ကျွန်တော်တို့ ဒီနေ့ ကိစ္စတစ်ခုနဲ့ အပြင်ကို သွားစရာရှိတယ် ဆိုပါစို့။ ကိုယ်သွားမယ့် အကြောင်းအရာနှင့် ပါတ်သက်ပြီး သတင်းကောင်းကို ကြားစေချင်တယ် ဆိုပါစို့။ ဒါဆိုရင် အင်္ဂ၀ိဇ္ဇာ ပညာက ဒီလို ဆိုပါတယ်။
ကိုယ်သွားမယ့် နေ့ကို အချာထားပြီး အင်္ဂ၀ိဇ္ဇာတိုင်ထူပါတဲ့။ ပဉ္စပွတ် အရပ်ဒေသကို မျက်နှာမူရမယ်။ ပြီးတော့ ဆပွတ် အစားအစာကို စားပြီး သတင်းကောင်းကြားရစေကြောင်း ဆုတောင်းသွားပါတဲ့။
ကိုယ်သွားမယ့် နေ့ကို အချာထားပြီး အင်္ဂ၀ိဇ္ဇာတိုင်ထူပါတဲ့။ ပဉ္စပွတ် အရပ်ဒေသကို မျက်နှာမူရမယ်။ ပြီးတော့ ဆပွတ် အစားအစာကို စားပြီး သတင်းကောင်းကြားရစေကြောင်း ဆုတောင်းသွားပါတဲ့။
ဥပမာ ကိုယ်က တနင်္ဂနွေနေ့မှာ ကိစ္စတစ်ခုနဲ့ အပြင်သွားစရာရှိတယ် ဆိုပါစို့။ ဒါဆိုရင် တနင်္ဂနွေရဲ့ ပဉ္စပွတ်အရပ် ဒေသဖြစ်တဲ့ ကြာသပတေးဒေါင့် အနောက်အရပ်ကို မျက်နှာမူရမယ်။ ပြီးတော့ တနင်္ဂနွေရဲ့ ဆပွတ် အစားအစာ ဖြစ်တဲ့ သောကြာနံ အစားအစာ သစ်သီး စားသွားပါ။ ဒါပါပဲ။
ဘယ်လိုလဲ ဗေဒင်ဆရာရယ်....။ ခင်ဗျားဟာကလည်း ပဉ္စပွတ်တွေရော ဆပွတ်တွေရော ရှုပ်နေတာပဲ။ ဒီထက်ရှင်းရှင်း လင်းလင်းသိအောင် မပြောနိုင်ဘူးလားလို့ မေးတဲ့ တစ်ချို့ လူတွေအတွက် အောက်မှာ (၇)-ရက်စာ ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေဗျာ။
- တနင်္ဂနွေနေ့...အနောက်အရပ်ကို မျက်နှာမူ။ သစ်သီး စားသွားပါ။
- တနင်္လာနေ့...မြောက်အရပ်ကို မျက်နှမူပါ။ နွာနို့သောက်သွားပါ။
- အင်္ဂါနေ့...အနောက်တောင် အရပ်ကို မျက်နှာမူပါ။ အုန်းသီးစားသွားပါ။
- ဗုဒ္ဓဟူးနေ့...အရှေ့မြောက်ဒေါင့်အရပ်ကို မျက်နှာမူပါ။ ကိတ်မုန့် စားသွားပါ။
- ကြာသပတေးနေ့...အရှေ့အရပ်ကို မျက်နှာမူပါ။ ဇီးသီးစားသွားပါ။
- သောကြာနေ့...အရှေ့တောင်ဒေါင့်ကို မျက်နှာမူပါ။ ရေသောက်သွားပါ။
- စနေနေ့...တောင်အရပ်ကို မျက်နှာမူပါ။ မုန့်ဖက်ထုပ်စားသွားပါ။