Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အကြွေးကျေစေသောအဆောင်

(မူရင်း-အဘမင်းသိင်္ခ)
ကြွေးထူတဲ့ လူတွေကို အဲဒီ အဆောင်တွေ ပေးလိုက်တာ မနည်း တော့ဘူး။ တော်တော်လေး တန်ခိုး ပြတယ်ဟေ့။ ငါလုပ်ပေးတုန်းက ဒစ္စကိုရွှေ တောင် မပေါ် သေးဘူးကွ။ စီးကရက် ဗူးထဲပါတဲ့ ရွှေရောင် စက္ကူနဲ့ လုပ်ပေးခဲ့တာ။

ယုံယုံကြည်ကြည်နဲ့ တော့ လုပ်ကွာ။ မနက်စောစောထပြီး နွားနို့ထမင်းချက်ပြီး ဒေ၀ီ မယ်တော်တွေကို လှူကွာ။ အဲဒီ ယန္တြလေးကိုင်ပြီး ဆုတောင်းတယ်ကွာ။ ကြွေးထူလို့ ရင်ပူနေရတဲ့ လူတော်တော်များများ ထူးထူးဆန်းဆန်း ကြွေးတွေ ကျေသွားတာကို တွေ့ရတယ်ကွာ။ မယုံရင်တော့ မင်းကိုယ်တိုင် စမ်းကြည့်။

ဟုပြောလိုက်ရာ မောင်မောင်မြင့်အေးက "စမ်းဆို မနက်ဖြန် မနက်ကစပြီး စမ်းရမှာပဲ ဆရာရေ" ဟု ပြောဆိုကာ ကျွန်ုပ်အနီးမှ ထွက်သွားလေတော့၏။ ကျွန်ုပ်မှာလည်း မောင်မောင်မြင့်အေးသို့ ယခုလအတွင်း ပေးရန် စာမူအကြွေး ကျေသွားသောကြောင့် ရင်၌ ပေါ့၍ သွားလေတော့၏။

ထိုအတူ ကြွေးထူနေသော လူအပေါင်းတို့အား ကြွေးများကျေ၍ ၎င်းတို့၏စိတ်သည် စမ်းရေလိုစီး၍ မိုးတိမ်လို လွင့်မျှောကာ ပေါ့ပါး လွတ်လတ်ကြပါစေသတည်းဟု ဆုတောင်းမိလေတော့၏။

လူချစ်လူခင်ပေါများချင်သူများအတွက်

ကျွန်ုပ်၏အသက် ရှစ်နှစ်ကိုးနှစ် အရွယ်ခန့်က ကျွန်ုပ်၏ အဘွားသည် ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းရန် အတွက် ကျွန်ုပ်ကို သနပ်ခါး သွေးခိုင်းတတ်၏။ ကျွန်ုပ်သွေးသော သနပ်ခါးမှာညက်၍ လိမ်းကောင်းသည်ဆို၏။ ထိုသို့ သနပ်ခါး သွေးရာ၌လဲ ရိုးရိုးသွေးရသည် မဟုတ်။ ကျွန်ုပ်အား ဂါထာတစ်ပုဒ်ကို သင်ပေးထားပြီးလျှင် သနပ်ခါး သွေးနေစဉ်အတွင်း ရွတ်ခိုင်း၏။ ထို့ကြောင့် ကျွန်ုပ်သည် အဘွားရေချိုးသည်နှင့် တပြိုင်တည်း ကျောက်ပြင်နှင့် သနပ်ခါးကိုထုပ်ကာ အောက်ပါမန္တာန်ကို ရွတ်ရလေတော့၏။

သဗ္ဗေ ဒေ၀ါစ ယက္ခာစ ၊ ရာဇ မေတ္တာ မနုဿစ။
သဗ္ဗေ ကောဓံ ၀ိနဿန္တု ၊ ဒိသွာန ပိယာ ယန္တု။
စတ္တံ ပုတ္တေ နေ၀သိန္နော အဟံ။
ကရဏီယ မေတ္တ ကုသလေန။
ယန္တသနံ္တ ပဒံ အဘိသမေစ္စ သွာဟ။

ထို့နောက် ကျွန်ုပ်သည် မန္တာန်ရွတ်ရင်း သနပ်ခါးသွေးရ၏။ ကြာသောအခါ ကျွန်ုပ်သည် အချောင်ခို၍ သနပ်ခါးကို သာသွေးပြီး မန္တာန်ကို မရွတ်ဘဲ နေ၏။ ထိုအခါ၌ အဘွားသည် “ဟဲ့ကောင်လေး မန္တာန်ရွတ်လေ” “အဘွားရယ် သနပ်ခါးရရင် ပြီးတာပဲ။ မန္တာန်က ဘာလို့ရွတ်ရတာလဲ”ဟု စောဒက တက်ခဲဘူးလေ၏။

ထိုအခါ၌ အဘွားက....
ဒီမန္တာန်က သိပ်ပြီးစွမ်းတာ ငါ့မြေးရဲ့။ နတ်ချစ်တယ်၊ မင်းချစ်တယ်၊ သူတစ်ပါးရဲ့ ဒေါသတွေ ကိုယ်ဆီကို မကျရောက်ဘူး။ မြင်တဲ့သူတိုင်းက ၀မ်းနဲ့လွယ်ပြီး မွေးထားတဲ့သားသမီးကို ချစ်သလိုချစ်တယ်။ အဲဒါ သိကြားမင်းပေးတဲ့ မန္တာန်။ ဆီကို အဲဒါနဲ့မန်းပြီး ခေါင်းကိုလိမ်းရတယ်။ မျက်နှာချေကိုလည်း အဲဒါနဲ့ မန်းပြီး မျက်နှာကို လိမ်းရတယ်။ လူချစ်လူခင်ပေါတယ် ငါ့မြေးရဲ့... ဟုပြောလေ၏။

အမှန်စင်စစ် ကျွန်ုပ်၏အဘွားသည် လွန်စွာ အပေါက်ဆိုး၏။ မည်သည့်အခါမှ ပြေပြေလည်လည် ပြောလေ့မရှိ။ ကျွန်ုပ်၏ အဘွား၏အမည်မှာ ဒေါ်အေးခင်ဟူ၍ဖြစ်၏။ စကားပြော အပေါက်ဆိုးသော ကျွန်ုပ်၏အဘွား ဒေါ်အေးခင်အား လူတို့သည် ချစ်ခင်ကြကုန်၏။

“ဒေါ်အေးခင်ကြီးကကွာ အလွန် ရိုးတာကလား။ စကားပြောတော့ ဖြောင့်ဖြောင့်ပြောတော့ အပေါက်ဆိုးသလို ဖြစ်တာပေါ့”” ဟူ၍ ခွင့်လွတ်ကာ ချစ်ခင်ကြကုန်၏။ သူလိမ်းသော သနပ်ခါးတွင် ကျွန်ုပ်ရွတ်ပေးသော မန္တာန်၏ အစွမ်းကြောင့် ပေလော။ ဤစကားသည် မှန်သောစကား ဖြစ်၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်အား....အမေရယ် အဘွားလို သနပ်ခါးသွေးရင် မန္တာန်ရွတ်ပြီး သွေးပါလား။ အဲဒီမန္တာန်ဟာ လူချစ်လူခင် များတယ် ဟု ကျွန်ုပ်က အကြံပေးသော်လည်း.. အမလေးတော် ငါတို့က နင့်ဘွားအေလို အားနေတာ မဟုတ်ဘူး။ သနပ်ခါးလည်း မလိမ်းအားဘူး။ လိမ်းရင်လည်း မန္တာန်တွေ ဘာတွေ ရွတ်မနေနိုင်ဘူး။ ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေတာပဲ” ဟုပြောလေ၏။

အမှန်စင်စစ် အားဖြင့် ကျွန်ုပ်၏မိခင်သည် ကျွန်ုပ်၏ အဘွားလောက် လူချစ်လူခင် မများရှာပါ။ ကျွန်ုပ် အိမ်ထောင်ကျသောအခါ ကျွန်ုပ်၏ဇနီးအား ကျွန်ုပ်က....တို့အဘွားက သနပ်ခါးသွေးတိုင်း မန္တာန်ရွတ်ပြီး သွေးတာ။ လူချစ်လူခင် များတယ်။ မင်းရော သနပ်ခါးသွေးရင် အဲဒီမန္တာန်ရွတ်ပြီး သွေးပါလား ငါတို့ အလွတ်ရတယ်။ သင်ပေးမယ်....ဟု ပြောမိရာ ကျွန်ုပ်၏ ဇနီးသည်က “တောမှာ သွားပြော”ဟု ကျွန်ုပ်အား ပြောလေ၏။

ကျွန်ုပ်၏ ဇနီးသည် မည်သည့် မန္တာန်ကိုမျှ မရွတ်။ ထူးခြားချက်တစ်ခုမှာ သူသည် လူမုန်းများသော သူဖြစ်၏။ ကျွန်ုပ်သည် ထိုမန္တာန်အပေါ် ယုံကြည် သက်ဝင်လာခဲ့၏။ လောကီပညာ လိုက်စားသောအခါ၌ ပြည်ဦးကြန်စွယ်၏ MAGICAL ARTS ခေါ် ၀ိဇ္ဇာမယ သိဒ္ဓိကျမ်းသည် မဖတ်မဖြစ် ဖတ်ရသောကျမ်း ဖြစ်လေရာ ထိုကျမ်းကို ဖတ်ရလေ၏။ ထိုကျမ်း၏ အပုဒ်ရေ ၄၁၀-၌ ကျွန်ုပ်၏ သနပ်ခါးမန်း ဆီမန်းဂါထာသည် တခမ်းတနား ပါလာလေတော့သတည်း။

သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ

ပို့အဟောင်းတစ်ခု ဖြစ်ပါသည် ။ အီးမေးလ်ပို့၍ တောင်းဆိုသောကြောင့် ပြန်လည် တင်ပေးလိုက်ပါတယ်။
မပပရေ... ကျေနပ်ပျော်ရွှင်နိုင်ပါစေ...
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တန်ခိုးဓာတ်ကို စတင်ဖွင်လှစ်ခြင်း

အရေးကြီးဆုံးက ကျန်းမာရေးကောင်းဖို့ လိုတယ်။ ရောဂါမဖြစ်ဖို့လိုတယ်။ အဲဒီတော့ ရောဂါတွေက ဘယ်ကလာလည်းဆိုတော့ အစာအိမ်က အများဆုံးလာတာ။ ဒါကြောင့် ကျန်းမာရေး ကောင်းချင်တယ်၊ ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်ရဲ့ အစာအိမ်ကို ဂရုစိုက်ရမယ်။ အရင်ဆုံးလိုက်နာရမည့် အချက်က ဘယ်အခါပဲ ဖြစ်ဖြစ် အစာကို ၀အောင်မစားရဘူး။ အစာစားပြီး နာရီဝက်အတွင်း လဲလှောင်းခြင်း မပြုရဘူး။ တစ်ပါတ်မှာ တစ်ခါလောက်တော့ အဖတ်မစားပဲ အရေကြီး သောက်တဲ့အကျင့်ကို လုပ်သင့်တယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ နေရာ (၆)နေရာရှိတယ်။အဲဒီနေရာ (၆)နေရာကို ကြာပွင့် (၆)ပွင့်လို့ အလွယ်ခေါ်ကြရအောင်။ အဲဒီ ကြာပွင့် ခြောက်ပွင့်ကို ချက္ကရာလိုပ ခေတယ်။ ပါဠိလိုတော့ စက်လို့ အဓိပ္ပါယ်ရ ပြီးမြန်မာလိုတော့ စက်လို့ ခေါ်လို့ရမယ် ထင်တယ်။ တစ်ချို့ဆရာတွေကတော့ ချက္ကရာ(၇)ခုရှိတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် (၆)ခုလို့ လွယ်လွယ်ကူကျူမှတ်ထားလို့ ရတယ်။

ကျွန်တော်တို့ စအိုနဲ့ဆီးစပ်ကြားမှာ ချက္ကရာ တစ်ခုရှိတယ်။ ၀မ်းဗိုက်က ချက်နဲ့တည့်တည့်မှာ ချက္ကရာတစ်ခု ရှိတယ်။ ဒီနေရာမှာ ကုလားစကားတွေ၊ သက္ကတစကားတွေ၊ ပါဠိစကားတွေ ၊ မှတ်ရတာ မှတ်ရခက်တယ်။ အဲဒီတော့ လွယ်လွယ်ကူကူပဲ မှတ်ရအောင်။ ပထမချက္ကရာကို မူလချက္ကရာလို့ မှတ်ထားပေါ့။ ချက်တည့်တည်ြ ချာကရာကို ချက်က္ကရာလို့ မှတ်ထားပေါ့။ ရင်ညွန့်တည့်တည့် ချာကရာကို ရင်ညွန့်ချာကရာလို့ မှတ်လိုက်ပေါ။ လည်ပင်းမှာရှိတဲ့ ချာကရာကိုကြတော့ လည်ပင်းချာကရာလို့ မှတ်ထားလိုက်ပေါ့။ ပြီးတော့ မျက်ခုံးမွေးနှစ်ခုရဲ့ကြား နဖူးအောက်တည့်တည့်မှာ ရှိတဲ့ ချာကရာကို တတိယမျက်လုံး ချာကရာပေါ့။ ငယ်ထိပ်မှာ ရှိတဲ့ ချာကရာကိုကြတော့ ပြီးမြောက်မှု့ ချာကရာလို့သာ မှတ်ထားလိုက်ပေါ့။ မှတ်တာကတော့ ဘယ်လိုပဲ မှတ်မှတ်ပေါ့ဗျာ။ အရေးမကြီးပါဘူး။ အရေးကြီးတာက ချက္ကရာ(၆)ပါးရှိတယ်ဆိုတာကို သိဖိုပပါပဲ။

အဲဒီချာကရာတွေကို ဘယ်လို နှိုးမလဲ...

အဲဒီချာကရာတွေကို တစ်ခုဆီ နှိုးရမယ်။ ဘယ်လို နှိုးရမလဲဆိုတော့ ချာကရာတစ်ခုဆီ တစ်ခုဆီကို ဖယောင်းတိုင် မီးကလေး လင်းနေတယ်လို့ အာရုံပြုပြီး စိတ်နဲ့ မြင်အောင်ကြည့်ရမယ်။ ကြည့်နေတဲ့အတောအတွင်း မှာလည်း ၀င်သက်ထွက်သက်ကို သတိနဲ့ စောင့်ကြည့်ရမယ်။ ကိုယ်ကိုတိုင်ကတော့ ကိုယ့်စိတ်နဲ့ ထွန်းညှိထာတဲ့ မီးတောက်ကလေးကို အာရုံစိုက်ထားရမယ်။ အဲဒီတော့ တပြိုင်နက်တည်းမှာပဲ အသက်ရှူတာကိုလည်း မှတ်ထားရမယ်။ ချာကရာမှာ စိတ်နဲ့ ထွန်းညှိထားတဲ့ မီးတောက်ကလေးကိုလည်း အာရုံက မြဲနေရမယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ နှခေါင်းကို လေ၀င်သွားတဲ့အခါ ၀င်တယ်လို့ မှတ်ရမယ်။ ထွက်သွားတဲ့အခါမှာလည်း ထွက်တယ်လို့ မှတ်ရမယ်။ မီးတောက်ကလေး လင်းနေတာကိုလည်း လင်းတယ်လို့ မှတ်ရမယ်။ ကိုယ့်စိတ်က ဘယ်လို ဖြစ်နေမလဲဆိုတော့ ၀င်တယ်၊ ထွက်တယ်၊ လင်းတယ်လို့ တရစပ်မှတ်နေရမယ်။ မခက်ပါဘူး။

အဲဒီလို လုပ်နေရင် ဘာတွေ ဖြစ်လာမှာလဲ...။ ချာကရာတွေ နိုးကုန်မှာပေါ့။ ဘာတွေဖြစ်လာမှာလဲဆိုတော့ ချာကရာတွေ ပွင့်ကုန်မှာပေါ့၊ ချာကရာတွေ ပွင့်ကုန် နိုးကုန်ရင် ကိုယ်လိုချင်နေတဲ့ သိဒ္ဓိတွေ တန်ခိုးတွေ ရလာမှာပဲပေါ့။ အဲဒီလို ကျင့်နေတဲ့အချိန်မှာ အရေးကြီးဆုံးက ထိန ၊ မိဒ္ဓလို့ ခေါ်တဲ့ ပျင်းရိခြင်းရယ် ငိုက်မျဥးခြင်းရယ်ဆိုတာ ကိုယ့်ဆီ ၀င်မလောအောင် ကြိုးစာပေတော့။

တန်ခိုးတွေရတာ မရတာကို နောက်ထားဦး။ လောလောဆယ် ကိုယ်ရှင်သန် ကြီးပြင်းနေတဲ့ ပတ်ဝန်းကျင်မှာတော့ ကိုယ်ဟာ တန်ခိုးသြဇာအာဏာတွေ မြင်မားလာမယ်။ အောင်မြင်လာမယ်။ လူတကာကိုလွှမ်ဒမိုးထားနိုင်မယ်။ ပူပန်သောကတွေ အေးလာမယ်။ ခေါင်းအေးအေးနဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ လက်တွေ့ ကြုံလာမှ ယုံကြည်ကြပါကုန်.... ပုံလေးတွေကတော့ google က ရှာပြီး တင်ပေးလိုက်တာပါ။

ထွက်ရပ်ပေါက်-၀ိဇ္ဇာလမ်းနှင့်ပါတ်သက်၍

ဝိဇ္ဇာဆိုတာ...

ဝိဇ္ဇာဆိုတာက လူစင်စစ်ကနေပြီးတော့ နတ်သိကြားတွေရဲ့ တန်ခိုးမျိုကို ရနေတဲ့လူဟာ ၀ိဇ္ဇာပေါ့။ အဲဒီတော့ အဲဒီကိစ္စဟာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာကို ပထမ စဉ်းစားရမယ်။ လူဟာ လူလောက်ပဲ စွမ်းရည်ရှိရမယ့် နေရာမှာ နတ်လောက်စွမ်းရည် ရှိရမယ်ဆိုပြီး လုပ်တဲ့ အလုပ်တစ်ခုပဲ။ အရမ်းလိုက်လုပ်လို့တော့ မဖြစ်ဘူး။ ကိုယ့်ရှေ့မှာ အဲဒီလိုလုပ်လို့ ဖြစ်သွားကြရဲ့လားဆိုတဲ့ သာဓကတွေ ကြည့်ရဦးမယ်။

အဲဒီလို ကြည့်လိုက်တော့ ကျွန်တော်တို့တတွေဟာ ၀ိဇ္ဇာရှိတယ်လို့တော့ ကြားဖူးကြတယ်။ ဒါပေမယ့် အထောက်အထားနဲ့ သိတာမျိုးတော့ မဟုတ်ကြပါဘူး။ အဲဒီတော့ အတိတ်က အကြောင်းအရာလေးတွေကို နည်းနည်းလောက် ပြန်ရှာဖွေ ကြည့်ကြရအောင်...

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျခေတ်မှာ အဲဒီဘက်ကို လိုက်စားတဲ့လူ တော်တော်များတယ်။ မနောမယသိဒ္ဓိ ၀ိဇ္ဇာဓိုရ်လမ်း လို့ ခေါ်တယ်။ နောက်ပြီး ဘုရားဟော သုတ်သီလအဋ္ဌကထာ ကေ၀ဋသုတ်မှာ ၀ိဇ္ဇာအကြောင်း ပါတယ်။ စိတ်ဆန္ဒ လုံး၀၀ိရိယ ရှေ့ထားပြီးလုပ်ရင် ဖြစ်နိုင်တယ်။ နောက် ပေါက္ကံပြည်မှာ နန်စံတဲ့ အနော်ရထာတို့ ၊ နရပတိစည်သူတို့ကို ၀ိဇ္ဇာက ဂါထာလာဆက်တယ်လို့ မဏိသာရကျမ်းမှာ ဆိုတယ်။ ပြိးတော့ ကဋိလ၀တ္ထုမှာ ကောင်းကင်ပျံ ၀ိဇ္ဇဓိုရ်အကြောင်းကို ဖော်ပြထားတယ်။ အဲဒီ ၀ိဇ္ဇဓိုရ်ဟာ ဘုံပြဿာဒ်(၇)ဆင့်မှာနေတဲ့ သူဋ္ဌေးသမီးနဲ့တောင် တိတ်တိတ် ညားသွားသေးတယ်လို့ သိရတယ်။

အပါဒါန်ပါဠိတော်မှာ သူမေဓာမြတ်စွာဘုရားကို ၀ိဇ္ဇာကလာဖူးပြီး မဟာလှေကားပန်းပွင့် လှူတယ်ဆိုတဲ့ အကြောင်းပါတယ်။ ပြီးတော့ ရာဇြ၈ိုဟ်မှာ ဥတ္တရသာမဏေကျော် အလောင်းတော်က ၀ိဇ္ဇဓိုရ်ဘ၀မှာ သူမေဓာ ဘုရားရှင်ကို စိတ်ပုတီးလှူခဲ့တယ်လို့လည်း ဆိုထားတယ်။ ပြီးတော့ သတ္တနိပတ် ၀ိဒေဟဇာတ်ထဲမှာ ဗြဟ္မဒတ်မင်းကြီးရဲ့ နန်းတော်ထဲကို ၀ိဇ္ဇဓိုရ်ဝင်လာတယ်လို့ ဆိုထားတယ်။ န၀နိပတ် သမုဂ္ဂဇာတ်တော်ထဲမှာ ယသုဒ္ဓဓမ္မ ၀ိဇ္ဇဓိုရ်ဟာ ဒါန၀တီဆိုတဲ့ ကြုတ်ထဲထည့်ပြီး ငုံထားတဲ့ မိန်းကလေးကို ၀င်ပြီးပေါင်းသင်းတယ်လို့ ဆိုထားတယ်။

သ၀ဏ္ဏဘုမ္မိမှာ နဂါးမနဲ့ ၀ိဇ္ဇာနဲ့ပေါင်းတယ်။ နဂါးမှန်းသိလို့ ၀ိဇ္ဇာကပြန်သွားတယ်လို့ ဆိုထားတယ်။ တောင်ထိပ်မှာနေတဲ့ ၀ိဇ္ဇာက တောင်အောက်ကို ရေဆင်းမခတ်ပဲ ရေဘူးကို တန်ခိုးနဲ့ ရေဆင်းခတ်ခိုင်းတာကို နရဓ ညီနောင်က မြင်လို့ ရေဘူးနောက်လိုက်သွားပြီး ၀ိဇ္ဇာနဲ့တွေ့တယ်။ အဲဒီမှာ ၀ိဇ္ဇာက အဲဒီညီနောင်ကို ပညာသင်ပေးတယ်လို့ ဆိုတယ်။ ပြီးတော့ သထုံပြည်မှာ မဟာဇမ္ဗု သပြေသီးကိုစားပြီး မပုတ်မသိုးသေနေတဲ့ ၀ိဇ္ဇာအသေကို ဘုန်းကြီးကရခဲ့ပြီး ကျောင်းဝမှာ ထားထားတာကို ကုလားညီနောင်က ခိုစားလို့ ပေါ့ပါးတယ်လို့ ဆိုထားတယ်။

နောက်တစ်ခုက ရတနာပူရမြို့မှာ ဆင်ဖြူရှင် တရဖျားဟာ ၀ိဇ္ဇာနဲ့ တွေ့ရတယ်လို့ ပြောတယ်။ ပြီးတော့ ဟံသာဝတီမှာ ဆင်ဖြူရှင်မင်းဟာ ကျုံးကြီးတူးတဲ့အခါ မြေအောက်မှာ မြေအောင်းဝိဇ္ဖာတစ်ယောက်နဲ့ တွေ့တယ်ဆိုပဲ။ ဒါတွေကတော့ ဖတ်ဘူးမှတ်ဘူးတဲ့ အကြောင်းအရာတွေပါပဲ။ ဒါဆိုရင် ရှေ့တုန်းက အရင်တုန်းက ၀ိဇ္ဇာဆိုတာ အမှန်တကယ် ရှိခဲ့တယ်ဆိုတာကို ကောက်ချက်ချလို့ ရသွားပြီပေါ့။ သင်တို့တတွေလည်း အဲဒီ ၀ိဇ္ဇာလမ်းဆိုတာကို ၀ါသနာပါတယ်ဆိုရင် ယုံကြည်စွာ လမ်းဆက်လျှောက်လို့ ရလောက်ပါပြီ......

ခင်မင်စွာဖြင့်
ဟိန်းတင့်ဇော်-ထိုင်းနိုင်ငံ-မဟာချိုင်မြို့

တန်ခိုးသိဒ္ဓိကိုဖွင့်လှစ်နိုင်မည့်သော့ရှစ်ချောင်း

နံပါတ်(၁) တန်ခိုးသိဒ္ဓိအကြောင်း....

ပထမဦးဆုံး နားလည်ရမှာက ကျွန်တော်တို့ နေထိုင်နေတဲ့ စကြာဝဠာကြီးရဲ့အကြောင်းကို အရင်ဆုံး နားလည်ထားသင့် တယ်။ ဒါကြောင့် ဒီစကြာဝဠာရဲ့ အရှိန်အစော် စွမ်းရည်ဆိုတဲ့ ကိစ္စပဲ။ အဲဒါကို ဘယ်သူလုပ်တာလဲလို့ မမေးနဲ့။ ဒါကို သဘာဝတရားကြီးလို့ ခေါ်တယ်။ ဓာတ်တစ်ခုလို သဘောထားချင်လည်း ထားလို့ရတယ်။ အရာအားလုံးကို မူလလို့ ယူဆချင်လည်း ယူဆပေါ့ကွာ။ အဲဒီလို မယူဆချင်ရင်လည်း နက်ရှိုင်းမှု့ရဲ့ ဗဟိုလို့ ပြောချင်လည်း ပြော။ အာဠာယ၀ိညာဏ် ကြီးလို့ ပြောချင်လည်းပြော။ အာဒိ သိမှု့လို့ ခေါ်ချင်လည်း ခေါ်။ အာဒိ လှုပ်ရှားမှု့ အာဒိစွမ်းအင် ကြိုက်သလိုခေါ်နိုင်တယ်။ ကြိုက်သလို နာလည်နိုင်တယ်။

ဥပမာအားဖြင့် ပြောရရင် ရေကို ကုလားလူမျိုးတစ်မျိုးက ပါနီလို့ခေါ်တယ်။ အခြားကုလားလူမျိုးတစ်မျိုးက ဂျားလ်လို့ ခေါ်တယ်။ အင်္ဂလိပ်က ၀ါးတားလို့ခေါ်တယ်။ တရုပ်က စွေ့လို့ခေါ်တယ်။ ကိုယ်နည်းကိုယ့်ဟန်နဲ့ ခေါ်ချင်သ လို ခေါ်နေကြတာပဲ။ ဒါပေမယ့် ရေကတော့ရေပဲ။ တခြားဘာမှ မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ စကြာဝဠာရဲ့ အရှိန်အစောကြီး ဟာ တကယ်ရှိတယ်။ ကိုယ်ကြိုက်သလို ခေါ်နိုင်တယ်။ ပရာန လို့လည်း ခေါ်လို့ရတယ်။ အဲဒိပရာနဟာ နေရာင်ခြည်မှာလည်း ရှိတယ်။ လရဲ့ ရောင်ခြည်မှာလည်း ရှိတယ်။ ရေမှာလည်း ၇ှိတယ်။ တိရစ္ဆာန်မှာလည်း ရှိတယ်။ သစ်ပင်ကျောက်တုံး စတဲ့အရာတွေမှာလည်း ရှိတယ်။ ကိုယ့်ရဲ့ ကိုယ်ထဲမှာလည်း ရှိတယ်။ သူတစ်ပါးတွေရဲ့ ကိုယ်ထဲမှာလည်း ရှိတယ်။ အဲဒီ ပရာနဟာ တစ်နေ့မှာ စွမ်းအင်ဖြစ်လာမယ်။ အဲဒိအခါကျတော့ ပရာနလို့ မခေါ်တော့ဘူး။ နဂါးတကောင်နဲ့ တင်စားပြီး နာဂသတ္တိ (SERPANT POWER) ရယ်လို့ ဖြစ်သွားတာပဲ။

ဒါဆို အဲဒီပရာနဆိုတဲ့ အရာကို ဘယ်သူပိုငတာလဲ....

အရာအားလုံနဲ့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူမှ မပိုင်ဘူး။ ဥပမာ ကိုယ်တွေ အသက်ရှူနေတဲ့ လေဟာ လူတိုင်းနဲ့ တော့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူပိုင်လို့လဲ။ အဲဒီအတိုင်းပေါ့။

ဒါဆိုရင် အဲဒီပရာနကို ကိုယ်က ဘယ်လိုလုပ်ရမှာလဲ......?
အဲဒီ ပရာနဟာ ကိုယ့်ကိုထဲမှာ ရှိနေတယ်။ ဒါပေမယ့် သူဟာ နိုးကြားခြင်း မရှိဘူး။ အပျင်းကြိးပြီး အိပ်စက်နေတဲ့ မြွေတစ်ကောင်လိုပဲ။ နိုးကို မနိုးဘူး။ ငြိမ်ပြီး အိပ်နေတယ်။ သူ့ကို ကိုယ်က နှိုးရမှာ။ သူနိုးတာကို နာဂသတ္တိနိုးတယ်။ တန်ခိုးစွမ်းအင်နိုးတယ်လို့ ပြောတာပေါ့။ အဲဒီနာဂသတ္တိဆိုတဲ့ အရာဟာ တကယ်ရှိတယ်။ သူဟာ အလွန် အဖိုးတန်တယ်။ လူ့လောကကြီးမှာ သူ့ကို အသုံးချပြီး ဘယ်အရာမဆို ရအောင်ယူနိုင်တယ်။ ချမ်းသာခြင်း၊ သြဇာတိက္ကမကြီးခြင်း၊ နာမည်ဂုဏ်သတင်း ကျော်ကြားခြင်းကအစ ဘာမဆို လုပ်နိုင်တယ်။

သေသေချာချာလုပ်ကြည့်ရင် ရှစ်မျိုးသောသိဒ္ဓိကို ရနိုင်တယ်....
မိမိခန္ဓာကိုယ်ကို သေးသေးကလေးဖြစ်အောင် ချုံ့ပစ်နိုင်တဲ့ ... အဏိမာသိဒ္ဓိ။
မိမိခန္ဓာကိုယ်ကို အဆမတန်ကြီးအောင် လုပ်နိုင်တဲ့ .... မဟိမာသိဒ္ဓိ။
အာကာသထဲထိအောာင် ပျံဝဲအောင် လုပ်နိုင်တဲ့ လဃိမာသိဒ္ဓိ။
ကိုယ်ကိုကို တောင်ကြီးလို လေးနေအောင် လုပ်နိုင်တဲ့ ဂရိမာသိဒ္ဓိ။
အလိုရှိတိုင်း ကြားနိုင်သိနိုင်တဲ့ ပရပတိသိဒ္ဓိ။
ကိုယ်အလိုရှိတိုင်း ဖန်တီးနိုင်တဲ့ ... ပရာကာမယသိဒ္ဓိ။
ကိုယ်အလိုရှိသလို စွဲဆောင်နိုင်တဲ့ ... ၀သိတံသိဒ္ဓိ။
အလိုရှိသလို လွှမ်းမိုးနိုင်တဲ့ ... ဣသတံသိဒ္ဓိ အဲဒီလို သိဒ္ဓိ၇ှစ်မျိုး အထိ ရရှိစေနိုင်တယ်။

အဲဒီသိဒ္ဓိရှစ်မျိုးကို ရအောင်ဖွင့်လှစ်ဖို့ သော့တံရှစ်ချောင်းလိုတယ်။

ပထမသော့တစ်ချောင်းရဲ့နာမည်က “ ယမ ” လို့ခေါ်တယ်။
အဲဒါကတော့ ဘယ်လိုအကြောင်းနဲ့မှ မုသားမပြောဆိုခြင်းဆိုတဲ့ အချက်ရယ်၊ အလိုဆန္ဒကို ချုပ်တည်းမှု့ရယ်၊ ခိုးဝှက်ခြင်း မပြုမှု့ရယ်၊ လာဘ်မစားဖို့ရယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါပေမယ့် ဒါတွေဟာ အတိအကျ ပြောရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ ယမဆိုတဲ့သော့ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲဆိုရင် အပြောအဆိုနဲ့ ပါတ်သက်လို့ သူက မချုပ်ချယ်ပါဘူး။ အမှန်ကို ပြောဖို့ပဲ တိုက်တွန်းတာပါ။ နားထောင်တာနဲ့ ပတ်သက်လို့လည်း သီးခြား ဆုံမချက်မရှိပါဘူး။ အမှန်ကို နားထောင်ရမယ်။ သတ္တိနဲ့ ပတ်သက်လို့လည်း အခက်တွေ့တဲ့အခါမှသာ ထုပ်ရမယ်တဲ့။

ဒုတိယသော့တစ်ချောင်းရဲ့နာမည်က “နိယာမ” လို့ခေါ်တယ်။
နိယာမဟာ ခန္ဓာဒာကိုအတွင်းအပြင် သန့်၇ှင်းစေရမယ်လို့ ဆိုထားတယ်၊ ရောင့်ရဲလွယ်ရမယ်လို့ ဆိုထားတယ်။ ဘုရား ကို ကြည်ညိုရမယ်လို့လည်း ဆိုထားတယ်။ အလိုရမက်တွေအားလုံး၊ အာသာဆန္ဒတွေအားလုံးကို နှိပ်ကွက်နိုင် ရမယ်။

တတိယသော့တစ်ချောင်းရဲ့နာမည်က “ အာသန” လို့ခေါ်တယ်။
အာသနဆိုတာကတော့ ထိုင်ပုံထိုင်နည်းတွေကို ဆိုတာပါ။ အဲဒီအာသနက ဘာအတွက် သတ်မှုတ်ထား၇သလဲဆိုတော့ ကိုယ်လက်အင်္ဂါ အကြောင်းမဲ့ ယိမ်းယိုင်ခြင်း၊ လှုပ်ရှားခြင်း မဖြစ်စေဖို့၊ ထိုင်ပုံထိုင်နည် အာသနကို သင်ကြားရတာပဲ။

စတုတ္ထသောတစ်ချောင်းရဲ့အမည်က “ ပရတျာဟာရ ” လို့ ခေါ်တယ်။
မြူတူးပြန့်လွှင့်နေတဲ့ စိတ်ကို ချုပ်တည်းတာ၊ အပြင်ကို အာရုံမစိုက်ပဲ ခန္ဓာတွင်းကို အာရုံစိုက်ဖို့ ညွန်ပြထားတယ်။

ပဉ္စမသောတစ်ချောင်းရဲ့အမည်က “ ပရာဏာယာမ ”လို့ခေါ်တယ်။
အဲဒါကတော့ အသက်ရှူတဲ့ ကျင့်စဉ်ကို ပြောတာပါ။

ဆဋ္ဌမသောတစ်ချောင်းရဲ့အမည်က “ ဓာရဏာ ” လို့ခေါ်တယ်။
ကိုယ်စူးစိုက်ရမယ့် အရာတွေကလွဲပြီး တခြားအရာတွေကို အာရုံမစိုက်ဖို့ပါ။ စိတ်မပျံ့လွင့်ဖို့ပါ။

သတ္တမသော့တစ်ချောင်းရဲ့အမည်က “ ဇာဏ ” လို့ ခေါ်တယ်။
ကိုယ်စူးစိုက်တဲ့အာရုံကလွဲပြီး အခြားအာရုံတွေကို စွန့လွှတ်လောင်မြိုက်ပစ်ဖို့ပါပဲ။

အဋ္ဌမသော့တစ်ချောင်းရဲ့အမည်က “ သမာဓိလို့ ” ခေါ်တယ်။
အဲဒါကတော့ စိတ်ရဲ့ တည်ငြိမ်မှု့ကို ပြောတာပါ။ ကိုယ့်စိတ်ကို မလှုပ်ရှားစေဘဲ တည်ငြိမ်နေတဲ့ သဘောကို ပြောတာပါ။ အဲဒိသော့ရှစ်ချောင်းကို ပိုင်ပိုင်နိုင်နိုင်ရအောင် လေ့ကျင့်ကြိုးစားပြီး နာဂသတ္တိလို့ ခေါ်တဲ့ ဘဏ္ဍာတိုက်ကို ဖွင်နိုင်ပါလိမ့် မယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ငွေကြေးအရေးတကြီးလိုအပ်နေခဲ့မယ်ဆိုရင်

တစ်နေ့မှာ ကျွန်တော့်ရဲ့ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၃၅)နှစ်ခန့် ရှိသော ကိုသောင်းဌေးဆိုသူသည် ရောက်ရှိလာလေ၏။ ၎င်းကိုသောင်းဌေးသည် လောင်းကစားသမားတစ်ဦး ဖြစ်၍ ချဲ ဘောလုံးပွဲစသည်တို့ဖြင့် စီးပွားရှာနေသော သူတစ်ဥိးလည်း ဖြစ်လေ၏။ သူသည် မွန်ပြည်နယ် မော်လမြိုင်ဘက် ဇာတိဖြစ်ကာ ထိုင်းနိုင်ငံသို့ လွန်ခဲ့သော (၁၅)နှစ်ခန့်ကပင် ရောက်ရှိနေခြင်း ဖြစ်လေ၏။

ကျွန်ုပ် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက်ပိုင်း မကြာမီပင် ထိုသူနှင့် ရင်းနှီးခင်မင်ခဲ့ရခြင်းပင် ဖြစ်၏။ ထိုသူသည် ပျော်ပျော်ရွှင်နေတတ်၏။ မည်သည့် အခက်အခဲကိုပင် ကြုံကြုံ ပြုံးပျော်ရွှင်လန်းစွာ ဖြေရှင်းလေ့ရှိ၏။ စကားပြော ချိုသာ၏။ သူ၏ အကောင်းဆုံး အရည်အချင်းမှာ လူပေါင်းသူပေါင်း ဆန့်ခြင်းပင်ဖြစ်လေ၏။ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့်မရွေး ပေါင်းသင်းတတ်၏။ သူတစ်ပါးတို့အားလည်း လွန်စွာ ကူညီတတ်သူ ဖြစ်လေရာ သူသည် သူ၏ ပတ်ဝန်းကျင်တွင် လွန်စွာ လူချစ်လူခင်များသူလည်း ဖြစ်လေ၏။

သူ၏ ဘ၀သည် မျက်လှည့်ဆန်၏။ တစ်ခါတလေ သူ၏ လုပ်ငန်းများ အဆင်ပြေနေသော အခါတွင် သူသည် သူဋ္ဌေးတစ်ဦး ဖြစ်နေ၏။ သူ၏ အလုပ်များ အဆင်မပြေဖြစ်နေသော အခါတွင် သူ့တွင် သုံးစရာ ပိုက်ဆံ တစ်ပြားတစ်ချပ် တစ်လေမှတောင် မူးလို့ ရှုစရာမရှိ ဖြစ်နေ၏။ ငွေကြေး ဆင်းရဲနေပြန်၏။ သူ၏ ဘ၀သည် အတက်အကျမြန်၏။ တစ်ခါတလေ တစ်လအတွင်း ဆင်းရဲလိုက် ချမ်းသာလိုက်ပင် ဖြစ်နေ၏။

သို့သော် ထိုဆင်းရဲခြင်း၊ ချမ်းသာခြင်းသည် သူ့အတွက် သိပ်မထူးခြားသကဲ့သို့ပင် ဖြစ်၏။ ဆင်းရဲနေစဉ် အချိန်ကာလတွင်လည်း သူသည် ခပ်ပြုံးပြုံး ပင်ဖြစ်၍ အရမ်းကြီးအဆင်ပြေနေသော အချိန်များတွင်လည်း သူ့ကို မြင်ရသည်မှာ အေးအေးဆေးဆေးပင် ဖြစ်လေတော့၏။ ထို့ကြောင့် သူ့ကို တွေ့မြင်ရသည်မှာ စိတ်ပိုင်းဆိုင်ရာ ပဟေဠိဆန်လှလေ၏။ သူ၏ စိတ်သည် လောကဓံတရားရှစ်ပါးနှင့် ကြုံတွေ့ရသော အခါများတွင် သိပ်ပြီးတော့ ထူးထူးထွေထွေ မတုန်လှုပ်သကဲ့သို့ ရှိလေရာ ကျွန်ုပ်သည် ထိုသူ၏ စိတ်ဓာတ်မျိုးကို ကျိတ်၍ သဘောကျမိ လေတော့၏။

များသောအားဖြင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်များသည် ခိုင်မာမှု့ မရှိကြပေ။ ကောင်းမွန်သော လောကဓံတရား များနှင့် ကြုံတွေ့ရသော အချိန်များတွင် ပျော်ရွှင်တတ်ကြ၍ မကောင်းသော လောကဓံတရားများနှင့် တွေ့ကြုံရပါက တုန်လှုပ်တတ်ကြလေ၏။ စိတ်ဓာတ်ခိုင်မာ လွန်းလှပါသည်ဆိုသော သူများပင်လျှင် အမှန်တကယ် လောက်ဓံတရားများနှင့် ကြုံတွေ့ရပါက တုန်လှုပ်မိတတ်၏။ တစ်ယောက်တည်း အေးအေးဆေးဆေး နေရသော အချိန်များတွင် မသိသာလှပေမယ့် အခြေအနေ အချိန်အခါတစ်ခု ကြုံတွေ့ရပါက ထင်ထင်ရှားရှား သိသာလာလေတော့၏။

လွန်ခဲ့သော (၁၀)နှစ်ခန့်က ကျွန်ုပ်သည် ကျွန်ုပ်ကို ကျွန်ုပ် တော်တော်ပင် အထင်ကြီးခဲ့လေသည်။ ထိုအချိန်က ကျွန်ုပ်သည် အဘဆရာကြီး မင်းသိင်္ခ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် နေခဲ့ရသော အချိန်ပင်ဖြစ်၏။ ထိုအချိန်တုန်းက ကျွန်ုပ်တို့သည် စားဖို့လည်း မပူရ ၊ နေထိုင်ဖို့လည်း မပူရ၊ ဘာအတွက်မှ မပူပင်ရပဲ အဘ၏ အလုပ်များကို ၀ိုင်းဝန်း၍ လုပ်ကိုင်နေရင်း တစ်ဘက်မှလည်း ဗေဒင်လက္ခဏာ ပညာရပ်များကို သင်ယူနေရသော အချိန်ကာလဖြစ်၏။

ထိုအချိန်တုန်းက ကျွန်ုပ်တို့သည် အချိန်တော်တော်များကို အဓိဋ္ဌာန်ဝင်ခဲ့ရ၏။ စိတ်နှင့်ပါတ်သက်သော ကျင့်စဉ်များကို ကျင့်ခဲ့ရသော အချိန်လည်း ဖြစ်၏။ ထိုအချိန်တုန်းက ကျွန်ုပ်တို့၏ စိတ်ဓာတ်သည် ပကတိ အေးချမ်းနေ၏။ ဗလာဖြစ်နေ၏။ ပေါ့ပါးနေ၏။ လွတ်လတ်နေ၏။ ပူပင်သောက ကင်းဝေးနေလေ၏။ ထို့ကြောင့် ငါ၏ စိတ်ဓာတ်သည်ကား ပကတိ တည်ကြည်နေတယ်။ စိတ်ဓာတ်ခိုင်မာနေတယ်။ ဘယ်အရာကြောင့်မျှ ငါ၏ စိတ်ဓာတ်တို့သည် မယိင်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မာနေတယ်ဟု မိမိကိုယ်မိမိ အထင်ကြီးနေခဲ့၏။

ကျွန်ုပ်သည် ရန်ကုန်မြို့ အင်းစိန်ရွာမမှ အသက်သုံးဆယ်ခန့် ရှိသော အမျိုးသမီးတစ်ဦးနှင့် လူငယ်သဘာဝ မေတ္တာမျှခဲ့လေ၏။ တစ်နေ့တွင် ထိုအမျိုးသမီးသည် ကျွန်ုပ်အား ရန်ကုန်မြို့သို့ အလည်အပတ်ခေါ်သွား ခဲ့လေ၏။ ရန်ကုန်မြို့သို့ ရောက်သောအခါတွင် သူမသည် ကျွန်ုပ်အား အရင်ဆုံး ဘုရားအား လိုက်ပို့ပေး၏။ ဘုရားသို့ ရောက်သော အခိုက်အတန့်တွင်လည်း ကျွန်ုပ်၏ စိတ်သည် ကြည်လင်နေ၏။ ထို့နောက် ဘုရားမှ ဆင်းကာ နေ့လည် (၁)နာရီလောက်တွင် ရန်ကုန် နေပြည်တော်ရုပ်ရှင်ရုံသို့ ရုပ်ရှင်လိုက်ပြလေ၏။ အထူးတန်းမှ လက်မှတ်ဝယ်ကာ ကြည့်၏။

ရုပ်ရှင်ရုံထဲသို့ ရောက်ပြီး သိပ်မကြာခင်မှာပင် တည်ငြိမ်လှပါသည်ဟု ထင်မှတ်ထားသော ကျွန်ုပ်၏ စိတ်ဓာတ်မျာားသည် စတင်၍ ယိမ်းယိုင်လာလေတော့၏။ မိန်းကလေးတစ်ဦးနှင့် နီးနီးကပ်ကပ် ထိုင်နေရခြင်း၊ ထိုမိန်းကလေး၏ ကိုယ်မှ သင်းပြန့်သော ရနံ့ကို ရှူရှိုက်နေရခြင်း ။ ပတ်ဝန်းကျင်မှ မှောင်မှိုက်နေခြင်း၊ မိမိကြည့်နေသော အင်္ဂလိပ်ဇာတ်လမ်းများမှ ဇာတ်ဝန်းခန်းတစ်ချို့မှ မင်းသားနှင့် မင်းသမီးနှစ်ဦး အနမ်း စသည်တို့သည် ကျွန်ုပ်၏ ခိုင်မာသည်ဟု ထင်ထားသော ကျွန်ုပ်၏စိတ်ဓာတ် တည်းဟူသော ကမ်းပါးအား တဘုန်းဘုန်း ရိုက်ခတ်နေသော ပင်လယ်ရေလှိုင်းများကဲ့သို့ ဖြစ်နေလေတော့၏။

ဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့က အိမ်မှာထိုင်နေရင်း စိတ်ဓာတ်ခိုင်မာနေလို့ မရပါဘူး။ အမှန်တကယ် လောကဓံတရားများနှင့် ကြုံတွေ့ရပါမှ မိမိရဲ့ စိတ်ဓာတ် ဘယ်လောက်ခိုင်မာတယ်ဆိုတာကို လေ့လာကြည့်လို့ရပါမယ်။ ဒေါသထွက်စရာတွေနဲ့ ကြုံပေမယ့် ဒေါသမထွက်တာ၊ စိတ်အေးချမ်းတာ၊ လိုချင်လောဘ တက်စရာတွေနဲ့ ထိပ်တိုက် ကြုံတွေ့နေရပေမယ့် မတုန်လှုပ်တာ၊ ကိလေသာတဏှာ ရမ္မက်တွေ ဖြစ်တည် ပွားများစေမယ့် အဆင်းရူပါရုံ အထိအတွေ့တွေနဲ့ ထိပ်တိုက် ကြုံတွေ့နေရပေမယ့် ကိုယ့်စိတ်က မယိင်းမယိုင်၇ှိတာ ၊ ကြောက်စရာလန့်စရာတွေကို လတ်တလော တွေ့လိုက်ရပေမယ့် ကိုယ်ရဲ့ စိတ်က ခိုင်မာနေတာ အဲဒါကမှ အမှန်တကယ် ခိုင်မာတယ်လို့ ခေါ်တာ မဟုတ်ပါလား။ ဒါကြောင့် အဲဒီနေ့က နောက်ပိုင်း မိမိရဲ့စိတ်ကို တည်ကြည်ပါတယ်၊ ခိုင်မာပါတယ်လို့ မိမိကိုယ်မိမိ လုံးဝ အထင်မကြီးတော့ပါဘူး။

အခု ကျွန်တော်က အဲဒီကိုသောင်းဌေးဆိုသူကိုတော့ အတော်လေး သဘောကျသား။ စိတ်အေးတယ်။ သိပ်ပြီး တုန်တုန်လှုပ်လှုပ်ကြီး မဟုတ်ဘူး။ အရာရာကို အေးဆေးတည်ငြိမ်စွာနဲ့ ကျော်ဖြတ်သွားတယ်။ ဒီနေ့လည်း ကိုသောင်းဌေးဆိုတဲ့လူ ကျွန်တော့် အခန်းထဲကို ရောက်လာပြန်ပါတယ်။ ဒီတစ်ခါ မြင်ရတာလည်း အေးဆေးပါပဲ။ သူက ကျွန်တော့်ကို အေးဆေးစွာ ပြောပြ ပြီး အကူအညီတောင်းတယ်။

ဒီလိုပါဆရာ။ ကျွန်တော် ဒီတစ်ပတ် တော်တော်လေးထိသွားတယ်။ အိမ်တွေရော ၊ ခြံတွေရော ကားရော ။ ထိုးအပ်လိုက်ရတယ်။ ရှိတာလေးတွေလည်း တော်တော်များများ ပါသွားတယ်ပေါ့ဆရာ။ ဒါတောင် နည်းနည်းလေး ကျန်နေသေးတယ် ဆိုပါတော့။ အဲဒါလေးတွေကိုလည်း ဖြေရှင်းပေးချင်တယ်။ နာမည်တော့ မပျက်ချင်ပါဘူးဆရာ။ ဒါကြောင့် ငွေနည်းနည်းလောက်၇ှာချင်ပါတယ်။ အဲဒါကို ရှာလို့ရအောင်တော့ ယတြာ လုပ်ပေးစေချင်ပါတယ်။ ကျွန်တော့် ဘော်ဒါတော်တော်များများလည်း ဒီတစ်ပါတ်ထိကြတော့ အချင်းချင်း ပြန်ယူလို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ပါဟု အေးဆေးစွာပင် ပြောပြလေတော့၏။

ထို့ကြောင့် ကျွန်ုပ်လည်း အောက်ဖ်ာပြပါ ယတြာကို ကိုသောင်းဌေးအား ပေးအပ်လိုက်လေ၏။ ထိုယတြာမှာ ငွေကြေးအခက်အခဲကြုံတွေ့နေရ၍ ငွေကို အပူတပြင်းရှာဖွေနေသူများ ဆောင်ရွက်သင့်ပါတယ်။

ဘိန်းမုန့်တစ်ချပ်ကို လမ်းဘေးတွင်ချပါ။ ရှာလကာရည်နှင့် ဘန်းမုန့်ပေါ်ကို လောာင်းချရင်း မိမိ၇ှာဖွေနေသော ငွေကြေးများ အမြန်ဆုံးရရှိဖို့ ဆုတောင်းပါ။

အဆင်ပြေသွားလား၊ အဆင်မပြေသွားဘူးလားတော့ ကျွန်တော် မသိရဘူး။ ဒါပေမယ့် နောက်ငါးလ လောက်ကြတော့ အဲဒီ ကိုသောင်းဌေးဆိုတဲ့လူ ကိုယ်ပိုင်ကားကြီး မောင်းပြီး စီးကရက်ကို လက်ကြားညှပ်ကာ တစ်ဘက်မှလည်း ကျွန်ုပ်အတွက် လက်ဆောင်များကို စွဲကိုင်ကာဖြင့် ကျွန်ုပ်ထံသို့ ပြန်လည် ရောက်လာခဲ့ပါတယ်။ တကယ်ပြောတာပါဗျာ။ ဒီတစ်ခါ လာတာလည်း အဲဒီ ကိုသောင်းဌေးဆိုတဲ့လူ တကယ့်ကို အေးအေးဆေးလေးပါပဲ....

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အဘမင်းသိင်္ခ၏ ကျန်းမာရေးကောင်းစေသောအဓိဋ္ဌာန်

တစ်နေ့သ၌ ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ပ်၏မိတ်ဆွေတစ်ဦး ရောက်ရှိလာလေ၏။ အစပထမတွင် ကျွန်ပ်သည် ထိုသူအား ကောင်းစွာမမှတ်မိပေ။ အသားအရေမှာမွဲ ခြောက်၍ ကြုံလှီနေ၏။ ဆံပင်များ ကျွတ်၍ ကျိုးတို့ကျဲတဲဖြစ်နေ၏။ ပါးနှစ်ဖက်မှာ အတွင်းသို့ အတန်ငယ်ချိုင့်ဝင်နေ၏။ မျက်နှာပေါ်မှ အစင်းကြောင်းများမှာလည်း စာရွက်တစ်ရွက်ပေါ်တွင် ကလေးငယ်တစ်ဦး ဘောလ်ပင်ဖြစ်ခြစ်ထားသကဲ့ ရှုပ်ပွနေ၏။ ကျွန်ပ်သည် မျက်လုံးပေါ်တွင် လက်ဝါးကွယ်၍ ထိုသူအား ကြည့်လိုက်လေ၏။ ထိုအခါ ထိုသူက ...

ဘယ်လိုလဲရှင်။ မျက်လုံးက ဒီလောက်တောင် မွဲနေသလား။ လက်တစ်ကမ်းလောက်မှာ လာပြီးရပ်နေတဲ့ လူကို မျက်လုံးကိုလက်ဝါးကြီးအုပ်ပြီး ကြည့်ရတယ်လို့...ဟု အပြစ်တင်သောလေသံဖြင့် ပြောလိုက်လေ၏။

သြော်... ဘယ်သူများလည်းမှတ်တယ်။ မမြင့်မြင့်ကိုး။ စိတ်မဆိုးပါနဲ့ဗျာ။ မျက်စိက မကောင်းတော့ဘူးဗျ။ နောင်တစ်ခုကလည်း မမြင့်မြင့်ကလည်း အရင်မမြင့်မြင့် မဟုတ်တော့ဘူး။ ကျုပ်သိတဲ့ မမြင့်မြင့်က ဆံပင်ကလည်း ကောင်းလိုက်တာ။ မပြောပါနဲ့တော့။ ဆံပင်အရောင်ကလည်း နက်မှောင်နေတာ။ အသားအရည်ကလည်း ၀င်းဝါဆိုပြည်နေတာ။ ကိုယ်လုံးကိုပေါက်ကလည်း တောင့်တောင့်တင်းတင်း။

အခုတော့ဗျာ။ ဈေးဗန်းထဲမှာ ရွေးလို့ကျန်တဲ့ သရက်သီးနေလောင်နေသလို ရွံတွနေပါလား။ အသံကလေးကြားရလို့သာ မမြင့်မြင့်လို့ ယုံရတယ်။ ကျုပ်သိတဲ့ မမြင့်မြင့်လို့ ယုံရတယ်။ ကျုပ်သိတဲ့ မမြင့်မြင့်နဲ့ တခြားစီပဲ။ မျက်နှာက အသားအရည်တွေလည်း သွားပြီပေါ့။ ဖောင်းဖောင်းအိအိနဲ့ လှတဲ့ ပါးကလေးလည်း အထဲကို ခွက်ဝင်သွားပြီပေါ့။ မျက်နှာပေါ်က အစင်းကြောင်းတွေကလည်း အထပ်ထပ်ဖြစ်နေပါလား။ အတော်ကို အကြည့်ရဆိုးနေပြီပဲ။ အခု အသက် ဘယ်လောက်ရှိသွားပြီလဲ..ဟု ကျွန်ုပ်က မေးလိုက်ရာ ၎င်းမမြင့်မြင့်သည်စိတ်ပျက်သော လေသံဖြင့် ငါးဆယ့်တစ်နှစ် ရှိပြီရှင်ဟု ပြန်၍ ဖြေလေ၏။

သြော် .... ငါးဆယ့်တစ်နှစ်လား။ မထင်ရဘူးနော်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် မမြင့်မြင့်က..
လေးဆယ့်တစ်နှစ်လို့ ထင်လို့လားဟု ပြန်၍ မေးလေ၏။

မဟုတ်ဘူး မမြင့်မြင့်ရေ... ခင်ဗျား အသက်ကို မမေးမိရင် ကျုပ်က ခင်ဗျားကို ရှစ်ဆယ့်တစ်နှစ်လို့ ထင်မိမှာဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်းမမြင့်မြင့်သည် ကျွန်ုပ်အား စားတော့ ၀ါးတော့မည်ကဲ့သို့ ကြည့်နေ၏။ ထို့နောက်မှ...
အဲဒီလို အိုရုပ်ပေါက်သွားတာ သိလားဟုဆိုကာ ကျွန်ုပ်၏နားအနိးသို့ သူ၏ ပါးစပ်ဖြင့် ကပ်ကာ ခပ်တိုးတိုးပြောသွားလေ၏။ ကျါန်ုပ်လည်း မျက်လုံးပြူးသွားလေ၏။

ဒီလို မမြင့်မြင့်ရဲ့ ကိုးဆယ့်ခြောက်ပါးရောဂါဆိုတာ ကုကုမကုကု သူ့ဘာသာ ပျောက်သွားတာက သုံးဆယ့်နှစ်ပါး။ ဆေးကုသမှကို ပျောက်တဲ့ရောဂါက သုံးဆယ့်နှစ်ပါး ။ ပြီးတော့ ဆေးကုလည်း မပျောက်တဲ့ ရောဂါက သုံးဆယ့်နှစ်ပါး။ အားလုံးပေါင်းလိုက်တော့ ကိုးဆယ့်ခြောက်ပါးပေါ့ဗျာ။ အဲဒီတော့ အခု ခင်ဗျား ဖြစ်နေတာက နောက်ဆုံးရောဂါပဲ။ ကုသည်ဖြစ်စေ မကုသည်ဖြစ်စေ လုံးဝ မပျောက်ဘူးဟု ကျွန်ုပ်က ပြောလိုက်ရာ မမြင့်မြင့်က

ရှင်ပြောတဲ့အတိုင်းသာဆို ကျွန်မက တခြားဘာမှ လုပ်စရာမရှိတော့ဘူး။ မတ်စိငုံထားရုံ ရှိတော့တာပေါ့ဟု ပြောလေ၏။ ခင်ဗျားဟာခင်ဗျာ ငုံချင်ရင် အိမ်ကျမှ ငုံပါဗျာ။ မှော်ဘီက ဂ၀ံမြေတွေဗျ။ တူးရဆွရ သိပ်ပြိးခက်တယ်။ ဒီမှာတော့ မသေပါနဲ့ဗျာဟု ပြောလိုက်လျှင် မမြင့်မြင့်သည် ကျွန်ုပ်အား မကြားဝံ့မနာသာ ကျိန်ဆဲလေတော့၏။

ထို့ကြောင့် ကျွန်ုပ်က ဒီလောက်လည်း စိတ်ဆင်းရဲ မနေပါနဲ့ဗျာ။ ကျုပ်ကြိုးစားကြည့်ပါဦးမယ်။ ကျုပ်တာဝန်ယူပါတယ်ဗျာဟု အားပေးစကားပြောလိုက်ရာ မမြင့်မြင့်က

ရှင်က ဘယ်ထိအောင် တာဝန်ယူတာလဲ၊ အလောင်းမြေကျတဲ့အထိလားဟု ပြန်၍မေးလေ၏။

သို့ရာတွင် ကျွန်ုပ်တို့နျစ်ဥိးသည် တစ်ဥိးနှင့်တစ်ဥိး လွန်စွာခင်မင်ရင်းနှီးသည့်အလျှောက် စိတ်ဆိုးခြင်း မ၇ှိကြပေ။ ထို့ကြောင့် ကျွန်ုပ်သည် လွန်စွာဈေးကြီးသော ပုဇွန်ထုပ်ကို ၀ယ်၍ ဆီပြန်ချက်ကျွေးလေ၏။ ချဉ်ပေါင်ကို ငါးကျဉ်းဖြင့် ပြစ်ပြစ်မွှေ၏။ ငံပြာရည်ချက်ချက်၏။ မမြင့်မြင့်သည် ကျွန်ုပ်တည်ခင်း ကျွေးမွေးသော ပုဇွန်ထုပ် ဆီပြန်ဟင်းကို မြိန်ရှက်စွာ စားလေ၏ မမြင့်မြင့်သည် ထမင်းစားပြီးနောက်

ကဲ... လုပ်ပါဦး။ ရောဂါပျောက်မယ့် အကြောင်းလေးဘာလေး ပြောပါဦးဟု ပူဆာလေ၏။

ဒီရောဂါက အဓိဋ္ဌာန် လုပ်ရမယ်ဗျ။ ကျွန်တော်ပြောတဲ့ အဓိဋ္ဌာန်ဆိုတာကလည်း အကြောင်းအရာနှစ်ခုပဲ ရှိတယ်။ တစ်ခုက အာရုံပြုတာ။ တစ်ခုက အတည်ပြုတာဗျ။ အခုလုပ်မယ့် အဓိဋ္ဌာန်က ဘာသာတရားနဲ့ ဘာမှ မဆိုင်ဘူးနော်။ လေ့ကျင့်ခန်းလေး တစ်ခုကို လုပ်ရမှာ ဟု ကျွန်ုပ်က စကား အစပြိုးလိုက်လျှင် ...

ပြောပါရှင် အဲဒီရောဂါ ပျောက်ပြီး ကျွန်မ အသက်ရှည်မယ်ဆိုရင် လုပ်ရမှာပေါ့ဟု အားကိုးသောမျက်နှာထားဖြင့် ပြန်၍ ပြောလေ၏။

ဒီလို မမြင့်မြင့်ရဲ့။ ခင်ဗျား အာရုံပြုရမှာက လေပဲဗျ။ လေကလည်း အနုစားဖြစ်တဲ့ ၀င်သက်ထွက်သက်လေက စပြိး ကမ္ဘာကြီး ပျက်လောက်အောင်တိုက်တဲ့ ကမ္ဘာဖျက်လေအထိ အာရုံပြုရမယ်။ အဲဒီလေတွေထဲမှာ ခင်ဗျားရောဂါကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ စွမ်းရည်တွေရှိတယ်လို့ ခံယူထားရမယ်။ အဲဒီလေတွေဟာ ခင်ဗျားကိုယ်ပေါ်ကို ကျရောက်နေပြီ။ တိုက်ခတ်နေပြီ။ ခင်ဗျား ကိုယ်ကြီးဟာ လေတွေနဲ့ ပြည့်လျှံနေပြီ။ လေတွေထဲမှာပါတဲ့ တန်ခိုးသိဒ္ဓိတွေဟာခင်ဗျားရဲ့ ရောဂါကို ပျောက်ကင်းအောင် အပြီးအပိုင် ကုသပေးနေပြီလို့ အာရုံပြုရမယ်။

အဲဒီလေဓာတ်ကြီးကို အာရုံပြုတဲ့ နေရာမှာ အမှန်ကတော့ လေဟာမျက်စိနဲ့ မမြင်ရဘူး။ ဒါပေမယ့် ဒီမှာ မြင်ရတယ်လို့ အာရုံပြုရမယ်။ အဲဒီလေတွေကို အနီရောင် အမှုန့်တွေ၊ အနီရောင် အရည်တွေအဖြစ် မြင်ရတယ်လို့ အာရုံပြုရမယ်။ ဒါဟာ အာရုံပြုတဲ့ ကိစ္စ ခြောက်ဆယ့်လေးရက် ပြုလုပ်ရမယ်။ အတည်ပြုစကားကိုလည်း ရွတ်ဆိုရမယ်။ တစ်နေ့ကို ဆယ့်နှစ်ကြိမ် ရွတ်ဆိုရမယ်ဟု ကျွန်ုပ်က ရှင်းပြလိုက်လျှင် မမြင့်မြင့်က

ကဲပါရှင် အဲဒီ ရွတ်ဆို၇မယ့် အတည်ပြုစကားလေး ကျွန်မကို ရေးပေးပါဟု ဆိုသဖြင့် ကျွန်ုပ်လည်း အောက်ပါ အတည်ပြုစာကို ရေးပေးလိုက်လေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

အလုပ်ထွက်ခွင့်ရစေသောယတြာနည်းတစ်ခု

တစ်ခါတလေမှာ ကိုယ်က အကြောင်းကြောင်းကြောင့် အလုပ်ထွက်ချင်တယ်။ ကိုယ်လက်၇ှိလုပ်နေတဲ့ အလုပ်ရှင်က အလုပ်ပေးမထွက်ဘူး။ ဥပမာဗျာ... အခုလုပ်တဲ့ အလုပ်က လစာ ၁၀၀၀-ရတယ်ဆိုပါစို့။ နောင် လုပ်မယ့် အလုပ်က ၁၅၀၀-ရတယ်ဆိုရင် ကိုယ်က အလုပ်ပြောင်းချင်တယ်။ နောင်ပြောင်းမယ့် အလုပ်သူဋ္ဌေးကလည်း အခုလက်ရှိ အလုပ်ပိုင်ရှင် သူဋ္ဌေးရဲ့လက်မှတ်ပါမှ အလုပ်လက်ခံမယ် ဆိုပါတော့။ အခုအလုပ်ကလည်း အလုပ်ထွက်ဖို့ ပြောတာကို နေ့ရွေ့ညရွေ့ ရွေ့နေတယ်ဆိုရင် ဒီယတြာနည်းနဲ့ ဆောင်ရွက်ကြည့်လိုက်ပါ။

တော်တော်လေးလည်း အဆင်ပြေကြပါတယ်။ ကျွန်တ်ာတို့ ထိုင်းမှာဆိုရင်တော့ အဲဒီပြဿနာက တော်တော်လေး ရှိပါတယ်။ ဘန့်ကျဲ့အော်-လို့ခေါ်တဲ့ အလုပ်ပြောင်းတဲ့ ကိစ္စ၊ အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ်လက်ရှိ လုပ်ကိုင်နေတဲ့ သူဋ္ဌေးက ညစ်လိုက်လို့ရှိရင် ကိုယ့်အလုပ်ပြောင်းတဲ့ ကိစ္စက တော်တော်လေးကို ကြာနေတာ။ ဒါဆိုရင် ဒီယတြာကိုသာ ဆောင်ရွက်လိုက်ပါ။ အဆင်ပြေပါတယ်။ မြန်ပါတယ်ဗျာ။

အလုပ်ထွက်ခွင့်ရစေသောယတြာနည်း

အရင်ဆုံး နွားကို အစာကျွေး၍ ဆုတောင်းပါ။ နောက် အိမ်ဘုရားမှာ နို့မှုန့်ကပ်လှူပြီး ဆုတောင်းလိုက်ပါ။

သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

နှင်းဆီပန်းကိုးပွင့်နှင့် ကုမ္ပဏီအောင်မြင်စေသောနည်း

မှတ်မှတ်ရရ ၂ဝဝ၉-ခုလောက်တုန်းက ဖြစ်မည်။ ကျွန်ုပ်သည် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ ခေတ္တ အလည် ပြန်သောအချိန်တွင် ဖြစ်၏။ ရန်ကုန်မြို့တွင် ကျွန်ုပ်နှင့် လွန်စွာရင်းနှီး ခင်မင်သော မိတ်ဆွေတစ်ဦးအိမ်တွင် (၃)ရက်ခန့် တည်းခိုနေထိုင်ခဲ့လေ၏။ သူသည် ရန်ကုန်မြို့ ဆိပ်ကမ်းသာ မြို့နယ်ဘက်တွင် ကုမ္ပဏီတစ်ခု ဖွင့်ထား၏။ သူ၏ ကုမ္ပဏီမှာ နိုင်ငံခြားသို့ သွားရောက်မည့် သူများကို အကျိုးဆောင်ပေးသော ကုမ္ပဏီတစ်ခု ဖြစ်လေ၏။

သူသည် ဗေဒင်ပညာနှင့် ပါတ်သက်၍ အရူးအမူး ၀ါသနာပါ စွဲလန်းသူဖြစ်လေ၏။ သူနှင့် ကျွန်ုပ် တညလုံးထိုင်၍ သူ၏အိမ်ရှေ့ ၀ရံတာတွင် ထိုင်၍ စကားပြောဆိုရာမှ သိလိုက်ရသည်မှာ သူ၏ ကုမ္ပဏီတစ်ခုလုံး ဘာကိုပဲ လုပ်လုပ် ဗေဒင်တွက်၍ လုပ်သည်ဟူ၏။ အလုပ်သမားခန့်လျှင်လည်း အရည်အချင်းကို မကြည့် ဘာနေ့သားလည်း ဆိုတာကိုသာ အရင်ကြည့်သည်ဆို၏။ ဘယ်နိုင်ငံ အကျိုးပေးသနည်းဟု တွက်ချက်ကြည့်ပြီးမှသာ နိုင်ငံခြား ကုမ္ပဏီများနှင့် ဆက်သွယ်သည်။ ၀ပ်ပါမစ်တင်သည် ဆို၏။ ကုမ္ပဏီဝန်ထမ်းများ၏ ၀တ်စုံကို အကျိုးပေးသော အရောင်များကို တွက်ချက်၍ ချုပ်စေ၏။ ၀တ်စုံကို အနည်းဆုံး(၃)စုံ ချုပ်ထား၍ ဘယ်နေ့မှာ ဘာဝတ်ရမည်ဆိုသည်ကို ပုံစံစွဲထားသည်ဆို၏။

သူ၏ ကုမ္ပဏီရုံးခန်းတွင်လည်း အတိတ်နိမိတ်ကောင်းစေသည့် ဓာတ်ပန်ချီပုံများကို မှန်ဘောင်ကြီးများဖြင့် သွင်းကာ ချိပ်ထားလေ၏။ သူ၏ ပြောပြချက်အရဆိုလျှင် ဤပုံများကို ချိပ်ဆွဲသော အခါတွင်လည်း မွေးနံန၀င်းကျသော မွေးနေ့ (၉း၄၅)တိတိတွင် တိတိကျကျ ချိပ်ဆွဲသည်ဟု ပြောပြလေ၏။ သူ၏ အလုပ်စားပွဲ ပေါ်တွင်လည်း ရွှေချထားသော သံလျှက်များ၊ ရွှေချ၍ ကျောက်စီထားသော သေတ္တာငယ်လေးများ၊ အစရှိသော အဆောင်များနှင့် ပြည့်နှက်နေလေ၏။ နိုင်ငံခြားမှ လာသော ဧည်သည်များကဆိုလျှင် သူ့အား ထိုအဆောင်ပုံများကို မေးကြသောကြောင့် သူသည် ထိုအဆောင်ပုံများအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းရှင်းပြရသည် ဆို၏။ ထိုင်းနိုင်ငံနှင့် အကျိုးမပေးသော နှစ်တစ်နှစ်တွင် သူသည် ထိုင်းနှင့် အလုပ်တွဲလုပ် မိသောကြောင့် သူ၏ စီးပွားတ၀က်ခန့် လျှောကျသွားယုံမက အမှု့အခင်းများတောင် ဖြစ်သွားသေးသည်ဟု သိရလေ၏။

ကျွန်ုပ်သည် ထိုမိတ်ဆွေကို ကြည့်၍ ဗေဒင်ပညာကို တဖက်စွန်းရောက်အောင် ယုံကြည်လွန်းသည် ဟု တွေးထင်မိသောကြောင့် ကျွန်ုပ်က ၎င်းအား အောက်ပါအတိုင်း ပြောလိုက်မိလေ၏။

ဒီမှာ မိတ်ဆွေကြီးရဲ့။ ဗေဒင်ကို ယုံကြည်တယ်ဆိုတာလည်း ယုံကြည်တာပေါ့ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော အရမ်း တစ်ဖက်စွန်းရောက်အောင် ယုံကြည်တာတော့ မကောင်းဘူးထင်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ပဲ ကောင်းပေတာပေါ့။ ကျွန်တော်လည်း ဗေဒင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြု တဲ့ ဗေဒင်ဆရာ တစ်ဦးပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောသင့်တယ်ထင်လို့ ပြောရမှာပဲဗျာ။ ဗေဒင်ပညာကို အဒီလောက်ကြီးတော့ အစွန်းတစ်ဖက်ရောက်အောင် မယုံကြည်သင့်ပါဘူးဟု ကျွန်ုပ်က ပြောလိုက်လေရာ ထိုမိတ်ဆွေသည် တချက်မျှ ပြုံလိုက်ပြီးလျှင်...

ဒီလိုရှိပါတယ် ဆရာရယ်။ ဆရာပြောသလို ကျွန်တော်ကို တွေ့တဲ့လူတိုင်း ပြောကြပါတယ်။ ဒါပေမယ် ကျွန်တော် စဉ်းစားကြည့်ပါတယ်။ အခု ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ဘယ်သူ့ကို ထိခိုက်နေလဲပေါ့။ သူတစ်ပါးတွေကိုလည်း မထိခိုက်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း လုံးဝမထိခိုက်ပါဘူး။ နောက်ပြီး ကိုယ့်ကိုရော ထိုခိုက်သလားဆိုတော့ လုံးဝ မထိခိုက်တဲ့အပြင် လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက တောရွာကလေးတစ်ရွာမှာ ဆိုက်ကားနင်းနေတဲ့ ကလေကချေ ကောင်လေးတစ်ယောက်က အခု ကုမ္မဏီပိုင်ရှင်ကြီး တစ်ယောက်တောင်ဖြစ်နေတယ်လေ။ နောက်ပြီး ရန်ကုန်မြို့ကြီးမှာ နေထိုင်ပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် ကားတွေနဲ့ ပြည့်ပြည့်စုံစုံတောင် နေထိုင်နေရတယ်ဆိုတော့ ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ကိုယ်ကိုလည်း မထိခိုက်ဘူးဆိုတာ သေချာတာပေါ့။

အဲဒီတော့ ဆရာရယ်၊ သူတစ်ပါးကိုလည်း မထိခိုက်၊ ကိုယ့်အတွက်လည်း အကျိုးမယုတ်ပဲ ကိုယ့်အိမ် ကိုယ့်အခန်းမှာ အေးအေးဆေးဆေးလေး ထိုင်ပြီး ယတြာချေနေတာ ဗေဒင်ကို ယုံနေတာကိုတော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဆရာရယ်။ အဓိဋ္ဌာန်လေးဝင်လိုက်၊ ပုတီးလေးစိပ်လိုက်၊ ဘုရားပန်းတေ လှူလိုက်၊ ဘေးမဲ့တွေ လအတ်လိုက် လုပ်နေတဲ့ ကျွန်တော်က အကုသိုလ်လ်ုနေတဲ့ သူတွေနဲ့ စာရင်တော့ အများကြီး တော်ပါသေးတယ်။ ပြီးတော့ ကျွန်တော် ကုမ္မဏီဝန်ထမ်းတွေလည်း မနက်`၇ုံးလာကတည်းက ဘုရားခန်းသွားပြီး ဘုရားကန်တော့ပြီးမှ အလုပ်လုပ်ရတာလည်း ဘာမကောင်းတာ ရှိလို့လည်း ဆရာရယ်။ ဒါလည်း ကောင်းတဲ့အလုပ် မဟုတ်ပေဘူးလားဟု အချက်ကျကျ ပြန်လည် ပြောပြလေ၏။

ထို့ကြောင့် ကျွန်ုပ်သည်လည်း ဗေဒင်ပညာကို တစ်ဖက်စွန်းရောက်အောင် ယုံကြည်လွန်းသော ထိုမိတ်ဆွေကို ဆက်လက်၍ ဘာမှမပြောတော့ပဲ ကျွန်ုပ်၏ စိတ်ထဲမှ အေးလေ ဒါဟာ သူ့ရဲ့ ယုံကြည်မှု့ တစ်ခုပါပဲ။ ကိုယ်ယုံကြည်တာကို ကိုယ်ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး ယုံကြည်ခွင့် ရှိပါတယ်လေ။ ဒါဟာ ကိုယ်ရေးကိုယ်တာ လွတ်လတ်မှု့ တစ်ခုပါပဲ။ ဘယ်သူမှ သူ့ကို တရားစွဲလိုမှ မရတာဟု တွေးလိုက်မိ၏။ ထို့နောက် ၎င်းက ဆက်လက်၍...

အဲဒီတော့ ဆရာလည်း ရောက်တုန်းရောက်ခိုက် ကျွန်တော် ကုမ္မဏီကို တစ်ချက်လောက် လိုက်ပြီး ကူညီ ကြည့်ရှု့ပေးပါဦး ဆရာရယ်။ နောက်ပြီး ကုမ္ပဏီ လူများများဝင်အောင် အဆောင်လေးဘာလေးလည်း ညွန်ပြပါဦးဟု ပြောသောကြောင့် အောက်ဖော်ပြပါ နှင်းဆီပန်းကိုးပွင့်တွင် ဓာတ်ပုံကပ်၍ ဆောင်ရွက်ရသော လူများများဝင်အောင် ၊ လူချစ်လူခင်များအောင် ၊ လူအများ၏ ထောက်ခံအားပေးမှု့ကို ၇အောင်ဆောင် ရွက်ရသော ယတြာနည်းကို ဗေဒင်ပညာကို အစွန်းရောက်အောင် ယုံကြည်နေသော ကျွန်ုပ်၏ မိတ်ဆွေကြီးအား ပေးလိုက်လေတော့သတည်း။

နှင်းဆီပန်းကိုးပွင့်ပါသော ပုံတွင် နှင်းဆီပန်းတစ်ပွင်ပေါ်မှာ ခင်ဗျား ဓာတ်ပုံကပ်ဗျာ။ နောက်တစ်ပွင့်မှာ ခင်ဗျားရဲ့ ဗစ်ဇစ်တင်းကဒ်ကို ကပ်ဗျာ။ နောက်ခင်ဗျား ရုံးခန်းမှာ အခါရွေးပြီး ချိပ်ဆွဲထားလိုက်ပေတော့။ ပြီးရင် နေ့တိုင် ရေမွေးဖြန်းဗျာ။ မေတ္တာသုပ် ရွတ်ပေးဗျာ။ အမွှေးတိုင် အနံ့တွေဘာတွေ တိုက်ဗျာ ဟု ပြောပြလိုက်လေတော့သတည်း။

ဓာတ်ပန်းချီချိပ်ဆွဲရန်အခါများ...

တနင်္ဂနွေသားသမီးဆိုရင် ကြာသပတေးနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
တနင်္လာသားသမီးဆိုရင်ဗုဒ္ဓဟူးနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
အင်္ဂါသားသမီးဆိုရင် သောကြာနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
ဗုဒ္ဓဟူးသားသမီးဆိုရင် တနင်္လာနေ့ နံက် (၇) နာရီတိတိမှာ ချိပ်ဆွဲပါ။
ကြာသပတေးသားသမီးဆိုရင် တနင်္ဂနွေနေ့နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
သောကြာသားသမီးဆိုရင် အင်္ဂါနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
စနေသားသမီးဆိုရင် ဗုဒ္ဓဟူးနေ့နေလည် (၁)နေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။

မောင်အမြန်ပြန်လာပါ

တစ်နေ့သ၌ ထိုင်းနိုင်ငံ-မဟာချိုင်မြို့ -နေ၀စ်ဟူသော အရပ်ဒေသရှိ ဥုမ်သဟာဟု အမည်ရှိသော ဗေဒင် လက္ခဏာဟော အတွင်းသို့ အသက်အရွယ်အားဖြင့် ၂၅-နှစ်ခန်ရှိသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ ထိုမိန်းကလေး၏ မျက်နှာသည် လွန်စွာ ညှိုးနွမ်းနေ၏။ သူမ၏ မျက်လုံးများသည် နီရဲနေ၏။ မျက်ခုံးများသည် မို့မောက်နေ၏။ မကြာခန ငိုထားပုံရလေ၏။ သိုးမွှေး အနွေးထည် ခဲပုတ်ရောင်ကို ဝတ်ဆင်ထားသော သူမ၏ ပုံမှာ လွန်စွာနွမ်းလျှနေလေ၏။ သူမသည် ပူပင်သောကတစ်ခုဖြင့် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်လေတော့၏။

ထိုင်ပါမိန်းကလေး ...။ ကျွန်တော် ဘာကူညီပေးရမလဲ..ဟု ဧည့်ဝတ်ပြုရင်း ထိုင်ခိုင်းရလေ၏။ သူမသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောပြောသော စာပွဲရှေ့တွင်ထိုင်ရင်း ကျွန်ုပ်အားအောက်ပါအ တိုင်း ပြောပြလေေ တာ့၏။

ဒီလိုပါဆရာရယ်။ ကျွန်မ ဆရာဆီလာတာ အကူအညီတောင်းစရာ တစ်ခုရှိလို့ပါ။ ကျွန်မလည်း လုံးဝကို မခံစား နိုင်တဲ့အဆုံး စုံစမ်းမေးမြန်းပြီး ရောက်လာခဲ့တာပါ။ အရမ်း ဒုက္ခရောက်နေတယ်ဆရာ။ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် သတ်သေပစ်ချင်တယ်။ တကယ်ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မအမျိုးသား အိမ်ပေါ်ကနေ ဆင်းသွားတယ်။ အဝေးကြီးကို ထွက်သွားတာတော့ မဟုတ်ပါဘူး။ သူ့မိဘအိမ်ကိုပဲ သွားနေနေ တာပါ။ သူ့မိဘအိမ်ကလည်း အဝေးကြီး မဟုတ်ပါဘူးဆရာရယ်။ ကျွန်မနေနေတဲ့ တိုက်ရဲ့ အပေါ်ထပ်အောက် အောက်ထပ်တင်ပါပဲ။

အဲဒီတော့ဆရာရယ်။ နေ့တိုင်းလည်း ကျွန်မ သူ့ကို မြင်နေရတယ်။ တွေ့နေရတယ်။ ဒါပေမယ့်ဆရာရယ်။ ကျွန်မယောက်ျားက ကျွန်မ ဖုံးဆက်ရင်လည်း မကိုင်ဘူး။ ကျွန်မကိုတွေ့ရင်လည်းမမြင်ချင်ယောင် ဆောင်နေ တယ်။ ကျွန်မလေ ကျွန်မယောက်ျားကို မြင်လိုက်ရရင် ရင်ထဲမှာ တဆစ်ဆစ် နာကျင်ပြီး ခံစားနေရတယ် ။နောက်ပြီး ကျွန်မ စဉ်းစားကြည့်မိတယ်။ သူဟာဘာဖြစ်လို့ ဒီလောက်ရက်စက် တတ်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေရတာလဲလို့ပေါ့။

မုန်းချင်တယ်။ ဒါပေမယ့် မုန်းလို့မရဘူး။ လမ်းခွဲချင်တယ်။ ဒါမေယ့် ကျွန်မ ခြေလှမ်းတွေက လှမ်းသွားလို့ မရဘူး ဖြစ်နေတယ်။ မေ့လိုက်ချင်တယ်။ ဒါပေမယ့် ပိုပိုပြီး သတိယတမ်းတလာမိတယ်။ အဲဒိတော့ဆရာရယ်။ နေ့စဉ်နှင့်အမျှ နာကျင်စွာ ခံစားနေ၇တဲ့ ကျွန်မကို ဆရာ ကူညီပေးစေချင်တယ်။ ကျွန်မယောက်ျား ကျွန်မ ဆီကို ပြန်လာမလား ပြန်မလားဘူးလားဆိုတာရယ်၊ နောက်ပြီး ဆရာကူညီလို့ရရင်လည်း ပြန်လာအောင် လုပ်ပေးစေချင်တယ်ဟု ရှည်လျှားစွာ ပြောပြလေတော့၏။

ထိုအခါ ကျွန်ုပ်သည်လည်း ထိုမိန်းကလေးအား လွန်စွာ စာနာမိသွား၏။ ထို့ကြောင့် ထိုမိန်းကလေး လွန်စွာ သိချင်နေသော အိမ်ထောင်ရေး အကြောင်းကို တားရော့ပညာဖြင့် ကြည့်ပေးလိုက်လေ၏။ ထို့နောက် ကျွန်ုပ်က ကဲ.... မိန်းကလေး မင်းတို့ အိမ်ထောင်ရေး ပေါင်းမလား အပြီးတိုင် ကွဲသွားပြီလား သိချင်တယ်ဆိုရင် မင်းရဲ့ ဘယ်ဘက်လက်နဲ့ ဒီတားရော့ကို တစ်ဝက်ချိုးလိုက်ဟု ပြောပြလိုက်လေရာ မိန်းကလေးသည် တုန်ရီနေသော လက်ဖြင့် တားရော့ကို တဝက်ချိုးလိုက်လေ၏။ ထိုအခါ အောက်ပါ တားရောကဒ်ကျလာလေ၏။ ထိုတားရော့ကဒ် သည် နံပါတ်(၄) တားရော့ ဧကရာဇ်ကဒ် ဖြစ်လေ၏။

ဒီမှာ မိန်းကလေး မင်းတို့အိမ်ထောင်ရေးဟာ လူကြီးတွေကြောင့် အဆင်မပြေ ဖြစ်နေကြတာ။ အခုလက်ရှိအချိန်မှာ ပြန်ပေါင်းမှာလား၊ မပေါင်းဘူးလားဆိုတာတောင် အရမ်းပြောရခက်နေတဲ့ အချိန်တစ်ခုပဲ။ ဒီအချိန်လေးမှာ စိတ်ပင်ပန်းမှု့များစွာနဲ့ ဖြတ်သန်းရတော့မယ်ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် ထိုမိန်းကလေးသည် သက်ပျင်းရှည်ကြီးကို မောပန်းစွာချလိုက်ရင်း မှန်ပါတယ် ဆရာ၇ယ်။ အဓိကကတော့ သူ့မိဘတွေပါပဲ။ သူ့မိဘတွေက ကျွန်မနဲ့ သိပ်သဘောမတူဘူး ဆရာ။ ဒါကြောင့် ဆရာအနေနဲ့ ကျွန်မယောက်ျား ကျွန်မ ဆီကို အမြန်ပြန်လာအောင် ယတြာပေးပါဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ထွက်သွားသူ အမြန်ပြန်လာစေသော အောက်ဖော်ပြပါ ယတြာကို ပြောပြလိုက်လေတော့၏။

ထိုမိန်းကလေးသည်လည်း ကျွန်ုပ် ပြောပြပေးလိုက်သော ယတြာကို စာရွက်တစ်ရွက်တွင် ကူးယူ၍ ပြန်သွားလေတော့၏။ ရက်သတ္တပတ် (၃)ပတ်ခန့် အကြာတွင် ထိုမိန်းကလေးသည် အမျိုးသားတစ်ဦးနှင့် လက်ချင်းချိပ်၍ ဈေးထဲတွင် ဖြတ်လျှောက်သွားသည်ကို မလှမ်းမကမ်းမှ လှမ်းမြင်လိုက်လေတော့၏။ ထိုမြင်လိုက်ရသည့် အခိုက် ကျွန်ုပ်၏ ရင်ထဲတွင်လည်း အမျိုးအမည် ဖော်ပြခြင်းငှာ မစွမ်းနိုင်သော ခံစားချက်တစ်မျိုး ဖြတ်သန်းသွားလေးတော့၏။ ထိုအရာကို ပီတိဟု ခေါ်ဆိုမည်ဆိုလျှင် ၇မည် ထင်ပါတော့သတည်း။

ပုလင်းအဖြူတစ်လုံးထဲတွင် အိမ်ကထွက်သွားသူ၏ ဓာတ်ပုံတစ်ပုံရယ် အမည် နေ့သား မွေးသက္ကရာဇ် အပြည့်အစုံရယ်၊ ပရုပ်လုံးတစ်လုံး ရယ်ကို ထည့်ပါ။ နောက်ပြီး သတိယတိုင်း အားတိုင်း အိမ်အမြန်ပြန်လာပ်စေဟု ပြောဆို ဆုတောင်း၍ လှုပ်လှုပ်ပေးပါ။ ယတြာက ဒီလောက်ပါပဲဗျာ။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
(ပုံတွေတင်ထားတာ အဆင်ပြေ-မပြေ နည်းနည်းလောက် ပြောပေးသွားကြပါခင်ဗျာ-ကျေးဇူးတင်ပါတယ်)

ဘာအခက်အခဲပဲကြုံကြုံ လွယ်ကူထိရောက်သော ရုက္ခစိုးယတြာ

လူတစ်စု ပူမှု့ရယ်တဲ့ ဆယ်ကုဋေတဲ့။ ဘုရားဘုရား ဆယ်ကုဋေတောင်ဆိုတော့ မနည်းမနောပါလား။ အဲလိုတွေး မိတယ်။ လူ့ဘ၀ဆိုတာကလည်း အခက်အခဲတွေ ပြဿနာတွေ ပူပန်စရာတွေ ၊ ၀န်ထုပ်ဝန်ပိုးတွေနဲ့ ဖွဲ့တည်ထား တာကိုများ လူ့ဘ၀ကြီးရယ်လို့တောင် ခေါ်ဆိုသလားမသိတော့ပါဘူး။ လက်လှမ်းမီသလောက် အနီးအနားက သတ္တ၀ါတွေကို လေ့လာကြည့်လိုက်တဲ့ အခါမှာ လူဆိုတဲ့သတ္တ၀ါတစ်မျိုးကတော့ တော်တော်လေး အလုပ်များပါ တယ်။ ပြီးတော့ တော်တော်လေးလည်း အလုပ်ရှုပ်ပါတယ်။ နောက်ပြီး တော်တော်လေးလည်း အပိုတွေကို လုပ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ လူသားတွေရဲ့ နေ့စဉ်ရှင်သန်နေရမှု့တွေမှာ အခက်အခဲတွေ ပြဿနာတွေ တစ်ပုံတပင်ကြီး ရှိနေတာပေါ့။ ဒီနေရာမှာ လူတွေက ပြဿနာအခက်အခဲတွေ ကြုံဆုံရတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပုံခြင်း မတူညီကြပါဘူး။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် ပြဿနာကို ရှု့မြင်သုံးသပ်ပုံခြင်းလည်း မတူညီကြတဲ့အတွက် ဖြေရှင်းပုံခြင်းလည်း မတူညီကြပြန် ဘူး။ ကျွန်တော်ပြောချင်တာက အဲဒီလို ပြဿနာတွေ များပြားနေတာရယ် ဖြေရှင်းနေရတာတွေကို လူ့ဘဝလို ပဲ ခေါ်ကြတာ မဟုတ်ပါလား။

ဒီနေရာမှာ မိတ်ဆွေတို့ကို ကျွန်တော် လက်ဆောင်တစ်ခုလောက် ပေးချင်တယ်။ ဘာလဲဆိုတော့ ပြဿနာတစ်ခုကို စိတ်အေးချမ်းသာစွာ ဖြေရှင်းတဲ့ နည်းလမ်းလေးတစ်ခုဆိုပါတော့။ အခက်အခဲတွေကို အေးချမ်းစွာ ဖြေရှင်း နည်းပဲ ဆိုပါတော့။ ဒါကလည်း ဆရာသခင် အဘမင်းသိင်္ခပြောပြခဲ့တဲ့ နည်းလမ်းပါ။ တိတိကျကျ ပြောရရင် ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ စာအုပ်ထဲမှာလည်း ပါပါတယ်။

(၁) အခက်အခဲတွေကို ပုံကြီးမချဲ့ပါနဲ့....
လူတော်တော်များများကပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ဆရာရေတဲ့...။ ပြဿနာပေါင်း သောင်းခြောက်ထောင်။ ဘယ်က စပြီး ဖြေရှင်းရမှန်းတောင် မသိတော့ဘူးတဲ့။ အဲဒီတော့ ကျွန်တော် က ပြဿနာပေါင်း သောင်းခြောက်ထောင် ဟုတ်လား။ အဲလောက်တောင် များလားလို့ ။ ပြန်မေးလိုက်တော့ ဆရာရယ် စကားအဖြစ်ပြောတာပါတဲ့။ ပြောချင်တာက လူတော်တော်များများဟာ ကိုယ်ဆီမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တော်တော်များများကို အရမ်း များနေပြီ။ ဖြေရှင်းလို့ကို မရလောက်တော့လောက်အောင်ကို များပြာလှတယ်လို့ ထင်မှတ်နေတယ်။ အဲဒီတော့ အရင်ဆုံး ဒီပြဿနာတွေကို ပြေလည်ချင်တယ်၊ ဖြေရှင်းနိုင်ချင်တယ်ဆိုရင် ကိုယ့်ဆီမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပုံကြိး မချဲ့ပါနဲ့လို့ ပြောလိုက်ပါရစေ....

(၂) ဒုက္ခတွေ အခက်အခဲတွေကို စာရင်းချရေးကြည့်လိုက်ပါ။
အဲဒီတော့ ကိုယ်ထင်တာက ပြဿနာ အခက်အခဲတွေက အများကြီး ဖြစ်နေတယ်လို့ ကိုယ်က ထင်နေတယ်။ အမှန်တကယ် စာရွက်မှာ ချေါ ခင်ရးကြည့်လိုက်တဲ့ အခါကျတော့မှ အများဆုံးဆယ်ခုတောင် မကျော်ပါဘူး။ (၅) ခု (၆)ခု ဒီလောက်ပါပဲ။ မိတ်ဆွေ ခင်ဗျားထင်နေတာက ခင်ဗျားမှာ ပြဿနာတွေအများကြီး ကြုံတွေ့နေရတယ်လို့ မိတ်ဆွေက ထင်မှတ်နေတယ်။ အမှန်တကယ် မိတ်ဆွေမှာ ရှိတဲ့အခက်အခဲက လေးငါးခုလောက်ပါပဲ။

(၃) အခက်အခဲတိုင်း ပြဿနာတိုင်းရဲ့ ဘေးနားကနေ ဖြေရှင်းဆရာနည်းလမ်းတွေကို စဉ်းစားမိသလောက် ချရေးလိုက်ပါ။ ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စိတ်အေးချမ်းသာစွာနဲ့ စိတ်အေးလက်အေး ပြေလည်အောင် ဖြေရှင်းနိုင်လောက်ပါပြီ။ အခု ယတြာအကြောင်း ပြောကြရအောင်နော်။

ဒီယတြာက ဘယ်နေရာမှာပဲ ရောက်ရောက်၊ ဘာကိစ္စအခက်အခဲပဲကြုံကြုံ၊ လုံးဝဖြေရှင်းလို့ မရတော့လောက်အောင်ပဲ ဖြစ်နေဖြစ်နေဆောင်ရွက်လို့ ရတယ်ဆိုတာပါပဲ။ တစ်နည်းမဟုတ်တနည်းနဲ့ ပြေလည်သွားပါတယ်။အကူအညီကောင်းတွေအဆောင်အမကောင်းတွေအလိုလို ပေါ်ပေါက်လာမယ်။နည်းလမ်းကောင်းတွေ ပေါ်လာမယ်။ မိတ်ဆွေတို့ရဲ့ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့လာရပါက ဒီအတိုင်းထိုင်ပြီး စိတ်ညစ်နေမယ်၊ စိတ်ဓာတ်ကျနေမယ့်အတူတူ ဒီယတြာနည်း အတိုင်းသာ ဆောင်ရွက်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒါလည်း အခက်အခဲကို စိတ်အေးချမ်းသာစွာ ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုပဲ မဟုတ်ပါလားဗျာ။

မိမိအိမ်နဲ့ အနီးဆုံးသစ်ပင်ကြီးကြီး ( အနည်းဆုံး သစ်ကိုင်း(၇)ကိုင်း ထွက်နေရင် ရပါပြီ) တစ်ပင်ကနေ မပေါက်မပြဲတဲ့ သစ်ရွက် သန့်သန့်တစ်ရွက်ကို ခူးပါ။ ပြီးရင် အိမ်ကို ယူလာခဲ့ပါ။ အဲဒိသစ်ရွက်ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။ ဖယောင်းတိုင်တစ်တိုင် ကုန်တာနဲ့ နောက်တစ်တိုင် ထပ်ထွန်းပါ။ (၈)တိုင် ဆက်တိုက် ထွန်းပေးပါ။ တစ်နေ့ကို (၈)တိုင် ဆက်တိုက်ထွန်းပြီး (၈)ရက်ဆက်တိုက် ထွန်းပါ။ ဖယောင်းတိုင်ကို မီးထွန်းတဲ့အခါတိုင်းမှာ ကိုယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အသေးစိပ် အဲဒီသစ်ရွက်ခူးခဲ့တဲ့ သစ်ပင်က ရုက္ခဇိုးဆီမှာ ဆုတောင်းပါ။ အဲဒီ ရုက္ခဇိုးက မကူညီနိုင်ရင်လည်း ကူညိနိုင်တဲ့ ပုဂ္ဂိုလ်များကို ပြောပေးပါလို့ တတွတ်တွတ် ဆုတောင်းပေတော့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ဝန်ထမ်းအလုပ် ရာထူးတိုးစေသော ယတြာနည်း

ဝန်ထမ်းအလုပ် လုပ်နေသည့်သူများအတွက် ဒီယတြာနည်းကို လက်ဆောင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ဗေဒင်ဆရာဆီမှာ ဗေဒင်လာမေးကြသည့်သူများ၊ ယတြာလာတောင်းကြသည့်သူများ ထဲတွင် ၀န်ထမ်းများလည်းပါပါတယ်။သူတို့တွေမေးလေ့မေးထရှိတဲ့ မေးခွန်းတွေမှာများသောအားဖြင့် မေးတတ်ကြတာက ဆရာတဲ့ ရာထူးတိုးဘို့ကိန်းရှိလားတဲ့၊ မြင်လားတဲ့။ ကျွန်တော်တို့ကလည်း တွက်ကြည့်တယ်။ တားရော့ ချိုးကြည့်တယ်။ သက်ရောက်တိုင် အားစစ်ကြည့်တယ်။ ဂဏန်းဗေဒင်နဲ့ ဆန်းစစ်ကြည့်တယ်။ ရာထူးတိုး ဖို့မြင်ရင် သေချာပေါက် ရာထူးတိုးမယ်လို့ ဟောပေးလိုက်တယ်။

ဒီနေရာလေးမှာ ဗေဒင်ဆရာဘ၀ အတွေ့အကြုံအရ တစ်ချို့ ရာထူးတော်တော်ကြီးမားတဲ့ သူတွေဆိုရင် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို လျှို့ဝှက်ပြီး လာမေးတတ်ကြတယ်။ တစ်ချို့ကြတော့ ဖွင့်ပြီးတော့ မေးတယ်။ ဒါပေမယ့် လျို့ဝှက်ထားခိုင်းတယ်။ ဗေဒင်ဆရာဘက်ကတော့ လျို့ဝှက်သင့်တဲ့ကိစ္စကို လျှို့ဝှက်ထားပေးရတာပေါ့။

ကျွန်တော်ထိုင်းနိုင်ငံမှာ ဗေဒင်ဟောခန်းဖွင့်ထားတာ အခုဆိုရင် လေးနှစ်ထဲကို ရောက်နေပါပြီ။ လေးနှစ်အတွင်း ထိုင်းလူမျိုး အရာရှိတော်တော်များများ ဗေဒင်လာမေးကြတယ်။ ဒါပေမယ့် အရပ်ဝတ်တွေနဲ့ပါ။ သူတို့ရဲ့ လက်ရှိရာထူး၊ သူတို့ရဲ့တာဝန်တွေကိုတော့ မပြောပြပါဘူး။ ကျွန်တော်ကလည်း မစပ်စုတော့ပါဘူး။ ဒီလိုပဲ သာမန်ဗေဒင်မေးသလိုပဲ မေးသွားကြတယ်။ နောက်မှ အကြောင်းအမျိုးမျိုးကြောင့်သာ အော် ဒီလူကြီးက ဒါကြီးပဲဆိုတာကို သိလိုက်ရတာ။

အဲဒီတော့ဒီနေရာမှာ လခစား ၀န်ထမ်းတွေအတွက် အခက်ခဲကြုံတတ်တာ တစ်ခုရှိတယ်။ အဲဒါကတော့ ရာထူးတိုး ကိစ္စပဲ။ ရာထူးတိုးကိစ္စကို လေ့လာကြည့်လိုက်တဲ့ အခါ ဒီလို သွားတွေ့ရတယ်။ ပထမဆုံး ရာထူးတိုးတတ်တဲ့အမျိုး အစားက တစ်ချို့ဝန်ထမ်းတွေက အလုပ်ကို ကြိုးစားတယ်။ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ မခိုကပ်ဘူး။ တာဝန်ကျေတယ်။ အဲဒီလို ကြိုးစားပန်းစားလုပ်တဲ့ ၀န်ထမ်းကို တချို့ အထက်လူကြီးတွေက သဘောကျပြီး ရာထူးတိုးပေးတတ်တာ ရှိတယ်။

နောက်တစ်ခုကြပြန်တော့ လုပ်သက်အလိုက် ရာထူးတိုးစာမေးပွဲ ဖြေဆိုရတယ်။ ဌာနတစ်ခုနဲ့ တစ်ခုကတော့ စဉ်မျဉ်းဥပဒေခြင်း တူချင်မှတူမယ်ပေါ့။ တစ်နှစ်တန်သည် တစ်နှစ်၊ နှစ်နှစ်တန်သည် နှစ်နှစ်ပေါ့။ အဲဒီလို ရာထူးတိုး စာမေးပွဲဖြေဆိုပြီး ရာထူးတိုးသွားတဲ့ လူတွေရှိတယ်။ တစ်ချို့ကြပြန်တော့ လုပ်သက်အလိုက်အလိုလို အော်တိုမစ်တစ် ရာထူးတိုးကြတာရှိတယ်။

ဒီတစ်ခါပြောပြချင်တာက အခက်အခဲပါ။ အဲဒီလို ရာထူးတိုးဖို့ အချိန်အခါ ကျနေပါရက်နဲ့ ရာထူးမတိုးတဲ့ လူတွေလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရာထူးမတိုးနိုင်ဖြစ်နေကြတယ်။ အဲဒိလို အခြေအနေမှာ ဒီယတြာကို ဆောင်ရွက်လို့ရပါတယ်။ နောက်တစ်ခု သတိထားရတဲ့ ကိစ္စတစ်ခုရှိတယ်။ အဲဒါက ဘာလည်း ဆိုတော့ လွန်ခဲ့တဲ့ တစ်လလောက်တုန်းကပဲ ရာထူးတစ်ခု တက်သွားခဲ့တယ်။ အခု ဘာမှ မကြာသေးဘူး။ နောက်ထပ်ရာထူးတစ်ခု တိုးချင်တယ်။ အဲဒါဆိုရင်တော့ ဘယ်ရမလဲပေါ့နော။ အကြောင်း အမျိုးမျိုးနဲ့ ရာထူးတိုး ကိစ္စတွေမှာ ထစ်ငေါ့နေတယ်။ ကြန့်ကြာနေတယ်။ ခက်ခဲနေတယ်ဆိုရင် ဒီအောက်မှာ ဖော်ပြပေးလိုက်တဲ့ ရာထူးတိုးစေသောယတြာကို ဆောင်ရွက်လို့ရပါတယ။

ရာထူးတိုးစေသောယတြာ

ရထားလမ်းက ကျောက်ခဲလေးလုံးကို သွားကောက်ပါ။ ရေစင်အောင်ဆေးပါ။ ပြီးရင် တနင်္ဂနွေနေ့ထုပ် သတင်းစာတစ်ဆောင်ကို ဘုရားစင်ရှေ့ ခုံတစ်လုံးပေါ်မှာ ဖြန့်ခင်းလိုက်ပါ။ သတင်းစာရဲ့ ဒေါင့်လေးဒေါင့်မှာတော့ ရထားလမ်းက ကောက်လာပြီး ရေစင်ကြယ်အောင် ဆေးကြောထားတဲ့ ကျောက်ခဲလေးခဲကို ဒေါင့်တစ်ဒေါင့်ကို တစ်ခဲတင်ထားပါ။ ပြီးရင် သတင်းစာပေါ်မှာ ထန်းလျှက် (၁၁)လုံးကိုတင်ပြီး ဘုရားကိုလှူပါ။ ရာထူးတိုး ကိစ္စ အောင်မြင်စေဖို့ ဆုတောင်းလိုက်ပါ။ မုချ မလွဲမသွေ မိမိနှင့် ထိုက်တန်သော ရာထူးကိစ္စ အဆင်ပြေ သွားပါလိမ့်မယ်ဟု စေတနာ စကားဆိုရင်း........

မနက်ဖြန်တော့ ပျက်နေသော ကော်နရှင် ကောင်းမယ်ထင်တယ်ဟု မျှော်လင့်လျှက်.......

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

၂၀၁၁-ခု မတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

ကော်နရှင် အဆင်မပြေသည့်ကြားမှ ၂၀၁၁-ခု မတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်းကို ကြိုးစား၍ ရေးပေးလိုက်ရပါတယ်။ ဟောစာတမ်းကို ၀ါသနာပါသူများ ဒီနေရာမှာ သွား၍ ဖတ်နိုင်ပါသည်။ ဒီနေရာလေးကနေ အားလုံးကို အထူးအားဖြင့် ကျွန်တော်၏ဘလော့အား လာရောက်လည်ပတ်သူများ အားလုံးကို ၎င်း၊ ဗေဒင်မေးကြသော မိတ်ဆွေသင်္ဂအပေါင်းကို၎င်း၊ အထူးပင် တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက်စက်သည် ပျက်နေပါသောကြောင့် အွန်လိုင်းသို့ မတက်နိုင်ဖြစ်နေပါ။ ထို့ကြောင့် ပို့အသစ် များ နောက်ကျနေရပါသည်။ ဟောစာတမ်းများ ပြန်လည်ပေးပို့သည့်နေရာတွင် ရက်အနည်း ငယ် နောက်ကျနေပါသည်။ သို့သော် တက်မရှိရင် လက်နှင့်လှော်ဆိုသော မြန်မာစကားပုံကဲ့သို့ အင်တာနက် ချိပ်ဆက်ထားသော မိတ်ဆွေများ အခန်းသို့ သွား၍ သော်လည်းကောင်း အင်တာနက်ဆိုင်သို့ သွား၍သော်၎င်း၊ ကျွန်တော်၏ နိုကီရာဖုံးအစုတ်လေးနှင့် ချိပ်ဆက်၍သော်၎င်း အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားနေပါကြောင်းနှင့် ကဲ... ၂၀၁၁-ခု မတ်လအတွက် (၇)ရက်သားသမီး ဟောစာတမ်းကို ပျော်ပျော်ကြီး သွားရောက်ဖတ်ကြပေတော့ဗျို့....
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
(ခေတ္တ-အင်တာနက်ဆိုင်) ထိုင်းနိုင်ငံ-မဟာချိုင်မြို့

နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်အဆင်ပြေစေဖို့....

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ နိုင်ငံတကာမှာ အကြောင်းအမျိုးမျိုးနဲ့ ပြန့်နှံ့ရောက်ရှိနေတဲ့ ညီအကိုမောင် ဘွား သွေးချင်းသားတွေ အများကြီးရှိပါတယ်။ တော်တော်လေးကို များပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့။ သေချာတာတစ်ခုက ကျွန်တော်တို့မှာ အားကိုးစရာမရှိပါဘူး။ ကျွန်တော်တို့တတွေဟာ အထီးကျန်နေပါတယ်။ မျက်နှာငယ်နေရပါတယ်။ နောက်ပြီး ကျွန်တော်တို့တတွေဟာ သိမ်ငယ်နေရပါတယ်။ တစ်စုံတစ်ခုကို ကြောက်ရွံ့စိုးထိပ်မှု့တွေနဲ့ ဖြတ်သန်းနေရပါတယ်။ ကိုယ်ချစ်ခင်စွဲလန်းတဲ့ မိသားစုတွေနဲ့ ဝေးကွာနေရပါတယ်။ ကျွန်တော်တို့အားလုံးဟာ တစ်ရက်မှ မပျော်ရွှင်ခဲ့ရပါဘူး။

ကျွန်တော်တို့ကို အမြဲတမ်းဖေးမမဲ့၊ အားပေးမဲ့သူတွေ၊ ကူညီမယ့်၊ အကြံညာဏ်ပေးမယ့် သူတွေ ကျွန်တော်တို့ အားလုံးမှာ ကင်းဆိတ်နေပါတယ်။ မျက်နှာငယ်ရမှု့တွေ၊ အနှိမ်ခံရမှု့တွေ၊ သေးသိမ်တဲ့ အကြည့်တွေအောက်မှာ နေ့စဉ် စိတ်အားငယ်စွာ ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့ကို ဖေးမပေးမယ့် လက်တွေနဲ့ အလှမ်းကွာဝေးနေကြပါတယ်။ လက်လှမ်းမမီတဲ့ အရပ်ဒေသတစ်ခုမှာ ကျွန်တော်တို့ အားလုံး ရှင်သန်နေရပါတယ်။

ဘယ်လို အခြေအနေတွေနဲ့ ဘယ်လိုပင် ဖြတ်သန်းနေရပေမယ့် ကျွန်တော်တို့အားလုံး တစ်ရက်တစ်နာရီလောက် လောက်တောင် အေးဆေးဆေး မနားနေရပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးတွေကို သွားမလည်ခဲ့ရပါဘူး။ စိတ်အေးလက်အေးလေးနဲ့ အနားမယူခဲ့ရပါဘူး။ ကျွန်တော်တို့ကို နေ့စဉ်နှင့် အမျှ အလုပ်တွေကို မအားမလပ်နိုင်အောင် ဇယ်ဆက်သလို လုပ်နေခဲ့ရတယ်။ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ ရှင်သန်မှု့တစ်ခုအတွက်နဲ့ အလုပ်တွေလုပ်နေရပါတယ်။ ကျွန်တော်တို့ လူတန်းစားတွေမှာ တူညီတာတစ်ခု ချမ်းသာဖို့- သူဋ္ဌေးဖြစ်ဖို့ အလုပ်လုပ်နေရတာ မဟုတ်ပဲ၊ စားဝတ်နေရေးဆိုတာကြီး အစဉ်ပြေစေဖို့အတွက် ကျွန်တော်တို့တွေ အလုပ်လုပ်နေကြရတာ ဖြစ်တယ်။

အားလုံးက ကျနေတဲ့ ကိုယ့်စိတ်ဓာတ်ကို ကိုယ်ပြန်တင်းရင်း နောက်လှမ်းမယ့် ခြေလှမ်းပေါင်း များစွာအတွက် ပင်သက်ကို ရှိုက်၊ နွမ်းနေတဲ့ ကိုယ်နှလုံးသားကို ကိုယ်ပြန် အသက်သွင်းခဲ့ရတာလည်း အကြိမ်ကြိမ်အခါခါ ရှိခဲ့ပါပြီ။ အဆင်ပြေရင်တော့ မဆိုးဘူး။ အဆင်မပြေရင်တော့ ဒီလောင်းကစားပွဲမှာ ကိုယ်ပေးလိုက်ရမယ့် အရင်းအနှီးက များပါတယ်။ ဘ၀ပေါင်းများစွာပေါ့။ ပြန်ပြီး လုံးဝ မတက်နိုင်လောက်အောင် နက်တဲ့ အသူရာ ချောက်ကြီးက တော့ ကျွန်တော်တို့ရဲ့ ရှေ့မှာနော်။

ဒီနေရာလေးမှာ ကျွန်တော်ပေးလိုက်ချင်တဲ့ ယတြာကတော့ ကိုယ်တိုင်လည်း လုပ်လို့ရတယ်။ ဒါမှမဟုတ် မြန်မာပြည်က ကိုယ့်မိသားစုကလည်း လုပ်ပေးလို့ရတယ်။ လုပ်ခိုင်းလို့ ရတယ်။ လွယ်လည်း လွယ်ကူတယ်။ အလုပ်မှာ အဆင်မပြေဘူး။ မပျော်ရွှင်ရဘူး။ အထက်လူကြီးနဲ့ သဟဇာတ မဖြစ်ဘူး။ အလုပ်က ပြောင်းရတော့မလိုလို ဖြစ်နေတယ်။ အလုပ်က အရမ်းပင်းပန်းတဲ့နေရာမှာ နွားတစ်ကောင်လို ကုန်းရုန်းလုပ်နေရတယ်။ အလုပ်မှာ လုပ်ဖော်ကိုင်ဘက်တွေက မနာလို ခြေထိုးတာ ကြုံနေရတယ်။ အလုပ်သွားမယ့် လမ်းခရီးမှာ အန္တရယ်တွေနဲ့ နီးစပ်နေတယ်။ အစရှိသည်ဖြင့်ပေါ့ဗျာ။ အလုပ်နဲ့ ပါတ်သက်လာရင် ဆောင်ရွက်လို့ရပါတယ်။ နိုင်ငံခြားတိုင်းပြည်သို့ ရောက်ရှိနေကြသော ၊ အမိမြန်မာပြည်ကို လွမ်းဆွတ်တသ နေကြသော၊ သူများ၏၎င်း စိတ်ပူနေကြသော နောက်က မိသားစုများ၏ ပူပန်သောကကို၎င်း ဒီယတြာနဲ့ ဖေးမလိုက်ရင်းဖြင့်............

ဟိန်းတင့်ဇော်- ထိုင်းနိုင်ငံ- မဟာချိုင်မြို့

အိမ်ထောင်ရေး၊အချစ်ရေး သယာချမ်းမြေစေသောနည်း

နေ့စဉ်နေ့တိုင်း ဗေဒင်ဟောခန်းမှာ ကြုံဆုံနေရလို့။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ယတြာတွေ အဆောင်တွေ လာပြီး အကူအညီတောင်းကြတယ်။ ယောင်္ကျားက မချစ်ဘူးထင်တယ်။ ဒါမှမဟုတ် ယောင်္ကျားက အရင်လို မဟုတ်တော့ဘူး။ ပြောင်းလဲနေပြီလို့ ထင်တယ်။ ကျွန်တော့်မိန်းမ အခုတလော အမူအယာတွေ ပြောင်းလဲနေသလိုပဲ။ အသစ်တွေ့နေပြီ ထင်ပါတယ်ဆရာရယ်။ ကူညီပါဦးတဲ့။

ကျွန်တော် သတိထားမိတဲ့ စကားလေးတစ်ခွန်း ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ “ထင်တယ်” တဲ့။ ထင်တာဟာ ထင်တာပဲ ဖြစ်တယ်။ အမြင်မဟုတ်ဘူး။ အထင်ဆိုတာက မသေချာဘူး။ မတိကျဘူး။ ဒါကြောင့် ထင်တယ်ဆိုတဲ့ စကားကို ကျွန်တော်က မကြိုက်ဘူး။ အထင်ရယ်-အမြင်ရယ်ဆိုတဲ့ စကားနှစ်လုံးထဲမှာ အမြင်က သေချာသလိုလို ရှိနေတယ်။ အထင်ကတော့ ကိုယ်ထင်တာ ဖြစ်တဲ့အတွက် မှားရင်လဲ မှားနိုင်တယ်။ မှန်ရင်လည်း မှန်နိုင်တယ်။ ပြောရရင်တော့ မသေချာဘူး။ မတိကျဘူး။

နောက် အဲဒီအထင်ဆိုတာက သံသယကို မွေးဖွားပေးတဲ့ အရာတစ်ခုပဲ။ အထင်ရဲ့ နောက်ကွယ်မှာ မကောင်းတဲ့ ဆိုးကျိုးတွေ ဆက်တိုက်လိုက်လာတတ်တယ်။ ပြဿနာတွေ အများကြီးကို ဖန်တီး ပေးတယ်။ ကြီးထွားစေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ကစပြီး ဘ၀ခရီးဖြတ်သန်းမှု့မှာ အထင်ဆိုတာကြီးကို စွန့်လွှတ်ခဲ့ပြီး အမြင်နဲ့ လက်တွေ့နဲ့ သွားကြရအောင်။

မချစ်ဘူးထင်တယ်။
မလွမ်းဘူးထင်တယ်။
သတိမရဘူးထင်တယ်။
မဖြစ်လောက်ဘူး ထင်တယ်။
မအောင်မြင်လောက်ဘူး ထင်တယ်။
သူ ငါ့ကို အမြင်မကြည်ဘူးထင်တယ်။
သူ ငါ့ကို မုန်းနေတယ်ထင်တယ်။
သူငါ့ကို နားမလည်နိုင်လောက်ဘူးထင်တယ်။
...............................................ထင်တယ်။
.............................................................ထင်တယ်။

အစရှိသော အဲဒီစကားလုံးလေးတွေ ထဲမှာ ပါနေတဲ့ ထင် ဆိုတဲ့ စကားလုံးလေးက မကောင်းသော ဆိုးကျိုးတွေ ကို ဖြစ်စေပါတယ်။ သံသယကို ကြီးထွားစေတယ်။ အဆင်မပြေမှု့တွေကို ရက်ရှည်စေတယ်။ ဒါကြောင့် အမြင်ဆိုရင်တော့ မပြောပါဘူး။ အထင်ကြောင့်ဆိုရင်တော့ မကောင်းဘူးပေါ့။

ဒါကြောင့် ဒီနရာမှာ အိမ်ထောင်ရေး အိမ်တွင်းရေး အဆင်မပြေဖြစ်ကြကုန်သော မိတ်ဆွေများကို အဓိက ပြောချင်တာက ကိုယ့်အိမ်ထောင်ရေး သာယာချင်တယ်၊ စိတ်ချမ်းသာချင်တယ်ဆိုရင် ကိုယ့်အိမ်ထောင် ရေးထဲကို အထင်ဆိုတဲ့ စကားကို မ၀င်လာအောင် ကြိုးစားကြပါလို့ သင်တို့၏ အကျိုးကိုထာဝစဉ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် တိုက်တွန်းလိုက်ပါတယ်။ ဒါက စကားလက်ဆောင်ပါ။

အခုပြောမှာက ယတြာပါ။ အိမ်ထောင်ရေးကြောင့် စိတ်သောက ရောက်နေသူများအတွက် ရည်ရွယ်ပါတယ်။ တစ်ခုခုလုပ်ကြည့်လိုက်လို့ တစ်ခုခု အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။

အိမ်ထောင်ရေးအချစ်ရေး အဆင်ပြေချင်တယ်ဆိုရင် ဒီအတိုင်းဆောင်ရွက်လိုက်ပါ။

အောက်တွင် ဖော်ပြပေးလိုက်သော ဟင်္သာမောင်နှံ ပုံလေးပေါ်တွင် လင်မယားနှစ်ဦး (သို့) ချစ်သူနှစ်ဦး၏ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို ကပ်လိုက်ပါ။ ပြီးရင် ဓာတ်ပုံနှစ်ပုံကို မျက်နှာချင်းဆိုင် ဖြစ်အောင် ခေါက်လိုက်ပါ။ ပြီးရင် မိမိအိပ်သော အိပ်ယာခေါင်းအုန်းအောက်မှာ ထားအိပ်ဆောင်ထားလိုက်ရုံပါပဲ။ ယတြာကတော့ ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီနေရာမျာ တစ်ခု သတိထားရမှာက ဒီအစီအရင်ကို မိမိမွေးနေ့၏ အိမ်ထောင်မိတ်ကျသော အခါမှာ ဆောင်ရွက်ရပါ့မယ်။ အောက်မှာ အိမ်ထောင်မိတ်ကျတဲ့အခါကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ထောင်မိတ်ဆိုတာ

(ဥ - သာ ၊ စိန် - ပန်း ၊ ဒါန်း - လှ ၊ ကို - ရှာ) လို့ ဆိုပါတယ်။ အလွယ်ဖြစ်အောင် တစ်ခါတည်း ရေးပေးလိုပါတယ်။

  • တနင်္ဂနွေသားသမီး - ( သောကြာနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • တနင်္လာသားသမီး - ( ဗုဒ္ဓဟူးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • အင်္ဂါနေ့သားသမီး - (ကြာသပတေးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • ဗုဒ္ဓဟူးနေ့သားသမီး - (စနေနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • ကြာသပတေးသားသမီး - (အင်္ဂါနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • သောကြာနေ့သားသမီး- (တနင်္ဂနွေနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • စနေနေ့ သားသမီး- ( ဗုဒ္ဓဟူးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း

ကြွေးယူပြုံးပြုံး-တောင်းလျှင်မုန်းဆိုသူများအတွက်...

သူ့နာမည်က- ဒေါ်ဝင်းရီတဲ့။ သူမ၏ ချမ်းသာကြွယ်ဝမှု့နဲ့ အဆင့်အတန်းကြောင့်သာ ဒေါ်လို့ တပ်ခေါ်ရတာ။ အသက်က အခုမှ (၃၂) ကျော်ကျော်ပဲ ရှိသေးတယ်။ အိမ်ထောင်မရှိသေးဘူး။ အပျိုကြီး။ အိမ်တစ်အိမ်မှာ တစ်ယောက်ထဲနေတယ်။ ယောင်္ကျားတွေနဲ့ ခပ်ကင်းကင်းနေတတ်တဲ့အကျင့်ရှိတယ်။ ဘယ်ယောင်္ကျားလေးကိုမှ အထင်လည်းမကြီးတတ်ဘူး။ အထင်လည်း မသေးတတ်ဘူး။ ရောလည်း မရောနှောဘူး။ ပုံမှန်ပဲ နေထိုင်တယ်။ အချိန်ပြည့် စီးပွားရေးနဲ့ အောင်မြင်ရေးတစ်ခုကိုပဲ ဦးစားပေးတဲ့သူ။

ဒေါ်ဝင်းရီရဲ့ ဘ၀ကို ပုံမှန်အတိုင်းလေးပဲ ဖြတ်သန်းနေခဲ့ရာက တစ်နေ့မှာ အောင်အောင်လို့ဒေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ခရီးတစ်ခုမှာ မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရတယ်။ အောင်အောင်က အခုမှ အသက်က (၂၅)နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သွက်လက်တယ်။ စကားပြောတာ ဆိုတာ သွက်လက်တယ်။ ပွင့်လင်းတယ်။ ရဲတင်းတယ်။ အသားအရည်က ခပ်လပ်လပ်နဲ့။ အဲဒီကောင်လေးနဲ့ အပျိုကြီးမမ မ၀င်းရီတို့ ခရီးတစ်ခုမှာ မ၀င်းရီ ခေါင်းမူးတယ်ဆိုတာကို ကားမှတ်တိုင်မှာ ရှုဆေးဗူးတစ်ဗူး ဆင်းဝယ်ပေးရာက အစပြုပြီး အောင်အောင်နဲ့ မ၀င်းရီတို့ ခင်မင်မှု့ စတင်ခဲ့တယ်။

နောက်တော့ မကြာမကြာဆိုသလိုပဲ အောင်အောင်က မ၀င်းရီဆီကို လာလည်တယ်။ လာတဲ့အခါဆိုရင်လည်း လက်ချဉ်းသက်သက် ဘယ်တော့မှ မလာဘူး။ မ၀င်းရီအတွက် လက်ဆောင်တစ်ခုမဟုတ် တစ်ခု ၀ယ်လာလေ့ရှိတယ်။ အောင်အောင်က မ၀င်းရီကို မမလို့ ပြောင်းလဲ ခေါ်လိုက်တဲ့ နောက်ပိုင်း မ၀င်းရီနဲ့ အောင်အောင်တို့ ရင်းနှီးမှု ပိုတိုးလာခဲ့ကြတယ်။ ဒါပေမယ့် အောင်အောင်ဆိုတဲ့ ကောင်လေးက မ၀င်ရီကို စိတ်ဝင်စားနေတဲ့ အမူအယာတွေကိုသာ ပြတာ မ၀င်းရီကို ချစ်ပါတယ်လို့ တရားဝင်ဖွင့်မပြောသေးဘူး။

သူတို့နှစ်ယောက်ဟာ သွားအတူ၊ လာအတူ၊ လည်အတူ နေလာကြတာ။ နောက်ပြီး မ၀င်းရီကို ဆိုရင် အောင်အောင်က အဆင်သင့် အမြဲတမ်း အကူအညီပေးနေကြဆိုတော့ မ၀င်းရီရင်ထဲမှာ တစ်နေ့မှာ အောင်အောင် သူ့ကို ချစ်ခွင့်ပန်လာလိမ့်မယ်လို့လည်း တထစ်ချ တွေးထားတယ်။ ဒီလိုနဲ့ မ၀င်းရီနဲ့ အောင်အောင်တို့ ရင်းနှီးခင်မင်စွာ နေထိုင်လာကြတာ (၆)လလောက်အကြာမှာ အောင်အောင်က မ၀င်းရီဆီမှာ ငွေ သိန်း (၅၀) ချေးတယ်။ မ၀င်းရီကလည်း ဘာမှ ထွေထွေထူးထူး မစဉ်းစားနေတော့ဘူး။ ချက်ချင်းထုပ်ပေးလိုက်တယ်။ စာချုပ်စာတမ်းတွေတောင် မချုပ်တော့ဘူး။ ဘာသက်သေ အထောက်ထားမှကို ယူမထားဘူး။ တကယ်လို့ မ၀င်းရိက တစ်ခုခုမေးလိုက်လို့ အောင်အောင်က မမ ကျွန်တော့်ကို မယုံလို့လားလို့ ပြန်မေးမှာကို မလိုလားဘူးတဲ့။

တစ်နေ့မှာ မ၀င်းရီဆိုတဲ့ မိန်းကလေး ကျွန်တော်ရဲ့ ဗေဒင်လက္ခဏာဟောခန်းထဲကို ရောက်လာပြီး ကျွန်တော်ဆီမှာ အကူအညီ လာတောင်းတယ်။ အဓိကကတော့ သူ အောင်အောင်ကို ထုပ်ချေးထားတဲ့ ငွေတွေ ပြန်တောင်းလို့ မရလို့တဲ့.။ တောင်းတိုင်းတောင်တိုင်း အောင်အောင်က နေ့ရွေညရွှေ့ ရွှေလာတယ်တဲ့။ နောက်ပြီး သူ့ဆီကို အရင်တုန်းကလိုလဲ မလာတော့ဘူးတဲ့။ အဲဒါ သူပေးထားတဲ့ ငွေတွေ အမြန်ပြန်တောင်းလို့ ရအောင် ကူညီပေးပါလို့ ယတြာ လာတောင်းတယ်။

အဲဒီတော့ ကျွန်တော်က မ၀င်းရီရယ်လို့ ဒီလောက်များတဲ့ ငွေတွေကို ဘာလို့ အခြေအမြစ်မရှိပဲ ထုပ်ပေးလိုက်ရ တာလဲလို့ မေးလိုက်တော့ မ၀င်းရီက ကျွန်မက နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားလို့ တွေးနေမိတာကိုးလို့ ပြန်ပြောတယ်လေ။ အော် လက်စသတ်တော့ မ၀င်းရီက အောင်အောင်ကို အပိုင်တွက်ထားလိုက်တာကိုးလို့ ကျွန်တော့် စိတ်ထဲမှာ တွေးလိုက်မိတယ်။ ဒါပေမယ့် မ၀င်းရီမှာလည်း အပြစ်မရှိပါဘူးလေ။ ကျွန်တော်မ၀င်းရီကို အောက်က ဖော်ပြပေးထားတဲ့ ယတြာကို လုပ်ခိုင်းလိုက်တယ်။ မ၀င်းရီလည်း လုပ်ပါတယ်။ နောက်ဆုံးပြောချင်တာ မ၀င်းရီ ပြန်ရသွားတယ်။ ဒါပေမယ့် အောင်အောင်က ပြန်ပေးတာတော့ မဟုတ်ဘူး။ အောင်အောင် လက်ထပ်မယ့် ကောင်မလေးက ပြန်လာပေးသွားတာတဲ့။

ပေးထားသောငွေများအမြန်ပြန်ရစေသောယတြာ

ကြက်လျှာရောင်စုံ (၆)လက်မှာ (အမည်ထည့်ပါ) ငွေလာပေးစေ .... လို့ ရေးရမယ်။ ပြီးရင် ခရင်းမှာ ပူးချဉ်လိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး ဘုရားစင်ပေါ်တင်ပြီး ဆုတောင်းပါ။ ဒီလောက်ပါပဲ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့။

နင်... ငါ့ကို ကျောရရုံ ကြံလို့ကတော့...

များသောအားဖြင့် ဗေဒင်ဆရာဆီကို လာကြတာဟာ အမျိုးသမီးတွေ များပါတယ်။ ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းမှာလည်း လာကြတာတွေက အမျိုးသမီး ပရိသတ်ကများတယ်။ အခု ကျွန်တော်ပြောမဲ့ အကြောင်းအရာတွေကတော့ အမျိုးသမီးတွေအကြောင်း မကောင်းပြောတာ မဟုတ်ပါဘူး။ မိန်းကလေးတွေရဲ့ ဘ၀မှာ ဒီလိုမျိုး အခက်အခဲတွေ ကြုံတတ်ပါလားဆိုတာ သိစေချင်လို့ပါ။

တစ်ခါတုန်းက ကျွန်တော်ဆီကို ဗေဒင်လာမေးတဲ့ မိန်းကလေးတစ်ယောက် အကြောင်းကို ပြောပြချင်တယ်။ ကောင်မလေးက အသက် (၂၂)နှစ်လောက်တော့ ရှိမယ်။ သူက ကျွန်တော်ဆီမှာ ဗေဒင်မေးတယ်။ အိမ်ထောင်ရေး ကံကြမ္မာတဲ့။ အဲဒီတော့ ကျွန်တော်က ပြန်မေးလိုက်တယ်။ မိန်းကလေးရဲ့ အိမ်ထောင်ဘက်က ဘာနေ့သားလည်းလို့ ပြန်မေးလိုက်တော့ သူက ကျွန်မမှာ အိမ်ထောင်မရှိဘူးတဲ့။ အဲဒီတော့ ကျွန်တော်က ဆက်ပြီး ပြန်ပြောလိုက်တယ်။ ဒါဆို အိမ်ထောင်မရှိဘဲနဲ့ အိမ်ထောင်ရေးကိစ္စကို ဘယ်လိုမေးမလဲလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။

အဲဒီတော့ သူက ကျွန်မမှာ အိမ်ထောင်တော့ မရှိပါဘူးဆရာ။ ဒါပေမယ့် ဆရာ၊ ဟိုလေ ကျွန်မမှာ ကိုယ်ဝန် လေးလရှိနေတယ်။ သူ့အသံက တိုးတိတ်သွားတယ်။ ဆွံအသွားတယ်။ တိမ်ဝင်သွားတယ်။ အဲဒီမှာ ဗေဒင်ဆရာလည်း ဘာပြောရမှန်းမသိပဲ တိတ်ဆိတ်သွားတော့တယ်။ တော်တော်လေးကြာတယ်။ တခန်းလုံး တိတ်ဆိတ်နေတာ။ နောက်ဆုံးတော့ ကျွန်တော်လည်း မိန်းကလေးရဲ့မျက်နှာကို ကြည့်လိုက်ပြီး ဘယ်လိုဖြစ်တာလဲ မိန်းကလေးရယ်လို့ ခပ်တိုးတိုး ပြန်မေးလိုက်တယ်။

ကောင်မလေးက ချက်ချင်းကြီးတော့ ကျွန်တော်မေးတာကို ပြန်မဖြေဘူး။ အတော်ကြာမှ ကျွန်မ ချစ်သူ ထွက်ပြေးသွားတယ်တဲ့။ ဒီလို ဖြစ်နေတာကို မသိလို့ ဖြစ်မှာပါလို့ ကျွန်တော်က ပြောလိုက်တော့ သူသိသွားလို့ ပြေးသွားတာတဲ့။ မသိခင်တုန်းကတော့ အေးဆေးပဲ။ ကိုယ်ဝန်ရှိနေတယ်လို့ သိလိုက်ရတဲ့ နောက်နေ့မှာ သူ့ကောင်လေး မဟာချိုင်ကနေ ပျောက်သွားခဲ့တာပဲ။ ဘယ်လို စုံစမ်းစုံစမ်း မတွေ့ရတော့ဘူးတဲ့။

အဲဒီတော့ ကျွန်တော်ကမေးလိုက်တယ်။ ကျွန်တော် ဘာကူညီပေးရမလဲလို့ဆိုတော့ သူနဲ့ အဆက်အသွယ်ရချင်တယ်လို့ ပြောပြီး ကောင်မလေးမျက်ဝန်းက မျက်ရည်တွေ လိမ့်ဆင်းလာတယ်။ အသံထွက်အောင်တော့ သူမငိုပါဘူး။ ငိုရလွန်းလို့ အသံတွေတောင် တိမ်ဝင်နေပြီထင်တယ်လို့ ကျွန်တော် တွေးလိုက်မိတယ်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဒီလို အခက်အခဲမျိုးတွေ ကြုံတဲ့ မိန်းကလေးမျိုးတွေ အများကြီး ရှိတယ်။ သူတို့ဟာ အဲဒီလို ကြီးမားတဲ့ အခက်အခဲတွေ ကြုံတွေ့ရတဲ့ အချိန်မှာ ဘာလုပ်ရမှန်း မသိတော့ဘူး။ သိသလောက် ကြားဖူးသလောက် နေရာလေးတွေတော့ သွားပြီး အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားတတ်ကြတယ်။ ဒါပေမယ့် အဆင်မပြေတဲ့ အခါကြတော့ ကိုယ့်ကိုကို သတ်သေသွားဖို့အထိ စဉ်းစားလာတတ်ကြတယ်။ နောက်တစ်ခုက သူတို့မှာ လတ်တလောကြုံတွေ့ရတဲ့ ဒီပြဿနာကြီးကို တခြားလူတွေ သိသွားမှာ ၊ အဓိကကတော့ ကိုယ့်မိသားစုတွေ သိသွားမှာ အရမ်းကြောက်ကြတယ်။ အဲဒိတော့ တစ်ယောက်တည်းကြိတ်ပြီး ပြေလည်အောင်ဖြေရှင်းဖို့ ကြိုးစားတာပေါ့။ ကိုယ်ရဲ့ တိုင်ပင်လို့ရမယ့် တစ်ယောက်တည်းသော ချစ်သူကောင်လေးကလည်း ထွက်ပြေးသွားတယ်ဆိုတော့ သူ့ဘ၀မှာ အားကိုရာဆိုလို့ ကောက်ရိုးတစ်မျှင် လောက်တောင် မရှိတော့ဘူး။

အခု ဒီနေ့တင်မယ့်ယတြာက အဲဒီလိုကိစ္စတွေ ကြုံတွေ့လာတဲ့အခါမှာ ဆောင်ရွက်လို့ရတဲ့ ယတြာပါ။ မသိရင်တော့ တော်တော်လေး ရှုပ်မယ့်အနေအထားရှိပါတယ်။ ဒါပေမယ့် သေသေချာချာလေး အေးအေးဆေးဆေးလေး ဖတ်ကြည့်မယ်ဆိုရင်တော့ နားလည်သွားမှာပါ။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးပေးပါ့မယ်။ ဒီနေရာမှာ ဒီယတြာအကြောင်းကို အသေးစိပ်မပြောခင် ဒီယတြာမှာ အသုံးပြုမယ့် အဖြစ်ဆိုတာရယ်၊ အညွန်ဆိုတာရယ်ကို သိစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီယတြာမှာ အသုံးပြုမှာတွေက အဲဒီအမြစ်ရယ် -အညွန့်ရယ်နဲ့ ဆောင်ရွက်မှာ မို့လို့ပါ။

အပေါ်ကပုံကို ကြည့်ကြည့်ပါ။ ဥပမာ သင်က အင်္ဂါသားသမီး တစ်ယောက်ဖြစ်တယ် ဆိုကြပါစို့။ အင်္ဂါရဲ့ အမြစ်ကို သိချင်၇င် ရှေ့က တနင်္လာဆိုတာဟာ အင်္ဂါရဲ့ အမြစ်ပေါ့။ နောက်က ဗုဒ္ဓဟူးကတော့ သင့်ရဲ့ အညွန့်ပေါ့။ အဲဒီအမြစ်နဲ့ အညွန်နှစ်ခုကို သိရရင် ဒီယတြာကို ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်လို့ရပါပြီ။ ကဲဗျာ...။ ဒီလောက်ဆိုရင် အမြစ်အညွန်ဆိုတာကို သိလောက်ပါပြီ။

ကဲယတြာစီရင်ပုံအပြည့်အစုံကို စကြရအောင်

(၁) ကော်မဟုတ်တဲ့ မြက်ယပ်တောင် နှစ်ခုလိုပါတယ်။ အောက်မှာ ကြည့်ကြည်လိုက်ပါ။

(၂) ကာယကံရှင်ရဲ့ အမြစ်နံ (အသား)ရယ် အညွန့်နံ(ပန်းတပွင့်)ရယ်။ နောက်ပြီး တစ်ဘက်လူနေ့နံရဲ့ အမြစ်နံ (အသား) ရယ်၊ အညွန့်နံ (ပန်းတစ်ပွင့်)ရယ် အရင်ရှာထားပါ။ ပြီးရင် ယပ်တောင်တစ်ချောင်းမှာ ကိုယ့်ရဲ့ (အမြစ်နံ) အသားရယ်၊ တစ်ဖက်လူရဲ့ အမြစ်နံ အသားရယ်ကို ပူးချဉ်ပါ။ ယပ်တောင်အရွက်မှာကတော့ ကိုယ့်ရဲ့ အညွန်နံပန်းတစ်ပွင့်ရယ်၊ တစ်ဖက်လူရဲ့ အညွန်နံပန်းတစ်ပွင့်ရယ် ပူးချဉ်ပါ။ ယပ်တောင်နှစ်ချပ်လုံးမှာ အထက်ပါအတိုင်း ဆောင်ရွက်ထားပါ။

ဟုတ်ပြီနော်။ အပေါ်မှာ ဥပမာအနေနဲ့ သောကြာသမီးတစ်ယောက်က သူ့ကို ပစ်သွားတဲ့ ဗုဒ္ဓဟူးသားတစ်ယောက်ကို ဓာတ်ရိုက်ဓာတ်ဆင် ဆောင်ရွက်ပုံကို ဥပမာအနေနဲ့ ပြထားပေးပါတယ်။

ဥပမာ သောကြာသမီးက ဗုဒ္ဓဟူးသားကို ဓာတ်ဆင်တယ် ဆိုကြပါစို့။

သောကြာသမီးရဲ့ အမြစ်နဲ့ အညွန့်ကို အရင်ဆုံး ရှာထားရမယ်နော်။ အမြစ်က ယပ်တောင်ရိုးမှာ ချဉ်ဖို့။ အညွန့်က ယပ်တောင် အရွက်မှာ ချဉ်ဖို့ပါ။ အပေါ်မှာ ပုံလေးဆွဲပြထားတယ်ဆိုတော့ ထပ်မရှင်းပြတော့ပါဘူး။

နောက်ဆုံးအဆင့် အားလုံး ယပ်တောင်နှစ်ခုမှာ အမြစ်တွေ၊ အညွန့်တွေအားလုံး စီစဉ်ပြီးသွားပြီဆိုရင်

မိမိအိမ်ဘုရားစင်ရှေ့မှာ သန့်ရှင်းသော ဇလုံတစ်လုံးထဲမှာ ဘုရားဆင်းတုတော်ကို ရေ (၁၂)ခွက်တိတိ သပ္ပါယ်ပါ။ ပြီးရင် အစီအရင် လုပ်ထားသောယပ်တောင်ဖြင့် ဆင်းတုတော်ကို (၁၀၈)ခေါက် ယပ်ခတ်ပြီး ကိုယ်ဖြစ်ချင်တာကို ဆုတောင်းပါ။ လေးလေးနက်နက် ဆုတောင်းပါ။ ကိုယ့်ကိစ္စပြီးစီးအောင်မြင်သည့်အထိ ဆောင်ရွက်ပါရန်။

အောက်ဖက်မှာတော့ (၇)ရက်သားသမီး အားလုံးအတွက် အမြစ်နံ အညွန့်နံတွေကို အဆင်ပြေပြေ သိရအောင် ဇယားကွက်လေးပြုလုပ်၍ ဖော်ပြပေးလိုက်ရပါတယ်။

ခင်မင်လေးစားရပါသော မိတ်ဆွေအပေါင်းတို့ခင်ဗျား.....
မည်သူမဆို အထက်ပါယတြာနျင့် ပါတ်သက်၍ တစုံတရာ မရှင်းလင်းသည်ဖြစ်ပါက ကျွန်ုပ်၏ စာရေးသားတင်ပြပုံ လိုအပ်၍သာ ဖြစ်ပါကြောင်းနှင့် ကျွန်ုပ်၏ အီးမေးလ်လိပ်စာဖြစ်သော sayaheintintzaw@gmail.com သို့ အားနာစရာ လုံးဝမလိုပဲ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း....

အားလုံး၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ငါကလွဲရင်-ဖွဲနဲ့ဇကွဲဖြစ်စေ...

လေးစားခင်မင်ရပါသော ဆရာဟိန်းတင့်ဇော်....

ကျွန်မနာမည် ပိုးလေးပါဆရာ။ အခုလောလောဆယ်တော့ စင်္ကာပူမှာ အလုပ်လုပ်နေပါတယ်။ အလုပ်အကိုင်ရော- နေရေးထိုင်ရေးပါ အဆင်ပြေပါတယ်။ ကျွန်မက အလုပ်အားရင် ဆရာ့ရဲ ဆိုက်လေးထဲမှာ အချိန်ပြည့် စာဖတ်နေတဲ့ ဆရာ့ရဲ့ စာဖတ်ပရိသတ်တစ်ယောက်ပါ။ ကျွန်မက ဆရာ့ရဲ့စာတွေကို ဖတ်ရုံတင် ဖတ်တာမဟုတ်ဘူးနော်။ အကုန်လုံးကို ပရင့်ထုပ်ထားသေးတာ။ ကျွန်မနဲ့ တွေ့ကြုံတဲ့ အခက်အခဲရှိနေတဲ့ သူငယ်ချင်းတွေဆိုရင် ကျွန်မက အမြဲတမ်း ယတြာတွေ လုပ်ပေးနေကြလေ။ တော်တော်များများတော့ အဆင်ပြေကြပါတယ်။

အခုတော့ သူများကိစ္စမဟုတ်ပါဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေတာနဲ့ ဆရာ့ဆီလှမ်းပြီး အကူအညီ တောင်းလိုက်ရတာပါဆရာ။ ထုံးစံအတိုင်းပေါ့ဆရာရယ်။ လူငယ်ဆိုတော့လည်း တခြားမဟုတ်ပါ ဘူး။ အိမ်ထောင်ရေးပေါ့ဆရာရယ်။ ပြောရဦးမယ် ဆရာရေ။ ကျွန်မမှာက အိမ်ထောင်ရှိပါတယ်။ ကျွန်မကသာ အခြအနေအရ စင်္ကာပူနိုင်ငံကို အလုပ်သွားလုပ်နေရတာပါ။ ကျွန်မအမျိုးသားကတော့ မြန်မာပြည်မှာပဲ နေပါတယ်ဆရာ။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်တုန်းက ရန်ကုန်က ကျွန်မသူငယ်ချင်းနဲ့ စကားပြောဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်မသူငယ်ချင်းက ကျွန်မကို ကျွန်မယောက်ျားအကြောင်း ဒီလို ပြောပြခဲ့တယ်။ သူငယ်ချင်း ပိုးလေးတဲ့ နင်ကတော့ နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေရတယ်။ နင်ယောက်ျားကိုလည်း နင်ပစ်မထားနဲ့နော်။ ဒီမှာ နင့်ယောက်ျားက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်တဲ့။ အဲဒီလို ပြောတဲ့စကားကို ကြားတဲ့နေ့က စပြီး ကျွန်မလေ စိတ်တွေအရမ်းလေနေတယ် ဆရာ။ အလုပ်လုပ်ရတာလည်း စိတ်မပါတော့ဘူး။ အိပ်ရင်လည်း အိပ်လို့ မပျော်တော့ဘူး။ ဘာမှလည်း စားချင်စိတ်သောက်ချင်စိတ် မရှိတော့ဘူး။ အချိန်ပြည့် ကျွန်မစိတ်က ကိုဦး ( အော်.. ကျွန်မယောက်ျား နာမည်က ကိုဦးပါဆရာ) ဆီကို ရောက်နေတယ်။

တစ်ခါတစ်လေလည်း ကျွန်လေ မြန်မာပြည်ကို ပြန်ပြီး မိသားစုနဲ့ အေးအေးချမ်းချမ်း အေးအတူပူအမျှ နေထိုင်ရရင် ကောင်းမလေားလို့တောင် တွေးမိတယ်ဆရာ။ ဒါပေမဲ့ ဒါက အတွေးပဲရှိပါတယ်။ တကယ့်လက်တွေ့ လုပ်လိုက်လို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ ဒါကြောင့် ဆရာရယ် ကျွန်မကို ကူညီပေးစေချင် ပါတယ်။ ကျွန်မလည်း စိတ်အေးလက်အေး ဒီမှာ ဆက်ပြီး အလုပ်လုပ်နိုင်အောင် ကျွန်မယောက်ျားလည်း ကျွန်မကို တစ်သက်လုံး အမြဲတမ်း ရိုးမြေကျ ချစ်ခင်မြတ်နိုး သစ္စာရှိအောင် တစ်ခုခု လုပ်ပေးပါဆရာ။ ကျွန်မလေ ကြာရင် ကိုဦးစိတ်နဲ့ ဒုက္ခရောက်တော့မှာမို့ပါ။ ဆရာ့အတွက် ညာဏ်ပူဇော်ခကို စင်္ကာပူဘဏ်အကောင့်ထဲကို ထည့်ပေးလိုက်ပါ့မယ်ဆရာ။

လေးစားခင်မင်စွာဖြင့်
ပိုးလေး (ခေတ္တ-စင်္ကာပူ)

ကျွန်ုပ်ထံသို့ အီးမေးလ်ပို့၍ စာရေးအကူအညီ တောင်းလာသော စင်္ကာပူမှပိုးလေး၏ စာကို ဖတ်၍ ကျွန်ုပ်သည် တစ်ခါတစ်ရံမျှ မြင်ဘူးတွေ့ဘူးခြင်း မရှိသော ပိုးလေးဆိုသူ၏ ရင်ထဲမှ ဒဏ်ရာများခံစားချက်များကို မြင်လိုက်ရ၏။ စာနာမိလိုက်၏။ နားလည်ပေးမိ၏။ တစ်ဖက်မှလည်း စင်္ကာပူတွင် အလုပ်တစ်ဖက်လုပ်နေရ၏။ တစ်ဖက်မှလည်းမြန်မာပြည်တွင် ကျန်နေသော မိမိ၏ လင်တော်မောင် ကိုဦးကိုလည်း စိတ်ပူနေရသော ပိုးလေး၏ ခံစားချက်များ၊ စိတ်သောကများသည် မည်မျှလောက် နာကျင်နေမည်လဲဟု တွေးမိလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ပိုးလေး၏ အိမ်ထောင်ရေး တည်တန့်ခိုင်မြဲအောင် သာယာအောင် ၊ သူ့ယောက်ျားကိုဦးဖြစ်သူ မိန်းမမရှုပ်ပဲ သူတစ်ဦးတည်းအပေါ်တွင် ခိုင်မြဲစေအောင်၊ သစ္စာရှိအောင် အဆောင်တစ်ခုခု လုပ်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ သို့သော် ပိုးလေးသည် ယခုလောလောဆယ် စင်္ကာတွင် ရောက်နေ၏။ ကျွန်ုပ်က ထိုင်းနိုင်ငံတွင် ရှိနေ၏။ သူနှင့် ကျွန်ုပ်သည် လွန်စွာ အလှမ်းကွာနေ၏။ ထို့ကြောင့် အဆောင်များ ယတြာများ မည်ကဲ့သို့ စီစဉ်ပို့ပေးရမည်းနည်း။ အိမ်ထောင်ရေးနှင့်ပါတ်သက်သော အဆောင်များစွာရှိ၏။ သို့သော် စင်္ကာပူတွင် လုပ်၍ အဆင်ပြေပါမည်လား။ အစရှိသည်ဖြင့် အတွေးများစွာဖြင့် ရှိနေလေရာ ကျွန်ုပ်သည် ပိုးလေးထံသို့ Reply- ပြန်မလုပ်ဖြစ်ခဲ့ပေ။ (၃) ရက်အကြာတွင် ပိုးလေးထံမှ ကျွန်ုပ်ထံသို့ အကူအညီပေးပါရန် စာတစ်ဆောင်ထပ်ရောက်လာလေ၏။ ထို့ကြောင့် ရက်ပိုင်းအတွင်း အကြောင်းပြန်ပေးမည့်အကြောင်းနှင့် ယတြာအတွက် စီစဉ်နေကြောင်း စာပြန်ပေးလိုက်လေ၏။

ကျွန်ုပ်သည် ထိုရက်ပိုင်းတွင် အဆောင်ကိစ္စများတွက် စီစဉ်ရလေ၏။ ထို့ကြောင့် ကိုဦးသည် တနင်္ဂနွေသား ဖြစ်၏။ ပိုးလေးသည် ကြာသပတေးသမီးဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေအတွက် အင်သားရှာရ၏။ ကြာသပတေးအတွက် ပျဉ်းမသားကို ရှာရ၏။ ထိုအသားနှစ်ခုနှင့် အဆောင် စီရင်ပေးရ၏။ ထိုအဆောင်စီရင်ပုံကို အောက်တွင် အသေးစိပ်ဖော်ပြပေးပါမည်။

အဆောင်တစ်ခု စီရင်ပြီးသည့်နောက်ပိုင်းတွင် ထိုအဆောင်ကို စင်္ကာပူရှိ ပိုးလေးထံသို့ ပိုပေးရန် စီစဉ်ရပြန်၏။ အစပထမတွင် ကျွန်ုပ်သည် လူကြုံနှင့် ပို့ပေးရန် စဉ်းစားမိလေ၏။ သို့သော် လူကြုံဆိုသည်မှာ ကြုံမှ ဖြစ်မည့်ကိစ္စဖြစ်သောကြောင့် ထင်သလောက်မလွယ်ကူလှပေ။ ထို့ကြောင့် ကျွန်ုပ်သည် နည်းလမ်းပေါင်းစုံကို တွေးနေမိ၏။ တစ်ရက်တွင် ကျွန်ုပ်ထံသို့ အမေရိကတွင် ရှိသောမိတ်ဆွေတစ်ဦးမှ တားရော့ကဒ်တစ်ထုပ်ကို စာတိုက်မှ ပို့ပေးလိုက်လေ၏။ ကျွန်ုပ်ထံသို့ (၇)ရက်ခန့်အကြာတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေရာ တားရော့ထုပ်လေးကို ကြည့်ရင်း အကြံတစ်ခုရမိ၏။ ပိုးလေး၏ အဆောင်ကို စာတိုက်မှ သွားပို့ရရင် ကောင်းမည်ဟု တွေးမိ၍ ချက်ချင်းဆိုသလိုပင် စာတိုက်သို့သွားကာ စုံစမ်း၏။ ထိုသို့ စုံစမ်းရာ နိုင်ငံတကာသို့ ပစ္စည်းများ ပို့လို့ရသည်ဟု သိရလေ၏။ ထိုအကြံကို အခုမှ ဘာကြောင့်သိရတာလည်းဟူ၍လည်း မိမိကိုယ်ကို အားမလိုအားမရဖြစ်မိလေ၏။

ပစ္စည်းပို့ရာ၌ နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ပုံမှန်အတိုင်း ပို့ခြင်းဖြစ်၏။ တစ်မျိုးမှာ အမြန်ချောပို့ခြင်း ဖြစ်၏။ ထိုနှစ်မျိုးတွင် ပို့ခအဖြစ် အမြန်ချောပို့အဖြစ် ငွေငါးဆပို၍ပေးရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ပိုးလေး၏ အိမ်လိပ်စာအပြည့်အစုံကို တောင်းယူ၍ ပိုးလေးအတွက် အဆောင်ကို ပို့ပေးလိုက်လေတော့၏။ (၄)-ရက်ခန့်အကြာတွင် ပိုးလေးမှ ဖုံးဆက်၍ ကျွန်ုပ်ပို့ပေးလိုက်သော အဆောင်ကို ရရှိပြီဖြစ်ကြောင်း ဖုံးဆက် ပြောပြ၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း ဤအဆောင်လေးကို ယုံယုံကြည်ကြည်နှင့် ဆောင်ထားရန်နှင့် ကိုဦးကို တစ်စုံတစ်ရာ ပြောဆိုချင်သော ကိစ္စများရှိပါကလည်း ကိုဦးကို ထိပ်တိုက်မပြောခင် ဤအဆောင်လေးကို ကြည့်၍ အရင်ဆုံးစကားများအမိန့်များ ပေးနိုင်ကြောင်း ပြန်လည်ပြောပြလိုက်လေ၏။

မိတ်ဆွေများခင်ဗျာ....

အထက်ပါအဆောင်သည် အိမ်ထောင်ရေးတွင်မက အချစ်ရေးကိစ္စများတွင်လည်း အသုံးပြုနိုင်ယုံမက မိမိနှင့် ဘ၀တစ်ခုလုံးရေရှည် အဆင်ပြေချင်သော မိသားစုများ ၊ စီးပွားရေးလက်တွဲဖော်များ၊ သူငယ်ချင်းများနှင့်လည်း ဆောင်ရွက်ထားနိုင်ပါတယ်။ သို့သော် တစ်ခု ကြိုတင်မေတ္တာရပ်ခံချင်သည်မှာ ကောင်းမြတ်သော မေတ္တာစိတ်ကိုသာ အခြေခံ၍ ပြုလုပ်ကြပါရန် ကြိုတင်၍ ပြောဆိုလိုပါတယ်။ ကိုယ်ပြုသမျှကံ ကိုယ့်ဆီပြန်လာတတ်သောကြောင့် ကောင်းမွန်သော စိတ်စေတနာကိုသာ အရင်းခံ၍ ပြုလုပ်ဆောင်ရွက်မည် ၊ သစ္စာဆို ဆောင်ရွက်မည်ဆိုပါက မုချ အောင်မြင်နိုင်ပါကြောင်း ကြိုတင်၍ ပြောဆိုလိုက်ပါရစေ...။

ထိုအဆောင်ကို မည်သူမဆို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နှိုင်ပါတယ်။ အရမ်းလည်း ထိရောက်ပါတယ်။ အရမ်းလည်း စွမ်းပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိပါက ကျွန်ုပ်ထံသို့ လိပ်စာအတိအကျ ၊ မွေးနံအတိအကျများကို (sayaheintintzaw@gmail.com) သို့ ပေးပို့ အကူအညီ တောင်းနိုင်ပါတယ်။ သင့်ဘက်က ကုန်ကျစရိပ်လောက်သာ ကျခံပါ။ ကျွန်ုပ်ဘက်က မေတ္တာဖြင့် စီရင်၍ ပြန်လည်ပေးပို့လိုက်ပါမည် ဖြစ်ပါကြောင်း......

အစီအရင်အပြည့်အစုံ

အသားလေးနှစ်ခု ရှာပါ။ အဆောင်လုပ်မှာဆိုတော့ သေးသေးလေးဆိုရပါတယ်။ အရှည်ကတော့ (၁)လက်မလောက်ဆိုရင် ရပါပြီ။ အသားကတော့ ကိုယ်ရဲ့ နေ့နံအသားက တစ်ခုပေါ့။ ကိုယ်စီရင်မယ့် သူရဲ့ နေ့နံအသားက တစ်ခု။ ပြီးရင် အဲဒီ အသားလေးနှစ်ခုကို ကန့်လန်လုပ်လိုက်။ ပြီးရင် ကန့်လန့်နေရာမှာ ကြိုးအမဲနဲ့ ခေါက်ဆွဲတုတ်ချဉ်သလို ပတ်ချဉ်ရမယ်။ အပေါ်မှာတော့ ဓာတ်မိသွားအောင် တစ်ဖက်လူရဲ့ ဓာတ်ပုံကပ်ပေါ့။ ဓာတ်ပုံကိုလည်း အသားကသေးရင် ကပ်လို့ မရဘူးဆိုရင် ပတ်လိုက်ပေါ့ဗျာ။ ပြီးရင် အင်္ကျီအနီလေး ၀တ်ပေးပြီး ဒီလိုပြောရမယ်။ ငါကလွဲရင် ဘယ်သူ့ကိုမှ မချစ်နဲ့။ ငါတစ်ယောက်တည်းကိုပဲ ချစ်ရမယ်။ ငါ့ကိုပဲ စွဲစွဲမြဲမြဲ ချစ်ရမယ်။ အဲဒီလို ပြောရမယ်။ ပြီးရင် ထုံးစံအတိုင်း အိပ်ယာပေါ် ကိုယ့်ခေါင်းအုန်းဘေးမှာ ထားသိပ်ပေါ့။ နေ့နံအသားတွေကတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပါပြီနော်။

ကဲ... အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အချစ်ရေးနှင့်-စိတ်ညှို့ပညာ

ဒီတစ်ခါ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဗေဒင်အကြောင်းလည်း မပါဘူး။ ယတြာအကြောင်းလည်းမပါဘူး။ အဆောင်တွေအကြောင်းလည်း မဟုတ်ပါဘူး။ မရေးတာကြာပြီဖြစ်တဲ့ စိတ်တန်ခိုးနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ စိတ်တန်ခိုးနဲ့ ပတ်သက်ပြီး ရေးရတာကတော့ အရမ်းတာဝန်ကြီးမားပါတယ်။ တစ်စုံတစ်ယောက်က မင်းကကော ဘယ်အဆင့် ရောက်နေလို့လဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဘာအဆင့်မှ မရသေးပါဘူး။ ဘာအဆင့်မှလည်း မလိုချင်ပါဘူး။ ကြိုးစားဆဲ-လေ့လာဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဆိုက်လေးထဲကို လာရောက်လေ့လာတဲ့ စာဖတ်သူများကို သိစေချင်တဲ့ စေတနာသက်သက်ဖြင့် သိသလောက် ရေးသားပေးလိုက်တာပါ။

အချစ်ဆိုသောအရာ

ဟုတ်ပြီ။ အချစ်ဆိုသော အရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ

အိုကေနော်....။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုး ရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေး ရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့ လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ... ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့

နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။

အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့ အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကို မပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့ နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း

အဲဒီတော့ ဒီနေရာမှာ ကျွန်တော်က ယောက်ျားလေးဆိုတော့ ယောက်ကျားလေး နေရာကနေ ရေးမယ်နော်။ ဥပမာ ကျွန်တော်က ကောင်မလေး တစ်ယောက်ကို ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်မလေး ကျွန်တော်ကို ပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။

ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့ အလုပ်ကို ယုံကြည်ရမယ်။ ငါ ဒီစိတ် အလုပ်ကို လုပ်တယ်။ တစ်နေ့ထက် တစ်နေ့ ငါအလိုရှိတဲ့ အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။ ဖြူဖြူကျော်သိန်းဆိုရင် ဖြူဖြူကျော်သိန်းပဲ။ ဖြူဖြူကျော်သိန်းကို မရရင် မိုးဟေကိုကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်မလေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်က လိုချင်နေတာ ဆိုရင် ကိုယ့်ဆီမှာလည်း မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။

ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။

အိုကေ...။ စပြီ။ ကောင်မလေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။ ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက် ခတ်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။

အိုကေ ...။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကောင်မလေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်မလေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကို အရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်မလေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာ ပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်မလေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်မလေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည် စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာ မဖြူ။ ကျွန်တော် မဖြူကို စကား ပြောချင်တယ်။ ကျွန်တော့် စကားကို သေသေချာချာ နားထောင်နော်။ ကျွန်တော်ကတော့ မဖြူ့ကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။ အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်တော်က မဖြူကို စွဲလန်းချစ်ခင် နေသလိုပဲ မဖြူကလည်းကျွန်တော်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်း ပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်ရှင်ပေါ့။

(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကို ၀င်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင် ၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)

အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။

အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။

မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက်ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တနခိုးကို မလိုချင်ပါ။ ရေထဲမှာ သွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။ ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကို သာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့် အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

မိမိအပ်နှံထားသောပစ္စည်းများ ပြန်တောင်းရစေသောနည်း

သူ့နာမည်က ဦးအေးမောင်တဲ့၊ သူက မွန်လူမျိုး ၊ အသက် လေးရှစ်လောက်ရှိတဲ့ ၊ စိတ်သဘောထားပြည့်ဝပြီး ခင်မင်ဖော်ရွှေတတ်တဲ့ ဦးလေးကြီးတစ်ယောက်ပါ။ သူက လူတစ်ဖက်သားကို အရမ်းလည်း ကူညီတတ်တယ်။ ဒုက္ခရောက်နေတဲ့လူကို တွေ့ပြီဆိုတာနဲ့ မကူညီရရင်ကို မနေနိုင်ဘူး။ နောက်ပြီး သူ့မှာရှိလို့ကတော့ အကူအညီ လာတောင်းတဲ့လူက မရသွားဘူးဆိုတာကို မရှိတာ။ ငွေမတတ်နိုင်ရင် လူနဲ့ ကူညီပေးတာ။ ပြောရရင်တော့ စိတ်ကောင်းအလွန်ရှိတဲ့ ဦးလေးကြီးတစ်ယောက် ဆိုပါတော့။

သူ-စိတ်ကောင်းရှိလွန်းလို့ ဒုက္ခရောက်တာလည်း ကျွန်တော်မှတ်မိသေးတယ်။ အမှန်ကတော့ ပြဿနာက ကျွန်တော်ကစတဲ့ ဇာတ်လမ်း။ ဖြစ်ပုံက ဒီလို။ တစ်နေ့ အလုပ်ပိတ်ရက်မှာ ဦးအေးမောင်ကြီး ကျွန်တော်အခန်းကို လာလည်တယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျွန်တော့်ဆီကို ဖုံးတစ်လုံးဝင်လာတယ်။ တစ်ဘက်က ပြောတာကို ကျွန်တော်က လုံးဝနားမလည်ဘူး။ တစ်ဘက်လူက ကျွန်တော်ကို မွန်လိုပြောနေတာကိုး။ အဲဒီတော့ ကျွန်တော်က နားမလည်တော့ မွန်လူမျိုး ဦးအေးမောင်ကြီးကို ဖုံးလှမ်းပေးလိုက်တယ်။

ကျွန်တော်ရှေ့မှာ ဦးအေးမောင်ကြီးတစ်ယောက် မွန်လို စကားတွေပြောနေတာ နာရီဝက်လောက်တောင် ကြာတယ်။ စိတ်ဝင်တစားကို ပြောနေတာနော်။ အခြေအတင်ကို ပြောနေတာ။ နောက်ပြီး သူကလည်း ဘာတွေလည်းမသိ ပြန်ပြန်မေးတယ်။ အဲဒီလိုနဲ့ နာရီဝက်လောက် ကြာတော့ ဦးအေးမောင်ကြီးတစ်ယောက် ရုတ်တရက်ကြီး မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဖုံးကို ကျွန်တော့် ပြန်ပေးလိုက်ရင်း သွားလိုက်ဦးမယ်ဆရာလေးရေ။ လုပ်စရာလေး ချက်ချင်းပေါ်လာလို့ဆိုပြီး သုတ်တိသုတ်ပြာနဲ့ ကျွန်တော့်အခန်းထဲက ပြန်ထွက်သွားတယ်။ ကျွန်တော်လည်း စဉ်းစားပြီး ကျန်နေခဲ့တယ်။ ဒီလူကြီး ဘာဖြစ်သွားတာပါလိမ့်ပေါ့။

ညနေ(၆)နာရီလောက်ရောက်တော့ ဦးအေးမောင်ကြီးတစ်ယောက် ကျွန်တော့်အခန်း ပြန်ဝင်လာပြန်တယ်။ မျက်နှာကတော့ ရှုံ့မဲ့မဲ့နဲ့။ တစ်ခုခုကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတဲ့ ပုံနဲ့ ။ အဲဒီတော်မှ ကျွန်တော်လည်း တနေကုန်သိချင်နေတဲ့ ကိစ္စကို မအောင်အီးနိုင်ပဲ ဖွင့်မေးလေိုက်တယ်။ အဲဒီတော့မှ ဦးအေးမောင်ကြီးက ကျွန်တော်ကို ဒီလိုပြောပြတယ်။ အဖြစ်က ဒီလို...

ဒီလိုဆရာလေးရေ..။ မနက်တုန်းက ဆရာဆီကို အမျိုးသမီးတစ်ယောက် ဖုံးဆက်တယ်။ မွန်လိုပြောတယ်။ ဆရာက နားမလည်တော့ ကျွန်တော်ဆီကို ဖုံးပေးလိုက်တယ်လေ။ အဲဒီမှာ ဖုံးဆက်လာတာက ဗန်ကောက်မှာ အိမ်ဖော်လုပ်နေတဲ့ မွန်အမျိုးသမီးတွေလို့ ပြောတာပဲ။ သူတို့က ညီအမနှစ်ယောက်တဲ့။ သူကတော့ တစ်ခုလပ်တဲ့။ သူ့ညီမလေးကတော့ အပျိုလေးတဲ့။ အခု သူတို့ ညီအမနှစ်ယောက် ဒုက္ခအရမ်းရောက်နေလို့ လာကယ်ပါတဲ့။ မွန်လူမျိုးအချင်းချင်းလှမ်းပြီး အကူအညီတောင်းတာပါတဲ့။

အဲဒီတော့ ကျွန်တော်က ဘာဖြစ်တာလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီတော့ သူတို့က ဘာပြောလဲဆိုတော့ အခုလောလောဆယ် သူညီမအပျိုမလေးကို သူတို့လုပ်နေတဲ့ အိမ်က သူဋ္ဌေးက အတင်းယူမယ်လုပ်နေတယ် လို့ ပြောတယ်။ အဲဒါအဲဒီအိမ်ကနေ ထွက်သွားချင်တာပါတဲ့။ ဒီကနေ ထွက်မသွားရင် သူ့ညီမလေး ရေတိမ်နစ်ရပါလိမ့်မယ်။ ကယ်ပါဦးလေးရယ်လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က ဒါဆို လိပ်စာပေး ဦးလေးလာကြိုမယ်လို့ ပြန်ပြောလိုက်တော့ အဲဒီအမျိုးသမီးက အခုလောလောဆယ်တော့ သူက အရေးမကြီးပါဘူး။ သူ့ကိုလည်း သူဋ္ဌေးက မကြိုက်တော့ အရေးမကြီးဘူး။ အရေးကြီးတာက သူ့ညီမ အပျိုလေး ဘ၀မပျက်အောင်တော့ ကူညီပေးပါလို့ ပြန်ပြောတယ်။

ထိုအခါ ကျွန်တော်က စကားဖြတ်ပြီး အော်..မနက်တုန်း က အရေးတကြီး ထထွက်သွားတာ ဒီကိစ္စပဲပေါ့လေလို့ ဆိုတော့ ဦးအေးမောင်ကြီးက ဟုတ်တယ်ဆရာလေးရေလို့ ပြန်ပြောတယ်။ နောက်တော့ ဆက်ပြောပါဦးလို့ ကျွန်တော်က စကားဆက်ထောက်ပေးလိုက်တော့ ဦးအေးမောင်ကြီးက သူ့အဖြစ်အပျက်ကို ဆက်ပြောပြတယ်။

အဲဒီလိုနဲ့ ကျွန်တော်က လာကြိုမယ်လို့ ပြောတော့... အဲဒီဖုံးဆက်တဲ့ အမျိုးသမီးက ဒီလိုပြန်ပြောတယ်ဆရာရေ။ ဦးလေးတဲ့။ ဦးလေးကူညီမယ်ဆိုရင် ဒီလို ကူညီလို့ မရသေးဘူးတဲ့။ သူဋ္ဌေးက ပြောတယ်။ တကယ်လို့ နင့်ညီမကို ဒီမှာဆက်မထားချင်ရင် မြန်မာပြည်က လာတုန်းက ငါစိုက်ထားတဲ့ လမ်းစရိတ်တွေ ကို ပြန်အမ်းပေးရင် ခွင့်ပြုမယ်လို့ ပြောတယ်။ ပိုက်ဆံမရရင်တော့ လုံးဝ အိမ်ကနေ ပြန်ခွင့်မပေးဘူးလို့ သူဋ္ဌေးက ပြောတယ်လို့ ဖုံးဆက်တဲ့ မိန်းကလေးက ပြောတယ်ဆရာလေးရေ။

အဲဒီတော့ ဦးလေးရယ် ကျွန်မကတော့ အိမ်ထောင်လည်းကျပြီးသားဆိုတော့ ကျွန်မအတွက်ကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဖြစ်နိုင်ရင် ကျွန်မ ညီမလေးရဲ့ ဘ၀ရေတိမ်မနစ်အောင် ကူညီပေးစေချင်တယ်။ ဖြစ်နိုင်ရင်လေ ကျွန်မညီမလေးပေးရမယ့် ပိုက်ဆံရှစ်ထောင်ကို ဦးလေးက စိုက်ပြီး ကူညီပေးစေချင်တယ်။ သူ ဦးလေးတို့အိမ် ရောက်လာရင် အလုပ်လုပ်ပြီး ပြန်လုပ်ဆပ်ပါ့မယ်လို့ သူက ဆက်ပြောတယ် ဆရာရေ...

အဲဒီမှာ ကျွန်တော်ကလည်း ဘာမှ မစဉ်းစားတော့ဘူး။ ကိုယ့်မှာကလည်း သမီးတွေနဲ့ မဟုတ်လား။ သမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ချက်ချင်းပဲ ကူညီပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာ။ ခပ်တိုတိုပြောရရင်တော့ ဆရာရေ။ ညနေ နှစ်နာရီလောက်မှာ မိန်းကလေးတစ်ယောက် အသက်ကတော့ (၂၀)လောက်တော့ရှိမယ်ထင်တယ်။ တက္ကစီနဲ့ ကျွန်တော့်အခန်းကို ရောက်လာတယ်ဆိုပါတော့။ သူ့အမကတော့ ပိုက်ဆံကို သူဋ္ဌေးကိုပေးဖို့ တက္ကစီ ကားသမားနဲ့ ထည့်ပေးလိုက်ပါဆိုလို့ ကျွန်တော်လည်း ပိုက်ဆံရှစ်ထောင်ကို အဲဒီ ကောင်မလေးကို လာပို့တဲ့ ကားသမားနဲ့ ထည့်ပေးလိုက်တယ်။ ကောင်မလေးကတော့ ကျွန်တာ့်အခန်းကို ရောက်လာတယ်ပေါ့။ ထိုအခါ ကျွန်တော်ကလည်း ဦးအေးမောင်ကြီး စကားကို ဖြတ်ပြီး ဒီလိုပြောလိုက်တယ်။

ကောင်းလိုက်တာဗျာ။ ဒီ ကုသိုလ်က ဘာနဲ့မှ လဲလို့မရဘူးဗျ။ သူတစ်ပါး ဘ၀ပျက်မယ့်ဘေးကနေ သီသီကလေး လွတ်မြောက်အောင် ကူညီပေးတာ အင်မတန် မွန်မြတ်တဲ့ ကူညီဖေးမမှု့ပါပဲ ဦးအေးမောင်ကြီးရာ။ သာဓုဗျာ သာဓုလို့ ပြန်ပြောလိုက်တော့ ဦးအေးမောင်ကြီးက မျက်နှာကြီး နီသွားပြီး...ဘယ်ကလာ ကုသိုလ်ရရမှာလည်း ဆရာလေးရဲ့။ အခု အဲဒီကောင်မလေး အိမ်အောက်ကို ခနသွားဦးမယ်ဆိုပြီး ဆင်းသွားတာ အခုထိ ပေါ်မလာတော့ဘူး ဆရာလေးရေဟု ပြန်ပြောလေတော့၏။ သေချာတာ ကတော့ ငွေရှစ်ထောင်ပါသွားပြီ ဆရာလေးရေ...ဟု ဦးအေးမောင်ကြီးက ပြန်ပြောလေ၏။

အဲဒီ ဦးအေးမောင်ကြီးက အဲဒီလောက် သူတစ်ပါးအပေါ်ကို ကူညီပေးတာ။ ကိုယ့်ဘ၀ အပျက်ခံပြီး ကူညီပေးမယ့် လူစားမျိုးပဲ။ ယခုလည်း ဦးအေးမောင်ဆိုသော ဦးလေးကြီးသည် ကျွန်တော့် ဗေဒင်ဟောခန်း ထဲ ရောက်လာပြီးလျှင် အောက်ပါအတိုင်း ပြောလေ၏။

ဒီတစ်ခါလာတာကတော့ ဆရာလေးဆီက အကူအညီတောင်းစရာလေးရှိလို့ပါ။ မြန်မာပြည်က ကျွန်တော့် အိမ်နဲ့ ခြံ စာချုပ်စာတမ်းတွေကို အမကြီးဆီမှာ အပ်ထားတာ။ အဲဒါလေးတွေကို ပြန်တောင်းတာ တောင်းလို့ကို မရဘူးဖြစ်နေတယ်။ ကျွန်တော့်ရဲ့ ဆန္ဒက အဲဒီအိမ်နဲ့ ခြံကို ရောင်းပြီး မော်လမြိုင်မြို့သစ်ဘက်မှာ အသစ်ပြန်ဝယ်ချင်တာ။ အဲဒီစာချုပ်စာတမ်းလေးတွေကို ပြန်တောင်းလို့ရအောင် အမကြီးက ထုပ်ပေးအောင် ဆရာလေးက ယတြာပေးပါဟု ပြောသောကြောင့် ကျွန်ုပ်လည်း မိမိ၏ ပစ္စည်းများ သူတစ်ပါးထံတွင် အပ်နှံထားပါက ပြန်တောင်းရစေသော အောက်ဖော်ပြပါ ယတြာနည်းကို ဦးအေးမောင်ကြီးအား ပေးလိုက်လေတော့သတည်း။

မိမိအပ်နှံထားသော ပစ္စည်းများကို သွားတောင်းခါနီးတွင် လက်အုပ်ချီ၍ ပိသော ဟူသောဂါထာကို (၁၀၈)ခေါက် ရွတ်သွားပါ။ မိမိကို မြင်တာနဲ့ အပ်နှံထားသော ပစ္စည်းများကို လွယ်လင့်တကူ ထုပ်ပေးပါလိမ့်မယ်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Sunday, March 20, 2011

Saturday, March 19, 2011

Thursday, March 17, 2011

Wednesday, March 16, 2011

Tuesday, March 15, 2011

Sunday, March 13, 2011

Friday, March 11, 2011

Thursday, March 10, 2011

အလုပ်ထွက်ခွင့်ရစေသောယတြာနည်းတစ်ခု

တစ်ခါတလေမှာ ကိုယ်က အကြောင်းကြောင်းကြောင့် အလုပ်ထွက်ချင်တယ်။ ကိုယ်လက်၇ှိလုပ်နေတဲ့ အလုပ်ရှင်က အလုပ်ပေးမထွက်ဘူး။ ဥပမာဗျာ... အခုလုပ်တဲ့ အလုပ်က လစာ ၁၀၀၀-ရတယ်ဆိုပါစို့။ နောင် လုပ်မယ့် အလုပ်က ၁၅၀၀-ရတယ်ဆိုရင် ကိုယ်က အလုပ်ပြောင်းချင်တယ်။ နောင်ပြောင်းမယ့် အလုပ်သူဋ္ဌေးကလည်း အခုလက်ရှိ အလုပ်ပိုင်ရှင် သူဋ္ဌေးရဲ့လက်မှတ်ပါမှ အလုပ်လက်ခံမယ် ဆိုပါတော့။ အခုအလုပ်ကလည်း အလုပ်ထွက်ဖို့ ပြောတာကို နေ့ရွေ့ညရွေ့ ရွေ့နေတယ်ဆိုရင် ဒီယတြာနည်းနဲ့ ဆောင်ရွက်ကြည့်လိုက်ပါ။

တော်တော်လေးလည်း အဆင်ပြေကြပါတယ်။ ကျွန်တ်ာတို့ ထိုင်းမှာဆိုရင်တော့ အဲဒီပြဿနာက တော်တော်လေး ရှိပါတယ်။ ဘန့်ကျဲ့အော်-လို့ခေါ်တဲ့ အလုပ်ပြောင်းတဲ့ ကိစ္စ၊ အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ်လက်ရှိ လုပ်ကိုင်နေတဲ့ သူဋ္ဌေးက ညစ်လိုက်လို့ရှိရင် ကိုယ့်အလုပ်ပြောင်းတဲ့ ကိစ္စက တော်တော်လေးကို ကြာနေတာ။ ဒါဆိုရင် ဒီယတြာကိုသာ ဆောင်ရွက်လိုက်ပါ။ အဆင်ပြေပါတယ်။ မြန်ပါတယ်ဗျာ။

အလုပ်ထွက်ခွင့်ရစေသောယတြာနည်း

အရင်ဆုံး နွားကို အစာကျွေး၍ ဆုတောင်းပါ။ နောက် အိမ်ဘုရားမှာ နို့မှုန့်ကပ်လှူပြီး ဆုတောင်းလိုက်ပါ။

သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

Saturday, March 5, 2011

နှင်းဆီပန်းကိုးပွင့်နှင့် ကုမ္ပဏီအောင်မြင်စေသောနည်း

မှတ်မှတ်ရရ ၂ဝဝ၉-ခုလောက်တုန်းက ဖြစ်မည်။ ကျွန်ုပ်သည် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ ခေတ္တ အလည် ပြန်သောအချိန်တွင် ဖြစ်၏။ ရန်ကုန်မြို့တွင် ကျွန်ုပ်နှင့် လွန်စွာရင်းနှီး ခင်မင်သော မိတ်ဆွေတစ်ဦးအိမ်တွင် (၃)ရက်ခန့် တည်းခိုနေထိုင်ခဲ့လေ၏။ သူသည် ရန်ကုန်မြို့ ဆိပ်ကမ်းသာ မြို့နယ်ဘက်တွင် ကုမ္ပဏီတစ်ခု ဖွင့်ထား၏။ သူ၏ ကုမ္ပဏီမှာ နိုင်ငံခြားသို့ သွားရောက်မည့် သူများကို အကျိုးဆောင်ပေးသော ကုမ္ပဏီတစ်ခု ဖြစ်လေ၏။

သူသည် ဗေဒင်ပညာနှင့် ပါတ်သက်၍ အရူးအမူး ၀ါသနာပါ စွဲလန်းသူဖြစ်လေ၏။ သူနှင့် ကျွန်ုပ် တညလုံးထိုင်၍ သူ၏အိမ်ရှေ့ ၀ရံတာတွင် ထိုင်၍ စကားပြောဆိုရာမှ သိလိုက်ရသည်မှာ သူ၏ ကုမ္ပဏီတစ်ခုလုံး ဘာကိုပဲ လုပ်လုပ် ဗေဒင်တွက်၍ လုပ်သည်ဟူ၏။ အလုပ်သမားခန့်လျှင်လည်း အရည်အချင်းကို မကြည့် ဘာနေ့သားလည်း ဆိုတာကိုသာ အရင်ကြည့်သည်ဆို၏။ ဘယ်နိုင်ငံ အကျိုးပေးသနည်းဟု တွက်ချက်ကြည့်ပြီးမှသာ နိုင်ငံခြား ကုမ္ပဏီများနှင့် ဆက်သွယ်သည်။ ၀ပ်ပါမစ်တင်သည် ဆို၏။ ကုမ္ပဏီဝန်ထမ်းများ၏ ၀တ်စုံကို အကျိုးပေးသော အရောင်များကို တွက်ချက်၍ ချုပ်စေ၏။ ၀တ်စုံကို အနည်းဆုံး(၃)စုံ ချုပ်ထား၍ ဘယ်နေ့မှာ ဘာဝတ်ရမည်ဆိုသည်ကို ပုံစံစွဲထားသည်ဆို၏။

သူ၏ ကုမ္ပဏီရုံးခန်းတွင်လည်း အတိတ်နိမိတ်ကောင်းစေသည့် ဓာတ်ပန်ချီပုံများကို မှန်ဘောင်ကြီးများဖြင့် သွင်းကာ ချိပ်ထားလေ၏။ သူ၏ ပြောပြချက်အရဆိုလျှင် ဤပုံများကို ချိပ်ဆွဲသော အခါတွင်လည်း မွေးနံန၀င်းကျသော မွေးနေ့ (၉း၄၅)တိတိတွင် တိတိကျကျ ချိပ်ဆွဲသည်ဟု ပြောပြလေ၏။ သူ၏ အလုပ်စားပွဲ ပေါ်တွင်လည်း ရွှေချထားသော သံလျှက်များ၊ ရွှေချ၍ ကျောက်စီထားသော သေတ္တာငယ်လေးများ၊ အစရှိသော အဆောင်များနှင့် ပြည့်နှက်နေလေ၏။ နိုင်ငံခြားမှ လာသော ဧည်သည်များကဆိုလျှင် သူ့အား ထိုအဆောင်ပုံများကို မေးကြသောကြောင့် သူသည် ထိုအဆောင်ပုံများအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းရှင်းပြရသည် ဆို၏။ ထိုင်းနိုင်ငံနှင့် အကျိုးမပေးသော နှစ်တစ်နှစ်တွင် သူသည် ထိုင်းနှင့် အလုပ်တွဲလုပ် မိသောကြောင့် သူ၏ စီးပွားတ၀က်ခန့် လျှောကျသွားယုံမက အမှု့အခင်းများတောင် ဖြစ်သွားသေးသည်ဟု သိရလေ၏။

ကျွန်ုပ်သည် ထိုမိတ်ဆွေကို ကြည့်၍ ဗေဒင်ပညာကို တဖက်စွန်းရောက်အောင် ယုံကြည်လွန်းသည် ဟု တွေးထင်မိသောကြောင့် ကျွန်ုပ်က ၎င်းအား အောက်ပါအတိုင်း ပြောလိုက်မိလေ၏။

ဒီမှာ မိတ်ဆွေကြီးရဲ့။ ဗေဒင်ကို ယုံကြည်တယ်ဆိုတာလည်း ယုံကြည်တာပေါ့ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော အရမ်း တစ်ဖက်စွန်းရောက်အောင် ယုံကြည်တာတော့ မကောင်းဘူးထင်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ပဲ ကောင်းပေတာပေါ့။ ကျွန်တော်လည်း ဗေဒင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြု တဲ့ ဗေဒင်ဆရာ တစ်ဦးပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောသင့်တယ်ထင်လို့ ပြောရမှာပဲဗျာ။ ဗေဒင်ပညာကို အဒီလောက်ကြီးတော့ အစွန်းတစ်ဖက်ရောက်အောင် မယုံကြည်သင့်ပါဘူးဟု ကျွန်ုပ်က ပြောလိုက်လေရာ ထိုမိတ်ဆွေသည် တချက်မျှ ပြုံလိုက်ပြီးလျှင်...

ဒီလိုရှိပါတယ် ဆရာရယ်။ ဆရာပြောသလို ကျွန်တော်ကို တွေ့တဲ့လူတိုင်း ပြောကြပါတယ်။ ဒါပေမယ် ကျွန်တော် စဉ်းစားကြည့်ပါတယ်။ အခု ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ဘယ်သူ့ကို ထိခိုက်နေလဲပေါ့။ သူတစ်ပါးတွေကိုလည်း မထိခိုက်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း လုံးဝမထိခိုက်ပါဘူး။ နောက်ပြီး ကိုယ့်ကိုရော ထိုခိုက်သလားဆိုတော့ လုံးဝ မထိခိုက်တဲ့အပြင် လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက တောရွာကလေးတစ်ရွာမှာ ဆိုက်ကားနင်းနေတဲ့ ကလေကချေ ကောင်လေးတစ်ယောက်က အခု ကုမ္မဏီပိုင်ရှင်ကြီး တစ်ယောက်တောင်ဖြစ်နေတယ်လေ။ နောက်ပြီး ရန်ကုန်မြို့ကြီးမှာ နေထိုင်ပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် ကားတွေနဲ့ ပြည့်ပြည့်စုံစုံတောင် နေထိုင်နေရတယ်ဆိုတော့ ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ကိုယ်ကိုလည်း မထိခိုက်ဘူးဆိုတာ သေချာတာပေါ့။

အဲဒီတော့ ဆရာရယ်၊ သူတစ်ပါးကိုလည်း မထိခိုက်၊ ကိုယ့်အတွက်လည်း အကျိုးမယုတ်ပဲ ကိုယ့်အိမ် ကိုယ့်အခန်းမှာ အေးအေးဆေးဆေးလေး ထိုင်ပြီး ယတြာချေနေတာ ဗေဒင်ကို ယုံနေတာကိုတော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဆရာရယ်။ အဓိဋ္ဌာန်လေးဝင်လိုက်၊ ပုတီးလေးစိပ်လိုက်၊ ဘုရားပန်းတေ လှူလိုက်၊ ဘေးမဲ့တွေ လအတ်လိုက် လုပ်နေတဲ့ ကျွန်တော်က အကုသိုလ်လ်ုနေတဲ့ သူတွေနဲ့ စာရင်တော့ အများကြီး တော်ပါသေးတယ်။ ပြီးတော့ ကျွန်တော် ကုမ္မဏီဝန်ထမ်းတွေလည်း မနက်`၇ုံးလာကတည်းက ဘုရားခန်းသွားပြီး ဘုရားကန်တော့ပြီးမှ အလုပ်လုပ်ရတာလည်း ဘာမကောင်းတာ ရှိလို့လည်း ဆရာရယ်။ ဒါလည်း ကောင်းတဲ့အလုပ် မဟုတ်ပေဘူးလားဟု အချက်ကျကျ ပြန်လည် ပြောပြလေ၏။

ထို့ကြောင့် ကျွန်ုပ်သည်လည်း ဗေဒင်ပညာကို တစ်ဖက်စွန်းရောက်အောင် ယုံကြည်လွန်းသော ထိုမိတ်ဆွေကို ဆက်လက်၍ ဘာမှမပြောတော့ပဲ ကျွန်ုပ်၏ စိတ်ထဲမှ အေးလေ ဒါဟာ သူ့ရဲ့ ယုံကြည်မှု့ တစ်ခုပါပဲ။ ကိုယ်ယုံကြည်တာကို ကိုယ်ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး ယုံကြည်ခွင့် ရှိပါတယ်လေ။ ဒါဟာ ကိုယ်ရေးကိုယ်တာ လွတ်လတ်မှု့ တစ်ခုပါပဲ။ ဘယ်သူမှ သူ့ကို တရားစွဲလိုမှ မရတာဟု တွေးလိုက်မိ၏။ ထို့နောက် ၎င်းက ဆက်လက်၍...

အဲဒီတော့ ဆရာလည်း ရောက်တုန်းရောက်ခိုက် ကျွန်တော် ကုမ္မဏီကို တစ်ချက်လောက် လိုက်ပြီး ကူညီ ကြည့်ရှု့ပေးပါဦး ဆရာရယ်။ နောက်ပြီး ကုမ္ပဏီ လူများများဝင်အောင် အဆောင်လေးဘာလေးလည်း ညွန်ပြပါဦးဟု ပြောသောကြောင့် အောက်ဖော်ပြပါ နှင်းဆီပန်းကိုးပွင့်တွင် ဓာတ်ပုံကပ်၍ ဆောင်ရွက်ရသော လူများများဝင်အောင် ၊ လူချစ်လူခင်များအောင် ၊ လူအများ၏ ထောက်ခံအားပေးမှု့ကို ၇အောင်ဆောင် ရွက်ရသော ယတြာနည်းကို ဗေဒင်ပညာကို အစွန်းရောက်အောင် ယုံကြည်နေသော ကျွန်ုပ်၏ မိတ်ဆွေကြီးအား ပေးလိုက်လေတော့သတည်း။

နှင်းဆီပန်းကိုးပွင့်ပါသော ပုံတွင် နှင်းဆီပန်းတစ်ပွင်ပေါ်မှာ ခင်ဗျား ဓာတ်ပုံကပ်ဗျာ။ နောက်တစ်ပွင့်မှာ ခင်ဗျားရဲ့ ဗစ်ဇစ်တင်းကဒ်ကို ကပ်ဗျာ။ နောက်ခင်ဗျား ရုံးခန်းမှာ အခါရွေးပြီး ချိပ်ဆွဲထားလိုက်ပေတော့။ ပြီးရင် နေ့တိုင် ရေမွေးဖြန်းဗျာ။ မေတ္တာသုပ် ရွတ်ပေးဗျာ။ အမွှေးတိုင် အနံ့တွေဘာတွေ တိုက်ဗျာ ဟု ပြောပြလိုက်လေတော့သတည်း။

ဓာတ်ပန်းချီချိပ်ဆွဲရန်အခါများ...

တနင်္ဂနွေသားသမီးဆိုရင် ကြာသပတေးနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
တနင်္လာသားသမီးဆိုရင်ဗုဒ္ဓဟူးနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
အင်္ဂါသားသမီးဆိုရင် သောကြာနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
ဗုဒ္ဓဟူးသားသမီးဆိုရင် တနင်္လာနေ့ နံက် (၇) နာရီတိတိမှာ ချိပ်ဆွဲပါ။
ကြာသပတေးသားသမီးဆိုရင် တနင်္ဂနွေနေ့နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
သောကြာသားသမီးဆိုရင် အင်္ဂါနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
စနေသားသမီးဆိုရင် ဗုဒ္ဓဟူးနေ့နေလည် (၁)နေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။

Friday, March 4, 2011

မောင်အမြန်ပြန်လာပါ

တစ်နေ့သ၌ ထိုင်းနိုင်ငံ-မဟာချိုင်မြို့ -နေ၀စ်ဟူသော အရပ်ဒေသရှိ ဥုမ်သဟာဟု အမည်ရှိသော ဗေဒင် လက္ခဏာဟော အတွင်းသို့ အသက်အရွယ်အားဖြင့် ၂၅-နှစ်ခန်ရှိသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ ထိုမိန်းကလေး၏ မျက်နှာသည် လွန်စွာ ညှိုးနွမ်းနေ၏။ သူမ၏ မျက်လုံးများသည် နီရဲနေ၏။ မျက်ခုံးများသည် မို့မောက်နေ၏။ မကြာခန ငိုထားပုံရလေ၏။ သိုးမွှေး အနွေးထည် ခဲပုတ်ရောင်ကို ဝတ်ဆင်ထားသော သူမ၏ ပုံမှာ လွန်စွာနွမ်းလျှနေလေ၏။ သူမသည် ပူပင်သောကတစ်ခုဖြင့် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်လေတော့၏။

ထိုင်ပါမိန်းကလေး ...။ ကျွန်တော် ဘာကူညီပေးရမလဲ..ဟု ဧည့်ဝတ်ပြုရင်း ထိုင်ခိုင်းရလေ၏။ သူမသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောပြောသော စာပွဲရှေ့တွင်ထိုင်ရင်း ကျွန်ုပ်အားအောက်ပါအ တိုင်း ပြောပြလေေ တာ့၏။

ဒီလိုပါဆရာရယ်။ ကျွန်မ ဆရာဆီလာတာ အကူအညီတောင်းစရာ တစ်ခုရှိလို့ပါ။ ကျွန်မလည်း လုံးဝကို မခံစား နိုင်တဲ့အဆုံး စုံစမ်းမေးမြန်းပြီး ရောက်လာခဲ့တာပါ။ အရမ်း ဒုက္ခရောက်နေတယ်ဆရာ။ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် သတ်သေပစ်ချင်တယ်။ တကယ်ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မအမျိုးသား အိမ်ပေါ်ကနေ ဆင်းသွားတယ်။ အဝေးကြီးကို ထွက်သွားတာတော့ မဟုတ်ပါဘူး။ သူ့မိဘအိမ်ကိုပဲ သွားနေနေ တာပါ။ သူ့မိဘအိမ်ကလည်း အဝေးကြီး မဟုတ်ပါဘူးဆရာရယ်။ ကျွန်မနေနေတဲ့ တိုက်ရဲ့ အပေါ်ထပ်အောက် အောက်ထပ်တင်ပါပဲ။

အဲဒီတော့ဆရာရယ်။ နေ့တိုင်းလည်း ကျွန်မ သူ့ကို မြင်နေရတယ်။ တွေ့နေရတယ်။ ဒါပေမယ့်ဆရာရယ်။ ကျွန်မယောက်ျားက ကျွန်မ ဖုံးဆက်ရင်လည်း မကိုင်ဘူး။ ကျွန်မကိုတွေ့ရင်လည်းမမြင်ချင်ယောင် ဆောင်နေ တယ်။ ကျွန်မလေ ကျွန်မယောက်ျားကို မြင်လိုက်ရရင် ရင်ထဲမှာ တဆစ်ဆစ် နာကျင်ပြီး ခံစားနေရတယ် ။နောက်ပြီး ကျွန်မ စဉ်းစားကြည့်မိတယ်။ သူဟာဘာဖြစ်လို့ ဒီလောက်ရက်စက် တတ်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေရတာလဲလို့ပေါ့။

မုန်းချင်တယ်။ ဒါပေမယ့် မုန်းလို့မရဘူး။ လမ်းခွဲချင်တယ်။ ဒါမေယ့် ကျွန်မ ခြေလှမ်းတွေက လှမ်းသွားလို့ မရဘူး ဖြစ်နေတယ်။ မေ့လိုက်ချင်တယ်။ ဒါပေမယ့် ပိုပိုပြီး သတိယတမ်းတလာမိတယ်။ အဲဒိတော့ဆရာရယ်။ နေ့စဉ်နှင့်အမျှ နာကျင်စွာ ခံစားနေ၇တဲ့ ကျွန်မကို ဆရာ ကူညီပေးစေချင်တယ်။ ကျွန်မယောက်ျား ကျွန်မ ဆီကို ပြန်လာမလား ပြန်မလားဘူးလားဆိုတာရယ်၊ နောက်ပြီး ဆရာကူညီလို့ရရင်လည်း ပြန်လာအောင် လုပ်ပေးစေချင်တယ်ဟု ရှည်လျှားစွာ ပြောပြလေတော့၏။

ထိုအခါ ကျွန်ုပ်သည်လည်း ထိုမိန်းကလေးအား လွန်စွာ စာနာမိသွား၏။ ထို့ကြောင့် ထိုမိန်းကလေး လွန်စွာ သိချင်နေသော အိမ်ထောင်ရေး အကြောင်းကို တားရော့ပညာဖြင့် ကြည့်ပေးလိုက်လေ၏။ ထို့နောက် ကျွန်ုပ်က ကဲ.... မိန်းကလေး မင်းတို့ အိမ်ထောင်ရေး ပေါင်းမလား အပြီးတိုင် ကွဲသွားပြီလား သိချင်တယ်ဆိုရင် မင်းရဲ့ ဘယ်ဘက်လက်နဲ့ ဒီတားရော့ကို တစ်ဝက်ချိုးလိုက်ဟု ပြောပြလိုက်လေရာ မိန်းကလေးသည် တုန်ရီနေသော လက်ဖြင့် တားရော့ကို တဝက်ချိုးလိုက်လေ၏။ ထိုအခါ အောက်ပါ တားရောကဒ်ကျလာလေ၏။ ထိုတားရော့ကဒ် သည် နံပါတ်(၄) တားရော့ ဧကရာဇ်ကဒ် ဖြစ်လေ၏။

ဒီမှာ မိန်းကလေး မင်းတို့အိမ်ထောင်ရေးဟာ လူကြီးတွေကြောင့် အဆင်မပြေ ဖြစ်နေကြတာ။ အခုလက်ရှိအချိန်မှာ ပြန်ပေါင်းမှာလား၊ မပေါင်းဘူးလားဆိုတာတောင် အရမ်းပြောရခက်နေတဲ့ အချိန်တစ်ခုပဲ။ ဒီအချိန်လေးမှာ စိတ်ပင်ပန်းမှု့များစွာနဲ့ ဖြတ်သန်းရတော့မယ်ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် ထိုမိန်းကလေးသည် သက်ပျင်းရှည်ကြီးကို မောပန်းစွာချလိုက်ရင်း မှန်ပါတယ် ဆရာ၇ယ်။ အဓိကကတော့ သူ့မိဘတွေပါပဲ။ သူ့မိဘတွေက ကျွန်မနဲ့ သိပ်သဘောမတူဘူး ဆရာ။ ဒါကြောင့် ဆရာအနေနဲ့ ကျွန်မယောက်ျား ကျွန်မ ဆီကို အမြန်ပြန်လာအောင် ယတြာပေးပါဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ထွက်သွားသူ အမြန်ပြန်လာစေသော အောက်ဖော်ပြပါ ယတြာကို ပြောပြလိုက်လေတော့၏။

ထိုမိန်းကလေးသည်လည်း ကျွန်ုပ် ပြောပြပေးလိုက်သော ယတြာကို စာရွက်တစ်ရွက်တွင် ကူးယူ၍ ပြန်သွားလေတော့၏။ ရက်သတ္တပတ် (၃)ပတ်ခန့် အကြာတွင် ထိုမိန်းကလေးသည် အမျိုးသားတစ်ဦးနှင့် လက်ချင်းချိပ်၍ ဈေးထဲတွင် ဖြတ်လျှောက်သွားသည်ကို မလှမ်းမကမ်းမှ လှမ်းမြင်လိုက်လေတော့၏။ ထိုမြင်လိုက်ရသည့် အခိုက် ကျွန်ုပ်၏ ရင်ထဲတွင်လည်း အမျိုးအမည် ဖော်ပြခြင်းငှာ မစွမ်းနိုင်သော ခံစားချက်တစ်မျိုး ဖြတ်သန်းသွားလေးတော့၏။ ထိုအရာကို ပီတိဟု ခေါ်ဆိုမည်ဆိုလျှင် ၇မည် ထင်ပါတော့သတည်း။

ပုလင်းအဖြူတစ်လုံးထဲတွင် အိမ်ကထွက်သွားသူ၏ ဓာတ်ပုံတစ်ပုံရယ် အမည် နေ့သား မွေးသက္ကရာဇ် အပြည့်အစုံရယ်၊ ပရုပ်လုံးတစ်လုံး ရယ်ကို ထည့်ပါ။ နောက်ပြီး သတိယတိုင်း အားတိုင်း အိမ်အမြန်ပြန်လာပ်စေဟု ပြောဆို ဆုတောင်း၍ လှုပ်လှုပ်ပေးပါ။ ယတြာက ဒီလောက်ပါပဲဗျာ။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
(ပုံတွေတင်ထားတာ အဆင်ပြေ-မပြေ နည်းနည်းလောက် ပြောပေးသွားကြပါခင်ဗျာ-ကျေးဇူးတင်ပါတယ်)

Thursday, March 3, 2011

ဘာအခက်အခဲပဲကြုံကြုံ လွယ်ကူထိရောက်သော ရုက္ခစိုးယတြာ

လူတစ်စု ပူမှု့ရယ်တဲ့ ဆယ်ကုဋေတဲ့။ ဘုရားဘုရား ဆယ်ကုဋေတောင်ဆိုတော့ မနည်းမနောပါလား။ အဲလိုတွေး မိတယ်။ လူ့ဘ၀ဆိုတာကလည်း အခက်အခဲတွေ ပြဿနာတွေ ပူပန်စရာတွေ ၊ ၀န်ထုပ်ဝန်ပိုးတွေနဲ့ ဖွဲ့တည်ထား တာကိုများ လူ့ဘ၀ကြီးရယ်လို့တောင် ခေါ်ဆိုသလားမသိတော့ပါဘူး။ လက်လှမ်းမီသလောက် အနီးအနားက သတ္တ၀ါတွေကို လေ့လာကြည့်လိုက်တဲ့ အခါမှာ လူဆိုတဲ့သတ္တ၀ါတစ်မျိုးကတော့ တော်တော်လေး အလုပ်များပါ တယ်။ ပြီးတော့ တော်တော်လေးလည်း အလုပ်ရှုပ်ပါတယ်။ နောက်ပြီး တော်တော်လေးလည်း အပိုတွေကို လုပ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ လူသားတွေရဲ့ နေ့စဉ်ရှင်သန်နေရမှု့တွေမှာ အခက်အခဲတွေ ပြဿနာတွေ တစ်ပုံတပင်ကြီး ရှိနေတာပေါ့။ ဒီနေရာမှာ လူတွေက ပြဿနာအခက်အခဲတွေ ကြုံဆုံရတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပုံခြင်း မတူညီကြပါဘူး။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် ပြဿနာကို ရှု့မြင်သုံးသပ်ပုံခြင်းလည်း မတူညီကြတဲ့အတွက် ဖြေရှင်းပုံခြင်းလည်း မတူညီကြပြန် ဘူး။ ကျွန်တော်ပြောချင်တာက အဲဒီလို ပြဿနာတွေ များပြားနေတာရယ် ဖြေရှင်းနေရတာတွေကို လူ့ဘဝလို ပဲ ခေါ်ကြတာ မဟုတ်ပါလား။

ဒီနေရာမှာ မိတ်ဆွေတို့ကို ကျွန်တော် လက်ဆောင်တစ်ခုလောက် ပေးချင်တယ်။ ဘာလဲဆိုတော့ ပြဿနာတစ်ခုကို စိတ်အေးချမ်းသာစွာ ဖြေရှင်းတဲ့ နည်းလမ်းလေးတစ်ခုဆိုပါတော့။ အခက်အခဲတွေကို အေးချမ်းစွာ ဖြေရှင်း နည်းပဲ ဆိုပါတော့။ ဒါကလည်း ဆရာသခင် အဘမင်းသိင်္ခပြောပြခဲ့တဲ့ နည်းလမ်းပါ။ တိတိကျကျ ပြောရရင် ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ စာအုပ်ထဲမှာလည်း ပါပါတယ်။

(၁) အခက်အခဲတွေကို ပုံကြီးမချဲ့ပါနဲ့....
လူတော်တော်များများကပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ဆရာရေတဲ့...။ ပြဿနာပေါင်း သောင်းခြောက်ထောင်။ ဘယ်က စပြီး ဖြေရှင်းရမှန်းတောင် မသိတော့ဘူးတဲ့။ အဲဒီတော့ ကျွန်တော် က ပြဿနာပေါင်း သောင်းခြောက်ထောင် ဟုတ်လား။ အဲလောက်တောင် များလားလို့ ။ ပြန်မေးလိုက်တော့ ဆရာရယ် စကားအဖြစ်ပြောတာပါတဲ့။ ပြောချင်တာက လူတော်တော်များများဟာ ကိုယ်ဆီမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တော်တော်များများကို အရမ်း များနေပြီ။ ဖြေရှင်းလို့ကို မရလောက်တော့လောက်အောင်ကို များပြာလှတယ်လို့ ထင်မှတ်နေတယ်။ အဲဒီတော့ အရင်ဆုံး ဒီပြဿနာတွေကို ပြေလည်ချင်တယ်၊ ဖြေရှင်းနိုင်ချင်တယ်ဆိုရင် ကိုယ့်ဆီမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပုံကြိး မချဲ့ပါနဲ့လို့ ပြောလိုက်ပါရစေ....

(၂) ဒုက္ခတွေ အခက်အခဲတွေကို စာရင်းချရေးကြည့်လိုက်ပါ။
အဲဒီတော့ ကိုယ်ထင်တာက ပြဿနာ အခက်အခဲတွေက အများကြီး ဖြစ်နေတယ်လို့ ကိုယ်က ထင်နေတယ်။ အမှန်တကယ် စာရွက်မှာ ချေါ ခင်ရးကြည့်လိုက်တဲ့ အခါကျတော့မှ အများဆုံးဆယ်ခုတောင် မကျော်ပါဘူး။ (၅) ခု (၆)ခု ဒီလောက်ပါပဲ။ မိတ်ဆွေ ခင်ဗျားထင်နေတာက ခင်ဗျားမှာ ပြဿနာတွေအများကြီး ကြုံတွေ့နေရတယ်လို့ မိတ်ဆွေက ထင်မှတ်နေတယ်။ အမှန်တကယ် မိတ်ဆွေမှာ ရှိတဲ့အခက်အခဲက လေးငါးခုလောက်ပါပဲ။

(၃) အခက်အခဲတိုင်း ပြဿနာတိုင်းရဲ့ ဘေးနားကနေ ဖြေရှင်းဆရာနည်းလမ်းတွေကို စဉ်းစားမိသလောက် ချရေးလိုက်ပါ။ ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စိတ်အေးချမ်းသာစွာနဲ့ စိတ်အေးလက်အေး ပြေလည်အောင် ဖြေရှင်းနိုင်လောက်ပါပြီ။ အခု ယတြာအကြောင်း ပြောကြရအောင်နော်။

ဒီယတြာက ဘယ်နေရာမှာပဲ ရောက်ရောက်၊ ဘာကိစ္စအခက်အခဲပဲကြုံကြုံ၊ လုံးဝဖြေရှင်းလို့ မရတော့လောက်အောင်ပဲ ဖြစ်နေဖြစ်နေဆောင်ရွက်လို့ ရတယ်ဆိုတာပါပဲ။ တစ်နည်းမဟုတ်တနည်းနဲ့ ပြေလည်သွားပါတယ်။အကူအညီကောင်းတွေအဆောင်အမကောင်းတွေအလိုလို ပေါ်ပေါက်လာမယ်။နည်းလမ်းကောင်းတွေ ပေါ်လာမယ်။ မိတ်ဆွေတို့ရဲ့ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့လာရပါက ဒီအတိုင်းထိုင်ပြီး စိတ်ညစ်နေမယ်၊ စိတ်ဓာတ်ကျနေမယ့်အတူတူ ဒီယတြာနည်း အတိုင်းသာ ဆောင်ရွက်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒါလည်း အခက်အခဲကို စိတ်အေးချမ်းသာစွာ ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုပဲ မဟုတ်ပါလားဗျာ။

မိမိအိမ်နဲ့ အနီးဆုံးသစ်ပင်ကြီးကြီး ( အနည်းဆုံး သစ်ကိုင်း(၇)ကိုင်း ထွက်နေရင် ရပါပြီ) တစ်ပင်ကနေ မပေါက်မပြဲတဲ့ သစ်ရွက် သန့်သန့်တစ်ရွက်ကို ခူးပါ။ ပြီးရင် အိမ်ကို ယူလာခဲ့ပါ။ အဲဒိသစ်ရွက်ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။ ဖယောင်းတိုင်တစ်တိုင် ကုန်တာနဲ့ နောက်တစ်တိုင် ထပ်ထွန်းပါ။ (၈)တိုင် ဆက်တိုက် ထွန်းပေးပါ။ တစ်နေ့ကို (၈)တိုင် ဆက်တိုက်ထွန်းပြီး (၈)ရက်ဆက်တိုက် ထွန်းပါ။ ဖယောင်းတိုင်ကို မီးထွန်းတဲ့အခါတိုင်းမှာ ကိုယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အသေးစိပ် အဲဒီသစ်ရွက်ခူးခဲ့တဲ့ သစ်ပင်က ရုက္ခဇိုးဆီမှာ ဆုတောင်းပါ။ အဲဒီ ရုက္ခဇိုးက မကူညီနိုင်ရင်လည်း ကူညိနိုင်တဲ့ ပုဂ္ဂိုလ်များကို ပြောပေးပါလို့ တတွတ်တွတ် ဆုတောင်းပေတော့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Wednesday, March 2, 2011

ဝန်ထမ်းအလုပ် ရာထူးတိုးစေသော ယတြာနည်း

ဝန်ထမ်းအလုပ် လုပ်နေသည့်သူများအတွက် ဒီယတြာနည်းကို လက်ဆောင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ဗေဒင်ဆရာဆီမှာ ဗေဒင်လာမေးကြသည့်သူများ၊ ယတြာလာတောင်းကြသည့်သူများ ထဲတွင် ၀န်ထမ်းများလည်းပါပါတယ်။သူတို့တွေမေးလေ့မေးထရှိတဲ့ မေးခွန်းတွေမှာများသောအားဖြင့် မေးတတ်ကြတာက ဆရာတဲ့ ရာထူးတိုးဘို့ကိန်းရှိလားတဲ့၊ မြင်လားတဲ့။ ကျွန်တော်တို့ကလည်း တွက်ကြည့်တယ်။ တားရော့ ချိုးကြည့်တယ်။ သက်ရောက်တိုင် အားစစ်ကြည့်တယ်။ ဂဏန်းဗေဒင်နဲ့ ဆန်းစစ်ကြည့်တယ်။ ရာထူးတိုး ဖို့မြင်ရင် သေချာပေါက် ရာထူးတိုးမယ်လို့ ဟောပေးလိုက်တယ်။

ဒီနေရာလေးမှာ ဗေဒင်ဆရာဘ၀ အတွေ့အကြုံအရ တစ်ချို့ ရာထူးတော်တော်ကြီးမားတဲ့ သူတွေဆိုရင် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို လျှို့ဝှက်ပြီး လာမေးတတ်ကြတယ်။ တစ်ချို့ကြတော့ ဖွင့်ပြီးတော့ မေးတယ်။ ဒါပေမယ့် လျို့ဝှက်ထားခိုင်းတယ်။ ဗေဒင်ဆရာဘက်ကတော့ လျို့ဝှက်သင့်တဲ့ကိစ္စကို လျှို့ဝှက်ထားပေးရတာပေါ့။

ကျွန်တော်ထိုင်းနိုင်ငံမှာ ဗေဒင်ဟောခန်းဖွင့်ထားတာ အခုဆိုရင် လေးနှစ်ထဲကို ရောက်နေပါပြီ။ လေးနှစ်အတွင်း ထိုင်းလူမျိုး အရာရှိတော်တော်များများ ဗေဒင်လာမေးကြတယ်။ ဒါပေမယ့် အရပ်ဝတ်တွေနဲ့ပါ။ သူတို့ရဲ့ လက်ရှိရာထူး၊ သူတို့ရဲ့တာဝန်တွေကိုတော့ မပြောပြပါဘူး။ ကျွန်တော်ကလည်း မစပ်စုတော့ပါဘူး။ ဒီလိုပဲ သာမန်ဗေဒင်မေးသလိုပဲ မေးသွားကြတယ်။ နောက်မှ အကြောင်းအမျိုးမျိုးကြောင့်သာ အော် ဒီလူကြီးက ဒါကြီးပဲဆိုတာကို သိလိုက်ရတာ။

အဲဒီတော့ဒီနေရာမှာ လခစား ၀န်ထမ်းတွေအတွက် အခက်ခဲကြုံတတ်တာ တစ်ခုရှိတယ်။ အဲဒါကတော့ ရာထူးတိုး ကိစ္စပဲ။ ရာထူးတိုးကိစ္စကို လေ့လာကြည့်လိုက်တဲ့ အခါ ဒီလို သွားတွေ့ရတယ်။ ပထမဆုံး ရာထူးတိုးတတ်တဲ့အမျိုး အစားက တစ်ချို့ဝန်ထမ်းတွေက အလုပ်ကို ကြိုးစားတယ်။ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ မခိုကပ်ဘူး။ တာဝန်ကျေတယ်။ အဲဒီလို ကြိုးစားပန်းစားလုပ်တဲ့ ၀န်ထမ်းကို တချို့ အထက်လူကြီးတွေက သဘောကျပြီး ရာထူးတိုးပေးတတ်တာ ရှိတယ်။

နောက်တစ်ခုကြပြန်တော့ လုပ်သက်အလိုက် ရာထူးတိုးစာမေးပွဲ ဖြေဆိုရတယ်။ ဌာနတစ်ခုနဲ့ တစ်ခုကတော့ စဉ်မျဉ်းဥပဒေခြင်း တူချင်မှတူမယ်ပေါ့။ တစ်နှစ်တန်သည် တစ်နှစ်၊ နှစ်နှစ်တန်သည် နှစ်နှစ်ပေါ့။ အဲဒီလို ရာထူးတိုး စာမေးပွဲဖြေဆိုပြီး ရာထူးတိုးသွားတဲ့ လူတွေရှိတယ်။ တစ်ချို့ကြပြန်တော့ လုပ်သက်အလိုက်အလိုလို အော်တိုမစ်တစ် ရာထူးတိုးကြတာရှိတယ်။

ဒီတစ်ခါပြောပြချင်တာက အခက်အခဲပါ။ အဲဒီလို ရာထူးတိုးဖို့ အချိန်အခါ ကျနေပါရက်နဲ့ ရာထူးမတိုးတဲ့ လူတွေလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရာထူးမတိုးနိုင်ဖြစ်နေကြတယ်။ အဲဒိလို အခြေအနေမှာ ဒီယတြာကို ဆောင်ရွက်လို့ရပါတယ်။ နောက်တစ်ခု သတိထားရတဲ့ ကိစ္စတစ်ခုရှိတယ်။ အဲဒါက ဘာလည်း ဆိုတော့ လွန်ခဲ့တဲ့ တစ်လလောက်တုန်းကပဲ ရာထူးတစ်ခု တက်သွားခဲ့တယ်။ အခု ဘာမှ မကြာသေးဘူး။ နောက်ထပ်ရာထူးတစ်ခု တိုးချင်တယ်။ အဲဒါဆိုရင်တော့ ဘယ်ရမလဲပေါ့နော။ အကြောင်း အမျိုးမျိုးနဲ့ ရာထူးတိုး ကိစ္စတွေမှာ ထစ်ငေါ့နေတယ်။ ကြန့်ကြာနေတယ်။ ခက်ခဲနေတယ်ဆိုရင် ဒီအောက်မှာ ဖော်ပြပေးလိုက်တဲ့ ရာထူးတိုးစေသောယတြာကို ဆောင်ရွက်လို့ရပါတယ။

ရာထူးတိုးစေသောယတြာ

ရထားလမ်းက ကျောက်ခဲလေးလုံးကို သွားကောက်ပါ။ ရေစင်အောင်ဆေးပါ။ ပြီးရင် တနင်္ဂနွေနေ့ထုပ် သတင်းစာတစ်ဆောင်ကို ဘုရားစင်ရှေ့ ခုံတစ်လုံးပေါ်မှာ ဖြန့်ခင်းလိုက်ပါ။ သတင်းစာရဲ့ ဒေါင့်လေးဒေါင့်မှာတော့ ရထားလမ်းက ကောက်လာပြီး ရေစင်ကြယ်အောင် ဆေးကြောထားတဲ့ ကျောက်ခဲလေးခဲကို ဒေါင့်တစ်ဒေါင့်ကို တစ်ခဲတင်ထားပါ။ ပြီးရင် သတင်းစာပေါ်မှာ ထန်းလျှက် (၁၁)လုံးကိုတင်ပြီး ဘုရားကိုလှူပါ။ ရာထူးတိုး ကိစ္စ အောင်မြင်စေဖို့ ဆုတောင်းလိုက်ပါ။ မုချ မလွဲမသွေ မိမိနှင့် ထိုက်တန်သော ရာထူးကိစ္စ အဆင်ပြေ သွားပါလိမ့်မယ်ဟု စေတနာ စကားဆိုရင်း........

မနက်ဖြန်တော့ ပျက်နေသော ကော်နရှင် ကောင်းမယ်ထင်တယ်ဟု မျှော်လင့်လျှက်.......

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Tuesday, March 1, 2011

၂၀၁၁-ခု မတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

ကော်နရှင် အဆင်မပြေသည့်ကြားမှ ၂၀၁၁-ခု မတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်းကို ကြိုးစား၍ ရေးပေးလိုက်ရပါတယ်။ ဟောစာတမ်းကို ၀ါသနာပါသူများ ဒီနေရာမှာ သွား၍ ဖတ်နိုင်ပါသည်။ ဒီနေရာလေးကနေ အားလုံးကို အထူးအားဖြင့် ကျွန်တော်၏ဘလော့အား လာရောက်လည်ပတ်သူများ အားလုံးကို ၎င်း၊ ဗေဒင်မေးကြသော မိတ်ဆွေသင်္ဂအပေါင်းကို၎င်း၊ အထူးပင် တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက်စက်သည် ပျက်နေပါသောကြောင့် အွန်လိုင်းသို့ မတက်နိုင်ဖြစ်နေပါ။ ထို့ကြောင့် ပို့အသစ် များ နောက်ကျနေရပါသည်။ ဟောစာတမ်းများ ပြန်လည်ပေးပို့သည့်နေရာတွင် ရက်အနည်း ငယ် နောက်ကျနေပါသည်။ သို့သော် တက်မရှိရင် လက်နှင့်လှော်ဆိုသော မြန်မာစကားပုံကဲ့သို့ အင်တာနက် ချိပ်ဆက်ထားသော မိတ်ဆွေများ အခန်းသို့ သွား၍ သော်လည်းကောင်း အင်တာနက်ဆိုင်သို့ သွား၍သော်၎င်း၊ ကျွန်တော်၏ နိုကီရာဖုံးအစုတ်လေးနှင့် ချိပ်ဆက်၍သော်၎င်း အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားနေပါကြောင်းနှင့် ကဲ... ၂၀၁၁-ခု မတ်လအတွက် (၇)ရက်သားသမီး ဟောစာတမ်းကို ပျော်ပျော်ကြီး သွားရောက်ဖတ်ကြပေတော့ဗျို့....
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
(ခေတ္တ-အင်တာနက်ဆိုင်) ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Thursday, February 24, 2011

နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်အဆင်ပြေစေဖို့....

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ နိုင်ငံတကာမှာ အကြောင်းအမျိုးမျိုးနဲ့ ပြန့်နှံ့ရောက်ရှိနေတဲ့ ညီအကိုမောင် ဘွား သွေးချင်းသားတွေ အများကြီးရှိပါတယ်။ တော်တော်လေးကို များပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့။ သေချာတာတစ်ခုက ကျွန်တော်တို့မှာ အားကိုးစရာမရှိပါဘူး။ ကျွန်တော်တို့တတွေဟာ အထီးကျန်နေပါတယ်။ မျက်နှာငယ်နေရပါတယ်။ နောက်ပြီး ကျွန်တော်တို့တတွေဟာ သိမ်ငယ်နေရပါတယ်။ တစ်စုံတစ်ခုကို ကြောက်ရွံ့စိုးထိပ်မှု့တွေနဲ့ ဖြတ်သန်းနေရပါတယ်။ ကိုယ်ချစ်ခင်စွဲလန်းတဲ့ မိသားစုတွေနဲ့ ဝေးကွာနေရပါတယ်။ ကျွန်တော်တို့အားလုံးဟာ တစ်ရက်မှ မပျော်ရွှင်ခဲ့ရပါဘူး။

ကျွန်တော်တို့ကို အမြဲတမ်းဖေးမမဲ့၊ အားပေးမဲ့သူတွေ၊ ကူညီမယ့်၊ အကြံညာဏ်ပေးမယ့် သူတွေ ကျွန်တော်တို့ အားလုံးမှာ ကင်းဆိတ်နေပါတယ်။ မျက်နှာငယ်ရမှု့တွေ၊ အနှိမ်ခံရမှု့တွေ၊ သေးသိမ်တဲ့ အကြည့်တွေအောက်မှာ နေ့စဉ် စိတ်အားငယ်စွာ ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့ကို ဖေးမပေးမယ့် လက်တွေနဲ့ အလှမ်းကွာဝေးနေကြပါတယ်။ လက်လှမ်းမမီတဲ့ အရပ်ဒေသတစ်ခုမှာ ကျွန်တော်တို့ အားလုံး ရှင်သန်နေရပါတယ်။

ဘယ်လို အခြေအနေတွေနဲ့ ဘယ်လိုပင် ဖြတ်သန်းနေရပေမယ့် ကျွန်တော်တို့အားလုံး တစ်ရက်တစ်နာရီလောက် လောက်တောင် အေးဆေးဆေး မနားနေရပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးတွေကို သွားမလည်ခဲ့ရပါဘူး။ စိတ်အေးလက်အေးလေးနဲ့ အနားမယူခဲ့ရပါဘူး။ ကျွန်တော်တို့ကို နေ့စဉ်နှင့် အမျှ အလုပ်တွေကို မအားမလပ်နိုင်အောင် ဇယ်ဆက်သလို လုပ်နေခဲ့ရတယ်။ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ ရှင်သန်မှု့တစ်ခုအတွက်နဲ့ အလုပ်တွေလုပ်နေရပါတယ်။ ကျွန်တော်တို့ လူတန်းစားတွေမှာ တူညီတာတစ်ခု ချမ်းသာဖို့- သူဋ္ဌေးဖြစ်ဖို့ အလုပ်လုပ်နေရတာ မဟုတ်ပဲ၊ စားဝတ်နေရေးဆိုတာကြီး အစဉ်ပြေစေဖို့အတွက် ကျွန်တော်တို့တွေ အလုပ်လုပ်နေကြရတာ ဖြစ်တယ်။

အားလုံးက ကျနေတဲ့ ကိုယ့်စိတ်ဓာတ်ကို ကိုယ်ပြန်တင်းရင်း နောက်လှမ်းမယ့် ခြေလှမ်းပေါင်း များစွာအတွက် ပင်သက်ကို ရှိုက်၊ နွမ်းနေတဲ့ ကိုယ်နှလုံးသားကို ကိုယ်ပြန် အသက်သွင်းခဲ့ရတာလည်း အကြိမ်ကြိမ်အခါခါ ရှိခဲ့ပါပြီ။ အဆင်ပြေရင်တော့ မဆိုးဘူး။ အဆင်မပြေရင်တော့ ဒီလောင်းကစားပွဲမှာ ကိုယ်ပေးလိုက်ရမယ့် အရင်းအနှီးက များပါတယ်။ ဘ၀ပေါင်းများစွာပေါ့။ ပြန်ပြီး လုံးဝ မတက်နိုင်လောက်အောင် နက်တဲ့ အသူရာ ချောက်ကြီးက တော့ ကျွန်တော်တို့ရဲ့ ရှေ့မှာနော်။

ဒီနေရာလေးမှာ ကျွန်တော်ပေးလိုက်ချင်တဲ့ ယတြာကတော့ ကိုယ်တိုင်လည်း လုပ်လို့ရတယ်။ ဒါမှမဟုတ် မြန်မာပြည်က ကိုယ့်မိသားစုကလည်း လုပ်ပေးလို့ရတယ်။ လုပ်ခိုင်းလို့ ရတယ်။ လွယ်လည်း လွယ်ကူတယ်။ အလုပ်မှာ အဆင်မပြေဘူး။ မပျော်ရွှင်ရဘူး။ အထက်လူကြီးနဲ့ သဟဇာတ မဖြစ်ဘူး။ အလုပ်က ပြောင်းရတော့မလိုလို ဖြစ်နေတယ်။ အလုပ်က အရမ်းပင်းပန်းတဲ့နေရာမှာ နွားတစ်ကောင်လို ကုန်းရုန်းလုပ်နေရတယ်။ အလုပ်မှာ လုပ်ဖော်ကိုင်ဘက်တွေက မနာလို ခြေထိုးတာ ကြုံနေရတယ်။ အလုပ်သွားမယ့် လမ်းခရီးမှာ အန္တရယ်တွေနဲ့ နီးစပ်နေတယ်။ အစရှိသည်ဖြင့်ပေါ့ဗျာ။ အလုပ်နဲ့ ပါတ်သက်လာရင် ဆောင်ရွက်လို့ရပါတယ်။ နိုင်ငံခြားတိုင်းပြည်သို့ ရောက်ရှိနေကြသော ၊ အမိမြန်မာပြည်ကို လွမ်းဆွတ်တသ နေကြသော၊ သူများ၏၎င်း စိတ်ပူနေကြသော နောက်က မိသားစုများ၏ ပူပန်သောကကို၎င်း ဒီယတြာနဲ့ ဖေးမလိုက်ရင်းဖြင့်............

ဟိန်းတင့်ဇော်- ထိုင်းနိုင်ငံ- မဟာချိုင်မြို့

အိမ်ထောင်ရေး၊အချစ်ရေး သယာချမ်းမြေစေသောနည်း

နေ့စဉ်နေ့တိုင်း ဗေဒင်ဟောခန်းမှာ ကြုံဆုံနေရလို့။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ယတြာတွေ အဆောင်တွေ လာပြီး အကူအညီတောင်းကြတယ်။ ယောင်္ကျားက မချစ်ဘူးထင်တယ်။ ဒါမှမဟုတ် ယောင်္ကျားက အရင်လို မဟုတ်တော့ဘူး။ ပြောင်းလဲနေပြီလို့ ထင်တယ်။ ကျွန်တော့်မိန်းမ အခုတလော အမူအယာတွေ ပြောင်းလဲနေသလိုပဲ။ အသစ်တွေ့နေပြီ ထင်ပါတယ်ဆရာရယ်။ ကူညီပါဦးတဲ့။

ကျွန်တော် သတိထားမိတဲ့ စကားလေးတစ်ခွန်း ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ “ထင်တယ်” တဲ့။ ထင်တာဟာ ထင်တာပဲ ဖြစ်တယ်။ အမြင်မဟုတ်ဘူး။ အထင်ဆိုတာက မသေချာဘူး။ မတိကျဘူး။ ဒါကြောင့် ထင်တယ်ဆိုတဲ့ စကားကို ကျွန်တော်က မကြိုက်ဘူး။ အထင်ရယ်-အမြင်ရယ်ဆိုတဲ့ စကားနှစ်လုံးထဲမှာ အမြင်က သေချာသလိုလို ရှိနေတယ်။ အထင်ကတော့ ကိုယ်ထင်တာ ဖြစ်တဲ့အတွက် မှားရင်လဲ မှားနိုင်တယ်။ မှန်ရင်လည်း မှန်နိုင်တယ်။ ပြောရရင်တော့ မသေချာဘူး။ မတိကျဘူး။

နောက် အဲဒီအထင်ဆိုတာက သံသယကို မွေးဖွားပေးတဲ့ အရာတစ်ခုပဲ။ အထင်ရဲ့ နောက်ကွယ်မှာ မကောင်းတဲ့ ဆိုးကျိုးတွေ ဆက်တိုက်လိုက်လာတတ်တယ်။ ပြဿနာတွေ အများကြီးကို ဖန်တီး ပေးတယ်။ ကြီးထွားစေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ကစပြီး ဘ၀ခရီးဖြတ်သန်းမှု့မှာ အထင်ဆိုတာကြီးကို စွန့်လွှတ်ခဲ့ပြီး အမြင်နဲ့ လက်တွေ့နဲ့ သွားကြရအောင်။

မချစ်ဘူးထင်တယ်။
မလွမ်းဘူးထင်တယ်။
သတိမရဘူးထင်တယ်။
မဖြစ်လောက်ဘူး ထင်တယ်။
မအောင်မြင်လောက်ဘူး ထင်တယ်။
သူ ငါ့ကို အမြင်မကြည်ဘူးထင်တယ်။
သူ ငါ့ကို မုန်းနေတယ်ထင်တယ်။
သူငါ့ကို နားမလည်နိုင်လောက်ဘူးထင်တယ်။
...............................................ထင်တယ်။
.............................................................ထင်တယ်။

အစရှိသော အဲဒီစကားလုံးလေးတွေ ထဲမှာ ပါနေတဲ့ ထင် ဆိုတဲ့ စကားလုံးလေးက မကောင်းသော ဆိုးကျိုးတွေ ကို ဖြစ်စေပါတယ်။ သံသယကို ကြီးထွားစေတယ်။ အဆင်မပြေမှု့တွေကို ရက်ရှည်စေတယ်။ ဒါကြောင့် အမြင်ဆိုရင်တော့ မပြောပါဘူး။ အထင်ကြောင့်ဆိုရင်တော့ မကောင်းဘူးပေါ့။

ဒါကြောင့် ဒီနရာမှာ အိမ်ထောင်ရေး အိမ်တွင်းရေး အဆင်မပြေဖြစ်ကြကုန်သော မိတ်ဆွေများကို အဓိက ပြောချင်တာက ကိုယ့်အိမ်ထောင်ရေး သာယာချင်တယ်၊ စိတ်ချမ်းသာချင်တယ်ဆိုရင် ကိုယ့်အိမ်ထောင် ရေးထဲကို အထင်ဆိုတဲ့ စကားကို မ၀င်လာအောင် ကြိုးစားကြပါလို့ သင်တို့၏ အကျိုးကိုထာဝစဉ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် တိုက်တွန်းလိုက်ပါတယ်။ ဒါက စကားလက်ဆောင်ပါ။

အခုပြောမှာက ယတြာပါ။ အိမ်ထောင်ရေးကြောင့် စိတ်သောက ရောက်နေသူများအတွက် ရည်ရွယ်ပါတယ်။ တစ်ခုခုလုပ်ကြည့်လိုက်လို့ တစ်ခုခု အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။

အိမ်ထောင်ရေးအချစ်ရေး အဆင်ပြေချင်တယ်ဆိုရင် ဒီအတိုင်းဆောင်ရွက်လိုက်ပါ။

အောက်တွင် ဖော်ပြပေးလိုက်သော ဟင်္သာမောင်နှံ ပုံလေးပေါ်တွင် လင်မယားနှစ်ဦး (သို့) ချစ်သူနှစ်ဦး၏ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို ကပ်လိုက်ပါ။ ပြီးရင် ဓာတ်ပုံနှစ်ပုံကို မျက်နှာချင်းဆိုင် ဖြစ်အောင် ခေါက်လိုက်ပါ။ ပြီးရင် မိမိအိပ်သော အိပ်ယာခေါင်းအုန်းအောက်မှာ ထားအိပ်ဆောင်ထားလိုက်ရုံပါပဲ။ ယတြာကတော့ ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီနေရာမျာ တစ်ခု သတိထားရမှာက ဒီအစီအရင်ကို မိမိမွေးနေ့၏ အိမ်ထောင်မိတ်ကျသော အခါမှာ ဆောင်ရွက်ရပါ့မယ်။ အောက်မှာ အိမ်ထောင်မိတ်ကျတဲ့အခါကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ထောင်မိတ်ဆိုတာ

(ဥ - သာ ၊ စိန် - ပန်း ၊ ဒါန်း - လှ ၊ ကို - ရှာ) လို့ ဆိုပါတယ်။ အလွယ်ဖြစ်အောင် တစ်ခါတည်း ရေးပေးလိုပါတယ်။

  • တနင်္ဂနွေသားသမီး - ( သောကြာနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • တနင်္လာသားသမီး - ( ဗုဒ္ဓဟူးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • အင်္ဂါနေ့သားသမီး - (ကြာသပတေးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • ဗုဒ္ဓဟူးနေ့သားသမီး - (စနေနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • ကြာသပတေးသားသမီး - (အင်္ဂါနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • သောကြာနေ့သားသမီး- (တနင်္ဂနွေနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • စနေနေ့ သားသမီး- ( ဗုဒ္ဓဟူးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း

Monday, February 21, 2011

ကြွေးယူပြုံးပြုံး-တောင်းလျှင်မုန်းဆိုသူများအတွက်...

သူ့နာမည်က- ဒေါ်ဝင်းရီတဲ့။ သူမ၏ ချမ်းသာကြွယ်ဝမှု့နဲ့ အဆင့်အတန်းကြောင့်သာ ဒေါ်လို့ တပ်ခေါ်ရတာ။ အသက်က အခုမှ (၃၂) ကျော်ကျော်ပဲ ရှိသေးတယ်။ အိမ်ထောင်မရှိသေးဘူး။ အပျိုကြီး။ အိမ်တစ်အိမ်မှာ တစ်ယောက်ထဲနေတယ်။ ယောင်္ကျားတွေနဲ့ ခပ်ကင်းကင်းနေတတ်တဲ့အကျင့်ရှိတယ်။ ဘယ်ယောင်္ကျားလေးကိုမှ အထင်လည်းမကြီးတတ်ဘူး။ အထင်လည်း မသေးတတ်ဘူး။ ရောလည်း မရောနှောဘူး။ ပုံမှန်ပဲ နေထိုင်တယ်။ အချိန်ပြည့် စီးပွားရေးနဲ့ အောင်မြင်ရေးတစ်ခုကိုပဲ ဦးစားပေးတဲ့သူ။

ဒေါ်ဝင်းရီရဲ့ ဘ၀ကို ပုံမှန်အတိုင်းလေးပဲ ဖြတ်သန်းနေခဲ့ရာက တစ်နေ့မှာ အောင်အောင်လို့ဒေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ခရီးတစ်ခုမှာ မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရတယ်။ အောင်အောင်က အခုမှ အသက်က (၂၅)နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သွက်လက်တယ်။ စကားပြောတာ ဆိုတာ သွက်လက်တယ်။ ပွင့်လင်းတယ်။ ရဲတင်းတယ်။ အသားအရည်က ခပ်လပ်လပ်နဲ့။ အဲဒီကောင်လေးနဲ့ အပျိုကြီးမမ မ၀င်းရီတို့ ခရီးတစ်ခုမှာ မ၀င်းရီ ခေါင်းမူးတယ်ဆိုတာကို ကားမှတ်တိုင်မှာ ရှုဆေးဗူးတစ်ဗူး ဆင်းဝယ်ပေးရာက အစပြုပြီး အောင်အောင်နဲ့ မ၀င်းရီတို့ ခင်မင်မှု့ စတင်ခဲ့တယ်။

နောက်တော့ မကြာမကြာဆိုသလိုပဲ အောင်အောင်က မ၀င်းရီဆီကို လာလည်တယ်။ လာတဲ့အခါဆိုရင်လည်း လက်ချဉ်းသက်သက် ဘယ်တော့မှ မလာဘူး။ မ၀င်းရီအတွက် လက်ဆောင်တစ်ခုမဟုတ် တစ်ခု ၀ယ်လာလေ့ရှိတယ်။ အောင်အောင်က မ၀င်းရီကို မမလို့ ပြောင်းလဲ ခေါ်လိုက်တဲ့ နောက်ပိုင်း မ၀င်းရီနဲ့ အောင်အောင်တို့ ရင်းနှီးမှု ပိုတိုးလာခဲ့ကြတယ်။ ဒါပေမယ့် အောင်အောင်ဆိုတဲ့ ကောင်လေးက မ၀င်ရီကို စိတ်ဝင်စားနေတဲ့ အမူအယာတွေကိုသာ ပြတာ မ၀င်းရီကို ချစ်ပါတယ်လို့ တရားဝင်ဖွင့်မပြောသေးဘူး။

သူတို့နှစ်ယောက်ဟာ သွားအတူ၊ လာအတူ၊ လည်အတူ နေလာကြတာ။ နောက်ပြီး မ၀င်းရီကို ဆိုရင် အောင်အောင်က အဆင်သင့် အမြဲတမ်း အကူအညီပေးနေကြဆိုတော့ မ၀င်းရီရင်ထဲမှာ တစ်နေ့မှာ အောင်အောင် သူ့ကို ချစ်ခွင့်ပန်လာလိမ့်မယ်လို့လည်း တထစ်ချ တွေးထားတယ်။ ဒီလိုနဲ့ မ၀င်းရီနဲ့ အောင်အောင်တို့ ရင်းနှီးခင်မင်စွာ နေထိုင်လာကြတာ (၆)လလောက်အကြာမှာ အောင်အောင်က မ၀င်းရီဆီမှာ ငွေ သိန်း (၅၀) ချေးတယ်။ မ၀င်းရီကလည်း ဘာမှ ထွေထွေထူးထူး မစဉ်းစားနေတော့ဘူး။ ချက်ချင်းထုပ်ပေးလိုက်တယ်။ စာချုပ်စာတမ်းတွေတောင် မချုပ်တော့ဘူး။ ဘာသက်သေ အထောက်ထားမှကို ယူမထားဘူး။ တကယ်လို့ မ၀င်းရိက တစ်ခုခုမေးလိုက်လို့ အောင်အောင်က မမ ကျွန်တော့်ကို မယုံလို့လားလို့ ပြန်မေးမှာကို မလိုလားဘူးတဲ့။

တစ်နေ့မှာ မ၀င်းရီဆိုတဲ့ မိန်းကလေး ကျွန်တော်ရဲ့ ဗေဒင်လက္ခဏာဟောခန်းထဲကို ရောက်လာပြီး ကျွန်တော်ဆီမှာ အကူအညီ လာတောင်းတယ်။ အဓိကကတော့ သူ အောင်အောင်ကို ထုပ်ချေးထားတဲ့ ငွေတွေ ပြန်တောင်းလို့ မရလို့တဲ့.။ တောင်းတိုင်းတောင်တိုင်း အောင်အောင်က နေ့ရွေညရွှေ့ ရွှေလာတယ်တဲ့။ နောက်ပြီး သူ့ဆီကို အရင်တုန်းကလိုလဲ မလာတော့ဘူးတဲ့။ အဲဒါ သူပေးထားတဲ့ ငွေတွေ အမြန်ပြန်တောင်းလို့ ရအောင် ကူညီပေးပါလို့ ယတြာ လာတောင်းတယ်။

အဲဒီတော့ ကျွန်တော်က မ၀င်းရီရယ်လို့ ဒီလောက်များတဲ့ ငွေတွေကို ဘာလို့ အခြေအမြစ်မရှိပဲ ထုပ်ပေးလိုက်ရ တာလဲလို့ မေးလိုက်တော့ မ၀င်းရီက ကျွန်မက နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားလို့ တွေးနေမိတာကိုးလို့ ပြန်ပြောတယ်လေ။ အော် လက်စသတ်တော့ မ၀င်းရီက အောင်အောင်ကို အပိုင်တွက်ထားလိုက်တာကိုးလို့ ကျွန်တော့် စိတ်ထဲမှာ တွေးလိုက်မိတယ်။ ဒါပေမယ့် မ၀င်းရီမှာလည်း အပြစ်မရှိပါဘူးလေ။ ကျွန်တော်မ၀င်းရီကို အောက်က ဖော်ပြပေးထားတဲ့ ယတြာကို လုပ်ခိုင်းလိုက်တယ်။ မ၀င်းရီလည်း လုပ်ပါတယ်။ နောက်ဆုံးပြောချင်တာ မ၀င်းရီ ပြန်ရသွားတယ်။ ဒါပေမယ့် အောင်အောင်က ပြန်ပေးတာတော့ မဟုတ်ဘူး။ အောင်အောင် လက်ထပ်မယ့် ကောင်မလေးက ပြန်လာပေးသွားတာတဲ့။

ပေးထားသောငွေများအမြန်ပြန်ရစေသောယတြာ

ကြက်လျှာရောင်စုံ (၆)လက်မှာ (အမည်ထည့်ပါ) ငွေလာပေးစေ .... လို့ ရေးရမယ်။ ပြီးရင် ခရင်းမှာ ပူးချဉ်လိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး ဘုရားစင်ပေါ်တင်ပြီး ဆုတောင်းပါ။ ဒီလောက်ပါပဲ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့။

Friday, February 18, 2011

နင်... ငါ့ကို ကျောရရုံ ကြံလို့ကတော့...

များသောအားဖြင့် ဗေဒင်ဆရာဆီကို လာကြတာဟာ အမျိုးသမီးတွေ များပါတယ်။ ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းမှာလည်း လာကြတာတွေက အမျိုးသမီး ပရိသတ်ကများတယ်။ အခု ကျွန်တော်ပြောမဲ့ အကြောင်းအရာတွေကတော့ အမျိုးသမီးတွေအကြောင်း မကောင်းပြောတာ မဟုတ်ပါဘူး။ မိန်းကလေးတွေရဲ့ ဘ၀မှာ ဒီလိုမျိုး အခက်အခဲတွေ ကြုံတတ်ပါလားဆိုတာ သိစေချင်လို့ပါ။

တစ်ခါတုန်းက ကျွန်တော်ဆီကို ဗေဒင်လာမေးတဲ့ မိန်းကလေးတစ်ယောက် အကြောင်းကို ပြောပြချင်တယ်။ ကောင်မလေးက အသက် (၂၂)နှစ်လောက်တော့ ရှိမယ်။ သူက ကျွန်တော်ဆီမှာ ဗေဒင်မေးတယ်။ အိမ်ထောင်ရေး ကံကြမ္မာတဲ့။ အဲဒီတော့ ကျွန်တော်က ပြန်မေးလိုက်တယ်။ မိန်းကလေးရဲ့ အိမ်ထောင်ဘက်က ဘာနေ့သားလည်းလို့ ပြန်မေးလိုက်တော့ သူက ကျွန်မမှာ အိမ်ထောင်မရှိဘူးတဲ့။ အဲဒီတော့ ကျွန်တော်က ဆက်ပြီး ပြန်ပြောလိုက်တယ်။ ဒါဆို အိမ်ထောင်မရှိဘဲနဲ့ အိမ်ထောင်ရေးကိစ္စကို ဘယ်လိုမေးမလဲလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။

အဲဒီတော့ သူက ကျွန်မမှာ အိမ်ထောင်တော့ မရှိပါဘူးဆရာ။ ဒါပေမယ့် ဆရာ၊ ဟိုလေ ကျွန်မမှာ ကိုယ်ဝန် လေးလရှိနေတယ်။ သူ့အသံက တိုးတိတ်သွားတယ်။ ဆွံအသွားတယ်။ တိမ်ဝင်သွားတယ်။ အဲဒီမှာ ဗေဒင်ဆရာလည်း ဘာပြောရမှန်းမသိပဲ တိတ်ဆိတ်သွားတော့တယ်။ တော်တော်လေးကြာတယ်။ တခန်းလုံး တိတ်ဆိတ်နေတာ။ နောက်ဆုံးတော့ ကျွန်တော်လည်း မိန်းကလေးရဲ့မျက်နှာကို ကြည့်လိုက်ပြီး ဘယ်လိုဖြစ်တာလဲ မိန်းကလေးရယ်လို့ ခပ်တိုးတိုး ပြန်မေးလိုက်တယ်။

ကောင်မလေးက ချက်ချင်းကြီးတော့ ကျွန်တော်မေးတာကို ပြန်မဖြေဘူး။ အတော်ကြာမှ ကျွန်မ ချစ်သူ ထွက်ပြေးသွားတယ်တဲ့။ ဒီလို ဖြစ်နေတာကို မသိလို့ ဖြစ်မှာပါလို့ ကျွန်တော်က ပြောလိုက်တော့ သူသိသွားလို့ ပြေးသွားတာတဲ့။ မသိခင်တုန်းကတော့ အေးဆေးပဲ။ ကိုယ်ဝန်ရှိနေတယ်လို့ သိလိုက်ရတဲ့ နောက်နေ့မှာ သူ့ကောင်လေး မဟာချိုင်ကနေ ပျောက်သွားခဲ့တာပဲ။ ဘယ်လို စုံစမ်းစုံစမ်း မတွေ့ရတော့ဘူးတဲ့။

အဲဒီတော့ ကျွန်တော်ကမေးလိုက်တယ်။ ကျွန်တော် ဘာကူညီပေးရမလဲလို့ဆိုတော့ သူနဲ့ အဆက်အသွယ်ရချင်တယ်လို့ ပြောပြီး ကောင်မလေးမျက်ဝန်းက မျက်ရည်တွေ လိမ့်ဆင်းလာတယ်။ အသံထွက်အောင်တော့ သူမငိုပါဘူး။ ငိုရလွန်းလို့ အသံတွေတောင် တိမ်ဝင်နေပြီထင်တယ်လို့ ကျွန်တော် တွေးလိုက်မိတယ်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဒီလို အခက်အခဲမျိုးတွေ ကြုံတဲ့ မိန်းကလေးမျိုးတွေ အများကြီး ရှိတယ်။ သူတို့ဟာ အဲဒီလို ကြီးမားတဲ့ အခက်အခဲတွေ ကြုံတွေ့ရတဲ့ အချိန်မှာ ဘာလုပ်ရမှန်း မသိတော့ဘူး။ သိသလောက် ကြားဖူးသလောက် နေရာလေးတွေတော့ သွားပြီး အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားတတ်ကြတယ်။ ဒါပေမယ့် အဆင်မပြေတဲ့ အခါကြတော့ ကိုယ့်ကိုကို သတ်သေသွားဖို့အထိ စဉ်းစားလာတတ်ကြတယ်။ နောက်တစ်ခုက သူတို့မှာ လတ်တလောကြုံတွေ့ရတဲ့ ဒီပြဿနာကြီးကို တခြားလူတွေ သိသွားမှာ ၊ အဓိကကတော့ ကိုယ့်မိသားစုတွေ သိသွားမှာ အရမ်းကြောက်ကြတယ်။ အဲဒိတော့ တစ်ယောက်တည်းကြိတ်ပြီး ပြေလည်အောင်ဖြေရှင်းဖို့ ကြိုးစားတာပေါ့။ ကိုယ်ရဲ့ တိုင်ပင်လို့ရမယ့် တစ်ယောက်တည်းသော ချစ်သူကောင်လေးကလည်း ထွက်ပြေးသွားတယ်ဆိုတော့ သူ့ဘ၀မှာ အားကိုရာဆိုလို့ ကောက်ရိုးတစ်မျှင် လောက်တောင် မရှိတော့ဘူး။

အခု ဒီနေ့တင်မယ့်ယတြာက အဲဒီလိုကိစ္စတွေ ကြုံတွေ့လာတဲ့အခါမှာ ဆောင်ရွက်လို့ရတဲ့ ယတြာပါ။ မသိရင်တော့ တော်တော်လေး ရှုပ်မယ့်အနေအထားရှိပါတယ်။ ဒါပေမယ့် သေသေချာချာလေး အေးအေးဆေးဆေးလေး ဖတ်ကြည့်မယ်ဆိုရင်တော့ နားလည်သွားမှာပါ။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးပေးပါ့မယ်။ ဒီနေရာမှာ ဒီယတြာအကြောင်းကို အသေးစိပ်မပြောခင် ဒီယတြာမှာ အသုံးပြုမယ့် အဖြစ်ဆိုတာရယ်၊ အညွန်ဆိုတာရယ်ကို သိစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီယတြာမှာ အသုံးပြုမှာတွေက အဲဒီအမြစ်ရယ် -အညွန့်ရယ်နဲ့ ဆောင်ရွက်မှာ မို့လို့ပါ။

အပေါ်ကပုံကို ကြည့်ကြည့်ပါ။ ဥပမာ သင်က အင်္ဂါသားသမီး တစ်ယောက်ဖြစ်တယ် ဆိုကြပါစို့။ အင်္ဂါရဲ့ အမြစ်ကို သိချင်၇င် ရှေ့က တနင်္လာဆိုတာဟာ အင်္ဂါရဲ့ အမြစ်ပေါ့။ နောက်က ဗုဒ္ဓဟူးကတော့ သင့်ရဲ့ အညွန့်ပေါ့။ အဲဒီအမြစ်နဲ့ အညွန်နှစ်ခုကို သိရရင် ဒီယတြာကို ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်လို့ရပါပြီ။ ကဲဗျာ...။ ဒီလောက်ဆိုရင် အမြစ်အညွန်ဆိုတာကို သိလောက်ပါပြီ။

ကဲယတြာစီရင်ပုံအပြည့်အစုံကို စကြရအောင်

(၁) ကော်မဟုတ်တဲ့ မြက်ယပ်တောင် နှစ်ခုလိုပါတယ်။ အောက်မှာ ကြည့်ကြည်လိုက်ပါ။

(၂) ကာယကံရှင်ရဲ့ အမြစ်နံ (အသား)ရယ် အညွန့်နံ(ပန်းတပွင့်)ရယ်။ နောက်ပြီး တစ်ဘက်လူနေ့နံရဲ့ အမြစ်နံ (အသား) ရယ်၊ အညွန့်နံ (ပန်းတစ်ပွင့်)ရယ် အရင်ရှာထားပါ။ ပြီးရင် ယပ်တောင်တစ်ချောင်းမှာ ကိုယ့်ရဲ့ (အမြစ်နံ) အသားရယ်၊ တစ်ဖက်လူရဲ့ အမြစ်နံ အသားရယ်ကို ပူးချဉ်ပါ။ ယပ်တောင်အရွက်မှာကတော့ ကိုယ့်ရဲ့ အညွန်နံပန်းတစ်ပွင့်ရယ်၊ တစ်ဖက်လူရဲ့ အညွန်နံပန်းတစ်ပွင့်ရယ် ပူးချဉ်ပါ။ ယပ်တောင်နှစ်ချပ်လုံးမှာ အထက်ပါအတိုင်း ဆောင်ရွက်ထားပါ။

ဟုတ်ပြီနော်။ အပေါ်မှာ ဥပမာအနေနဲ့ သောကြာသမီးတစ်ယောက်က သူ့ကို ပစ်သွားတဲ့ ဗုဒ္ဓဟူးသားတစ်ယောက်ကို ဓာတ်ရိုက်ဓာတ်ဆင် ဆောင်ရွက်ပုံကို ဥပမာအနေနဲ့ ပြထားပေးပါတယ်။

ဥပမာ သောကြာသမီးက ဗုဒ္ဓဟူးသားကို ဓာတ်ဆင်တယ် ဆိုကြပါစို့။

သောကြာသမီးရဲ့ အမြစ်နဲ့ အညွန့်ကို အရင်ဆုံး ရှာထားရမယ်နော်။ အမြစ်က ယပ်တောင်ရိုးမှာ ချဉ်ဖို့။ အညွန့်က ယပ်တောင် အရွက်မှာ ချဉ်ဖို့ပါ။ အပေါ်မှာ ပုံလေးဆွဲပြထားတယ်ဆိုတော့ ထပ်မရှင်းပြတော့ပါဘူး။

နောက်ဆုံးအဆင့် အားလုံး ယပ်တောင်နှစ်ခုမှာ အမြစ်တွေ၊ အညွန့်တွေအားလုံး စီစဉ်ပြီးသွားပြီဆိုရင်

မိမိအိမ်ဘုရားစင်ရှေ့မှာ သန့်ရှင်းသော ဇလုံတစ်လုံးထဲမှာ ဘုရားဆင်းတုတော်ကို ရေ (၁၂)ခွက်တိတိ သပ္ပါယ်ပါ။ ပြီးရင် အစီအရင် လုပ်ထားသောယပ်တောင်ဖြင့် ဆင်းတုတော်ကို (၁၀၈)ခေါက် ယပ်ခတ်ပြီး ကိုယ်ဖြစ်ချင်တာကို ဆုတောင်းပါ။ လေးလေးနက်နက် ဆုတောင်းပါ။ ကိုယ့်ကိစ္စပြီးစီးအောင်မြင်သည့်အထိ ဆောင်ရွက်ပါရန်။

အောက်ဖက်မှာတော့ (၇)ရက်သားသမီး အားလုံးအတွက် အမြစ်နံ အညွန့်နံတွေကို အဆင်ပြေပြေ သိရအောင် ဇယားကွက်လေးပြုလုပ်၍ ဖော်ပြပေးလိုက်ရပါတယ်။

ခင်မင်လေးစားရပါသော မိတ်ဆွေအပေါင်းတို့ခင်ဗျား.....
မည်သူမဆို အထက်ပါယတြာနျင့် ပါတ်သက်၍ တစုံတရာ မရှင်းလင်းသည်ဖြစ်ပါက ကျွန်ုပ်၏ စာရေးသားတင်ပြပုံ လိုအပ်၍သာ ဖြစ်ပါကြောင်းနှင့် ကျွန်ုပ်၏ အီးမေးလ်လိပ်စာဖြစ်သော sayaheintintzaw@gmail.com သို့ အားနာစရာ လုံးဝမလိုပဲ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း....

အားလုံး၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Wednesday, February 16, 2011

ငါကလွဲရင်-ဖွဲနဲ့ဇကွဲဖြစ်စေ...

လေးစားခင်မင်ရပါသော ဆရာဟိန်းတင့်ဇော်....

ကျွန်မနာမည် ပိုးလေးပါဆရာ။ အခုလောလောဆယ်တော့ စင်္ကာပူမှာ အလုပ်လုပ်နေပါတယ်။ အလုပ်အကိုင်ရော- နေရေးထိုင်ရေးပါ အဆင်ပြေပါတယ်။ ကျွန်မက အလုပ်အားရင် ဆရာ့ရဲ ဆိုက်လေးထဲမှာ အချိန်ပြည့် စာဖတ်နေတဲ့ ဆရာ့ရဲ့ စာဖတ်ပရိသတ်တစ်ယောက်ပါ။ ကျွန်မက ဆရာ့ရဲ့စာတွေကို ဖတ်ရုံတင် ဖတ်တာမဟုတ်ဘူးနော်။ အကုန်လုံးကို ပရင့်ထုပ်ထားသေးတာ။ ကျွန်မနဲ့ တွေ့ကြုံတဲ့ အခက်အခဲရှိနေတဲ့ သူငယ်ချင်းတွေဆိုရင် ကျွန်မက အမြဲတမ်း ယတြာတွေ လုပ်ပေးနေကြလေ။ တော်တော်များများတော့ အဆင်ပြေကြပါတယ်။

အခုတော့ သူများကိစ္စမဟုတ်ပါဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေတာနဲ့ ဆရာ့ဆီလှမ်းပြီး အကူအညီ တောင်းလိုက်ရတာပါဆရာ။ ထုံးစံအတိုင်းပေါ့ဆရာရယ်။ လူငယ်ဆိုတော့လည်း တခြားမဟုတ်ပါ ဘူး။ အိမ်ထောင်ရေးပေါ့ဆရာရယ်။ ပြောရဦးမယ် ဆရာရေ။ ကျွန်မမှာက အိမ်ထောင်ရှိပါတယ်။ ကျွန်မကသာ အခြအနေအရ စင်္ကာပူနိုင်ငံကို အလုပ်သွားလုပ်နေရတာပါ။ ကျွန်မအမျိုးသားကတော့ မြန်မာပြည်မှာပဲ နေပါတယ်ဆရာ။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်တုန်းက ရန်ကုန်က ကျွန်မသူငယ်ချင်းနဲ့ စကားပြောဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်မသူငယ်ချင်းက ကျွန်မကို ကျွန်မယောက်ျားအကြောင်း ဒီလို ပြောပြခဲ့တယ်။ သူငယ်ချင်း ပိုးလေးတဲ့ နင်ကတော့ နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေရတယ်။ နင်ယောက်ျားကိုလည်း နင်ပစ်မထားနဲ့နော်။ ဒီမှာ နင့်ယောက်ျားက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်တဲ့။ အဲဒီလို ပြောတဲ့စကားကို ကြားတဲ့နေ့က စပြီး ကျွန်မလေ စိတ်တွေအရမ်းလေနေတယ် ဆရာ။ အလုပ်လုပ်ရတာလည်း စိတ်မပါတော့ဘူး။ အိပ်ရင်လည်း အိပ်လို့ မပျော်တော့ဘူး။ ဘာမှလည်း စားချင်စိတ်သောက်ချင်စိတ် မရှိတော့ဘူး။ အချိန်ပြည့် ကျွန်မစိတ်က ကိုဦး ( အော်.. ကျွန်မယောက်ျား နာမည်က ကိုဦးပါဆရာ) ဆီကို ရောက်နေတယ်။

တစ်ခါတစ်လေလည်း ကျွန်လေ မြန်မာပြည်ကို ပြန်ပြီး မိသားစုနဲ့ အေးအေးချမ်းချမ်း အေးအတူပူအမျှ နေထိုင်ရရင် ကောင်းမလေားလို့တောင် တွေးမိတယ်ဆရာ။ ဒါပေမဲ့ ဒါက အတွေးပဲရှိပါတယ်။ တကယ့်လက်တွေ့ လုပ်လိုက်လို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ ဒါကြောင့် ဆရာရယ် ကျွန်မကို ကူညီပေးစေချင် ပါတယ်။ ကျွန်မလည်း စိတ်အေးလက်အေး ဒီမှာ ဆက်ပြီး အလုပ်လုပ်နိုင်အောင် ကျွန်မယောက်ျားလည်း ကျွန်မကို တစ်သက်လုံး အမြဲတမ်း ရိုးမြေကျ ချစ်ခင်မြတ်နိုး သစ္စာရှိအောင် တစ်ခုခု လုပ်ပေးပါဆရာ။ ကျွန်မလေ ကြာရင် ကိုဦးစိတ်နဲ့ ဒုက္ခရောက်တော့မှာမို့ပါ။ ဆရာ့အတွက် ညာဏ်ပူဇော်ခကို စင်္ကာပူဘဏ်အကောင့်ထဲကို ထည့်ပေးလိုက်ပါ့မယ်ဆရာ။

လေးစားခင်မင်စွာဖြင့်
ပိုးလေး (ခေတ္တ-စင်္ကာပူ)

ကျွန်ုပ်ထံသို့ အီးမေးလ်ပို့၍ စာရေးအကူအညီ တောင်းလာသော စင်္ကာပူမှပိုးလေး၏ စာကို ဖတ်၍ ကျွန်ုပ်သည် တစ်ခါတစ်ရံမျှ မြင်ဘူးတွေ့ဘူးခြင်း မရှိသော ပိုးလေးဆိုသူ၏ ရင်ထဲမှ ဒဏ်ရာများခံစားချက်များကို မြင်လိုက်ရ၏။ စာနာမိလိုက်၏။ နားလည်ပေးမိ၏။ တစ်ဖက်မှလည်း စင်္ကာပူတွင် အလုပ်တစ်ဖက်လုပ်နေရ၏။ တစ်ဖက်မှလည်းမြန်မာပြည်တွင် ကျန်နေသော မိမိ၏ လင်တော်မောင် ကိုဦးကိုလည်း စိတ်ပူနေရသော ပိုးလေး၏ ခံစားချက်များ၊ စိတ်သောကများသည် မည်မျှလောက် နာကျင်နေမည်လဲဟု တွေးမိလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ပိုးလေး၏ အိမ်ထောင်ရေး တည်တန့်ခိုင်မြဲအောင် သာယာအောင် ၊ သူ့ယောက်ျားကိုဦးဖြစ်သူ မိန်းမမရှုပ်ပဲ သူတစ်ဦးတည်းအပေါ်တွင် ခိုင်မြဲစေအောင်၊ သစ္စာရှိအောင် အဆောင်တစ်ခုခု လုပ်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ သို့သော် ပိုးလေးသည် ယခုလောလောဆယ် စင်္ကာတွင် ရောက်နေ၏။ ကျွန်ုပ်က ထိုင်းနိုင်ငံတွင် ရှိနေ၏။ သူနှင့် ကျွန်ုပ်သည် လွန်စွာ အလှမ်းကွာနေ၏။ ထို့ကြောင့် အဆောင်များ ယတြာများ မည်ကဲ့သို့ စီစဉ်ပို့ပေးရမည်းနည်း။ အိမ်ထောင်ရေးနှင့်ပါတ်သက်သော အဆောင်များစွာရှိ၏။ သို့သော် စင်္ကာပူတွင် လုပ်၍ အဆင်ပြေပါမည်လား။ အစရှိသည်ဖြင့် အတွေးများစွာဖြင့် ရှိနေလေရာ ကျွန်ုပ်သည် ပိုးလေးထံသို့ Reply- ပြန်မလုပ်ဖြစ်ခဲ့ပေ။ (၃) ရက်အကြာတွင် ပိုးလေးထံမှ ကျွန်ုပ်ထံသို့ အကူအညီပေးပါရန် စာတစ်ဆောင်ထပ်ရောက်လာလေ၏။ ထို့ကြောင့် ရက်ပိုင်းအတွင်း အကြောင်းပြန်ပေးမည့်အကြောင်းနှင့် ယတြာအတွက် စီစဉ်နေကြောင်း စာပြန်ပေးလိုက်လေ၏။

ကျွန်ုပ်သည် ထိုရက်ပိုင်းတွင် အဆောင်ကိစ္စများတွက် စီစဉ်ရလေ၏။ ထို့ကြောင့် ကိုဦးသည် တနင်္ဂနွေသား ဖြစ်၏။ ပိုးလေးသည် ကြာသပတေးသမီးဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေအတွက် အင်သားရှာရ၏။ ကြာသပတေးအတွက် ပျဉ်းမသားကို ရှာရ၏။ ထိုအသားနှစ်ခုနှင့် အဆောင် စီရင်ပေးရ၏။ ထိုအဆောင်စီရင်ပုံကို အောက်တွင် အသေးစိပ်ဖော်ပြပေးပါမည်။

အဆောင်တစ်ခု စီရင်ပြီးသည့်နောက်ပိုင်းတွင် ထိုအဆောင်ကို စင်္ကာပူရှိ ပိုးလေးထံသို့ ပိုပေးရန် စီစဉ်ရပြန်၏။ အစပထမတွင် ကျွန်ုပ်သည် လူကြုံနှင့် ပို့ပေးရန် စဉ်းစားမိလေ၏။ သို့သော် လူကြုံဆိုသည်မှာ ကြုံမှ ဖြစ်မည့်ကိစ္စဖြစ်သောကြောင့် ထင်သလောက်မလွယ်ကူလှပေ။ ထို့ကြောင့် ကျွန်ုပ်သည် နည်းလမ်းပေါင်းစုံကို တွေးနေမိ၏။ တစ်ရက်တွင် ကျွန်ုပ်ထံသို့ အမေရိကတွင် ရှိသောမိတ်ဆွေတစ်ဦးမှ တားရော့ကဒ်တစ်ထုပ်ကို စာတိုက်မှ ပို့ပေးလိုက်လေ၏။ ကျွန်ုပ်ထံသို့ (၇)ရက်ခန့်အကြာတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေရာ တားရော့ထုပ်လေးကို ကြည့်ရင်း အကြံတစ်ခုရမိ၏။ ပိုးလေး၏ အဆောင်ကို စာတိုက်မှ သွားပို့ရရင် ကောင်းမည်ဟု တွေးမိ၍ ချက်ချင်းဆိုသလိုပင် စာတိုက်သို့သွားကာ စုံစမ်း၏။ ထိုသို့ စုံစမ်းရာ နိုင်ငံတကာသို့ ပစ္စည်းများ ပို့လို့ရသည်ဟု သိရလေ၏။ ထိုအကြံကို အခုမှ ဘာကြောင့်သိရတာလည်းဟူ၍လည်း မိမိကိုယ်ကို အားမလိုအားမရဖြစ်မိလေ၏။

ပစ္စည်းပို့ရာ၌ နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ပုံမှန်အတိုင်း ပို့ခြင်းဖြစ်၏။ တစ်မျိုးမှာ အမြန်ချောပို့ခြင်း ဖြစ်၏။ ထိုနှစ်မျိုးတွင် ပို့ခအဖြစ် အမြန်ချောပို့အဖြစ် ငွေငါးဆပို၍ပေးရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ပိုးလေး၏ အိမ်လိပ်စာအပြည့်အစုံကို တောင်းယူ၍ ပိုးလေးအတွက် အဆောင်ကို ပို့ပေးလိုက်လေတော့၏။ (၄)-ရက်ခန့်အကြာတွင် ပိုးလေးမှ ဖုံးဆက်၍ ကျွန်ုပ်ပို့ပေးလိုက်သော အဆောင်ကို ရရှိပြီဖြစ်ကြောင်း ဖုံးဆက် ပြောပြ၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း ဤအဆောင်လေးကို ယုံယုံကြည်ကြည်နှင့် ဆောင်ထားရန်နှင့် ကိုဦးကို တစ်စုံတစ်ရာ ပြောဆိုချင်သော ကိစ္စများရှိပါကလည်း ကိုဦးကို ထိပ်တိုက်မပြောခင် ဤအဆောင်လေးကို ကြည့်၍ အရင်ဆုံးစကားများအမိန့်များ ပေးနိုင်ကြောင်း ပြန်လည်ပြောပြလိုက်လေ၏။

မိတ်ဆွေများခင်ဗျာ....

အထက်ပါအဆောင်သည် အိမ်ထောင်ရေးတွင်မက အချစ်ရေးကိစ္စများတွင်လည်း အသုံးပြုနိုင်ယုံမက မိမိနှင့် ဘ၀တစ်ခုလုံးရေရှည် အဆင်ပြေချင်သော မိသားစုများ ၊ စီးပွားရေးလက်တွဲဖော်များ၊ သူငယ်ချင်းများနှင့်လည်း ဆောင်ရွက်ထားနိုင်ပါတယ်။ သို့သော် တစ်ခု ကြိုတင်မေတ္တာရပ်ခံချင်သည်မှာ ကောင်းမြတ်သော မေတ္တာစိတ်ကိုသာ အခြေခံ၍ ပြုလုပ်ကြပါရန် ကြိုတင်၍ ပြောဆိုလိုပါတယ်။ ကိုယ်ပြုသမျှကံ ကိုယ့်ဆီပြန်လာတတ်သောကြောင့် ကောင်းမွန်သော စိတ်စေတနာကိုသာ အရင်းခံ၍ ပြုလုပ်ဆောင်ရွက်မည် ၊ သစ္စာဆို ဆောင်ရွက်မည်ဆိုပါက မုချ အောင်မြင်နိုင်ပါကြောင်း ကြိုတင်၍ ပြောဆိုလိုက်ပါရစေ...။

ထိုအဆောင်ကို မည်သူမဆို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နှိုင်ပါတယ်။ အရမ်းလည်း ထိရောက်ပါတယ်။ အရမ်းလည်း စွမ်းပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိပါက ကျွန်ုပ်ထံသို့ လိပ်စာအတိအကျ ၊ မွေးနံအတိအကျများကို (sayaheintintzaw@gmail.com) သို့ ပေးပို့ အကူအညီ တောင်းနိုင်ပါတယ်။ သင့်ဘက်က ကုန်ကျစရိပ်လောက်သာ ကျခံပါ။ ကျွန်ုပ်ဘက်က မေတ္တာဖြင့် စီရင်၍ ပြန်လည်ပေးပို့လိုက်ပါမည် ဖြစ်ပါကြောင်း......

အစီအရင်အပြည့်အစုံ

အသားလေးနှစ်ခု ရှာပါ။ အဆောင်လုပ်မှာဆိုတော့ သေးသေးလေးဆိုရပါတယ်။ အရှည်ကတော့ (၁)လက်မလောက်ဆိုရင် ရပါပြီ။ အသားကတော့ ကိုယ်ရဲ့ နေ့နံအသားက တစ်ခုပေါ့။ ကိုယ်စီရင်မယ့် သူရဲ့ နေ့နံအသားက တစ်ခု။ ပြီးရင် အဲဒီ အသားလေးနှစ်ခုကို ကန့်လန်လုပ်လိုက်။ ပြီးရင် ကန့်လန့်နေရာမှာ ကြိုးအမဲနဲ့ ခေါက်ဆွဲတုတ်ချဉ်သလို ပတ်ချဉ်ရမယ်။ အပေါ်မှာတော့ ဓာတ်မိသွားအောင် တစ်ဖက်လူရဲ့ ဓာတ်ပုံကပ်ပေါ့။ ဓာတ်ပုံကိုလည်း အသားကသေးရင် ကပ်လို့ မရဘူးဆိုရင် ပတ်လိုက်ပေါ့ဗျာ။ ပြီးရင် အင်္ကျီအနီလေး ၀တ်ပေးပြီး ဒီလိုပြောရမယ်။ ငါကလွဲရင် ဘယ်သူ့ကိုမှ မချစ်နဲ့။ ငါတစ်ယောက်တည်းကိုပဲ ချစ်ရမယ်။ ငါ့ကိုပဲ စွဲစွဲမြဲမြဲ ချစ်ရမယ်။ အဲဒီလို ပြောရမယ်။ ပြီးရင် ထုံးစံအတိုင်း အိပ်ယာပေါ် ကိုယ့်ခေါင်းအုန်းဘေးမှာ ထားသိပ်ပေါ့။ နေ့နံအသားတွေကတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပါပြီနော်။

ကဲ... အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Tuesday, February 15, 2011

အချစ်ရေးနှင့်-စိတ်ညှို့ပညာ

ဒီတစ်ခါ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဗေဒင်အကြောင်းလည်း မပါဘူး။ ယတြာအကြောင်းလည်းမပါဘူး။ အဆောင်တွေအကြောင်းလည်း မဟုတ်ပါဘူး။ မရေးတာကြာပြီဖြစ်တဲ့ စိတ်တန်ခိုးနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ စိတ်တန်ခိုးနဲ့ ပတ်သက်ပြီး ရေးရတာကတော့ အရမ်းတာဝန်ကြီးမားပါတယ်။ တစ်စုံတစ်ယောက်က မင်းကကော ဘယ်အဆင့် ရောက်နေလို့လဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဘာအဆင့်မှ မရသေးပါဘူး။ ဘာအဆင့်မှလည်း မလိုချင်ပါဘူး။ ကြိုးစားဆဲ-လေ့လာဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဆိုက်လေးထဲကို လာရောက်လေ့လာတဲ့ စာဖတ်သူများကို သိစေချင်တဲ့ စေတနာသက်သက်ဖြင့် သိသလောက် ရေးသားပေးလိုက်တာပါ။

အချစ်ဆိုသောအရာ

ဟုတ်ပြီ။ အချစ်ဆိုသော အရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ

အိုကေနော်....။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုး ရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေး ရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့ လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ... ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့

နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။

အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့ အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကို မပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့ နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း

အဲဒီတော့ ဒီနေရာမှာ ကျွန်တော်က ယောက်ျားလေးဆိုတော့ ယောက်ကျားလေး နေရာကနေ ရေးမယ်နော်။ ဥပမာ ကျွန်တော်က ကောင်မလေး တစ်ယောက်ကို ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်မလေး ကျွန်တော်ကို ပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။

ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့ အလုပ်ကို ယုံကြည်ရမယ်။ ငါ ဒီစိတ် အလုပ်ကို လုပ်တယ်။ တစ်နေ့ထက် တစ်နေ့ ငါအလိုရှိတဲ့ အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။ ဖြူဖြူကျော်သိန်းဆိုရင် ဖြူဖြူကျော်သိန်းပဲ။ ဖြူဖြူကျော်သိန်းကို မရရင် မိုးဟေကိုကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်မလေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်က လိုချင်နေတာ ဆိုရင် ကိုယ့်ဆီမှာလည်း မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။

ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။

အိုကေ...။ စပြီ။ ကောင်မလေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။ ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက် ခတ်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။

အိုကေ ...။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကောင်မလေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်မလေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကို အရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်မလေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာ ပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်မလေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်မလေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည် စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာ မဖြူ။ ကျွန်တော် မဖြူကို စကား ပြောချင်တယ်။ ကျွန်တော့် စကားကို သေသေချာချာ နားထောင်နော်။ ကျွန်တော်ကတော့ မဖြူ့ကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။ အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်တော်က မဖြူကို စွဲလန်းချစ်ခင် နေသလိုပဲ မဖြူကလည်းကျွန်တော်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်း ပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်ရှင်ပေါ့။

(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကို ၀င်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင် ၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)

အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။

အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။

မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက်ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တနခိုးကို မလိုချင်ပါ။ ရေထဲမှာ သွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။ ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကို သာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့် အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Monday, February 14, 2011

မိမိအပ်နှံထားသောပစ္စည်းများ ပြန်တောင်းရစေသောနည်း

သူ့နာမည်က ဦးအေးမောင်တဲ့၊ သူက မွန်လူမျိုး ၊ အသက် လေးရှစ်လောက်ရှိတဲ့ ၊ စိတ်သဘောထားပြည့်ဝပြီး ခင်မင်ဖော်ရွှေတတ်တဲ့ ဦးလေးကြီးတစ်ယောက်ပါ။ သူက လူတစ်ဖက်သားကို အရမ်းလည်း ကူညီတတ်တယ်။ ဒုက္ခရောက်နေတဲ့လူကို တွေ့ပြီဆိုတာနဲ့ မကူညီရရင်ကို မနေနိုင်ဘူး။ နောက်ပြီး သူ့မှာရှိလို့ကတော့ အကူအညီ လာတောင်းတဲ့လူက မရသွားဘူးဆိုတာကို မရှိတာ။ ငွေမတတ်နိုင်ရင် လူနဲ့ ကူညီပေးတာ။ ပြောရရင်တော့ စိတ်ကောင်းအလွန်ရှိတဲ့ ဦးလေးကြီးတစ်ယောက် ဆိုပါတော့။

သူ-စိတ်ကောင်းရှိလွန်းလို့ ဒုက္ခရောက်တာလည်း ကျွန်တော်မှတ်မိသေးတယ်။ အမှန်ကတော့ ပြဿနာက ကျွန်တော်ကစတဲ့ ဇာတ်လမ်း။ ဖြစ်ပုံက ဒီလို။ တစ်နေ့ အလုပ်ပိတ်ရက်မှာ ဦးအေးမောင်ကြီး ကျွန်တော်အခန်းကို လာလည်တယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျွန်တော့်ဆီကို ဖုံးတစ်လုံးဝင်လာတယ်။ တစ်ဘက်က ပြောတာကို ကျွန်တော်က လုံးဝနားမလည်ဘူး။ တစ်ဘက်လူက ကျွန်တော်ကို မွန်လိုပြောနေတာကိုး။ အဲဒီတော့ ကျွန်တော်က နားမလည်တော့ မွန်လူမျိုး ဦးအေးမောင်ကြီးကို ဖုံးလှမ်းပေးလိုက်တယ်။

ကျွန်တော်ရှေ့မှာ ဦးအေးမောင်ကြီးတစ်ယောက် မွန်လို စကားတွေပြောနေတာ နာရီဝက်လောက်တောင် ကြာတယ်။ စိတ်ဝင်တစားကို ပြောနေတာနော်။ အခြေအတင်ကို ပြောနေတာ။ နောက်ပြီး သူကလည်း ဘာတွေလည်းမသိ ပြန်ပြန်မေးတယ်။ အဲဒီလိုနဲ့ နာရီဝက်လောက် ကြာတော့ ဦးအေးမောင်ကြီးတစ်ယောက် ရုတ်တရက်ကြီး မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဖုံးကို ကျွန်တော့် ပြန်ပေးလိုက်ရင်း သွားလိုက်ဦးမယ်ဆရာလေးရေ။ လုပ်စရာလေး ချက်ချင်းပေါ်လာလို့ဆိုပြီး သုတ်တိသုတ်ပြာနဲ့ ကျွန်တော့်အခန်းထဲက ပြန်ထွက်သွားတယ်။ ကျွန်တော်လည်း စဉ်းစားပြီး ကျန်နေခဲ့တယ်။ ဒီလူကြီး ဘာဖြစ်သွားတာပါလိမ့်ပေါ့။

ညနေ(၆)နာရီလောက်ရောက်တော့ ဦးအေးမောင်ကြီးတစ်ယောက် ကျွန်တော့်အခန်း ပြန်ဝင်လာပြန်တယ်။ မျက်နှာကတော့ ရှုံ့မဲ့မဲ့နဲ့။ တစ်ခုခုကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတဲ့ ပုံနဲ့ ။ အဲဒီတော်မှ ကျွန်တော်လည်း တနေကုန်သိချင်နေတဲ့ ကိစ္စကို မအောင်အီးနိုင်ပဲ ဖွင့်မေးလေိုက်တယ်။ အဲဒီတော့မှ ဦးအေးမောင်ကြီးက ကျွန်တော်ကို ဒီလိုပြောပြတယ်။ အဖြစ်က ဒီလို...

ဒီလိုဆရာလေးရေ..။ မနက်တုန်းက ဆရာဆီကို အမျိုးသမီးတစ်ယောက် ဖုံးဆက်တယ်။ မွန်လိုပြောတယ်။ ဆရာက နားမလည်တော့ ကျွန်တော်ဆီကို ဖုံးပေးလိုက်တယ်လေ။ အဲဒီမှာ ဖုံးဆက်လာတာက ဗန်ကောက်မှာ အိမ်ဖော်လုပ်နေတဲ့ မွန်အမျိုးသမီးတွေလို့ ပြောတာပဲ။ သူတို့က ညီအမနှစ်ယောက်တဲ့။ သူကတော့ တစ်ခုလပ်တဲ့။ သူ့ညီမလေးကတော့ အပျိုလေးတဲ့။ အခု သူတို့ ညီအမနှစ်ယောက် ဒုက္ခအရမ်းရောက်နေလို့ လာကယ်ပါတဲ့။ မွန်လူမျိုးအချင်းချင်းလှမ်းပြီး အကူအညီတောင်းတာပါတဲ့။

အဲဒီတော့ ကျွန်တော်က ဘာဖြစ်တာလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီတော့ သူတို့က ဘာပြောလဲဆိုတော့ အခုလောလောဆယ် သူညီမအပျိုမလေးကို သူတို့လုပ်နေတဲ့ အိမ်က သူဋ္ဌေးက အတင်းယူမယ်လုပ်နေတယ် လို့ ပြောတယ်။ အဲဒါအဲဒီအိမ်ကနေ ထွက်သွားချင်တာပါတဲ့။ ဒီကနေ ထွက်မသွားရင် သူ့ညီမလေး ရေတိမ်နစ်ရပါလိမ့်မယ်။ ကယ်ပါဦးလေးရယ်လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က ဒါဆို လိပ်စာပေး ဦးလေးလာကြိုမယ်လို့ ပြန်ပြောလိုက်တော့ အဲဒီအမျိုးသမီးက အခုလောလောဆယ်တော့ သူက အရေးမကြီးပါဘူး။ သူ့ကိုလည်း သူဋ္ဌေးက မကြိုက်တော့ အရေးမကြီးဘူး။ အရေးကြီးတာက သူ့ညီမ အပျိုလေး ဘ၀မပျက်အောင်တော့ ကူညီပေးပါလို့ ပြန်ပြောတယ်။

ထိုအခါ ကျွန်တော်က စကားဖြတ်ပြီး အော်..မနက်တုန်း က အရေးတကြီး ထထွက်သွားတာ ဒီကိစ္စပဲပေါ့လေလို့ ဆိုတော့ ဦးအေးမောင်ကြီးက ဟုတ်တယ်ဆရာလေးရေလို့ ပြန်ပြောတယ်။ နောက်တော့ ဆက်ပြောပါဦးလို့ ကျွန်တော်က စကားဆက်ထောက်ပေးလိုက်တော့ ဦးအေးမောင်ကြီးက သူ့အဖြစ်အပျက်ကို ဆက်ပြောပြတယ်။

အဲဒီလိုနဲ့ ကျွန်တော်က လာကြိုမယ်လို့ ပြောတော့... အဲဒီဖုံးဆက်တဲ့ အမျိုးသမီးက ဒီလိုပြန်ပြောတယ်ဆရာရေ။ ဦးလေးတဲ့။ ဦးလေးကူညီမယ်ဆိုရင် ဒီလို ကူညီလို့ မရသေးဘူးတဲ့။ သူဋ္ဌေးက ပြောတယ်။ တကယ်လို့ နင့်ညီမကို ဒီမှာဆက်မထားချင်ရင် မြန်မာပြည်က လာတုန်းက ငါစိုက်ထားတဲ့ လမ်းစရိတ်တွေ ကို ပြန်အမ်းပေးရင် ခွင့်ပြုမယ်လို့ ပြောတယ်။ ပိုက်ဆံမရရင်တော့ လုံးဝ အိမ်ကနေ ပြန်ခွင့်မပေးဘူးလို့ သူဋ္ဌေးက ပြောတယ်လို့ ဖုံးဆက်တဲ့ မိန်းကလေးက ပြောတယ်ဆရာလေးရေ။

အဲဒီတော့ ဦးလေးရယ် ကျွန်မကတော့ အိမ်ထောင်လည်းကျပြီးသားဆိုတော့ ကျွန်မအတွက်ကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဖြစ်နိုင်ရင် ကျွန်မ ညီမလေးရဲ့ ဘ၀ရေတိမ်မနစ်အောင် ကူညီပေးစေချင်တယ်။ ဖြစ်နိုင်ရင်လေ ကျွန်မညီမလေးပေးရမယ့် ပိုက်ဆံရှစ်ထောင်ကို ဦးလေးက စိုက်ပြီး ကူညီပေးစေချင်တယ်။ သူ ဦးလေးတို့အိမ် ရောက်လာရင် အလုပ်လုပ်ပြီး ပြန်လုပ်ဆပ်ပါ့မယ်လို့ သူက ဆက်ပြောတယ် ဆရာရေ...

အဲဒီမှာ ကျွန်တော်ကလည်း ဘာမှ မစဉ်းစားတော့ဘူး။ ကိုယ့်မှာကလည်း သမီးတွေနဲ့ မဟုတ်လား။ သမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ချက်ချင်းပဲ ကူညီပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာ။ ခပ်တိုတိုပြောရရင်တော့ ဆရာရေ။ ညနေ နှစ်နာရီလောက်မှာ မိန်းကလေးတစ်ယောက် အသက်ကတော့ (၂၀)လောက်တော့ရှိမယ်ထင်တယ်။ တက္ကစီနဲ့ ကျွန်တော့်အခန်းကို ရောက်လာတယ်ဆိုပါတော့။ သူ့အမကတော့ ပိုက်ဆံကို သူဋ္ဌေးကိုပေးဖို့ တက္ကစီ ကားသမားနဲ့ ထည့်ပေးလိုက်ပါဆိုလို့ ကျွန်တော်လည်း ပိုက်ဆံရှစ်ထောင်ကို အဲဒီ ကောင်မလေးကို လာပို့တဲ့ ကားသမားနဲ့ ထည့်ပေးလိုက်တယ်။ ကောင်မလေးကတော့ ကျွန်တာ့်အခန်းကို ရောက်လာတယ်ပေါ့။ ထိုအခါ ကျွန်တော်ကလည်း ဦးအေးမောင်ကြီး စကားကို ဖြတ်ပြီး ဒီလိုပြောလိုက်တယ်။

ကောင်းလိုက်တာဗျာ။ ဒီ ကုသိုလ်က ဘာနဲ့မှ လဲလို့မရဘူးဗျ။ သူတစ်ပါး ဘ၀ပျက်မယ့်ဘေးကနေ သီသီကလေး လွတ်မြောက်အောင် ကူညီပေးတာ အင်မတန် မွန်မြတ်တဲ့ ကူညီဖေးမမှု့ပါပဲ ဦးအေးမောင်ကြီးရာ။ သာဓုဗျာ သာဓုလို့ ပြန်ပြောလိုက်တော့ ဦးအေးမောင်ကြီးက မျက်နှာကြီး နီသွားပြီး...ဘယ်ကလာ ကုသိုလ်ရရမှာလည်း ဆရာလေးရဲ့။ အခု အဲဒီကောင်မလေး အိမ်အောက်ကို ခနသွားဦးမယ်ဆိုပြီး ဆင်းသွားတာ အခုထိ ပေါ်မလာတော့ဘူး ဆရာလေးရေဟု ပြန်ပြောလေတော့၏။ သေချာတာ ကတော့ ငွေရှစ်ထောင်ပါသွားပြီ ဆရာလေးရေ...ဟု ဦးအေးမောင်ကြီးက ပြန်ပြောလေ၏။

အဲဒီ ဦးအေးမောင်ကြီးက အဲဒီလောက် သူတစ်ပါးအပေါ်ကို ကူညီပေးတာ။ ကိုယ့်ဘ၀ အပျက်ခံပြီး ကူညီပေးမယ့် လူစားမျိုးပဲ။ ယခုလည်း ဦးအေးမောင်ဆိုသော ဦးလေးကြီးသည် ကျွန်တော့် ဗေဒင်ဟောခန်း ထဲ ရောက်လာပြီးလျှင် အောက်ပါအတိုင်း ပြောလေ၏။

ဒီတစ်ခါလာတာကတော့ ဆရာလေးဆီက အကူအညီတောင်းစရာလေးရှိလို့ပါ။ မြန်မာပြည်က ကျွန်တော့် အိမ်နဲ့ ခြံ စာချုပ်စာတမ်းတွေကို အမကြီးဆီမှာ အပ်ထားတာ။ အဲဒါလေးတွေကို ပြန်တောင်းတာ တောင်းလို့ကို မရဘူးဖြစ်နေတယ်။ ကျွန်တော့်ရဲ့ ဆန္ဒက အဲဒီအိမ်နဲ့ ခြံကို ရောင်းပြီး မော်လမြိုင်မြို့သစ်ဘက်မှာ အသစ်ပြန်ဝယ်ချင်တာ။ အဲဒီစာချုပ်စာတမ်းလေးတွေကို ပြန်တောင်းလို့ရအောင် အမကြီးက ထုပ်ပေးအောင် ဆရာလေးက ယတြာပေးပါဟု ပြောသောကြောင့် ကျွန်ုပ်လည်း မိမိ၏ ပစ္စည်းများ သူတစ်ပါးထံတွင် အပ်နှံထားပါက ပြန်တောင်းရစေသော အောက်ဖော်ပြပါ ယတြာနည်းကို ဦးအေးမောင်ကြီးအား ပေးလိုက်လေတော့သတည်း။

မိမိအပ်နှံထားသောပစ္စည်းများ ပြန်တောင်းရစေသောနည်း

မိမိအပ်နှံထားသော ပစ္စည်းများကို သွားတောင်းခါနီးတွင် လက်အုပ်ချီ၍ ပိသော ဟူသောဂါထာကို (၁၀၈)ခေါက် ရွတ်သွားပါ။ မိမိကို မြင်တာနဲ့ အပ်နှံထားသော ပစ္စည်းများကို လွယ်လင့်တကူ ထုပ်ပေးပါလိမ့်မယ်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels