Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာ “ ဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ ” ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

စနေနံပစ္စည်းများ အရောင်းသွက် အငှားသွက်စေသောအဆောင်

စနေနံ၏ အင်္ဂ၀ိဇ္ဇာတိုင်

လံ
၎
ပဉ္စပွတ်(ဗုဒ္ဓဟူး)
အောင်
၁

ပွဲ
၅
ဆပွတ်(ကြာသပတေးနံ)
ထူ
ဝ
စနေနံအတွက်
စစ်
၃

သူ
၆

ကြီး
၂

လေးစားရပါသော မိတ်ဆွေများခင်ဗျာ......

ကျွန်ုပ်တို့အား အဘမင်းသိင်္ခ အင်္ဂ၀ိဇ္ဇာ သင်ပြခဲ့စဉ်က မှတ်သားထားခဲ့သော နည်းလေးတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသောအခါ ၎င်း ပဉ္စပွတ်ဆပွတ်နှစ်နံပေါင်းပြီး ရိုက်ရကြောင်း ရောင်းလိုသော နံ၏ နံတူနေ့ (ဥပမာ - ဗုဒ္ဓဟူးနံ ရောင်းလိုပါက ဗုဒ္ဓဟူးနေ့နံနက်( ၉း၄၅)တွင် ရိုက်ပါက ပို၍ စွမ်းကြောင်း သင်ပြခဲ့ဘူးပါသည်။ ဥပမာ စနေနံ- ထီ၊ အထည်၊ ဖိနပ်၊ လျှပ်စစ်၊ အစရှိသော သောကြာနံ ပစ္စည်းများ ရောင်းထွက်လိုသော အခါ စနေနေ့ နံနက်(၉း၄၅)တွင် စနေနံ၏ ပဉ္စပွတ်ဆပွတ် နှစ်နံတွဲဖြစ်သော လက်ပံ(၉)ညွန့်ဖြင့် ရိုက်ရန်ဖြစ်ပါသည်။

ထိုအင်္ဂ၀ိဇ္ဇာနည်းကို ဆက်စပ်စဉ်းစားပြီးနောက် မိမိတို့ရောင်းလိုသောငှားလိုသော ကုန်ပစ္စည်းများ။ အရောင်းသွက် အငှားသွက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။

စနေနံ -ထီ၊ အထည်၊ ဖိနပ်၊ လျှပ်စစ်၊ နွား၊ အစရှိသော စနေနံပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသူတို့သည် လင်ဗန်းတစ်ချပ်တွင် မေမြို့(၅) ပွင့်နှင့် ရွက်လှ(၄)ညွန့် ထည့်ထားသော ဓာတ်ပန်းချီကားကို မိမိတို့၏ဆိုင် (သို့) အလုပ်ခန်းတွင် ချိပ်ဆွဲထားနိုင်ပါတယ်။ ရောင်းလိုသော စနေနံ ပစ္စည်းများကို စနေနေ့ နေ့နံက် (၉း၄၅) ရောက်တိုင်း ထိုပန်းချီကားဖြင့် ယပ်ခတ်ခြင်း၊ ရိုက်ပေးခြင်း ပြုလုပ်နိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
+66874150022

Thursday, January 6, 2011

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels