Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

သင့်ဘ၀မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဘယ်နှစ်တွေမှာ ဖြစ်မည်နည်း

ဒီနည်းကတော့ ကိုယ်ရဲ့ ဘ၀မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဘယ်နှစ်တွေမှာ ဖြစ်လာမှာလဲ ဆိုတာကို သိအောင် တွက်တဲ့ နည်းပါပဲ။ ထူးခြားတဲ့ အပြောင်းအလဲ ဆိုတာက ကောင်တဲ့ အပြောင်းအလဲရော ဒါမှမဟုတ် မကောင်းတဲ့ အပြောင်းအလဲရော နှစ်မျိုးစလုံးကို ဆိုလိုတာပါ။ တစ်ချို့ နှစ်မှာဆို အရမ်းကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်သွာတတ်တယ်။

ဥပမာ- ထီပေါက်သွားတာတို့ အမွေရပြီး ချမ်းသာသွားတာတို့ ၊ အိမ်ထောင်ကျ သွားတာတို့ ၊ နောက်ပြီး မမျှော်လင့်ပဲ နိုင်ငံခြားကို ထွက်သွားရတာတို့ မမျှော်လင့်ပါပဲ စီးပွားရေး လုပ်ငန်းကြီးတွေကို အဆက်အသွယ်ကောင်းတွေ ရပြီး လုပ်ဖြစ်သွားတာတို့ပေါ့။ ပြောရ၇င်တော့ အများကြီးပဲ။ ဆိုလိုတာက ကောင်းတဲ့ ထူးခြားတဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်သွားတာတို့ကို ဆိုလိုတာပါ။

အဲ... တစ်ချို့နှစ်တွေကြတော့ အရမ်းဆိုးတဲ့ အဖြစ်အပျက်တွေ ဖြစ်သွားတာမျိုးတွေ ရှိတယ်။ ဥပမာ- ထောင်ကျသွားတာတို့ ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတာတို့ ၊ မိသားစု တယောက် တစ်နေရာဆီ ကွာဝေးပြီး ဖရိုဖရဲ ပျိုကွဲသွားတာတို့ ၊ ကားတိုက်ခံလိုက်ရလို့ ဒုက္ခိတ ဖြစ်သွားတာတို့ ပြောရရင်တော့ အများကြီးပဲ။

အခု အဲဒီလို ကြီးမားတဲ့ ဘ၀ရဲ့ အပြောင်းအလဲတွေကို ဖြစ်စေတဲ့ နှစ်တွေကို ကြိုတင်သိစေတဲ့ တွက်နည်းပါပဲ။ အင်္ဂလိပ် ဂဏန်းဗေဒင်နည်းပါ။ သူက ဘယ်လိုတွက်ရလဲဆိုတော့ ကိုယ်ရဲ့ အင်္ဂလိပ် မွေးသက္ကရာဇ်ကို ဂဏန်းနှစ်လုံး ရတဲ့အထိ ပေါင်းရမယ်။ အဲဒီ ဂဏန်းနှစ်လုံးကို မွေးသက္က ရဇ်နဲ့ ပြန်ပေါင်းပါတဲ့။ အဲဒါဟာ သူ့ရဲ့ ဘ၀မှာ ကြီးကြီးမား အပြောင်းအလဲ ဖြစ်မဲ့ နှစ်ပဲ။

ဒုတိယ အပြောင်းအလဲ ဖြစ်မယ့်နှစ်ကို သိချင်တယ် ဆိုရင်တော့ ပထမ အပြောင်းအလဲ ဖြစ်တဲ့ သက္ကရာဇ်ရဲ့ နောက်ဆုံးနှစ်လုံးကို ပေါင်းပြီး တစ်လုံးတည်းရအောင် ပေါင်းရမယ်။ ပြီးတော့ ပထမ အပြောင်းအလဲဖြစ်တဲ့ သက္ကရာဇ်တဲကို ပြန်ပေါင်းထည့်လိုက်။ အဲဒါ ဒုတိယ ဘ၀အပြောင်းအလဲ ဖြစ်မဲ့ ခုနှစ်ပဲ။ အဲဒီမှာ သတိထားရမှာကို ဒုတိယ အပြောင်းအလဲက စပြီး နောက်(၂)လုံးပဲ ပေါင်းရမှာနော်။

တတိယ အပြောင်းအလဲ ဖြစ်မဲ့နှစ်ကို သိချင်ရင်တော့ ဒုတိယ အပြောင်းအလဲ ဖြစ်တဲ့ ခုနှစ်ရဲ့ နောကဆုံးနှစ်လုံးကို တစ်လုံးတဲ ရအောင်ပြန်ပေါင်း။ ပြီး၇င် ဒုတိယ အပြောင်းအလဲ ဖြစ်တဲ့ သက္ကရာဇ်ထဲကို ပေါင်းထည့်။ အဲဒါဟာ တတိယအပြောင်းအလဲ ဖြစ်မဲ့ နှစ်ပဲ။ ကဲ... အောက်မှာ ဥပမာ တွက်ပြထားမယ်။ ကြည့်ကြည့်ရအောင်ဗျာ။

ကဲ... ဒီလောက်ဆိုရင် မိတ်ဆွေတို့လည်း ဘ၀ရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ဘယ်နှစ်တွေမှာ ဖြစ်လာမလဲဆိုတာကို ဂဏန်းဗေဒင် ပညာရပ်နဲ့ တွက်ကြည့်လို့ ရလောက်ပါပြီဗျာ။ မိတ်ဆွေများလည်း ဂဏန်းဗေဒင်ပညာရပ်နျင့် ပါတ်သက်တဲ့ ဗဟုသုတများ ရရှိနိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ဗျာ။

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ

Saturday, July 24, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels