Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

မဟာဘုတ်ဗေဒင်ပညာလာအစောင့်ပုဂ္ဂိုလ်

ကျွန်တော်တို့ ဗေဒင်ဟောခန်းကို လာရောက်ကြတဲ့ တစ်ချို့သောသူတွေဟာ သူတို့ကို တန်ခိုးရှိတဲ့ မမြင်ရသော ပုဂ္ဂိုလ်တွေက စောင့်ရှောက်ကြတယ်လို့ ယုံကြည်ကြတယ်။ (ရီစရာကြီးနော်) ဒါက ခင်ဗျားဘက်က အမြင်ပါ။ သူတို့ဘက်ကတော့ အရူးအမူး အသေအလဲ ယုံကြည် စွဲလန်းကြတယ်။ မဟုတ်ဘူး ဒါဟာ လုံးဝ အဓိပ္ပါယ် မရှိတဲ့ ကိစ္စတစ်ခုပဲလို့ ကံသေကံမ ခင်ဗျား သူ့ကို သွားပြီး ပြောပြနိုင်မလား။

ဒါဆို သေချာပါတယ်။ သူက ခင်ဗျားကို ချက်ချင်းပဲ GO AWAY- ဆိုပြီး အော်ငေါက်ပစ်မှာ အသေအချာပဲ။ ဒါမှမယုတ် သူက ခင်ဗျားကို ခပ်ဆိုးဆိုး တုန့်ပြန်မှု့ တစ်ခုနဲ့ ချက်ခြင်းတုန့်ပြန်လာမှာ အသေအချာပဲ။ အဲဒါ ဘာဖြစ်လို့လဲ သိလား။ ခင်ဗျားက သူ့ရဲ့ believe (ယုံကြည်မှု့)ကို သွားပြီး ထိုခိုက်လိုက်တာကိုး။

ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေကို ဘုရားက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လာပြောကြည့်ပါလား။ ငြိမ်ခံနေ မယ့်လူ တစ်ယောက်မှ မရှိဘူး။ တစ်ခုမဟုတ် တစ်ခုတော့ တုန့်ပြန်ကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ ခရာဇ်ယာန် ရှိတယ် မွတ်စလင်ဘာသာဝင်တွေ ရှိတယ်။ ဟိန္ဒူ ဘာသာဝင်တွေ ရှိတယ်။ နောက်ကျန်တဲ့ ကိုးကွယ်မှု့ ဘာသာတွေ အများကြီး ရှိတယ်။ သူတို့ ကိုးကွယ်နေတဲ့ ဘာသာတွေကိုလည်း ကျန်တဲ့ သူတွေက မကောင်းဘူး အဓိပ္ပါယ် မရှိဘူးလို့ သွားပြောကြည့်ပါလား။ ငြိမ်ခံနေမယ့်လူ တစ်ယောက်မှ မရှိဘူး။

ဒီနေရာမှာ အဘမင်းသိင်္ခ ပြောခဲ့ဘူးတဲ့ စကားလေးတစ်ခွန်းကို သွားပြီး သတိယမိတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ချင်တယ်ဆိုရင်တဲ့ လွယ်ပါတယ်တဲ့။ သူ့ရဲ့ ယုံကြည်မှု့ကိုသာ ပုတ်ခတ်လိုက်ပေတော့။ ချက်ခြင်းကြီး ရန်သူကြီးတစ်ယောက်လို တုန့်ပြန်လာလိမ့်မယ်တယ်။ အဲဒီတော့ ငါ့လူတို့တဲ့ လောကကြီးမှာ ကျင်လည်ကျက်စားတဲ့အခါမှာ သူတစ်ပါးရဲ့ ယုံကြည်မှု့ကို ဘယ်တော့မှ သွားပြီး မထိခိုက်လေနဲ့တဲ့။

အိမ်တစ်အိမ်မှာပဲ ဖြစ်ဖြစ် ၊ အဖွဲ့အစည်းတစ်ခုခုမှာပဲ ဖြစ်ဖြစ် ပြဿနာတွေရဲ့ အဓိကတရားခံဟာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု့ကို အားပြိုင်ရာကနေ စတာများပါတယ်။ နောက်တစ်ခုက အထင်ရယ် ၊ အမြင်ရယ်ပါ.။ သူ့ရဲ့ ယုံကြည်မှု့ဟာ မှားနေတယ်လို့ ကိုယ်က ထင်နေတာ မြင်နေတာက ပိုဆိုးပါတယ်။ တကယ်တော့ လောကကြီးမှာ အထင်ဟာ အထင်သာ ဖြစ်တယ် အဲဒီလိုပဲ အမြင်ဟာ အမြင်သာ ဖြစ်တယ် ။ ဒါပေမယ့် အမှန်တရားတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

အခုလည်း ကျွန်တော်တို့ရဲ့ ဗေဒင်ဟောခန်းကို ရောက်လာကြတဲ့ သူတွေထဲကမှ တစ်ချို့တွေက အစောန ပြောသလို သူတို့ကို တန်ခိုးရှိပြီး မမြင်ရတဲ့ ပုဂ္ဂိုဟ်တွေက စောင့်ရှောက်ကြတယ်လို့ ယုံကြည်ကြတယ်။ အဲဒီတော့ သူတို့က ဗေဒင်ဆရာကို မေးတယ်။

ဆရာရယ်တဲ့... ကျွန်တော်က သိတော့ သိပါတယ်တဲ့။ ဒါပေမယ့် တိတိကျကျ သိချင်လို့ ဆရာ့ကို မေးတာပါတဲ့။ ကျွန်တော်မှာ အစောင့်ရှိနေတယ်တဲ့။ ကျွန်တော့်နောက်ကို လိုက်နေတယ်တဲ့။ တစ်ခါတစ်လေ တောင်မြင်ရတယ်တဲ့။ အဲဒါ ဘယ်လို ပုဂ္ဂိုဟ်လဲ ပြောပြပေးပါတဲ့။ နောက်ပြီး အဲဒီ အစောင့်ပုဂ္ဂိုဟ်ကို ဘာတွေ လှူတန်းပေးရင် ကောင်းမလဲတဲ့... အဲဒိလို မေးတတ်ကြပါတယ်။

အဲဒီတော့ ကျွန်တော်က ဟုတ်ရဲ့လားဗျာ။ သေချာရဲ့လားလို့ ပြန်မေးကြည့်တော့....

အာ ... ဆရာကလည်း ကျွန်တော် တကယ်ပြောတာပါဆို။ အဲဒီ အစောင့်ပေးလို့ ကျွန်တော် ချဲတောင်(၇)ခါ လောက် ပေါက်ပြီးသွားပြီ။ တစ်ခါတစ်လေတောင် သူကို ကျွန်တော်ကိုယ်တိုင်တောင် တွေ့ရတာပါပဲ။ တစ်ခါတစ်လေ ကျွန်တော့်ကို ဘာလုပ်ရမယ်ဆိုတာတွေ ဒီလမ်းမှာ အန္တရယ်ရှိတယ် ဆိုတာတွေတောင် လာပြီး ကြိုပြောပြပါတယ်တဲ့...

အဲဒီတော့ ကျွန်တော်ကလည်း ...

မိတ်ဆွေကြီးရယ် ကျွန်တော်ကလည်း အကြားအမြင်ရနေတဲ့ ဘိုးတော်လည်း မဟုတ်လေတော့ တိတိကျကျ ကြီးတော့ ပြောပြနိုင်မှာ မဟုတ်ပေဘူး။ ပေါက်မြောက်နေတဲ့ သိဒ္ဓိရှင်ကြီးလည်း မဟုတ်လေတော့ ဒီလိုကွဆိုပြီး ဃဃနန ညွန်ပြပေျးနိုင်မှာတော့ မဟုတ်ဘူးဗျာ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှာတော့ အဲဒီလို အစောင့်ပုဂ္ဂိုဟ်တွေအကြောင်း သိချင်တာတို့။ ကိုယ့်ကို ဘယ်လို ပုဂ္ဂိုဟ်က စောင့်ရှောက်နေတယ်တို့ သိချင်လို့ရှိရင် တွက်ကြည့်လို့ ရတဲ့နည်းလေးတော့ ရှိပါတယ်ဗျာလို့ ပြန်ပြောပြလိုက်တယ်။

သူကလည်း အဲဒီလို တွက်ကြည့်လို့ ရမယ်ဆိုရင် တွက်ကြည့်ပေးပါဗျာဆိုတော့ ကျွန်တော်လည်း ဒီနည်းလေးကိုပဲ အားကိုးလို့ အမြဲတန်း ပြောပြဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း (ယုံကြည်တဲ့) ကိုယ့်ဘ၀မှာ ဘယ်လို ပုဂ္ဂိုဟ်တွေနဲ့ ပဋ္ဌာန်းဆက်ရှိနေတယ်။ ဘယ်ပုဂ္ဂိုဟ်တွေက စောင့်ရှောက်နေတယ်ဆိုတာကို သချင်တယ်ဆိုရင်တော့ မဟာဘုတ်ဗေဒင်ပညာမှာလာတဲ့ ဒီနည်းစနစ်လေးကို ပြန်လည် တင်ပြပေးလိုက်ပါ တယ်ဗျာ။

ထုံးစံအတိုင်းပေါ့ဗျာ။ မဟာဘုတ်တွက်ပေါ့။ ကိုယ်က ဘာကြွင်းတဲ့ မဟာဘုတ်လဲပေါ့။ ဒီမှာ မဟာဘုတ်ဗေဒင် တွက်နည်း။

ကိုယ့်ရဲ့ မဟာဘုတ်က အထွန်းဆိုတဲ့နေရာမှာ ဘာနေ့နံ ရှိလဲ။ အဲဒါကို နာမက္ခရတိုင် ဆက်ထူရပါတယ်။ နာမက္ခရတိုင်ကို ဘယ်လို ထုရလဲဆိုတော့ အောက်မှာ ပုံလေး တစ်ပုံ ပြလိုက်ပါတယ် ။ အထွန်းမှာ ရှိတဲ့ နံကို အပေါ်မှာ တင်လိုက်ပါ။ ပြီးရင် အောက်ဘက် တိုင်ခြေ ၀ဲဘက်ကနေ ကြီးစဉ်အတိုင်း အပေါ်ကို တက်လာပေါ့နော်။ တစ်ချို့ကလည်း ၀ဲယာတိုင်လို့ ခေါ်ပါတယ်။

Image Hosting by imagefra.me

အဲဒီ နာမက္ခရတိုင်ကို ထူပြီးပြီဆိုရင်တော့ ကိုယ်ကို ဘယ်ပုဂ္ဂိုဟ်တွေ စောင့်ရှောက်တယ်ဆိုတာရယ် ဘယ်ခေတ်တုန်းက ဆိုတာရယ် ကြည့်ဘို့အတွက် နောက်ထပ် ပုံလေးတစ်ပုံ ထပ်တင်ပေးလိုက်ပါတယ်။

Image Hosting by imagefra.me

အဲဒါဆို ကြည့်လို့ ရပါပြီး။ ကိုယ့်ရဲ့ နာမက္ခတိုင်ကို တွက်ကြည့် ထူပြီးပြီဆိုရင် အပေါ်ဆုံးအလုံးက အစောင့်ပုဂ္ဂိုဟ်ကို ညွန်ပြပါတယ်။ သူ့အောက်က နှစ်လုံးကတော့ ပဋ္ဌာန်းဆက်တော်စပ်ခဲ့တဲ့ ခေတ်ကာလကို ညွန်ပြတာပါ။ အောက်မှာတော့ ဘယ်နေ့နံကို ဘယ်လို ကောက်ယူတယ် ဆိုတာကိုတော့ ဖော်ပြပေး လိုက်ပါတယ်။

ခေတ်ကာလ

၁။(တနင်္ဂနွေဂြိုဟ်).......အင်းဝခေတ်။
၂။(တနင်္လာဂြိုဟ်)........ကုန်းဘောင်ခေတ်။
၃။(အင်္ဂါဂြိုဟ်)..............ညောင်ရမ်းခေတ်။
၎။(ဗုဒ္ဓဟူးဂြိုဟ်)...........ရှမ်းခေတ်။
၅။(ကြာသပတေးဂြိုဟ်).ပုဂံခေတ်။
၆။(သောကြာဂြိုဟ်)......သရေခေတ္တရာခေတ်။
၇။(စနေဂြိုဟ်)..............တောင်ငူခေတ်။

အစောင့်ပုဂ္ဂိုဟ်
၁။(တနင်္ဂနွေဂြိုဟ်).......ဘိုးဘိုးအောင်။
၂။(တနင်္လာဂြိုဟ်)........ဘိုးမင်းခေါင်။
၃။(အင်္ဂါဂြိုဟ်)..............ဆေးဝိဇ္ဇာ။
၎။(ဗုဒ္ဓဟူးဂြိုဟ်)...........ယက္ကန်းစင်တောင်ဆရာတော်။
၅။(ကြာသပတေးဂြိုဟ်).ဘိုးတော်ပြူး၊ ဘိုးတော်ပွင့် ၊ ဘိုးတော်ဖြူ။
၆။(သောကြာဂြိုဟ်)......သိုက်ချုပ်ဘိုးတော် သာလျှ။
၇။(စနေဂြိုဟ်)..............အနောက်မဇ္ဈိမဆာဒူးဘိုးတော်။

Tuesday, September 21, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels