Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

သက်ရောက်တိုင်နှင်အညံ့ချေ-ယတြာ

ယခုတင်ထားသော ယတြာနည်းကို ဒီပို့လေးကို အရင်ဖတ်ကြည့်၍ မိမိ ဘာသက်ရောက်ကို ရောက်နေလဲ တွက်ကြည့် ပြီးမှ ယတြာ ချေပါ။

၎င်း(၅)နှင့်((၁) နှစ်နံတွဲသည် ဘဲဥဟု ရ၏။ ဘဲဥ (၅) လုံးကို ပြုတ်၍ အိမ်နောက်ဘက် ခြံစည်းရိုး လွတ်ရာသို့ လွှင့်ပစ်ရာ၏။ တနင်္ဂနွေ (သို့) ကြာသပတေးနေ့ ညနေပိုင်းတွင် ပြုလုပ်ရ၏။

၎င်း(၁)နှင့် (၄) နှစ်နံတွဲသည် အုန်းရည်ဟု ရ၏။ အုန်းရည် (၅) ခွက်ကို အိမ်နောက်ဘက် လူသွားလမ်းတွင် သွန်ပစ်ရာ၏။

၎င်း(၆)နှင့် (၂) နှစ်နံတွဲသည် သခွါးဟု ရ၏။ သခွါးသီး တစ်လုံးကို တနင်္လာ (သို့) သောကြာနေ့ ညနေတွင် ခါးမှ ချိုး၍ ရေစီးနေသော နေရာတွင် မျှောပစ်ရ၏။

၎င်း(၆)နှင့် (၂) နှစ်နံတွဲသည် သကြားဟု ရ၏။ တနင်္လာ (သို့) သောကြာနေ့ ညနေတွင် သကြား(၂၀)သားကို ရေစီးနေသော နေရာတွင် မျှောပစ်ရ၏။

၎င်း(၀)နှင့် (၃) နှစ်နံတွဲသည် နှင်းဆီဟု ရ၏။ အင်္ဂါ (သို့) စနေနေ့ ညနေတွင် နှင်းဆီပန်းကို နို့ဆီခွက်ထဲကို ထည့်၍ အိမ်နောက်ဘက်တွင် တူဖြင့် ထုကာ ချေပစ်ရ၏။

၎င်း(၂)နှင့် (၅) နှစ်နံတွဲသည် ချဉ်ပေါင်ဟု ရ၏။ တနင်္လ (သို့) ကြာသပတေးနေ့ ညနေတွင် ချဉ်ပေါင်ကျော်ကို ခွေးကျွေးရ၏။

၎င်း(၃)နှင့် (၆) နှစ်နံတွဲသည် ဆိတ်သားဟု ရ၏။ ထို့ကြောင့် အင်္ဂါနေ့ (သို့) သောကြာနေ့ ညနေတွင် ဆိတ်သားဟင်းကို ခွေးကျွေးရ၏။

၎င်း(၄)နှင့် (၀) နှစ်နံတွဲသည် ထန်းလျှက်ဟု ရ၏။ ထိုပကြောင့် စနေ (သို့) ဗုဒ္ဓဟူးနေ့ ညနေတွင် ထန်းလျှက် (၁၁)ခဲကို စက္ကူဖြင့် ထုပ်၍ ခွေးကို ကျွေးရ၏။

Wednesday, September 1, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels