Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ချစ်လူမိုက် (သို့) အချစ်သူရဲကောင်း

ပုံပေါ်တွင်ကလစ်နှိပ်၍ကြည့်ပါ

ကျွန်ုပ်၏ ဘ၀တွင် မကြာခန ဆိုသလို အင်မတန် ထူးဆန်းသော မိန်းမ တော်တော်များများနဲ့ ကြုံတွေ့ ရတတ်လေ၏။ ကျွန်ုပ်တွေ့ဘူးသော မိန်းမများတွင် လွန်စွာချစ်တတ်သော မိန်းမများလည်းပါ၏။ ထို့အတူ လွန်စွာမှလည်း အမုန်းကြီး၍ ရက်စက်တတ်သော မိန်းများလည်း ပါ၏။ လွန်စွာ သနားကျင်နာတတ်၍ စိတ်နှလုံး ဖြူစင်လှသော မိန်းမများလည်းပါ၏။ ထို့အတူ လွန်စွာမှ စိတ်ကောင်း လုံးဝမရှိသော မိန်းမများလည်း ပါလေ၏။ စကားပြောလျှင် ရေပက်မ၀င်အောင် ပြောတတ်သော မိန်းမများလည်းပါ၏။ ထို့အတူ လုံးဝ စကားမပြောသော မိန်းမများလည်း ပါလေ၏။ ဥမ္မာဒန္တီ ရှုံးအောင် လှပချောမောသော မိန်းမများပါသကဲ့သို့ လွန်စွာမှလည်း အရုပ်ဆိုး အကျဉ်းတန်သော မိန်းမများကိုလည်း တွေ့ဘူးလေသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ဗေဒင်ဆရာတစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

ယခု ကျွန်ုပ် ပြောပြချင်သည့် အကြောင်းအရာမှာ အချစ်ကြောင့် အရာရာကို စွန့်လွှတ်သွားသော မိန်းမတစ်ယောက် အကြောင်းပင်တည်း။ ထိုအမျိုးသမီး၏ အမည်မှာ ထက်အိကလျာဟု အမည်ရှိ၏။ ရန်ကုန်မြို့၏ လူကုံတန် အသိုင်းအ၀ိုင်းတွင် ရွှေလင်ဗန်းနှင့် အချင်းဆေး၍ မွေးဖွားလာသူ တစ်ဦးဖြစ်၍ ငယ်စဉ်အခါမှစ၍ ဆင်းရဲသည် ဆိုတာကိုမသိ။ မရှိဟူသော စကားကိုပင် မကြားဖူးလေ။ အရာရာပြည့်စုံစွာ နေထိုင်လာရလေ၏။

ထိုထက်အိကလျာဟု အမည်တွင်သော အမျိုးသမီး ကလေးသည် လူကုံတန်တို့၏ ထုံးစံအတိုင်း မြန်မာကျောင်း မနေ၊ ငွေကြေး အကုန်အကျခံ၍ ရန်ကုန်မြို့၏ အင်္ဂလိပ်ကျောင်းတွင် ကျောင်းတက်၏။ အင်္ဂလိပ်စကားကို ပင်ပြော၏။ သူ၏ဖခင်ကို အဖေဟုမခေါ်ပဲ ဒယ်ဒီဟုခေါ်၏။ မိခင်ကိုလည်း မာမီဟုပင် ခေါ်လေ၏။ ငါးပိရည်ကို နံသည်ဟုပြော၍ ပေါင်မုန့်ကို လွန်စွာနှစ်သက်လေ၏။ ဆံပင်ကို ရွှေရောင်ဆိုးထားလေ၏။ သူ့ကိုတွေ့ရသော အထက်တန်းစား အသိုင်းအ၀ိုင်းများက သူ့ကိုတွေ့လျှင် ကလေးက တကယ့် ဘိုမကလေးပဲဟုပင် ပြောသွားကြလေ၏။ ထိုကလေးသည် ဤကဲ့သို့ ပူပင်ကြောင့်ကျကင်းစွာ ကြီးပျင်းလာခဲ့ရလေ၏။

ထိုကလေးမလေး အပျိုအရွယ်သို့ရောက်လျှင် သူတို့နှင့် အသိုင်းအ၀ိုင်းခြင်း နီးစပ်သော လူကုံတန်သတိုးသား ကလေးနှင့် ချစ်သူဖြစ်လေ၏။ နှစ်ဘက်သော မိဘများကလည်း နေနှင်လ ရွှေနှင့်မြအလား လိုက်ဖက်တင့်သော သူတို့နှစ်ယောက်ကို သဘောတူထား၍ အရွယ်ရောက်လျှင် ပေးစားမည်ဟု ဂတိက၀တ်ပြုထားကြလေ၏။ သူ၏ချစ်သူ ကောင်ကလေးသည် အရွယ်ရောက်လာသော အခါတွင် ဂျပန်နိုင်ငံသို့ စီးပွားရှာထွက်သွား၍ ရှာဖွေ၍ရသမျှသော ငွေကြေးများကို ထက်အိကလျာထံသို့ ပုံမှန်လွဲပေးလေ၏။ ထို့ကြောင့် သူမသည် အစဉ် အဆက်မှလည်း ချမ်းသာလာသည်ဖြစ်၍ ယခုလည်း သူ၏ချစ်သူပို့ပေးသော ငွေကြေးများသည် သူမအတွက် သုံးမကုန် ဖြုန်းမကုန်ပင် ဖြစ်နေလေတော့၏။

တစ်နေ့တွင် ထက်အိကလျာသည် သူသွားနေကျ နိုက်ကလတ်တစ်ခုမှ ၀ိတ်တာကောင်ကလေးနှင့် အပျင်းပြေ ရည်းစားထား၏။ (၃)လခန့် အကြာတွင် ထိုကောင်ကလေးနောက်သို့ ခိုးရာလိုက်ပြေးလေ၏။ ထိုကောင်ကလေးသည် ထက်အိကလျာကို ခိုးယူ၍ ရှမ်းပြည်(ထိုင်းနိုင်ငံ) သို့ တက်လာခဲ့လေသည်။ ထိုင်းနိုင်ငံတွင် နှစ်နှစ်ခန့် ပေါင်းသင်း၍ ပစ်ထားခဲ့လေရာ သူဌေးသမီး ထက်အိကလျာသည် ရန်ကုန်မြို့သို့လည်း မပြန်ရဲသောကြောင့် ထိုင်းနိုင်ငံတွင် ကြုံရာအလုပ်ကို လုပ်ကိုင်စားသောက်နေရလေတော့၏။ စိတ်ဓာတ်ကျဆင်း၍ မိန်းကလေးတန်မဲ့ အရက်သမားဖြစ်နေလေတော့၏။

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ အမျိုးသမီးတစ်ဦး ၀င်ရောက်လာပြီးလျှင် ကျွန်ုပ်ထံတွင် ဗေဒင် လက္ခဏာကြည့်လေသည်။ သူ၏လက္ခဏာကို စစ်ဆေးကြည့်ရှု့လေရာ စနေဂြိုဟ်ခုံ အောက်တည့်တည့် နှလုံး လမ်းကြောင်းပေါ်တွင် (ကျွန်း) တစ်ခုကို တွေ့ရလေ၏။ ထိုသင်္ကေတ၏ အကျိုးပေးမှာ အချစ်ကြောင့် ဘ၀၏ အောင်မြင်မှု့တွေ ဆုံးရှုံးသွားတာတွေ ၊ ပျက်စီးသွားတာတွေ ဖြစ်တတ်တယ်။ မိဘအသိုင်းအ၀ိုင်းရဲ့ စွန့်လွှတ်မှု့ တွေကို သေချာပေါက်ကြုံရမယ်။ သူကိုယ်တိုင်ကလည်း အချစ်အတွက်နဲ့ အရာရာ စွန့်လွှတ်သွားတာမျိုးတွေကို လုပမယ်။ နောက်ဆုံး အချစ်အတွက်နဲ့ ကိုယ့်ရဲ့ ဘာသာကိုတောင် စွန့်လွှတ်သွားတတ်ကြပါတယ်။

ထိုလက္ခဏာပုံကို အပေါ်တွင် ဖော်ပြပေးထားပါသည်။
ယခု ကျွန်ုပ်ထံတွင် ဗေဒင်လက္ခဏာကြည့်နေသော ထိုအမျိုးသမီးမှာ ရန်ကုန်မြို့မှ သူဌေးသမီးကလေး ထက်အိကလျာဖြစ်ကြောင်း ကျွန်ုပ်၏ စာဖတ်သူများအား ထူးထူးထွေထွေ ပြောနေစရာလိုမည် မထင်ပါကြောင်း.....

လက္ခဏာပညာနှင့် ပါတ်သက်သော ပညာ ဗဟုသုတများ ရရှိနိုင်ပါစေ.....

Monday, July 19, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels