နရသီဟပတေ့မင်း၏ အရီးဖွားစော ကျောက်စာရှိ သက္ကရာဇ် ၆၂၇-၆၃၇ ခုတည်သော “ ဓမ္မရာဇိကဘုရား” မြောက်ဘက်ရှိ “ ကုသသမုတိ” ဘုရားအာရုံခံနှင့် တိုက်မအကူးမျက်နှာကြက်တွင် ဇာတာတော်ပေါင်း (၅) စောင်ကို တွေ့ရှိရပါသည်။
- အရှင်ဗုဒ္ဓမြတ်စွာဘုရား ပဋိသန္ဓေယူသော ဇာတာတော်။
- ဖွားတော်မူသော ဇာတာတော်။
- ပွင့်တော်မူသော ဇာတာတော်။
- ပရိနိဗ္ဗာန်စ့တော်မူသောဇာတာတော်။
- အလယ်၌ မထင်မရှား ဖတ်၍မရသော ဇာတာတော်ဟူ၍ ဇာတာတော်ပေါင်း (၅) စောင်ကို တွေ့ရှိရပါသည်။ ထိုဇာတာများအနက် ပွင့်တော်မူသော ဇာတာတော်ကို အထက်တွင် ဖော်ပြပေး လိုက်ပါတယ်။

ပွင့်သောဟူ၍ ရေးထားသော ဇာတာတော်ကို ထိုခေတ်ထိုကာလစ၍ ယနေ့ထက်တိုင် ကံပွင့် ကံမြင့် လာဘ်ပွင်ခြင်းနှင့် အမျိုးမျိုးသော ပွင့်လန်းမှု့ကို ပေးစွမ်းနိုင်သော နိမိတ်ဆောင်သည်ဟု ယူဆကာ ဆောင်ယူလေ့ရှိပါသည်။ အလုံးစုံသောအောင်ခြင်းနှင့်တကွ ဘုရားအဖြစ်ရောက်တော်မူသော ဂြိုဟ်နက္ခတ်ပုံ ဇာတာတော်သည်လောကီလူသားတို့ တရိုတသေ တန်ဖိုးထား ဆောင်ယူသော အဆောင်အဖြစ် ထိုခေတ်ကာလ ပုဂံမှသည် ယနေ့တိုင် သုံးစွဲခြင်းပြုသည်။
အညာဒေသများတွင် နေအိမ်ဘုရားစင်၊ ဈေးဆိုင် ၊ အရောင်းအ၀ယ်ပြုသောနေရာ ၊ ငွေကြေးကံပွင့်လိုသော နေရာများတွင် ပွင့်သောဇာတာကို ရေးဆွဲပူဇော်လေ့ရှိပါသည်။ ဤဇာတာတော် ရေးဆွဲ ပူဇော်ထား သောကြောင့် လာဘ်ပွင့်သည်။ ကံပွင့်သည်။ အရောင်းအ၀ယ် ကောင်းသည်။ ခေတ်ကာလ အလိုက်လျှော်ညီသော ငွေအစုလိုက် အပုံလိုက် ၀င်ခြင်းနှင့် ထီပေါက်ခြင်းများ ဖြစ်ထွန်းစေသည်ဟု ဆိုကြသည်။ ဘုရားစင် ၊ အလုပ်ခန်း၊ အရောင်းအ၀ယ်နေရာ၊ ရုံးခန်း၊ ငွေသိမ်းကောင်တာ၊ မြင့်မြတ်သောနေရာ များတွင် ချိတ်စွဲ ပူဇော်ခြင်းဖြင့် အကျိုးထူး ရရှိစေသည်။
ပညာသင်ကြားသူ ကျောင်းသူကျောင်းသား များအဖို့ လက်ကိုင်ပ၀ါ အဖြူပေါ်တွင် ရေးကူးဆောင်ယူ၍ စာမေးပွဲဖြေဆိုခြင်း ၊ စာကျက်လေ့လာခြင်းများ ပြုဆောင်၍ ထူးခြားစွာ ကံမြင့်မားခြင်း စိတ်အာရုံလန်းဆန်း ကြည်လင်၍ စူးစိုက်မှုအားကောင်းခြင်းနှင့် ညာဏ်အလင်းပွင့်လန်းခြင်း ၊ ထူးချွန်စွာ အောင်မြင်ခြင်းများ ရရှိနိုင်သည်။ အတတ်ပညာ အခြေတည်၍ အောင်မြင်ကြီးပွားမှု့ကို ဖန်တီးလိုသူ မည်သူမဆို ဆောင်ယူ၍ ညာဏ်အလင်းသစ်ဖွင့်ကာ ကြံစည် ရည်ရွယ်သလောက် ပေါက်မြောက်မည်။
အချို့သည်ကား မဟိဒ္ဓိလမ်းအတွက် ဘာသာရေးအတွက် ၊ ၀ိပဿနာအတွက် နိတ်ထူးသော ပွင့်သောဓာတ် သက်ရောက်သည့် ဇာတာတော်ဟူ၍ ယူဆဆောင်ယူခြင်း ပြုကြသည်။ အချို့သည် ပွင့်သော ဇာတာတော်ပုံကို ရွှေပြား ၊ ငွေပြားတွင် ရေးထိုးကာ ဘုရားဆင်းတုတော် ရုပ်ပွားတော်များနှင့်အတူ တကွ ကိုးကွယ် ပူဇော်ကြသည်။
အးလုံးသော မိတ်ဆွေများ၏ အစစအရာရာ ပွင့်လန်းစေခြင်း အကျိုးငှာ သင်တို့၏ အကျိုးကို ထာဝစဉ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ( ထိုင်းနိုင်ငံစံတော်ချိန် - ညဘက် (၃း၁၅) တိတိတွင် ပြန်လည် ညွန်ပြပေးလိုက်ရပေသည်။
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
sayaheintintzaw@gmail.com
+6687 415 0022








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter