ကျွန်ုပ်သည် ၂၂-ရက်နေ့တွင် မြန်မာပြည်သို့ ခေတ္တပြန်လည် ရောက်ရှိခဲ့လေ၏။ ရန်ကုန်မြို့သို့ ရောက်ရှိခိုက်တွင် ပထမဦးဆုံး လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်၍ ရှိခိုးပူဇော် ကန်တော့ခဲ့လေ၏။ ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယ်ျာရစ်လှည်ပတ်ခဲ့ပြီးနောက် ဘုရား၏ အောင်မြေပေါ်တွင် အဓိဋ္ဌာန်ပုတီး ကိုးပတ်စိပ်ပြီးနော်က် အားလုံးသော နတ်ဒေ၀တာများ ပုဂ္ဂိုလ်များ အစောင့်အရှောက်များကို မေတ္တပို့ အမျှအတန်းပေးဝေခဲ့၏။
ထို့နောက် ကျွန်ုပ်သည် ဘုရား၏ မြောက်ဘက်မုဒ်မှ ဆင်းလာပြီးလျှင် သွေးဆေးကန်ကို ဖြတ်၍ အာဇာနည်ကုန်းဘေးမှ ပတ်လျှောက်ကာ လင့်လမ်းဘက်သို့ ဖြတ်ဆင်းလာခဲ့၏။ အာဇာနည်ကုန်း အဆင်း လမ်းလေးရှိ အုတ်ခုံးလေးပေါ်တွင် အသက်အရွယ်အားဖြင့် ၃၀-ခန်ရှိသော လူတစ်ဦးအား အမှတ်မထင် လှမ်းကြည့်လိုက်မိလေရာ ကျွန်ုပ်နှင့် တရွာတည်းသားဖြစ်သူ ကိုမင်းမင်း ဆိုသူ ဖြစ်နေ၏။ သူသည် ကျွန်ုပ်အား အစပထမတွင် မမှတ်မိပေ။ နောက်မှ ကျွန်ုပ်က စတင်၍ နှုတ်ဆက်လိုက်မှ သူသည် ကျွန်ုပ်အား ကောင်းစွားမှတ်မိသွားလေတော့၏။
ကွန်ုပ်နှင့် မင်းမင်းတို့သည် လမ်းဘေး အုပ်ခုံလေးပေါ်တွင် ထိုင်ရင်း ရှေ့ဟောင်းနှောင်းဖြစ်များကို တစ်ယောက် တလှည့် ပြောဖြစ်ကြ၏။ ရွာအကြောင်းများကို ပြောဖြစ်ကြ၏။ တစ်ယောက်အကြောင်း တစ်ယောက် ပြန်လည် ပြောဖြစ်ကြ၏။ အလုပ်အကိုင် အကြောင်းမျာူးလည်း ပါ၏။ ကုန်ဈေးနှုံး အကြောင်းများလည်း ပါ၏။ ထို့နောက်မှ သူသည် အလုပ်အကိုင်အကြောင်းကို ပြောလေရာ သူ့တွင် အလုပ်မရှိ ဖြစ်နေကြောင်း ထို့ကြောင့် အလုပ်တစ်ခု အမြန်ဆုံး လိုအပ်နေကြောင်း အလုပ်တစ်ခု အမြန်ရစေသော ယတြာရှိပါက လမ်းးညွန်ပေးခဲ့စေကြောင်း ပြောသဖြင့် ကျွန်ုပ်လည်း အလုပ်တစ်ခု အမြန်ရစေသော အောက်ဖော်ပြပါယတြာကို ညွန်ပြပေးခဲ့ပြီးနောက် ကိုမင်းမင်းနှင့် ကျွန်ုပ်သည် ထိုနေရာမှ လမ်းခွဲခဲ့လေတော့၏။
အလုပ်အမြန်ရစေသောယတြာ
အိုးတစ်လုံးထဲတွင် အုန်းရည်ထည့်ပါ။ အာလူးမှာ အလံဝါ စိုက်ပါ။ ထို့နောက် အုန်းရည်အိုးထဲကို ထည့်ပါ။ အမြင့် တစ်နေရာတွင် တင်ထားပြီး အလုပ်အမြန်ရစေရန် ဆုတောင်းပါ။
အားလုံးကို ခင်မင်သတိယစွာဖြင်
ဟိန်းတင့်ဇော်
ခေတ္တ(မြ၀တီ-လက်ခတ်တောင်)

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter
Nothing Understand how can get job.I'm going to sleep and every-time will read and pray.So can i get job.
ReplyDeleteIf ur thursday born,need to crad 2 coconut.
ReplyDeleteWhere is the buddha law.No pain no gain.Now u cook nicely,u can eat nicely in future.How much u can truth for other person future.Why cant't u get good job?
ReplyDelete