Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဘာပဲလုပ်လုပ်အောင်မြင်စေသောယတြာ

တစ်ခါတုန်းက ကျွန်တော့်ကို အွန်လိုင်းမှာ လူတစ်ယောက်က ဂျီတော့နဲ့ လာချက်ပါတယ်။ သူက အရင်ဆုံး ကျွန်တော့်ကို ဟေ့ကောင်တဲ့ မင်းက ဗေဒင်ဆရာလားတဲ့။ ကျွန်တော်က စိတ်ထဲမှာတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က သူများတွေထက် စိတ်ရှည်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော် တစ်ချက်ပြုံး လိုက်ပါတယ်။ ဟုတ်ပါတယ်ဗျာ ဆိုတော့ သူ တစ်ချက်တော့ တွေသွားပုံရပါတယ်။ ခနကြာမှ သူက ဆက်လက်ပြီး မင်းက ဗေဒင်ဆရာ အစစ်လားတဲ့။ အဲဒီတော့ ကျွန်တော်က ဗျာ...လို့။ အင်း ဗေဒင်ပညာနဲ့ အသက်မွေး ၀မ်းကြောင်းပြုတော့ ဗေဒင်ဆရာလို့ ပြောရမှာပေါ့လို့ ပြန်ပြောလိုက်တယ်။

အဲဒီတော့ သူက ကျွန်တော့်ကို ဆဲပါတော့တယ်။ ကိုယ်လဲ နည်းနည်းတော့ အံ့သြသွားတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ကောင်းကောင်းပြန်ပြောမိတယ်။ အဲဒီမှာ သူက ကျွန်တော့်ကို ဆက်ပြီး မေးပါတယ်။ မင်း ဗေဒင်ဆရာ အစစ်ဆိုရင် အခုငါမင်းကိုလာဆဲမှာ မင်းသိရမှာပေါ့တဲ့။ ပြီးတော့ မင်းက ကြိုသိနေရင် ငါလာမဆဲအောင် ယတြာ ကြိုချေထားရမှာပေါ့တဲ့။

ဟာ အဲဒီမှာ ကျွန်တော် သူပြောတာကို သေသေချာချာ စဉ်းစားသွားမိတယ်။ ဟုတ်သားပဲလို့။ အဲဒီလိုတွေးမိတဲ့ အချိန်မှာ ကျွန်တော် သူ့ကို စိတ်ဆိုးဖို့ မေ့သွားတယ်။ ပြီးတော့ သူနဲ့ ကျွန်တော် စကားတွေ တော်တော်များများ ပြောမိပါတယ်။ ပြီးတော့ ကျွန်တော်ကို စကားတစ်ခွန်းပြောသေးတယ်။ ဗေဒင်ဆရာတွေ မကောင်းဘူးတဲ့။ ဘာဖြစ်လို့ အဲလို ပြောနိုင်ရတာလဲဗျာလို့ ပြန်ပြောလိုက်တော့ သူက မသိဘူးလေ ဗေဒင်ဆရာတွေ မကောင်းဘူးဆိုတာ မင်းတို့ ဗေဒင်ဆရာတွေပဲ ပြောတာလေတဲ့။

ထားပါတော့လေ။ ဒါက အတွေ့အကြုံပါ။ အမှတ်တရပေါ့။ ဒါပေမယ့် သူပြောတဲ့ စကားရိုင်းရိုင်းတွေ ကြားထဲမှာ ကျွန်တော့်အတွက် စဉ်းစားစရာတွေ တပုံတပင်ကြီး ကျန်နေခဲ့တယ်။ ဒီနေ့အထိ မမေ့နိုင်တဲ့ သူရဲ့ စကားသံတွေ။ နံပါတ်(၁)က မင်းက ဗေဒင်ဆရာ အစစ်ဆိုရင် အခုလို ငါလာဆဲမှာကို သိရမှာပေါ့တဲ့။ နံပါတ်(၂)က လာဆဲမှာကို ကြိုသိရင် မင်းကြိုတင်ပြီး ယတြာချေထားလို့ ရတာပေါ့တဲ့။ နံပါတ်(၃)က နောက်ဆုံး ပဲ့တင်ထပ်နေတဲ့ စကားတစ်ခွန်း ဘာတဲ့ ဗေဒင်ဆရာတွေ မကောင်းကြောင်း မင်းတို့ ဗေဒင်ဆရာတွေပဲ ပြောကြတာပဲလေတဲ့။

ကျွန်တော်လည်း စဉ်းစားကြည့်တယ်။ သူ အခုလို လာဆဲမှာကို ငါက ဘာလို့ ကြိုတင်ပြီး သိမနေရတာလဲလို့။ အတတ်အနာဂါတ် ပစ္စုပ္ပန် ကာလသုံးပါးလုံးကို တွက်ချက်ပြီး ပြောပြတဲ့အလုပ်ကို လုပ်နေတဲ့ ကျွန်တော်တို့လို ဗေဒင်ဆရာတွေဟာ သူပြောသလို ကြိုသိမနေသင့်ဘူးလား။ နောက်ပြီး ဗေဒင်ဆရာတွေကကော ဘာဖြစ်လို့ ဗေဒင်ဆရာ မကောင်းကြောင်းကို ပြောရတာလဲလို့။ ကျွန်တော်လည်း ညာဏ်မမှီလို့လား မသိဘူး။ အဖြေထွက်မလာဘူး။ စဉ်းစားနေရင် ခေါင်းပူလာတာနဲ့ ဆက်ပြီး မစဉ်းစားဖြစ်တော့ပါဘူး။

အခု ကျွန်တော် ပြောချင်တာက ဘာပဲ လုပ်လုပ် အဆင်ပြေစေမယ့် ယတြာပါ။ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်း ဘာပဲ လုပ်လုပ် အောင်မြင်စေမယ့် အဆင်ပြေစေမယ့် ယတြာပါ။ နောက်ပြီး အသက်အရွယ်မရွေး အချိန်အခါ မရွေး ဆောင်ရွက်လို့ ရမယ့်ယတြာပါ။ မိတ်ဆွေတို့ဟာ ကားသမားလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် ကားပိုင်ရှင်လည်း ဖြစ်ရင် ဖြစ်မယ်။ ကုမ္ပဏီလုပ်ငန်း လုပ်နေသူလည်း ဖြစ်ရင် ဖြစ်မယ်။ အနုပညာ သမားတစ်ယောက်လဲ ဖြစ်ရင် ဖြစ်နေမယ်။

ဒါမှမဟုတ် ဈေးသည်လည်း ဖြစ်ကောင်းဖြစ်မယ်။ စာရေးဆရာလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် ကုမ္ပဏီက လခစား ၀န်ထမ်းလဲ ဖြစ်ကောင်းဖြစ်မယ်။ ဘာပဲ လုပ် လုပ်ပါလေ။ အရေးကြီးတာက ကိုယ့်ရဲ့ အသက်မွေး ၀မ်းကြောင်း အလုပ်ကို အောင်မြင်အောင် တိုးတက်အောင် ကြီးပွားအောင် အမြဲတမ်း ဆောင်ရွက်လို့ ရမယ် ယတြာကို အားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘာလုပ်လုပ်အဆင်ပြေစေသောယတြာ

အုန်းသီးတစ်လုံးကို အ၀လှပ်လိုက်ပါ။ အထဲက အရေကို မသွန်နဲ့နော်။ အဲဒီ အုန်းသီးထဲကို ကြံတစ်ချောင်းနဲ့ နှင်းဆီတစ်ပွင့်ကို ထည့်ပြီး မိမိနေအိမ်က ဘုရားကို လှူပြီး ကိုယ်ဖြစ်ချင်တာ ကိုယ်အောင်မြင်ချင်တာကို ကျကျနန လေးလေးနက်နက် ဆုတောင်းပါ။ ယတြာက ဒီလောက်ပါပဲ။ မကြာခနန လုပ်ပါဗျာ။ ဒါမှမဟုတ် အမြဲတမ်း လုပ်ပေါ့ဗျာ။ တစ်ခုခု လုပ်ရင် တစ်ခုခုတော့ ဖြစ်လာမှာပဲ မဟုတ်လားဗျာ။

သင်တို့၏ အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Monday, October 25, 2010

1 comment:

  1. Thank you so much for this post & all of your previous posts. I like to visit your blog.
    And i would like to apologize for my English typing.
    May i know about this yatayar that can use any color of rose?
    I wanted to do it with believable. Thanks again.

    ReplyDelete

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels