Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

အဘမင်းသိင်္ခပြောတဲ့ အဓိဌာန်

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သင်သည် အရေးကြီးသော လုပ်ငန်း တစ်ခုကို လုပ်ရန်အတွက် အောင်မြင်ရန် အဓိဌာန်ဝင်၍ လုပ်လိုလျှင်လည်း လုပ်ရပေလိမ့်မည်။ ထိုသို့ မဟုတ်ပဲ လောကီပညာများ တတ်ကျွမ်းရန် အတွက်၎င်း ၊ လောကီသိဒ္ဒိများ ရရှိရန်အတွက်၎င်း အဓိဌာန်ပြုလုပ်လိုက ပြုပ်ရပေတော့မည်။

ထိုသို့  ပြုလုပ်သောအခါ ရှေးဆရာများ ထားခဲ့သော နည်းနာနိဿယ အတိုင်း ပြုလုပ်နိုင်ရန် အတွက် အဓိဌာန် ယူပုံ ယူနည်းကို လည်းကောင်း ကျင့်ပုံကျင့်နည်းကို လည်းကောင်း အသေးစိပ် ဖော်ပြလိုက်ပါသည်။

  • အဓိဌာန်ယူမည့်နေ ၊ အချိန်မိမိမွေးနေ့ တွင် ပြုလုပ်ရပါမည်၊၊ နံက်(၅)နာရီ မှ (၉)နာရီအတွင်း အဓိဋ္ဌာန် ယူရပါမည်။
  • ကြိုတင် ပြင်ဆင်မှု ရေမိုးချိုး သန့် စင်ထားရပါမည်။ တစ်ရက်ကြို၍ ခေါင်းကို တရော်ကင်ပွန်း ဖြင့် လျှော်ထားပါမည်။ အဓိဌာန်မယူမီ နာရီဝက်အတွင်း ရေမိုးချိုး၍ သန့် ရှင်းစင်ကြယ် အောင်ပြု လုပ်ထားရမည်။ အမျိုးသမီးဖြစ်ပါက အမွေးနံသာများ လိမ်းကျံခွင့်ရှိပါသည်။
  • အ၀တ်အစားနှင့် ပါတ်သက်၍ အ၀တ်အစားမှာ ချောင်ချောင် ချိချိဖြစ်ရန် အရေးကြီးပါသည်။ တင်းကျပ်နေသော အ၀တ် အစားများဝတ်ရန် မသင့်ပါ။ အဓိဌာန်စ၍ လုပ်သူများသည် အပေါ်ဖြူ အောက်ဖြူ ၀တ်လျှင် ကောင်းပါသည်။ လုံချည်မှာမူ အဖြူပြောင် မဟုတ်သည့် တိုင်အောင် အဖြူများသော အဆင်ကို ၀တ်ဆင်သင့်ပါသည်။ ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ အဓိဌာန် ယူသော အခါ၌ ထိုးသင့်ပါသည်။ အဓိဌာန် မကြာ ခဏလုပ်၍ သမာဓိရသော အချိန်တွင် အပေါ်ညို အောက်ညိုဝတ်သင့်ပါသည်။
အဘမင်းသိင်္ခင်္

Tuesday, September 1, 2009

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels