Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ထီပေါက်စေသောအဓိဋ္ဌာန်

အကယ်၍ သင်သည် ထီထိုးခြင်းကို ၀ါသနာပါသည် ဆိုပါက ဒီအတိုင်း ထီထိုးနေမည့်အစား အောက်တွင် ဖော်ပြထားသော ထီပေါက်စေသော အဓိဋ္ဌာန်တစ်ခုကို ၀င်၍ ထီထိုးစေချင်ပါသည်။ ဤနည်းသည် အဘ မင်းသိင်္ခ၏ ထီထိုးနည်း စာအုပ်ထဲတွင် ပါသော နည်းကို စာဖတ်ပရိသတ်များအတွက် ပြနလည်ဖော်ပြပေး လိုက်ခြင်းဖြစ်ပါသည်။

အဓိဋ္ဌာန်စတင်ဝင်ရမည့်နေ့ရက်

မည်သူမဆို မိမိ၏ရောက်ဆဲ အသက်ကိုတည်ပါ။ (၇)-နှင့်စားပါ။ အကြွင်းဟာ အဓိဋ္ဌာန် လုပ်ရမည့်နေ့ဖြစ်ပါ သည်။ ဥပမာ အသက်(၄၀) ရှိသောသူ အဓိဋ္ဌာန် ၀င်မည်ဆိုပါက (၄၀)ကို (၇)နှင့်စားပါက (၅)ကြွင်းသည်။ ထိုကြောင့် သူသည် ကြာသပတေးနေ့တွင် စတင်၍ အဓိဋ္ဌာန် ၀င်ရမည်ဖြစ်၏။

  • (၁)-ကြွင်းရင် တနင်္ဂနွေနေ့ စတင်၍ အဓိဋ္ဌာန်ဝင်ပါ။
  • (၂)-ကြွင်းရင် တနင်္လာနေ့ စတင်၍ အဓိဋ္ဌာန်ဝင်ပါ။
  • (၃)-ကြွင်းရင် အင်္ဂါနေ့ စတင်၍ အဓိဋ္ဌာန်ဝင်ပါ။
  • (၄)-ကြွင်းရင် ဗုဒ္ဓဟူးနေ့ စတင်၍ အဓိဋ္ဌာန်ဝင်ပါ။
  • (၅)-ကြွင်းရင် ကြာသပတေးနေ့ စတင်၍ အဓိဋ္ဌာန်ဝင်ပါ။
  • (၆)-ကြွင်းရင် သောကြာနေ့ စတင်၍ အဓိဋ္ဌာန်ဝင်ပါ။
  • (၀)-ကြွင်းရင် စနေနေ့ စတင်၍ အဓိဋ္ဌာန်ဝင်ပါ။

အဓိဋ္ဌာန်စတင်မည့်ရက်တွင် လှူရမည့် ပစ္စည်း

အဲဒီနေ့မှာတော့ မုန့်လုံးရေပေါ် လှူရမယ်။ ဘယ်နှစ်လုံးလည်းဆိုတော့ အသက်ကိုတည် (၄)နှင့် မြှောက်။ ရတာက မုန်လုံးရေပေါ် အရေအတွက်ပေါ့။ နံက် (၁၀)နာရီမှာ မြတ်ဘုရားအား မုန့်လုံးရေပေါ်(၁၀)လုံး တိတိ လှူရမယ်။ ပိုတဲ့ မုန့်လုံးရေပေါ်တွေကို အုနးသီးနဲ့ဘာနဲ့ ဘုန်းကြီးလောင်းလိုက်ပါ။ ဒါမှမဟုတ် ခေါင်းရင်း (၇)အိမ် ခြေရင်း(၇)အိမ် ဝေလိုက်ဗျာ။

အဓိဋ္ဌာန်ဝင်ရမည့်ရက်အကန့်အသတ်

အသက်ကိုတည်။ (၃)-နှင့် မြှောက်ပါ။ ရလာသော အရေအတွက်က သင်အဓိဋ္ဌာန် ၀င်ရမည့် ရက်ဖြစ်ပါသည်။ ဥပမာ အသက်(၄၀)ကို (၃)နှင့် မြှောက်တော့ (၁၂၀)ရပါသည်။ ရက်ပေါင်း (၁၂၀) တတိပြည့်အောင် အဓိဋ္ဌာန် ၀င်ရမည်ဖြစ်၏။

အဓိဋ္ဌာန်ဝင်ရမည့် ဂမ္ဘီရမန္တာန်

တာဗားနိုး (TAVANO) ဆိုသော အသံကို (၁၀၈)လုံး ပုတီနှင့် နေ့တိုင်း ပုတီး(၃၁)ပတ်စိပ်ရမယ်။ ပုတီးတစ် လုံးချတိုင်း တာဗားနိုး လို့ ရွတ်ရမယ်။ ရွတ်တဲ့အခါမှာလည်း အခုရွတ်တဲ့အသံဟာ ထီဆုကြီးကြီးပေါက်ဖို့ ရွတ်နေတယ်လို့ အာရုံပြုရမယ်။ အဓိဋ္ဌာန်ထ်ွတဲ့နေ့မှာလည်း မုန့်လုံးရေပေါ် ပြန်လှူရမယ်။

ကဲ...အားလုံးထီကံကောင်းကြပါစေဗျာ.....
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Monday, September 20, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels