သောကြာနံ၏ အင်္ဂ၀ိဇ္ဇာတိုင်
စစ် | ၃ | ပဉ္စပွတ်(အင်္ဂါနံ) |
ထူ | ၀ | |
လံ | ၄ | ဆပွတ်(ဗုဒ္ဓဟူးနံ) |
သူ | ၆ | သောကြာနံအတွက် |
ကြီး | ၂ | |
ပွဲ | ၅ | |
အောင် | ၁ |
လေးစားရပါသော မိတ်ဆွေများခင်ဗျာ......
ကျွန်ုပ်တို့အား အဘမင်းသိင်္ခ အင်္ဂ၀ိဇ္ဇာ သင်ပြခဲ့စဉ်က မှတ်သားထားခဲ့သော နည်းလေးတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသောအခါ ၎င်း ပဉ္စပွတ်ဆပွတ်နှစ်နံပေါင်းပြီး ရိုက်ရကြောင်း ရောင်းလိုသော နံ၏ နံတူနေ့ (ဥပမာ - ဗုဒ္ဓဟူးနံ ရောင်းလိုပါက ဗုဒ္ဓဟူးနေ့နံနက်( ၉း၄၅)တွင် ရိုက်ပါက ပို၍ စွမ်းကြောင်း သင်ပြခဲ့ဘူးပါသည်။ ဥပမာ သောကြာနံ -သွတ်၊ သံ ၊ သစ်၊ သင်္ဘော ၊ သစ်သီး၊ အစရှိသော သောကြာနံ ပစ္စည်းများ ရောင်းထွက်လိုသော အခါ သောကြာနေ့ နံနက်(၉း၄၅)တွင် သောကြာနံ၏ ပဉ္စပွတ်ဆပွတ် နှစ်နံတွဲဖြစ်သော စလပ်(၇)ညွန့်ဖြင့် ရိုက်ရန်ဖြစ်ပါသည်။
ထိုအင်္ဂ၀ိဇ္ဇာနည်းကို ဆက်စပ်စဉ်းစားပြီးနောက် မိမိတို့ရောင်းလိုသောငှားလိုသော ကုန်ပစ္စည်းများ။ အရောင်းသွက် အငှားသွက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။
ကြာသပတေးနံ - သာကြာနံ -သွတ်၊ သံ ၊ သစ်၊ သင်္ဘော ၊ သစ်သီး၊အစရှိသော သောကြာနံပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသူတို့သည် ဇလုံတစ်လုံးတွင် စလပ်ရွက်(၇)ညွန့် စိုက်ထားသော ဓာတ်ပန်းချီကားကို မိမိတို့၏ဆိုင် (သို့) အလုပ်ခန်းတွင် ချိပ်ဆွဲထားနိုင်ပါတယ်။ ရောင်းလိုသော သောကြာနံ ပစ္စည်းများကို သောကြာနေ့ နေ့နံက် (၉း၄၅) ရောက်တိုင်း ထိုပန်းချီကားဖြင့် ယပ်ခတ်ခြင်း၊ ရိုက်ပေးခြင်း ပြုလုပ်နိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
+66874150022