Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဈေးရောင်းကောင်းစေသောနည်း

တစ်နေ့သ၌ မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏ဗေဒင်လက္ခဏာ ဟောခန်းရှိရာသို့ အသက်အားဖြင့် ၄၅-နှစ်ခန့်ရှိသော ဦးသူတော် ဟုအမည်ရသော အညာသားတစ်ဦးရောက်ရှိလာလေ၏။ ထိုဦးသူ တော်ဆိုသူသည် မြန်မာပြည်အညာဒေသတစ်ခုမှဖြစ်လေ၏။ ငယ်စဉ်က ဘုန်ကြီးဝတ်၍ သာသနာဘောင်တွင် (၈)၀ါခန့်အထိ နေဘူးလေ၏။အသက်နှစ်ဆယ်ရှစ်နှစ်ခန့်တွင် သာသနာ့ဘောင် တွင်မပျော်မွေ့တော့သဖြင့် လူဝတ်လဲကာ ထိုင်းနိုင်းငံသို့ တက် လာခဲ့လေ၏။ ထားဝယ်အမျိုးသမီးတစ်ဦးနှင့် အကြောင်းပါကာ သားသမီးသုံးဦးထွန်းကားခဲ့၏။ယခုအခါ ထိုဦးသူတော်ဆိုသူသည် အလုပ်ရုံတစ်ခုတွင် ၀ဏ္ဏဖြစ်နေလေ၏။ထိုဦးသူတော်ဆိုသူသည် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။
ဒီလို ဗေဒင်ဆရာရေ။ ကျုပ်ကဒီသူဌေးဆီမှာ အလုပ်လုပ်လာ တာလည်း ရှမ်းပြည်တစ်သက်ရှိပြီဆိုတော့ သူဌေးနှင့် ကျုပ်က
လည်း အလုပ်ရှင်နဲ့အလုပ်သမားဆိုတာထက် ညီအကိုတွေလို ဖြစ်နေကြတယ်ဆိုရင် ပိုမှန်မယ်ထင်တယ်။ ကျုပ်တို့ကလူဟောင်း တွေ ဖြစ်နေတော့ကာ သူဌေးက သူတကာထက်တော့ နည်းနည်း ပိုပြီး ဦးစားပေးတယ်ဆိုရမယ်ဗျ။ အင်းပြီးခဲ့တဲ့နှစ်မှာ သူဌေးရဲ့ ခွင့် ပြုချက်နဲ့ အလုပ်ရုံထဲမှာ ဈေးရောင်းခွင့်ရခဲ့တယ်။ တစ်နှစ်လုံး မဆိုးပါဘူး။
အရောင်းအ၀ယ်လေးလည်း ကောင်းပါတယ်။ ငွေပိုငွေလျှံ လေးလည်း အတော်စုမိခဲ့တော့ကာ အညာဘက်က ဆင်းရဲတဲ့ စာ သင်တိုက်တွေမှာ ၀ါဆိုသင်္ကန်းအပါးစေ့ ကပ်လှူခဲ့ရတယ်ဗျ။
အခုနှစ်ရောက်တော့ အခြေအနေက ပြောင်းလဲသွားတယ်။ သူဌေးရဲ့ တူမဆိုတာက နောက်ထပ်ဈေးဆိုင်အကြီးကြီး တစ်ဆိုင် တည်ပါလေရော။ ကျွန်တော်တို့ကို ပြိုင်တာပေါ့ဗေဒင်ဆရာရယ်။ ရပါတယ် ပြိုင်ပါ။ ပင်လယ်ရေပဲ ဘယ်သူသောက်သောက်ပေါ့။ ကျုပ်ကလည်း ဒီလောက်သဘောထား မသေးသိမ်ပါဘူး။
ဒါပေမယ့် သူက မကောင်းဘူးဗေဒင်ဆရာရဲ့။ မတရားတဲ့ နည်းလမ်းတွေနဲ့ ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ လုပ်လာတာ ဆိုတော့ ကျုပ်လည်း ဘယ်ခံနိုင်မလဲဟု ပြောလေ၏။
ထိုအခါ ကျွန်ုပ်က ဘယ်လိုမကောင်းတဲ့ ကောက်ကျစ်တဲ့ နည်းတွေနဲ့ လုပ်လို့လည်း ဦးသူတော်ရဲ့ ဟု မေးလိုက်လေရာ ထို
ဦးသူတော်က…..
ဒီလို ဗေဒင်ဆရာရေ့။ အရင်ဆုံး အရမ်းအဆင်ပြေနေတဲ့ သူဌေးနဲ့ ကျုပ်ကို အဆင်မပြေအောင် ရန်တိုက်ပေးတယ်။ ကျုပ်ချဲ မရောင်းဘဲ ချဲရောင်းတယ်တို့။ အတိုးတွေအများကြီး စားတယ်တို့ လူတွေကို စမတ်ခတွေအများကြီးယူပြီး လူသွင်းနေတယ်တို့ အစုံ ပါပဲဗေဒင်ဆရာရယ်။ သူဌေးကို နားသွင်းတယ်လေ။ကျွန်တော်က လည်း ကိုယ်မှမလုပ်တာ မလုပ်ဘူးပေါ့။ ပြန်ရှင်းပြပါတယ်။ ဒါပေမဲ့ မရဘူး ဗေဒင်ဆရာရေ။ အခုသူဌေးကလည်း အလိုလိုနေရင်း သိပ်မကြည်ချင်တော့ဘူး။
နောက် ကျုပ်ဆိုင်မှာဈေးဝယ်ပြီး သူ့ဆိုင်မှာ ဈေးမ၀ယ်တဲ့ လူတွေဆိုရင် နည်းမျိုးစုံနဲ့ ပညာပေးတယ်။နောက်တော့လည်း လူတွေက သူ့ကိုကြောက်ပြီး သူ့ဆိုင်မှာပဲ သွားဝယ်ကြတော့ တယ်။ ကျုပ်ဆိုင်ကို လာချင်ရင်တောင် သူ့ကိုကြောက်လို့ မလာ ရဲကြတော့ဘူး။
    အဲဒီတော့ ဗေဒင်ဆရာရယ်။ ကျုပ်ကို အပြိုင်အဆိုင်မှာ အနိုင်ရပြီး ဈေးရောင်းကောင်းအောင်၊ လာဘ်လာဘရွှင်လန်း အောင်၊ ကျုပ်ဈေးဆိုင် လူများများလာအောင်၊ လူစည်ကားအောင် ဆောင်ရွက်ပေးစမ်းပါဗျာ။ ကျုပ်ဒီဝါကျွတ်မှာ မြန်မာပြည်မှာ ကထိန်ခင်းဖို့ ရည်ရွယ်ထားလို့ပါဟု ဦးသူတော်က ပြောလေ၏။
    ထို့ကြောင့်ကျွန်ုပ်လည်း အသင့်စီမံထားသော ဆေးဖယောင်း များကိုကြိုချက်၍ အောက်ဖော်ပြထားသောအင်းစမတော်ကြီးဖြင့် အင်းဖယောင်းတိုင်များစီရင်၍ ပေးလိုက်လေ၏။

မကြာသောအချိန်တွင် ၎င်းဦးသူတော်ကြီးလာပြောပြသွား သည်ကား သူဌေး၏ တူမဆိုသူသည် အလုပ်ရုံထဲရှိ မြန်မာပြည်
သား အလုပ်သမားများနှင့်မတည့်သဖြင့် ထိုသူဌေးမှ မောင်းထုပ် လိုက်လေ၏။ဦးသူတော်နှင့် သူဌေးလည်း ပြန်လည်အဆင်ပြေ သွား၏။ သူဌေး၏တူမရောင်းချခဲ့သော ဆိုင်နေရာကိုလည်း ဦးသူ တော်ကို သူဌေးက ပေးရောင်ခိုင်းခဲ့လေရာ ဦးသူတော်ဆိုသော အညာသား ဘုန်ကြီးလူထွက်ကြီးသည် သူရည်ရွယ်ထားသော ကထိန်အလှူကို ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်တော့မည်ဖြစ် ကြောင်းလာရောက်၍ ၀မ်းသာဖွယ် ကြည်နူးဖွယ် ပြောပြသွားလေ တော့သတည်း။

Thursday, June 10, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels