချင်ချင် အကူအညီပေးစေချင်တယ်ဆိုရင် ကြိုတင်ပြီး ဆောင်ရွက် သွားလိုက်ပါ။ မရမရှိ အကူအညီရစေသော နည်း ဆိုတဲ့ အကြောင်း သင်တို့၏ အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ပြန်လည် ပြောပြလိုက်၇ပေသတည်း။

မရမရှိ အကူအညီရရှိစေသောနည်း

ဘုရားစင်ရှေ့မှာထိုင်၊ ကိုယ်ရှေ့မှာ မှန်တစ်ချပ်ထောင်ပါ။ မှန်ရှေ့မှာ အာလူးတစ်လုံးချပါ။ အာလူးမှာတော့ ကိုယ်သွားပြီး အကူအညီတောင်းမယ့် လူရဲ့ အမည်ကိုရေးပါ။ အဲဒီ အာလူးပေါ်မှာတော့ အမွှေးတိုင်တစ်တိုင် စိုက်ထွန်းပြီး ဆုတောင်းသွားပါ။

လွယ်ကူစွာရှာဖွေရန်

Wednesday, January 26, 2011

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels