ကျွန်ုပ်သည်ထိုင်းနိုင်ငံ မဟာချိုင်-နေ၀စ်ဟု အမည်ရသောအရပ်တွင် ဗေဒင်လက္ခဏာ ဟောခန်းဖွင့်လှစ်၍ ဗေဒင်လက္ခဏာဟောပြောခြင်း၊ တစ်ဖက်တွင်လည်း ကျွန်ုပ် အလွန်အင်မတန် ၀ါသနာပါလှသော စာပေ ရေးသားခြင်းစသော အလုပ်များဖြင့် မအားမလပ်နိုင်လောက်အောင်ပင် ပျော်မွေ့လျှက်ရှိလေ၏။
တစ်နေ့တွင် ကျွန်ုပ်ထံသို့ အသက်အရွယ်အားဖြင့် (၃၆)-နှစ်ခန့်ရှိသော အမျိုးသမီးတစ်ဦးရောက်ရှိလာလေ ၏။ ထိုအမျိုးသမီး၏ ရုပ်ရည်သည် လွန်စွာချောမောလှပ၍ သူ၏ အသားအရည်တို့သည် ဖြူသည်လည်း မဟုတ်။ ညိုသည်လည်းမဟုတ်၊ ၀ါဝင်းသော အသားအရည်ရှိလေ၏။ သူ၏ မျက်ခုံးသည် လေးကိုင်းသဏ် တန်ရှိလေ၏။ ထို့အတူ သူ၏ နှုတ်ခမ်းလေးများသည်လည်း ကျီးအာသီကဲ့သို့ ရဲရဲနီနေလေ၏။
သူ၏ခန္ဓာကိုယ်သည်လည်း ၀လွန်းသည်လည်း မဟုတ်၊ ပိန်လွန်းသည်လည်းမဟုတ် စသောအပြစ်ခြောက်ပါး ကင်း၍ အရပ်မနိမ့် မမြင့်ဖြင့် လွန်စွာကြည့်၍ကောင်းလေ၏။ ထိုအမျိုးသမီးသည် အညိုရောင်သန်းနေသော မျက်လုံးရွဲရွဲကြီးများဖြင့် ကျွန်ုပ်ကိုကြည့်ကာ ဥသြငှက်ကဲ့သို့ လွန်စွာသာယာ နာပျော်ဖွယ်ကောင်းသော သူ၏ အသံဖြင့် ကျွန်ုပ်အား အောက်ပါအတိုင်းပြောလေ၏။
လက္ခဏာကြည့်ချင်လို့ပါဆရာ။ အဓိကကတော့ ကျွန်မရဲ့ အချစ်ရေးကံကြမ္မာကို သိချင်လို့ပါဟု ပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်လည်း သူ၏ညာဘက်လက်ဝါးကို သေသေချာချာ မှန်ဘီးလူးဖြင့် ကြည့်ရှု့လိုက်လေရာ

ဟဒယလေခဟု ခေါ်သော သူ၏ နှလုံးလမ်းကြောင်းသည် စနေဂြိုဟ်ခုံ၏ အောက်တည့်တည့်တွင် ပြတ်တောက် နေသည်ကို ထင်ရှားစွာ တွေ့ရှိရလေ၏။ ထိုကဲ့သို့ ဖြစ်နေလျှင် သူ၏ဘ၀တွင် သစ္စာမဲ့သော ၊ မကောင်းသော ၊ ညှာတာမှု့ လုံးဝမရှိသော ယောက်ျားမျိုးနှင့် တွေ့ဆုံ ခဲ့ရပြီး အချစ်ရေး ဒုက္ခများ၊ နာကျင် ကြေကွဲရခြင်း များကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတတ်၏
ထို့ကြောင့် သူတို့၏ ဘ၀တွင် ချစ်ခြင်းမေတ္တာတရားကို လုံးဝအယုံအကြည် မဲ့သွားသောကြောင့် ဖြစ်လေရာဘ၀တိုင်းတွင် မချစ်တတ်သောမိန်းမ ဖြစ်ရပါလို၏ဟု ဆုတောင်းမိသည်အထိ အချစ်ဆိုသောအရာကို နာကျဉ်းသွားရတတ်ကြောင်းကို ကျွန်ုပ်သည် ထိုအမျိုးသမီးအား ပြောပြလိုက်လေ၏။ ထိုအခါ လွန်စွာချောမောလှပသော ၎င်းအမျိုးသမီးက.....
အမယ်လေး... မှန်လိုက်တာဆရာရယ်။ ကျွန်မရဲ့ အချစ်ဦးရဲ့အမည်က ကိုမောင်မောင်လို့ ခေါ်ပါတယ်။ သူက ကျွန်မရဲ့ အချစ်ဦးလည်းဖြစ် ၊ အချစ်ဆုံးလည်းဖြစ်ပါတယ်ရှင်။ နှစ်ဘက်မိဘတွေကလည်း သဘောတူထား တော့ ဘာမှပြောစရာမရှိဘူးပေါ့ဆရာ။ ဒါပေမယ့် သူက အကျင့်မကောင်းဘူးဆရာရဲ့။ အမြဲတမ်း အနိုင်ယူ တတ်တယ်။ စော်ပွေတယ်။ မိန်မ ရှုပ်တယ်။ လောင်းကစား ၀ါသနာပါတယ်။ ပြောရရင်တော့ ကောင်းတာ သိပ်မရှိဘူးဆရာရဲ့။
တစ်နေ့မှာတော့ သူကျွန်မဆီကို အရေးတကြီး အမောတကော ရောက်လာပါတယ်။ သူ အခု ဒုက္ခရောက် တော့မယ်။ သူ့ကို ကူညီပါလို့ပြောတယ်။ ကျွန်မမှ မကူညီပေးဘူးဆိုရင် သူဘ၀ပျက်ရတော့မယ်လို့ မျက်နှာမဲ့မဲ့လေးနဲ့ ပြောပါတယ်။
ကျွန်မကလည်း ဘာဖြစ်လို့လည်း ကိုမောင်ရယ်ဆိုတော့ ...
သူများရဲ့ ချဲစာအုပ်ကို သူယူစားလိုက်မိတယ်တဲ့။ အဲဒါ မစားရဘဲ ချဲကပွင့်သွားလို့ သူသိန်း(၆၀)လောက်လျော် ရတော့မယ်။ သူ့မှာကလည်း လက်ထဲမှာမရှိဘူး။ အဲဒါ ငွေရှာပေးပါတဲ့။
ကျွန်မလည်း စဉ်းစားတယ်။ အခုခေတ် သူများဆီက ငွေယူတယ်ဆိုတာ လက်ချဉ်းဗလာ ယူလို့ရတာမှ မဟုတ်တာ။ ကိုယ်က တစ်ခုခု အပေါင်ထားမှ ရတာလေ။ နောက်ဆုံးတော့ အင်မတန်မှားယွင်းတဲ့ ဆုံးဖြတ် ချက်တစ်ခုကို ကျွန်မ မိုက်ရူးရဲဆန်စွာ ချခဲ့တယ်။ အဲဒါဘာလဲဆိုတော့ ကျွန်မမိဘတွေရဲ့ အိမ်ခြံဂရမ်ကို သိန်းငါးဆယ်နဲ့ ပေါင်ပြီး ကိုမောင်မောင်ကို ပေးလိုက်မိတယ်။
အဲဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ အင်မတန်ဝမ်းနည်းကြေကွဲစရာတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်။ (၂)လ လောက်အကြာမှာ ကိုမောင်မောင်ဟာ စင်္ကာပူကို ထွက်သွားပြီး ကျွန်မကို လုံးဝအဆက်အသွယ်ဖြတ်သွား ခဲ့ပါတယ်။ နောက်(၆)လလောက်အကြာမှာ ကျွန်မတို့ရဲ့အိမ်နဲ့ခြံကို အကြွေးနဲ့ အသိမ်းခံလိုက်ရလို့ ကျွန်မတို့ မိသားစုအားလုံး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ကျွန်မကတော့ ရှက်တာရော... နာကျဉ်းတာရော... ၀မ်းနည်းတာ ရော၊ စိတ်ဓာတ်ကျတာတွေရော အားလုံးပေါင်းပြီး ထိုင်းနိုင်ငံကို ရောက်လာခဲ့ရတယ်။
အဲဒါတွေအားလုံးဟာ အဖြစ်မှန်တွေချဉ်းပါပဲ ဆရာ။ဒါကြောင့် ကျွန်မလေ ဖြစ်လေရာဘ၀တိုင်းမှာ အချစ်ဆိုတဲ့အရာကို မတွေ့ပါရစေနဲ့လို့ အမြဲတမ်း ဆုတောင်းပါတယ်ဆရာရယ်ဟု ပြောဆို၍ ပြန်သွားလေတော့သတည်း။
ချစ်ခြင်းဖြင့်အပြစ်ကင်းနိုင်ကြပါစေ.....








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter