Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စိတ်တန်ခိုးနှင့်ပါတ်သက်၍-အဓိကကျသောနေရာများ

ပုံပေါ်တွင် နှိပ်၍ကြည့်ပါ

လူတစ်ဦး၏ ခန္ဓာကိုယ်တွင် အသက်ရှင်သန်ရေးအတွက် အလွန်အင်မတန် အရေးကြီး အဓိကကျတဲ့ အချက် အချာကျတဲ နေရာ(၆)နေရာရှိတယ်။ သတ္တ၀ါတစ်ခု အသက်ရှင်သန်ဖို့အတွက် မောင်းနှင်နေတဲ့ စက်တွေရှိ တယ်။ အဲဒါကို စက္ကရလို့ ခေါ်တယ်။ ချက္ကရ လို့လည်း ခေါ်တယ်။
အဲဒီ ချက္ကရာ တွေက (၇)ခု ရှိတယ်။

............ချက္ကရာ(၇)ပါး................

မူလချက္ကရာ
ချက်ချက္ကရာ
ရင်ညွန့်ချက္ကရာ
နှလုံးချက္ကရာ
လည်မျိုချက္ကရာ
တတိယမျက်လုံးချက္ကရာ
သရဖူချက္ကရာရယ်လို့ (၇) မျိုးရှိတယ်။

..................ချက္ကရာဆိုတာ...............

ချက္ကရာဆိုတာ လူ့ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အရေးတကြီး အဓိကကျတဲ့ အစိတ်အပိုင်းတွေပါပဲ။ အဲဒီ ချက္ကရာ အားကောင်းရင် အားကောင်းသလောက် အဲဒီချက္ကရာတွေနဲ့ ပတ်သက်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကျန်းမာစေတာပေါ့။ အားကောင်းစေတာပေါ့။ ဖြတ်လတ်စေတယ်။ သွက်လက်စေတယ်ပေါ့။ များသောအား ဖြင့်တော့ ချက္ကရာတွေရဲ့ အင်အားဟာ ငုတ်လျှိုးနေတတ်တယ်။ သူ့မှာရှိတဲ့ စွမ်းအင်တွေရဲ့ ရာခိုင်းနှုံး တော် တော်နည်းနည်းကိုသာ ငါတို့ဟာ ရှင်သန်ရေးအတွက် အသုံးချနေကြတယ်။ ဒါကြောင့် အဲဒီစွမ်းရည်တွေကို အိပ်ပျော်နေတဲ့ နဂါးရယ်လို့ တင်စား ခေါ်ဝေါ်ကြတာဖြစ်တယ်။

ဒါကြောင့် တကယ်လို့သာ အဲဒီ အိပ်ပျော်နေတဲ့ နဂါးကိုသာ နှိုးနိုင်မယ်ဆိုရင် သူမတူတဲ့ စွမ်းရည်သတ္တိတွေ ကို ပိုင်ဆိုင်လာနိုင်မယ်။ ဆိုလိုတာက အဲဒီငုတ်လျှိုးနေတဲ့ စွမ်းရည်တွေကိုသာ ထုတ်ဖေိာပြီး အသုံးချနိုင်မယ် ဆိုရင် ဘယ်လောက်အံ့သြစရာ ကောင်းမလဲ။ လောကကြီးမှာ အံ့သြစရာကောင်းတဲ့ ထူးဆန်းတဲ့ အရာတွေ ကို လုပ်ပြနိုင်ခဲ့တဲ့ မယုံနိုင်စရာကောင်းတဲ့ ကိုယ်စွမ်းရည် ညာဏ်စွမ်းရည်ကို ပြနိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီ ချက္ကရ(၇)ခုထဲက တစ်ခုခု နိုးသွားလို့ပါပဲ။ တစ်ချို့ကတော့ ကိုယ် ကိုတိုင် တကူးတက နှိုးလို့ နိုးသွားတာ ရှိတယ်။ တစ်ချို့ကြတော့ အလိုလို နိုးသွားကြတာဖြစ်တယ်။

....................ချက္ကရာတွေကို ဘယ်လိုနှိုးမလဲ.................

မိမိကိုယ်တိုင် အဲဒီချက္ကရာတွေကို နှိုးမယ်ဆိုရင်တော့ အရင်ဆုံး ချက္ကရာတွေ တည်ရှိတဲ့နေရာကို သိရမယ်။ နောက်ပြီး အဲဒီ မိမိနှိုးမယ့် ချက္ကရာတွေ တည်ရှိရာ ကိုယ်ခန္ဓာအစိတ်အပိုင်းကို အလေးအနက် အားရုံစူးစိုက် တာကနေစရမယ်။ မိမိရဲ့ စိတ်ကို တခြားဘယ်ကိုမှ မပျံ့လွင့်စေဘဲ အဲဒီတစ်နေရာ အာရုံစိုက်ထားရမယ်။ ပြီးတော့ အဲဒီနေရာလေးမှာ လင်းနေတယ်လို့ အာရုံပြုထားရမယ်။ အဲဒါ ဘယ်လောက်ကြာကြာ လုပ်ရမလဲ ဆိုတော့ အတော်ကြီးကို လုပ်ယူရမယ်။ ပြီးတော့မှ အဲဒီ ချက္ကရာနှင့် ပတ်သက်တဲ့ အသံကို ဖြေးဖြေးမှန်မှန် ရွတ်ပေးရမယ်။ အဲဒီလို ရွတ်တဲ့အခါမှာလည်း လေးလေးမှန်မှန်နဲ့ ရင်ခေါင်းထဲက လာတဲ့အသံနှင့် ရွတ်ပေးရမယ်။ အဲဒီလို လုပ်ပေး၊ ကျင့်ပေးမယ်ဆိုရင် အိပ်ပျော်နေတဲ့ နဂါး (သို) ငုတ်လျှိုးနေတဲ့ စွမ်းရည်တွေ ထူးခြားစွာ ပြန်ပေါ်လာမှာဖြစ်တယ်။

ချက္ကရာ(၇)ပါးအကြောင်း
မူလချက္ကရာဟာ ယောက်ျား၊မိန်းမမျာ၏ အင်္ဂါနေရာမှာရှိတယ်။ အဲဒီ မူလချက္ကရာဟာ ကျောက်ကပ်တို့၊ သည်းခြေတို့ ၊ မျိုးပွားအင်္ဂါတို့၊ ကျောရိုးတို့နှင့် ပါတ်သက်တယ်။ အဲဒီ ချက္ကရာကို နှိုးမယ်ဆိုရင် အခုန ပြောခဲ့တဲ့ နေရာတွေကို အားကောင်းစေပါတယ်။ အဲဒီတော့ ထိုမူလချက္ကရာ တည်ရှိနေတဲ့နေရာကို အာရုံပြုပြီး လမ်....မ် ဆိုတဲ့အသံကို ဖြေးဖြေးမှန်မှန် ရင်ခေါင်းထဲက လာတဲ့အသံနှင့် ရွတ်ဆိုရမယ်။

ချက်-ချက္ကရာကတော့ ချက်နေရာမှာ ရှိတယ်ပေါ့။ အဲဒီအင်္ဂါဟာလည်း မျိုးပွားအင်္ဂါတွေ ၊ ကျေက်ကပ်တွေ ၊ ခြေထောက်တွေနဲ့ ပတ်သက်နေတယ်။ ပြီးတော့ လူတွေပြောပြောနေတဲ့ ဖိုနဲ့မ၊ မနဲ့ဖို ဆွဲဆောင်ညှို့ငင်နိုင်တဲ့ စွမ်းရည်ဟာလည်း အဲဒီနေရာမှာ ရှိတယ်။ အဲဒီ ချက္ကရာကို နှိုးဖို့ဆိုရင် ချက်နေရာကို အလင်းရောင် ဖြာထွက်နေ တယ်လို့ အာရုံပြုပြီး ဗမ်....မ်- ဟူသော အသံကိုရွတ်ဆိုပြီး နှိုးပါ။

မဏိပူရချက္ကရာဆိုတာကတော့ ရင်ညွန့်နေရာမှာ ရှိတယ်။ အစာအိမ်တို့ သည်းခြေတို့ အသည်းတို့နှင့် ပါတ်သက်တယ်။ အဲဒီ ချက္ကရာ အားကောင်းရင် စိတ်ဓာတ်အင်အား ကောင်းတယ်။ စိတအား ထက်သန်မှု့ ကောင်းတယ်။ သတ္တိကောင်းတယ်။ အဲဒီနေရာ အားမကောင်းရင် စိတ်ဓာတ်ကျလွယ်တယ်။ ကြောက်ရွံ့ ထိတ်လန့် လွယ်တတ်တယ်။ အဲဒီ ချက္ကရာ အားကောင်ဖိုးအတွက် လေ့ကျင့်မယ်ဆိုရင် အဲဒီနေရာလေးကနေ အလင်းရောင်လေးတွေ ဖြာထွက်နေတယ်လို့ အာရုံပြုပြီး ရမ်.....မ် ဟူသော ဂမ္ဘီရအသံကို ရွတ်ဆိုနှိုးရပါတယ်။

နှလုံးချက္ကရာ ဆိုတာကတော့ နှလုံးအိမ် တည်ရှိနေတဲ့နေရာပါပဲ။ နှလုံး ၊အဆုတ် ၊ သွေးလည်ပတ်မှု့စတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်။ ချစ်ခြင်းမေတ္တာ၊ သည်းခံ ခွင့်လွှတ်ခြင်း။ ကရုဏာတရား...စတာတွေနဲ့ ပါတ်သက်နေတယ်။ အဲဒီ ချက္ကရာ အားကောင်းဖို့အတွက် ဆိုရင်တော့ ယမ်....မ် ဆိုတဲ့အသံကို ရွတ်ဆိုပြီး နှိုးရမယ်။

လည်မျိုချက္ကရာကတော့ လည်ပင်း ၊ အဆုတ်အပေါ်ပိုင်း ၊ လက်မောင်းနှင့် အစာအိမ်ချေတဲ့ အင်္ဂါတွေနဲ့ ပတ်သက် နေတယ်။ အဲဒီချက္ကရာ အင်အားကောင်းရင် လူအများနှင့် ပူးပေါင်းဆောင်င်္ရက်ရသော ကိစ္စများ၌ အောငိမြင်စေခြင်း ၊ အသံသြဇာရှိစေခြင်းနှင့် တီထွင်ဖန်တီးညာဏ်ကောင်းခြင်း စတဲ့အကျိုးကျေးဇူးကို ဖြစ်စေပါတယ်။ သူ့ကိုနှိုးမယ်ဆိုရင် ဟမ်.....မ် ဆိုတဲ့အသံကို ရွတ်ပေးရပါတယ်။

တတိယမျက်လုံးဟုခေါ်သော မျက်လုံးနှစ်လုံး၏ ကြားတွင် ရှိပါတယ်။ ထိုချက္ကရာသည် ဦးနှောက် အောက်ဖက် ချမ်း ၊ ၀ဲဘက်မျက်လုံး ၊ နှာခေါင်း ၊ နားရွတ်၊ ကျောရိုးစသည်တို့နျင့် ပါတ်သက်နေတယ်။ စိတ်အချင်းချင်း ဆက် သွယ်ခြင်း ၊နတ်မျက်စိအလား ထင်မြင်စေခြင်းအတွေးအခေါ် အယူအဆ ကောင်းများထွက်ခြင်း ဖြစ်စေတယ်။ ထိုချက္ကရာ အားကောင်းအောင် လေ့ကျင့်မယ်ဆိုရင် ကရှမ်....မ် ဆိုသော ဂမ္ဘီရအသံကို ရွတ်ဆိုလေ့ကျင့်ရမည်။

သရဖူးချက္ကရာကတော့ ဦးနှောက်အပေါ်ပိုင်း၊ ညာဘက်မျက်လုံး ၊ စသော နေရာများနျင့် ပါတ်သက်နေတယ်။ ပရလောကနှင့် ဆက်သွယ်ခြင်း ၊ မြင့်မြတ်သော မေတ္တာတရား ၊ ညာဏ်ပညာနှင့် ပါတ်သက်တယ်။ ထိုချက္ကရာကို အားကောင်းအောင် လေ့ကျင်မယ်ဆိုရင်တော့ ဥုမ်....မ် ဟူသော ဂမ္ဘီရအသံဖြင့် ရွတ်ဆို၍ နှိုးရပါတယ်။

ထို့ကြောင့် မည်သူမဆို စိတ်တန်ခိုးနှင့် ပါတ်သက်သော ဗဟုသုတများကို ရရှိနိုင်ပါစေကြောင်းနှင့် လက်တွေ့ လိုက်နာ ကျင့်သုံးသူများလည်း ခရီးတစ်ခုအထိ ပေါက်မြောက်အောင်မြင်ပါစေကြောင်း ဆုတောင်လိုက်ပါတယ်။
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ

Wednesday, July 21, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels