A...ကြာသပတေးဂြိုဟ်ခုံ။
B...စနေဂြိုဟ်ခုံ။
C...တနင်္ဂနွေဂြိုဟ်ခုံ။
D...ဗုဒ္ဓဟူးဂြိုဟ်ခုံ။
E...အင်္ဂါဂြိုဟ်ခုံ(အမ)
F...တနင်္လာဂြိုဟ်ခုံ။
G...သောကြာဂြိုဟ်ခုံ။
H...အင်္ဂါဂြိုဟ်ခုံ(အဖို)
I...အင်္ဂါလွင်ပြင်။
.................................................................
ကဲ ... လက္ခဏာပညာအကြောင်းကို စိတ်ဝင်စားပါတယ်ဆိုလို့ လက္ခဏာနှင့်ပါတ်သက်တဲ့၊ ဆက်နွယ်တဲ့ ပို့တွေ ကျွန်တော်တင်ပါတော့မယ်။ ဒီနောက်ပိုင်းတင်မဲ့ လက္ခဏာဆိုင်ရာ ပို့တွေကို ကျမ်းစာအုပ်တစ်အုပ် လိုတင်သွားမှာတော့ မဟုတ်ပါဘူး။
ကျွန်တော်ရဲ့ ဗေဒင်ဆရာသက်တမ်း တစ်လျှောက်မှာ တွေ့ကြုံခဲ့ရတဲ့။ အတွေ့အကြုံလေးတွေကို လက္ခဏာ ပညာနှင့် တိုက်ဆိုင်ပြီး ရေးသားသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ မိတ်ဆွေ သင်ဟာ လက္ခဏာပညာရပ်ကို စိတ်ဝင်စားတယ် ဆိုရင်တော့ အနည်ဆုံး လက်ဖ၀ါးပေါ်က ဂြိုဟ်ခုံတွေရဲ့တည်နေရာနဲ့ အစွမ်းသတ္တိကိုတော့ သိထားအောင် မှတ်ထားပါ။ ကဲ နည်းနည်းလောက် စကြရအောင်။

အပေါ်ပုံကို ကြည့်လိုက်ရင်တော့ ဂြိုဟ်ခုံတွေရဲ့ တည်နေရာကို သိလောက်ပါပြီ။ အစွမ်းသတ္တိကို ပြောပြပါ့မယ်။
တနင်္ဂနွေဂြိုဟ်ခုံရဲ့ အစွမ်းသတ္တိကတော့. အောင်မြင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။
တနင်္လာဂြိုဟ်ခုံရဲ့ အစွမ်းသတ္တိကတော့..အနုပညာဗီဇနဲ့ သက်ဆိုင်ပါတယ်။
အင်္ဂါဂြိုဟ်ခုံ(အဖို)ရဲ့ အစွမ်းသတ္တိကတော့...ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပြပြီး၊
အင်္ဂါဂြိုဟ်ခုံ (အမ)ကတော့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု့ကိုပြတယ်။
အင်္ဂါဂြိုဟ်ခုံ (အမ)ကတော့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု့ကိုပြတယ်။
ဗုဒ္ဓဟူးဂြိုဟ်ခုံရဲ့ အစွမ်းသတ္တိကတော့ ညာဏ်ရည် ညာဏ်သွေးရှိမှု့နဲ့ ပတ်သက်တယ်။
ကြာသပတေးဂြိုဟ်ခုံရဲ့အစွမ်းသတ္တိကတော့ အလိုရမက်ကို ညွန်ပြပါတယ်။
သောကြာဂြိုဟ်ခုံရဲ့ အစွမ်းသတ္တိကတော့..မေတ္တာစွမ်းအားဖြစ်တယ်။
စနေဂြိုဟ်ခုံရဲ့ အစွမ်းသတ္တိက တစ်ကိုယ်ကောင်းဆန်မှု့ကိုပြပါတယ်။
အဲဒီမှာ ဂြိုဟ်ခုံမဟုတ်တဲ့ အင်္ဂါလွင်ပြင်ကတော့... ကိုယ်ကျင့်သိက္ခာနဲ့ စာရိတ္တကိုပြပါတယ်။
ကဲ...ဒီလောက်ဆိုရင် လက္ခဏာ ဘာသာရပ်ရဲ့ အခြေခံ သဘောတရား လေးတွေကို ကျက်စရာမလိုဘဲ အလွတ်ရသွားလောက်ပါပြီ။
အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter