

heintinzaw
န၀င်းဓာတ်ဖြည့်ယတြာ
ဒီယတြာနည်းလမ်း ကတော့ နာမည်ကို အကြောင်းခံ၍ ပြုလုပ်ရသော ယတြာချေနည်း ဖြစ်၏။ လူတစ်ယောက်ဟာ ဘယ်လောက် ဆင်းရဲ မွဲတေနေပါစေ နာမည်တစ်လုံးတော့ ကောင်းကောင်း ပိုင်ဆိုင် နိုင်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အမည်ကို တွက်ချက် ကောက်ယူ ရာ၌ ရှေ့ကခေါ်လေ့ရှိသော ဦး+ကို+မောင်+ဒေါ်+မ စသည်တို့ကို ထည့်သွင်း တွက်ချက်ရန် မလိုပေ။ နာမည်ကို ကိန်းဂဏန်းဖွဲ့၍ ရရှိသော ကိန်းဂဏန်းကို (၉) ဂဏန်းတွင် နုတ်ရ၏။ ထိုနုတ်၍ ကျန်သော ဂဏန်းကို ယတြာပြုလုပ်ရခြင်း ဖြစ်ပါသည်။
နာမည်ကို ကိန်းဂဏန်းဖွဲ့မယ်ဆိုရင်....
နာမည်ကို ကိန်းဂဏန်းဖွဲ့မယ်ဆိုရင်....
အ+အိ+ဥ+ဧ+သြ....ဆိုရင် (၁)
က+ခ+ဂ+ဃ+င...ဆိုရင် (၂)
စ+ဆ+ဇ+ဈ+ည...ဆိုရင် (၃)
တ+ထ+ဒ+ဓ+န ဆိုရင် (၇)
ယ+ရ+လ+၀..ဆိုရင် (၄)
ပ+ဖ+ဘ+ဗ+မ ဆိုရင်(၅)
သ+ဟ..ဆိုရင် (၆) ဆိုတာတော့ လူတိုင်းသိပါတယ်နော်။
ကိုယ်နာမည်ကို ကိုယ်ပေါင်းကြည့်ပေါ့။ ပြီးရင် (၉)ထဲကနေ နုတ်လိုက်ပေါ့။ ပြီးရင် ကိုယ်နာမည်က ဘယ်လောက် ကြွင်း လဲပေါ့။ အကြွင်းကို ကြည့်ပြီး အောက်ပါအတိုင်း ယတြာဆောင်ရွက်လိုက်ပါ။
- (၁)-ကြွင်းသော်..အုန်းသီးအစိမ်းတစ်လုံး
- (၂)-ကြွင်းသော်...ကိတ်မုန်နှစ်ချပ်
- (၃)-ကြွင်းသော်...စမူဆာသုံးခု
- (၄)-ကြွင်းသော်...လဘက်အသားကြီးလေးပုံ
- (၅)-ကြွင်းသော်...ပေါင်မုန့်ငါးချပ်
- (၆)ကြွင်းသော်...သစ်သီး(၆)မျိုး
- (၇)-ကြွင်းသော်...နံပြား(၇)ချပ်
- (၈)ကြွင်းသော်...ရွှေကြည်မုန့် ရှစ်တုံး
- (၉)-ကြွင်းသော်...ဖယောင်းတိုင် ၉-တိုင်၊သောက်တော်ရေ ၉-ခွက်၊ ယပ် ၉-လက်၊(ရောင်စုံ)ပန်း ၉-ပွင့် ကောက်ညှင်းပေါင်းအဖြူ အုန်းသီးဖြူးလျှက် ၉-ပန်းကန်၊ သမ္ဗုဒ္ဓေ ၉-ခေါက်ရွတ်ရန်
ယတြာလုပ်ရမည့်နေ့
ကိုယ့်မွေးနေ့မှာကိုယ် လုပ်လို့ ရပါတယ်။ မွေးနေ့ဆိုတော့ အကောင်းဆုံးပေါ့ဗျာ။
နောက်ဘာတွေလုပ်လို့ ရသေးလဲ..
မိမိ၏ ဈေးဆိုင် ၊ စတိုးဆိုင်၊ ကုမ္ပဏီ ၊ ဆေးခန်း ၊ စသည်များ၏ အမည်များကိုလည်း ပေါင်းကြည့်၍ မိမိလုပ်ငန်း အောငိမြင်အောင် စည်ကားအောင်ဆောင်ရွက်လို့ ရပါတယ်ဗျာ။
နမူနာလေးတစ်ခုလောက်.....
ဥပမာ= ဟိန်းတင့်ဇော်...ဆိုတဲ့ အမည်ကို အောင်မြင်အောင် ၊ ကံကောင်အောင် ယတြာချေမယ်ဗျာ။
ဟိန်း+တင့်+ဇော်====၆+၇+၃=၇-ရတယ်နော် (တစ်လုံးထဲရအောင်ပေါင်းတာနော်)
ဒါဆို (၉)ထဲက (၇)ကိုနှုတ်ရင် (၂)ကြွင်းတယ်ဗျာ။
(၂)-ကြွင်းသောသူ အမည်ဖြစ်တဲ့ အတွက် မိမိ၏ မွေးနေ့ တနင်္လာနေ့နံနက် (၉)နာရီမှာ မြတ်စွာဘုရားအား ကိတ်မုန်နှစ်ချပ် လှူမယ်ဗျာ။ တစ်ပါတ်တစ်ခါ လုပ်ပေးမယ်ဗျာ။ အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဟိန်းတင့်ဇော် ဆိုသော သူသည် ကံဇာတာများ ပွင့်လန်း၍ အညံ့အခိုက်များ ပြေပျောက်ပြီးလျှင် ကောင်းကျိုးချမ်းသာများ ရရှိနိုင်မယ်။
အားလုံးပဲ မင်္ဂလာပါဗျာ
ဟိန်းတင့်ဇော်








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter