တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်ထဲ ထိုင်၍ အင်တာနက်ကြည့်နေ၏။ အင်တာနက်သီတင်များတွင် ကျွန်ုပ် အဓိကထား၍ ဖတ်တတ်သော အကြောင်းအရာများမှာ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း မြန်မာအလုပ်သမားများနှင့်ပါတ် သက်သောသတင်းများကို အမြဲမပြတ် ကြည့်ရှု့လေ့ရှိ၏။အဘယ် ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်လည်း ရွေ့ပြောင်းအလုပ်သမား တစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်လေ၏။
ထိုသတင်းများကိုဖတ်ရသည်မှာ အင်မတန် ရင်နင့်စရာများ ပင်ဖြစ်၏။ စိတ်မချမ်းမြေ့စရာများလည်းပါ၏။ ၀မ်းနည်းစရာများ၊ ကြေကွဲစရာများ၊နာကျဉ်းစရာများနှင့် ပြည့်နှက်၍နေပေ၏။
အထူးအားဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမ၀င် လာကြသောလူများ၏ လမ်းခရီးအကြောင်းသည် အင်မတန်မှ စွန့်စားခန်းများနှင့် ပြည့်နှက်နေလေ၏။ အန္တရာယ်များနှင့် ရောပြွမ်းနေလေ၏။ ခလုပ်ကန်သင်းများ၊ အတားအစီးများနှင့် ပြည့်နေလေ၏။
ထိုလမ်းခရီးတွင် အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံး ကြရသော မြန်မာနိုင်ငံသားတို့၏ ငိုကြွေးသံများ၊ မှီခိုရာမဲ့နေသော ၀ိညာဏ်တို့၏ငိုရှိုက်သံများသည်လည်း မည်မျှလောက် ရှိနေမည် နည်း။ သူတို့ကိုကော ဘယ်သူသူတွေက သူရဲကောင်းဘွဲ့ အပ်နှင်း ပေးမှာလဲ။ သူတို့ရဲ့ မိသားစုအတွက် အသက်ကိုရင်းပြီးလာခဲ့ကြ တဲ့ ဒီလမ်းခရီးမှာ သူတို့ပေးဆပ်ခဲ့ကြတဲ့ အသက် သွေး ချွေးတွေ ရင်းပြီးလာခဲ့ရတာတွေကိုသာ သူတို့ ဖြတ်သန်းလာခဲ့တဲ့ တော တောင်တွေကသာ အသက်ရှိမယ်ဆိုရင် မျက်ရည်စက်လက်နဲ့ သူတို့ကို အံကြိတ်ပြီး မချိတင်ကဲ ကြည့်နေမှာပဲ မဟုတ်လား။
မကြာခနကြားနေရတဲ့သတင်းတွေ။ ဘယ်နေ့က ဘယ်နှစ် ယောက် ကားမှောက်လိုသေတာ။ ရေနစ်လို့သေတာ။ သူများ သတ်လို့ သေတာ။ ရောင်းစားခံထိတာ။ အစော်ကား ခံရတာ။ အို အစုံပါပဲ။ ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲကိုလည်း လာပြီးအကူအညီ တောင်းကြတာတွေရှိတယ်။ ဥပမာ-သူတို့မိသားစုဝင်တွေ ထိုင်း
ကိုတက်လာတော့မယ်ဆိုရင် သူတို့တွေ ဗေဒင်လာမေးကြတယ်။ အကူအညီလာတောင်းကြတယ်။ အဓိကကတော့ လမ်းခရီးမှာ အန္တရာယ်ကင်း မကင်း သိချင်ကြတယ်။ နောက်ပြီး လမ်းခရီးမှာ အန္တရာယ်ကင်းအောင် ၊ ကားမှောက်တာတွေ ၊ ရေနစ်တာတွေ၊ သူများစော်ကားခံရတာတွေကင်းပြီး ချောချောမောမောရောက် လာအောင် ယတြာတွေလာတောင်းကြတယ်။
အဲဒီလိုကြုံတဲ့အခါတွေမှာဆိုရင်တော့ ကျွန်ုပ်သည် အသင့် စီရင်ထားသော ဆေးဖယောင်းများကိုကြိုချက်၍ အောက်တွင် ဖော်ပြထားသော အင်းစမတော်ကို အင်းဖယောင်းတိုင်စီရင်၍ ပေးလိုက်လေ၏။
ချစ်လှစွာသော မိတ်ဆွေများခင်ဗျာ…..
သင်တို့၏ မိသားစု ဆွေမျိုး သူငယ်ချင်းများတွင်လည်း အထက်ပါ ကဲ့သို့သော ကိစ္စများ ကြုံတွေ့ရပါက အောက်တွင်ဖော်ပြထား သော အင်းစမတော်ကို မိတ္တူကူးယူ၍ မီးထွန်းဆုတောင်းနိုင်ပါ ကြောင်း။










Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter